← Chapters

အခန်း (၅၀၇)

Vol. 32 Ch. 507

အခန်း (၅၀၇)

Vol. 32 Ch. 507

“ဘာတွေဖြစ်ကုန်တာလဲ...”

ဖှေးသည် ခြံ၀န်းထဲမှ ထွက်ခွာလာပြီးသည့်နောက်တွင် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ချက်ချင်းပင် စွမ်းအားအကုန်အသုံးပြလိုက်တော့၏။ အရိပ်တစ်ခုကဲ့သို့ပင် သူသည် လမ်းများကိုဖြတ်ကျော်သွားပြီး ရေတွင်းများတည်ရှိသည့်နေရာသို့ အချိန်တိုအတွင်းမှာပင်ရောက်ရှိသွားတော့၏။

စစ်သည်များသည် ထိုနေရာအားကာကွယ်စောင့်ရှောက်လျှက်ရှိနေကြသော်လည်း ဗရမ်းပတာဖြစ်နေကြ၏။

နေ့လည်အချိန်ခါတည်ငြိမ်အေးချမ်းလျှက်ရှိနေသည့် ရေတွင်းများသည် ယခုအချိန်တွင် ဆူညံသံများစွာကို ပြုလုပ်နေ၏။ ရေပန်းများကဲ့သို့ပင် ရေများသည်အပေါ်သို့ နှစ်မီတာအမြင့်ထိပန်းထွက်နေ၏။

“ရပ်လိုက် မင်းဘယ်သူလဲ...” ခေါင်းဆောင်တစ်ယောက်သည် ဖှေးအား သတိထားမိသွားသဖြင့် အော်ဟစ်လိုက်သည်။

ဖှေးသည် နံပါတ်၁စစ်ရေးခေါင်းဆောင် တိုကင်ကို ထုတ်ပြလိုက်သည့်အချိန်တွင် ထိုခေါင်းဆောင်သည် ဖှေးမည်သူဖြစ်သည်ကို သိရှိသွားတော့၏။

“ဘုရင်အလတ်ဇန္ဒား...” သူသည် ဒူးတစ်ဖက်ထောက်ရန်ပြင်လိုက်၏။

ဖှေးသည် သူ၏ လက်ကိုမြှောက်လိုက်ကာ မမြင်နိုင်သည့် စွမ်းအားတစ်ခုသည် ထိုခေါင်းဆောင် ဒူးထောက်တော့မည်ကို တားဆီးလိုက်၏။

“င့ါကို ဘာဖြစ်သွားတာလဲပြောပြ...” ဖှေးလျှင်မြန်စွာပင်မေးလိုက်၏။

ဖှေးသည် စိုးရိမ်နေ၏။ ဤရေတွင်းများသည် မြို့တော်၏ အသက်သွေးကြောတစ်ခုဖြစ်သောကြောင့်ပင်။ ဤနေရာတွင် တစ်စုံတစ်ခုမှားယွန်းသွားပါက သူသည် ဒုက္ခရောက်မည်ဖြစ်သောကြောင့်ပင်။

“ကျွန်တော်တို့လဲ မသိရသေးပါဘူး။ ဒါမျိုးကအရင်ကလည်းမဖြစ်ဖူးသေးဘူး။ လွန်ခဲ့တဲ့ တစ်မိနစ်လောက်က ရေတွင်းထဲကနေထူးဆန်းတဲ့အသံတွေထွက်လာပြီး ရေတွေပန်းထွက်လာတာပဲ။ ပန်းထွက်ပြီးတော့ ရေတွေက မိုးရွာသလို ကောင်းကင်ပေါ်ကနေပြန်ကျလာနေတယ်...” စိုရွဲနေသည့်ခေါင်းဆောင်သည် ဖှေးအား လျှင်မြန်စွာပင် သတင်းပို့လိုက်၏။

“င့ါအမိန့်ကို ပြောလိုက်။ လူတွေအကုန်လုံးကို တစ်နေရာရာကိုစုထားလိုက်။ ဘယ်သူ့ကိုမှ ၀င်ခွင့်ထွက်ခွင့်မပေးနဲ့။ ဒီအမိန့်ကို မလိုက်နိုင်တဲ့လူမှန်သမျှကို ကွပ်မျက်မယ်...” ဖှေးအမိန့်ပေးလိုက်သည်။

မကြာမှီတွင် စစ်သည်များစွာရောက်ရှိလာပြီး ရေတွင်းများရှိရာနေရာ၏ အ၀င်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည်။ သူတို့သည် မြို့သူမြို့သားများအားလုံးကို မေးခွန်းများမေးကာ စုံစမ်းစစ်ဆေးနေကြ၏။ ရေတွင်းများကို စောင့်ကြပ်နေကြသည့်စစ်သည်များသည်လည်း အ၀င်ပေါက်သို့ ထွက်ခွာသွားကြ၏။

ဖှေးသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူ၏ ၀ိဉာဥ်စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ သူ၏ ၀ိဉာဥ်စွမ်းအားများသည် ရေတွင်းများမှတဆင့် မြေအောက်ရေများထဲသို့ ပြန့်နှံ့သွားတော့၏။

သူသည် မြေအောက်ရေစီးကြောင်းထဲတွင် တစ်စုံတစ်ခုဖြစ်ပျက်နေသည်လားကို စုံစမ်းလိုသည့်အတွက်ပင်။

ဖြစ်ပျက်နေသည့်အရာများမှာ အလွန်ထူးဆန်းလှသည်။ မြေအောက်ရေစီးကြောင်းထဲတွင် မကောင်းဆိုး၀ါးကြီးတစ်ကောင်ကောင်ရောက်ရှိနေကာ သောင်းကျန်းနေသကဲ့သို့ပင်။

ဖှေး၏ ၀ိဉာဥ်စွမ်းအားသည် မြေအောက်ရေထဲသို့ နက်ရှိုင်းသထက်နက်ရှိုင်းစွာရောက်ရှိလာသည်နှင့်အမျှ သူသည် မြေအောက်ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပို၍နားလည်လာတော့၏။

ရေတွင်းများအားလုံးသည် လေးရာမီတာခန့်နက်ရှိုင်းကာ ရေတွင်းများ၏ အတွင်းပိုင်းသည် သဲအရောစပ်များဖြင့် ပြုလုပ်ထားသည့်ပုံပင်။ ရေဖိအားကို နှစ်ပေါင်းနှစ်ဆယ်ခန့်ခံထားရပြီးသည့်နောက်တွင် ရေတွင်းနံရံများမှာ ခိုင်မာနေလျှက်ရှိသည်။ ရေများအပေါ်သို့ ပန်းထွက်လာသည့်တိုင်အောင် ရေများသည် ကြည်လင်နေလျှက်ရှိပြီး ရွံ့များမပါရှိပေ။

ဖှေး၏ ၀ိဉာဥ်စွမ်းအားများသည် ရေတွင်းထဲသို့ ပို၍နက်ရှိုင်းစွာပင် ရောက်ရှိသွား၏။ ရေတွင်းသည် မည်သည့်နေရာသို့ ခေါ်ဆောင်သွားမှန်းမသိသည့် လိုဏ်ဂူကြီးတစ်ခုကဲ့သို့ပင်။

နက်ရှိုင်းသည်ထက် နက်ရှိုင်းလာ၏။

ရုတ်တရက် နံရံများပျောက်ဆုံးသွားပြီး ဖှေး၏ ၀ိဉာဥ်စွမ်းအားများသည်လည်း ပို၍ ကျယ်ပြန့်သည့်နေရာတစ်ခုထံသို့ ရောက်ရှိသွားတော့သည်။

ရေတွင်းများနှင့် ဆက်စက်နေသည့် မြေအောက်ရေစီးကြောင်းသည် အလွန်ကျယ်ပြန့်သည်ကို ဖှေးရုတ်တရက်သိထားလိုက်မိသည်။ တကယ်တန်းတွင် မြေအောက်ရေစီးကြောင်းဟုပင် မခေါ်သင့်ပဲ မြေအောက်သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။ ဖှေး၏ ၀ိဉာဥ်စွမ်းအားများသည် များပြားလှသော်လည်း မြေအောက်ရေစီးကြောင်းမည်မျှကျယ်ပြန့်သည်ကို မပြောနိုင်သေးပေ။

ဤသည်မှာ စိတ်ကူးမယဥ်နိုင်လောက်အောင်ပင်။

ဤသည်မှာ အလွန်ပင် မှော်ဆန်လှ၏။

ထက်မံလေ့လာကြည့်ပြီးသည့်နောက်တွင် ထိုသမုဒ္ဒရာ၏ အောက်ခြေမှ စွမ်းအားတစ်ခုလာရောက်နေလျှက်ရှိပြီး မြေအောက်ရေလှိုင်းများစွာကို ဖြစ်ပေါ်စေလျှက်ရှိနေသောကြောင့် ရေများသည် ဗြောင်းဆန်ကာ အပေါ်သို့ပန်းထွက်လာနေခြင်းဖြစ်သည်ကို ဖှေးသတိထားလိုက်မိ၏။

