← Chapters

အခန်း (၄၉၀)

Vol. 31 Ch. 490

အခန်း (၄၉၀)

Vol. 31 Ch. 490

“ဒီမှာခေါင်းဆောင် ငါတို့ မစ်စတာ အလတ်ဇန္ဒားစီကို သွားသင့်နေပြီထင်တယ်။ ခင်ဗျားစည်းကျော်နေတယ်လို့ မထင်ဘူးလား...”

ဆိုရိုယော့ခ်သည် စိတ်မရှည်သည့်အမူယာတစ်ခုဖြင့် နှာခေါင်းရှုံ့လိုက်၏။

“စည်းကျော်တယ်ဟုတ်လား။” ဒရော့ဂ်ဘာသည်လည်း ပြန်လည်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ထွီ မင်းအမေစည်းကို ကျော်ပါ့လား။” ဒရော့ဂ်ဘာသည် မြို့တော်၀န်အား လက်ညိုးထိုးလိုက်ပြီးဖှေးပြောသည့်အသံနေအသံထားအတိုင်းပင် မေးလိုက်သည်။ “ဘုရင်အလတ်ဇန္ဒားက ဂျက်အင်ပါယာစစ်မြေပြင်ရဲ့နံပါတ်၁စစ်ရေးခေါင်းဆောင်တစ်ယောက်ပဲ။ သူ့ကိုအင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်နဲ့ စစ်ဌာနချုပ်တို့က ဒီတာ၀န်ကိုပေးထားတာ။ အလံနှစ်စုံမြို့တော်အတွင်းမှာရှိနေတဲ့စစ်သည်မှန်သမျှက အရှင်အလတ်ဇန္ဒားရဲ့လူတွေပဲ။ ကျွန်တော်ကအရှင်မင်းကြီးရဲ့လူတွေကို တရားမျှတမှုရရှိအောင်ဆောင်ရွက်ပေးနေတာ ဘယ်မှာစည်းကျော်နေလို့လဲ...”

“တော်လောက်ပြီခေါင်းဆောင် ခင်ဗျားစကားကို ခင်ဗျားသတိထားပါ။ ခင်ဗျားက အင်ပါယာရဲ့ အဆင့်၂ဆွေကြီးမျိုးကြီးတစ်ယောက်ကို စကားပြောနေတာ။ သူ့ရဲ့ရာထူးက မင်းတို့ဘုရင်အလတ်ဇန္ဒားထက်နိမ့်ကျနေတဲ့လူမဟုတ်ဘူး” ဆွေကြီးမျိုးကြီးတစ်ယောက်သည် မြို့တော်၀န်ဘက်မှ ၀င်ပြောလိုက်၏။

ဒရော့ဂ်ဘာသူ၏နားကို နှိုက်ကာမယုံနိုင်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဘာ။ ခင်ဗျားဘာပြောလိုက်တယ်။ ခင်ဗျားက ဒီ၀က်ကြီးကို ကျွန်တော်တို့ဘုရင်အလတ်ဇန္ဒားနဲ့ လာနှိုင်းနေတာလား။ င့ါစီမှာရှိတဲ့ ပိုက်ဆံတွေအကုန်ပုံအောပြီးတော့တောင်လောင်းရဲတယ်ကွ အရှင်မင်းကြီးရဲ့ဖင်မှာရှိနေတဲ့ လိပ်ခေါင်းကမှ ဒီရွံစရာကောင်းတဲ့ ၀က်ထက်အဆတစ်ထောင်လောက်ပိုပြီး ကြီးမြတ်သေးတယ်...”

“ငါမင်းကိုပြင်ပေးရမယ် ဒရော့ဂ်ဘာ” ခပ်တည်တည်နေနေသည့် ပီးရာ့စ်သည် ရုတ်တရက်၀င်ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ ခါးအောက်ပိုင်းမှာ ဘာလိပ်ခေါင်းမှရှိတယ်လို့ ငါမထင်ဘူး။ မင်းက အရှင်မင်းကြီးရဲ့ ပုံရိပ်ကိုကျအောင်လုပ်နေတာလား...”

