အခန်း (၄၉၃)
Vol. 32 Ch. 493
ဇီးနစ်ဥပဒေအရ မိုင်လာမိသားစုခေါင်းဆောင်ကို ကွပ်မျက်ခြင်းအပြင်မိသားစုကိုလည်း ဆွေကြီးမျိုးကြီးရာထူးကနေ ရုပ်သိမ်းမယ်။ အသက်၁၆နှစ်အောက်က ယောက်ျားလေးတွေအကုန်လုံးကို သာမန်မြို့သားသက်မှတ်မယ်။ အသက်၁၆နှစ်အထက်ယောက်ျားလေးတွေက အသေခံတပ်ဖွဲ့မှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ရမယ်။ အမျိုးသမီးတွေကိုလည်း သာမန်မြို့သူတွေအဖြစ်ပြောင်းလဲမယ်။ မိုင်လာပိုင်ဆိုင်စမျှအရာအားလုံးကိုလည်း စစ်ရေးစရိတ်အနေနဲ့သိမ်းဆည်းရမယ်။
ရှိဗ်ချန်ကိုသည် စီရင်ချက်ကိုကြေငြာလိုက်၏။
ဘုရင်အားကြောက်သည့်အတွက်ဖြစ်ပေလိမ့်မည် ဤစီရင်ချက်က်ု မည်သူမှ မကန့်ကွက်ရဲကြပေ။
သို့သော် ဤအပြစ်ပေးမှုသည် ဇီးနစ်အင်ပါယာ၏သမိုိုင်းတစ်လျှောက် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ပို၍လူသားဆန်သည်ဟုဆိုနိုင်၏။ ခေါင်းဆောင်ဖြစ်သူ မိုင်လာတစ်ယောက်ထဲကိုသာ ကွပ်မျက်ခဲ့ပြီး အရွယ်ရောက်သူယောက်ျားလေးများကိုစစ်မှုထမ်းခိုင်းကာ မိန်းကလေးများနှင့် ကလေးများကို သာမန်မြို့သူမြို့သားများအဖြစ်ပြောင်းလဲလိုက်ခြင်းပင်။ ပုံမှန်အတိုင်းဆိုပါက မိသားစုဝင်ယောက်ျားလေးများအားလုံးကို သတ်ဖြတ်ပစ်ပြီး မိန်းကလေးများကို စစ်သည်များအတွက် အပျော်မယ်များအဖြစ် ခိုင်းစေမည်ဖြစ်သည်။
“စီရင်ချက်က မျှတတယ်လို့ လူတိုင်းသဘောတူတဲ့အတွက် နောက်တစ်ခုဆက်ကြေငြာလိုက်။”ဖှေးသူ၏လက်ကို ဝှေ့ရမ်းကာပြောလိုက်၏။ သူ၏မျက်လုံးထဲတွင် အကျင့်ပျက်ခြစားနေကြသည့်ဆွေကြီးမျိုးကြီးများကို သတ်ဖြတ်ရသည်မှာသာမန်ဝက်တစ်ကောင်ကိုသတ်ဖြတ်ရသည်နှင့် သိပ်မကွာလှချေ။
“အာဒမ်မိသားစုက ဒီရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့...”
