← Chapters

အခန်း (၄၉၁)

Vol. 32 Ch. 491

အခန်း (၄၉၁)

Vol. 32 Ch. 491

လွန်ခဲ့သည့်၂၆နှစ်လုံး ဂျက်အင်ပါယာမှလူများသည် ဤအလံကို ပြန်လည်ကာ ယူဆောင်နိုင်ရန်အတွက် အိမ်မက်မက်ခဲ့ကြသည်။ သို့သော် ထိုနတ်ဆိုးကဲ့သို့သော ဇီးနစ်အင်ပါယာမြို့တော်တွင် ရှိနေသ၍ ဂျက်အင်ပါယာမှ မည်သည့်လူမှ ဤကဲ့သို့ပြုလုပ်ရဲခြင်းမရှိခဲ့ကြပေ။

သို့သော် ယခုအချိန်တွင်မူ အခွင့်ရေးကြုံလာပြီဖြစ်သည်။

ထိုတော်၀င်အလံအား ပြန်လည်ယူဆောင်နိုင်ရန်အတွက် သူတို့သည် စစ်ပွဲကို စတင်ရမည်ဖြစ်၏။

......

ဖှေးသည် ဤတော်၀င်အလံတိုင်အောက်တွင် ထိုင်နေရင်းဖြင့် သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ ထို့နောက်တွင် သွေးများစွန်းထင်းနေသည့်ခံတပ်နံရံအားတစ်ချက်ကြည့်လိုက်ပြီး ကန္တာရသဲပြင်ကိုလည်း တစ်ချက်ကြည့်လိုက်သည်။ လေညှင်းမှာ ဖြတ်သန်းတိုက်ခတ်နေလျှက်ရှိပြီး ပျံသန်းနေသည့် ဖုန်မှုန့်များကြောင့် ကောင်းကင်တစ်ခုလုံးပင် အနီရောင်သို့ပြောင်းလဲနေလျှက်ရှိ၏။

ဘုရင်သည် လက်ရှိပြသနာများကို မည်ကဲသို့ဖြေရှင်းရမည်ကို တွေးနေခြင်းပင်။ ထို့ကြောင့် သူ၏အရှေ့တွင်ကြောက်လန့်ကာ တုန်နေကြသည့် ဆွေကြီးမျိုးကြီးများကိုပင် သတိမထားမိပေ။

မြို့တော်၀န် ဆိုရိုယော့ခ်အပါ၀င် ဆွေကြီးမျိုးကြီးများသည် ဤလူငယ်အားစဥ်းစားနေသည်ကို မနှောင့်ယှက်ရဲကြပေ။ ထို့ကြောင့်ခါးများကိုသာ ကိုင်းနေလျှက်စောင့်နေကြ၏။

နောက်ဆုံးတွင် ဆွေကြီးမျိုးကြီးတစ်ယောက်၏ ခြေထောက်မှာအချိန်ကြာမြှင့်စွာရပ်နေရသည့်အတွက် ထုံကျင်လာပြီး မြေပေါ်သို့ ပစ်လဲကျလုနီးပါးဖြစ်သွား၏။ သူ့ထံမှ ထွက်ပေါ်လာသည့် ဆူညံသံကြောင့် ဘုရင်သူတို့အား သတိထားမိသွားသည်။

“ဟမ်...” ဖှေးဆွေကြီးမျိုးကြီးများကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ဆိုရိုယော့ခ်ထံသို့ ကျရောက်သွား၏။ “ခင်ဗျားက အလံနှစ်စုံမြို့တော်၀န် ဆိုရိုယော့ခ်လား...” သူမေးလိုက်၏။

“ဟုတ်ပါတယ် ဆာ...ကျွန်တော်ပါ...” ဆိုရိုယော့ခ်လျှင်မြန်စွာပင် ပြန်လည်ဖြေကြားလိုက်၏။

“အိုး...” ဖှေးပြန်ပြောလိုက်၏။ “ဒီမှာ ခုံအပိုတွေမရှိဘူးကွ ခင်ဗျားတို့တွေ ခနတော့ မက်တပ်ရပ်ရလိမ့်မယ်...”