ဒရော့ဂ်ဘာ ဘာမှ ပြန်မပြောနိုင်ဖြစ်သွာ၏။

“မင်းတို့...”

“မင်းတို့ကောင်တွေက အတော်မာနထောင်လွှားနေကြတာပဲ...”မ

“အစောင့်တွေ ဒီခွေးသားနှစ်ကောင်ကို ဖမ်းလိုက်ကြစမ်း။ ငါတို့တွေ ဒီကောင်တွေကို ဘုရင်အလတ်ဇန္ဒားစီကိုခေါ်သွားပြီး ဆုံးမခိုင်းရမယ်...”

ဆွေကြီးမျိုးကြီးများသည် ဒေါသဖြင့် အော်ဟစ်ကာ သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြ၏။ ဤလူသန်ကြီးနှစ်ယောက်သည် ထီမမြင်သည့် ဟန်ပန်သည် သူတို့၏မာနတရားများကို စော်ကားနေသည့်အတွက်ပင်။ သူတို့၏ ကိုယ်ရံတော်စစ်သည်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအနည်းငယ်တွန့်ဆုတ်အပြီးတွင် လူသန်ကြီးများထံသို့ ပြေး၀င်သွားကြတော့၏။

“ဟေး ပီးရာ့စ် မင်းအစွမ်းပြရမယ့်အချိန်ပဲ...” ဒရော့ဂ်ဘာ သူ၏မေးကို ငေါ့ကာ ပြောလိုက်၏။

“သေစမ်း ဘာလို့ ငါပဲလုပ်နေရတာလဲ...” ဆံဖြူ လျင်မြန်ဓားသွားသည် အနည်းငယ်ညီးညူကာ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး လျှင်မြန်စွဦထိုးနက်လိုက်၏။ သူ၏လက်သီးများသည် လေထဲတွင်ပေါက်ကွဲသံများစွာပြုလုပ်လိုက်ပြီး ပြေး၀င်လာနေသည့် စစ်သည်များသည် ဘာမှ မတုန့်ပြန်နိုင်သေးခင်မှာပင် သဲအိတ်များကဲ့သို့အနောက်သို့လွှင့်ထွက်ကုန်ကြတော့သည်။

“ဖုန်း ဖုန်း ဖုန်း...”

ဤအစောင့်စစ်သည်၅၀မှာ စက္ကန့်သုံးဆယ်ပင် မခံနိုင်လိုက်ကြပေ။ ယခုအချိန်တွင် နာကျင်စွာအော်ဟစ်ရင်းဖြင့် မြေပေါ်တွင် လူးလိမ့်နေကြ၏။

ဒရော့ဂ်ဘာ စောနက ကန်ထုတ်ခဲ့သည့် မြို့တော်၀န်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်ပါ ပါ၀င်ကာ မည်သည့်ကိုယ်ရံတော်စစ်သည်မှ မက်တပ်မရပ်နိုင်ကြတော့ပေ။

ယခင်က ရက်စက်ကြမ်းကြုတ်သည့်အသွင်ပြင်များဖြင့် ဓားများဆွဲထုတ်ခဲ့ကြသည့် ဆွေကြီးမျိုးကြီးများသည် ယခုအချိန်တွင် ပါးစပ်အဟောင်းသားဖြစ်နေကြ၏။ သူတို့၏ဓားများကို ဓားအိမ်အတွင်းမှ အပြည့်၀ဆွဲထုတ်နိုင်ခြင်းမရှိတော့ပဲ ဓားများသည် ဓားအိမ်ထဲတွင် ကပ်နေသကဲ့သို့ ခံစားနေရ၏။

“ဘုရားရေ ဒီစောက်ပိန်းလို့ထင်ရတဲ့လူက ဘာလို့ ဒီလောက်တောင်အစွမ်းထက်နေရတာလဲ...” သူတို့အားလုံးတွေးလိုက်မိကြသည်။