ရှိဗ်ချန်ကိုသည် ဒုတိယစာလိပ်အားဖွင့်လိုက်၏။ ထိုစာလိပ်ထဲတွင် အာဒမ်မိသားစု လွန်ခဲ့သည့်ဆယ်နှစ်ပတ်လုံးတွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အသေးစိတ်ကျကျဖော်ပြထား၏။ ရှိဗ်ချန်ကို ဆက်လက်ကြေငြာနေသည့်အချိန်တွင် အာဒမ်မိသားစုခေါင်းဆောင်မှာ တစ်ခါမှမကြုံဖူးသည့် အေးစက်မှုကို ခံစားလိုက်ရသဖြင့် မူးလဲကျသွားတော့၏။
“ကွပ်မျက်ပစ်...” ရှိဗ်ချန်ကိုကြေငြာပြီးသည့်အချိန်တွင် ဖှေးပြောလိုက်၏။
ဒုတ်
အေဒမ်မိသားစုခေါင်းဆောင်၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ပင် မြေပေါ်သို့ ပြုတ်ကျလာတော့၏။
ခံတပ်နံရံအနောက်ဘက်ခြမ်းသည် ဆွေကြီးမျိုးကြီးများ၏ သွေးများဖြင့် စွန်းထင်းတော့မည်ဖြစ်သည်။
“နောက်တစ်ယောက်”
ဘုရင်၏ အသံသည်တည်ငြိမ်လျှက်ပင်။
“မတ် မိသားစုက ဒီရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ် နံပါတ်တစ်...” ရှိဗ်ချန်ကိုသည် စာလိပ်ကိုဖွင့်ကာ ကြေငြာလိုက်သည်။ထိုလူသည် ဖှေး၏အမိန့်ကိုမနာခံခဲ့သည့် တတိယမြောက် ဆွေကြီးမျိုးကြီးပင်။
“ကွပ်မျက်ပစ်” ရှိဗ်ချန်ကို ကြေငြာပြီးသည့်အချိန်တွင် ဖှေးတွန့်ဆုတ်ခြင်းမရှိပဲ အမိန့်ချလိုက်သည်။
ဤဆွေကြီးမျိုးကြီးများ ကျူးလွန်ခဲ့သည့်ပြစ်မှုတစ်ခုခြင်းစီတိုင်းသည် သေဒဏ်ချရန်လုံလောက်သည့် ပြစ်မှုများပင်။ တစ်ချို့ ပြစ်မှုများဆိုလျှင် သာမန်လူများနားမထောင်နိုင်လောက်သည်အထိပင် ရွံရှာဖွယ်ကောင်းနေ၏။ ပြစ်မှုများကို ဖှေး မတရားစွပ်ဆွဲထားခြင်းမဟုတ်ပေ။ ဤပြစ်မှုများသည် ကောင်လေးလူကာနှင့် အဖိုးကြီးဇိုလာရစ်တို့ သတင်းအချက်လက်ဌာန စာချွန်လွှာရုံးမှ စုံစမ်းစစ်ဆေးထားခဲ့သည့် ပြစ်မှုများပင်။ ထို့ကြောင့် ဖှေးသူတို့အား သေဒဏ်ချမှတ်နေသည့်အချိန်တွင် စိတ်မကောင်းမဖြစ်နေခြင်းပင်။
ဖုန်း
နောက်ထပ်အလောင်းတစ်ခုသည်မြေပြင်ပေါ်သို့လဲကျသွား၏။
“လိုဒီမိသားစုက ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ ပထမဆုံး...” ရှိဗ်ချန်ကို၏ တည်ငြိမ်သည့်အသံ ဆက်လက်၍ထွက်ပေါ်လာ၏။ ဆွေကြီးမျိုးကြီးများအားလုံးသည် ကြောက်လန့်ကာတုန်ခါနေကြ၏။
“မလုပ် မလုပ်ပါနဲ့ အရှင်မင်းကြီး ကျွန်တော် တောင်းပန်ပါတယ်။ပိုင်သမျှကိုလည်းေ ပါမယ် အလံနှစ်စုံမြို့တော်အတွက်လဲတိုက်ခိုက်ပေးပါ့မယ် ချမ်းသာပေးပါ...” လိုဒီမိသားစု၏ခေါင်းဆောင်အကြီးကဲမာ ဘောင်းဘီထဲတွင် သေးများထွက်ကျသည်အထိ ထိတ်ခန့်သွား၏။ သူသည် ခနခနနဖူးနှင့် မြေကြီးထိကာတောင်းပန်နေသောကြောင့်သွေးများပင် စို့နေ၏။
“ကွပ်မျက်လိုက်...”ဖှေး တည်တည်ငြိမ်ငြိမ်ပင် အမိန့်ချလိုက်သည်။ ထိုဆွေကြီးမျိုးကြီးကို တစ်ချက်ပင်လှည့်မကြည့်ပေ။
ဒုတ်
