အခန်း (၄၉၈)
Vol. 32 Ch. 498
စပါတပ်အင်ပါယာနဲ့ အိုက်ဟိုဗင်အင်ပါယာတို့ရဲ့အင်ပါယာအရှင်သခင်တွေက ဂျက်အင်ပါယာအရှင်သခင်ထက်ပိုပြီး ဦးနောက်မရှိလို့ ဆန္ဒစောနေကြတာပဲ။” ဖှေးသည် ခါဆစ်၏နာမည်ကို ကြားလိုက်ရသည့်အတွက် ရုတ်တရက်သတ်ဖြတ်လိုစိတ်များပေါ်လာကာ ပြောလိုက်၏။ သူသည် ဤဂျက်အင်ပါယာမှ မင်းသားကို မတိုက်ခိုက်မိစေရန်ထိန်းချုပ်လိုက်ရ၏။
ညလေညှင်း၏အေးစက်မှုမှာ ဓားသွားများကဲ့သို့ပင်ြဖစ်နေပြီး သဲများသည် ကောင်းကင်ပေါ်သို့ လွှင့်ပျံကုန်ကြ၏။
ဤကဲ့သို့ တွေ့ဆုံခြင်း၏ မူလရည်ရွယ်ချက်ကို ပြန်စဥ်းစားပြီးသည့်နောက်တွင် ဖှေးသည် သူ၏မကောင်းသည့်စိတ်ခံစားချက်များကို ဖယ်ရှားလိုက်၏။ သူသည် ကောင်းကင်ပေါ်မှ လမင်းကို မော့ကြည့်ရင်းဖြင့် အရက်တစ်လုံး၊ ခွက်နှစ်ခွက်နှင့် စားစရာတစ်ချို့ကို ထုတ်ယူကာ ကောဇာပေါ်တွင် တင်လိုက်၏။
သူသည်အရက်တစ်ခွက်လောင်းထည့်လိုက်သည်။
ထို့နောက်တွင် သောက်လိုက်ပြီး စကားဆက်ပြောလိုက်၏။
“ခရီးသွားကဗျာဆရာတွေပြောတာက အင်ပါယာအရှင်သခင်ဖူဂျီက ဉာဏ်ပညာရှိ၊ ရည်မှန်းချက်ကြီးပြီးတော့ အမျှော်မြင်ကြီးမားတဲ့ အုပ်ချုပ်သူတစ်ယောက်လို့ကြားတယ်။ ဘာလို့ အဲ့လိုအင်ပါယာအရှင်သခင်တစ်ယောက်က ၂၆နှစ်တောင်စောင့်လာခဲ့ပြီးပြီးကို အခုမှ ဘာလို့ဆက်ပြီးမသည်းခံနိုင်တော့တာလဲ။ ဒါပေမယ့် သူ့ရဲ့မဟာမိတ်တွေက ဆက်ပြီးတော့ မစောင့်နိုင်တော့လို့ကိုး။ သေစမ်း ငါတို့တွေက နတ်ဘုရားလို ရန်သူတွေထက် ၀က်လို မိတ်ဆွေတွေကို ပိုပြီးတော့ကြောက်ရမယ်ဆိုတာ တကယ်မှန်တာပဲ...”
“မင်းပြောတဲ့အနောက်ပိုင်းက မှန်တယ်လို့ပြောရမယ်။ ငါတို့အစီစဥ်အရဆိုရင် ဒီတစ်နှစ်ပြီးမှ စတိုက်မှာလေ။ စစ်ပွဲကို တစ်နှစ်ကြာမှစတင်ဖြစ်မှာပေါ့....” ဖာရင်တန်သည်ဖှေး၏သတ်ဖြတ်လိုသည့် ဆန္ဒများကို သတိမထားမိလိုက်သည့်အတွက်ကြောင့် ထိန်းမထားပေ။ သူသည်လည်း အရက်တစ်ခွက်ကိုငဲ့ထည့်လိုက်ပြီး သောက်ကာ ချီးမွမ်းလိုက်သည်။ “ဒီအရက်က ဇီးနစ်တော်၀င်မိသားစုအတွက်လုပ်ထားတာလား။ အတော်လေးကောင်းတာပဲ။ ဇီးနစ်အင်ပါယာလို ကြွယ်၀တဲ့ရင်းမြစ်တွေပိုင်ဆိုင်ထားတဲ့ အင်ပါယာကပဲ ဒီလိုသောက်ဆရာတွေကို ဖန်တီးနိုင်တယ်။ ဂျက်အင်ပါယာရဲ့ပိုင်နက်တော်တော်များများက လူသေကောင်တွေကိုပဲ မြုပ်နှံနိုင်တဲ့ ကန္တာရတွေလေ...”
