အခန်း (၄၉၇)
Vol. 32 Ch. 497
“မင်းဘယ်သူလဲ ရပ်လိုက်စမ်း။ သေစမ်း ရပ်လိုက် ငါမင်းကိုသတ်ပစ်မယ်...”
အစာရိက္ခာများလောင်ကျွမ်းနေသည်ကို တွေ့ရသည့်အချိန်တွင် မင်းသားဖာရင်တန်ဒေါသဖြင့် အော်ဟစ်လိုက်၏။
ကန္တာရထဲတွင်အစားစာသည် ရွှေထက်ပင် ပို၍တန်ဖိုးကြီးမားသည့်အတွက်ပင်။ ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်း၏ အသက်ရှင်သန်နိုင်ရန်အစားစာကို ဤမှော်ဆရာမှ မီးလုံများဖြင့် ပစ်ကာ ဖျက်ဆီးပစ်နိုင်သည်ဟု အတိကျဆိုနိုင်၏။ ထို့ကြောင့် မင်းသားသည်အမှန်တကယ်ပင် ဒေါသဖြစ်နေလျှက်ရှိသည်။
သို့သော် ဖှေးသည် ဤမင်းသားကို တိုက်ခိုက်ရင်ဆိုင်ကာ မတိုက်ခိုက်သေးပေ။ ဤမင်းသား၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်းဖြင့် အစာများကို မီးဖြင့် ရှို့နေလျှက်ရှိသည်။
ကန္တာရထဲမှ လေသည် ခြောက်သွေ့သောကြောင့် စတိုခန်းအတွင်းမှ အစာရိက္ခာများသည်လည်း သုံးရက်ခန့်သိမ်းဆည်းထားသဖြင့် ခြောက်သွေ့နေ၏။ လွယ်ကူစွာမီးလောင်လွယ်သောကြောင့် ဖှေး၏ပို၍ပင် ပူလောင်သည့် မှော်စွမ်းအင်မီးတောက်များမဆိုစေကာမူ သာမန်မီးတောက်များဖြင့်ပင် လွယ်ကူစွာလောင်ကျွမ်းလိမ့်မည်ဖြစ်သည်။ ဂျက်အင်ပါယာဘက်မှ မှော်ဆရာတစ်ချို့မှာ ရေစွမ်းအင်မှော်အစွမ်းများကိုအသုံးပြုရန်အတွက် ပြင်ဆင်ထားသော်လည်း ဤမန္တန်များ၏စွမ်းအားမှာ နေရာတစ်၀ိုက်တွင် ရေရှားပါးသည့်အတွက်အကြောင့် အားနည်းနေ၏။
ဖှေးရယ်မောကာ စတိုခန်းထဲတွင် စတင်၍ ပတ်ပြေးတော့သည်။
ထို့နောက်တွင် ပုံမှန်မဟုတ်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။ ဖှေးလမ်းလျှောက်သွားသည့်နေရာတိုင်းတွင် မီးတောက်များပါလာမည်ဖြစ်သည်။ သူသည်အမှောင်ထဲတွင်လမ်းလျှောက်နေသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ သူ၏ခြေထောက်အောက်တွင်ရှိသည့်သဲများပင် ပြင်းထန်စွာလောင်ကျွမ်းနေ၏။
ဤသည်မှာ မှော်ဆရာဇာတ်ကောင်၏အစွမ်းတစ်ခုဖြစ်သည့် မီးခြေလှမ်းပင်။ ဤအစွမ်းသည် ဖှေးခြေလှမ်းသည့်နေရာတိုင်းတွင် မီးတောက်များကိုဖန်တီးပေးမည်ဖြစ်ပြီး ရန်သူများအားလုံးကို ပြာကျသည်အထိလောင်ကျွမ်းနိုင်စွမ်းရှိ၏။
ထိုအချိန်မှာပင် ဖှေးသည် သူအသစ်သင်ခဲ့သည့် အစွမ်း [ဟိုက်ဒရာ]ကိုလည်းအသုံးပြုလိုက်သည်။ သူအစာရိက္ခာပုံတစ်ခုအား မှော်တောင်၀ှေးဖြင့် ညွှန်ပြလိုက်သည့်အချိန်တွင် မြေပြင်အက်ကွဲမလာပြီး မြွေနှင့်တူသည့်ခေါင်းများစွာပါရှိသည့်သားရဲတစ်ကောင်ထွက်ပေါ်လာ၏။ ထိုသားရဲကောင်ကြီးသည် သုံးမီတာခန့်မြင့်မားသာ သန့်စင်သည့် မီးစွမ်းအင်များဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သည်။