“ဒါက သူက ကြယ်အဆင့်စစ်သည်တစ်ယောက်ပဲ။ ကြည့်ရတဲ့ပုံအရ ဒီကောင်က စွမ်းအားတောင်သိပ်သုံးလိုက်တဲ့ပုံမပေါ်ဘူး။ သူကဒီထက်အစွမ်းအများကြီးထက်သေးတယ်။ သူကတယ်ပဲ ချမ်းဘော့ဒ်ဘုရင်လက်အောက်က စစ်သည်တစ်ယောက်လား...” ဉာဏ်များကာ ကောက်ကျစ်စဥ်းလဲသည့် ဆိုရိုယော့ခ်ပင် အကြောက်တရားကြောင့် တုန်ခါနေ၏။

သူသည် ချမ်းဘော့ဒ်ဘုရင်အား လျှော့တွက်ခဲ့မိကြောင်းကို တွေ့လိုက်ရသည်။

ယခင်က သူသည် ဤနံပါတ်၁ခေါင်းဆောင်အား ဆက်လက်ကစားလိုပြီး ပြန်လည်ထိန်းချုပ်ခွင့်ရနိုင်မရနိုင်စမ်းသပ်ချင်နေ၏။ သူသည် ဤနံပါတ်၁ခေါင်းဆောင်သည် ငယ်ရွယ်သည်ဟု ကြားခဲ့ရသည့်အတွက် လူငယ်များသည် အမှားများကို ကျူးလွန်လေ့ရှိသည့်အတွက်ပင်။ သို့သော် ယခုအချိန်တွင် လက်တွေ့လောကသည် ဤဉာဏ်များသည် မြို့တော်၀န်၏မျက်နှာကို ရိုက်နှက်လိုက်ပြီး သူ၏အစီစဥ်သည် မည်မျှပင် ရယ်စရာကောင်းနေခဲ့ကြောင်းကို ပြောလိုက်၏။ သူသည် ချမ်းဘော့ဒ်ဘုရင်လက်အောက်မှ ခေါင်းဆောင်နှစ်ယောက်ကိုပင် အနိုင်ယူနိုင်ခြင်းမရှိပေ။

“ရပါတယ် ဒီကောင်ကကြံ့ခိုင်တဲ့ကောင်ပါ။ သူက အသက်အန္တရာယ်တော့မရှိပါဘူး။ ဒါပေမယ့် လူလက်တစ်ချောင်းတော့ ပြတ်သွားတယ်။ င့ါတို့မှော်ဆရာတွေပြန်ဆက်ပေးနိုင်မလားမသိဘူး....” ဒရော့ဂ်ဘာသည် လက်ဖြတ်ခံလိုက်ရသည့် ဖြူဖက်ဖြူယော်နှင့် အရပ်ရှည်ရှည်စစ်သည်အားကြည့်ရှုစစ်ဆေးလိုက်သည်။ ကြည့်ရှုပြီးသည့်နောက်တွင် ဒရော့ဂ်ဘာအနည်းငယ် စိတ်အေးသွားပြီးပြောလိုက်၏။ “ဟေး မင်းတို့ကောင်တွေ ထမ်းစင်တစ်ခုဆောင်သွားပြီး ဒီရဲဘော်ကို ၀ံပုလွေစွယ်တပ်ဖွဲ့စခန်းက ကုသဆောင်ကို ခေါ်သွားလိုက်၏။ အဲ့တာတွေအပြင် ဘုရင်အလတ်ဇန္ဒားရဲ့နာမည်နဲ့ သူ့ကို ရွှေဒင်္ဂါး၂၀ဆုပေးလိုက်ကွာ...”

