← Chapters

ကိုယ်လုပ်တော်

Vol. 39 Ch. 540

ကိုယ်လုပ်တော်

Vol. 39 Ch. 540

ထိုကျွန်းသည် မီတာသုံးရာကျော်လောက် အမြင့်ရှိသည့် တောင်တန်းများ ရှိပေသည်။ သစ်ပင်များစွာနှင့် သိပ်သိပ်သည်းသည်း တောအုပ်တို့လည်း ရှိ၏။ ဟန်လိသည် ထိုတောင်များကို ပတ်၍ ပျံသန်းပြီးမှ ၎င်းတို့ထဲမှ တစ်ခုပေါ်သို့ ဝမ်စစ်ယွဲ့နှင့်အတူ ဆင်းသက်လာသည်။

ထိုအမျိုးသမီး၏ အံ့ဩထိတ်လန့်နေသော အကြည့်အောက်တွင် ဟန်လိသည် သူ၏ ဓားများကို ထုတ်လွှတ်ပြီး နာရီပိုင်းအတွင်း တောင်၌ လှိုဏ်ဂူငယ်တစ်ခုကို တည်ဆောက်လိုက်သည်။ ဟန်လိက အ‌တော်လေး ကျေနပ်သွားပုံ ရပြီး အစီအရင်မန္တာန်များကို ၎င်းပတ်ပတ်လည်၌ နေရာချ၏။ ပြီးမှ ဝမ်စစ်ယွဲ့ကို သူက အထဲသို့ ခေါ်သည်။

ဟန်လိက ဝမ်စစ်ယွဲ့ကို အိပ်ခန်းထဲသို့ ခေါ်လာပြီး ကျောက်ထိုင်ခုံတစ်ခုပေါ်မှာ ဝင်ထိုင်သည်။ သူက ထိုအမျိုးသမီးကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလိုက်သည်။

“ခုချိန်ကစပြီး မင်းက ဒီမှာ နေထိုင်ရမယ်။ မန္တာန်အစီအရင်တွေနဲ့ ပတ်သက်တဲ့ မန္တာန်တွေကိုတော့ ငါ မင်းကို ပြောပြပေးထားမယ်။ ဒီနေရာဟာ အတော်လေး လူသူကင်းမဲ့ပြီး သီးခြားဖြစ်တယ်။ မင်းအနေနဲ့ အင်တိုက်အားတိုက် ကျင့်ကြံမယ်ဆို အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ရှိလာနိုင်တယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…စီနီယာလီ…” ဝမ်စစ်ယွဲ့သည် ဟန်လိ၏ အကြည့်အောက်မှာ မျက်နှာနီမြန်းကာ ရှက်နေသည်။ သူမက ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံ ရသည်။ ဟန်လိက ပြုံး၍ ပြောလိုက်၏။ “စီနီယာလီလား…”

ဝမ်စစ်ယွဲ့သည် ခေါင်းခပ်သွက်သွက် ခါလိုက်ပြီး အလျင်စလို ပြောလိုက်၏။

တောင်းပန်ပါတယ်။ “ကျမက ရှင့်ကို ဘယ်လိုခေါ်သင့်လဲနော်…”

သူ၏ ကိုယ်လုပ်တော် ဖြစ်လာခါစ ဖြစ်၍ သူမသည် ဟန်လိကို မည်သို့ ခေါ်ဝေါ်ရမလဲ မသိဘဲ ဖြစ်နေသည်။ ဟန်လိက နှာခေါင်း ပွတ်ကာ မထူးခြားနားစွာ ပြောလိုက်၏။

“မင်းက ကျုပ်ကို သခင်လီလို့ ခေါ်နိုင်ပါတယ်…”

ဟန်လိသည် ခုထိ သူ၏ ပုံစံအသွင်အမှန်ကို မထုတ်ဖော်ပြသေးပေ။ သူက သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ အသွင်ပုံစံမျိုး ရှိနေသေးသည်။ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ဝမ်စစ်ယွဲ့က နာခံစွာဖြင့် တုန့်ပြန်သည်။

“ကောင်းပါပြီ…သခင်လီ…”