“ရပါတယ် ရပါတယ်...”

“ဟုတ်ပါတယ် တပ်ဖွဲ့ခေါင်းဆောင်ကြီး ကျွန်တော်တို့ကအရှင့်ရဲ့ရှေ့မှာ အတူထိုင်ဖို့အရည်ချင်းမပြည့်မှီပါဘူး...”

“ဟုတ်ပါတယ် ကျွန်တော်တို့မက်တပ်ပဲရပ်နေသင့်တယ်...ဟဲဟဲ...”

ဆိုရိုယော့ခ်ပြန်မပြောနိုင်ခင်မှာပင် သူ၏ဘေးတွင်ရှိနေသည့် ဆွေကြီးမျိုးကြီးများမှ ၀င်ဖြေလိုက်ကြသည်။ သူတို့၏မျက်နှာပေါ်တွင် မြှောက်ပင့်လိုသည့်အမူယာများဖြင့် ဖှေးဒူးထောက်ခိုင်းပြီး သူ၏ခြေထောက်ကို နမ်းခိုင်းလျှင်ပင် အမှန်တကယ်လုပ်ကြမည့်ပုံပင်။

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။ သူသည် ဆွေကြီးမျိုးကြီးများ၏ ဂုဏ်ကျက်သရေကို ဤလူများထံတွင် ရှာမတွေ့သည့်အတွက်ပင် ။

“ဒီလို စောက်ပိန်းတွေအုပ်ချုပ်နေမှတော့ ဇီးနစ်အင်ပါယာအနောက်မြောက်ပိုင်းက မြို့တော်က ဘယ်လောင်တောင်ပျက်စီးနေမလဲ။” ဖှေးစဥ်းစားကြည့်ရင်းဖြင့်ပင် ထိတ်လန့်လာ၏။

အလံနှစ်စုံမြို့တော်သည် ဆိုး၀ါးသည့်အခြေအနေတွင်ရှိနေကြောင်းကို ဆွေကြီးမျိုးကြီးများကို ကြည့်ရုံဖြင့်ပင် သိနိုင်၏။

သို့သော် ဖှေးသည် ဤကဲ့သို့ပျက်စီးနေသည့် မြို့တော်အား လယ်ဗယ်၁အင်ပါယာတစ်ခု၏ တိုက်ခိုက်သိမ်းပိုက်မှုမှ ကာကွယ်ပေးရဦးမည်ဖြစ်သည်။

“အတော်ရယ်စရာကောင်းတာပဲ...” ဖှေးသူ၏ ခေါင်းကို ခါရမ်းကာ တွေးလိုက်မိ၏။ သူသည် ဆွေကြီးမျိုးကြီးများကို ထက်မံကာ စိုက်ကြည့်ပြီးသည့်နောက်တွင် ဆိုရိုယော့ခ်အားကြည့်ကာ မေးလိုက်သည်။ “သွေးတွေ ဒဏ်ရာတွေနဲ့ပါလား။ ခင်ဗျားတို့တွေကလည်း ကာကွယ်တိုက်ခိုက်ခဲ့တာပေါ့...”

ဆိုရိုယော့ခ်မည်ကဲ့သို့ ပြန်ဖြေရမလဲမသိဖြစ်သွား၏။

ဤအခိုက်တန့်တွင် သူသည် လိမ်ညာရဲသည့်သတ္တိပင်မရှိတော့ပေ။ ထိုအပြင် သူ၏ခန္ဓာကိုယ်အားအလောင်းများမှ သွေးများလိမ်းကျံကာ အမှတ်ရရန်အတွက် သေဆုံးပြီးရန်သူများ၏ ဦးခေါင်းများကို လိုက်လံပိုင်းဖြတ်ခဲ့ခြင်းသည် မိုက်မဲသည့် အကြံတစ်ခုဖြစ်ကြောင်းကို သဘောပေါက်လိုက်၏။