မကြာမှီတွင် စစ်သည်များသည် ထမ်းစင်တစ်ခုကိုရှာလာပြီး သတိလစ်နေသည့်စစ်သည်ကို သယ်ဆောင်သွားကြ၏။

“ကောင်းပြီလေ။ ငါတို့အချိန်တွေကိုတောင်တော်တော်လေးဖြုန်းတီးလိုက်မိတယ်။ ငါတို့အမြန်လုပ်မှရမယ်...” ပီးရာ့စ်သည် ဤလူငယ်စစ်သည်၏ ပခုံးကိုပုတ်လိုက်ရင်းဖြင့် ပြုံးကာ ပြောလိုက်သည်။ “မင်းရဲဘော်တွေကို ခေါ်ခဲ့။ ဘုရင်အလတ်ဇန္ဒားဆီသွားရအောင် ဘုရင်က သင့်လျှော်တဲ့ အပြစ်ပေးခြင်းနဲ့ ဆုလာဘ်တွေကို ဆုံးဖြတ်ပေးလိမ့်မယ်။”

ဤလူငယ်သည် ပျော်ရွှင်စွာဖြင့်ခေါင်းငြိမ့်လိုက်၏။

“သွားရအောင် မြို့တော်၀န်ကရော ကျွန်တော်တို့ ဆွဲခေါ်သွားပေးရမှာလား...”

ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့၏ ခြိမ်းခြောက်မှုအောက်တွင် ဆိုရိုယော့ခ်နှင့် ဆွေကြီးမျိုးကြီးများသည်ဘာမှပြန်ပြောနိုင်ခြင်းမရှိကြတော့ပဲ ခေါင်းများငုံ့ကာ အနောက်ဘက်ဂိတ်တံခါးထံသို့ လိုက်ပါသွားတော့၏။

......

ဖှေးသည် ခံတပ်နံရံ၏အနောက်ဘက်ခြမ်းတွင်ရှိနေသည့် မျှော်စင်တစ်ခုပေါ်တွင် ထိုင်နေရင်းဖြင့် နေရာအသီးသီးမှ ခေါင်းဆောင်များ၏ တင်ပြချက်များကို နားထောင်နေ၏။ ဤခေါင်းဆောင်များသည် ရန်သူမည်မျှသေဆုံးကြောင်းနှင့် မိမိတို့ဘက်မှစစ်သည်မည်မျှကျဆုံးကြောင်းကို တင်ပြနေကြသည်။

အခြေခံတွက်ချက်မှုများ ပြုလုပ်ပြီးသည့်အချိန်တွင် အလံနှစ်စုံမြို့မှ စစ်သည်၄၀၀၀ကျော်ကျဆုံးခဲ့ပြီး ၀ံပုလွေစွယ်ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည်၅၁၃ယောက်ကျဆုံးခဲ့၏။ ဤအကျဆုံးအရေတွက်သည် ဖှေးထင်ထားသည်ထက်ပင် ပို၍ဆိုး၀ါးနေ၏။

အလံနှစ်စုံတွင်ရှိနေသည့် ဇီးနစ်စစ်သည်အရေတွက်မှာ တည်မြှဲနေလျှက်ရှိပြီး ဂျက်အင်ပါယာမှ စစ်ကူများသည်တစ်နေ့ပြီးတစ်နေ့ဆက်တိုက်ရောက်ရှိလာလျှက်ရှိ၏။

အခြေအနေသည် ဤကဲ့သို့သာမပြောင်းလဲပဲဖြစ်နေပါက အလံနှစ်စုံမြို့သည် ဆယ်ရက်ပင်တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ ကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့၀င်များရောက်ရှိလာခဲ့စေကာမူ စစ်ကူများသည် စစ်သည်အင်အား ၃၄၀၀၀ခန့်သာပါမည်ဖြစ်၏။ အလံနှစ်စုံမြို့တော်အတွက် ဆောင်းပြီးသည်အထိတောင့်ခံနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အခြေအနေသည် ထင်ထားသည်ထက်ပင် ပို၍ဆိုး၀ါးနေ၏။

“ငါ့အမိန့်ကိုပြောလိုက် သူတော်စင်တပ်ဖွဲ့၀င်သုံးဆယ်ကို ခံတပ်နံရံပေါ်မှာကင်းလှည့်ပြီးတော့ ရန်သူကို စောင့်ကြည့်ထားဖို့ပြောလိုက်။ ရန်သူတွေနောက်တစ်ကြိမ်တိုက်ခိုက်လာမယ်ဆိုရင် ငါတို့တွေအဆင်သင့်ဖြစ်နေရမယ်။

