← Chapters

အခန်း (၄၉၉)

Vol. 32 Ch. 499

အခန်း (၄၉၉)

Vol. 32 Ch. 499

ဖှေးတွင် ဖြေဆေးရှိသော်လည်း သူမြေအောက်ရေအား အဆိပ်ခတ်လို့မရပေ။ ဤဒေသတွင် မြေအောက်ရေတော်တော်များများသည် ဆက်ဆက်နေသဖြင့် နှစ်ဖက်လုံးမှ အပြစ်ကင်းသည့်မြို့သူမြို့သားများကို အဆိပ်ခတ်မိမည်ကို စိုးရိမ်သည့်အတွက်ပင်။

သို့သော် ကောင်းသည့်ဘက်မှ တွေးပါက ဂျက်အင်ပါယာမှ စစ်သည်များသည်လည်း ဤကဲ့သိုနည်းလမ်းကို အသုံးပြုနိုင်မည်မဟုတ်ပေ။ သို့မဟုတ်ပါက ဇီးနစ်ထဲတွင်ရှိနေကြသည့် သူတို့၏သစ္စာဖောက်များ၊ စပိုင်များ၏အကူညီဖြင့် အလံနှစ်စုံမြို့အတွင်းမှ ရေတွင်းများကို လွယ်ကူစွာအဆိပ်ခတ်နိုင်သည့်အတွက်ပင်။

“အလတ်ဇန္ဒား ဒီစစ်ပွဲသာမရှိဘူးဆိုရင် ငါတို့သူငယ်ချင်းတွေဖြစ်လာလောက်တယ်...” ဖာရင်တန်သည် သူ၏ကောဇောအခင်းကို သိမ်းကာ သက်ပြင်းချလိုက်၏။

“အဲ့တာက အခုချိန်မှာ အရေးမပါတော့ပါဘူး။ စစ်ပွဲက စပြီးနေပြီလေ အဲ့လိုဖြစ်နိုင်တယ်လို့ ငါမထင်ဘူး။” ဖှေးပြောလိုက်၏။ ခနအကြာတွင် သူဆက်ပြောလိုက်သည်။ “ဒါပေမယ့် မင်းက စိတ်၀င်စားဖို့ကောင်းတဲ့လူတစ်ယောက်ပါ။ မင်းသာ အင်ပါယာအရှင်သခင် ဖူဂျီကို စစ်ပွဲရပ်ပေးဖို့ဖျောင်းဖျနိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါသေးတယ်...”

“မဖြစ်နိုင်ဘူး...” ဖာရင်တန် သူ၏ဦးခေါင်းကို ခါရမ်းလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အကူညီကင်းမဲ့သည့်အမူယာတစ်ခုပေါ်လာပြီး သူသည် ဖှေးအားဖျောင်းဖျနိုင်ရန်အတွက် ဆက်လက်ကြိုးစားလိုက်၏။ “ဒါပေမယ့် ငါမင်းကိုတော့ ဂျက်အင်ပါယာထဲ၀င်ဖို့အကြံပေးချင်တယ်။ အင်ပါယာအရှင်သခင်ဖူဂျီက မင်းကို ဂုဏ်သရေရှိတဲ့မြို့စားရာထူးတောင်ပေးလိမ့်မယ်။ အဲ့လိုသာဆို မင်းကဂျက်အင်ပါယာမှာလည်း အာဏာရှိတဲ့လူတစ်ယောက်ဖြစ်လာမှာပဲ။ ချမ်းဘော့ဒ်လဲ ဒီစစ်ပွဲကနေကင်းလွှတ်သွားမယ်။ ငါတို့တွေလည်း မိတ်ဆွေတွေဖြစ်လာနိုင်တာပေါ့...”