ဦးခေါင်းနောက်တစ်လုံး မြေပြင်ပေါ်တွင် လိမ့်သွား၏။ ဦးခေါင်းပြတ်အလောင်းနောက်တစ်ခုသည် မြေပေါ်သို့ လဲကျသွားကာ လည်ပင်းမှသွေးများ ပန်းထွက်လာတော့သည်။
“အလတ်ဇန္ဒား မင်းက ငယ်ငယ်လေးပဲရှိသေးတာကို ဒီလောက်ရက်စက်နေတာပဲ။ မင်းက လူသတ်သမားပဲ။မင်းက သွေးဆာနေတဲ့ လူသတ်ကောင်ပဲ ဇီးနစ်တော်ဝင်မိသားစုက မင်းကိုခွင့်လွှတ်မာမဟုတ်ဘူး မင်းရဲ့အဆုံးသတ်ကလည်း ငါတို့လိုပဲဖြစ်လိမ့်မယ်...” ဤသည်ကို မြင်ပြီးသည့်နောက်တွင် ကျန်ရှိနေသည့်ဆွေကြီးမျိုးကြီး သုံးယောက်သည်လည်း သူတို့အားချမ်းသာမပေးတော့မည်ကို နားလည်သွားကြ၏။ ထို့ကြောင့် ဒေါသဖြင့် အော်ဟစ်နေကြသည်။ သူတို့သည် ဖှေးအားတစ်စစီဆုတ်ဖြဲပစ်ချင်နေကြသည့်အတိုင်းပင်။
ဖှေး ပြန်လည်ကာ တုန့်ပြန်ခြင်းမရှိပေ။သူ၏ထိုင်ခုံပေါ်တွင်သာ တည်တည်ငြိမ်ငြိမ်ထိုင်နေ၏။
ဆောင်းရာသီ၏ ရွှေရောင်နေခြည်မှာ ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင်တောက်ပနေသဖြင့်ဘုရင်သည် လှပသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်တုတစ်ခုကဲ့သို့ပင်။
“ကာ့တ် မိသားစုက ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ် လွနါခဲ့တဲ့တစ်နှစ်လောက်က...” ရှိဗ်ချန်ကို ငါးခုမြောက်စာလိပ်က်ုဖွင့်ကာ တည်တည်ငြိမ်ငြိမ်နှင့် ကြေငြာလိုက်သည်။
“ကွပ်မျက်လိုက်” အမိန့်မာ အတူတူပင်။
ဆွေကြီးမျိုးကြီးများကို ကျောခိုင်းကာ ဖှေးသည်နေဝင်ဆည်းဆာကို ကြည့်ရှုနေ၏။သူ၏အသံသည် စိတ်ခံစားချက်ကင်းမဲ့နေကာ အရေးကြီးသည့်အရာတစ်ခု မဖြစ်ပျက်နေသည့်အတိုင်းပင်။
ဒုတ်
သူတော်စင်စစ်သည်များ၏လက်ထဲမှ ဓားများသည်လည်း အညှာတာကင်းမဲ့လှ၏။
“ဒီးနပ်မိသားစုက ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်...”
“သေဒဏ်”
ဒုတ်
“လက်စီမိသားစုက ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်...”
“သေဒဏ်”
ဒုတ်
ဒုတ်
ဒုတ်
နှစ်ဆယ်မိနစ်အတွင်းမှာပင် ဖှေး၏အမိန့်ကိုနားမထောင်ခဲ့ကြသည့် ဆွေကြီးမျိုးကြီးမိသားစု 7ခု၏ အကြီးကဲများကို သတ်ဖြတ်ပစ်လိုက်၏။ သူတို့သည် ယခင်က ရာထူးအရှိန်ဝါကြီးမားသည့် ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ တိရိစ္ဆာန်အသေကောင်များနှင့် မခြားတော့ပေ။ ခံတပ်နံရံပေါ်တွင် အလောင်းများစွာရှိနေပြီး မြေပြင်သည် သူတို့၏သွေးများဖြင့် နီရဲနေ၏။ သွေးများသည် ကျောက်ပြားများကြားထဲတွင် စီးဆင်းနေပြီး သွေးနံ့များသည်နေရာအနှံ့ပင်။
“သူတို့ရဲ့ခေါင်းတွေကို အနောက်ဘက်ဂိတ်တံခါးမှာ ချိတ်ထားလိုက်။ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကို မလိုက်နာတဲ့လူဘယ်သူမဆို ဒီလိုဖြစ်သွားလိမ့်မယ်...”
