← Chapters

အခန်း (၅၀၃)

Vol. 32 Ch. 503

အခန်း (၅၀၃)

Vol. 32 Ch. 503

“မလုပ်တော့ပါဘူး။ သူတို့နှစ်ယောက်လုံး မစ်စတာ ရစ်ဘရီရဲ့ဆင့်ခေါ်မှုကြောင့် အရံတပ်ဖွဲ့ထဲကို ၀င်သွားပြီလေ...” ဂျက်စီကာသည် ပြုံးကာ သူ့အကို၏ ပခုံးပေါ်မှ ဖုန်မှုန့်များကို ခါပေးရင်းဖြင့် ပြောလိုက်သည်။ မစ်စတာ အလတ်ဇန္ဒားက အသက်၁၈နှစ်နဲ့ ၅၀ကြားမှာရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားလေးတိုင်းကို လေ့ကျင့်ဖို့အမိန့်ပေးထားတယ်ပြောတယ်။ အဲ့တာကြောင့် သူတို့နှစ်ယောက်ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး...”

“ကောင်းတယ်...” ဟူစကီသည် သူ၏ညီမကိုကြည့်ကာ ပြန်ပြောလိုက်သည်။ ခေါင်းကုတ်လိုက်အပြီးတွင် မျက်နှာတွင် ဂုဏ်ယူသည့်အမူယာတစ်ခုနှင့်အတူ ပြန်ပြောလိုက်သည်။ “အဲ့ကောင်တွေအကုန်လုံးက မကောင်းတဲ့လူတွေပဲ။ အထူးသဖြင့် အဲ့ကိုက်တ်ဆိုတဲ့ကောင်ပေါ့။ သူက ဘာကောင်မို့လို့ င့ါညီမကို မှန်းရဲရတာလဲ...”

မောင်နှမနှစ်ယောက်သည်တစ်ယောက်နှင့်တစ်ယောက်မတွေ့ရသည်မှာ နှစ်လခန့်ကြာပြီဖြစ်သောကြောင့် စကားပြောနေကြ၏။

ဂျက်စီကာသည် အန်ဂျယ်လာနှင့်များစွာတူညီသော်လည်း သူမသည် ပို၍ပွင့်လင်း၏။ သူမသည် ကျယ်လောင်စွာရယ်မောရသည်ကိုနှစ်သက်၏။ သူမ၏ရယ်မောသံသည် သာယာသလိုပင်။

သို့သော် ဟူစကီသည် သူ၏ညီမနှင့် စကားပြောသည်ကို အရှိန်ပါသွားသဖြင့် ဧည့်သည်ဖြစ်သည့် ဖှေးကိုပင် မေ့လျှော့သွား၏။

“ဟမ် ရှင်ကဘယ်သူလဲ။ အီးမိုင်ဒီ ခန့်ညားတဲ့ခေါင်းဆောင်က နင့်ရဲ့ရဲဘော်တစ်ယောက်လား...” သူမအကိုနှင့် ခနတာစကားပြောပြီးသည့်အချိန်တွင် ဂျက်စီကာသည် ရုတ်တရက်ဖှေးကိုမြင်လိုက်မိသည်။

“ဟာ သေစမ်း။ င့ါသူငယ်ချင်းကို မိတ်ဆက်ပေးဖို့မေ့သွားတယ်။ သူ့နာမည်က သူ့နာမည်က...” ဟူစကီသည် ရုတ်တရက်ဖှေး၏နာမည်ကို မသိရသေးကြောင်း သတိရသွား၏။ ထို့ကြောင့် သူသည် ဖှေးထံသို့ လမ်းလျှောက်သွားပြီး ဖှေး၏ပခုံးကို ပုတ်ကာ မေးလိုက်သည်။ “ဟုတ်သားပဲ ညီအကို မင်းနာမည်ပြောဦးလေ...”