ဤသားရဲကောင်ကြီးသည် ရက်စက်ကြမ်းကြုတ်စွာလိုက်ကြည့်နေပြီး ပါးစပ်များကို ဖွင့်ကာ မီးများကို ပုံမှန်မှုတ်ထုတ်နေလျှက်ရှိသည်။ ထိုမီးတောက်များသည် ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ကို သတ်ဖြတ်နိုင်ရန်ုလုံလောက်၏။
တိုက်ခတ်နေသည့်လေသည်လည်း မီးတောက်များကို ပို၍ပြင်းထန်စွာလောင်ကျွမ်းစေရန်အတွက် ကူညီနေလျှက်ရှိသည်။
မကြာမှီတွင် ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းအတွက် သုံးရက်စာ စားနပ်ရိက္ခာကို မီးများစွဲကာ လောင်ကျွမ်းသွားတော့၏။ ချိုးချိုးချွတ်ချွတ်အသံများနှင့် ပြောင်းဖူးကဲ့သို့သော စားနပ်ရိက္ခာများကိုလောင်ကျွမ်းနေသဖြင့် ပေါက်ပေါက်အသံများလည်းထွက်ပေါ်လာနေ၏။
ဖာရင်တန်၏ သာလွန်သောဉာဏ်ရည်ကိုဤအခိုက်တန့်တွင် ပြသလိုက်သည်။ သူသည် စိတ်တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် အခြေအနေအကြောင်းကို တွေးလိုက်ပြီး သူတို့တွင်ရေရှားပါးသော်လည်း ပတ်၀န်းကျင်တွင်သဲများစွာရှိနေကြောင်းကို သတိရလိုက်၏။ သဲများကိုလည်း မီးငြိမ်းရန်အတွက်အသုံးပြုနိုင်သောကြောင့်ပင်။
“သေစမ်းကွာ ရေရှာမနေကြနဲ့တော့ သဲတွေကိုသုံး။ သဲနဲ့မီးငြိမ်းကြ အမြန်လုပ်ကြမှော်ဆရာတွေ မြေဂုဏ်သတ္တိအစွမ်းကိုသုံးပြီးတော့ သဲတွေကို အစာပေါ်ကို ရွေ့လိုက်။
ဖာရင်တန် ဖှေးအနောက်သို့ပြေးလိုက်နေရင်းဖြင့် စစ်သည်များနှင့် မှော်ဆရာများကို စိုးရိမ်စွာသတိပေးလိုက်သည်။
အမိန့်ကိုကြားပြီးသည့်နောက်တွင် ပျာယာခတ်နေကြသည့် စစ်သည်များနှင့်မှော်ဆရာများသည်အနည်းငယ်ပို၍ တည်ငြိမ်လာကြပြီး သဲများကိုစတင်၍အသုံးပြုတော့သည်။
သောင်းနှင့်ချီသည့်စစ်သည်များပူးပေါင်းကာ ဆောင်ရွက်ကြသည့်အတွက် မီးများကို ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။
ဖှေးရယ်မောကာ ဂျက်အင်ပါယာစခန်းမှ လျှန်မြန်စွာပင် ပြေးထွက်သွား၏။ သူသည် မီးများဆက်ရှို့ခြင်းမရှိတော့ပေ။ စစ်သည်များအတွက် တစ်ရက်စာ စားနပ်ရိက္ခာများကိုလောင်ကျွမ်းပြီးဖြစ်သောကြောင့် သူ၏အစီစဥ်မှာ ပြီးမြောက်သွားပြီဖြစ်သည်။
“ထွက်ပြေးတာလား...မင်းဘယ်ပြေးမလို့လဲ...” မင်းသားဖာရင်တန်သည် ဖှးအနောက်မှ စိတ်ဆိုးစွာပြေးလိုက်နေ၏။ “ငါမင်းကို သတ်မယ်...” သူအော်ဟစ်လိုက်သည်။
ဖှေးနှင့် မင်းသားဖာရင်တန်တို့နှစ်ယောက်လုံးသည် လျှင်မြန်သည့်အတွက်ညအမှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။ ဂျက်အင်ပါယာမှစစ်သည်များသည်လည်း အတူပြေးလိုက်ပြီး သူတို့၏မင်းသားကို ကာကွယ်ချင်သော်လည်းအမှီလိုက်နိုင်ခြင်းမရှိပေ။