“ပိုပြီးတော့ ကြွယ်၀တဲ့မြေတွေကို သိမ်းပိုက်ချင်လို့ စစ်ပွဲတွေကို စတင်ဖြစ်ပေါ်လာတာပဲလေ။ ဂျက်အင်ပါယာက လူတွေက သယံဇာတကြွယ်၀တဲ့မြေပေါ်မှာ အေးအေးဆေးဆေးနေထိုင်ချင်ကြမှာပဲ...” ဖှေးသက်ပြင်းချလိုက်သည်။ “အဲ့တာကြောင့် လွန်ခဲ့တဲ့၂၆နှစ်က ဇီးနစ်အင်ပါယာက ဂျက်အင်ပါယာကို မသိမ်းပိုက်ခဲ့ရင်တောင် ဒီစစ်ပွဲကဖြစ်လာဦးမှာပဲမလား...”
ဖာရင်တန်သည်လည်းခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ ထို့နောက်တွင် သူသည် မုန့်တစ်ခုကို ကောက်ယူပြီးစားလိုက်၏။ သူ၏နှုတ်ခမ်းမှ အမှုန်များကိုပင် လျှာဖြင့် လိုက်သပ်နေ၏။
လေထုသည် အနည်းငယ်ထူးဆန်းနေ၏။
ဖာရင်တန်သည်လည်း လက်ရှိတွင် ဖှေး၏ရန်သူဖြစ်သည့် ဂျက်အင်ပါယာမှမင်းသားတစ်ပါးကဲ့သို့ ပြုမူနေခြင်းမရှိပေ။ ဖှေးသည်လည်း သူ၏ရန်သူနှင့်ရင်ဆိုင်နေရသည့်စစ်ရေးခေါင်းဆောင်တစ်ယောက်ကဲ့သို့ ပြုမူနေခြင်းမရှိပေ။ သူတို့သည် မိန်းကလေးများကို မည်ကဲ့သို့ပိုးပန်းသင့်ကြောင်းတိုင်ပင်နေကြသည့် သူငယ်ချင်းများကဲ့သို့ပင်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကိုမြင်ပါက သူတို့နှစ်ယောက်သည် မကောင်းသည့်အစီစဥ်တစ်ခုကို စီစဥ်နေကြသည်ဟုပင် ထင်မှတ်မိမည်ဖြစ်သည်။
တကယ်တန်းတွင်လည်း ဖှေးထိုကဲ့သို့လုပ်ရန်စီစဥ်နေခြင်းပင်။
ဤဘုရင်သည် ရယ်မောလိုက်ပြီး အကြံပြုလိုက်သည်။ “မင်းသိလား အင်ပါယာအရှင်သခင်ဖူဂျီကလည်း စစ်ပွဲကို ဒီလောက်စောစောမစတင်ချင်သေးဘူး။ ဇီးနစ်အင်ပါယာမှာလည်း လောလောဆယ်နိုင်ငံရေးရှုပ်ထွေးနေတယ် နောက်ပြီးငါလဲ ဒီစစ်ပွဲကို မတိုက်ချင်ဘူး။ ငါတို့ အခုလောလောဆယ်ပြန်လိုက်ကြပြီးနောက်တစ်နှစ်နေမှ ပြန်လာကြရင်ရော...”
“အရှင်မင်းကြီးနောက်နေတာပဲဖြစ်ရမယ် အရှင်မင်းကြီး...” ဖာရင်တန်သည် ဖှေး၏မျက်လုံးများထဲသို့ စိုက်ကြည့်ကာ ပြောလိုက်သည်။ သူသည် ရိုးသားမှုကို မြင်လိုက်ရပြီး ဘုရင်သည် နောက်ပြောင်နေခြင်းမဟုတ်ဟုပင် ခံစားလိုက်ရသည်။ ခနတာစဥ်းစားပြီးသည့်နောက်တွင် သူ၏ဦးခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ဒီစစ်ပွဲဘယ်လို ရှေ့ဆက်မယ်ဆိုတာကို မင်းရောငါရော ဆုံးဖြတ်ပိုင်ခွ့င်မရှိဘူး...”