ဟန်လိက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြပြီး သူ ဘာဆက်ပြောရမလဲဟု စဉ်းစားကြည့်သည်။ ထို့နောက် သူက မေးလိုက်၏။

“ရောင်းရင်းဝမ်က ပြင်ပကြယ်ပင်လယ်များဆီ ဘယ်အချိန်က ရောက်လာခဲ့တာလဲ။ အမျိုးသမီးဖန်ကကော ပြင်းပြတေးသံဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်လား။ ကျုပ် သိသလောက်ဆို နတ်သမီးခရမ်းဝိညာဉ်ကသာ ဂိုဏ်းခေါင်းဆောင် မဟုတ်လား…”

“အို…သခင်လီက အတိတ်တုန်းက ဂိုဏ်းအကြောင်းကို အများကြီး သိထားတာပဲကို…”

ဝမ်စစ်ယွဲ့သည် ဟန်လိက နတ်ဆိုးသားရဲ၏ အသိုက်အကြောင်း အလျင်စလို မေးမြန်းမည့်အစား ပြင်းပြတေးသံဂိုဏ်းအကြောင်း မေးမြန်းလာသည့်အပေါ် အံ့အားသင့်မိသွားသည်။

သို့ပေမည့် ခဏ စဉ်းစားပြီးနောက်မှာတော့ သူမက ရှင်းပြလာသည်။

“ကျမတို့ ပြင်ပကြယ်ပင်လယ်များဆီ တည်နေရာမရွှေ့ပြောင်းခင်တုန်းကတော့ ဂိုဏ်းသခင်မလေးက ဂိုဏ်းရဲ့ ကိစ္စကိဝအားလုံးကို စီမံခဲ့တာ အမှန်ပါ။ ဒါပေမဲ့လို့ သူမက ကော်ငးကင်လေဟာနယ်ခန်းမကနေ ထွက်လာခဲ့ပြီး ကျမတို့ဂိုဏ်းကို ပြန်ရောက်တဲ့အချိန်မှာပဲ ပြောင်းလဲမှုတွေ စတင်ခဲ့ပါပြီ။ လက်ဝဲတမန်တော်ဟာ ဘာသဲလွန်စမှ မရှိဘဲ ပျောက်သွားခဲ့ပြီး ဂိုဏ်းရဲ့ အင်အားအားလုံးဟာလည်း အပြင်လူတစ်ယောက်နဲ့ လက်ယာတမန်တော်ဖြစ်တဲ့ အမျိုးသမီးဖန်တို့ လက်ထဲ ကျရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲ့အပြင်လူကျင့်ကြံသူဟာ မိစ္ဆာတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီး ပြင်းပြတေးသံဂိုဏ်းကလည်း မိစ္ဆာတာအိုနဲ့ မိတ်ဖက်ဖြစ်သွားတာကို ကျမ တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးဖန်ဟာ သူမကိုယ်သူမ ဂိုဏ်းခေါင်းဆောင်အဖြစ် ကြေညာခဲ့ပြီး တပည့်အများစုကို စုစည်းပြီး ကျမတို့ကို ကောင်းကင်ကြယ်မြို့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆီ စေလွှတ်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ကျမတို့ဂိုဏ်းဟာ ဒီလျှို့ဝှက်မြို့မှာ အခြေချခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက သစ္စာမခံချင်တော့တဲ့ တပည့်တွေဟာ ထူးထူးဆန်းဆန်း ပျောက်သွားခဲ့ပြီး အဲ့လူတွေကိုလည်း လုံးဝ ထပ်မတွေ့ရ၊မမြင်ရတော့ပါဘူး။ သခင်လီကသာ ကျမအသက်ကို မကယ်တင်ပေးခဲ့ရင် ကျမလည်း ကျင့်ကြံခြင်းမိတ်ဖက်တစ်ယောက် ဖြစ်သွားမှာ စိုးကြောက်မိပါတယ်…”

ဝမ်စစ်ယွဲ့သည် ညှိုးငယ်စွာဖြင့် ထိုသို့ ပြောလာသည်။ ဟန်လိ၏ အမူအရာက တင်းမာသွား၏။ သူက မေးလိုက်သည်။

“မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ဖန်က ဒီပြင်ပကြယ်ပင်လယ်များမှာ ဘာလာလုပ်တာလဲ။ သူမက ဒီလျှို့ဝှက်မြိုကို စီမံဖို့ သက်သက်တော့ မဟုတ်နိုင်ဘူး…”

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီးလို့တော့ ကျမ သေချာ မသိလှပါဘူး။ ဒါပေမဲ့လည်း အမျိုးသမီးဖန်နဲ့ မိစ္ဆာတာအိုကျင့်ကြံသူယွမ်တို့ဟာ ဒီလျှို့ဝှက်မြို့ အကူအညီနဲ့ တစ်ခုခု ရှာဖို့ သတင်းအချက်အလက်တွေ စုစည်းနေကြပါတယ်...”

ဝမ်စစ်ယွဲ့သည် မရေမရာဟန်ဖြင့် ပြော၏။ သူမ၏မျက်နှာထက်တွင်လည်း သံသယဝင်ဟန် ပြည့်နေသည်။

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ၌ မေးခွန်းများ ဆက်တိုက်မေးပြီး သူမ ပြောခဲ့သည့် အခြင်းအရာများအာပေါ် စတင်၍ စဉ်းစားသုံးသပ်ကြည့်နေသည်။ သူနှင့် နတ်သမီးခရမ်းဝိညာဉ်တို့ ကောင်းကင်လေဟာနယ်ခန်းမ၌ ပိတ်မိနေချိန်တွင် ပြင်းပြတေးသံဂိုဏ်း၌ မတရားအာဏာ အလုခံခဲ့ရတာ ဖြစ်ဖို့များသည်။

ထိုသို့ အာဏာလုတာ အောင်မြင်သွားသည့်နှင့် အမျိုးသမီးဖန်က ဂိုဏ်း၏တပည့်အများစုကို အံ့ဖွယ်နက်ရှိုင်းကျွန်းထံသို့ ချက်ခြင်း ခေါ်ဆောင်လာခဲ့သည်။ ယင်းနောက်မှာ ကြယ်ကြွေမဟာမိတ်အဖွဲ့က ကောင်းကင်ကြယ်မြို့တော်သို့ တိုက်ခိုက်ခဲ့ကြသည်။ ကြည့်ရတာ မိစ္ဆာတာအိုဂိုဏ်းများသည် ပြင်းပြတေးသံဂိုဏ်းကို မည်သို့နည်းလမ်းဖြင့် သိမ်းပိုက်လွှမ်းမိုးနိုင်ခဲ့သည်ဖြစ်စေ ကြယ်ကြွေမဟာမိတ်အဖွဲ့၏ လွှမ်းမိုးနိုင်စွမ်းမှာ ကျယ်ပြန့်နေတာတော့ ထင်ရှားလေ၏။ မဟုတ်ပါက သူတို့သည် အခုကဲ့သို့ အချိန်အခါသင့်သည့်အချိန်၌ ပြင်းပြတေးသံဂိုဏ်းကို သိမ်းပိုက်နိုင်စွမ်း ရှိခဲ့လိမ့်မည် မဟုတ်ပေ။

နတ်သမီးခရမ်းဝိညာဉ်က ကောင်းကင်လေဟာနယ်ခန်းမကနေ ပြန်ရောက်လာခဲ့သည့်အခါတွင်မူ သူမသည် သူမ၏ဂိုဏ်းမှာ မရှိတော့တာကို တွေ့ခဲ့ရလိမ့်မည် ဖြစ်၏။

မိစ္ဆာတာအို၏ အင်အားစုများက ပြင်ပကြယ်ပင်လယ်များ၌ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးကို ရှာရန် ပြင်းပြတေးသံဂိုဏ်းကို ထောက်ပံ့ပေးထားပါလိမ့်မည်။ ဤသည်ကမူ ဟန်လိနှင့် မသက်ဆိုင်ပေ။ သူသည် ထိုအကြောင်းကိုလည်း ဆက်မပေးတော့ပေ။ ထို့အပြင် သူသည် တာအိုရသေ့ ကြိုးကြာမြန်နှင့်လည်း သွယ်ဝိုက်စွာဖြင့် ရန်သူ ဖြစ်သွားပြီ ဖြစ်ပေသည်။ ထိုတာအိုရသေ့သည် ခုလက်ရှိ ပြင်းပြတေးသံဂိုဏ်းနှင့် ပတ်သက်မှုတစ်ခု ရှိနေမည် ဖြစ်၏။ သို့ဖြစ်၍ ဟန်လိသည် သူတို့နှင့် ဆက်ပြီး မပတ်သက်ချင်ဘဲ အမျိုးသမီးဖန်၏ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တာ ဖြစ်၏။

