← Chapters

အခန်း (၅၀၆)

Vol. 32 Ch. 506

အခန်း (၅၀၆)

Vol. 32 Ch. 506

“ဟင် အီမိုင်းလ်က စစ်မြေပြင်နံပါတ်၁ခေါင်းဆောင်ရဲ့ ကိုယ်ရံတော်တစ်ယောက်ဖြစ်လာတော့မှာ ဟုတ်လား...”

ကိုက်တ်သူ၏ နားကိုပင် မယုံနိုင်ဖြစ်သွား၏။

“ဒီစွမ်းအားကြီးတဲ့လူက င့ါကိုတော့ မလိမ်လောက်ဘူးဆိုတာ အသေချာပဲ။ ဒါဆို ဒီလူက အလံနှစ်စုံမြို့ထဲမှာ ကြိုက်တဲ့နေရာကိုလည်းသွားနိုင်တယ်။ ဒီလူကို ကြည့်ရတာလဲ ဂျက်စီကာကို သဘောကျနေတဲ့ပုံပါပဲ...”

ထိုကဲ့သို့တွေးပြီးသည့်နောက်တွင် ကိုက်တ်သည် ဟူစကီအား ယခင်ကဲ့သို့နှင့်မတူပဲ ကြည့်လိုက်၏။

သူသည် ဤလျို့၀ှက်သည့်လူအနီးသို့မကပ်နိုင်သောလဲ ဟူစကီအား မြှောက်ပင့်ကာ ရင်းနှီးအောင်ပြုလုပ်နိုင်သည်ကို သိလိုက်သည့််အတွက်ပင်။

“ငါသာ ဟူစကီကနေတဆင့် ချမ်းဘော့ဒ်ဘုရင်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် ခံတပ်နံရံပေါ်မှာလည်း သေပျော်ပါတယ်...” သူတွေးလိုက်မိ၏။

“ဟမ် ခနနေဦး...” ဖှေးတစ်စုံတစ်ခုကို တွေးလိုက်မိကာ အော်လိုက်၏။

“၀ှစ်...” ရွှေရောင်အပိုင်းစငယ်လေးတစ်ခုအား ကိုက်တ်၏လက်အတွင်းသို့ပစ်လိုက်၏။

ကိုက်တ်ကြောင်ကြည့်နေစဥ်မှာပင် လျို့၀ှက်သည့်လူသည် မြေပြင်ပေါ်တွင်ရှိနေသည့် တော၀က်ခြေထောက်ကို ညွှန်ပြကာ သူ့အား ပြောလိုက်၏။ “မင်းအသားကို ဒီမှာထားခဲ့လို့တယ်။ ငါမင်းစီကနေပြန်၀ယ်လိုက်တယ်လို့ သဘောထားလိုက်မယ်။ မင်းက အရံတပ်ဖွဲ့ကိုတက်တက်ကြွကြွ၀င်ခဲ့တဲ့အတွက် မင်းရဲ့ရဲစွမ်းသတ္တိကိုချီးကျူးရမှာပေါ့။ လစာကို ဒီလို ဖြုန်းတီးမပစ်သင့်ဘူး။ အလံနှစ်စုံမြို့ရဲ့အခြေအနေကလည်းမကောင်းဘူးလေ။ အရံတပ်ဖွဲ့ကလည်း မကြာမှီမှာပဲ မြို့တော်ကိုကာကွယ်တဲ့တိုက်ပွဲမှာ ပါ၀င်လာရနိုင်တယ်။ မင်းတို့ကောင်တွေ အစာ၀၀စားပြီး အားရှိအောင်နေထားကြပေါ့။ ဒီစစ်ပွဲထဲမှာ အသက်ရှင်သန်နိုင်အောင် အကောင်းဆုံးကြိုးစားကြ။