ကံကောင်းစွာပင် ချမ်းဘော့ဒ်ဘုရင်သည် သိပ်ပြီးရှင်းရှင်းလင်းလင်းသိလိုသည့်ပုံမပေါ်ချေ။

သူ၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အပြုံးတစ်ခုနှင့်အတူ ဖှေးထက်မေးလိုက်သည်။ “တစ် နှစ် တစ်ဆယ် ဆယ့်ခြောက်ယောက်...” ငါဒီမှာ လူ၂၉ယောက်ကိုပဲတွေ့တယ်။ မြို့တော်ထဲမှာ ဆွေကြီးမျိုးကြီး ၃၆ယောက်ရှိတာမဟုတ်ဘူးလား။ ငါဆွေကြီးမျိုးကြီးတွေအကုန်လုံးကို လာရောက်ခုခံဖို့အမိန့်ပေးထားတယ်လေ။ ကျန်တဲ့လူတွေကရော ဘယ်မှာလဲ တိုက်ပွဲထဲမှာ သူရဲကောင်းဆန်ဆန်ကျဆုံးသွားတာလား...”

ဆွေကြီးမျိုးကြီးများအားလုံး ဤမေးခွန်းကြောင့် ရင်တုန်ပန်းတုန်ဖြစ်သွားကြ၏။

“ဆ...ဆာ ကျန်တဲ့ဆွေကြီးမျိုးကြီးမိသားစု ခုနှစ်စုက သူတို့ကအရှင့်အမိန့်ကို နားမထောင်ပဲနဲ့ လာရောက်ကူညီခဲ့ခြင်းမရှိပါဘူး။” ဆိုရိုယော့ခ်သည် ဖှေးအားအမှန်တိုင်းပြောလိုက်သည်။ သူအမှန်တရားမှ လွဲ၍ ဘာမှမပြောရဲပေ။

သူသည် ထူးဆန်းသလိုခံစားနေရသည်။ သူသည် ဖှေးအား သူ၏ပြိုင်ဘက်များဖြစ်သည့် ထိုဆွေကြီးမျိုးကြီးမိသားစုများကိုရှင်းထုတ်ရန်အတွက် အသုံးချရန်စီစဥ်ထားခဲ့သော်လည်းယခုအချိန်တွင်မူ သူသည် ထိုဆွေကြီးမျိုးကြီးများအတွက်ပင် ၀မ်းနည်းနေသလို ခံစားနေမိ၏။

“အဲ့လိုလား စိတ်၀င်စားစရာပဲ။ အင်ပါယာရဲ့ ဆွေကြီးမျိုးကြီးတွေလုပ်နေပြီးတော့ ဒီကောင်တွေက အင်ပါယာအတွက် မတိုက်ခိုက်ပေးချင်ဘူးပေါ့။ ခင်ဗျားတို့တွေ ပြောကြည့်ကြ ဒီကောင်တွေက အသက်ရှင်ဖို့ထိုက်တန်ရဲ့လား။” ဖှေးသည် ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ခါနော့တ်နှင့် ဟူအက်တို့ဘက်သို့လှည့်ကာ မေးလိုက်သည်။

သူတို့ပြန်မဖြေနိုင်ခင်မှာပင် ဖှေးအမိန့်ပေးလိုက်သည်။ “မင်းတို့လေးယောက် မြင်းစစ်သည် ၅၀၀ကို ခေါ်သွားပြီးတော့ အဲ့ဆွေကြီးမျိုးကြီး၇ယောက်ကို ဒီကိုခေါ်လာခဲ့ကြ။ ငါအဲ့ကောင်တွေရှင်းပြတာကို နားထောင်ချင်သေးတယ်။ တကယ်လို့ အဲ့ကောင်တွေခုခံနေမယ်ဆိုရင်နေရာတင်ကွပ်မျက်ခဲ့လိုက်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...”

