အခန်း (၅၀၄)
Vol. 32 Ch. 504
“ဘုန်း...”
ကိုက်တ်သည် တော၀တ်ခြေထောက်ကို ဂျက်စီကာ၏ရှေ့တွင် ပစ်ချကာ ဂုဏ်ယူစွာပြောလိုက်၏။ “ငါကအတော်ကံကောင်းတဲ့လူပဲ။ ဒီနေ့က လေ့ကျင့်မှုပထမဆုံးနေ့လေ။ င့ါကို အဖွဲ့ခေါင်းဆောင်ရာထူးပေးလိုက်တယ်။ ငါက လူ၁၀၀ကို ဦးဆောင်ရမှာ။ နင့်ကို လက်ထပ်ရဖို့အချိန်က အခုရောက်လာပြီထင်တာပဲ။ အဲ့တာကြောင့် င့ါလစာတစ်၀က်လောက်သုံးပြီးတော့ ကန္တာရတော၀က်ခြေထောက်ကို နင့်ဖို့ယူလာခဲ့ပေးတာပဲ။ မြို့ထဲမှာရှိတဲ့ ဆင်းရဲသားတွေက တော၀က်အမွေးကိုတောင် မြင်ဖူးကြတာမဟုတ်ဘူး။ ဟားဟား ဂျက်စီကာ င့ါရဲ့ဇနီးလောင်းလေး။ နင်တော၀က်ခြေထောက်ကို ချက်ပြုတ်ပြီးတော့ အိမ်နီးနားချင်းတွေကို ဖိတ်ခေါ်ပြီးတော့ ငါတို့ရဲ့စေ့စပ်ကြောင်းကို ကြေငြာရအောင်လေ...”
“နင်ကအတော် ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာပဲ...” ဂျက်စီကာသည် တော၀က်ခြေထောက်ကို ပြန်လည်ပစ်ပေးကာပြောလိုက်၏။ “ကန္တာရတော၀က်နဲ့သာသွားပြီးတော့ စေ့စပ်လိုက်...”
“ဟားဟား ဂျက်စီကာ။ နင်ကမတရားပါဘူး။ နင်အရင်တုန်းက င့ါကို အလုပ်အကိုင်မရှိလို့ဆိုပြီး င့ါကို ငြင်းခဲ့တာလေ။ နောက်ပြီးတော့ နင့်အကိုကလည်း စစ်သည်တစ်ယောက်ဆိုတော့ ဘာမှမတတ်နိုင်ခဲ့ဘူး။ အခုတော့မတူတော့ဘူးလေ။ ငါက ဘုရင်အလတ်ဇန္ဒားဦးဆောင်တဲ့အရန်တပ်ဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ ငါက မကြာခင်မှာပဲ ဂျက်အင်ပါယာက ကျူးကျော်လာသူတွေနဲ့တိုက်ခိုက်ရတော့မှာ။ ငါပြောင်းလဲနေပါပြီ ဂျက်စီကာ။ နင်ဘာလို့ င့ါကို လက်မခံသေးတာလဲ...”
မျောက်နှင့်တူသည့် ကိုက်တ်ဆိုသူသည် ရှင်းပြလိုက်၏။ သူသည် ဂျက်စီကာ၏ ရန်စမှုကို လုံး၀ပင် လျစ်လျူရှုလိုက်ကာ ဂျက်စီကာ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်၏။
“ကိုက်တ် မင်းအတော်လေးနောက်ကျသွားပါပြီ။ င့ါညီမ ဂျက်စီကာကို ဆက်ပြီးတော့ မနှေောင့်ယှက်ပါနဲ့တော့။ သူ့မှာ ခင်ပွန်းလောင်းတစ်ယောက်ရှိနေပြီ။ အဲ့တာက သူပဲ...” မျက်နှာပေါ်တွင် ၀က်ခြံများရှိနေသည့် ကောင်မလေးတစ်ယောက်သည် ဖှေးအား ညွှန်ပြကာ ပြောလိုက်၏။ “မစ်စတာဖှေးက ရှင့်ထက်အများကြီးပိုပြီး ခန့်ညားတယ်...”