ကိုက်တ်နှင့် သူ၏လူများ၏ သွေးများသည် အနည်းငယ်ဆူပွက်သွား၏။

သူတို့သည် ဖှေးအားကြည့်ကာ အလေးပြုလိုက်ကြသည်။ သင်ထားသည်မှာ မကြာသေးသောကြောင့်ဖြစ်ပေလိမ့်မည်။ သူတို့အလေးပြုပုံမှာ သိပ်ပြီးပုံမကျသေးပေ။ သို့သော် သူတို့၏စိတ်ဓာတ်များမှာမူ ထက်သန်နေလျှက်ရှိသည်။

ထို့နောက်တွင် တစ်ဖက်သို့လှည့်ပြီး ဖှေးပေးလိုက်သည့် ရွှေဒင်္ဂါးတစ်ပြားကိုယူကာ ထွက်ခွာသွားကြတော့၏။

ဖှေးသည် ဤလူငါးယောက်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ “မင်းတို့ကောင်တွေ ဒီစစ်ပွဲပြီးရင်အသက်ရှင်ပါစေလို့ မျှော်လင့်ပါတယ်...”

ဤတစ်ကြိမ်တွင် ဖှေးသည် ကိုက်တ်နှင့် သူ၏လူလေးယောက်ကို သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ အကျင့်ပျက်ခြစားနေသည့််ဆွေကြီးမျိုးကြီးများကို ဆက်ဆံပုံနှင့် နှိုင်းယှဥ်ပါက အတော်လေးပင် သက်ညှာပေးခဲ့သည်ဟု ဆိုနိုင်၏။

ကန္တာရမြို့ထဲတွင်ရှိသည့် အသက်များမှာ အပျောက်ဆုံးလွယ်လှသည်။ မုန်တိုင်းတစ်ခုအတွင်းမှ ဂျုံပင်တစ်ပင်ကဲ့သို့ပင်။ ကိုက်တ်သည် လူကောင်းတစ်ယောက်မဟုတ်သော်လည်း သူသည် အသတ်ခံရလောက်အောင်ထိအပြစ်ရှိသည့်လူတစ်ယောက်မဟုတ်ပေ။ အနည်းဆုံး ကိုက်တ်ကဲ့သို့သော် လူမိုက်တစ်ယောက်သည် သူ၏လစာတစ်ခုလုံးကို အသုံးပြု၍ တော၀က်ခြေထောက်တစ်ခုကိုပင်၀ယ်ယူခဲ့သည်။ ဂျက်စီကာပေါ်တွင်ထားရှိသည့် သူ၏အချစ်အတွက်အနည်းငယ်ကြိုးစားခဲ့သည်ဟုဆိုနိုင်၏။

ထို့အပြင် ကိုက်တ်သည် အိမ်နီးခြင်းများကိုလည်း အန္တရာယ်ပြုခဲ့ခြင်းမရှိပေ။ သူ၏ရာထူးကိုသာ ချဲ့ကားပြောဆိုပြီး ဘုရင်အလတ်ဇန္ဒား၏ နာမည်ကို သုံးကာ ခြိမ်းခြောက်ခဲ့၏။

ထိုလူငါးယောက်ထွက်သွားသည့်အချိန်တွက် ဂျက်စီကာ အီမိုင်းနှင့် အိမ်နီးခြင်းများသည် ဖြစ်ပျက်သွားခဲ့သည်ကို မယုံနိုင်ပဲဖြစ်နေကြ၏။

“ဒီလူမိုက်တွေ တကယ်ပဲထွက်သွားပြီလား...”

