အခန်း (၄၉၆)
Vol. 32 Ch. 496
“အရှင့်သား ဒီအဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုက ဘုရင်တစ်ပါးကအတော်လေးရင်ဆိုင်ဖို့ခက်နေတော့ ကျွန်တော်တို့အင်ပါယာအရှင်သခင်ဖူဂျီစီကို ပြန်သတင်းပို့ပြီး စွမ်းအားမြင့်စစ်သည်တစ်ယောက်လွှတ်လိုက်ဖို့ တောင်းဆိုရင်ရော...” ခေါင်းဆောင်တစ်ယောက်သည် ဖှေး၏စွမ်းအားကိုအာရုံခံလိုက်မိပြီးသည့်နောက်တွင် အကြံပေးလိုက်၏။
“အမ် ငါလဲအဲ့လိုလုပ်ထားတယ်။ ဒါပေမယ့် နံပါတ်၁ဓားသမားဖြစ်တဲ့ မစ်စတာ ဟွန်းတလားကလဲ ပြန်မလာသေးဘူး။ လက်ရှိမှာ ကျန်တဲ့လအဆင့်သိုင်းဆရာတွေကလည်း အလုပ်များနေကြတော့ ချမ်းဘော့ဒ်ဘုရင်နဲ့ရင်ဆိုင်ဖို့ခက်နေလိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ပညာသင်စီနီယာတစ်ယောက်ကိုတော့ ဒီနေရာကိုလာဖို့ဖိတ်ခေါ်ထားတယ်။ အဲ့င့ါရဲ့စီနီယာက င့ါဆရာရဲ့တပည့်တွေမှာ အရည်ချင်းအရှိဆုံးနဲ့အထူးချွန်ဆုံးလူတစ်ယောက်ပဲ။ သူကဒီကို ရက်အနည်းငယ်အတွင်းမှာ ရောက်လာပါလိမ့်မယ်...” မင်းသား ဖာရင်တန်ပြောလိုက်၏။
ဖှေးသည် မင်းသားဖာရင်တန်၏မျက်နှာပေါ်တွင် မျှော်လင့်ချက်ရှိသည့်အမူယာတစ်ခုကို သတိထားလိုက်မိသည်။ “မင်းသားဖာရင်တန်လိုလူကတောင် သူ့ကိုလေးစားတယ်ဆိုတော့ အဲ့စီနီယာဆိုတဲ့လူက ကြယ်အဆင့်လားဒါမှမဟုတ်လအဆင့်တောင်ရောက်နေတဲ့ သိုင်းဆရာတစ်ယောက်လား...” ဖှေးတွေးလိုက်မိသည်။
လူရိုင်းဇာတ်ကောင်အနေဖြင့် ဖှေးသည် ကြယ်အဆင့်တွင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။
သူသည် ဤဖာရင်တန်ပြောနေသည့် သိုင်းဆရာနှင့်တွေ့ဆုံရန်အတွက် မစောင့်နိုင်တော့ပေ။ ပါရမီရှင်စစ်သည်တစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ခြင်းကြောင့် သူသည် ကြယ်အဆင့်ကို ဖြတ်ကျော်ကာ လအဆင့်သို့တက်ရောက်သွားနိုင်သည့်အတွက်ကြောင့်ပင်။
ခနတာဆွေးနွေးပြီးသည့်နောက်တွင် ခေါင်းဆောင်များသည်တဲအတွင်းမှ ထွက်ခွာသွား၏။
“ဒီချမ်းဘော့ဒ်ဘုရင်က တကယ်အရည်ချင်းရှိတဲ့လူတစ်ယောက်ပဲ။ သူသာ ဂျက်အင်ပါယာထဲကို ၀င်ချင်တယ်ဆိုရင် င့ါရဲ့မင်းသားရာထူးကိုတောင်ပေးပစ်နိုင်တယ်...” စာကိုချလိုက်ပြီးသည့်နောက်တွင် မင်းသားဖာရင်တန်သည် သက်ပြင်းချကာ ရေရွတ်လိုက်မိ၏။
ထိုစကားကို ကြားလိုက်မိသည့် ဖှေးလည်း အံ့သြသွားသည်။
ဤကဲ့သို့ မာနထောင်လွှားသည့်မင်းသားသည် သူ့အပေါ်တွင်ဤကဲ့သို့ကောင်းမွန်သည့်အမြင်ရှိနေလိမ့်မည်ဟု သူထင်မထားသည့်အတွက်ပင်။
