← Chapters

အမျိုးသမီးများ

Vol. 39 Ch. 536

အမျိုးသမီးများ

Vol. 39 Ch. 536

“စီနီယာလီ...ကျေးဇူးပြုပြီး ဝင်လာပေးပါ...” သူမက အခန်းတံခါးကို တွန်းဖွင့်ပြီး ဟန်လိကို အတွင်းဘက်သို့ ဝင်ရန် တလေးတစား ဖိတ်ခေါ်သည်။

ဟန်လိသည် ခေါင်းညိတ်ပြပြီး နောက်ထပ် ဘာစကားမျှ မဆိုဘဲ အထဲသို့ ဝင်လာသည်။ အမျိုးသမီးငယ်က သူ့နောက်ကနေ နီးနီးကပ်ကပ် လိုက်ပါလာသည်။ ထို့နောက်တွင်မူ ကျောက်တံခါးသည် ၎င်းဘာသာ ပြန်ပိတ်သွားပြီး ပျောက်ကွယ်ကာ အစောပိုင်းတုန်းကကဲ့သို့ပင် မထင်မရှားနံရံတစ်ခု ပြန်ဖြစ်သွားသည်။ ဝင်လာပြီးနောက်မှာ ဟန်လိသည် သိပ်မရှည်မဝေးသော မီးခိုးရောင်ကျောက်သားလမ်းတစ်ခုကို မြင်သည်။

သူသည် ရှေ့သို့ တိတ်တဆိတ် လျှောက်လာပြီး လမ်း၏ အဆုံးသို့ ရောက်သည့်အခါ ဖွင့်ထာားသည့် တံခါးတစ်ခုကို ရုတ်တရက် တွေ့ရသည်။ ထိုတံခါးအပြင်ဘက်တွင် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် သုန်သုန်မှုန်မှုန်နှင့် ရပ်နေသည်။

ဟန်လိ ပေါ်လာတာ မြင်သည့်အခါ သူက ပြုံး၍ ပြောလာသည်။

“ခင်ဗျားက တာအိုရောင်းရင်းလီပဲ ဖြစ်ရမယ်။ ကျုပ်က ယွမ်ထျန်ရှောင်းပါ။ ဒီမြို့အရှင်ပေါ့။ ကျုပ်ရဲ့ အရောင်းအဝယ်စုဝေးပွဲကနေ ခင်ဗျားကို ကြိုဆိုပါတယ်။ တာအိုရောင်းရင်းအားလုံးလိုလိုလဲ ရောက်နှင့်နေကြပါပြီ...”

ပညာရှိဟန်ပန်နှင့် ယွမ်မျိုးရိုးကျင့်ကြံသူသည် ဟန်လိကို ယဉ်ယဉ်ကျေးကျေး ပြောလာသည်။ ထို့နောက်တွင် သူက အမျိုးသမီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မိန်းကလေးဝမ်...မင်း အစ်ကိုလီကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ...”

“ဝမ်လား...”

အမျိုးသမီး၏ နောက်ခံပုံရိပ်နှင့် ပတ်သက်ပြီး ဟန်လိသည် သံသယ ဆက်မရှိတော့ပေ။ သူမသည် ဝမ်ချောင်၏ သမီးဖြစ်သူ၊ ပြင်းပြတေးသံဂိုဏ်း၏ ဝမ်စီယွဲ့ ဖြစ်တာ သေချာသွားခဲ့ပြီ။ သူမသည် သည်နေရာ၌ မည်သို့ ပေါ်လာရသနည်း။

(မှတ်ချက်။ ။ဝမ်ချောင်သည် ဟန်လိနှင့် မာကြောကြယ်ကျွန်းတွင် တွေ့ခဲ့ဖူးသည့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာ ကြာသည့်အခါတွင် ထိုသူ့ကို သူ့သမီးနှင့်အတူ ဟန်လိသည် ပြန်ထပ်ဆုံခဲ့ဖူးသည်။ ၎င်းအကြောင်းကို အပိုင်း(၄၃၀) တွင် ဖော်ပြခဲ့ပါသည်။)