ဖှေး သူ၏ဦးခေါင်းကို ခါရမ်းလိုက်သည်။

ဤအခိုက်တန့်တွင် သိုင်းပညာတောင်ထိပ်ပေါ်တွင် ပိန်ပိန်နှင့်အဖိုးကြီးတစ်ယောက်မြေမှုန့်များအဖြစ်ပြောင်းလဲကာ လွှင့်ပျံသွားသည့်မြင်ကွင်းကို ပြန်လည်ကာ မြင်ယောင်လိုက်မိသည်။ ဤမြင်ကွင်းသည် ဘုရင်၏အိမ်မက်များထဲတွင် မကြာခနပြန်လည်မြင်မက်မိသည်အထိုပင် စိတ်ထဲစွဲလမ်းနေ၏။

“င့ါတစ်သက်သာမှာ ဂျက်အင်ပါယာထဲကို ဘယ်တော့မှာ၀င်မှာမဟုတ်ဘူး။ ငါဘယ်လို အန္တရာယ်မျိုးကိုပဲရင်ဆိုင်နေရပါစေ။ အဲ့တာကြောင့် ငါတို့ကအမြဲရန်သူတွေပဲဖြစ်နေလိမ့်မယ်။ မင်းင့ါကို ဖျောင်းဖျနေတာကို ရပ်လိုက်သင့်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမထိန်းနိုင်တော့ပဲ မင်းကို သတ်လိုက်မိလိမ့်မယ်...” ဖှေးသည် ဤမင်သားကို ထိုကဲ့သို့ပြောရင်းဖြင့် အေးစက်စွာပင်စိုက်ကြည့်လိုက်သည်။

ဖာရင်တန်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွား၏။

သူသည် ချမ်းဘော့ဒ်ဘုရင် အလေးနက်ပြောနေကြောင်းကိုခံစားမိသည့်အတွက်ပင်။

“ငါက သူမကြိုက်တဲ့အရာတစ်ခုကို ပြောမိသွားလို့ထင်တယ်။ ငါဆက်ပြောနေမယ်ဆိုရင် သူတကယ်ပဲင့ါကို သတ်လောက်တယ်...” သူတွေးလိုက်မိ၏။

“ငါသူ့ပြာတွေဖုန်းလွှမ်းခဲ့တဲ့ မြေကို ကာကွယ်ပေးမယ်လို့ မိတ်ဆွေတစ်ယောက်ကို ကတိပေးခဲ့တယ်လေ။ အဲ့တာကြောင့် တကယ်လို့ တစ်စုံတစ်ယောက်က ဒီမြေကို ကျူးကျော်လာချင်တယ်ဆိုရင် သူသေဆုံးဖို့အတွက်ကိုအသင့်ပြင်ထားရမယ်...”

ဖှေးဖာရင်တန်အား ဤကဲ့သို့ပြောလိုက်ရင်းဖြင့် သူရဲကောင်းဆန်သလို ခံစားလိုက်ရ၏။

ဤအခိုက်တန့်တွင် သူ၏စိုးရိမ်မှုများအတားဆီးများအားလုံးမရှိတော့သလိုပင်။ သူသည် အလိုရှိပါက အရာအားလုံးကိုပင် ဆုပ်ကိုင်နိုင်သကဲ့သို့ပင်။

“တစ်ယောက်နဲ့တစ်ယောက်ဒီလောက်အကြာကြီး စကားပြောနေတာ ငါတို့နှစ်ယောက်လုံးရူးနေကြလို့ထင်တယ်။ နောက်ဆုံးနှစ်ခုအနေနဲ့ ငါတို့နှစ်ယောက်လုံးမှာ အခက်ခဲတွေရှိနေတဲ့အတွက် လာမည့်သုံးရက်လုံးမတိုက်ခိုက်သေးနဲ့ဦး။ မင်းလဲအစာရေစာတွေပြင်ဆင်ထား။ ငါလဲ င့ါစစ်သည်တွေကို လေ့ကျင့်ပေးရဦးမယ်...”

ဖာရင်တန်စဥ်းစားကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပါပြီ ဒုတိယတစ်ခုကရော...” သူမေးလိုက်သည်။

ဖှေးရယ်မောကာ ပြန်ဖြောလိုက်၏ “မင်းက င့ါရဲ့ပထဆုံးအချက်ကို သဘောတူညီခဲ့တဲ့အတွက် ဒုတိယအချက်က ဘာမှတော့မဟုတ်တော့ပါဘူး။ မင်းင့ါကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို မလုပ်ဘူးဆိုရင်နောက်တစ်ခါတွေ့လည်း ငါမင်းကို သတ်မှာမဟုတ်ဘူး...”

