← Chapters

ဓားအသစ်များ၏ စွမ်းပကား

Vol. 39 Ch. 538

ဓားအသစ်များ၏ စွမ်းပကား

Vol. 39 Ch. 538

“နင်...”

အမျိုးသမီးဖန်သည် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုကို တွေးမိနေစဉ် ဟန်လိက သူမ၏ စကားကို ဖြတ်၍ အလေးအနက်ဟန်ပန်ဖြင့် ဝင်ပြောလာသည်။

“ခဏနေဦး။ ကျုပ် သူမ ပြောတာကို ကြားချင်တယ်။ ပြီးမှ သူမ ပြောတာ မှန်၊မမှန် ကျုပ် ဆုံးဖြတ်မယ်...”

ယွမ်ထျန်ရှောင်၏ မျက်လုံးထဲတွင် အေးတိအေးစက်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေပြီးနောက်မှ ပြုံး၍ ပြောလာသည်။

“တူမလေးဝမ်က တခုခုကို သိတယ် ဆိုမှတော့ ရောင်းရင်းလီကို မေးခွင့်ပြုလိုက်ပါ…”

အမျိုးသမီးဖန်သည် အင်တင်တင်နှင့် သဘောတူရတော့၏။ “ကောင်းပါပြီ…”

“ကျေးဇူးတင်ပါတယ်…” ဟန်လိသည် ခေါင်းညိတ်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ဟန်လိ၏ အလေးအနက်မထားဟန် အမူအရာက ယွမ်ထျန်ရှောင်၏ မျက်နှာထက်တွင် စိတ်ကသိကအောက် ဖြစ်ဟန် ပေါ်သွားစေသည်။ သို့သော် သူက ထိုဟန်အမူအရာကို အလျင်အမြန်ပင် ပြန်ဖုံးကွယ်လိုက်သည်။

ထိုအခိုက်တွင် ဟန်လိသည် ဝမ်စစ်ယွဲ့ကို ကြည့်ပြီး မေးသည်။

“မင်းက အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အသိုက်ကို သိတယ်လို့ ပြောခဲ့တယ်နော်…”

ဝမ်စစ်ယွဲ့က ခေါင်းညိတ်ကာ စဉ်းစား၍ ဖြေသည်။

“ကျမ ပြင်ပကြယ်ပင်လယ်များဆီ ပထမဆုံး ရောက်လာတော့ ကျမဟာ နေရာတစ်ခုရဲ့ အသေးစိတ်မြေပုံကို မထင်မှတ်ဘဲ ရခဲ့တယ်။ အစတုန်းကတော့ အဲ့နေရာမှာ ရတနာတွေ ရှိနေလိမ့်မယ်လို့ ထင်ပြီး ကျမက ခိုးကြောင်ခိုးဝှက်နဲ့ သွားကြည့်ခဲ့တယ်။ အဆုံးသပ်မှာတာ့ ကျမဟာ လေချိုးဖျက်ခြင်းသားရဲပေါက်တစ်ကောင်ကိုသာ တွေ့ခဲ့ရပါတယ်...”

“ကံကောင်းစွာနဲ့ အဲ့သားရဲဟာ အဆင့်သုံးပဲရှိသေးပြီး ကျမကို မတွေ့ခဲ့ဘူး။ ကျမလည်း ချက်ခြင်းပဲ အဲ့နေရာကနေ ကြောက်လန့်တကြား ပြန်ထွက်လာခဲ့တယ်။ စီနီယာလည်း သိပါတယ်။ လေချိုးဖျက်ခြင်းသားရဲတွေဟာ အဆင့်ရှစ်ကို ရောက်မှသာ မွေးဖွားနိုင်ကြတယ် ဆိုတာကိုလေ။သူတို့ဟာ အဆင့်ငါး မရောက်မချင်း သူတို့ရဲ့ သားရဲပေါက်ကို စွံ့ခွာသွားလေ့ မရှိဘူးလေ။ ဒါ့ကြောင့် အဲ့နားဝန်းကျင်မှာ အဆင့်ရှစ်သားရဲတစ်ကောင် ရှိနေမှာ သေချာပါတယ်။ စီနီယာအနေနဲ့ ကျမရဲ့ တောင်းဆိုချက်ကို သဘောတူပေးမယ်ဆို ကျမ လမ်းပြပေးပါ့မယ်...”