ကံမကောင်းစွာပင် ဖှေး၏ ၀ိဉာဥ်စွမ်းအားများသည် မီတာ၁၅၀၀ကိုသာရောက်ရှိနိုင်၏။ မြေအောက်သမုဒ္ဒရာသည်များစွာပို၍ ကျယ်ပြန့်နေသေးပုံရ၏။ ရေအောက်တွင် ရှိနေသည့် တစ်စုံတစ်ခုသည် နှစ်ပေါင်းနှစ်ဆယ်ခန့်ငြိမ်သက်နေခဲ့သည့် ရေပြင်ကို လှုပ်ရှားစေလျှက်ရှိသည်။

ဖှေးသည် တစ်ခါမှမကြုံဖူးစွာပင် ထိတ်လန့်အံ့သြသွား၏။ သူသည် အလံနှစ်စုံမြို့တော်၏ အောက်ခြေတွင် မြေအောက်သမုဒ္ဒရာတစ်ခုကဲ့သို့ပင် ကျယ်၀န်းသည့် မြေအောက်ရေစီးကြောင်းတစ်ခုရှိနေလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။

“ဒီကန္တာရကြီးရဲ့အောက်မှာ သမုဒ္ဒရာကြီးတစ်ခုရှိနေတာလား။ အင်ပါယာအရှင်သခင်ယရှင်းကရော လွန်ခဲ့တဲ့၂၆နှစ်က ဒီမြို့တော်ကို စတည်ထောင်တော့ ဒီမြေအောက်ပင်လယ်အကြောင်းကို သိခဲ့တာလား...”

ဖှေး၏ စိတ်ထဲတွင် မေးခွန်းများစွာာရှိနေပြီး ထိုမေးခွန်းများသည် သူ၏ ခေါင်းထဲတွင် ယင်ကောင်များကဲ့သို့ပင် ပျံသန်းနေလျှက်ရှိ၏။

......

......

“ဘာတွေဖြစ်နေတာလဲကွ...” မင်းသားဖာရင်တန်၏ အော်ဟစ်သံသည် ဂျက်အင်ပါယာစခန်းထဲမှ ထွက်ပေါ်လာ၏။

ဂျက်အင်ပါယာမှ စစ်သည်များတူးဖော်ထားသည့် ရေတွင်းများထဲမှ ဆူညံသံများထွက်ပေါ်လာနေပြီး ရေများပန်းထွက်လာကာ စခန်းတစ်ခုလုံးကို စိုရွဲသွားစေနေသည့်အတွက်ပင်။ ရေများသည် အလွန်များပြားလှသဖြင့် သဲများပင် ကုန်ခမ်းအောင်မစုပ်ယူနိုင်ပဲ မြေပေါ်တွင် အိုင်နေလျှက်ရှိသည်။

အလံနှစ်စုံမြို့တော်ထဲတွင်ဖြစ်နေသည့်အရာမှာ ဤနေရာတွင်လည်း ဖြစ်ပေါ်နေလျှက်ရှိသည်။

ဂျက်အင်ပါယာမှ ကင်းထောက်များသေချာစွာပင် အာရုံစိုက်ကြည့်ပါက သူတို့လွန်ခဲ့သည့်တစ်ရက်က တူးဖော်ခဲ့သည့်ရေတွင်းများတွင်လည်း ဤကဲ့သို့ရေများပန်းထွက်လျှက်ရှိနေကြောင်းကို တွေ့ရမည်ဖြစ်သည်။

ကံမကောင်းစွာပင် မင်းသားဖာရင်တန်တွင် ဖှေးကဲ့သို့မြင့်မားသည့် ၀ိဉာဥ်စွမ်းအားများမရှိသည့်အတွက် ဖြစ်ပျက်နေသည့်အရာကို သိရှိနိုင်ခြင်းမရှိပေ။

ရလဒ်အနေဖြင့် ဂျက်အင်ပါယာမှ စစ်သည်များသည် သူတို့၏ စခန်းကို အနောက်သို့ဆုတ်ကာ ရေများပြန်လည်ငြိမ်သက်မည့်အချိန်ကိုစောင့်စိုင်းနေကြ၏။

“ဤရှင့်သား ရေအောက်မှာ သတ္တ၀ါတစ်ကောင်ကောင်က ပြသနာရှာနေတာလဲဖြစ်နိုင်တယ်...” ဇီးနစ်အင်ပါယာမှ ဆွေကြီးမျိုးကြီးတစ်ယောက်နှင့်တူသည့် အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်မှပြောလိုက်၏။ “အောက်မှာ ရေနေနတ်ဆိုးသားရဲတစ်ကောင်များရောက်နေတာများလား။ ကျွန်တော်တို့ စွမ်းအားမြင့် သိုင်းဆရာတစ်ချို့ကို ရေတွင်းထဲဆင်းခိုင်းပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုကာ ကြည့်ခိုင်းသင့်တယ်...”