ဖှေးအလံနှစ်စုံမြို့တော်ထံသို့ ပြန်မသွားပေ။
ထိုအစား ကန္တာရထဲသို့ ပြေး၀င်သွား၏။
ယနေ့ညတွင်မင်းသားနှင့် ပိုမိုသိကျွမ်းပြီးသည့်နောက်တွင် စကားပြောကြည့်လိုသောကြောင့်ပင်။
......
ကန္တာရထဲသို့ ပို၍နက်ရှိုင်းလာလေလေ ပို၍ အေးစက်လာလေလေဖြစ်သည်။
မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်အတွက် ဖှေး၏သက်လုံမှာ သိပ်ပြီးမကောင်းလှပေ။ သူသည် ဤဇာတ်ကောင်အနေဖြင့် ပြေးရသည်ကိုလည်းမနှစ်သက်ချေ။ ဒိုင်ယာဘလိုကမ္ဘာမှ မှော်ဆရာများသည် ပျံသန်းနိုင်သည့် မှော်အစွမ်းများကို အသုံးပြုနိုင်ခြင်းမရှိသောကြောင့် ဖှေးသည် သူ့နောက်မှ အရူးတစ်ယောက်ကဲ့သို့ပြေးလိုက်လာနေသည့် မင်းသားဖာရင်တန်လောက်မမြန်ဆန်လှပေ။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ဖာရင်တန်သည်လည်း နီးကပ်သည်ထက်ပို၍နီးကပ်လာတော့၏။ မင်းသားသည် အနီရောင်စွမ်းအင်မီးတောက်များလွှမ်းခြုံကာ စွမ်းအားများကိုအမြင့်ဆုံးထုတ်လွှတ်ထား၏။
ဖှေးသည် တစ်စုံတစ်ခုကိုတွေးလိုက်မိကာ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ လျှင်မြန်စွာပင် ပြောင်းလဲလိုက်သည်။ အရိပ်တစ်ခုကဲ့သို့ပင် သူချက်ချင်းပျောက်ကွယ်သွားတော့၏။
“ဖုန်း...”
စွမ်းအားများစွာသည် ပတ်၀န်းကျင်သို့လွှင့်ပျံသွားပြီး ဖာရင်တန်သည်လည်း သဲတောင်ကုန်းတစ်ခုပေါ်သို့ ပြုတ်ကျသွား၏။ သတိထားကာ သူပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ကာ လေ့လာလိုက်သည်။
“ဟမ် သူဘယ်ရောက်သွားတာလဲ...ထူးဆန်းလိုက်တာ။ ခုနက ဒီလာလေးတင်ပါ။ သူဘယ်လိုလုပ်ပြီးပျောက်သွားတာလဲ။ ငါသူ့ကိုတောင်အာရုံမခံနိုင်တော့ဘူး။ သူက ပျံသန်းနိုင်တာလား...” မင်းသား၏မျက်လုံးများသည် လရောင်များအောက်တွင် နီရဲနေပြီး အတွင်းအားစွမ်းအင်များသည်လည်း လှိုင်းများကဲ့သို့ပင်အပြင်သို့ဖြန့်ကျက်နေလျှက်ရှိသည်။
ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်သည် သူသို့မဟုတ် သူမနှင့်အနီးတစ်၀ိုက်တွင်ရှိသည့် ရန်သူများကို ကောင်းမွန်စွာအာရုံခံနိုင်၏။ ရန်သူများသည် များစွာပို၍ စွမ်းအားပြင်းထန်နေခြင်း၊ သို့မဟုတ် ကိုယ်ရောင်ဖျောက်အစွမ်းတစ်ခုခုကို ပိုင်ဆိုင်ထားမှသာလျှင် အာရုံခံ၍ မရနိုင်ဖြစ်မည်ဖြစ်သည်။
သို့သော်
“ငါဘာကိုမှ အာရုံခံလို့မရဘူး။ ခြေရာလက်ရာကိုတောင်မတွေ့ရဘူး။ သူက လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ...”