ဟန်လိ၏ အမူအရာသည် ပြောင်းလဲသွား၏။ သူ့ထံမှ စိတ်လှုပ်ရှားဟန် အရိပ်အယောင်တစ်ခု လှစ်ဟပေါ်သည်။ အပြည့်အဝ အရွယ်ရောက်ပြီး‌သော သားရဲသည် ပါရမီပါလှသော အဆင့်ရှစ်သားရဲတစ်ကောင် ဖြစ်လေ၏။ သူမ ပြောတာသာ အမှန်ဆို ထိုသားရဲ၏ အသိုက်အမြုံနားတွင် သူ လိုအပ်နေသော နတ်ဆိုးပဲ့တင်မြက် ရှိနေမှာ သေချာနေလေပြီ။

ဟန်လိသည် ထိုအမျိုးသမီးကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး သက်ပြင်းရှည် မှုတ်ထုတ်သည်။ သူက လေးလေးနက်နက် မေးလိုက်၏။

“ရောင်းရင်းက ဒီသားရဲ အသိုက် သတင်းအတွက် ဘာများ လိုချင်ပါသလဲ...”

ဝမ်စစ်ယွဲ့သည် ခဏတော့ မျက်နှာနီမြန်းသွားသေးသည်။ ပြီးနောက် သူမက မဆိုင်းမတွဘဲ ပြောလာသည်။

“စီနီယာက ဒီမိန်းကလေးကို ဒီကနေ ခေါ်သွားပေးပြီး ရှင့်ရဲ့ ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ပေးရပါမယ်...”

“ဘယ်လို...” ဟန်လိသည် ခဏတော့ ဆွံ့အသွားမိသည်။ သူ့မျက်နှာထက်၌လည်း အံ့အားသင့်ဟန် ပေါ်လွင်နေ၏။

“စစ်ယွဲ့...နင် ဘာ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ...” အမျိုးသမီးဖန်သည် ထိုစကားကို ကြားသည့်အခါ သူမသည် ဆက်၍ မထိုင်နေနိုင်တော့ပေ။ သူမ၏မျက်နှာထက်တွင်လည်း အံ့အားသင့်ဟန်ကော၊ ဒေါသဖြစ်ဟန်ကော အထင်းသား ပေါ်လာသည်။ အခြားကျင့်ကြံသူများလည်း တုန်လှုပ်အံ့အားသင့်ဟန် ဖြစ်နေသည်။ သို့သော် ခဏအကြာတွင် ကျင့်ကြံသူအများစု၏ အမူအရာ၌ ပြပွဲတစ်ခုကို ကြည့်ရတော့မည့် ဟန်ပန်များ ပေါ်လာကြသည်။ အချို့ဆို မရယ်မောမိဘဲ မနေနိုင်ပင် ဖြစ်သွားကြသည်။

ယွမ်ထျန်ရှောင်သည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာက ပျက်ယွင်းသွား၏။

သူက စားပွဲကို လက်နှစ်ဖက်ဖြင့် ရိုက်ချပြီး သူ၏လက်များစို စိုက်ကြည့်သည်။ အေးစက်စက်အသံဖြင့် သူက ပြောလာသည်။

“နင်က ရောင်းရင်းလီကို လိုချင်တယ်လို့ ပြောလိုက်တာလား။ ကျုပ် ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး။ ကျုပ် ကြားရအောင် ထပ်ပြောစမ်းပါအုံး...”

ဟန်လိ၏ ရင်ခွင်ထဲ၌ ရှိနေသော ဝမ်စစ်ယွဲ့၏ ခန္ဓာကိုယ်သည် အကြိမ်ကြိမ် တုန်ခါသွားလေသည်။ သူမ၏မျက်နှာမှာလည်း သွေးမရှိတော့လောက်အောင် ဖြူရော်သွားသည်။ သို့သော် သူမ၏ တောက်ပသောမျက်လုံးတို့က ဟန်လိ၏ တည်ငြိမ်သည့်ဟန်ပန်ပေါ် ကျရောက်သွားချိန်တွင်မူ သူမက သတ္တိအချို့ ပြန်ရသွားပြီး အားအင်ရှိသမျှ လှမ်းအော်လိုက်သည်။

“ကျမ...ကျမက စီနီယာလီ ကျမကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ခေါ်သွားတာကို လိုချင်မိပါတယ်။ ပြင်းပြတေးသံဂိုဏ်းရဲ့ အဝေးကို ခေါ်သွားပေးမှာ လိုချင်မိပါတယ်...”