အတွင်းကြယ်ပင်လယ်များကို ပြန်မည့် ကိစ္စများအတွက်မူ ဟန်လိသည် သူ အဆင့်တစ်ဆို့မှုကို မချိုးပျက်ပြီးခင်ထိ စဉ်းစားဦးမည် မဟုတ်ပေ။ ကောင်းကင်လေဟာနယ်ဒယ်စောက်က သူ့လက်ထဲ၌ ရှိနေတာ ဖြစ်၍ အတွင်းကြယ်ပင်လယ်များသည် သူ့အတွက် ပို၍ ဘေးကင်းလုံခြုံနေခြင်း မရှိလေပေ။

ဟန်လိက ဝမ်စစ်ယွဲ့ ပြောပြခဲ့သော စကားများကို စိတ်ထဲ၌ အဖန်ဖန် စဉ်းစားကြည့်၏။ သူမ ပြောသည့်စကားများ၌ မည်သည့်အမှားကိုမျှ သူ မတွေ့မိပေ။ သူ့အသိဉာဏ်အရဆို သူမသည် အမှန်ကို ပြောနေတာသာ ဖြစ်သည်။

ဟန်လိအတွက်မူ ဂရုစိုက်တာကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ့၌ နာမည်ကျော် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ပိုင်ဆိုင်ထားသည် မဟုတ်လား။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အရေအတွက် မည်မျှက သူ့လက်ထဲရှိ ဒယ်စောက်ကို လိုချင်နေကြသလဲဆိုတာ မည်သူက သိနိုင်မည်နည်း။ ရှေးအချိန်များတည်းက မရေမတွက်နိုင်သော ယောက်ျားသားများသည် မိန်းမလှများ၏ ပလီကြွယ်သော လှည့်ကွက်များကြောင့် ခံစားခဲ့ရပြီး၊ ကျရှုံးခဲ့ရပြီး မဟုတ်ပါလား။ ဟန်လိသည် ပေါ့ဆမှုကြောင့် ထိုသူများထဲမှ တစ်ယောက် ဖြစ်သွားချင်စိတ် မရှိနေချေ။

သည်အခိုက်တွင် ဝမ်စစ်ယွဲ့သည် ဟန်လိ၏အမူအရာမှာ အတက်အကျ ဖြစ်နေတာကို မြင်ရသည်။ သူမသည် ဂနာမငြိမ် ဖြစ်မိရသည်။

နောက်ဆုံးတွင်မူ ဟန်လိသည် သူ၏ အတွေးများကို စုစည်းပြီးနောက်မှာ သူက ထိုမိန်းမလှ၏ ဟန်ပန်ကို သတိပြုမိသွားသည်။ သူက ပြုံးယောင်သမ်း၍ ပြောလိုက်သည်။

“ကျုပ်က လျှို့ဝှက်မြို့ကနေ မင်းကို ဒီထိ ခေါ်လာပြီး မင်းအတွက် ဒီနေရာကိုပါ စီစဉ်ပေးထားခဲ့ပြီးပြီး။ မင်းအနေနဲ့ နတ်ဆိုးသားရဲအသိုက်ရဲ့ တည်နေရာ ကျုပ်ကို ပြောပြလို့ အဆင်ပြေပြီလား။ မင်း ကျုပ်ကို ပြောပြပြီးရင် ကျုပ် ချက်ခြင်း ထွက်သွားတော့မယ်။ မင်းနဲ့ ကျုပ် နောက်ထပ် လုံးဝ ထပ်မတွေ့တော့ဘူး…”

ဝမ်စစ်ယွဲ့သည် ခဏ မင်သက်ကြောင်ရီသွားပြီးမှ အံ့အားသင့်ဟန်ဖြင့် ပြောလာသည်။

“စီနီယာက ကျမကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့ စိတ်ကူး မရှိဘူးလား…”

