အခန်း (၄၉၂)
Vol. 32 Ch. 492
“မင်းရဲ့အကိုက စစ်သည်ကောင်းတစ်ယောက်ပဲ...” ဖှေး ဂလန်ပြောသည်ကို နားထောင်ပြီးသည့်နောက်တွင် ဂလန်၏ ပခုံးကိုပုတ်ကာပြောလိုက်သည်။ “သူ့ရဲ့ဂုဏ်သရေကို ဘယ်သူမှ ညိုးနွမ်းအောင်လုပ်လို့မရဘူး။ သူ့ကိုလည်း ငါမျှမျှတတလုပ်ပေးပါ့မယ်...”
ထို့နောက်တွင် စစ်သည်များကိုကြည့်ကာ ဖှေးပြောလိုက်၏။ “ငါ ဘုရင်အလတ်ဇန္ဒာ ဂျက်အင်ပါယာရဲ့နံပါတ်၁စစ်ရေးခေငါ်းဆောငတစ်ယောက်အနေနဲ့ ပြောလိုက်မယ်။ မင်းတို့ရဲ့အခွင့်ရေးတွေ အမှတ်တွေကို ယ်ကောင်မှလုယူလို့မရဘူး။ မင်းတို့တွေအကုန်လုံးကိုလည်း မင်းတို့ရဲ့ ရဲရင့်မှုနဲ့ ထိုက်တန်တဲ့ဆုလာဘ်ကိုပေးမယ်။ ဒီနေ့ကစပြီးတော့ မြို့တော်ကို ကာကွယ်တဲ့လူ ဘယ်သူမဆို ဆုချမယ်။ သူတို့ သူတော်စားပဲဖြစ်နေနေ၊ ကျေးကျွန်ပဲဖြစ်နေနေ၊ ပြည့်တန်ဆာတွေပဲဖြစ်နေနေပေါ့...” ဖှေးကြေငြာလိုက်၏။
ဖှေးပြောခဲ့သည်အရာသည် စစ်သည်များစွာကို စိတ်လှုပ်ရှားသွားစေသည်။ စိတ်ဓာတ်တက်ကြမှုများသည် စိတ်အားထက်သန်မှုတို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်၀င်ရောက်လာသလိုခံစားလိုက်ရ၏။ သာမန်စစ်သည်များအနေဖြင့် သူတို့သည် များများစားစားမမျှော်လင့်ကြပေ။ သူတို့၏ ကြိုးစားအားထုတ်မှုတို့ကိုသာ တန်ဖိုးထားအသိမှတ်ပြုစေလိုကြ၏။ ယနေ့တွင် ဘုရင်သည် ထိုကဲ့သို့ပြုမူလိုက်သည်။
“ပီတာ...” ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။
“ဟုတ်ကဲ့ပါအရှင်မင်းကြီး...” ပီတာလမ်းလျှောက်လာ၏။
“ငါပြောသမျှကို ချရေးပြီးတော့မြို့တော်အနှံ့မှာလိုက်ကပ်ထားလိုက်။ နောက်ပြီးတော့ ကျဆုံးစစ်သည်တွေရဲ့မိသားစု၀င်တွေကိုလည်း ရွှေဒင်္ဂါး၅၀ရော်ကြေးပေးလိုက်။ တိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့စစ်သည်တွေကိုလည်း ရွှေဒင်္ဂါး၅၀ထောက်ပံ့ပေးမယ်။ နောက်ပြီးတိုက်ပွဲမှာ ရန်သူတစ်ယောက်ကိုသတ်ဖြတ်နိုင်ရင် ငွေဒင်္ဂါး၁၀ပြားဆုရမယ်။ နောက်ပြီးတော့ လူတစ်ယောက်ခြင်းစီရဲ့တိုက်ပွဲမှာ စွမ်းဆောင်ရည်ကိုလည်းမှတ်တမ်းတင်ထားမယ်။ တိုက်ပွဲတစ်ပွဲပြီးတိုင်းမှာ ထိုက်တန်တဲ့လူတွေကိုလည်း ချက်ချင်းဆုချ၊ ရာထူးတိုးပေးတာတွေလုပ်မယ်...”