ဤရလဒ်သည် သူတို့တွေးထားခဲ့သည့် ပျော်ရွှင်ဖွယ်အဆုံးသက်ထက်ပင် ပို၍ ကောင်းမွန်နေ၏။ အိမ်မက်မက်နေသကဲ့သို့ပင်ထင်နေရသည်။

“သူတို့ပြောခဲ့သည့်ပုံအရ ကိုက်တ်သည် ဂျက်စီကာအား အနာဂတ်တွင်လည်းနှောင့်ယှက်တော့မည်မဟုတ်ပေ။ အီမိုင်းလ်ကိုယ်တိုင် ရာထူးတက်သွားခဲ့၏။” အိမ်နီးခြင်းများအားလုံးသည် ဖှေးအား လေးစားသည့်မျက်လုံးများဖြင့် ၀ိုင်းကြည့်ကာ တွေးနေကြ၏။

“ဟားဟား ကျွန်တော့ကို အဲ့လို ကြည့်မနေကြပါနဲ့။ ကျွန်တော်သူတို့ကို အရူးလုပ်လိုက်တာပါ။ ကျွန်တော်က ခင်ဗျားတို့ထက်နည်းနည်းလောက်ပိုသိတော့ ကိုက်တ်ကိလှည့်စားလိုက်နိုင်တာပေါ့...” ဖှေးသည် ချဲ့ကားသည့်အမူယာအမျိုးမျိုးလုပ်ကာ ရှင်းပြလိုက်၏။

ဤရပ်ကွက်တွင်နေထိုင်သည့်လူအများစုသည် ဆင်းရဲကာ အသိဉာဏ်ဗဟုသုတသိပ်မရှိသည့်အတွက် ဖြစ်ပျက်နေသည်နှင့် ပတ်သက်သည့်တစ်ချို့အကြောင်းများကိုသာ သိသည့် ဟူစကီတစ်ယောက်ပင် ဖှေး၏ရှင်းပြချက်ကိုလက်ခံလိုက်၏။ လှပသည့် မျက်လုံးများကိုပိုင်ဆိုင်ထားသည့် ဂျက်စီကာတစ်ယောက်သည် ဆက်လက်သိရှိလိုနေသည့်ပုံပေါ်နေသော်လည်း သူမ၏ သိချင်စိတ်ကို ထိန်းကာ ဖှေးအားကျေးဇူးတင်စကားပြောလိုက်၏။

ဤအခိုက်တန့်တွင် ဂျက်စီကာ၏လက်များ ကြမ်းတမ်းနေသည်ကို ဖှေးသတိထားလိုက်သည်။ အရေပြားသည် ခါကြက်ဥတစ်လုံးကဲ့သို့ပင်။ သူမ၏မျက်နှာပေါ်မှ ဖြူဖွေးနူးညံ့သည့်အသားရေနှင့်မတူပဲ သူမ၏လက်ပေါ်တွင် အသားမာများစွာရှိနေ၏။ အသက်၄၀မိန်းမကြီးများထက်ပင် သူမ၏လက်သည် ပို၍ကြမ်းတမ်းနေသည်။

ဖှေး သူမ၏လက်များကိုကြည့်နေသည်ကို ဂျက်စီကာ သတိထားလိုက်မိသည်။ သူမ၏ မျက်နှာပေါ်တွင် မနှစ်သက်သည့်အမူယာတစ်ခုပေါ်လာ၏။ ထို့ကြောင့် သူမ၏ လက်ကို အနောက်သို့အမြန်ပစ်လိုက်၏။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ အိမ်နီးခြင်းများနှင့် စကားပြောနေတော့သည်။

ဖှေးဤသည်ကို မြင်သည့်အချိန်တွင် ခေါင်းကိုက်သလိုပင် ခံစားလိုက်ရ၏။

ကိုက်တ်ပြောခဲ့သည့်ပုံအရ ဤကောင်မလေးသည် အလုပ်ကြမ်းများစွာကို လုပ်နေရသည့်ပု့၌င်။ ထို့ကြောင့် သူမ၏ ချောမွေ့သည့်လက်များသည် ဤကဲ့သို့ ကြမ်းတမ်းသွားခဲ့ရြခင်းပင်။ ဤကောင်မလေးသည် လောကဒဏ်ကို များစွာကြုံတွေ့နေရပုံရ၏။