ဖာရင်တန်သည် ဖှေးရောက်ရှိနေကြောင်းကို မသိရှိသေးချေ။
ငါးမိနစ်ခန့်ကြာသည့်အချိန်တွင် သူသည် ၀တ်ရုံတစ်ခုကို ၀တ်လိုက်ပြီး စစ်သည်တစ်ချို့နှင့်အတူ စခန်းထဲတွင်ကင်းလှည့်လိုက်၏။
သူတို့သည် ရန်သူများဖြစ်ကြသော်လည်း ဖှေးသည် မင်းသားဖာရင်တန်၏ သရုပ်ကို အတော်တန်သဘောကျသည်ဟု ဆိုရမည်ဖြစ်သည်။ စစ်သည်များ၏ အသက်ကို တန်ဖိုးထားခြင်းကြောင့် ဤမင်းသားသည် ခေါင်းဆောင်ကောင်းတစ်ယောက်၏အရည်ချင်းများကို ပြသနေခြင်းပင်။
မင်းသားဖာရင်တန်နှင့် သူ၏အစောင့်စစ်သည်များအ၀ေးသို့ပျောက်ကွယ်သွားသည်ကို ကြည့်ရင်းဖြင့် ဖှေးသည်တဲအတွင်းသို့ခိုး၀င်လိုက်၏။
တဲထဲတွင် တိတ်ဆိတ်နေ၏။
ဖှေးသည် စာကိုလွယ်ကူစွာပင်ရှာတွေ့သွားပြီး ဂရုတစိုက်ဖြင့် ဖတ်ရှုလိုက်သည်။ အလံနှစ်စုံမြို့ထဲတွင်ရှိသည့် တစ်စုံတစ်ယောက်သည် ဤစာကိုရေးထားခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။ ဖော်ပြထားသည့် အကြောင်းရာများသည် အလွန်ပင် အသေးစိတ်ဆန်နေသည့်အတွက်။
အလံနှစ်စုံမြို့ထဲတွင် ဇီးနစ်အင်ပါယာ၏ သစ္စာဖောက်များ၊ ဂျက်အင်ပါယာ၏ သူလျိုများရှိနေနိုင်ကြောင်းကိုလည်း ယခင်ကတည်းက ဖှေးကြိုတွေးထားမိပြီးဖြစ်သည်။
သို့သော် သူ့အား အံ့သြစေသည်မှာ ဤသစ္စာဖောက်၏ရာထူးသည် အတော်တန်မြင့်မားနေသည့်အတွက်ပင်။ ဤသစ္စာဖောက်သည် ခံတပ်နံရံအနောက်ဘက်တွင်ရှိနေခဲ့ပြီး ဆွေကြီးမျိုးကြီးများအား ကွပ်မျက်အပြစ်ပေးခြင်းတို့ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ယောက်ပင်ဖြစ်နေနိုင်၏။
“သူက ဘယ်သူဖြစ်နေနိုင်လဲ။ မြို့ခံတပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေထဲက တစ်ယောက်များလား။ အလံနှစ်စုံမြို့ထဲမှာ ဒီလိုဆူးညှောင့်တစ်ခုရှိနေတာက အတော်လေး ဒုက္ခရောက်မယ်။ တကယ်လို့အဲ့လူကသာ အရေးကြီးတဲ့အချိန်မှာ အတွင်းကနေလှုပ်ရှားလိုက်မယ်ဆိုရင် စစ်ပွဲတစ်ခုလုံးကို သက်ရောက်လာနိုင်တယ်...” ဖှေးတွေးလိုက်မိသည်။
“သူဘယ်သူဖြစ်နိုင်လဲ...” ဖှေး ထိုနေရာတွင်ရှိနေသည့် လူများအားလုံးကို စဥ်စားကြည့်သော်လည်း သံသယဖြစ်ဖွယ်လူကို ရှာမတွေ့ဖြစ်နေ၏။
“ငါဖြေးဖြေားခြင်းလှုပ်ရှားမှ ရမယ်။ တကယ်လို့ ငါသာစိုးရိမ်နေမယ်ဆိုရင် စစ်သူတွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်သွားစေနိုင်တယ်...”