ကိုက်တ်သည် ထိုကောင်မလေး ညွှန်ပြသည့် နေရာသို့ကြည့်လိုက်ကာ ဖှေးအား မြင်လိုက်ရ၏။
သူသည် ဖှေးအားချက်ချင်းပင် ရန်လိုလာတော့သည်။
သူ၏အရှေ့တွင်ရှိနေသည့် လူသည် သူ့ထက်အဆ၁၀၀ခန့်ပိုမိုကာ ခန့်ညားသည်။ ထိုလူ၏အရှိန်၀ါသည်လည်း သူ့ထက်များစွာပို၍ သာနေ၏။ သူသည်သာ ဂျက်စီကာ၏နေရာတွင်ဆိုပါက ထိုလူအား ရွေးချယ်မိမည်ကို ကိုက်တ်ကိုယ်တိုင်ပင် ၀န်ခံရလိမ့်မည်ဖြစ်သည်။
“မင်း...ဘယ်သူလဲ..” ကိုက်တ်မေးလိုက်သည်။
“ငါက အီမိုင်းလ်အဲ့သူငယ်ချင်းတစ်ယောက်ပါ။ ဒီနေရာကို ဧည့်သည်တစ်ယောက်အနေနဲ့ရောက်နေတာ..” ဖှေးသည် အရသာရှိသည့် ပျားရည်ပေါင်မုန့်တစ်ခုကို စားနေရင်းဖြင့် ပြန်ဖြေလိုက်သည်။ သတိထားခံရမည်စိုးသောကြောင့် သူ၏ခေါင်းကိုပင် မော့ကြည့်ခြင်းမရှိပေ။
“အဲ့တာဆို မင်းကလည်း စစ်ဌာနက လူတစ်ယောက်ပဲပေါ့...” ကိုက်တ်သည် သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ဖှေးအကြောင်းကို ပို၍သိရှိနိုင်ရန်အတွက် ကြိုးစားနေ၏။
“အဲ့လိုပဲပေါ့။ ဒါပေမယ့် ငါက ရာထူးကြီးတဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး...”
အနည်းငယ်စကားပြောကြည့်ပြီးသည့်နောက်တွင် ဖှေးစိတ်အေးသွား၏။ ဤမျောက်နှင့်တူသည့် ကိုက်တ်ဆိုသူသည် သူမည်သူဖြစ်သည်ကိုသိရှိပုံမရပေ။ သူသည် သူ၏အဒေါ်များ၊ ဦးလေးများကဲ့သို့သော လူများနှင့်စကားပြောရသည်ကို နှစ်သက်နေ၏။ အကယ်၍ သူ၏ သရုပ်မှန်ကိုသာသိရှိသွားပါက သူတို့သည် သူ၏အရှေ့တွင် ဤကဲ့သို့ ပေါ့ပေါ့ပါးပါးနေနိုင်ကြမည်မဟုတ်တော့ပဲ ဤရှားပါးသည့်လေထုသည်လည်း ပျောက်ကွယ်သွားလိမ့်မည်ကို စိုးရိမ်သည့်အတွက်ပင်။
ကိုက်တ်ခေါင်းငြိမ့်ကာ သက်ပြင်းချလိုက်၏။
ထို့နောက်တွင် ဤကိုယ့်ကိုယ်အထင်ကြီးနေသည့် အဖွဲ့ခေါင်းဆောင်သည် စတင်၍ ကြွား၀ါတော့သည်။
“အေး ငါထင်ပါတယ်။ မင်းကိုကြည့်ပါဦး အားနည်းလွန်းလို့ ထားတစ်ချောင်းကိုတောင် မနိုင်မယ့်ပုံမပေါ်ဘူး။ မင်းကရှေ့တန်းကိုသွားပြီးတော့ ရန်သူတွေနဲ့တိုက်ခိုက်ပြီး စွမ်းဆောင်ရည်ကို မပြနိုင်လို့ မင်းက စစ်ဌာနမှာ အရှိန်၀ါသိပ်မရှိတဲ့ ရာထူးတစ်ခုပဲရထားတာနေမယ်...” ကိုက်တ်ထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် သူ၏အမူယာသည် ပို၍ပျော်ရွှင်လာ၏။ သူ၏စိတ်ထဲတွင် အရှေ့တွင်ရှိနေသည့် လူသည် သူ့အား ခြိမ်းခြောက်နိုင်ခြင်းမရှိတော့ဟု ယူဆလိုက်သည့်အတွက်ပင်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ဂျက်စီကာအား ပြောလိုက်၏။ “ဒီကောင်က အဲ့လောက်လည်းမကောင်းပါဘူး။ သူကကြည့်လို့ ကောင်းတယ်ဆိုပေမယ့် ရုပ်ရည်နဲ့ နင်တို့လို ကောင်မလေးတွေကို လိုက်လိမ်နေတာလဲဖြစ်နိုင်တယ်လေ...”
