← Chapters

အခန်း (၅၀၀)

Vol. 32 Ch. 500

အခန်း (၅၀၀)

Vol. 32 Ch. 500

“ဟားဟား မဆိုးဘူး။ အံ့သြစရာပဲ။ ဒီအလုပ်ကနေရတဲ့ ဆုတွေကတော့ စိတ်ကျေနပ်စရာပဲ...” ဖှေးသည် ဦးဆောင်းအသစ်ကို ၀တ်ဆင်ကြည့်ပြီးသည့်အချိန်တွင် ကျေနပ်နေ၏။

“အလတ်ဇန္ဒား။ ငါလဲ မျက်နှာဖုံးတစ်ခုလိုတယ်။” ဖှေး၏ဘေးတွင် အမြဲတန်းတိတ်ဆိတ်စွာရပ်နေလေ့ရှိသည့် အယ်လီနာသည် ရုတ်တရက်ပြောလိုက်၏။

“မျက်နှာဖုံးတစ်ခုလား။ ဘာလို့လဲ...” ဖှေးသည် အံ့သြကာ စိတ်၀င်စားသွား၏။

ဤသည်မှာ ပထမဆုံးအနေဖြင့် အယ်လီနာသည် ဖှေးထံမှ တစ်စုံတစ်ခုတောင်းဆိုဖူးခြင်းပင်။

“ငါ့မျက်နှာကို နင့်ကိုပဲမြင်စေချင်တယ်...” အယ်လီနာသည် တိုက်ရိုက်ပင်ပြန်ဖြေလိုက်သည်။ သူမ၏ အဖြေသည် သူမ၏စိတ်နေစိတ်ထားအတိုင်းပင်။ ရိုးရှင်းကာ တိကျ၏။

ဖှေးအနည်းငယ်အံ့သြသွားသည်။ သူသည် ဤကဲ့သို့သော အဖြေမျိုးကို ထင်မထားခဲ့ပေ။

ခနတာစဥ်းစားပြီးသည့်နောက်တွင် သူသည် တစ်စုံတစ်ခုအား လျှစ်လျူရှုနေမိခဲ့ကြောင်းကို သဘောပေါက်သွား၏။

အယ်လီနာသည် သူပုန်းပန်းကလေးဟုတင်စားခံရသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် အလွန်လှပ၏။ သူမသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် မကောင်းဆိုး၀ါးများနှင့် တိုက်ခိုက်ရင်းကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်သောကြောင့် သူမတွင်ရဲရင့်သည့်အရှိန်၀ါတစ်ခုလည်းရှိနေ၏။

အယ်လီနာကဲ့သို့သော အမျိုးတစ်မီးတစ်ယောက်ကို အပြင်လောကတွင် နတ်သမီးတစ်ပါးဟုပင် တင်စားကြမည်ဖြစ်ပြီး သူမအား လူပေါင်းများစွာအာရုံစိုက်ကြမည်မှာ ထုံးစံအတိုင်းပင်။

အဖွဲ့၀င်တိုင်းပြည်များ၏ စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲတွင် အယ်လီနာသည် သူမ၏ ထူးခြားသည့်အရှိန်၀ါနှင့်လှပသောရုပ်ဆင်းသွင်ပြင်ကြောင့် ပရိသတ်များစွာရရှိခဲ့သည်။

သို့သော် သူမသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ကြီးပြင်းလာခဲ့စဥ်ကတည်းက လူအနည်းငယ်ဖြင့်သာ ဆက်ဆံခဲ့ဖူးသည့်လူတစ်ယောက်ပင်။ သူမသည် လူစိမ်းများနှင့် စကားပြောရမည်ကို မနှစ်သက်ပဲ စိုက်ကြည့်ခံရမည်ကိုလည်း မနှစ်သက်လှပေ။ သူမသည် တစ်ယောက်ထဲနေခြင်းဖြင့်သာ အသားကျသည့်လူတစ်ယောက်ဖြစ်သောကြောင့် ရင်းနှီးသည့်လူများ၏အနီးတွင်သာ နေထိုင်လိုသည့်ကောင်မလေးပင်။

လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရခြင်းသည် အယ်လီနာအတွက် စိတ်ရှုပ်စရာတစ်ခုပင်။

ဖှေး၏မျက်နှာပေါ်မှ မျက်နှာဖုံးကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ကောင်းမွန်သည့်ဖြေရှင်းချက်တစ်ခုဖြစ်ကြောင်းသဘောပေါက်လိုက်၏။

အယ်လီနာသည် သူမ၏မျက်နှာကို သူတစ်ယောက်ထဲကိုသာ မြင်စေချင်ကြောင်းပြောလိုက်သည့်အတွက်ကြောင့် ဘုရင်သည် ဂုဏ်ယူ၀င့်ကြွားကာ အချစ်ခံရသလို ခံစားလိုက်ရ၏။ ဖှေးခေါင်းထဲသို့ ကောင်းမွန်သည့်အတွေးများစွာ၀င်လာပြီး အယ်လီနာ၏ အေးစက်နေသောလက်များကိုကိုင်ကာ ပြုံးလိုက်သည်။ “အမ်ပါ။ ငါနင်ပျော်အောင် ဘာမဆိုလုပ်ပေးပါ့မယ်...” သူပြောလိုက်၏။

ဒိုင်ယာဘလိုကမ္ဘာထဲတွင် မျက်နှာဖုံးများကို မြင်တွေ့ရန်မှာရှားပါးလှပြီး အများစုမှာ မလှပသည့်အတွက်ကြောင့် အယ်လီနာနှင့်မလိုက်ဖက်ချေ။

ဖှေးတွင် အမျိုးသမီးပန်းပဲဆရာ ချယ်စီလုပ်ပေးထားသည့်မျက်နှာဖုံးတစ်ချို့ရှိပြီး ထိုမျက်နှာဖုံးများသည် မဟူရာသတ္တုများ၊ နတ်ဆိုးအကြွင်းကျန်များဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့်အတော်တန်ကောင်းမွန်၏။ သို့သော် ထိုအရားများသည် ဖှေးသူ၏ တစ်ခြားဇာတ်ကောင်များ၏ သရုပ်မှန်ကို လျို့၀ှက်ထားရန်အတွက်အသုံးပြုသည့်မျက်နှာဖုံးများဖြစ်သော ကြောင့် အယ်လီနာ၏မျက်နှာနှင့် မတော်ပေ။

“ဟင် ဒါက” ဖှေးသည် ရုတ်တရက် ရိုးရှင်းသည့် အမဲရောင်မျက်နှာဖုံးတစ်ခုကိုတွေ့လိုက်မိ၏။

ဤမျက်နှာဖုံးသည် အလွန်ရိုးရှင်းလှပြီး အမည်မသိသည့် အမဲရောင်၀တ္တုတစ်ခုခုဖြင့်ထုတ်လုပ်ထားသည်။ ဘဲဥပုံသဏန်ရှိနေပြီး အပေါက်သုံးခုသာ ပါရှိ၏။ ဤမျက်နှာဖုံးကို ဖှေး သူပုန်စခန်းမှ နောက်ဆုံးခေါင်းဆောင်ကြီး အေဒရီရယ်ကို သတ်ဖြတ်ခဲ့စဥ်ကရရှိခဲ့ခြင်းဖြစ်ကြောင်းကို သတိရလိုက်သည်။

ဤမျက်နှာဖုံးတွင် နာမည်မရှိပေ။ ဖှေး ထိုမျက်နှာဖုံး၏ ဂုဏ်သတ္တိများကိုလည်း ကြည့်ရှုစစ်ဆေးနိုင်ခြင်းမရှိပေ။