စာတွင်ပါရှိသည့် လက်ရေးကို မှတ်ထားပြီးသည့်နောက်တွင် ဖှေးသည် စာအား မူလနေရာသို့ပြန်ထည့်လိုက်ပြီး ပုံမပြတ်ပြန်လည်ကာ နေရာချထားလိုက်သည်။
မင်းသာ ဖာရင်တန်ပြန်မရောက်ခင်တွင် ဖှေးတဲအတွင်းတွင် ဆက်လက်ကာ ရှာဖွေစစ်ဆေးကြည့်နေ၏။
သူသည် မှတ်ချက်များစွာနှင့် အနီရောင်စူးအပ်လေးများထိုးစိုက်ထားသည့်စစ်ဘက်ဆိုင်ရာသုံးမြေပုံတစ်ခုကိုလည်း ရှာတွေ့လိုက်မိ၏။ ဖှေးသည် ထိုမြေပုံအား ခနတာလေ့လာလိုက်ပြီး အနီရောင်ဆူးချွန်များသည် တစ်ခြားလူများမသိသည့် သဲကန္တာရအတွင်းမှ လမ်းများကို ပြသနေကြောင်းသိရှိလိုက်၏။
ဖှေးသည် ထိုမြေပုံကဲ့သို့ပင် မြေပုံလေးခုကိုလည်း ထပ်ရှာတွေ့လိုက်မိ၏။ ဤမြေပုံများအားလုံးတွင် မတူညီသည့်လမ်းကြောင်းများနှင့် မတူညီသည့် တည်နေရာများကို ဖော်ပြထား၏။ ထိုအရာများသည် ဗျူဟာအတွက်အသုံးပြုနိုင်ရန်အတွက် စစ်ဘက်ဆိုင်ရာ မြေပုံများပင်။
ဖှေးသည် မြေပုံများကို ဂရုတစိုက်လေ့လာကြည့်လိုက်ပြီး ဤမြေပုံပေါ်တွင်ပါရှိသည့်အရာအားလုံးကို မှတ်သားလိုက်၏။ ဘုရင်တွင် ပုံမှန်ကတည်းက ကောင်းမွန်သည့်မှတ်ဉာဏ်ရှိရာ နတ်ဘုရားပေးသည့်အစွမ်းဖြစ်သည့် သင်ယူခြင်းသည်လည်း ဤအစွမ်းကို တိုးမြှင့်ပေးလိုက်သောကြောင့် သူ့အား ဓာတ်ပုံရိုက်လိုက်သကဲ့သို့သော မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်ထားစေ၏။ မြေပုံပေါ်တွင် အချက်လက်များစွာပါရှိနေသော်လည်း ထိုအရာများအားလုံးကို မှတ်သားနိုင်ရန်မှာ ဖှေးအတွက်အခက်ခဲမရှိလှပေ။
ထို့နောက်တွင် ဖှေး စစ်ဘက်ဆိုင်ရာစာရွက်စာတန်းတော်တော်များများကို မင်းသားဖာရင်တန်အသုံးပြုသည့်စားပွဲပေါ်တွင် ရှာတွေ့လိုက်သည်။
သူသည် ကောင်းမွန်သည့်မှတ်ဉာဏ်ကိုပင်အသုံးချကာ ဖှေး သေချာနားမလည်သော်လည်း ထိုစာရွက်စာတန်းများပေါ်မှ အချက်လက်များကိုမှတ်သားလိုက်သည်။ အရာအားလုံးကို နားလည်အောင်စဥ်းစားနေရန်အတွက် အချိန်မရှိသည့်အတွက်ပင်။
ဖှေးအရာအားလုံးကို သူ့နေရာနှင့်တူပြန်ထားလိုက်ပြီး ခြေရာလက်ရာမကျန်ခဲ့ကြောင်းကို စစ်ဆေးပြီးသည့်အချိန်တွင် ခြေသံများကို ကြားလိုက်ရ၏။