ဖှေးထိုကဲ့သို့ ပြောအပြီးတွင် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။

ဖာရင်တန်သည် ဖှေးပျောက်ကွယ်သွားသည့်နေရာကိုကြည့်နေရင်းဖြင့် သူ၏စိတ်ထဲတွင်ရှိနေသည့်အရာကိုမပြောလိုက်ရပေ။ သူခေါင်းရမ်းကာ သက်ပြင်းချလိုက်ပြီး ဂျက်အင်ပါယာစခန်းထံသို့ပြန်သွားတော့၏။

......

ဖှေးအလံနှစ်စုံမြို့တော်သို့ ပြန်ရောက်သည့်အချိန်တွင် ဂျက်အင်ပါယာစခန်းမှာ အတော်လေးတိတ်ဆိတ်သွားပြီဖြစ်သည်။

“ရန်သူတွေကို မစိုးရိမ်နဲ့။ င့ါမိန့်ကိုပြောလိုက် စစ်သူတွေကို ဒီညကောင်းကောင်းအနားယူပြီးတော့ မနက်မှပဲခံတပ်နံရံပေါ်ကို ကင်းလှည့်တော့။” သူသည် ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့ကဲ့သို့သော လူနှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် ဖှေးသည် ယခုအချိန်တွင် သူ၏ကိုယ်ရံတော်များဖြစ်နေကြသော ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ဟူအက်ခ်နှင့် ကာနော့တ်တို့ကို ပြောလိုက်၏။ “ငါနာရီအနည်းငယ်လောက် အနားယူဖို့လိုဦးမယ်။ မင်းတို့ကောင်တွေ မျှော်စင်ကို စောင့်နေကြပြီး ဘယ်သူ့ကို မှ၀င်ခွ့င်မပြုကြနဲ့...”

“ဟုတ်ကဲ့ပါ...” လူသန်ကြီးလေးယောက်သည် မျှော်စင်မှ ထွက်ခွာသွား၏။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် ဖှေးသိပ်စွမ်းအားမမြင့်သည့် ထောင်ချောက်များကိုလည်း မျှော်စင်အတွင်းတွင် နေရာချထား၏။ သူ၏လူတစ်စုံနမော်နမဲ့ဖြင့် ပြေး၀င်လာမိမည်ကိုစိုးရိမ်သည့်အတွက်ပင်။ ထို့နောက်တွင် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲကာ ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ၀င်လာခဲ့တော့သည်။

သူသည် စွမ်းအားများကိုချက်ချင်းတိုးမြှင့်ရမည်ဖြစ်သောကြောင့်ပင်။

ဒိုင်ယာဘလိုကမ္ဘာထဲတွင် နေ့လည်ခင်းအချိန်ခါဖြစ်နေပြီး မိုးရွာနေကာ အရာအားလုံးသည် မှောင်မိုက်မှုန်မှုန်းနေ၏။

ဖှေး သူပန်စခန်းထဲသို့ ၀င်ရောက်ခဲ့ခြင်းမရှိပေ။ ထိုအစားသူသည် အယ်လီနာအားခေါ်လိုက်ပြီး သူတို့နှစ်ယောက်လုံးသည် စတုတ္တမြောက်မြေပုံဖြစ်သည့် ဟာရိုဂတ်သို့၀င်လာခဲ့ကြသည်။ ဖှေးသည် တတိယမြောက်အလုပ်ဖြစ်သည့် [ရေခဲအကျင်းထောင်]ကို လက်ခံလိုက်ပြီးသည့်နောက်တါင် ဖှေးနှင့်အယ်လီနာတို့သည် ဟယ်ရိုဂတ်မြို့တွင်ရှိသည့် ပေါ်တယ်မှတဆင့် ရေခဲမြစ်ထံသို့ သွားရောက်လိုက်၏။