“မင်းကလည်း...” ဖှေးပြန်ပြောလိုက်၏။
သူသည် ဖာရင်တန်၏လက်ထဲမှ ပုလင်းကို ယူလိုက်ပြီး သူ၏ခွက်ထဲသို့ နောက်တစ်ခွက်လောင်းထည့်လိုက်သည်။ ဘုရင်သည် ကောင်းမွန်သည့် သရုပ်ဆောင်တစ်ယောက်ပင်။ သူသည် ခြိမ်းခြောက်သည့်အမူယာတစ်ခုအဖြစ်သို့ပြောင်းလဲလိုက်ပြီး ပြောလိုက်သည်။ “ငါကမင်းထက်အများကြီးပိုပြီးအစွမ်းထက်တယ်လေ။ မင်းကို မသေရုံလောက်တင်ရိုက်နှက်ပြီးတော့ ဖမ်းခေါ်သွားလို့ရတယ်။ မင်းကို ဓားစာခံအနေနဲ့ထားလိုက်ရင် ဂျက်အင်ပါယာကစစ်သည်တွေက အလံနှစ်စုံမြို့တော်ကို တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး။ တကယ်လို လာတိုက်မယ်ဆိုရင် မင်းရဲ့ခြေလက်တွေကိုဖြတ်ပြီးတော့ သူတို့စီပို့လိုက်မယ်...”
ဖာရင်တန်သည် ဤလူအား ခုခံနိုင်ခြင်းမရှိသည်ကို သိရှိသော်လည်း ကြောက်လန့်ခြင်းလဲမရှိပေ။ မျက်နှာပေေါ်တွင် အကူညီကင်းမဲ့သည့်အမူယာတစ်ခုနှင့်အတူ ပြန်ဖြေလိုက်သည်။ “မင်း....မင်းမှာအတော်လေးထူးဆန်းတဲ့အကြံတွေရှိတာပဲ။ ဒါပေမယ့် အဲ့နည်းလမ်းက အလုပ်ဖြစ်မှာမဟုတ်ဘူး...”
သူသည်အရက်ဆက်သောက်လိုက်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။ “မင်းဒီလိုတွေ့တာက အင်ပါယာအရှင်သခင်ဖူဂျီကို ကိုယ်တိုင်မတွေ့ဖူးသေးလို့ပါ။ သူက ရက်စက်ပြီးတော့ ဉာဏ်ပညာရှိတဲ့အင်ပါယာအရှင်သခင်တစ်ယောက်ပဲ။ သူက သူ့ရဲ့သားတစ်ယောက်အတွက်နဲ့ ၂၆လုံးပြင်ဆင်လာခဲ့တဲ့အစီစဥ်ကို စွန့်လွှတ်မှာမဟုတ်ဘူး။ သူက ဒီလိုခြမ်းခြောက်မှုတွေကိုလည်း လက်ခံမှာမဟုတ်ဘူး။ ငါက သူ့မှာ ရှိတဲ့ သား ၁၃၆ယောက်ထဲက တစ်ယောက်ပဲလေ။ င့ါကို အစကတည်းက အဲ့လောက်လဲ ဂရုစိုက်တာမဟုတ်ပါဘူး...”
“မင်းပြောတာလည်း သဘာ၀ကျသားပဲ...” ဖှေးသည် အရက်ထက်ငဲ့ကာ ပြောလိုက်သည်။ “မင်းကို ဖမ်းပြီးတော့ ဓားစာခံအနေနဲ့ ထားလို့မရတော့။ မင်းကိုပဲ သတ်လိုက်မယ်ဆိုရင်ရော။ မင်းမရှိတော့ရင် ဂှက်အင်ပါယာက စစ်သည်တွေလည်း ညီညီညာညာမရှိနိုင်တော့ မင်းတို့စစ်ကူတွေရောက်မလာခင် အကုန်လုံးကို အပြတ်ရှင်းလိုက်လို့ရတယ်လေ...”
“ငါက အင်ပါယာအရှင်သခင်ဖူဂျီရဲ့ သား၁၃၆ယောက်ထဲက တစ်ယောက်ပါပဲဆိုပေမယ့်။ အဲ့လောက်အရေးမပါတာတော့မဟုတ်ပါဘူး။ နောက်ပြီး င့ါဆရာက အင်ပါယာအရှင်သခင်ဖူဂျီကတောင် လေးစားရတဲ့ လူတစ်ယောက်ပဲ။ အဲ့တာကြောင့် မင်းင့ါကို သတ်လိုက်မယ်ဆိုရင် ပျားအုံကို တုတ်နဲ့သွားထိုးသိုဖြစ်နေလိမ့်မယ်။ အဲ့အချိန်ကျရင် အလံနှစ်စုံမြို့တင်မကဘူး ချမ်းဘော့ဒ်တိုင်းပြည်ပါ လက်စားချေတဲ့အနေနဲ့ ဖျက်စီးခံရလိမ့်မယ်။ အလတ်ဇန္ဒား မင်းက အတော်လေးလည်တဲ့လူတစ်ယောက်ပါ။ မင်းင့ါရာထူးနဲ့ င့ါဆရာဘယ်သူလဲဆိုတာကို သိပြီးပြီမလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းင့ါကို နေ့လည်ကတည်းက သတ်ပြစ်နေလောက်ပြီးပေါ့...”