ဖာရင်တန် ထိတ်လန့်အံ့သြသွား၏။
သူသည် စခန်းထဲတွင် ဂုဏ်သတ္တိစွမ်းအင်သုံးသည့်မှော်ဆရာကို အာရုံခံခဲ့မိပြီး ထိုမှော်ဆရာသည် သူလောက်စွမ်းအားမကြီးသည်ကိုလည်း သတိထားခဲ့မိသည်။ “အဲ့တာကို သူက ဘယ်လိုလုပ်ပြီးငါအာရုံခံတာကနေ ပုန်းနေနိုင်တာလဲ...”
“ဟေး မင်းငါ့ကိုရှာနေတာလား...”
ကျယ်လောင်ရှင်းလင်းသည့်အသံတစ်ခုကို သူ၏ဘေးမှ ကြားလိုက်ရသည်။
မင်းသားသည် ပို၍ပင်ထိတ်လန့်အံ့သြသွား၏။
“လူတစ်ယောက်က င့ါအနောက်ကိုရောက်နေတာတောင် ငါသတိမထားလိုက်မိဘူးလား...”
အရည်ချင်းရှိသည့်စစ်သည်တစ်ယောက်အနေဖြင့် သူ၏မသိစိတ်များမှ သူ့အား အနောက်သို့ချက်ချင်းလှည့်မကြည့်ရန် တားဆီးလိုက်သည်။
မြှားတစ်စဥ်းကဲ့သို့ပင် သူသည် ရှေ့သို့ ၂၀မီတာခန့်ပြေးသွားပြီး လုံခြုံသည့်အကွာ၀ေးသို့ရောက်သည့်အချိန်မှ စိတ်ကိုတည်ငြိမ်အောင်ထားပြီး သူ၏ ကြယ်ရှစ်လုံးအဆင့်စွမ်းအားများကိုအရှိန်အမြင့်ဆုံးထုတ်လွှတ်လိုက်၏။
သူ၏အတွင်းအားများသည် ခန္ဓာကိုယ်ထဲတွင်ရှိသည့် အတွင်းအားစီးကြောင်း၈၀ထဲတွင်လည်ပတ်နေသည့်အချိန်မှ သူသည် အနောက်သို့ ဂရုစိုက်စွာလှည့်ကြည့်လိုက်၏။
ရန်သူသည် သူ့အားချောင်းမြောင်းတိုက်ခိုက်လိုခြင်းမရှိသည်မှာ ကံကောင်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။
သူ့အား စကားပြောခဲ့သည်လူသည် သိပ်မ၀ေးသည့်တောင်ကုန်းတစ်ခုပေါ်တွင်ရှိနေသည်ကို ဖာရင်တန်မြင်လိုက်ရသည်။
ဤလူ၏မျက်နှာကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူဒေါသဖြစ်ရမည့်အစား အံ့သြသွား၏။ သူ၏ခန္ဓာကိုယ်ထဲတွင် လောင်မြိုက်နေသည့် ဒေါသများသည်လည်း တစ်ခါမှမရှိခဲ့သလိုပင် ပျောက်ကွယ်သွားတော့၏။
သူသည် ဤလူကြောင့် ဒဏ်ရာရမည်ကို မစိုးရိမ်သကဲ့သိုပင်။ ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် မေးလိုက်၏။ “ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား။ မင်းမလား။ မင်းက င့ါကို မြှားခေါ်ဖို့အဲ့မှော်ဆရာကို လွှတ်လိုက်တာမလား။ သူကဘယ်သူလဲ...”