ဖှေး နောက်ထပ်အမိန့်တစ်ခုကို ချမှတ်လိုက်သည်။ သူ၏ဘေးတွင်ရှိသည့်စစ်သည်များသည် ဦးခေါင်းပြတ်များကို ကောက်ယူပြီး သံချေးတတ်နေသည့် လှောင်အိမ်တစ်ခုအတွင်းသို့ထည့်လိုက်၏။ ဤလောင်အိမ်အား အနောက်ဘက်ဂိတ်တံခါးတွင် ချိတ်ဆွဲထားမည်ဖြစ်ပြီး သွေးများတစက်စက်ကျနေကာ စည်းကမ်းမလိုက်နာသည့်လူအားလုံးကို သတိပေးနေမည်ဖြစ်သည်။
“ပီးရာ့စ်၊ ဒရော့ဂ်ဘာ မင်းတို့ကောင်တွေ စစ်သည်၅၀၀နဲ့ ဒီဆွေကြီးမျိုးကြီးတွေပိုင်ဆိုင်သမျှကို သွားသိမ်းလိုက်။ အဲ့တာတွေကို စစ်ဘက်ဆိုင်ရာစရိတ်အနေနဲ့အသုံးပြုမယ်။ နောက်ပြီးတော့ စစ်ဘက်ဆိုင်ရာတရားသူကြီးကိုလည်း ကျဆုံးသွားခဲ့တဲ့စစ်သည်တွေစာရင်းကိုအပြီးလုပ်ပေးပြီး ငါပြောတဲ့ အစီစဥ်အတိုင်းဆုလာဘ်ပေးဖို့ပြောလိုက်...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။” ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် ပြန်ဖြေကာ ခံတပ်နံရံပေါ်မှ ထွက်ခွာသွား၏။
“ဒီကောင်တွေရဲ့အလောင်းကို သယ်ပြီးတော့ သူတို့နဲ့သက်ဆိုင်တဲ့ မိသားစုတွေစီပြန်ပို့လိုက်ပါ။” ဖှေးသည်မြေပြင်ပေါ်တွင်ရှိနေသည့် အလောင်းခုနှစ်လောင်းကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ သူသည် လက်ကို ၀ှေ့ရမ်းလိုက်ပြီး စစ်သည်များရောက်လာကာ အလောင်းများကို သယ်ဆောင်သွားတော့၏။
ထို့နောက်တွင် ဖှေးထိုင်ခုံမှ မက်တပ်ထကာ ဆိုရိုယော့ခ်နှင့် ကျန်ရှိနေသည့် ဆွေကြီးမျိုးကြီးများထံသို့ လမ်းလျှောက်သွားလိုက်၏။
အညှာတာကင်းမဲ့သည့် ကွပ်မျက်ခြင်းများသည် သူတို့အား အသေလဲထိတ်လန့်သွားစေပြီးဖြစ်သည်။
သူတို့နှင့် ရင်းနီးသူများ သေဒဏ်ပေးခံသည်ကို ကြည့်နေခဲ့ရသည်မှာ အလွန်အံ့သြစရာပင်။ ထို့အပြင် သူတို့၏ဦးခေါင်းများမြို့တော်ဂိတ်တံခါး၀တွင် သတိပေးသည့်အနေဖြင့် ချိတ်ဆွဲထားသည်ကို မြင်တွေ့ရသည်မှာလည်း အလွန်ထိတ်လန့်ဖွယ်ပင်။ ဆွေကြီးမျိုးကြီးငါးယောက်မှာ ဤကဲ့သို့မြင်ကွင်းကြောင့် အကြောက်လွန်ကာ သတိလစ်မေ့မျောသွားခဲ့ကြပြီး ဆိုရိုယော့ခ်နှင့် ကျန်ရှိနေသည့် ဆွေကြီးမျိုးကြီးများမှာလည်း ချွေးအလိမ်းလိမ်းဖြစ်နေကာ မလှုပ်ရဲကြပေ။ ကြာရှည်စွာဒူးထောက်နေခဲ့ရသဖြင့် သူတို့၏ ဒူးရိုးများပင် အက်ကွဲလာနေသည်ဟု ထင်ရ၏။
ချမ်းဘော့ဒ်ဘုရင်သည် လွှမ်းမိုးနိုင်ရန်အတွက် ကြိုးစားနေသည်ကိုလည်း သူတို့အားလုံးသိရှိကြသည်။
မာနထောင်လွှားကာအကျင့်ပျက်ခြစားနေကြသည့် ဆွေကြီးမျိုးကြီးများ၏ ဦးခေါင်းကို အသုံးပြုခြင်းဖြင့် သူသည် လွှမ်းမိုးနိုင်သည့်ပုံရိပ်ကို ဖန်တီးနိုင်ခဲ့၏။