ဟန်လိက တည်ငြိမ်စွာ ပြောသည်။

“ကျုပ်က တစ်ကိုယ်တည်း ခရီးနှင်ရတာ အသားကျနေပြီ။ ဒါ့ကြောင့် ကျုပ်နောက်ကို ဘယ်သူမှ လိုက်ပေးနေဖို့ မလိုအပ်ဘူး…”

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ သူမ၏လှပသောမျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာပြီး သူမက ညင်ညင်သာသာ ခေါင်းခါရမ်းသည်။ သူမ၏မျက်လုံးထဲ၌ ထူးခြားသော စိတ်ခံစားချက်တစ်ခု အချိန်အတော်ကြာသည့်အထိ တဖြတ်ဖြတ် ဖြစ်ပေါ်နေပြီးနောက်မှ သူမက ရိုးသားစွာ ပြောလာသည်။

“သခင်လီရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ကျမက ရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဘာမှ နောင်တရနေတာမျိုး မရှိပါဘူး။ စီနီယာ…ကျေးဇူးပြုပြီး စိတ်ချင်သာနေပါ။ စစ်ယွဲ့က ဘာအထွန့်မှ မတက်ဘဲ ကိုယ့်ကတိကိုယ်ကိုယ် ထိန်းသိမ်းပါ့မယ်…”

ဟန်လိသည် ထိုမိန်းကလေး၏ စိုးရိမ်ပူပန်မှုကို ကောင်းကောင်း နားလည်ပေသည်။ သူက ဆန်းကြယ်သည့် အပြုံးတစ်မျိုး မပြုံးမိဘဲ မနေနိုင် ဖြစ်မိပြီး ပြောလာ၏။

“ရောင်းရင်းဝမ်က ဘယ်လိုစိတ်ရှိသလဲတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ ကျုပ်စကားကတော့ အတည်ပဲ။ ရောင်းရင်းဝမ်အနေနဲ့ ဒီကိစ္စတွေ အထိုင်ကျပြီး ကျုပ်ဇနီးဖြစ်ချင်သေးရင်တော့ ကျုပ်လည်း ထပ်ပြီး ငြင်းပယ်မှာ မဟုတ်တော့ပါဘူး။ အဲ့လိုဖြစ်လာတဲ့အခါကျမှ ရောင်းရင်းဝမ်အနေနဲ့ နောင်တမရရင် ပိုကောင်းလိမ့်မယ်…”

သူသည် ဝမ်စစ်ယွဲ့မှာ မည်သူ၏ ကိုယ်လုပ်တော်မှ မဖြစ်ချင်မှန်း သေချာ သိပေသည်။ လျှို့ဝှက်မြို့ထဲရှိ အခြေအနေများက သူမအတွက် ကူရယ်ကယ်ရာမဲ့ခဲ့၍သာ ဖြစ်ချေလိမ့်မည်။

ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ရခြင်းသည် ကျင့်ကြံခြင်းမိတ်ဖက်ထက် အများကြီး ပိုသာသော်လည်း မည်သည့်အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အမျိုးသမီးကမျှ တစ်စုံတစ်ဦး၏ ကိုယ်လုပ်တော်တစ်ယောက် မဖြစ်ချင်ကြပေ။

ဟန်လိသည် ဝမ်စစ်ယွဲ့၏ ထူးကဲသည့်အလှတရားအပေါ် အတော်လေး တပ်မက်မိသော်လည်း ခုချိန်၌ သူ့ကျင့်ကြံခြင်းသည် အရေးတကြီးအခြေအနေသို့ ရောက်နေမှန်း သူ ကောင်းကောင်းနားလည်သည်။ သူသည် သူ့ဘေးတွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို ထားထားရန် အားမစိုက်ထုတ်နိုင်ပေ။ သူမကို လွတ်လွတ်လပ်လပ် လက်လွှတ်ပေးလိုက်တာက ပို၍ ကောင်းပေလိမ့်မည်။