ဖှေး ပြောလိုက်၏။
“ဟုတ်ကဲ့ပါအရှင်မင်းကြီး...” ပီတာသည် ဖှေးပြောသမျှအရာအားလုံးကို ချရေးလိုက်၏။
ဖှေးအ၀ေးသို့ငေးကြည့်လိုက်သည်။ ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူထပ်ပြောလိုက်၏။ “စာရင်းအင်းဌာနက တွက်ချက်ပြီးပြီဆိုရင် င့ါစီကို ဆုကြေးခွဲ၀ေပေးမယ့်စာရင်းကို ယူလာပြ။ စာရင်းကို ရှုပ်အောင်လုပ်တဲ့လူဘယ်သူကိုမဆို....”
ဖှေးရုတ်တရက်ရပ်လိုက်ပြီးနောက်သို့လှည့်ပင် မကြည့်ပဲလက်သီးဖြင့်ထိုးလိုက်၏။
“ဖုန်း...”
ကိုယ်ရံတော်စစ်သည်တစ်ယောက်သည် မတုန့်ပြန်နိုင်သေးခင်မှာပင် သွေးမြူများအဖြစ်သို့ပြောင်းလဲသွား၏။
သွေးများသည် ဆွေကြီးမျိုးကြီးများမျက်နှာပေါ်သို့ ကျကုန်၏။
သွေးများ၏ စိုဆွတ်သည့် ခံစားချက်သည် သူတို့အားထိတ်လန့်သွားစေပြီး တစ်ချို့အလွန်ကြောက်တတ်သည့် ဆွေကြီးမျိုးကြီးများဆိုလျှင်အော်ဟစ်၍ သတိလစ်သွားကြတော့၏။ ဤဆွေကြီးမျိုးကြီးများသည် သူတို့၏ခန္ဓာကိုယ်ကို အနည်းငယ်ထိန်းချုပ်နိုင်နေသေးသော်လည်း မြို့တော်၀န်အပါ၀င်ဆွေကြီးမျိုးကြီးများသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။ ဇီးနစ်အင်ပါယာ၏ အဆင့်၂ဆွေကြီးမျိုးကြီးဖြစ်သူ ဆိုရိုယော့ခ်၏ နောက်ဆုံးကျန်ရှိနေသည့် မာနတရားသည် သွေးများသူ၏မျက်နှာပေါ်သို့ ပေကျံသွားသည့်အချိန်တွင် ပျောက်ကွယ်သွားတော့၏။
“ဖုန်း...”
ထိုကိုယ်ရံတော်၏အလောင်းတစ်စိတ်တစ်ပိုင်းသည် မြေပြင်ပေါ်သို့ ပစ်လဲသွား၏။
ဤကိုယ်ရံတောသည် ဂလန်၏အကိုဖြစ်သူ၏ရုပ်အလောင်းကို ခေါင်းဖြတ်ခဲ့သည့်လူပင်။
“ရဲရင့်တဲ့စစ်သည်တွေရဲ့အလောင်းကို စော်ကားတဲ့လူတွေကို သေဒဏ်ပေးရမယ်...” ဖှေးသည် ဆုံးဖြတ်ချက်ပြတ်သားသည့်အသံဖြင့် ပြောလိုက်ပြီး ခံတပ်နံရံပေါ်တွင်ရပ်နေ၏။ ဘာမှမဖြစ်သွားသည့်အတိုင်းပင် သူသည် ကြောက်လန့်တကြားဖြင့် ဒူးထောက်နေကြသည့် ဆွေကြီးမျိုးကြီးများကို လျစ်လျူရှုကာဆက်ပြောလိုက်သည်။ “ငါပြောတဲ့အရာအားလုံးကို လိုက်မှတ်ထားပြီး ယာယီစစ်ရေးဥပဒေအဖြစ်ပြဌာန်းလိုက်။ နောက်ပြီးတော့ စစ်ဘက်ဆိုင်ရာစာရင်းတွေကို ၀င်ရှုပ်ရင် ဒီကိုယ်ရံတော်လိုဖြစ်သွားလိမ့်မယ်ဆိုတာကိုလဲ သေချာကြေငြာလိုက်...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” ပီတာသည် ဖှေးပြောသည့်အရာအားလုံးကို ရေးမှတ်ထားကာ ခေါင်းငြိမ့်လိုက်၏။