ဖှေးရယ်မောလိုက်သည်။ နာမည်မသိသည့်လူတစ်ယောက်ကိုပင် သူ့ညီမအိမ်သို့ အလည်ခေါ်ခဲ့သဖြင့် ဟူစကီအား အလွန်ရိုးသားသည့်လူတစ်ယောက်ဟုတွေးလိုက်မိသည်။ ခနတာတွန့်ဆုတ်သွားပြီးသည့်နောက်တွင် ဘုရင်သည်ရယ်မောကာ ပြောလိုက်၏။ “င့ါကို ဖှေးလို့ ခေါ်လို့ရပါတယ်...”

“ဖှေးလား အတော်ထူးဆန်းတဲ့နာမည်ပဲ။” ဟူစကီသည် သူ့ညီမ၏လက်ကိုကိုင်ကာ မိတ်ဆက်ပေးလိုက်သည်။ “ဂျက်စီကာ ဒါကဖှေး သူက ငါမနေ့ကရခဲ့တဲ့ သူငယ်ချင်းအသစ်တစ်ယောက်ပဲ။ သူကဘုရင်အလတ်ဇန္ဒားလက်အောက်က ခေါင်းဆောင်တစ်ယောက်လေ။ သူကအတော်သဘောကောင်းတယ်။ ဒီကိုလာတဲ့လမ်းမှာ တွေ့ခဲ့လို့ နင့်ရဲ့ပျားရည်ပေါင်မုန့်ကျွေးချင်လို့ခေါ်ခဲ့လိုက်တာ...”

“ဖှေးလား။ ရှင်က ကျွန်မရဲ့ ခပ်တုန်းတုန်းအကိုနဲ့တောင် ပေါင်းနိုင်တယ်ဆိုတော့ အတော်လေးသဘောကောင်းတဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်။ ကျွန်မနာမည်ကတော့ ဂျက်စီကာပါ အီးမိုင်းလ်ရဲ့ ညီမပါ။ ကျွန်မအကိုကြီးက အတော်လေးပေါ့ပေါ့ဆဆနေတတ်တဲ့လူမို့လို့ သူ့ကို စိတ်မရှိပါနဲ့။ အထဲ၀င်လေ...” ဤကောင်မလေးသည် ဖော်ရွေကာ ရှက်ရွံ့နေခြင်းမရှိပေ။ ဖှေးသူမ၏ စိတ်နေစိတ်ထားကို အတော်လေးသဘောကျ၏။ သူတွေးကြည့်လိုက်သည့်အချိန်တွင် သဘာ၀ကျသည်ဟုထင်မိသည်။ ဟူစကီနှင့် သူ၏ညီမတို့မှာ ဆင်းရဲသည့်ပတ်၀န်းကျင်တွင် မွေးဖွားလာခဲ့သဖြင့် သူတို့သည် ငယ်ရွယ်စဥ်ကပင် ရင့်ကျက်နေခဲ့ကြ၏။ ရလဒ်အနေဖြင့် ဂျက်စီကာသည် လှပသည့်အမျိုးသမီးများရှိတတ်သည့်အတိုင်း မာနထောင်လွှားသည့်ဟန်ပန်မရှိပေ။

ဂျက်စီကာသည် အလွန်ကြိုးစားသည့်ကောင်မလေးတစ်ယောက်ပင်။ သူမသည် ဖှေးအတွက် ခုံတစ်လုံးထုတ်ယူပေးပြီးသည့်အနောက်တွင် အနည်းငယ်ခြောက်သွေ့နေသော်လည်း သန့်ရှင်းသည့် ပန်းသီးတစ်ပန်းကန်ကို ယူလာပေးလိုက်၏။ ထို့နောက်တွင် သူမ၏အကိုပေးသည့် ပိုက်ဆံဖြင့် ၀ယ်ယူထားသည့် ဘီယာနှစ်ပုလင်းကိုလည်းယူလာ၏။ ထို့နောက်တွင် မီးဖိုချောင်ထဲသို့၀င်သွားကာ သူမအကို မကြာခနတောင်းဆိုနေသည့် သူမ၏ နာမည်ကြီးပျာရည်ပေါင်မုန့်ကို စတင်ကာ ပြင်ဆင်တော့သည်။