ဖှေးသည် မင်းသားဖာရင်တန်၏ ကြယ်၈လုံးအဆင့်စွမ်းအင်များကိုအာရုံခံနိုင်စွမ်းရှိ၏။ ထိုစွမ်းအင်သည် ညအမှောင်ထဲမှ မီးပုံတစ်ခုကဲ့သို့ပင်။ ဖှေးသေချာပြန်စစ်ဆေးပြီး ဤနေရာသို့ လူတစ်ယောက်၀င်ရောက်ခဲ့သည့် ခြေရာလက်ရာများကို ဖျက်ပြီးကြောင်းအတည်ပြုပြီးသည့်အချိန်တွင် အရိပ်၀တ်ရုံအစွမ်းကိုအသုံးပြုကာ ကိုယ်ရံတော်စစ်သည်များ၏ ရှေ့တွင် ပျောက်ကွယ်သွားတော့သည်။
မင်းသာဖာရင်တန်သည် သူ၏တဲအတွင်းသို့ပြန်ရောက်သည့်တိုင်အောင် ထူးဆန်းသည့်အရာတစ်စုံတစ်ခုကိုမျှသတိထားမိခြင်းမရှိပေ။
ဖှေးသည် ဖာရင်တန်၏တဲအတွင်းမှ ထွက်ခွာပြီးသည်နှင့် ဂျက်အင်ပါယာ၏စခန်းမှ ထွက်ခွာသွားခြင်းမပြုသေးပေ။ သူအနည်းငယ်ထက်မံရှာဖွေပြီးချိန်တွင် ဤဂျက်အင်ပါယာမှစစ်သည်များအတွက် အစာရိက္ခာများထားရှိသည့် စတိုခန်းများကို တွေ့လိုက်ရသည်။
လေတိုက်နှုန်းနဲသည့် သဲတောင်ကုန်းတစ်ခု၏အနောက်တွင် တဲကြီးများစွာထဲတွင်ထည့်ထားသည့် စားနပ်ရိက္ခာများစွာကို တွေ့လိုက်ရ၏။ ဤတဲများကို မမြင်နိုင်သည့် မှော်ထောင်ခြောက်များဖြင့် ကာရံထားပြီး ကျွမ်းကျင်စစ်သည်များစွာမှ ကာကွယ်စောင့်ရှောက်နေ၏။ ထို့အပြင် ကြယ်နှစ်လုံးနှင့် ကြယ်၃လုံးတို့ကြားတွင်ရှိကြသည့်စစ်သည်၅၀ခန့်သည်လည်း ဤနေရာတစ်၀ိုက်တွင် ကင်းလှည့်နေလျှက်ရှိကြ၏။
သေချာစွာ ဂရုစိုက်အာရုံခံလိုက်မိပြီးသည့်နောက်တွင် ဖှေးအမှောင်ထဲတွင်ပုန်းအောင်းနေသည့် ကြယ်လေးလုံးနှင့် ကြယ်ငါးလုံးအဆင့်စစ်သည်များစွာကိုလည်း အာရုံခံလိုက်မိ၏။
အစာရိက္ခာသည် ဂျက်အင်ပါယာမှစစ်သည်များအတွက် အလွန်အရေးကြီးနေသည်မှာ ထင်ရှားလှ၏။
ဤသည်မှာလည်း အဓိပ္ပါယ်ရှိသည် အစာနှင့် ရေသည် ကန္တာရထဲတွင် တန်ဖိုးအရှိဆုံးအရာများဖြစ်သည့်အတွက်ပင်။ ထို့အပြင် တိုက်ပွဲအတွင်းဆိုပါက ပို၍ပင်အရေးကြီးလှ၏။
ဂျက်အင်ပါယာမှလူများသည်လည်း ရေကို ကိုယ်ပိုင်ရှာဖွေနိုင်သည့်နည်းလမ်းရှိသည်။ ဖှေးသည် မြေအောက်မီတာ၁၀၀အနက်တွင်ရှိသည့် ရေစီးကြောင်းတစ်ခုနှင့်ဆက်သွယ်ထားသော ရေတွင်းများစွာကိုလည်း မြင်တွေ့ဖူးပြီးဖြစ်သည်။ အလံနှစ်စုံမြို့တစ်၀ိုက်တွင် မြေအောက်ရေစီးကြောင်းတစ်ခုရှိသည်ကို လူတိုင်းသိရှိကြပြီး အင်ပါယာအရှင်သခင်ယရှင်းသည် နဂါးလက်သီးအစွမ်းကိုအသုံးပြု၍ အလံနှစ်စုံမြို့မှ လူများအတွက် ရေတွင်းများကိုဖန်တီးပေးခဲ့သည်။ ဤဇာတ်လမ်းကိုလည်း ဤနေရာတစ်၀ိုက်မှလူများသိရှိကြသည်။