ဂျက်စီကာသည်သူ့အား အော်ဟစ်လိုက်ပြီး ဖှေးအား စော်ကားပြောဆိုနေသည်ကို ရပ်တန့်လိုက်သည်။ “ပါးစပ်ပိတ်ထားစမ်းပါ ကိုက်တ် ငါ့အကိုရဲ့သူငယ်ချင်းကို ထပ်ပြီးတော့ မစော်ကားတော့နဲ့...”
“နင်...”
ဂျက်စီကာ၏အကြိမ်ပေါင်းများစွာ ရိုင်းပြစွာဆက်ဆံခြင်းကို ခံလိုက်ရပြီးသည့်နောက်တွင် ကိုက်တ်သည် သိမ်ငယ်သွားသလို ခံစားလိုက်ရ၏။
ယနေ့တွင် သူနှင့်အတူ စစ်သည်တစ်ချို့လည်းပါလာခဲ့ရာ သူသည် သူတို့၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် အရှက်ခွဲခြင်းကိုခံနေရ၏။ ထို့အပြင် ဂျက်စီကာသည် ဖှေးအား ကာကွယ်ပေးနေပြီး၊ ဖှေးသည် ဂျက်စီကာအားဆွဲဆောင်နေသည်ဟု ကိုက်တ်ထင်မြင်နေ၏။ ရလဒ်အနေဖြင့် သူ၏ရင်ထဲတွင် သ၀န်တိုမှုများသည် ပြင်းထန်စွာလောင်မြိုက်နေတော့၏။
သူသည် တော၀က်ခြေထောက်ကို ကောက်ကိုင်ကာ ဂျက်စီကာ ထံသို့ ပစ်ပေးလိုက်သည်။
“ဟီးဟီး ငါပြောတဲ့အရာကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ငါနင်နဲ့ ဒီနေ့သေချောပေါက် စေ့စပ်မှာပဲ။ ဘယ်သူမှ င့ါကို တားဆီးနိုင်မှာမဟုတ်ဘူး။ စစ်ပွဲကလည်းစနေပြီဆိုတော့ မြို့တော်ထဲကအခြေအနေက အရင်ကနဲ့မတူတော့ဘူး။ အရင်က နင့်ရဲ့စောက်ပိန်းအကိုကို စစ်ဌာနက အဆင့်မြင့်အရာရှိတစ်ယောက်လို့ ထင်နေခဲ့တာ။ အခုတော့ သူက တောက်တိုမယ်ရခိုင်းစရာလူတစ်ယောက်လိုပဲဆိုတာကိုသိလာပြီလေ။ ငါသူ့ကို မကြောက်တော့ဘူး။ နင့်အကိုကို နင်တန်ဖိုးမထားဘူးလား။ နင်င့ါကို ဒီနေ့လက်မခံဘူးဆိုရင် မနက်ဖြန်အီမိုင်းလ်ကို ခံတပ်နံရံပေါ်စေလွှတ်လိုက်မယ်။ ကျူးကျော်လာသူတွေ တိုက်ခိုက်တော့မည်ဆိုရင် အီမိုင်းလ်အသက်ရှင်လျှက်ပြန်လာနိုင်ပါ့မလားဆိုတာကို ငါအာမခံနိုင်မှာမဟုတ်ဘူး...”