“အီမိုင်းလ် မင်းမှာ အတော်ကောင်းတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ...” ဖှေးသည် ဟူစကီကို အနည်းငယ်အား ကျလိုက်မိသည်။ ဤလူသည် ပျော်ရွှင်ဖွယ်မိသားစုတစ်ခုကို ပိုင်ဆိုင်ထားသည့်အတွက်ပင်။

အစိမ်းရောင်ပန်းသီးများနှင့် ဘီယာပုလင်းများသည် သာမန်မိသားစုများ၏ မျက်လုံးထဲတွင် သိပ်ပြီးမကောင်းမွန်လှသော်လည်း ဤသည်မှာ အီမိုင်းလ်တို့မိသားစုပေးနိုင်သည့် အကောင်းဆုံးများပင်။ ဤဂျက်စီကာဟုခေါ်သည့် ကောင်မလေးသည် ပန်းသီးများကို အလွန်ကြိုက်နှစ်သက်သောကြောင့် သိမ်းထားကာ သူမ၏ အကိုပြန်လာမှ စားသုံးရန်အတွက် ပြင်ဆင်ထားပုံရသည်။ ဆောင်းရာသီကန္တာရထဲတွင် ဤကဲ့သို့သော သစ်သီးများသည် ဆင်းရဲသည့်လူများအတွက် ရှားပါးလှ၏။

“ဟီးဟီး ဟုတ်တာပေါ့။ င့ါညီမကို အနောက်မယ်လ်တာ ဆင်းရဲသားရက်ကွက်ရဲ့ ပုလဲပွင့်လေးလို့ပြောကြတာဟားဟား...” ဤပွင့်လင်းသည့်လူသည် သူ၏ညီမဖြစ်သူအား ဂုဏ်ယူနေသည့်ပုံပင်။

“အီးမိုင်းလ် နင်ဆက်ပြီးတော့ ကြွားနေဦးမည်ဆိုရင် ဧည့်သည်လန့်ပြီးပြန်ပြေးသွားလိမ့်မယ်။” ဂျက်စီကာသည် မီးဖိုချောင်ထဲမှ လှမ်းအော်လိုက်၏။ သူမသည် ဟူစကီအား အကိုဟုခေါ်ရမည့်အစား ပထမနာမည်အတိုင်းခေါ်ရန်သာ နှစ်သက်သည့်ပုံပင်။

“ဟားဟား ဒီပတ်၀န်းကျင်မှာရှိတဲ့လူတိုင်းက င့ါညီမရဲ့ ပျားရည်ပေါင်မုန့်က ဆွေကြီးမျိုးကြီးတွေတောင် မစားရတဲ့ ဟာတစ်ခုဆိုတာကို လူတိုင်းသိကြတယ်...” ဟူစကီဆက်ပြောလိုက်သည်။

ဖှေးအနည်းငယ်ဆွံ့အသွား၏။ “ဒီလူက အတော်လေးရိုးတော့ သူ့ညီမလုပ်သမျှအရာရာတိုင်းကို အကောင်းဆုံးလို့ထင်နေတာထင်တယ်...” သူတွေးလိုက်မိ၏။