ဖှေး တစ်ခြားမကောင်းဆိုး၀ါးများကို သတ်ဖြတ်ရာမှရရှိခဲ့သည့် မျက်နှာဖုံးများနှင့် အလွန်ပင် ကွဲပြားပြီး မည်သည့်နေရာတွင် ဤမျက်နှာဖုံးကို အသုံးပြုရမည်ကိုလည်းသူ မသိချေ။ ဤမျက်နှာဖုံးသည် အေဒီရယ်၏ မျက်နှာပုံပျက်သွားပြီးနတ်ဆိုးတစ်ကောင်ဖြစ်မလာမှီအချိန်တွင် အသုံးပြုခဲ့သည့်မျက်နှာဖုံးတစ်ခုဖြစ်လိမ့်မည်ဟု သူယုံကြည်သည်။ သို့သော် ထိုသီအိုရီကို သက်သေပြနိုင်သည့်အချက်လက်တစ်ခုကိုလည်း သူရှာတွေ့ခြင်းမရှိပေ။

“အယ်လီနာ ဒါကိုတစ်ချက်ကြည့်ကြည့်ပါလား...” ဖှေးသည် ထိုမျက်နှာဖုံးကို ထုတ်ယူလိုက်ပြီး အယ်လီနာကို ပေးလိုက်၏။

အယ်လီနာ၏မျက်နှာပေါ်တွင် စိတ်၀င်စားသည့်အမူယာတစ်ခုပေါ်လာ၏။ မျက်နှာဖုံးသည်အနည်းငယ်ရုပ်ဆိုးနေသော်လည်း သူမစိတ်မရှိချေ။ ဖှေးထံမှ ရရှိသည့်အရာတိုင်းသည် သူမ၏ မျက်လုံးထဲတွင် ရတနာတစ်ခုပင်။ သူမခနတာကြည့်ပြီးသည့်အချိန်တွင် တွန်ဆုတ်ခြင်းမရှိပဲ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်စွာ၀တ်ဆင်ကြည့်လိုက်၏။

“ဟမ် ဒီမျက်နှာဖုံးက င့ါကို ထူးဆန်းတဲ့ခံစားချက်တစ်ခုပေးနေတယ်...”

အယ်လီနာသည် သူမ၏ ပါးစပ်ကိုဖွင့်ပြီးတစ်စုံတစ်ခုပြောရန်ပြင်လိုက်သည့်အချိန်တွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။

အမဲရောင်မျက်နှာခုံးသည် အယ်လီနာ၏မျက်နှာပေါ်သို့ ရောက်လျှင်ရောက်ခြင်းပင် အသက်၀င်လာသကဲ့သို့ စတင်ကာ လှုပ်ရှားလာတော့၏။ ထူးဆန်းသည့်အမဲရောင်အရာ၀တ္တုသည်ပျော့ပျောင်းသွားပြီး အရည်တစ်ခုအဖြစ်သို့ပြောင်းလဲသွား၏။ ထိုအရာသည် အယ်လီနာ၏ ဖြူဖွေးသည့် မျက်နှာပေါ်တွင် စတင်ကာ ရွေ့လျားနေပြီး ပြည့်စုံစွာပင် ဖုံးကွယ်သွား၏။

အယ်လီနာသည် ဤအရာများကို ခံစားရသည့်ပုံမပေါ်ချေ။

ခနတာကြာသည့်အချိန်တွင်အမဲရောင်အရည်များသည် စတင်၍ အေးခဲလာပြီး အသစ်စက်စက်မျက်နှာဖုံးတစ်ခုသည် အယ်လီနာ၏မျက်နှာပေါ်သို့ ရောက်ရှိလာ၏။ ဤမျက်နှာဖုံးသည် ယခင်အတိုင်းပင် ရိုးရှင်းသည့်အသွင်ပြင်ရှိနေဆဲပင်။ သို့သော် ယခုအချိန်တွင်မူ အယ်လီနာ၏မျက်နှာပေါ်တွင်ပြီးပြည့်စုံစွာပင် ၀တ်ဆင်ထားပြီး အယ်လီနာ၏ မျက်နှာအရွယ်စားအတိုင်းပြုလုပ်ပေးထားသည့်မျက်နှာဖုံးတစ်ခုကဲ့သို့ပင်။ အယ်လီနာ၏ နောက်ထပ်အရေပြားတစ်ခုကဲ့သို့ပင်။