ဖှေးခေါင်းငြိမ့်လိုက်ကာ သူ၏ဘေးတွင်ရှိသည့် စစ်သည်များကိုပြုံးပြလိုက်သည်။ထို့နောက်တွင် တည်ငြိမ်သည့်အသံဖြင့် “ကောင်းပြီလေ ငါတို့ကောင်တွေ အချိန်တောင်တော်တော်လေးကုန်သွားပြီ။ မင်းတိုကောင်တွေပြန်ပြီးတော့ နားကြတော့။ နောက်လာမယ့်တိုက်ပွဲအတွက် အားဖြည့်ထားကြ။ ပြသနာကြုံလာရင် င့ါကိုလာပြောလို့ရတယ်။ ငါဒီနေပြောခဲ့တာတွေကို မင်းတို့ ရဲဘော်တွေကိုလည်း ပြန်ပြောပြလိုက်ကြ။”
“ဟုတ်ကဲ့ပါ ဆာ...”
ဤငယ်ရွယ်ရဲရင့်သည့်စစ်သည်များသည် စိတ်လှုပ်ရှားနေသည်ကို ထိန်းလိုက်ပြီး ဖှေးအားအလေးပြုလိုက်၏။ ထို့နောက်တွင် ခံတပ်နံရံ၏ မြောက်ဘက်ခြမ်းသို့ပြန်သွာတော့သည်။
သူတို့သည် ဤတွေ့ဆုံမှုအား တစ်သက်လုံးအမှတ်ရနေကြတော့မည်ဖြစ်သည်။
သူတို့ထဲမှ တစ်ချို့သည် ဤစစ်ပွဲတွင်သေဆုံးသွားနိုင်သည်။ တစ်ချို့သည်လည်း အနာဂတ်တွင်ဤကဲ့သို့ဘုရင်နှင့် တွေ့ခွင့်မရတော့သည်လည်း ရှိနိုင်၏။ သို့သော် ဤဆယ်မိနစ်ခန့်တွေ့ဆုံလိုက်မှုသည် ဘ၀တစ်ခုလုံးအတွက် အမှတ်ရစရာတစ်ခုဖြစ်နေတော့မည်ဖြစ်၏။
စစ်သည်များ ထွက်ခွာသွားပြီးသည့်နောက်တွင် ဖှေးတစ်ဖက်သို့လှည့်ကာ ဒူးထောက်နေကြသည့် ဆွေကြီးမျိုးကြီးများကိုကြည့်လိုက်သည်။ နွေးထွေးသည့်အပြုံးသည် အေးစက်မှုတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏၊
“စစ်သည်တွေအကုန်လုံးကို မြို့ထဲမှာစုတယ်။ နောက်ပြီးတော့မြို့တော်ပတ်လည်မှာရှိတဲ့ ဇီးနစ်မြို့သား၂၃၆၁ယောက်ကို ကာကွယ်ပေးဖို့ ငြင်းဆန်တယ်။ နောက်ပြီးတော့ သူတို့ကို အသေခံခိုင်းလိုက်ပြီး မြို့တော်ပတ်လည်နေရာတစ်၀ိုက်ကို ဂျက်အင်ပါယာက စစ်သည်တွေလက်ထဲထိုးပေးလိုက်တယ်။ မင်းတို့ကိုယ်ပိုင်တပ်ဖွဲ့တွေကိုကျ တိုက်ပွဲထဲမှာ ၀င်မတိုက်ခိုင်းပဲနဲ့ ခင်ဗျားတို့ အခြေအနေမကောင်းရင် ပိုင်ဆိုင်သမျှယူပြီးထွက်ပြေးဖို့ပြင်ထားကြတယ်။ ဒါက ခင်ဗျားတို့ အလံနှစ်စုံမြို့က ဆွေကြီးမျိုးကြီးတွေ လုပ်နေကြအရာတွေလား။ အင်ပါယာအရှင်သခင်ယရှင်းကို ခင်ဗျားတို့ ဒီလိုတွေလုပ်နေတာ သိစေချင်နေကြလား...”
မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့်ဆွေကြီးမျိုးကြီးများနှင့် ကိုယ်ရံတော်မျာားသည် ချွေးများအပြိုင်းပြိုင်းကျလာကြ၏။ သူတို့အသက်ပင်ရဲရဲမရှူရဲကြပေ။
“ဇီးနစ်အင်ပါယာရဲ့ ဥပဒေအရဆိုရင်မင်းတို့လုပ်နေတာတွေက သစ္စာဖောက်မှုလို့တောင်ပြောလို့ရနေပြီ။ မင်းတို့ ကောင်တွေကို အခါတစ်သောင်းလောက်ကွပ်မျက်ပေးသင့်တယ်...” ဖှေးသူတို့အားအော်ဟစ်လိုက်၏။
ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ ကိုယ်ရံတော်များ သစ္စာဖောက်မှုဟူသည့် စကားလုံးကို ကြားလျှင်ကြားခြင်းပင် ကြောက်လန့်တကြားတုန်ခါလာကြတော့၏။ သူတို့သည် ရှေ့သို့လေးဘက်ထောက်လိုက်ကြပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုကြတော့သည်။
“ဆာ တောင်ပန်ပါတယ် ချမ်းသာပေးပါ။ ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါပဲ မှားဖူးတာပါ ဆာ..ကျေးဇူးပြုပြီးတော့ ချမ်းသာပေးပါ...”
“ဆာ ဆာ ဒီလို ဆုံးဖြတ်တာက ဆိုရိုယော့ခ်ပါပဲ။ ကျွန်တော်တို့က သူ့ကို မလွန်ဆန်ရဲလို့ပါ။ ကျေးဇူးပြုပြီး သေချာစုံစမ်းပေးပါ...”
“ဘုရင်အလတ်ဇန္ဒား ကျွန်တော်တို့ အလံနှစ်စုံမြို့ကို ကာကွယ်တိုက်ခိုက်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နောက်တစ်ကြိမ်အခွင့်ရေးပေးပါ။”
ဆွေကြီးမျိုးကြီးများအားလုံးသည် ထိတ်လန့်သွားကြ၏။ သစ္စာဖောက်မှုဖြင့် စွပ်စွဲခံရပါက သေချာပေါက်ပင် ကွပ်မျက်ခံရမည်ဖြစ်သောကြောင့်ပင်။ ဇီးနစ်အင်ပါယာ၏တော်၀င်မျိုးနွယ်များပင် သစ္စာဖောက်မှုမြောက်ပါက ကွပ်မျက်ခံခဲ့ရ၏။
ဖှေးချက်ချင်းပြန်မဖြေသေးပေ။ သူခံတပ်နံရံပေါ်တွင် ရပ်နေရင်းဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူတစ်စုံတစ်ရာကို တွေးနေသည့်အတိုင်းပင်။
သူသည် ကျောက်တုံးများဖြင့် လုပ်ထားသည့်ခံတပ်နံရံကိုလည်း လက်ညိုးဖြင့်ခေါက်နေ၏။ လက်ညိုးဖြင့် ခေါက်ရာမှ ထွက်ပေါ်လာသည့်အသံသည် တစ်ခါတစ်ရံတွင် မြန်သလို တစ်ခါတစ်ရံတွင် နှေးနေ၏။ တစ်ခါတစ်ရံတွင် မုန်တိုင်းတိုက်ခတ်နေသကဲ့သို့ဖြစ်ပြီးတစ်ခါတစ်ရံတွင် လေပြေညှင်းတိုက်ခတ်နေသကဲ့သို့ပင်။ နေရာတစ်၀ိုက်တွင်ရှိနေကြသည့် စစ်သည်များသည် ဆူညံသံများကို စိတ်၀င်စားစရာကောင်းသည်ဟု ထင်မြင်မိသော်လည်း ဆွေကြီးများမာမူ အလွန်မင်းထိတ်လန့်နေကြ၏။ ဤလူငယ်သည် ယခုအချိန်တွင် ဆုံးဖြတ်ချက်ချလိုက်ပြီး သူတို့အား ကွပ်မျက်လိုက်မည်ကို စိုးရိမ်သည့်အတွက်ပင်။