ဖှေးနှင့် ဟူစကီတို့သည် ခြံ၀န်းထဲတွင် စကားပြောနေကြ၏။

ဟူစကီသည် ပွင့်လင်းသည့်လူတစ်ယောက်ပင်ဖြစ်ပြီး စိတ်ထဲတွင် ရှိသမျှကို ပြောနေလျှက်ရှိ၏။ အချိန်အများစုသည် ဟူစကီသည် စကားပြောနေသည့်လူဖြစ်ပြီး ဖှေးသည် ပြုံးကာနားထောင်နေရင်းဖြင့် ကြောင်များဖြင့် ဆော့ကစားနေလျှက်ရှိသည်။ ဟူစကီသည် စကားအား ဟိုရောက်ဒီရောက်ဖြင့် ဆွေကြီးမျိုးကြီးများပါ၀င်သည့် အတင်းဖျင်းများ အလံနှစ်စုံမြို့တော်မှ နာမည်ကြီးသည့် ဇာတ်လမ်းများအကြောင်းတို့ကို မျိုးစုံပြောပြနေလျှက်ရှိသော်လည်း ဖှေးနှစ်သက်နေလျှက်ရှိသည်။

ဖှေး၏ ယခင်ဘ၀မှ မိဘများသည် လယ်သမားများဖြစ်သည့်အတွက်ကြောင့် သူ၏မိဘများမဆုံးပါးသွားခင်အချိန်ထိ သူသည် ပျော်ရွှင်စရာကောင်းသည့် ကလေးဘ၀တစ်ခုကိုပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့ ၀ါးခြုံစည်းရိုးများနှင့် တိရိစ္ဆာန်များရှိနေသည့်လေထုကို သဘောကျနှစ်သက်သည်။

အချိန်များသည် တရွေ့ရွေ့ကုန်ဆုံးသွား၏။

နေမင်းသည် ခံတပ်နံရံအောက်သို့ပင်ရောက်ရှိနေပြီဖြစ်သော်လည်း ကောင်းကင်ကြီးသည် ထိုမျှမှောင်မိုက်ခြင်းမရှိသေးပေ။ မီးခိုးခေါင်းတိုင်များမှတဆင့် မီးခုိုများသည် ကောင်းကင်ပေါ်သို့ လွှင့်ပျံလျှက်ရှိပြီး ကလေးများ၊ ကြောင်များ ခွေးများ၏ ဆူညံသံများသည် ရှားပါးကာ ငြိမ်းချမ်းသည့် ကျေးလက်လေထုကို ပေါင်းထည့်ပေးလျှက်ရှိ၏။

“၀ိုး မွှေးလိုက်တာ...” ဟူစကီသည် ကျန်ရှိနေသည့် ဘီဘာကို သောက်လိုက်ပြီးအသက်ရှူကာ အော်ဟစ်လိုက်၏။

ချိုမိန်သည့် ရနှံ့တစ်ခုသည် လေထဲတွင် ပျံ့လွှင့်နေပြီး ဖှေးလည်း အနံ့ရသောကြောင့် ဆာလောင်လာ၏။ ဆွေကြီးမျိုးကြီးများပင် စားသုံးခွင့်မရသည့် ဂျက်စီကာ ပျားရည်ပေါင်မုန့်သည် အဆင်သင့်ဖြစ်တော့မည်ဖြစ်သည်။

မကြာမှီတွင် ဂျက်စီကာသည် ပေါင်မုန့်ဗန်းတစ်ခုနှင့်အတူ ခြံထဲသို့ဆင်းလာခဲ့၏။ အနံ့သည်ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားသည်အတွက် အနီးနားတစ်၀ိုက်မှလူများပင် လှမ်းကြည့်လိုက်ကြသည်။

“ဟားဟား ဂျက်စီကာရဲ့ ပျားရည်ပေါင်မုန့်အနံ့ရနေတယ်...”

“ကြည့်စမ်း အီမိုင်းလ်ပြန်ရောက်နေတာပဲ။ အဲ့တာကြောင့် ဂျက်စီကာ ပျားရည်ပေါင်မုန့်တွေလုပ်နေတာကိုး။ အဲ့တာက ကဗျာပေါ်မှာ အကောင်းဆုံးအစားစာပဲ...”