“ဒီမျက်နှာဖုံးက ငါအရင်တုန်းက ပျောက်သွားတဲ့အရာတစ်ခုလိုမျိုးခံစားနေရတယ်။” အယ်လီနာသည် သူမ၏မျက်နှာကို ထိကြည့်ကာ ပြောလိုက်၏။ သူမသည် တစ်ချိန်တည်းမှာပင် အနည်းငယ်ရှုပ်ထွေးကာ ပျော်ရွှင်နေသလိုပင်။ သူမသည် ဤမျက်နှာဖုံးကို ရရှိလိုက်သည့်အတွက်အလွန်ပျော်ရွှင်နေသကဲ့သို့ပင်။

ယခုအချိန်တွင် ဖှေးသည် အယ်လီနာမမြင်နိုင်သည့် စာလုံးများကိုမြင်နေရ၏။ ထိုစာလုံးများသည် ဤမျက်နှာဖုံး၏ နာမည်ကို ဖော်ပြေနေ၏။ [သူပုန်ပန်းအတွက်ဆုတောင်းခြင်း]

သို့သော် ဖှေးသည်နာမည်ကိုသာ မြင်နိုင်ပြီး ဂုဏ်သတ္တိများကိုမူ မြင်နိုင်ခြင်းမရှိသေးပေ။

“ငါဒီမျက်နှာဖုံးကို ထိန်းချုပ်နိုင်သလို ခံစားနေရတယ်...” အယ်လီနာထိုကဲ့သို့ပြောပြီးနောက်တွင် သူမ၏ မျက်နှာပေါ်တွင် အမဲရောင်မီးတောက်တစ်ခုပေါ်လာပြီး မျက်နှာဖုံးတစ်ခုလုံးသည် ဘယ်တုန်းကမှမရှိခဲ့သလို ပျောက်ကွယ်သွားတော့၏။

ဖှေးသည်အလွန်ပင်ထိတ်လန့်အံ့သြသွားသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေ၏။

“ကျေးဇူးပါ အလတ်ဇန္ဒား။ ငါဒီမျက်နှာဖုံးကို အတော်လေးသဘောကျတယ်...”

သူမထိုကဲ့သို့ပြောပြီးသည့်နောက်တွင် အယ်လီနာသည် ဖှေး၏လည်ပင်းကို ပွေ့ဖက်လိုက်ကာ ပါးပြင်ကို နမ်းလိုက်၏။ ထို့နောက်တွင် သူမ၏ ချစ်ခြင်းများ၊ ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေသည့်မျက်လုံးများဖြင့် ဖှေးကို စိုက်ကြည့်လိုက်၏။

......

နောက်ထပ်အလုပ်သည် [ဟာရိုဂတ်၏ သစ္စာဖောက်ဖြင်း]ပင်။

နီးလာသက်ခ်သည် ဟာရိုဂတ်အား သစ္စာဖောက်ခဲ့ပြီး သူသည် ရှေးကျသည့်မျိုနွယ်များ၏ အမွေနစ်ကို ခိုးယူခဲ့သည်။ ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာထဲတွင်ရှိနေသည့်လူတိုင်းအတွက် သတင်းဆိုးတစ်ခုပင်။ အကယ်၍ နီးလာသက်ခ်သည်သာ နတ်ဆိုးသခင်ကြီး ဘေးလ်ထံတွင်အညံ့ခံခဲ့ပါက ဘေးလ်သည် အေးရိတောင်အား စွမ်းအားမြင့်မားသည့် လူရိုင်းကာကွယ်စောင့်ရှောက်သူကြီးသုံးယောက်ကို အနိုင်ယူစရာမလိုပဲဖြတ်ကျော်သွားနိုင်မည်ဖြစ်သည်။