ဖှေး၏မျက်နှာပေါ်တွင် စိုးရိမ်စိတ်များကို ပြသခြင်းမရှိပဲ သူသည် ယုံကြည်ချက်ရှိနေသည့်ပုံပင်။ ထို့ကြောင့် သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ခေါင်းဆောင်များသည်လည်း ပို၍ယုံကြည်ချက်ရှိလာကြ၏။

“ဆာ မြို့တော်၀န်ဆိုရိုယော့ခ်နဲ့ တစ်ခြားဆွေကြီးမျိုးကြီးတွေရောက်လာပါတယ်...” စစ်သည်တစ်ယောက်ရောက်လာကာ သတင်းပို့လိုက်သည်။

“၀င်ခဲ့ခိုင်းလိုက်...” ဖှေးသူ၏လက်ကို ၀ှေ့ရမ်းကာပြောလိုက်၏။

“အမိန့်အတိုင်းပါ...”

မကြာမှီတွင် ဆိုရိုယော့ခ်နှင့် ဆွေကြီးမျိုးကြီးတစ်သိုက်သည် ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့နှင့်အတူ ရောက်ရှိလာကြ၏။ သူတို့သည် အလွန်စိတ်မသက်မသာဖြစ်နေကြသည့်ပုံပင်။ သူတို့၏ဘေးတွင် ပီးရာ့စ်၏လက်သီးကြောင့်ရရှိခဲ့သည့် ဒဏ်ရာများကြောင်းနာကျင်နေသည့် အစောင့်တစ်ချို့သာရှိနေ၏။

ယခုအချိန်တွင် ဆိုရိုယော့ခ်နှင့် ဆွေကြီးမျိုးကြီးများသည် အလွန်စိုးရိမ်နေလျှက်ရှိကြသည်။

သူတို့သည် ချမ်းဘော့ဒ်ဘုရင်အား တစ်ချိန်တွင်တိုက်ခိုက်မည်ဟုသဘောတူထားကြသော်လည်း ခုနကဖြစ်ခဲ့သည့်အရာသည် သူတို့၏ပုန်ကန်လိုသည့်ရဲစွမ်းသတ္တိများကို ဖျက်ဆီးပစ်လိုက်သည်။ ချမ်းဘော့ဒ်ဘုရင်၏ လူနှစ်ယောက်ကပင် သူတို့အားလုံးကို သတ်ဖြတ်ပစ်နိုင်သောကြောင့်ပင်။ မည်မျှပင် စိတ်ရှည်အောင်စောင့်စေကာမူသူတို့သည် ကြီးမားလှသည့်စွမ်းအားအရှိန်၀ါကို ရင်ဆိုင်ရမည်မဟုတ်ပေ။

အားနည်းလွန်းနေသည်။

အလွန်ပင်အားနည်းလွန်းနေ၏။

ဤသည်မှာ သူတို့ မြို့သူမြို့သားများကို ပြောသည့်အချိန်တွင် သုံးလေ့ရှိသည့်စကားများဖြစ်ကြပြီး လက်ရှိအချိန်တွင် သူတို့ကိုယ်တိုင်ခံစားနေရ၏။ နောက်ဆုံးတွင် ဤဆွေကြီးမျိုးကြီးများသည် စွမ်းအားကင်းမဲ့သည့်ခံစားချက်ကို ခံစားနေရပြီဖြစ်၏။

လက်ရှိတွင် ဆိုရိုယော့ခ်သည် သူ၏ငယ်ရွယ်သည့် ပြိုင်ဘက်ရန်သူကို မည်ကဲ့သို့နှုတ်ဆက်ရမည်မှန်းမသိအောင်ပင်ဖြစ်နေ၏။

ခံတပ်နံရံပေါ်တွင် ခနတာခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် သူတို့သည် အနောက်ဘတ်ဂိတ်တံခါးအနီးတွင်ရှိသည့် မျှော်စင်နားသို့ရောက်ရှိလာကြသည်။