“ဟီးဟီး အမဂျက်စီကာ ကျွန်မကိုလည်း အဲ့ပေါင်မုန့်ဘယ်လိုဖုတ်ရမလဲဆိုတာကို သင်ပေးရမယ်...”

ဤမောင်နှမနှစ်ယောက်သည် ပတ်၀န်းကျင်နှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်မှာလည်း ထင်ရှားလှသည်။ ဟူစကီသည် ချက်ချင်းပင်အော်ဟစ်လိုက်ပြီး အိမ်နီးခြင်းများကို ပေါင်မုန့်လာမြည်းကြရန်ခေါ်လိုက်၏။ ဤလူသည် အလွန်ရက်ရောသည့်လူတစ်ယောက်ပင်။ မကြာမှီတွင် ခြံ၀န်းထဲတွင် အသက်ရွယ်မျိုးစုံရှိသည့် လူဆယ့်နှစ်ယောက်ဖြင့်ပြည့်သွားတော့၏။

“ဟေး ဂျက်စီကာ ဒီခန့်ညားတဲ့ကောင်လေးက ဘယ်သူလဲ။ အမရဲ့ခင်ပွန်းလောင်းလား...” ဂျက်စီကာထက်နှစ်နှစ်ခန့်ငယ်သည့် ကောင်မလေးတစ်ယောက်သည် ဂျက်စီကာအား စနောက်လိုက်သည်။

“ဟေး နင်အဲ့လိုတွေဆက်ပြောနေမယ်ဆိုရင် နင့်ပါးစပ်ကို ငါပိတ်ပစ်မယ်...” ဂျက်စီကာသည် ထိုကောင်မလေး၏ မျက်နှာကို ဆွဲလိမ်ကာပြောလိုက်၏။ “သူက အီးမိုင်းလ်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ...”

သို့သော် ဂျက်စီကာ၏ ရှင်းပြချက်ကို ဖော်ရွေသည့် အိမ်နီးခြင်းများမှ လက်မခံကြပေ။ ထိုအိမ်နီးခြင်းများသည် ဆင်းရဲကြသော်လည်း ဤလူငယ်သည် ထူးခြားသည့်လူတစ်ယောက်ဖြစ်သည်ကိုမူ သိရှိကြသည်။ သူသည် သာမန်အ၀တ်စားများသာ၀တ်ဆင်ထားပြီး ဆွေကြီးမျိုးကြီးများနှင့် ယှဥ်ကြည့်ပါက ကွဲပြားခြားနားနေသော်လည်း သူ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် နန်းဆန်သည့်အရှိန်၀ါတစ်ခုရှိနေ၏။

“ဂျက်စီကာ အတော်သဘောတဲ့ကောင်မလေးတစ်ယောက်ပဲ။ ကောင်လေး နင်သူ့ကို လက်ထပ်မယ်ဆိုရင် အတော်လေးကံကောင်းမှာပဲ...”

“ဟုတ်တယ် ငါတို့ဂျက်စီကာက ဆင်းရဲ့သားရက်ကွက်ကဆိုပေမယ့် မဟာဘုရားကျောင်းက သူတော်စင်တစ်ယောက်ပြောတာ တစ်ချိန်ကျရင် ဆွေကြီးမျိုးကြီး အမျိုးသမီးတွေတောင် လက်လှမ်းမမှီနိုင်တဲ့ အရှိန်၀ါကြီးတဲ့လူတစ်ယောက်ဖြစ်လာနိုင်တယ်တဲ့။”

ဂျက်စီကာ၏ အဒေါ်နှင့် ဦးလေးကဲ့သို့သော လူများမှ ပြောလိုက်ကြသည်။ သူတို့အားလုံးသည် အထင်လွဲမှားနေကြပုံရ၏။

