← Chapters

အခန်း (၅၀၉)

Vol. 32 Ch. 509

အခန်း (၅၀၉)

Vol. 32 Ch. 509

မင်းသားဖာရင်တန်နှင့် သူ၏လူများသည်လည်း ၃မီတာခန့်ကျယ်၀န်းသည့် ရေတွင်း၏ဘေးတွင် စိုးရိမ်စွာဖြင့် စောင့်ဆိုင်းနေကြ၏။

အလီသည် လွန်ခဲ့သည့်မိနစ်၂၀ခန့်က ဤရေတွင်းထဲသို့ကြိုးတစ်ချောင်းနှင့် ခုန်ချသွားခဲ့သည်။ သူသည် ဘာဖြစ်နေသည်ကို ဆင်းကြည့်နေခြင်းဖြစ်၏။

“ဇီးနစ်က ကောင်တွေများ မကောင်းတာကြံနေကြတာလား။ မြေအောက်ရေကို တစ်စုံတစ်ခုကပြောင်းလဲလိုက်တာလား။ ဒါမှမဟုတ်ရင် တကယ်ပဲနတ်ဆိုးသားရဲတစ်ကောင်လား...” ဖာရင်တန်တွေးနေ၏။

၂၀မိနစ်ခန့်ကုန်ဆုံးသွားသည့်အချိန်တွင် ကောင်းကင်ပေါ်သို့ ရေများပန်းထွက်နေခြင်းမှာ ရပ်တန့်သွား၏။

သို့သော် အလီသည်ပြန်လည်ရောက်ရှိလာခြင်းမရှိသေးပေ။ သူသည် ကြိုးအားဆွဲလိုက်ပါက အလီအား ရေထဲမှပြန်လည်ကာဆွဲတင်လိုက်နိုင်မည်ဖြစ်သည်။

ရေပြင်သည် တည်ငြိမ်နေ၏။ သို့သော် တိတ်ဆိတ်မှုသည် မင်းသားဖာရင်တန်ကို သတ်လျှက်ရှိနေ၏။ သူ့အား စိတ်အေးစေသည့်တစ်ခုတည်းသောအရာမှာ ရေပြင်သည်အနီရောင်သို့ မပြောင်းလဲသေးခြင်းပင်။

အလီသည် သူ၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်သည့်အတွက် မင်းသားဖာရင်တန်စိုးရိမ်နေခြင်းပင်။

အလီသည် မိဘမဲ့ကလေးတစ်ယောက်ဖြစ်နေပြီး မင်းသားဖာရင်တန်နှင့် ငယ်စဥ်ကတည်းက အတူရှိနေခဲ၏။ ဖာရင်တန်သည် နှင်းတောင်သို့ သိုင်းဆရာတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်သင်ကြားရန်ပို့ဆောင်ခြင်းခံရခဲ့စဥ်ကလည်း အလီသည် သူနှင့်အတူပါလာခဲ့သည်။ အလီ၏ တရား၀င်ရာထူးမှာ မင်းသားဖာရင်တန်၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်သော်လည်း ဖာရင်တန်၏ စိတ်ထဲတွင် ညီအကိုတစ်ယော

က်ကဲ့သို့ပင်။

အလီသည် အရည်ချင်းရှိသူတစ်ယောက်မဟုတ်ပေ။ သူသည် နာမည်ကြီးကျင့်စဥ်နေရာတစ်ခုဖြစ်သည့် မဟာနှင်းတောင်တန်းတွင် ဆယ်နှစ်ကြာကျင့်ကြံခဲ့သော်လည်း ကြယ်သုံးလုံးနောက်ဆုံးအဆင့်သို့သာရောက်ရှိအောင် ကျင့်ကြံနိုင်ခဲံ၏။ သို့သော် သူသည် ရုပ်ပိုင်းဆိုင်ရာခွန်အားများစွာဖြင့် မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်ပြီး ရေထဲတွင်လည်း ကျွမ်းကျင်သည့်လူတစ်ယောက်ဖြစ်သည်။ သူသည် ဖာရင်တန်အပေါ်တွင် အလွန်သစ္စာရှိသည့်လူတစ်ယောက်ဖြစ်သောကြောင့် မင်းသားဖာရင်တန်သည် သူနှင့်အတူ အမြဲခေါ်ဆောင်ထားတတ်၏။