ဖှေးနှင့် အယ်လီနာတို့အတွက်အလုပ်မှာ နီးလာသက်ခ်အား တားဆီးရန်ဖြစ်သည်။

ဤအလုပ်သည် နောက်ထပ်သုံးနာရီခန့်ကြာမြင့်၏။ ထိုနေရာသို့ သွားသည့်လမ်းတစ်ယောက်သည် ဖှေးနှင့် အယ်လီနာတို့နှစ်ယောက်လုံးသည် သူတို့၏မျက်နှာဖုံးအသစ်များကို၀တ်ဆင်သွားကြ၏။ အယ်လီနာသည် သူမမျက်နှာဖုံး၏ ပုံပန်းသွင်ပြင်ကို စိတ်ဖြင့်လိုသလို ထိန်းချုပ်နိုင်သည့်အတွက် ဖှေးအနည်းငယ်မနာလိုနေ၏။ ဖှေးအသစ်ရရှိထားသည့်မျက်နှာဖုံးထက်ပင် ပိုမိုက်နေသောကြောင့်ပင်။

သူတို့နှစ်ယောက်သည် ဒေါသခန်းမဆောင်နှင့် နာကျင်မှုခန်းမဆောင်တို့ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ဤအဖိုးကြီး နီးလာသက်ခ်၏ ဘုရားကျောင်းကို တွေ့လိုက်ရ၏။

လူရိုင်းများကို သစ္စာဖောက်သွားသည့်အဖိုးကြီးသည် အောက်လမ်းဆရာဇာတ်ကောင်၏အစွမ်းတစ်ခုဖြစ်သည့် အလောင်းဖောက်ခွဲခြင်းအစွမ်းကို သင်ယူထား၏။ သို့သော် သူသည် ဖှေးအတွက် အလွန်အားနည်းလွန်းနေ၏။ ဖှေးနှင့် အယ်လီနာတို့သည် ဤခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်ကာ လျင်မြန်စွာပင် သတ်ဖြတ်နိုင်ခဲ့၏။

သို့သော် သူတို့သည် ရှေးကျသောအမျိုးနွယ်များ၏အမွေနှစ်ပစ္စည်းကို ရှာတွေ့ခဲ့ခြင်းမရှိပေ။

နီးလာသက်ခ်သည် ထိုအမွေနစ်အား ဘေးလ်အား ပေးလိုက်ပြီးဖြစ်ကြောင်းကို ဖှေးကြိုသိထားပြီးဖြစ်သောကြောင့် ဤရလဒ်ကို ကြိုတွေးပြီးသားဖြစ်သည်။

သို့သော် ဖှေးသည် ဆုလာဘ်များရရှိနေဆဲပင်။

သူတိူ့နှစ်ယောက် ဟာရိုဂတ်သို့ပြန်လည်ရောက်ရှိသည့်အတွက် ဖှေးအန်ယာအား တွေ့လိုက်သည်။ ဆုလာဘ်သည် အသုံးမ၀င်သောကြောင့်ပင်။ အန်ယာသည် ဖှေးအား ပစ္စည်းတစ်ခုတွင် သူ၏နာမည်ရေးထိုးနိုင်ရန်အတွက် ကူညီပေးမည်ဖြစ်သည်။

ဖှေဤဆုလာဘတ်ကို လက်ရှိတွင်မယူသေးပေ။ သူသဘောကျသည့် ပစ္စည်းတစ်ခုကို ရရှိသည့်အချိန်မှသာ အန်ယာထံသို့ ထက်မံလာရောက်မည်ဖြစ်သည်။