ယင်းနောက်မှာ သူမသည် ခေါင်းငုံ့သွားပြီး မော်မကြည့်ဝံ့တော့ပေ။

ဖက်...။ ယွမ်ထျန်ရှောင်၏ လက်နှစ်ဖက်တွင် မီးခိုးရောင်မီး‌တောက်များ ချက်ခြင်း ခြုံလွှမ်းသွားသည်။ သူ့မျက်နှာထက်၌လည်း ထူးခြားသည့် မီးခိုးရောင်အလင်း တောက်ပလာ၏။ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာခဲ့လေပြီ။

“အရိုးယင်မီးတောက်...” အချို့သူများသည် ထိုသို့ ထ၍ ရေရွတ်ကုန်သည်။ အခန်းထဲရှိ မူလတုန်းက ရယ်သံများ၊ အပြုံးများကား ပျောက်ကွယ်သွားခဲ့ပြီး အလေးအနက်အမူအရာများ ဖြစ်လာခဲ့ကြသည်။

“ရောင်းရင်းလီ....ကြည့်ရတာ ဒီမိန်းကလေးက ကြောင်သွားတဲ့ပုံပဲ။ သူမရဲ့ စိတ်က မမှန်ပုံ ရတယ်။ ရောင်းရင်းအနေနဲ့ သူမကို စိတ်ထဲ မထားဖို့ ကျုပ် မျှော်လင့်မိပါတယ်။ အစေခံတွေ ဝမ်စစ်ယွဲ့ရဲ့ မှော်စွမ်းအားကို ထိန်းချုပ်ပြီး သူမကို လဝက်လောက် တံခါးပိတ်ထားလိုက်...”

ယွမ်ထျန်ရှောင်သည် နည်းနည်းလေးမျှ စိတ်ခံစားချက် မရှိလေဘဲ အေးစက်စွာ အမိန့်ပေးသည်။

ထိုအမိန့်များ ထွက်ပေါ်လာသည်နှင့် မိုးပြာဝတ်စုံဖြင့် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်သည် လှမ်းဝင်လာပြီး ဟန်လိထံ တန်းတန်းမတ်မတ် လျှောက်လာသည်။ ဝမ်စစ်ယွဲ့မှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ဟန်လိကိုသာ ကြည့်နေတော့သည်။ သူမ၏ အကြည့်ထဲ၌ တောင်းပန်တိုးလျှိုးပြီး အသနားခံနေဟန်တို့ အထင်းသား ပါနေသည်။

ဟန်လိသည် မျက်မှောင်မကြုတ်မိဘဲ မနေနိုင် ဖြစ်သွား၏။

“နေအုံး...”

ယွမ်ထျန်ရှောင် စကားကိုပင် စောင့်မနေဘဲ အမျိုးသမီးဖန်သည် ကြားဝင်ပြောလာသည်။

“ဘာလဲ...။ ရောင်းရင်းလီက ဒီမိန်းကလေးကို ခေါ်သွားဖို့ စီစဉ်ထားတာလား...”

ဟန်လိက မထူးခြားနားစွာ ပြောသည်။

“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျုပ်က နတ်ဆိုးသားရဲရဲ့ သတင်းအချက်အလက်ကို သိချင်ရုံပဲ။ ဒါ့ကြောင့် အစ်ကိုယွမ်နဲ့ အမျိုးသမီးတို့က စိတ်မရှည်မဖြစ်ကြဖို့ ကျုပ် မျှော်လင့်တယ်။ ကျုပ်ရဲ့ တုန့်ပြန်မှုကို ခင်ဗျားတို့ စောင့်ပေးနိုင်မလား...”

ယွမ်ထျန်ရှောင်သည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာသည် အတက်အကျ ဖြစ်သွားသည်။ သူက တစ်ကိုယ်တည်း တီးတိုးရေရွတ်နေ၏။ ထို့နောက်တွင် သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းကာ မီးတောက်များကို ငြှိမ်းသေပစ်သည်။

သူက ဟန်လိကို စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် စိုက်ကြည့်လျက် ပြောလာသည်။

“အစေခံတွေ...နောက်ပြန်ဆုတ်။ သူ ဘာပြောမလဲ ကျုပ် နားထောင်အုံးမယ်...”