“သူက င့ါလူတစ်ယောက်ပဲ။” လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်ဖှေးသည် ပခုံးတွန့်ကာ ရယ်မောလိုက်၏။ ထို့နောက်တွင် ထူးဆန်းသည့်အသံနေအသံထားတစ်ခုနှင့်အတူ မေးလိုက်သည်။ “အရှင့်သား အရှင်က သိပ်မစိုးရိမ်သလိုပဲ။ အရှင်က ထွက်ပြေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတာလား။ ဒါမှမဟုတ်ရင် ကျွန်တော်ကအရှင့်ကို မသတ်လောက်ဘူးလို့ ယူဆထားတာလား...”
“မင်းင့ါကို မသတ်ပါဘူး...” ဖာရင်တန်သည် ယုံကြည်ချက်ရှိစွာပြန်ဖြေလိုက်သည်။ သူသည် အတွင်းအားစွမ်းအင်များကိုပင် ပြန်လည်ကာရုတ်သိမ်းလိုက်ပြီး စိတ်လျှော့လိုက်၏။ စိုးရိမ်မှုကင်းသည့်အမူယာဖြင့် သူဆက်ပြောလိုက်သည်။ “မင်းင့ါကို သတ်ပြီးတဲ့အချိန်ကျရင် ဂျက်အင်ပါယာရဲ့လက်စားချေမှုကို ရင်ဆိုင်လို့မရသေးဘူးလေ။ အနည်းဆုံးတော့ အခုချိန်မှာတော့ မရသေးဘူး...”
“ဒီအကြောင်းပြချက်က အမှိုက်သရိုက်ပါပဲ။ အင်ပါယာနှစ်ခုလုံးက တစ်ခုနဲ့တစ်ခုစစ်ကြေငြာထားတာပဲလေ။ ငါတို့တွေလဲတစ်နေကုန်တိုက်ခိုက်နေကြတာပဲ။ ဘာလို့ ငါက လက်စားချေတာကို ကြောက်နေရမှာလဲ။” ဖှေးပြောကာ သဲတောင်ကုန်းပေါ်မှဆင်းလာပြီး ဤမင်းသားအနီးသို့ကပ်လာ၏။
“ဇီးနစ်က စစ်ပွဲအတွက်အဆင်သင့်မဖြစ်သေးဘူး။” ဖာရင်တန်ပြန်ပြောလိုက်သည်။ သူသည်လုံး၀ပင် စိတ်တည်ငြိမ်သွားပြီဖြစ်သည်။
သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်၏။
“အလတ်ဇန္ဒား ငါတို့တွေ ခနလောက်စကားပြောလို့ရမလား...”