“ဟေး ဖှေး။ မင်းက င့ါရဲ့ယောက်ဖဖြစ်ဖို့အတွက် အရည်ချင်းပြည့်မှီတယ်လို့တော့ ငါထင်ပါတယ်...” ဟူစကီသည် သူ၏ခေါင်းကို ကုတ်လိုက်ပြီးဖှေးနှင့် ဂျက်စီကာတို့ကို ကြည့်ကာ ပြောလိုက်သည်။

ဖှေးပြုံးသာ ပြုံးလိုက်ပြီး ဘာမှပြန်ပြောခြင်းမရှိပေ။

“ဟာ ဟားဟားဟား လူတွေအများကြီးရောက်နေကြတာပဲ။ ငါနဲ့ ဂျက်စီကာနဲ့ ဒီနေ့စေ့စပ်တော့မည်ဆိုတာ ခင်ဗျးတို့သိနေတာလား။ အဲ့တာကြောင့် ကြိုပြီးရောက်နေကြတာလား။ ကျွန်တော်ခင်ဗျားတို့ကို ကြိုပြီး ကျေးဇူးတင်ထားရမယ်...” ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်လာပြီး ပျော်ရွှင်ဖွယ်လေထုကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

လူတိုင်း၏ မျက်နှာသည် အရောင်ပြောင်းလဲသွား၏။

ဖှေးသည် အသံလာရာအရပ်သို့ကြည့်လိုက်ပြီး စစ်သည်ယူနီဖောင်များနှင့် ခြံ၀န်းအတွင်းသို့ လမ်းလျှောက်၀င်လာနေကြသည့် လူငါးယောက်ကို တွေ့လိုက်မိ၏။

သူတို့အားလုံး၏မျက်နှာပေါ်တွင် အပြုံးများရှိနေကြပြီး ဖိတ်ခေါ်ခြင်းမံရသော်လည်း စိတ်မသက်မသာဖြစ်ဟန်မရှိပေ။

ခေါင်းဆောင်လာသည့်လူငယ်သည် ခပ်ပိန်ပိန်ဖြစ်ပြီး သူ၏ ခါးသည်အနည်းငယ်ကိုင်းနေ၏။ မျက်နှာပေါ်တွင် မာနထောင်လွှားသည့်အမူယာတစ်ခုနှင့်အတူ သူသည် မျောက်တစ်ကောင်ကဲ့သိုပင်။ ထို့အပြင် သူ၏လက်ထဲတွင်လည်း သွေးစွန်းနေသည့် တော၀က်ခြေထောက်တစ်ခုကို ကိုင်ထား၏။

“သေစမ်း မျောက်-နိုက်တ်။ မင်းခွေးသား မင်းက အရံတပ်ဖွဲ့ထဲမှာ မဟုတ်ဘူးလား။ မင်းဘာလို့ င့ါနေရာကိုလာနေတာလဲ။ ထွက်သွားစမ်းကွာ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမင်းကိုဆက်ပြီးတော့ ယဥ်ကျေးနေမှာမဟုတ်တော့ဘူး။” ဟူစကီ၏ တုန့်ပြန်မှုမှာ ရန်လိုလှသည်။ သူသည် မက်တပ်ထလိုက်ပြီး ခြံ၀န်းအတွင်းသို့၀င်လာသည့် လူငါးယောက်ကို အော်လိုက်၏။

“ဟေး ဟူစကီ မင်းကဘာလို့ ရန်လိုနေရတာလဲ။ ဒီနေ့ငါက ဂျက်စီကာကို လက်ထပ်ခွင့်တောင်းဖို့ရောက်လာတာလေ။ ဒီမှာ ငါ့လက်ဆောင်ကို ကြည့်လိုက်။ မင်းဘယ်လိုထင်လဲ...”

မျောက်နှင့်တူသည့် ကိုက်တ်ဆိုသူသည် ဟူစကီအား တွန်းလိုက်ပြီး ဟူစကီသည် အရွယ်စားကြီးမားသော်လည်း အနောက်သို့ချက်ချင်းပင် ယိုင်လဲသွားတော့၏။

All Chapters