ရေရှာရန်မှာ မခက်ခဲလှသော်လည်း အစာရိက္ခာများကိုမူ ကုန်းလမ်းမှပို့ဆောင်ရမည်ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် ဖှေးသည် ကင်းလှည့်နေကြသည့် ကြယ်သုံးလုံးအဆင့်စစ်သည်နှစ်ယောက်ကို ဖြတ်ကျော်ကာ မှော်ထောင်ခြောက်များကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ရှောင်ရှားလိုက်သည်။
သူသည် စတိုခန်းထဲသို့ ရောက်သည့်အချိန်တွင် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏အစွမ်းများကို အပြည့်၀ပြသလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖှေးသည်အမှောင်ထဲတွင်ပုန်းအောင်းနေကြသည့် ကြယ်လေးလုံးအဆင့်စစ်သည်လေးယောက်ကို တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်လိုက်၏။
သို့သော် ဖှေး ကြယ်ငါးလုံးအဆင့်စစ်သည်အား လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားသည့်အချိန်တွင် အခက်ခဲတစ်ချို့ကိုကြုံတွေ့လိုက်ရသည်။ ဖှေးထိုကြယ်ငါးလုံးအဆင့်စစ်သည်၏ လည်ပင်းကို လှီးဖြတ်ရန်ကြိုးစားသည့်အချိန်တွင် ထိုစစ်သည်သည် အော်ဟစ်သံတစ်စုံတစ်ရာကို ပြုမူ၍တစ်ခြားလူများကို သတိပေးရန်အတွက် ကြိုးစားခဲ့၏။ သို့သော် ထိုအချိန်တွင် လေတိုက်နှုန်းပြင်းထန်နေသည့်အတွက်ကံကောင်းသွားကာ လေညှင်းတိုက်သံသည် ထိုအသံအား ဖုန်းလွှမ်းသွားခဲ့ပြီး ကင်းလှည့်နေကြသည့်စစ်သည်များသည် ထိုအသံကို ကြားလိုက်ကြခြင်းမရှိပေ။
ဖှေးဤအစာရိက္ခာများကို ဖျက်စီးပစ်ရန်အတွက်ဆုံးဖြတ်လိုက်သည်။
သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏အဆိပ်အစွမ်းကိုအသုံးပြု၍ ဤအစာရိက္ခာများကို အဆိပ်ခတ်နိုင်၏။ ဤအစွမ်းကိုအသုံးပြုရာမှ ရရှိလာသည့်အဆိပ်သည် အလွန်သေစေနိုင်သည်။ ဤအဆိပ်သည်အရောင်နှ့င် အရာသာကင်းမဲ့ကာ အဆိပ်တစ်စက်ပင် ရန်သူ၁၀၀ကျော်ကိုသတ်ဖြတ်နိုင်၏။ ကြယ်သုံးလုံးအဆင့်ထက်မြင့်မားသည့်စစ်သည်များသည်သာလျှင် ဤအဆိပ်ကိုရှင်သန်နိုင်ကောင်းရှင်သန်နိုင်လိမ့်မည်။
သို့သော် ဂျက်အင်ပါယာမှ သောင်းနှင့်ချီသောစစ်သည်များကို အဆိပ်ခတ်ရန်အတွက် ဖှေးတွန့်ဆုတ်နေခဲ့၏။