သည့်အတွက် ဟန်လိသည် များစွာ အံ့အားတသင့် ဖြစ်မိရ၏။ သူသည် ရုပ်သွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုထားသည် ဖြစ်၍ ထိုအမျိုးသမီးကမူ သူ့ကို မည်သူမည်ဝါမှန်း သိလိမ့်မည် မဟုတ်ပေ။ ဝမ်စစ်ယဲ့က ယွဲ့ကျင့်ကြံသူ၏ စကားကို ကြားသည့်အခါ သူမ၏ လှပသောဟန်အမူအရာမှာ ပြောင်းလဲသွားပြီး သူမက အလျင်အမြန်ပင် ခေါင်းညိတ်ပြ၏။

ဟန်လိသည် လှည့်မကြည့်သော်လည်း ဝမ်စစ်ယွဲ့သည် ယွမ်ထျန်ရှောင်အပေါ် ကြောက်လန့်နေမှန်း ခပ်ရေးရေး ခံစားမိသည်။

ဟန်လိ၏မျက်လုံးထဲ၌ ထူးခြားသည့်ဟန်ပန်အမူအရာတစ်ခု ဖြတ်ခနဲ ပေါ်သည်။ သို့သော် သူသည် ပြုံးရုံသာ ပြုံးပြီး အထဲသို့ မဝင်ခင် အာလပသလာပ စကားအချို့လောက်သာ ပြောခဲ့သည်။ တံခါးသည် လေးထောင့်ကျယ် ခန်းမတစ်ခုထံ ဦးတည်၏။ ၎င်းခန်း၏ အလယ်တွင် စားပွဲဝိုင်းကြီးတစ်ခု ရှိသည်။ ထိုစားပွဲဝိုင်း၏ ပတ်ပတ်လည်တွင် ထိုင်ခုံများ ရှိနေသည်။ ၎င်းထိုင်ခုံအများစုပေါ်တွင် ကျင့်ကြံသူများ ထိုင်နေကြသည်။

သို့သော် ဟန်လိသည် အခန်းထဲ၌ အခြေအနေကို မြင်သည့်အခါ၌ သူ့ပုံစံမှာ ခေါင်းခြောက်သွားမိသည်။

အမြုတေဖွဲ့စည်းခြင်း အမျိုးသမီးကျင့်ကြံသူနှစ်ယောက် တစ်သီးတစ်သန့် ထိုင်နေတာကလွဲ၍ အမြုတေဖွဲ့စည်းခြင်း အမျိုးသားကျင့်ကြံသူများသည် လှပပြီး စွဲဆောင်မှု ရှိသော အမျိုးသမီးကျင့်ကြံသူများနှင့် ပလီပလာ စကားများ ပြောနေကြသည်။ ထိုအမျိုးသမီးကျင့်ကြံသူများသည် ချီစုဆောင်ခြင်းအထွတ်အထိပ် သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် များ ဖြစ်ကြသည်။ သူတို့အားလုံးက ခြွင်းချက်မရှိ ငယ်ရွယ်လှပကြသည်။

ဟန်လိသည် မိန်းမောစွာဖြင့် ကြည့်နေရင်း ရုတ်တရက် နူးညံ့သင်းပျံ့သော ခန္ဓာကိုယ်လေးတစ်ခုက သူ့ဘေးနားသို့ ရောက်လာတာကို အာရုံခံမိသည်။ ဟန်လိ၏ခန္ဓာကိုယ်သည် တင်းကြပ်သွားသည်။ သူသည် ဖြည်းဖြည်းချင်း တစ်ဖက်သို့ လှည့်ကြည့်၏။ လှပသောမျက်နှာလေးကို မြင်ရသည်။ ဝမ်စစ်ယွဲ့သည် သူ့နား ကပ်လာခဲ့တာ ဖြစ်သည်။ ဟန်လိသည် မျက်မှောင်ကြုတ်သွားမိ၏။ သို့သော် သူက ထိုအမျိုးသမီးကို အဝေးတော့ နှင်မထုတ်ပေ။ ထိုအစား သူသည် အမျိုးသားကျင့်ကြံသူများထံသို့ နားလည်သွားသည့်ဟန်နှင့် လှမ်းကြည့်မိသည်။