“ဟုတ်ပါတယ်...မင်းက နဂါးဖင်လိုပါပဲ။ မင်းကို ဘယ်သူမှ မထိရဲဘူး....” ဖှေးပြန်ပြောလိုက်၏။
သူသည် လမင်းကြီးကို မော့ကြည့်လိုက်ပြီး ပြုံးနေသည့် ဂျက်အင်ပါယာမင်းသားကို ပြန်လည်စိုက်ကြည့်ကာ အော်ပြောလိုက်သည်။ “မင်းမှန်တယ်။ ငါအလံနှစ်စုံမြို့ကို မလာခင်ကတည်းကအတော်လေးလေ့လာခဲ့တယ်။ ငါမင်းနဲ့ပတ်သက်တာတွေလဲအကုန်သိတယ်။ မင်းရဲ့ဆရာကိုရော မင်းရဲ့စွမ်းအားမြင့်မားတဲ့စီနီယာတွေ၊ ဂျူနီယာတွေကိုရော။ ဆိုးတာက ငါတကယ်လို့ အင်ပါယာအရှင်သခင်ဖူဂျီနဲ့ မင်းရဲ့ဆရာကို စိတ်ဆိုးအောင်လုပ်မိမယ်ဆိုရင် ဇီးနစ်အင်ပါယာက သူတို့ကို ရင်ဆိုင်နိုင်လောက်ပေမယ့်။ ချမ်းဘော့ဒ်ကတော့ မရင်ဆိုင်နိုင်သေးဘူးလေ...”
“ဟားဟား မင်းက ဇီးနစ်အင်ပါယာအပေါ်ကို ထင်သလောက်သစ္စာမရှိဘူးပဲ။ င့ါရဲ့ခေါင်းဆောင်တွေအကုန်လုံးက မင်းကို အင်ပါယာအပေါ်အလွန်သစ္စာရှိတယ်ထင်နေကြတာ။ ဒါပေမယ့် သူတို့မှားသွားတာပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းကဒီအခွင့်ရေးကို လက်လွှတ်ခံမှာမဟုတ်ဘူးလေ။ ချမ်းဘော့ဒ်တိုင်းပြည်ပျက်ဆီးသွားရင်တောင် ဇီးနစ်အင်ပါယာကမင်းကို အတော်လေးမြှောက်ပင့်မှာပဲ။ ဟားဟား မင်းက ငါနဲ့လာတွေ့လို့ ကံဆိုးတယ်ဆိုပေမယ့် ငါကတော့ မင်းနဲ့လာတွေ့တာ ကံကောင်းတယ်ပဲပြောရမှာ တကယ်လို့ ငါသာအင်ပါယာအပေါ်၁၀၀ရာခိုင်နှုန်းသစ္စာရှိတဲ့ အရူးတစ်ယောက်နဲ့လာတွေ့ရင် အခုချိန်သေနေလောက်ပြီလေ...”
ဖာရင်တန်သည် ဤကဲ့သို့ပြောပြီးသည့်နောက်တွင် အတော်လေးနေသာထိုင်သာဖြစ်သွား၏။ သူသည် ဖှေးလောက်စွမ်းအားမြင့်မားခြင်းမရှိပဲ သောင်းနှင့်ချီသည့်လူများ၏ရှေ့တွင် ဖှေးအား ရှုံးနိမ့်ခဲ့သည်။ သို့သော် သူ၏စိတ်ထဲတွင်ရှိသည့်အရာများအားလုံးကို ပြောပြီးသည့်အချိန်တွင် အတော်လေးခံစားချက်ကောင်းသွားသကဲ့သို့ပင်။
“အေး အရှင့်သား ကျွန်တော့ကို ရန်လာမစဖို့သတိပေးရမယ်။ ကျွန်တော်က ဒေါသဖြစ်နေတဲ့အချိန်ဆို ဘာမှမစဥ်စားပဲ လုပ်ပစ်တတ်တယ်နော်...” ဖှေးသည် ဖာရင်တန်ထိုကဲ့သို့ပြောသည့်အတွက် အနည်းငယ်မခံချင်ဖြစ်သွား၏။ သို့သော် သူရုတ်တရက်တစ်စုံတစ်ခုအကြောင်းကို စဥ်းစားလိုက်မိကာ ရယ်မောလိုက်သည်။ “ဟားဟား မင်းရဲ့စစ်သည်ခြောက်သောင်းရဲ့ စားနပ်ရိက္ခာတွေကို ငါမီးရှို့လိုက်ပြီလေ။ မင်းတို့ကောင်တွေအခုချိန်မဆုတ်ခွာဘူးဆိုရင် ဆာလောင်ပြီးသေကုန်လိမ့်မယ်...”