သူက ဟန်လိကို မျက်နှာသာ ပေးရန် ဆုံးဖြတ်လိုက်၏။ တကယ်တော့ သူသည် သည်မှာ ရှိနေသော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူအားလုံး၏ စွမ်းပကားကို လိုအပ်နေသည့် လုပ်ဆောင်စရာတစ်ခု ရှိနေပေသည်။ ထို့ကြောင့် သူသည် မည်သူ့ကိုမျှ မစော်ကားမိချင်ပေ။

“ရောင်းရင်းဝမ်က ကျုပ်ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်တယ်လို့ စပြောခဲ့တယ်။ ဒါပေမဲ့လို့ ကျုပ် နည်းနည်းလေးမျှ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျုပ်က သူမရှိက နတ်ဆိုးသားရဲအကြောင်း သိဖို့ လိုအပ်တယ်။ ဒီအမျိုးသမီးရဲ့ လွတ်လပ်မှုအတွက် ကျုပ်တို့ ဒီပစ္စည်းအမယ်တွေနဲ့ လဲလှယ်ကြရင် မကောင်းဘူးလား။ အစ်ကိုယွမ် ဘယ်လို သ‌ဘောရလဲ...”

ဟန်လိသည် ယွမ်ထျန်ရှောင်ဘက်သို့ သူ၏ အဖိုးတန်အမယ်များကို တွန်းပို့ပေးပြီး ထိုသူ့ကို ဆန်းကြယ်စွာ ပြုံး၍ ကြည့်နေသည်။

“ခင်ဗျားက သူမအတွက် ဒါတွေကို အသုံးပြုပြီး လဲလှယ်ချင်တာလား...”

ယွမ်ထျန်ရှောင်က အေးစက်စက် ပြောလာသည်။ သို့သော် သူ့မျက်လုံးထဲတွင်မူ စိတ်ရှုပ်ထွေးဟန် အရိပ်အယောင်တစ်ခု ပေါ်နေသည်။ သူ့ရှေ့မှ ပစ္စည်းအမယ်များသည် အဆင့်ခြောက်နှင့် ခုနစ်သားရဲတို့၏ အစိတ်အပိုင်းများ ဖြစ်ကာ အဖိုးတန်လှသည်။ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးသောင်းနှင့်ချီပြီး တန်ကြေးရှိသည်။ သူသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်အတွက် သည်အမယ်များကို ရဖို့ဆို လဲလှယ်ချင်စိတ် ရှိပေ၏။ အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်၏ သတင်းက ထိုသူ့အတွက် အလွန်အရေးကြီးနေသလား။ သူသည် သည်အခွင့်အရေးကို အသုံးပြုပြီး သည်အခြေအနေကို ဖြေရှင်းရမည်လား သို့မဟုတ် ထိုသူ့ကို ဆက်၍ ဖိအားပေးရမည်လား။

ထပ်စဉ်းစားကြည့်ပြီးနောက်မှာမူ ယွမ်ထျန်ရှောင်က အမြန် အဖြေတစ်ခု ရသည်။ သူ့အမူအရာသည် စိတ်အေးလက်သာ ပြန်ဖြစ်သွားသည်။ သူက တစ်ခုခု ပြောရန် တွေးနေစဉ် အမျိုးသမီးဖန်ကာ သူ့နားကိုယ်ချင်းထိသည့်အထိ တိုးကပ်ပြီး တစ်စုံတစ်ခုကို ခပ်တိုးတိုး နားအနား ကပ်၍ ပြောသည်။ ချက်ခြင်းပင် ယွမ်ထျန်ရှောင်၏ အမူအရာသည် ချီတုံချတုံ ဖြစ်ဟန်သို့ ပြန်ပြောင်းလဲသွား၏။

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ သူက ပြောလာသည်။

“ရောင်းရင်းလီ...ဒီမိန်းကလေးကို ခေါ်သွားဖို့ကိုတော့ ခင်ဗျား ဘယ်လောက်ပဲ ပေးပေး ကျုပ် ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် ကျုပ်တို့ဂိုဏ်းရဲ့ အမျိုးသမီးတွေကို ခုလိုမျိုး လွယ်လွယ် ခေါ်လို့ ရတယ်လို့ လူအများက ထင်သွားကြလိမ့်မယ်။ ဒါက ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေတယ်...”