ဖှေး၏လူရိုင်းဇာတ်ကောင်သည်လည်း လယ်ဗယ်၉၀တွင်ရှိနေဆဲပင်။ သို့သော် ဖှေးသည် ကြယ်အဆင့်လောကတွင် ပြိုင်ဘက်ကင်းနေပြီဆိုသည့်အဓိပ္ပါယ်ပင်။ ဖှေးမမှားပါက သူ၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၁ အနိမ့်တန်း လသစ်အဆင့်စစ်သည်တစ်ယောက်ကိုပင် ကောင်းမွန်စွာ ယှဥ်ပြိုင်တိုက်ခိုက်နိုင်နေပြီဖြစ်သည်။

ဤသည်မှာ ဖှေးငါးနာရီအတွင်းတွင်ရရှိခဲ့သည့်ဆုလာဘ်များထဲမှ အကောင်းဆုံးအရာတစ်ခုပင်။

ဤအရာများပြီးသွားသည့်နောက်တွင် ဖှေးသည် လယ်ဗယ်မြှင့်တင်ရန်အတွက် မကောင်းဆိုး၀ါးများကို ဆက်လက်သတ်ဖြတ်ခြင်းမပြုတောပေ။ သူသည် သူပုန်စခန်းကိုပြန်လိုက်ပြီး ကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့၏ သတင်းပို့ချက်များကို အယ်လီနာမှတဆင့်နားထောင်လိုက်သည်။ ထို့နောက်တွင် အလံနှစ်စုံမြို့တော်သို့ပြန်လာခဲ့တော့သည်။

......

ဖှေးပြန်ရောက်သည့်အချိန်တွင် နေထွက်ခါနီးအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။

ဤသည်မှာ တစ်နေ့တာလုံးအတွက် အမှောင်မှိက်ဆုံးအချိန်တစ်ခုပင်။

သူသည် ဤကဲ့သို့အချိန်မျိုးတွင် သူ၏ဇနီးလောင်းကို ပွေ့ဖက်ကာ အိပ်စက်လေ့ရှိသော်လည်း ယခုအချိန်တွင်မူ အနောက်ဘတ်ဂိတ်တံခါးအနီးရှိ မျှော်စင်ထဲတွင် ထိုင်ကာ နိုးနေ၏။

တကယ်တန်းတွင် သူဤကမ္ဘာသို့ ရောက်ရှိသည့်အချိန်ကတည်းက သိပ်ပြီးအိပ်စက်ခြင်းမရှိခဲ့ပေ။ သူသည် တစ်ညတွင် လေးနာရီသာအိပ်စက်လေ့ရှိသည်။ သူသည် နေ့ခင်းဘက်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်ဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည် ဤနိုင်ရာစားလောကကြီးထဲတွင် ရှင်သန်နိုင်ရေးအတွက် တစ်ချိန်လုံးကြိုးစားနေခဲ့ရသည်။ ညအချိန်သို့ရောက်ရှိပြီး သူ၏ဘေးတွင်ရှိသည့်လူတိုင်းအိပ်စက်သည့်အချိန်တွင်မူ သူသည် စွမ်းအားကိုမြှင့်တင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ရောက်ကာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်ရ၏။

သူဤကဲ့သို့ နေထိုင်မှုပုံစံကို နေထိုင်နိုင်ရန်အတွက် သက်လုံစွမ်းလုံလုံလောက်လောက်ရှိသည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။

အကယ်ဤမြေကမ္ဘာပေါ်တွင်သာဖြစ်ပါက ဖှေးသည် ဆိုး၀ါးသည့်အခြေအနေတစ်ခုတွင်ရောက်ရှိနေမည်ဖြစ်ပြီး ဒုက္ခသည်တစ်ယောက်နှင့်ပင် တူနေမည်ဖြစ်သည်။

သူသည် အိပ်စက်ချိန်အနည်းငယ်သာရှိသော်လည် သူ၏ခန္ဓာကိုယ်မှာအားအင်ပြည့်၀ကာ ဦးနောက်သည်လည်း ကြင်လင်နေလျှက်ရှိသည်။ သူသည် အနည်းငယ်မောပန်းနေသလိုခံစားနေရသော်လည်း အိပ်စက်၍မရသေးပေ။

All Chapters