စစ်သည်လေးဦးသည် ချက်ချင်းပင် ပြန်ဖြေကာ သတ်ဖြတ်လိုသည့်ဆန္ဒများနှင့်အတူ ခံတပ်နံရံပေါ်မှ ပျောက်ကွယ်သွားတော့၏။

အခြေအနေသည်အလွန်ဆိုး၀ါးနေသောကြောင့် ပြတ်ပြတ်သားသားရင်ဆိုင်ရမည်ဖြစ်သည်။

အရေးကြီးသည့်အခြေအနေဖြစ်နေသောကြောင့် ဖှေးဤပိုးမွှားကောင်များကဲ့သို့ ဆွေကြီးမျိုးကြီးများနှင့် ကစားနေရန်အချိန်မရှိပေ။ ထို့ကြောင့်အလံနှစ်စုံမြို့တော်ထဲတွင်ရှိသည့် အနှောင့်ယှက်အဟန့်တားများအားလုံးကို ရှင်းထုတ်ပစ်ရမည်ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ မြို့တော်ထဲတွင်ရှိနေသည့် လူများအားလုံးသည် ရန်သူအားတိုက်ထုတ်ရန်ကိုသာ ၁၀၀ရာခိုင်နှုန်းအာရုံစိုက်ကြမည်ဖြစ်၏။

“ရဲရင့်တဲ့စစ်သည် ဒီကိုလာခဲ့...” ဖှေ ဒရော့ဂ်ဘာ၊ ပီးရာ့စ်တို့နှင့်အတူပါလာသည့်စစ်သည်လူငယ်အား လက်၀ှေ့ရမ်းပြကာခေါ်လိုက်သည်။

ဤအခိုက်တန့်တွင် ဘုရင်၏မျက်နှာပေါ်တွင် အမှန်တကယ်ပင် နွေးထွေးသည့်အပြုံးတစ်ခုပေါ်လာ၏။

“ကျွန်တော့ နာမည်က ဂလန်ပါအရှင်မင်းကြီး တွေ့ရတာ ၀မ်းသာပါတယ်။” စစ်သည်၏လူငယ်သည် သူ၏နာမည်ကို ပြောလိုက်၏။ သူသည်အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏အသံသည် တုန်ခါနေ၏။ သူသည် ဖှေး၏အရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ပြောလိုက်သည်။ “ဘုရားသခင် ကောင်းချီးပေးပါစေ အရှင်မင်းကြီး...”

“မကြောက်ပါနဲ့ စစ်သည်။ မင်းက င့ါကို ဆာလို့ခေါ်သင့်တယ်။ ချမ်ဘော့ဒ်သားတွေကပဲ င့ါကို အရှင်မင်းကြီးလို့ခေါ်ကြတာလေ....”

ဖှေးသည် ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မြင့်မြတ်သည့်အလင်းရောင်များတောက်ပလာ၏။ ရွှေရောင်စွမ်းအင်တစ်ခုကို ဂလန်၏ ဒဏ်ရာရကာ ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်အတွင်းသို့ စီး၀င်စေလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံးသည် သိသိသာသာပင် စတင်ကာ ပျောက်ကင်းလာတော့၏။

ဒိုင်ယာဘလိုကမ္ဘာထဲတွင် ပါလာဒင်ဇာတ်ကောင်သည် ရက်ရောမှု၊ ကြင်နာမှုနှင့် တရားမျှတမှုတို့ကို ကိုယ်စားပြုသည့် ဇာတ်ကောင်တစ်ကောင်ဖြစ်သည်။ ဂိမ်းထဲမှ NPCများကပင် ပါလာဒင်ဇာတ်ကောင်ကို သဘောကျသည့်အတွက်ကောင်းကောင်းမွန်မွန်ဆက်ဆံကြသည်။

ဖှေးပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် နွေးထွေးသည့် အရှိန်၀ါတစ်ခုပေါ်ပေါက်လာ၏။ ထိုအရှိန်၀ါသည် ရင်းနီးတတ်ကာ မြင့်မြတ်သန့်စင်သောကြောင့် သူ၏ဘေးတွင်ရှိနေသည့်လူများသည် သူ့အား ယုံကြည်ကိုးကွယ်ကာ သစ္စာရှိလိုစိတ်များပေါ်လာကြ၏။