“ကျမ” ဟန်လိသည် ထိုသို့ ရှင်းပြပြီးနောက်မှာ သူမ၏မျက်နှာထက်တွင် ချီတုံချတုံ ဖြစ်ဟန် ပေါ်နေသည်။ ဟန်လိ၏ မျက်လုံးထဲ၌ ရယ်ချင်စိတ်ဖြစ်ဟန် အရိပ်အယောင် ပေါ်လာပြီး သူက လေသံအေးအေးဖြင့် ပြောလိုက်၏။

“ဘာလဲ။ ရောင်းရင်းဝမ်က ကျုပ်ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်နေတုန်းလို့တော့ ကျုပ်ကို မပြောလေနဲ့နော်…”

“မဟုတ်ပါဘူး…” ဝမ်စစ်ယွဲ့သည် အလျင်စလို ငြင်းဆန်သည်။ ခဏ တုန့်ဆိုင်းသွားပြီးနောက်မှာ သူမက နှုတ်ခမ်းကိုက်ပြီး ဟန်လိကို ဂါဝရပြုလျက် ပြောလာသည်။

“ကျမ…ကျမ သခင်လီကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှင့်ရဲ့ ကြင်နာမှုကို ဒီဂျူနီယာဝမ်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး…”

သူမ၏အမူအရာ၌ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်လန့်မှုတို့ ပြည့်နေလေသည်။

“အဲ့လိုဆိုမှတော့ ဒီကိုယ်လုပ်တော်ကိစ္စကို ထားလိုက်ကြရအောင်။ ရောင်းရင်းဝမ်အနေနဲ့ ဒါကို အလေးအနက် ဖြစ်နေစရာ မလိုဘူး…”

ဟန်လိသည် သည်ကိစ္စကို ခက်ခဲအောင်လုပ်ရန် စိတ်ကူးမရှိလေပေ။

“ကျေးဇူးအများကြီးတင်ပါတယ်…သခင်လီ…” ဝမ်စစ်ယွဲ့သည် ကျေနပ်အံ့အားသင့်သွားသည်။ သူမ၏အမူအရာမှာလည်း စိတ်အေးသက်သာ ဖြစ်သွားပြီး သူမ၏ ပန်းလေးနှယ် အလှတရားက ရွှင်ရွှင်လန်းလန်း ဖြစ်လာချေ၏။ ငေးမောဖွယ်မြင်ကွင်းတစ်ခုပင်။ ထိုမြင်ကွင်းအလှကြောင့် ဟန်လိသည်ပင် စိတ်ခံစားချက် တမျိုးဖြစ်သွားမိရသည်။ သို့သော် သူက သူ့စိတ်ခံစားချက်ကိုယ်သူ အလျင်အမြန် စိတ်နှလုံးအတွင်းသို့ ပြန်မြှုပ်နှံ့ပစ်လိုက်သည်။

သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက်မှာ ဟန်လိက အလေးအနက် မေးလိုက်၏။

“ရောင်းရင်းဝမ်…ကျုပ်ကို လေချိုးဖျက်ခြင်းသားရဲ အကြောင်း ပြောပြရင် အဆင်ပြေမလား…”

ဝမ်စစ်ယွဲ့၏ အပြုံးသည် ပျောက်ကွယ်သွားလေသည်။ သူမက စိုးရိမ်သည့်လေသံဖြင့် ပြောလာသည်။

“သခင်လီ…လေချိုးဖျက်ခြင်းသားရဲရဲ့ အသိုက်ဟာ အတော်လေး အန္တရာယ်များလှပါတယ်။ ဒါက နက်ရှိုင်းပင်လယ်ပြင်နားမှာ ရှိနေတာ။ ကျေးဇူးပြုပြီး အဲ့အသိုက်ကို မသွားခင် ခဏဖြစ်ဖြစ် သေချာ ပြန်စဉ်းစားကြည့်ပါအုံး…”

“နက်ရှိုင်းပင်လယ်ပြင်ရဲ့ အစွန်းမှာလား…” ဟန်လိသည် မျက်မှောင်ကြုတ်သွားမိသည်။ ဤသည်မှာ အတော်လေး ပြဿနာ များနိုင်ပေသည်။ ခုလက်ရှိ နက်ရှိုင်းပင်လယ်ပြင်သည် အန္တရာယ်များသည်ထက် ပိုလွန်နေသည် မဟုတ်လား။

All Chapters