ခဏ စဉ်းစားပြီးနောက်မှာ သူက ဝမ်စစ်ယွဲ့၏ ခါးသိမ်သိမ်ကို လက်ဖြင့် သိုင်းဖက်ပြီး ထိုင်ခုံအလွတ်တစ်ခုအပေါ်မှာ ဝင်ထိုင်သည်။

ဝမ်စစ်ယွဲ့သည်လည်း အခြားအမျိုးသမီးကျင့်ကြံသူများကဲ့သို့ပင် တူညီစွာ ပြုမူသည်။ သူမက ဟန်လိရင်ဘက်ကို မှီ၍ ဝင်ထိုင်သည်။

ထိုအခိုက်တွင် ဟန်လိ၏ ရင်ခွင်ကို မိန်းမလှတစ်ခုက သိမ်းပိုက်ထားလေပြီ။

ဝမ်စစ်ယွဲ့သည် သူမ၏ခန္ဓာကိုယ်ကို ဟန်လိပေါ်သို့ တင်းတင်းကြပ်ကြပ်မှီထားချိန်တွင် ဟန်လိသည် သူမခါးကို ဖက်ထားသော သူ့လက်ကို ပြန်ရုတ်သည်။ ထိုအခိုက်တွင် ဝမ်စစ်ယွဲ့သည် အံ့အားသင့်သွားသည်။ ထို့နောက်တွင် သူမက ဟန်လိကို အံ့အားတသင့်ဖြစ်ဟန်ဖြင့် အလိုလို လှမ်းကြည့်မိသည်။ ဟန်လိကမူ အခန်းထဲရှိ အခြားသူများကို တည်တည်ငြိမ်ငြိမ် စူးစမ်းလေ့လာကြည့်နေ၏။

အခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူရှစ်ယောက်ကလည်း ဟန်လိထံ အကြည့်ရောက်နေကြသည်ပင်။ ဟန်လိ၏ အသွင်သဏ္ဌာန်က ထူခြားနေဟန် တွေ့ကြသော်လည်း သူတို့သည် မျက်နှာပေါ်၌ မဖော်ပြကြပေ။

အများစုကမူ ဟန်လိကို ဖော်ရွှေစွာဖြင့် ကြည့်နေကြသည်။ ဟန်လိ၏ အမူအရာက စိတ်အေးလက်အေး ရှိလှ၏။ ခဏအကြာတွင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူခြောက်ယောက် ခန်းမထဲ ထပ်ဝင်လာကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ ဘေး၌လည်း ငယ်ရွယ်ချောမောသော မိန်းမလှ ကျင့်ကြံသူများ ပါလာသည်။ ဟန်လိသည် ဤသည်ကို သာမန်ဟန်ပန်ဖြင့် ကြည့်နေသော်ငြား သူ့စိတ်ထဲ၌မူ အံ့အားသင့်မိနေသည်။

ယွမ်ထျန်ရှောင်းသည် မိန်းမလှကျင့်ကြံသူ အများအပြားကို ရှာဖွေရာ၌ တော်ပုံရ၏။

ဟန်လိသည် ထိုသို့ စဉ်းစားမိနေစဉ် ယွမ်ထျန်ရှောင်းက နောက်ဆုံး၌ ခန်းမထဲ ဝင်လာ၏။ သူ့လက်၌လည်း လှပကျော့ရှင်းသော အမျိုးသမီးတစ်ယောက်ကို သိုင်းဖက်ထား၏။ ထိုအမျိုးသမီးသည် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်၌ ရှိသည်။

“အမျိုးသမီးဖန်...” သူမကို မြင်သည့်အခါ ဟန်လိသည် တုန်လှုပ်သွားမိသည်။

“သူမက ပြင်းပြတေးသံဂိုဏ်းရဲ့ လက်ယာတမန်တော် အမျိုးသမီးဖန်ပဲ။ ကြည့်ရတာ သူမဟာ မြို့အရှင်နဲ့ နက်နဲတဲ့ ပတ်သက်မှု ရှိပုံရတယ်။ ဒီစုဝေးပွဲဟာ အတော်လေး စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ...”