ရယ်မောသံများသည် ခြံ၀န်းထဲတွင် ပြန်လည်ကာ ပေါ်ထွက်လာ၏။

ဖှေးသည် ကိုက်တ်ထံမှ တော၀က်ခြေထောက်ကို ပြန်လည်၀ယ်ယူပြီးသည့်အချိန်တွင် ဂျက်စီကာနှင့် အိမ်နီးခြင်းအဒေါ်ကြီးတစ်ချို့ကို ချက်ပြုတ်ပေးရန်အတွက် တောင်းဆိုလိုက်၏။ အသားဟင်းနံ့သည်လေထဲတွင် ပျံ့နှံ့နေလျှက်ရှိ၏။ ဤရက်ကွက်တွင်နေထိုင်ကြသည့်လူများသည် အသားအား စားဖူးဖို့နေနေသာ များစွာပင်မြင်တွေ့ဖူးခြင်းမရှိကြပေ။ ယနေ့တွင် အသားများစွာကို စားလိုက်မိသဖြင့် သူတို့သည် အိမ်မက်မက်နေရသကဲ့သို့ပျော်ရွှင်နေကြ၏။

မီးခိုးများသည် ကောင်းကင်ပေါ်သို့ ပျံတက်နေလျှက်ရှိပြီး အနီရောင်တိမ်တိုက်များကိုအ၀ေးတစ်နေရာတွင်မြင်တွေ့နိုင်နေပြီဖြစ်သည်။

ဖှေးသည် ကမ္ဘာပေါ်မှ သူ၏ ငယ်ဘ၀အိမ်ထဲသို့ ပြန်ရောက်နေရသလို ခံစားနေရ၏။

ဤအခိုက်တန့်တွင် ဖှေးသည် အေဇာရုတိုက်ပေါ်သို့ရောက်ရှိခဲ့စဥ်မှစပြီး မည်မျှပင်အထီးကျန်ခဲ့သည့်အကြောင်းကို ပြန်လည်ကာ စဥ်းစားလိုက်မိ၏။ သူသည် ဘုရင်တစ်ပါးဖြစ်သော်လည်း ဤကမ္ဘာပေါ်တွင် မိဘများ၊ ညီကိုမောင်နှမများမရှိချေ။ သူသည် ဘုရင်တစ်ပါးဖြစ်သော်လည်း တစ်ခြားလူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ယနေ့ကဲ့သို့၀င်ရောက်စွက်ဖက်ဖူးခြင်းမရှိပေ။

ပျော်ရွှင်နေသည့် အချိန်တွင် အချိန်များကုန်ဆုံးသည်မှာ လျှင်မြန်လှသည်။

မကြာမှီတွင် ညအချိန်သို့ရောက်ရှိလာပြီး လူများသည် ခြံ၀န်းထဲတွင်မီးများစတင်၍ဖိုကြတော့သည်။ ဖှေး၏ ခန့်ညားသောမျက်နှာပေါ်တွင်ရှိသည့် အပြုံးသည် မီးရောင်အောက်တွင် တောက်ပလျှက်ရှိပြီး မိန်းမပျိုလေးများ၏ အာရုံစိုက်မှုများစွာကို ရရှိစေလျှက်ရှိသည်။

ရုတ်တရက် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာကာ မြေပြင်သည် ပြင်းထန်စွာဖြင့် တုန်ခါလာတော့သည်။

“ဘာဖြစ်တာလဲ...”

“ဘာလဲဟ...”

“ဘုရားရေ ရေတွင်းတွေနေရာက နေထွက်လာတဲ့အသံပဲ။ ရေတွင်းတွေများတစ်ခုခုဖြစ်ကုန်ပြီလား...”