ဤအချိန်တွင် ခြေသံများစွာထွက်ပေါ်လာ၏။
“ဆာ ကျွန်တော်တို့ ဆွေကြီးမျိုးကြီးမိသားစု ၇ခုက ခေါင်းဆောင်တွေကို ခေါ်လာခဲ့ပါပြီ...” ဒရော့ဂ်ဘာ ကျယ်လောင်စွာသတင်းပို့လိုက်သည်။ ခေါင်းဆောင် လေးယောက်၏နောက်တွင် လူလေးယောက်ရှိနေကြ၏။ ဤလူများသည် သားနားသည့်အ၀တ်စားများကို ၀တ်ဆင်ထားသော်လည်း ကြိုးများဖြင့် ချည်နောက်ခြင်းကို ခံထားရ၏။
“အလတ်ဇန္ဒား မင်းလူသတ်သမား။ မင်းအရှက်မရှိတဲ့ကောင်ပဲ ငါက အင်ပါယာရဲ့ ဆွေကြီးမျိုးကြီးတစ်ယောက် မင်းင့ါကို ဖမ်းလို့မရဘူး...” အဖမ်းခံလာရသည့် ဆွေကြီးမျိုးကြီးများထဲမှ အသတ်လတ်ပိုင်းအရွယ် ချွတ်ထက်သည့်နှာခေါင်းနှင့် မှုန်ကုတ်ကုတ်မျက်နှာရှိသည့်လူတစ်ယောက်သည် ဖှေးအားမြင်လျှင်မြင်လိုက်ခြင်းပင်အော်လိုက်၏။ “ငါဒီကိစ္စကို အင်ပါယာတော်၀င်နန်းတော်ကို ပြန်သတင်းပို့မယ်။ မင်းကိုလည်း သတင်းပို့မယ်။ မင်းက ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်နေတာပဲကွ...”
“ငါအမိန့်ပေးပြီးသားပဲ ခင်ဗျားတို့ ဘာလို့ ခံတပ်နံရံပေါ်လာပြီး ခုခံရေးမှာ မကူညီရတာလဲ...” ဖှေး သူတော်စင်စစ်သည်တစ်ယောက်အား ထိုလူကို ပါးရိုက်တော့မည်ကို တားလိုက်ပြီး တည်ငြိမ်စွာမေးလိုက်သည်။
“ထွီ..မင်းမှာ ဆွေကြီးမျိုးကြီးတွေကို ခေါ်ယူပြီးတိုက်ခိုက်ခိုင်းဖို့ အာဏာမရှိဘူး။ င့ါမှာလဲ တိုက်ပွဲကို မပါ၀င်လို့ ရတဲ့ကိုယ်ပိုင်အခွင့်ရေးရှိတယ်။” ဤဆွေကြီးမျိုးကြီးသည် ဒေါကဖြင့်အော်ဟစ်လိုက်၏။
“ငါက ဂျက်အင်ပါယာစစ်မြေပြင်ရဲ့ နံပါတ်၁ခေါင်ဆောင်းပဲ။ င့ါကို အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင် ခန့်အပ်ထားတာ။ ဘာလို့ င့ါမှာ အာဏာမရှိဘူးလို့ မင်းထင်ရတာလဲ။ ဆွေကြီးမျိုးကြီးတွေအနေနဲ့ မင်းတို့ကို မြို့သူမြို့သားတွေက ရိုသေလေးစားပြီးတော့ အခွင့်ရေးတွေလဲမင်းတို့ယူထားတာပဲ။ ဒါပေမယ့် အင်ပါယာကခင်ဗျားတို့ကို လိုအပ်လာတဲ့အရေးကြီးတဲ့အချိန်မှာကျ ခင်ဗျားတို့က တာ၀န်ယူဖို့ငြင်းဆန်တယ်ပေါ့။ ခင်ဗျားက စစ်ဥပဒေကို ဖောက်ဖျက်ရုံတင်မကဘူး ခင်ဗျားအမှားကိုယ်တောင် ခင်ဗျားမမြင်ဘူးပဲ။ အတော်စိတ်ပျက်စရာကောင်းတယ် ကွပ်မျက်လိုက်စမ်းကွာ...”