ဟန်လိသည် စိတ်လှုပ်ရှားမှုနှင့် ထင်မြင်ချက်များ စိတ်ထဲ၌ ရှိသော်လည်း အပြင်ပိုင်းတွင်မူ တည်ငြိမ်သောဟန်ပန်ကို ထိန်းထားနိုင်ဆဲပင်။

“အာ...” ဟန်လိဘေးရှိ ဝမ်စစ်ယွဲ့သည် မသိမသာ တုန်ရင်သွား၏။ သူမ၏ လှပသေသပ်သည့် ပါးစပ်ထံမှလည်း နာကျင်စွာ ညဉ်းသံ ခပ်တိုးတိုး ထွက်ပေါ်သွားသည်။ ထိုအသံ၌ ရှက်ရွှံ့သွားဟန် အရိပ်အယောင် ပါနေသည့်နှယ်။

ထိုအခါတွင် ဟန်လိသည် မင်သက်သွားမိသည်။ သူသည် သူမထံသို့ စဉ်းစားမရဟန်ဖြင့် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ သူမ၏မျက်နှာမှာ နီမြန်းပြီး ရှက်သွေးဖြာနေတာကို သူ မြင်လိုက်ရသည်။

ဟန်လိသည် သူ့လက်က သူမ၏ ရင်ဘက်ပေါ်သို့ မသိလိုက်ပါဘဲ ရောက်နေတာကိုလည်း မြင်လိုက်ရသည်။ သူ၏လက်ချောင်းတို့မှာ လုံးဝန်းဝန်း တစ်ခုခုကိုလည်း ထိမိနေသည်ဟု သူ ခံစားမိသည်။ ထိုနူးညံ့သော အထိအတွေ့အာရုံသည် ဟန်လိ၏ စိတ်ဝိညာဉ် အတွင်းနက်ပိုင်းကို လှုပ်ခါသွားစေသည်။ သူသည် ချက်ခြင်းပင် သူ့လက်ကို ပြန်ရုတ်မိသည်။

ဝမ်စစ်ယွဲ့၏ ချောမွေ့နူးညံ့သော လည်တိုင်လေးမှာ ခုဆို နီမြန်းနေလေသည်။ သူမက မဝံ့မရဲဖြင့် ခေါင်းမော့၍ အံ့အားသင့်တုန်လှုပ်စွာ ဟန်လိ၏ မျက်နှာကို တစ်ချက် လှမ်းကြည့်သည်။ ဟန်လိ၏မျက်နှာထက်တွင် မသက်မသာ ဖြစ်သွားဟန် ခပ်ရေးရေး ဖြစ်ပေါ်သည်။ သို့သော် သူက ဝမ်စစ်ယွဲ့၏ အကြည့်ကို သတိမပြုမိဟန် ဆောင်ပြီး သူမနားမှ သူ့လက်ကို ခွာသည်။