ကိုက်တ်သည် ပေါက်ကရလျှောက်ပြောနေခြင်းပင်။ သူသည် အရန်တပ်ဖွဲ့၏ လူတစ်ရာပါ၀င်သော အဖွဲ့ခေါင်းဆောင်လေးတစ်ယောက်သာဖြစ်သောကြောင့် အလံနှစ်စုံမြို့တော်၏ ၀ါရင့်စစ်သည်တစ်ယောက်ဖြစ်သည့် ဟူစကီကို အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဟူစကီသည် ရာထူးနိမ့်ပြီးအဆင့်မြင့်အရာရှိများ၏ ခိုင်းဖော်ခိုင်းဖက်ကဲ့သို့ဖြစ်နေသော်လည်း သူသည် မြို့တော်၏ မူလစစ်သည်တစ်ယောက်ဖြစ်နေဆဲပင်။ အရံတပ်ဖွဲ့၀င် ၁၀၀၀ကို အမိန့်ပေးသည့် တပ်စိတ်ခေါင်းဆောင်တစ်ယောက်ပင် ဟူစကီအား အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ကိုက်တ်ကဲ့သို့အဖွဲ့ခေါင်းဆောင်အငယ်စားလေးသည် ထိုကဲ့သို့ အာဏာမရှိခေ။
သို့သော် ကျန်ရှိနေသည့်လူများသည် ဤသည်ကို မသိရှိသည့်အတွက် သူတို့၏မျက်နှာများသည် အရောင်ပြောင်းလဲသွားကြ၏။
အိမ်နီးခြင်းများသည်စတင်၍ စိုးရိမ်လာကြတော့သည်။ ဟူစကီသည် သူတို့၏မျက်စိရှေ့တွင် ကြီးပြင်းလာသူတစ်ယောက်ဖြစ်သောကြောင့် ရိုးရှင်းကာ အနည်းငယ်ထုံထိုင်းသည့်လူတစ်ယောက်ဖြစ်သည်ကိုလည်း သိရှိကြသည်။ ခွန်အားကောင်းသည့်လူတစ်ယောက်ဖြစ်သော်လည်း ဟူစကီသည် သိုင်းကွက်တစ်စုံတစ်ရာကို သင်ယူဖူးခြင်းမရှိပေ။ ထို့ကြောင့် ဟူစကီသည်သာ ခံတပ်နံရံပေါ်တွင် သွားရောက်တိုက်ခိုက်ပါက ရန်သူများ၏ ဓားသွားအောက်တွင် သေဆုံးသွားနိုင်၏။
ထိုအရာကို ကြားသည့်အချိန်တွင် ဂျက်စီကာ၏ ခန္ဓာကိုယ်သည် အေးစက်သွား၏။
“ငါ ခံတပ်နံရံပေါ်မှာ သေမယ်ဆိုရင်တောင် င့ါညီမကို မင်းလိုကောင်နဲ့လက်ထပ်ခွင့်မပြုနိုင်ဘူး။ မင်းက လူမိုက်တစ်ယောက်ပဲ။ မင်းက င့ါညီမနဲ့ ဘယ်လိုလုပ်ပြီးတော့ တန်မှာလဲ။ မဟာဘုရားကျောင်းက သူတော်စင်တစ်ယောက်ကတောင် င့ါညီမကို တစ်ချိန်ကျရင်အရှိန်၀ါကြီးတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်ပြောထားတာကွ...” ဟူစကီသည် သူ၏ ညီမအား အနောက်တွင်ထားကာ ကာကွယ်ပေးရင်းဖြင့် အော်ဟစစ်လိုက်၏။ သူသည် ကိုက်တ်ပြောသည်မှာ မဖြစ်နိုင်ကြောင်းကို သတိထားမိရန်အတွက် ထုံထိုင်းလွန်းနေသည်။ ဤရိုးသားပွင့်လင်းသည့်လူမှာ သူ၏ညီမကို အလွန်ဂရုစိုက်သည့်လူတစ်ယောက်ဖြစ်ပြီး မဟာဘုရားကျောင်းမှ သူတော်စင် လွန်ခဲ့သည့်တစ်နှစ်ခန့်က ပြောခဲ့သည့်အရာကို သတိရလိုက်၏။ သူ၏ နတ်သမီးကဲ့သို့သော ညီမကို ကိုက်တ်ကဲ့သို့ လူရမ်းကားတစ်ယောက်၏ လက်ထဲသို့ ထည့်မပေးလိုက်နိုင်ချေ။