ထပ်ပြီးမစောင့်နဲ့တော့ ကြိုးကနေ အလီကိုဆွဲတင်လိုက်တော့...” ဖာရင်တန်သည် ခနတာကြာသည့်အချိန်တွင် ဆက်လက်၍ စိတ်အေးလက်အေးမနေနိုင်တော့ပေ။ သူသည် စစ်သည်များအား အလီအား ဆွဲတင်ပေးရန်အမိန့်ပေးလိုက်၏။

“သေစမ်း ကြိုးပြတ်သွားပြီ...” စစ်သည်တစ်ယောက်မှ အော်လိုက်၏။

ကြိုးအား ရေထဲမှ ဆွဲတင်လိုက်ပြီးသည့်နောက်တွင် ပြတ်ထွက်နေသည်ကို သတိထားလိုက်မိ၏။ ပြတ်သွားသည့်နေရာမှာ သေသပ်နေသဖြင့် ဓားကဲ့သို့သော ချွန်ထက်သည့်အရာတစ်ခုဖြင့် အသေချာလှီးဖြတ်ထားသကဲ့သို့ပင်။

“သေစမ်းကွာ...” စစ်သည်များစွာမှ အော်ဟစ်လိုက်သည်။

“ဗွမ်း...”

ရေများသည် အပေါ်သို့ ပန်းထွက်လာ၏။

မည်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပင် မင်းသားဖာရင်တန်သည် ရေတွင်းထဲသို့ ဘာမှမပြောပဲခုန်ချသွားတော့၏။

“အရှင့်သား...”

“မင်းသား...”

“ဆာ...”

ရေတွင်းပတ်လည်တွင် ရပ်နေကြသည့် ခေါင်းဆောင်များအားလုံးသည် ထိတ်လန့်အံ့သြသွားကြတော့၏။ မင်းသားက ကိုယ်ရံတော်တစ်ယောက်အတွက်နဲ့ အသက်ရင်းပြီး စွန့်စားနေတာပဲ။ ရေအောက်ထဲမှာ မကောင်းဆိုး၀ါးတစ်ကောင်ရှိနေရင်ရော။ မင်းသားသာတစ်ခုခုဖြစ်သွားမယ်ဆိုရင် အင်ပါယာအရှင်သခင်ဖူဂျီစိတ်ဆိုးလို့ ငါတို့တွေတစ်ယောက်မှ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး...” သူတို့အားလုံးတွေးလိုက်မိကြ၏။

စိတ်မြန်လက်မြန်ရှိသည့် ခေါင်းဆောင်တစ်ချို့သည် ရေတွင်းထဲသို့ခုန်ချရန်ပါ အသင့်ပြင်ထားလိုက်ကြ၏။

“နေဦး...” ဇီးနစ်အင်ပါယာ၏ ဆွေကြီးမျိုးကြီးတစ်ယောက်နှင့်တူသည့် လူသည် သူတို့အား တားဆီးလိုက်သည်။ သူအော်ပြောလိုက်၏။ “အရှင့်သားက စွမ်းအားကြီးတဲ့လူတစ်ယောက်ပဲ။ သူက လုံလုံခြုံခြုံနဲ့ပြန်လာနိုင်လို့မယ်။ မင်းတို့ကောင်တွေအောက်ကို ခုန်ဆင်းသွားမယ်ဆိုရင် မင်းသားအတွက် ၀န်ပိုတွေပဲဖြစ်လာလိမ့်မယ်။ မင်းတို့ကောင်တွေ မင်းသားကို သေစေချင်နေလို့လား...”