ဟန်လိသည် သူ့ကိုယ်သူ ယောက်ျားကောင်းတစ်ယောက်ဟု ဘယ်တုန်းကမျှ မထင်ထားသော်လည်း ထိုအမျိုးသမီးကမူ သူနှင့် သိကျွမ်းဖူးသည်ဟု ပြောနိုင်ပေသည်။ သို့ဖြစ်၍ ဟန်လိသည် အရှက်ရမိသလိုတော့ ခံစားမိရ၏။ ဟန်လိသည် ထိုတမျိုးဖြစ်သွားသော ဖြစ်အင်ကို အခန်းထဲရှိ အခြားမည်သူကမျှ သတိမထားမိကြမှန်း တွေ့ရှိသည်။ သူတို့၏ အာရုံသည် အမျိုးသမီးဖန်နှင့်အတူ အဓိကထိုင်ခုံ၌ ဝင်ထိုင်သည့် ယွမ်ထျန်ရှောင်းပေါ်၌သာ ကျရောက်နေကြသည်။

ယွမ်ထျန်ရှောင်းက အားပါးတရ ပြုံး၍ ပြောလာသည်။

“ဒီအရောင်းအဝယ်စုဝေးပွဲမှာ ပါဝင်ပေးတဲ့ ရောင်းရင်းဆယ့်သုံးယောက်ကို ကျုပ်အနေနဲ့ တကယ်ပဲ ဂုဏ်ယူမိပါတယ်။ တာအိုရောင်းရင်းနှစ်ယောက်က စောစောစီးစီး ထွက်သွားခဲ့ကြတယ် ဆိုပေမဲ့ ဒီစုဝေးပွဲဟာ ကြီးမားတယ်လို့တော့ ပြောနိုင်တုန်းပါပဲ။ ကဲ...ကဲ...အားလုံးပဲ ကိုယ့်မှာပါတဲ့ ပစ္စည်းအမယ်တွေကို ထုတ်နိုင်ပါတယ်။ ပြီးရင် ရောင်းရင်းတို့ရဲ့ ပစ္စည်းတွေအကြောင်း အကျဉ်းချုံး မိတ်ဆက်ပေးကြပါ။ ပြီးရင်တော့ လူတိုင်းပဲ လေလံဆွဲတာ ဒါမှမဟုတ် လဲလှယ်တာပဲဖြစ်ဖြစ် ဒီအရောင်းအဝယ်ပွဲကို စတင်နိုင်ပါပြီ။ ခင်ဗျားတို့ ကျေနပ်တဲ့အရာကို လက်ခံနိုင်ပါတယ်...”

ထို့နောက်တွင်မူ သူက အပြာရောင်ဝတ်စုံဝတ်ထားသည့် ခပ်ဝဝလူတစ်ယောက်ထံ ခေါင်းလှည့်ပြီး ပြုံးပြသည်။ သူသည် ထိုသူ့ကို စတင်ရန် အချက်ပြလိုက်တာ သိသာ၏။

ခုလက်ရှိတွင် ထိုခပ်ဝဝအဘိုးအိုသည် မိန်းမလှကျင့်ကြံသူတစ်ယောက်ကို ရင်ခွင်ထဲ ထွေးပွေ့ထားလျက် ရှိသည်။ ယွမ်ထျန်ရှောင်း၏ အပြုံးကို မြင်သည့်အခါ သူက သူ့လက်ကို ဖြေလျှော့ပြီး ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလာသည်။

“ကဲ ဒီလိုဆိုမှတော့ ကျုပ်ပဲ စလိုက်တော့မယ်။ ကျုပ်မှာ ဒီတစ်ကြိမ် ပစ္စည်းကောင်းတချို့ ပါလာခဲ့ပါတယ်။ ဒါတွေကို ကျုပ်လိုချင်တဲ့ ဘယ်ပစ္စည်းနဲ့မဆို လဲလှယ်ချင်တယ်...”

ထိုသို့ ပြောပြီးနောက်မှာ ထိုအဘိုးအိုသည် ထရပ်ပြီး သူ့ခါးမှ သိုလှောင်အိတ်ကို စားပွဲပေါ်သို့ တင်သည်။

စားပွဲပေါ်၌ ပစ္စည်းများစွာ ပေါ်လာလေသည်။ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်ချီသည် သိသာထင်ရှားလှ၏။

“ကောင်းကင်စိတ်ဝိညာဉ်ပုတီးစေ့သုံးလုံး၊ ငမန်းနတ်ဆိုးအမြုတေ၊ သမုဒ္ဒရာသားရဲရဲ့ အစိတ်အပိုင်း...”