ဖာရင်တန်၏မျက်နှာပေါ်တွင် ကြောင်တောင်တောင်အမူယာတစ်ခုပေါ်လာ၏။ ထို့နောက်တွင် ဒေါဖြစ်သည့်အမူယာအဖြစ်သို့ပြောင်းလဲသွားတော့သည်။
စားနပ်ရိက္ခာသည် ဂျက်အင်ပါယာမှလူများအတွက် အလွန်တန်ဖိုးကြီးလှ၏။ ထိုရိက္ခာများအားလုံးကို ဂျက်အင်ပါယာမှလူများကြိုးစားပြီးမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ ဂျက်အင်ပါယာကဲ့သို့ စိုက်ပျိုးရန်မြေနေရာရှားပါးသည့်အင်ပါယာတွင် ဆန်တစ်စေ့သည့်အရွယ်စားတူညီသည့် ရွှေတစ်စေ့ထက်ပင် ပို၍ တန်ဖိုးကြီးမားသည်ဟုဆိုနိုင်၏။ ထို့ကြောင့် စားနပ်ရိက္ခာများစွာပို မီးရှို့ပစ်လိုက်ခြင်းသည် ဤမင်းသား၏ နှလုံးသားထဲအား ဓားတစ်ချောင်းထိုးသွင်းကာ မွေလိုက်သကဲ့သို့ပင်။
“အား အတော်လေးတောင်နောက်ကျနေပေါ့။ ငါတို့တွေဆက်ပြီးကားပြောနေမယ်ဆိုရင် ငါတို့လက်အောက်ကခေါင်းဆောင်တွေ၊ စစ်သည်တွေလန့်ဖြန့်ကုန်လိမ့်မယ်။ အဲ့တာတွေအပြင်ကို ငါတို့က မတူညီတဲ့လူတွေပါ...” ဖှေးသည် မက်တပ်ထကာ အကြောဆန့်လိုက်၏။ သူသည် ကျန်ရှိနေသည့် အရက်ပုလင်းကို သူ၏ ထားသိုရာအကန့်ထဲသို့ပြန်ထည့်ကာ အကြံပေးလိုက်သည်။ မြို့တော်ကို သုံးရက်လောက်မသိမ်းသေးနဲ့ဦး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမင်းတို့စခန်းထဲကရေကိုအဆိပ်ခတ်တာဖြစ်ဖြစ်ဆိုး၀ါးတဲ့အရာတစ်ခုကို လုပ်လိုက်မိမယ်...”
ဖာရင်တန်၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။
သို့သော် သူစဥ်းစားကြည့်ပြီးသည့်နောက်တွင် ရယ်မောလိုက်ကာ။ “အလံနှစ်စုံမြို့တော်နဲ့ ငါတို့ စခန်းက တူညီတဲ့မြေအောက်ရေစီးကြောင်းကိုအသုံးပြုတာလေ။ ငါတို့ရေအဆိပ်ခတ်ခံရရင်မင်းတို့လူတွေလဲမိမှာပေါ့။ ဟားဟား...”
“လီး...” ဖှေးအော်လိုက်မိသည်။
ဖှေးသည် မြို့တော်စိန့်ပီတာစဘာ့်တွင်ရှိခဲ့စဥ်က မောပန်းကာ အနေကြပ်ခဲ့သော်လည်း သူ၏ရန်သူမင်းသားနှင့်စကားပြောနေရသည့်အချိန်တွင်အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် လွတ်လပ်သလိုခံစားနေရ၏။ သူသည် ဤမင်းသားအား ပြန်ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ ငါ့မှာက ဖြေဆေးရှိပါတယ်...”