ထို့နောက်တွင် ဖှေးကိုပင် အံ့သြသွားစေနိုင်သည့်အရာတစ်ခုကို လုပ်လိုက်၏။
သူသည် ထားသိုရာအကန့်အတွင်းမှ ကန္တာရသဲကျားသားမွေးဖြင့် ပြုလုပ်ထားသည့် အခင်းတစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ်တွင်ခင်းလိုက်သည်။ သူသည် ထိုအပေါ်တွင်ထိုင်လိုက်ပြီး အေးစက်သည့်လေးကို ကာရံရန်အတွက် အတွင်းအားစွမ်းအင်များကို အသုံးပြုလိုက်ပြီးနောက်တွင် ဖှေးကိုလည်းလာရောက်ထိုင်ရန်အတွက် ဖိတ်ခေါ်လိုက်၏။
“ဟမ်...မင်းက င့ါကို သတ်ဖို့မလုပ်တော့ဘူးလား...” ဖှေးရယ်မောလိုက်သည်။ မင်းသားသည် စိတ်၀င်စားစရာကောင်းသည့် လူတစ်ယောက်ဖြစ်သည်ကို သတိထားမိလိုက်၏။
“ငါက ဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့၀န်လေးတဲ့ကောင်မဟုတ်ဘူး။ ငါမင်းကို တော့ဘာမှလုပ်လို့မရဘူးလေ။ ငါမင်းကို မသတ်နိုင်သေးဘူး....” ဖာရင်တန် ပုခုံးတွန့်ကာ သတ်ပြင်းချလိုက်၏။
“အတော်ကောင်းတဲ့အကြောင်းပြချက်ပဲ...” ဖှေးရယ်မောလိုက်သည်။
ဖာရင်တန်သည် အခင်းအားညွှန်ပြကာ ဆက်ပြောလိုက်သည်။ “ဒါက ရှားပါးတဲ့အခွင့်ရေးတစ်ခုပဲ ငါတို့စကားပြောသင့်တယ်။ ဂျက်အင်ပါယာကလည်း စစ်ပွဲအတွက်အဆင်သင့်မဖြစ်သေးဘူး။ ငါတို့နှစ်ဖွဲ့လုံးအချိန်လိုနေသေးတယ်။ အရှငမင်းကြီးက အရှင့်ထက်ပိုအားနည်းတဲ့လူနဲ့ အတူထိုင်ပြီး စကားပြောရမှာကို ကြောက်နေတာလား။
“ဟားဟား မင်းမခံချင်အောင်ပြောတာ အလုပ်ဖြစ်တယ်လို့ ပြောရမယ်...” ဖှေးရယ်မောလိုက်ကာ လမ်းလျှောက်သွားပြီး ဤမင်းသားနှင့် ၂မီတာခန့်ခွာကာထိုင်လိုက်သည်။ သူသည် ဤကောဇာကိုလက်ဖြင့် ပွတ်သပ်ကြည့်လိုက်ပြီး အာလာဒင်နှင့် ကောဇောပျံအကြောင်း ပုံပြင်ကို ပြန်လည်ကာ သတိရလိုက်မိသည်။ သူသက်ပြင်းချလိုက်ပြီး “ အတော်လေးကောင်းတဲ့ ကောဇောပဲ။ ဒါက မြေသြကာကောင်းတဲ့မြေတစ်ကွက်လိုပဲကောင်းမွန်တယ်။ အရှင့်သား ကျွန်တော်တို့အင်ပါယာနှစ်ခုလုံးက စစ်ပွဲအတွက်အဆင်သင့်မဖြစ်သေးပဲနဲ့ ဘာလို့ စစ်ကြေငြာလိုက်ကြတာလဲ။ သူတို့တွေ ဦးနှောက်မရှိကြဘူးလား...”
ဖာရင်တန်အနည်းငယ်ဆွံ့အသွားသည်။ ဤဘုရင်သည် အင်ပါယာနှစ်ခုအားထိုကဲ့သို့ပြောလိမ့်မည်ဟုထင်မထားသည့်အတွက်ပင်။ ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူပြောလိုက်၏။ “သတ်ဖြတ်ခြင်းတွေနဲ့၊ လုယက်ခြင်းတွေက သာမန်လိုဖြစ်နေတဲ့ ဒီကမ္ဘာပေါ်မှာဆိုရင် ဘယ်စစ်ပွဲကမှ မင်းကို ပြင်ဆင်ချိန်ပေးမှာမဟုတ်ဘူးလေ။ ဂျက်အင်ပါယာက ဒီစစ်ပွဲအတွက်၂၆လုံးပြင်ဆင်လာတယ်ဆိုပေမယ့် စပါတပ်အင်ပါယာနဲ့ အိုက်ဟိုဗင်အင်ပါယာတွေက ငါတို့ထက်ပိုပြီး ဆန္ဒစောနေကြတယ်။ အဲ့တာကြောင့် မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှာ အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာနှစ်ယောက်ရဲ့တိုက်ပွဲဖြစ်ခဲ့တာပဲ။ အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်လဲသေသွားပြီဆိုတော့ စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူးလေ...”