ထိုအဘိုးအိုသည် သူ့ပစ္စည်းအမယ်တစ်ခုချင်းစီကို ဂုဏ်ယူစွာ မိတ်ဆက်ပြနေသည်။ ၎င်းတို့အားလုံးမှာလည်း ရှားပါးတာ သိသာလှ၏။

ဟန်လိသည် ထိုပစ္စည်းအမယ်များကို အေးစက်စက်ပြုံး၍ မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ၎င်းတို့မှာ သာမန် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက် အမှန်တကယ် အဖိုးတန်လှသော်လည်း သူ့အတွက်ကမူ ထိုသို့ မဟုတ်ပေ။ သည်အထဲမှ အရှားပါးဆုံး ဖြစ်သော ငမန်းနတ်ဆိုးသားရဲအမြုတေသည်ပင် အဆင့်ခြောက်အမြုတေသာ ဖြစ်နေသေးသည်။ ဟန်လိသည် ထိုကဲ့သို့သော အမျိုးအစားဖြစ်သည့် သားရဲအမြုတေမျိုး အနည်းဆုံး ရှစ်မျိုးလောက်ကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာဖူးပြီးသား ဖြစ်၏။

ခပ်ဝဝအဘိုးအိုသည် သူ၏ ပစ္စည်းအမယ်များကို မိတ်ဆက်ပေးပြီးနောက်မှာ ခုံပေါ်ပြန်ထိုင်ပြီး သူ့‌ဘေးရှိ မိန်းမလှကို ထပ်မံ ထွေးပွေ့၏။ သူ့မျက်နှာထက်၌လည်း မောက်မာမှုအထင်းသား ပေါ်လွင်နေသည်။ သူ ပွေ့ဖက်ထားသော ချီစုဆောင်းခြင်းအဆင့် မိန်းမလှမှာ အစတုန်းက သူ့အပေါ်သို့ တိမ်းညွှတ်ချင်စိတ် ရှိမနေခဲ့ပါ။ သို့သော် အခုအခါတွင်မူ သူမ၏ မျက်လုံးထဲ၌ ညင်သာဖျော့တော့သော အလင်းတစ်ခု မသိလိုက်ဘာသာ တောက်ပသွားချေသည်။

ထိုအဘိုးအိုက ပြန်ထိုင်ချပြီးနောက်မှာ သူ့ဘေးမှ အနီရောင်ခေါင်းစည်းနှင့် လူထူးခြားတစ်ယောက်က ချောင်းဟန့်ပြီး ထရပ်လာသည်။ သူသည် တုန်တုန်ချိချိန်ဟန်ပင်။ သူ့အသွင်က လေတိုက်လျှင်ပင် လဲမည့်အလား။

“ကျုပ် ပစ္စည်းတစ်ခုပဲ ယူလာခဲ့ပါတယ်။ ဒါကတော့ အဆင့်ငါးသားရဲ ဖြစ်တဲ့ ရစ်ခွေနက်ပိုးရဲ့ သားရဲဥနဲ့ လဲလှယ်ချင်တယ်...”

သူက သူ၏ ဝတ်ရုံထဲမှ အဝါရောင်သားရဲဥတစ်လုံးကို ဖြည်းဖြည်းချင်း ထုတ်ယူသည်။ ၎င်းဥမှာ ကြက်ဥအရွယ်အစားလောက် ရှိချေ၏။

“ရစ်ခွေနက်ပိုးကောင်...”

လူထူးခြား၏ စကားဆုံးသွားသည့်အခါ အခြားကျင့်ကြံသူများ၏ မျက်လုံးများကား အရောင်တောက်သွားကြ၏။ သူတို့သည် ထိုသားရဲဥကို လိုချင်ဟန်ဖြင့် စိုက်ကြည့်လာကြသည်။

All Chapters