ဤအလုပ်တွင် ဖှေးသည် အန်ယာဟုအမည်ရသည့် ငယ်ရွယ်သည့် အဂ္ဂိရက်ပညာရှင်ကောင်မလေးတစ်ယောက်ကို ကယ်တင်ရမည်ဖြစ်ပြီး မြို့တော်ထဲတွင်ရှိသည့်လူတိုင်းသည် နောက်ဆုံးကျန်ရှိနေသည့် လူကြီးတစ်ယောက်ဖြစ်သည့် နီးလာသက်ခ်လည်းပါ၀င်နေသည့်ဟု သံသယရှိနေကြ၏။

“ရေခဲမြစ်ကို သွားတဲ့လမ်းက အတော်လေးကျင်းတော့ ငါတို့တွေဂရုစိုက်ရမယ်။ ငါတို့ တွေ မကောင်းဆိုး၀ါးတွေနတ်ဆိုးတွေ ၀ိုင်းတာခံလိုက်ရမယ်ဆိုရင် သေသွားနိုင်တယ်။” လက်ထဲတွင်ထားနှစ်ကိုကိုင်ကာ ခရစ်စတယ်လမ်းထဲကို ၀င်လာရင်းဖြင့် ဖှေးအယ်လီနာအား သတိပေးလိုက်သည်။

အယ်လီနာလည်း ခေါင်းငြိမ့်ပြလိုက်သည်။

ခရစ်စတယ်လမ်းသည် ယခင်က ခြောက်သွေ့သည့် မြစ်ကြမ်းပြင်တစ်ခုဖြစ်ပြီး လက်ရှိတွင် ရေခဲများဖြင့် ရေခဲနေ၏။ ရေခဲများသည် နေရာအနှံ့တွင်ရှိနေသောကြောင့် ဤကဲ့သို့ နာမည်ပေးထားခြင်းပင်။

ဤနေရာသည် မှောင်မှိက်အေးစက်ကာ လမ်းကြောင်းသည်လည်း အဆုံးမဲ့သည့် ၀င်္ကဘာတစ်ခုကဲ့သို့ပင် မှောင်မိုက်နေ၏။ ဤလမ်းထဲတွင် မကောင်းဆိုး၀ါးများစွာရှိနေပြီး သူတို့အားလုံးသည် စွမ်းအားမြင့်မားကြသည်။ သို့သော် ဖှေးနှင့် အယ်လီနာတိုအား အန္တရာယ်မပေးနိုင်ပေ။

ဖှေး၏မျက်လုံးထဲတွင် အတွေ့ကြုံအမှတ်မျာသာပင်။

သူသည် အပြင်ကမ္ဘာတွင် ဖိအားများစွာနှင့်ရင်ဆိုင်နေရသည့်အတွက် ချစ်ခင်သည့်လူများကို ကာကွယ်နိုင်ရန်သူ၏စွမ်းအားများကို မြှင့်တင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူရိုင်းဇာတ်ကောင်အပေါ်တွင်သာ အာရုံစိုက်နေမိခဲ့သည်။ ဤဇာတ်ကောင်သည် သာမန်ခက်ခဲမုုတွင်အမြင့်ဆုံး လယ်ဗယ်ဖြစ်သည့် လယ်ဗယ်၉၉သို့ရောက်ရှိရန် လယ်ဗယ်၁၁ခုသာ လိုတော့၏။ ထိုသို့ရောက်ရှိပါက ဖှေးသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ယူဆထားသည်။

ခရစ်စတယ်လမ်းကြားသည် ရှည်လျားသည့်အတွက် ဖှေးလမ်းအဆုံးကိုပင် မမြင်ရပေ။

ဖှေးနှင့် အယ်လီနာတို့သည် သူတို့ထံသို့ ခုန်၀င်လာနေသည့် မကောင်းဆိုး၀ါးများကို သတ်ဖြတ်ပြီးသည့်အချိန်တွင် အန်ယာ၏ ခြေရာလက်များကို ရှာဖွေကြသည်။

သွေးများအရိုးများကို နေရာအနှံ့တွင်မြင်နေရပြီး ဖှေးနှင့်အယ်လီနာတို့သည် တစ်ခါတစ်ရံတွင် သေဆုံးသည်အထိအနှိပ်စက်ခံထားရသည့်လူရိုင်းစစ်သည်များကိုလည်း တွေ့ရှိနေရ၏။

All Chapters