သူတို့သည် တစ်နေလုံးထိတ်လန့်နေခဲ့ရသည့်ချမ်းဘော့ဒ်ဘုရင်အား တွေ့ဆုံလိုက်ရ၏။

သူတို့၏စိတ်ထဲတွင်များစွာ ကျိမ်ဆဲခဲ့ရသည့်လူသည် အလွန်ငယ်ရွယ်နေသေးသည်ကို တွေ့လိုက်ရသည့်အတွက် သူတို့အားလုံးအံ့သြသွားမိသည်။ ဘုရင်၏မျက်နှာသည် အသက်၂၀ပင်မပြည့်သေးသည့်အတိုင်းပင် နုပျိုနေ၏။ ဆွေကြီးမျိုးကြီးများသည် ဂျက်အင်ပါယာစစ်မြေပြင်၏နံပါတ်၁ခေါင်းဆောင်သည် ငယ်ရွယ်ကြောင်းကိုသိရှိသော်လည်း ဤမျှ ငယ်ရွယ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သို့သော် ဤလူငယ်၏အရှိန်၀ါကြောင့် သူတို့အထင်မသေးရဲပေ။

အရှေ့ဆုံးမှ လမ်းလျှောက်နေသည့် ဆိုရိုယော့ခ်သည် ထိတ်လန့်အံ့သြသွား၏။ သူ၏မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွား၏။

သူဤလူငယ်ကို မြင်လိုက်သည့်အချိန်တွင် ထူးခြားသည့်အရာတစ်ခုကို အာရုံခံလိုက်မိသည့်အတွက်ပင်။ သူဤမျှမ၀သေးပဲ ငယ်ရွယ်ကာ အိမ်မက်များ၊ မျှော်လင့်ချက်များရှင်သန်နေသည့် ဆွေကြီးမျိုးကြီးလူငယ်တစ်ယောက်ဘ၀က တွေ့ခဲ့ဖူးသည့်လူတစ်ယောက်၏အရှိန်၀ါကို ဤလူငယ်ထံတွင် အာရုံခံမိနေသည့်အတွက်ပင်။ သို့သော် ဤသည်မှာ လွန်ခဲ့သည့် ၂၆နှစ်ခန့်ကဖြစ်၏။

သူသည် ဤထူးခြားသည့်အရှိန်၀ါကို ခံစားလိုက်မိသည့်အချိန်တွင် နောက်ဆုံးကျန်ရှိနေသည့် မျှော်လင့်ချက်နှင့် ရဲစွမ်းသတ္တိတို့ပျောက်ဆုံးသွားတော့၏။

သူ့အား ဒူးထောက်ခြင်းမှ တားဆီးထားသည်မှာ အဆင့်၂ဆွေကြီးမျိုးကြီးတစ်ယောက်၏ မာနတရားပင်။

အေးစက်သည့်လေညှင်းတစ်ခုတိုက်ခတ်သွားပြီး မျှော်စင်တွင်ချိတ်ဆွဲထားသည် အလံနှစ်စုံသည် လွှင့်ပျံနေ၏။

အလံတစ်စုံမှာ ချွန်ထက်သည့် ဓားကောက်တစ်လက်ပါသည့် ရွှေရောင်အလံတစ်ခုဖြစ်ပြီးကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားလှသည်။ ဤသည်မှာ အင်ပါယာအရှင်သခင်ယရှင်း ဂျက်အင်ပါယာ၏မြို့တော်ကို သိမ်းပိုက်ခဲ့စဥ်က ယူဆောင်လာခဲ့သည့် ဂျက်အင်ပါယာ၏ တော်၀င်အလံပင်။ ဤအလံအား ချိတ်ဆွဲထားသည်မှာ ၂၆ကြာပြီဖြစ်ပြီး ဂျက်အင်ပါယာအား သိမ်းပိုက်ခဲ့ဖူးကြောင်းကို သတိပေးနေလျှက်ရှိ၏။

ဤအလံသည် ဂျက်အင်ပါယာမှ လူများ၏မျက်လုံးထဲတွင် အရှက်ရစရာတစ်ခုပင်။

All Chapters