သူသည် ရန်သူများကို သနားကြင်နာတတ်သည့်လူမျိုးမဟုတ်သော်လည်း ရန်သူများကို အဆိပ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခြင်းသည် အလွန်ရက်စက်ကာ ယုတ်မာလွန်းသလိုဖြစ်နေသည့်အတွက်ကြောင့်ပင်။ ဖှေးသည် မိမိ၏ ရည်မှန်းချက်အောင်မြင်ရန်အတွက် ဘာမဆိုလုပ်မည့်လူတစ်ယောက်လဲမဟုတ်ပေ။ ထို့ကြောင့်လူပေါင်းများစွာကို အဆိပ်မခတ်လိုပေ။
ခနတာစဥ်းစားပြီးသည့်နောက်တွင် သူသည် သူတော်စင်တစ်ယောက်ကဲ့သို့ပြုမူရန်ဆုံးဖြတ်ကာ ရန်သူများကိုအဆိပ်မခတ်တော့ပေ။ သူသည် အစာရိက္ခာများကို ဖျက်ဆီးရန်အတွက် မီးကိုအသုံးပြုတော့မည်ဖြစ်သည်။
ဂျက်အင်ပါယာမှစစ်သည်များ စားစရာမရှိတော့ပါက သူတို့ပြန်လည်ကာ ဆုတ်ခွာရမည်ဖြစ်သည်။ ဤသည်မှာ ဖှေးမျှော်မှန်းနိုင်သည့် တစ်ခုတည်းသောရလဒ်ပင်။
သူ နတ်ဆိုးမျက်နှာဖုံးကို ၀တ်ဆင်ကာ မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏ပထမဆုံးမီးလုံးများကို ပစ်လွှတ်လိုက်သည်။ မင်းသားမာရင်တန်၏ တဲအတွင်းမှ ဒေါသဖြင့် အော်ဟစ်သံတစ်ခုထွက်ပေါ်လာ၏။ ထို့နောက်တွင် မင်းသားဖာရင်တန်သည် သူ၏ထဲတွင်းမှပြေးထွက်လာကာ ဤနေရာသို့ပြေးလာခဲ့၏။
“ဟမ် သူင့ါကို သတိထားမိသွားတာလား...” ဖှေးအတော်တန်ပင် အံ့သြသွားသည်။ သို့သော် မီးလုံးများပစ်လွှတ်နေခြင်းကိုမူ မရပ်တန့်လိုက်ချေ။
“ရပ်လိုက်။ မင်းဘယ်သူလဲ စစ်သည်တွေလာပြီး မီးငြိမ်းကြစမ်း...”
မင်းသားဖာရင်တန်၏ ကျယ်လောင်သည့်အော်ဟစ်သံသည် စခန်းထဲတွင်ဟိန်းသွားကာ သူလက်သီးဖြင့် ထိုးလိုက်သည်။ ထိုလက်သီးအစွမ်းမှာ အထင်ကြီးလောက်ဖွယ်ပင်။ လျှပ်စီးများ၊ လေညှင်းများများစွာကို ဖန်တီးလိုက်၏။ စခန်းထဲတွင်ရှိနေသည့် တဲများသည် ပြင်းထန်စွာလှုပ်ခါလာကြပြီး ဆူညံသံများပိုမို၍ပင် ထွက်ပေါ်လာတော့သည်။
သို့သော် ဖှေးဤတိုက်ခိုက်မှုကို လွယ်ကူစွာပင်ရှောင်ရှားလိုက်၏။
ဤအခြေအနေတွင် သူမင်းသားဖာရင်တန်အား တိုက်ခိုက်လိုခြင်းမရှိသေးပေ။ ထိုအစားသူသည် မီးရှို့သမားတစ်ယောက်အနေဖြင့်သာ အာရုံစိုက်လိုက်ပြီး မီးလုံးအလုံး၃၀ကျော်ကို ပစ်လွှတ်လိုက်သည်။ နတ်ဆိုးများ၏အနမ်းကဲ့သို့ပင် ဤမီးလုံးများသည် အစာရိက္ခာများကို မြန်ဆန်စွာပင် လောင်လွှမ်းကာ ပြန့်နှံ့သွားတော့၏။