သူတို့၏ခေါင်းများကို နှိမ့်ချထားရင်းဖြင့် ဆွေကြီးမျိုးကြီးများသည် ဖှေး၏ခြေသံများကိုသာ နားထောင်နေရသည်။ ဖှေး၏ သွေးစွန်းနေသည့် ခြေထောက်များ သူတို့အနီးသို့ရောက်ရှိလာသည့်အချိန်တွင် သူတို့၏ခေါင်းများထဲတွင် အတွေးများပျောက်ကွယ်သွားကြတော့၏။ သေမင်းသည် သူတို့အား လည်ပင်းမှ ဆုပ်ကိုင်ထားသကဲ့သို့ပင် အသက်ရှူရန်ကိုပင် မေ့လျှော့နေကြ၏။
ဤသည်မှာ အရေးကြီးသည့်အချိန်ပင်။
သူတို့၏အသက်များသည် ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား၏လက်ထဲတွင်ရှိနေ၏။
“ခင်ဗျားတို့တွေ...” နတ်ဆိုးကဲ့သို့သောအသံထွက်ပေါ်လာ၏။ ဆွေကြီးမျိုးကြီးများ၏နှလုံးခုန်သ့များမြန်ဆန်လာကြတော့သည်။ သူတို့ခြောက်သွေ့နေသည့်နှုတ်ခမ်းများကို ယက်နေသည့်အချိန်တွင် ထိုအသံမှ ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း ဒီစာလိပ်တွေထဲမှာ ရေးထားတယ်။ တကယ်လို့ ဇီးနစ်ကဥပဒေအတိုင်းသာဆိုရင် ခင်ဗျားတို့တစ်ယောက်မှ သေဒဏ်ကနေလွတ်နိုင်မှာမဟုတ်ဘူး...”
“ဖွီး...”
ဆွေကြီးမျိုးကြီးတစ်ယောက်မှာ ဖှေးပြောသည်ကြောင့် အလွန်ထိတ်လန့်သွားပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲ မစင်များထွက်ကျလာတော့၏။
“ဒါပေမယ့် ခင်ဗျားတို့တွေ ဒီတစ်ကြိမ်မှာတော့ ကျွန်တော့အမိန့်ကို လိုက်နာခဲ့ပြီးတော့ ခုခံမှုမှာ၀င်ကူညီခဲ့တယ်။ အဲ့တာကြောင့် ခင်ဗျားတို့တွေကိုအခွင့်ရေးတစ်ခုပေးလိုက်မယ်။ ခင်ဗျားတို့ တိုက်ပွဲမှာလုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်မယ်ဆိုရင် ခင်ဗျားတို့ကို သေဒဏ်ကနေချမ်းသာပေးမယ်။ တကယ်လို့ အတော်လေးကို အစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ပြစ်မှုတွေအားလုံးကို ပယ်ဖျက်ပေးမယ်။ ငါဘာမှမဖြစ်ခဲ့သလို နေပေးလို့ရတယ်...” ဖှေးပြောလိုက်၏။
“ဟာ တကယ်လား...”
“ကျေးဇူးပါ ဘုရားရေ ကျေးဇူးပါ ဘုရင်အလတ်ဇန္ဒား...”
“တကယ်ပေါ့ ကျွန်တော်တို့သေစရာမလိုတော့ဘူး....”
ထိုအရာကိုကြားမှ မြို့တော်၀န်နှင့်ဆွေကြီးမျိုးကြီးများအားလုံးအတော်ပျော်ရွှင်သွားကြ၏။ သူတို့သည် သေမင်းလက်မှ လွတ်မြောက်လာသကဲ့သို့ပင် ချက်ချင်းဖှေးအား သနားကြင်နာပေးသည့်အတွက် မြှောက်ပင့်ချီးကျူးကြတော့၏။
တစ်ချို့ဆွေကြီးမျိုးကြီးများဆိုလျှင် အလွန်ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် ကျလာတော့၏။ ဆိုရိုယော့ခ်ကိုယ်တိုင်ပင် အော်ဟစ်လိုက်သည်။ “သနားကြင်နာပေးလို့ ကျေးဇူးပါ ဘုရင်အလတ်ဇန္ဒား...”
ဤအခိုက်တန့်တွင် ထူးဆန်းသည့်အပြုံးတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူသည် စကားပုံတစ်ခုအား သတိရလိုက်မိသည်။ “မင်းတို့ကောင်တွေ သေဒဏ်ကနေလွတ်နိုင်တယ်ဆိုပေမယ့် အပြစ်ကတော့ပေးခံရမှာပဲ...”