“ဟားဟား မင်းကအဲ့သူတောင်းစားအဖိုးကြီးပြောတာကို ယုံနေတာလား။ ဦးနောက်မကောင်းတဲ့ သူတောင်းစားတစ်ယောက်လေ။ ဟားဟား..” ကိုက်တ်သည် ရယ်စရာအကောင်းဆုံးဟာသ တစ်ခုကို ကြားလိုက်ရသည့်အတိုင်းပင် သူ၏အပေါင်းဖော်များနှင့် ကျယ်လောင်စွာရယ်မောလိုက်၏။
ဤကဲ့သို့ နိုင်ရာစားလောကထဲတွင် လှပသည့် မိန်းကလေးတစ်ယောက်သည် လုံလုံလောက်လောက်စွမ်းအားမရှိပါက ဖြစ်ရပ်ဆိုးတစ်ခုဖြင့်သာ အဆုံးသက်ရမည်ဖြစ်သည်။ ဟူစကီသည်သာ အကာကွယ်ပေးတတ်သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်သော ရစ်ဘရီ၏ လက်အောက်တွင် တာ၀န်ထမ်းဆောင်သူတစ်ယောက်မဟုတ်ပဲ၊ ဂျက်စီကာသည်လည်း အနည်းငယ်ပို၍အသက်ကြီးပြီးဖွံ့ထွားလာပါက ဆွေကြီးမျိုးကြီးများ၏ ဖမ်းခေါ်ဖျက်ဆီးခြင်းကို ခံနေရလောက်ပြီဖြစ်သည်။
အရှိန်၀ါကြီးသည့်လူတစ်ယောက်ဖြစ်လာနိုင်သည်ဆိုသည့်အဆိုမှာ ဖြစ်နိုင်ချေအလွန်နည်းပါးလှ၏။
သို့သော် ဖှေးရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်သည်။
“မဟာဘုရားကျောင်းက ဆင်းရဲတဲ့သူတော်စင်တစ်ယောက်က ဂျက်စီကာကိုအရှိန်၀ါကြီးတဲ့လူတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာလား။ ဒါပေမယ့် မဟာဘုရားကျောင်းက အဆင့်အနိမ့်ဆုံးသူတော်စင်တွေတောင် တောင်းစားရလောက်အောင်ထိမဆင်းရဲပါဘူး။ သူက လူလိမ်တစ်ယောက်များလား။ ဒါမှ မဟုတ် ဂျက်စီကာနဲ့ ပတ်သက်ပြီးတော့ လျို့၀ှက်ချက်တစ်ခုများရှိနေတာလား...”
ဂျက်စီကာသည် အန်ဂျယ်လာနှင့် တူညီသလို ခံစားရပုံနှင့် သူတော်စင်ဘေးလ်သည် အန်ဂျယ်လာအား အသန့်စင်ဆုံး၀ိဉာဥ်ပိုင်ဆိုင်သူဟုဆိုကာ မဟာဘုရားကျောင်းသို့ သိမ်းသွင်းရန်အတင်းကြပ်စည်းရုံးခဲ့ပုံတို့ကို ရုတ်တရက်ပြန်လည်ကာ တွေးလိုက်မိ၏။
“မဟုတ်မှ လွဲရော ဂျက်စီကာရဲ့ ၀ိဉာဥ်ကလည်း အန်ဂျယ်လာလိုပဲ သန့်စင်တာလား။ အဲ့တာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာလောက်က လျို့၀ှက်တဲ့သူတော်စင်တစ်ယောက်ရောက်လာပြီး သူမကိုကြည့်ခဲ့တာလား...”