ဂလန်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် မကြာမှီမှာပင် ပျောက်ကွယ်သွား၏။ ဤကဲ့သို့ သာမန်ဓားများကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများကို ကုသရန်မှာ ပါလာဒင်ဇာတ်ကောင်အတွက် မခက်ခဲလှပေ။

ဖှေးသည် ကုသခြင်းအစွမ်းအား စက္ကန့်အနည်းငယ်ကြာအသုံးပြုလိုက်ပြီးသည့်နောက်တွင် ဂလန်၏ ပခုံးပေါ်တွင်ရှိသည့် အရိုးများအထိပင်မြင်နေရသောဒဏ်ရာကြီးပင် ပျောက်ကွယ်သွား၏။ သူသည်မည်သည့်အချိန်ကမှပင် ဒဏ်ရာမရရှိခဲ့သည့်အတိုင်းပင်။

“ဟာ ဒါက ကျေးဇူးပါ ဆာ...” လူငယ်စစ်သည်မှာ မင်သက်သွား၏။ ဂလန်သူ၏လက်ကို လှုပ်ရှားကြည့်လိုက်ရာ နာကျင်မှုများမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်အတွင်းတွင်နာကျင်မှုများနှင့် ပင်ပန်းနွမ်းနယ်မှုများသည် မရှိတော့သည့်အတိုင်းပင်။ သူသည် အသစ်ပြန်လည်ကာ မွေးဖွေးလာသကဲသို့ လန်းဆန်းတက်ကြွနေ၏။

ဖှေးပြုံးကာ ထိုင်ခုံပေါ်မှထရပ်လိုက်သည်။

သူ၏ခြေထောက်အောက်တွင်ရှိသည့် ရွှေရောင်တိုက်ပွဲစက်ကွင်းသည် ကျယ်ပြန့်လာပြီး သူ၏ပတ်ပတ်လည်တွင်ရှိသည့်စစ်သည်များကို လွှမ်းခြုံသွား၏။ ထိုစစ်သည်များအားလုံးသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးသည့်စွမ်းအင်များစီး၀င်နေသည်ကို ခံစားလိုက်ရပြီး ဒဏ်ရာများပင်ပန်းနွမ်းနယ်မှုများလည်းပျောက်ကွယ်သွားတော့သည်။ ဂလန်နှင့်အတူပါလာသည့်စစ်သည်များသည်လည်း ရွှေရောင်စွမ်းအင်များလွှမ်းခြုံသွား၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှပြောင်းလဲမှုများကို သတိထားလိုက်မိသည့်အတွက် မျက်လုံးများပြူးကျယ်လာတော့၏။

ဤသည်ကို မြင်ပြီးသည့်နောက်တွင် ဆိုရိုယော့ခ်နှင့် ဆွေကြီးမျိုးကြီးများ၏ နှလုံးသားများသည် တုန်ခါသွားတော့၏။

သို့သော် တစ်စုံတစ်ယောက်၏စွမ်းအားသည် အကန့်သက်ရှိ၏။ လက်ရှိတွင် ဖှေးသည် တစ်မြို့လုံးတွင်ရှိသမျှစစ်သည်များအားလုံးကို ကုသပေးနိုင်ခြင်းမရှိသေးပေ။

“မင်းတို့ကောင်တွေလဲ လာခဲ့ကြ။” ဖှေးသည် ဂလန်နှင့်အတူပါလာသည့်စစ်သည်များကိုလည်း ခေါ်လိုက်၏။ သူသည် အ၀ေးတစ်နေရာတွင်ရှိနေသည့် ဂျက်အင်ပါယာမှ စခန်းများကိုကြည့်လိုက်ပြီးမေးလိုက်သည်။ “ပီးရာ့စ်နဲ့ ဒရော့ဂ်ဘာတို့ပြေတာ ခံတပ်နံရံမြောက်ဘက်မှာ စိတ်မကောင်းစရာတစ်ခုခုဖြစ်ခဲ့တယ်လို့ ပြောတယ်။ ဘာတွေဖြစ်ခဲ့ကြတာလဲ...”

All Chapters