“ရေနေနတ်ဆိုးသားရဲလား...” ဖာရင်တန်သည် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ပြောလိုက်၏။ “ရေနေနတ်ဆိုးသားရဲတစ်ကောင်က မြေအောက်ရေစီးကြောင်းတစ်ခုထဲမှာ နေတယ်ဆိုတာအတော်လေးရှားပါတယ်။ ပင်လယ်တွေထဲမှာပဲနေတတ်ကြတာ။ တကယ်ပဲတစ်ကောင်ကောင်ရှိနေတယ်ဆိုရင်တောင် အဲ့တာက ဘုရင်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်လိမ့်မယ်။ တစ်ယောက်ယောက်ကို ဆင်းကြည့်ခိုင်းဖို့အတွက် အတော်လေး အန္တရာယ်များလွန်းတယ်...”

“ဒါပေမယ့်အရှင့်သား ဒီဒေသမှာ ဒီလိုတစ်ခါမှမဖြစ်ဖူးဘူး။ ဒါကကောင်းတဲ့ လခဏာတစ်ခုတော့မဟုတ်လောက်ဘူး။ ကျွန်တော်တို့ ဘာကြောင့်ဖြစ်နေလဲဆိုကာ သိနေသင့်တယ်လို့ထင်တယ်...” အံ့သြဖွယ်ပင်ထိုလူသည် ကြောက်လန့်ခြင်းမရှိပဲ သူ၏ အဆိုကို ထက်မံကာ တိုက်တွန်းလိုက်၏။

ပို၍ပင် အံ့သြဖွယ်ကောင်းသည်မှာ ဖာရင်တန်သည် ဤလူ၏အမြင်ကို တန်ဖိုးထားလိုက်၏။ ခနတာစဥ်းစားပြီးသည့်နောက်တွင် သူထိုအကြံပြုချက်ကို သဘောတူလိုက်၏။

မင်းသားသည် တစ်ဖက်သို့ လှည့်လိုက်ပြီး အရပ်ရှည်ရှည်နှင့် တောင့်တောင့်တင်းတင်းလူတစ်ယောက်ကိုခေါ်လိုက်၏။

ဂျက်အင်ပါယာမှ လူအများစုသည် တောင့်တင်းခြင်းမရှိပဲ အရပ်ပုလေ့ရှိသည်။ သူတို့၏အရိုးများသည် သာမန်ထက်ပို၍ ထူထပ်၏။ သို့သော် ဤလူသည် အရပ်နှစ်မီတာကျော်ခန့်မြင့်မား၏။ ဤသည်မှာ ဂျက်အင်ပါယာသားတစ်ယောက်အနေဖြင့် ရှားပါးလှသည်။

အေးစက်သည့်ညတစ်ညဖြစ်ပြီး ရေများပင် စက္ကန့်အနည်းငယ်အတွင်းတွင်အေးခဲ့သွားနိုင်သော်လည်း ဤလူသည်အပေါ်ပိုင်းတွင် ဘာမှ၀တ်ဆင်ထားခြင်းမရှိပေ။ သူ၏ ကြွက်သားများသည် သံမဏိများကဲ့သို့ပင် မာကြောနေ၏။

“အလီမင်းက ငါတို့ထဲမှာဆိုအတော်ဆုံး ရေကူးသမားတစ်ယောက်ပဲ။ မင်း ရေတွင်းထဲကို ဘာတွေဖြစ်နေလဲဆိုတာဆင်းကြည့်ဖို့သတ္တိရှိလား...” ဖာရင်တန်သည် ထိုလူ၏ပခုံးကို ပုတ်ကာအပြုံးတစ်ခုဖြင့်မေးလိုက်၏။

“ကျွန်တော်က ဘာကိုမှမကြောက်ပါဘူး။ အရှင့်သားအတွက်ဆို ဘာမဆိုလုပ်ပေးပါ့မယ်...” ထိုလူသည် သူ၏ရင်ဘက်ကို ပုတ်ကာ ကြွေးကျော်လိုက်သည်။

“ကောင်းတယ်။ ဒီကြိုးကိုစည်းလိုက်ကွာ။ တစ်ခုခုမှားနေတာနဲ့ မင်းအပေါ်ကိုချက်ချင်းပြန်တက်ခဲ့လိုက်တော့ မစွန့်စားနဲ့ ဟုတ်ပြီလား...”

“ဟုတ်ကဲ့ပါ အရှင့်သား...”

All Chapters