ဤသည်မှာ အလွန်ဖြစ်နိုင်သည်ဟု ဖှေးခံစားလိုက်ရသည်။ ဂျက်စီကာနှင့် အန်ဂျယ်လာတို့သည် အလွန်တူညီသလို ခံစားရသည့်အတွက်ပင်။
“မင်းက စောက်ပိန်းတစ်ယောက်ပဲ အီမိုင်းလ်။ မင်းရဲ့ တပ်ဖွဲ့ထဲမှာ အဆင့်နိမ့်ခေါင်းဆောင်ဆိုတဲ့ ရာထူးက င့ါမျက်လုံးထဲမှာတော့ ဘာမှကို မဟုတ်တော့ဘူး။ မင်းရဲ့ညီမကိုလည်း ဆက်လက်ပြီးတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ သူ့ရဲ့လက်တွေကိုကြည့်ပါဦး အသားမာတွေတက်ပြီးတော့ ကြမ်းတမ်းနေပြီလေ။ နောက်ထပ်နှစ်အနည်းငယ်သာ ကြာမယ်ဆိုရင် သူမက ပြည့်တန်ဆာတစ်ယောက်လိုတောင် ဖြစ်လာတော့မယ်။ တကယ်လို့ မင်းခံတပ်နံရံပေါ်မှာ သေသွားမယ်ဆိုရင် သူမကို ဘယ်သူဆက်ပြီးတော့ စောင့်ရှောက်မှာလဲ...”
ကိုက်တ်သည် ဟူစကီအား ရန်စရင်းဖြင့် ရယ်မောလိုက်သည်။
“ငါ ကိုက်တ်ဆိုတဲ့ကောင်က ဘုရင်အလတ်ဇန္ဒားဖွဲ့စည်းတဲ့ အရံတပ်ဖွဲ့ကအဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ တကယ်လို့ ငါသာ စွမ်းဆောင်ရည်ကောင်းကောင်းကို ပြနိုင်ခဲ့မယ်ဆိုရင် ဘုရင်အလတ်ဇန္ဒားက င့ါကို ဆွေကြီးမျိုးကြီးရာထူးကိုတောင်ပေးရင်ပေးလာနိုင်တယ်။ ဂျက်စီကာ နင်က ဆင်းရဲသားရက်ကွက်က ကောင်မလေးတစ်ယောက်ပဲလေ။ တကယ်လို့ နင်သာ င့ါကို လက်ထပ်လိုက်မယ်ဆိုရင် တစ်နေ့မှာ နင်လဲဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်လာနိုင်တာပဲ။ နောက်ပြီးတော့ ဟူစကီမင်းကိုလည်း ငါရာထူးတိုးပေးနိုင်မယ်။ မင်းတောက်တိုမယ်ရ လုပ်စရာမလိုတော့ဘူးပေါ့...”
ကိုက်တ်ပို၍ စကားပြောလေ ပို၍ မာနထောင်လွှားလာလေလေဖြစ်နေ၏။
“ကောင်မလေး ငါတို့ရဲ့ခေါင်းဆောင်ကို မငြင်းပါနဲ့ အဲ့လိုမှမဟုတ်ဘူးဆိုရင် နင့်အကိုက ခံတပ်နံရံပေါ်မှာ သေသွားနိုင်တယ်။”
“ဟုတ်တယ် နင်ဒီအခွင့်ရေးကိုလက်မခံလိုက်ပြီးဆိုရင် တစ်နေ့ကျမှ အစာငတ်ပြီးတော့ ငါတို့ခေါင်းဆောင်အတွက် ပေါင်ကားပေးနေရလိမ့်မယ်။ အဲ့အချိန်ကျရင် သူက နင့်ကို လှည့်ပြီးတော့ တောင်ကြည့်မှာမဟုတ်တော့ဘူး။ အခုအချိန်မှာဆိုရင် လူချမ်းသာအသိုင်း၀ိုင်းက မိန်းကလေးတွေတောင် စစ်တပ်ဖွဲ့ထဲက ခေါင်းဆောင်တွေကို လိုချင်နေကြတာနော်...”