သူ့စကားများသည် အခြားကျင့်ကြံသူများကို မင်သက်သွားစေ၏။ သူတို့ကို တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားစေသည်။ ယွမ်ထျန်ရှောင်၏ ငြင်းဆိုမှု၌ တစ်ခုခု ထူးခြားမှု ရှိနေတာကတော့ သေချာလေပြီ။ ဟန်လိကလည်း ထိုအမျိုးသမီးကို လက်လွှတ်ချင်မှာ မဟုတ်ပေ။ အခြားသူများက သည်မြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်၏။

“ပြင်းပြတေးသံဂိုဏ်းလား...” ဟန်လိသည် ထိုသို့ပြော၏။ သူ့မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခု ဖြတ်ပြေးသွားသည်။

“ဘာလဲ...ရောင်းရင်းလီက ဒီလျှို့ဝှက်ခန်းကို အဲ့ဂိုဏ်းက ဖွင့်လှစ်တယ်ဆိုတာ မသိဘူးလား။ ကျုပ်က ပြင်းပြတေးသံဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ဂိုဏ်းအကြီးအကဲဖန်ကလည်း ဂိုဏ်းကို ကူပြီး စီမံပေးတယ်...”

ယွမ်ထျန်ရှောင်သည် အေးစက်စက် ပြောလိုက်သည်။ သူ့မျက်နှာထက်တွင်လည်း ထူးခြားသော မီးခိုးရောင်ချီအလွှာတစ်ခု ထွေးခြုံလာသည်။ သူသည် အစွမ်းထုတ်ဖော်ပြလာတာ သံသယ ရှိရန် မလိုတော့ပေ။

“သူက အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ဖြစ်နေပြီး ခုလက်ရှိမှာလည်း ကျုပ် ပိုင်နက်ထဲမှာ။ သူ့အနေနဲ့ အဆိုး၊အကောင်းကို သေချာ တွေးကြည့်ရလိမ့်မယ်...။ ဒီအမယ်ပစ္စည်းတွေအတွက်တော့ နှမြောဖို့ ကောင်းတာပေါ့လေ...”

ယွမ်ထျန်ရှောင်သည် နောင်တရဟန်ဖြင့် ထိုသို့ တွေးနေသည်။ သူ့စိတ်ထဲ၌လည်း ပူပန်နေဟန် အရိပ်အယောင် မရှိပေ။ သို့သော် ထိုစဉ် ဟန်လိသည် ရုတ်တရက် နှာခေါင်းရှုံ့ကာ ပြောလာသည်။ “ကောင်းပြီ...”

ယွမ်ထျန်ရှောင်ကဲ့သို့ပင် ဟန်လိသည် သူ့လက်ကို ပင့်မြှောက်ပြီး သူ့ရှေ့၌ အဖြူရောင်အလင်းတစ်ခုကို ဆင့်ခေါ်သည်။ ယွမ်ထျန်ရှောင်သည် ကြီးစွာ မင်သက်သွားပြီး သူ၏ ကျင့်ကြံမှုပညာရပ်ကို အလိုလို လှည့်ပတ်မိ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးခိုးရောင်မီးတောက်များဖြင့် ထွေးခြုံသွားတော့သည်။

ထိုစဉ် အဖြူရောင်အလင်းသည် မီးတောက်များထံ ကြမ်းတမ်းစွာ ထိုးနှက်လာ၏။ ဝေဝါးစွာ ဖြစ်ပေါ်သွားပြီး တစ်လက်မမျှ အရှည်ရှိ ဓားဆယ့်နှစ်လက်သည် ရုတ်တရက် ပေါ်လာကာ မီးတောက်များကို တိုက်ခိုက်လာသည်။

“အား...” ယွမ်ထျန်ရှောင်သည် အလန့်တကြား ဖြစ်သွားပြီး သူ့မှော်ရတနာကို အလျင်စလို ထုတ်ဖော်၏။ သို့သော် မီးတောက်များက ဓားဆယ့်နှစ်လက်ကို ခဏပင် တားဆီးနိုင်ခြင်း မရှိပေ။ မီးတောက်များ လွင့်ပြယ်သွားချိန်တွင် ယွမ်ထျန်ရှောင်၏ ခန္ဓာကိုယ်ပေါ်၌ သွေးကွက် ဆယ့်နှစ်ခု ပေါ်လာသည်။

ယွမ်ထျန်ရှောင်က သူ၏ မီးခိုးရောင်ခရင်းငယ်တစ်ခုကို ထုတ်ယူပြီးချိန်တွင် သူသည် မြေပေါ်သို့ နာကျင်စွာ အော်ဟစ်၍ လိမ့်ကျသွားခဲ့ပြီး ဖြစ်နေလေသည်။

အခြားကျင့်ကြံသူများသည် ထိုသည်ကို မြင်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ သူတို့သည် အချိန်အတော်ကြာသည့်အထိ သတိပြန်မကပ်နိုင် ဖြစ်သွား၏။

All Chapters