ဖှေးအမိန့်ပေးလိုက်လျှင် ပေးလိုက်ခြင်းပင် ထိုဆွေကြီးမျိုးကြီး၏ဘေးတွင်ရှိနေသည့် ချမ်းဘော့ဒ်မှ သူတော်စင်တပ်ဖွဲ့၀င်စစ်သည်တစ်ယောက်သည် သူ၏ဓားကို ကိုင်မြှောက်လိုက်၏။
ထိုဆွေကြီးမျိုးကြီးမှာ ထိတ်လန့်အံ့သြသွား၏။ ချမ်းဘော့ဒ်ဘုရင်သည် အဆင့်၃ဆွေကြီးမျိုးကြီးတစ်ယောက်အား သတ်ဖြတ်ရဲလိမ့်မည်ဟု သူမထင်ခဲ့သောကြောင့်ပင်။ သူဘာမှမပြောနိုင်သေး မလုပ်နိုင်သေးခင်မှာပင် ဓားသည် သူ၏လည်ပင်းပေါ်သို့ ကျလာတော့၏။ ကျိုးကြေသည့်အသံတစ်ခုထွက်ပေါ်လာပြီးနောက်တွင် သွေးများပန်းထွက်လာပြီး ဦးခေါင်းပြတ်တစ်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွာတော့၏။ မိုက်မဲကာ မာနထောင်လွှားနေသည့် ဆွေကြီးမျိုးကြီးသည် ဤနေရာတွင်သတ်ဖြတ်ခံလိုက်ရတော့၏။
“အတည်ကြီးလား...သူတကယ်အသတ်ခံလိုက်ရတာလား။ သူက ဇီးနစ်အင်ပါယာရဲ့ အဆင့်၃ဆွေကြီးမျိုးကြီးတစ်ယောက်လေ။”
အလံနှစ်စုံမြို့တွင် ထိုဆွေကြီးမျိုးကြီးသည် ရာထူးအရဆိုပါက ဖှေးနှင့် ဆိုရိုယော့ခ်တို့၏ အောက်တွင်သာရှိသူဖြစ်သည်။ ဤမိုင်လာဟု အမည်ရသည့်ဆွေကြီးမျိုးးကြီးသည် မြို့တော်စိန့်ပီတာစဘာ့တ်တွင်လည်း အသိများစွာရှိသောကြောင့် အလွန်မာနထောင်လွှားနေခဲ့ခြင်းပင်။ ဤကဲ့သို့ ဥပဒေ၏ ထိန်းချုပ်မှုပြင်ပသို့ရောက်နေသည့် ဆွေကြီးမျိုးကြီးတစ်ယောက်သည် ဤနေရာတွင် ၀က်တစ်ကောင်ကဲ့သို့ပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
မိုင်လာ၏ ဦးခေါင်းသည် မြေပြင်ပေါ်တွင် လိမ့်နေ၏။ သူ၏မျက်နှာပေါ်တွင်ရှိနေသည့် အမူယာအရ သူသည်နောက်ဆုံးချိန်ထိပင်ဖြစ်ခဲ့သည်များကို ယုံနိုင်ခြင်းမရှိဖြစ်နေ၏။ ပူနွေးသော သွေးများသည် မြေပြင်ပေါ်တွင် လမ်းကြောင်းများကို ချန်ထားခဲ့ပြီး အေးစက်သည့်ဆောင်းရာသီလေထုထဲတွင် ရေနွေးငွေ့များထလာ၏။
“ဖုန်း....”