ခြံ၀န်းထဲတွင်ရှိနေသည့်လူများ ထိတ်လန့်ကုန်ကြသာ သူတို့အမှန်တကယ်ပင် စိုးရိမ်လာကြတော့သည်။ အကယ်၍ ရေတွင်းများသာ တစ်ခုခုဖြစ်သွားပါက အခြေအနေသည်အလွန်ဆိုး၀ါးသွားမည်ဖြစ်သောကြောင့်ပင်။ ကန္တာရထဲတွင် ရေရှာဖွေရသည်မှာ ခက်ခဲလှပြီး ရေတွင်းများပျက်ဆီးသွားပါက မြေပြင်ကို တူးဖော်ပြီး ရေတွင်းအသစ်ဖော်ရန်မှာလည်း အလွန်ခက်ခဲလှမည်ဖြစ်သည်။ ရေမရှိပါက အလံနှစ်စုံမြို့ထဲတွင်ရှိနေကြသည့်လူများသည် ဆယ်ရက်ပင်တောင့်ခံနိင်ကြမည်မဟုတ်ပေ။

“ဦလေးတို့ အန်တီတို့ ကျွန်တော်ကိစ္စလေးတစ်ခုရှိလို့ အခုပြန်မှရတော့မယ်...” ဖှေးသည် ခြံ၀န်းအတွင်းမှလူများကို နှုတ်ဆက်စကားပြောကာ ထွက်ခွာလာခဲ့၏။ ဖှေးသည် ဖြေးညှင်းစွာလမ်းလျှောက်သွားသည့်ပုံပေါ်သော်လည်း လျှင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် အမှန်တကယ်ပင် စိုးရိမ်နေ၏။

ခြံ၀န်းထဲတွင်ရှိနေသည့် လူများထဲတွင် ဂျက်စီကာတစ်ယောက်သာလျှင် ဖှေးထွက်ခွာသွားသည့်အရပ်သို့ စိုက်ကြည့်နေလျှက်ရှီိသည်။

သူမ၏ ရိုးသားပွင့်လင်းသည့် အကိုတွင် ထူးခြားသည့်စွမ်းရည်တစ်ခုရှိသည်ကို သူမတစ်ယောက်သာသိရှိသည့်အတွက်ပင်။ သူသည် ရိုးသားပွင့်လင်းသည့်လူတစ်ယောက်ဖြစ်သော်လည်း နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ စူးရှသည့် မသိစိတ်တစ်ခုကို ပိုင်ဆိုင်ထား၏။

သူသည် စွမ်းအားမြင့်ပြီးစိတ်ထားကောင်းသည့်လူများနှင့် အလို လျှောက်ရင်းနှီးကျွမ်း၀င်တတ်သည့်အတွက်ပင်။ ထို့အပြင် သူ၏မသိစိတ်သည် မကောင်းသည့်စိတ်ထားရှိသည့်လူများကိုလည်းအလိုလျှောက်သတိပေးတတ်၏။ ထို့ကြောင့်သူသည် သူ၏မနှစ်သက်မှုကို ထိုလူများအား တိုက်ရိုက်ပင်ပြသမိမည်ဖြစ်သည်။

ဤသည်မှာ ဂျက်စီကာ သူမ၏ အကိုနှင့် နှစ်ပေါင်းများစွာအတူရှိလာပြီးသည့်နောက်တွင် သတိထားမိခဲ့သည့်လျို့၀ှက်ချက်တစ်ခုပင်။

“အီမိုင်းလ်က ဘယ်တုန်းကမှ သိခါစလူတစ်ယောက်နဲ့ ဒီလိုမရင်းနှီးဖူးပါဘူး။ ဒါပေမယ့် အခုတော့ အီမိုင်းလ်က သူ့ကို မိသားစု၀င်တစ်ယောက်လို့တောင် သဘောထားပြီးဆက်ဆံနေတဲ့ပုံပဲ။ အဲ့လူက ဘယ်သူများပါလိမ့်။ သူက အဲ့လောက်ခန့်ညားတဲ့လူတစ်ယောက်မဟုတ်ပေမယ့် တစ်ခြားလူတွေကို သူ့အနားမှာရောက်နေရင် စိတ်အေးအောင်လုပ်ပေးနိုင်တယ်...” ဂျက်စီကာ တွေးလိုက်မိ၏။

All Chapters