ဦးခေါင်းပြတ်နေသည့်အလောင်းသည်မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သွေးများ ဖုန်မှုန့်များပေကျံသွားသည့် ရွှေရောင်၀တ်ရုံသည်လည်း သားနားခြင်းမရှိတော့ပေ။
“အား....” ဆွေကြီးမျိုးကြီးတစ်ချိ့သည် ထိတ်လန့်ကာ သတိလစ်မေ့မျောသွားကြ၏။
ဖှေး၏မျက်နှာသည် အမူယာပင်ပြောင်းလဲသွားခြင်းမရှိပေ။
သူ၏ ကျောက်ထိုင်ခုံပေါ်သို့ ပြန်လည်ကာ လမ်းလျှောက်သွားအပြီးတွင် သူသည် ထိုင်လိုက်ပြီး လက်ကို ၀ှေ့ရမ်းလိုက်သည်။ ရှိဗ်ချန်ကိုသည် စာလိပ်များကို သယ်ဆောင်ကာ ရှေ့သို့ လမ်းလျှောက်လာပြီးဖတ်လိုက်၏။ “မိုင်လာ မိသားစု၊ အဆင့်၃ဆွေကြီးမျိုးကြီးတွေက ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ကန္တာရသူပုန်တွေနဲ့ပေါင်းပြီးတော့ ဒီးန်ကုန်သွယ်ရေးအဖွဲ့က လူ၁၀၀လောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ နောက်ပြီးတော့ ရွှေဒင်္ဂါး၃၀၀၀၀ကို လုယူခဲ့တယ်။ ဒုတိယအနေနဲ့ လွန်ခဲ့တဲ့သုံးနှစ်က ဆင်းရဲတဲ့ကောင်မလေးတွေကို ဖမ်းဆီးပြီးတော့ ဂျက်အင်ပါယာစီကို ရောင်းချခဲ့တယ်၊။ တတိယအနေနဲ့....”
ရှိဗ်ချန်ကို မိုင်လာမိသားစုကျူးလွန်ခဲ့သည့် ပြစ်မှုများကို ကြေငြာလိုက်သည့်အချိန်တွင် ကျန်ရှိနေသည့် ဆွေကြီးမျိုးကြီးများအားလုံး ထိတ်လန့်သွားကြ၏။
အသိုင်း၀ိုင်းထဲတွင်ရှိနေသည့် ဆွေကြီးမျိုးကြီးများသည် ဤရာဇ၀တ်မှုများအကြောင်းကို သိရှိထားကြ၏။ သူတို့ကိုယ်တိုင်လဲ ဤကဲ့သို့သော ရာဇ၀တ်မှုများကို ကျူးလွန်ဖူးကြသည်။ သို့သော် ဤရာဇ၀တ်မှုတော်တော်များများကို မဖြေရှင်းပဲထားထားခဲ့ကြသောကြောင့် နောက်ကွယ်တွင်မိုင်လာမိသားစုရှိနေကြောင်းကို သာမန်မြို့သူမြို့သားများမသိရှိကြပေ။ ယခင်က ဤဆွေကြီးမျိုးကြီးများသည် ချမ်းဘော့ဒ်ဘုရင်မှ မိုင်လာအားမတရားစွပ်ဆွဲနေခြင်းဖြစ်သည်ဟုသာ ထင်ခဲ့ကြသော်လည်း ထိုရာဇ၀တ်မှုများအားလုံးကို သေချာစုံစမ်းထားသကဲ့သို့ပင်။၊ ချမ်းဘော့ဒ်ဘုရင်သည် အတိကျအချက်လက်များကိုပါရရှိထားသည့်အတွက်ပင်။
“သူ ဘယ်လိုသိတာလဲ။ သူက တစ်ရက်ထဲမှာပဲ ဒီလိုအချက်လက်တွေကို ဘယ်လိုရလာတာလဲ။ သူဘယ်လောက်ထပ်ပြီး သိနေသေးလဲ။ ကြောက်စရာပဲ...” ဆိုရိုယော့ခ်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် ဆွေကြီးမျိုးကြီးများသည် ရေခဲသေတ္တာထဲရောက်နေသလို ခံစားလိုက်ရ၏။