စိတ်ခံစားချက်ပြင်းထန်နေကြသည့် ခေါင်းဆောင်များသည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးအနည်းငယ်တည်ငြိမ်သွားကြ၏။

“ထွီ ခင်ဗျားသေလိုက်လေ။ ခင်ဗျားက ဇီးနစ်ကလူတစ်ယောက်ဖြစ်နေပြီးတော့ ဘယ်လိုဖြစ်ပြီး မင်းသားရဲယုံကြည်မှုကို ရရှိထားတာလဲဆိုတာကိုတော့မသိဘူး။ ဒါပေမယ့် အရှင့်သား မိနစ်၃၀အတွင်းမှာ ပြန်မလာသေးဘူးဆိုရင်တော့ ခင်ဗျားရဲ့လည်ပင်းကို လှီးဖြတ်ပစ်မယ်...” ဂျက်အင်ပါယာတပ်ဖွဲ့၏လက်ထောက်ခေါင်းဆောင်သည် ထိုလူ၏ အင်္ကျီစကို ဆွဲကာ ခြိမ်းခြောက်လိုက်သည်။ ထို့နောက်တွင် ဘေးသို့ တွန်းထုတ်လိုက်၏။

ဤလူသည် တွန်းထုတ်ခြင်းခံလိုက်ရသည့်အချိန်တွင် အနည်းငယ်ယိမ်းယိုင်သွားပြီး လဲကျတော့မလိုပင်ဖြစ်သွား၏။

သို့သော် သူသည် စိတ်ဆိုးသည့်ပုံမရှိပေ။

သူသည် တွန့်ကြေသွားသည့် သူ၏ အင်္ကျီကို ပုံကျအောင်ပြန်လည်ပြုပြင်ကာ ပြုံးလိုက်သည်။ သူသည် ခြိမ်းခြောက်မှုကို ထိတ်လန့်သည့်ပုံမရှိပေ။

“ဖုန်း...”

ထိုအချိန်တွင် ရေများစွာပန်းထွက်လာပြီး အနီရောင်စွမ်းအင်မီးတောက်တစ်ခုထွက်ပေါ်လာ၏။

“ဆရာ၀န်တွေနဲ့ ကုသခြင်းမှော်ဆရာတွေကို ခေါ်လိုက်...”

ထိုလူသည် မင်းသားဖာရင်တန်ပင်။ သူ၏ အနီရောင်စွမ်းအင်မီးတောက်များသည် ခန္ဓာကိုယ်တစ်၀ိုက်တွင် ပြင်းထန်စွာလောင်ကျွမ်းနေ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ရေများအားလုံးသည်လည်း အငွေ့ပြန်သွားတော့၏။ အတွင်းအားစွမ်းအင်ကို အလွန်မင်းထုတ်သုံးနေခဲ့ရသည့်အတွက် သူ၏ မျက်နှာသည်လည်း ဖြူဖက်ဖြူယော်ဖြစ်နေ၏။

သူသည် အလီကိုလက်ထဲတွင် ပွေ့ပိုက်လာသည်။ အလီသည် သတိလစ်မေ့မျောနေပြီဖြစ်သည်။

မကြာမှီတွင် ဆရာ၀န်များ မှော်ဆရာများရောက်ရှိလာကြပြီးစတင်ကာ စစ်ဆေးကြတော့သည်။

“မစိုးရိမ်ပါနဲ့အရှင့်သား မစ်စတာ အလီက အောက်စီဂျင်ပြတ်လို့ မေ့မျောနေတာပါ။ သူ့ရဲ့ကြိုးက ကျောက်တုံးတစ်တုံးနဲ့ညိပြီးပြတ်သွားလို့ ထွက်ပေါက်ကိုအချိန်မှီမရှာနိုင်လို့ထင်ပါတယ်။ သူရဲ့ခန္ဓာကိုယ်ကလည်း ရေတွင်းနံရံတွေနဲ့ ရိုက်မိလို့ နည်းနည်းတော့ ဒဏ်ရာရသွားတယ်ဆိုပေမယ့် အဲ့လောက်စိုးရိမ်စရာမလိုပါဘူး။ သူက ရက်အနည်းငယ်အတွင်းမှာ ပြန်ကောင်းလာမှာပါ...” အဖြူရောင်ဆံပင်နှင့် ဆရာ၀န်သည် စမ်းသပ်မှုတစ်ချို့ပြုလုပ်ပြီးသည့်နောက်တွင် ပြောလိုက်၏။

ထို့နောက်တွင် အဖြူရောင်၀တ်ရုံတစ်ခု၀တ်ဆင်ထားသည့် မှော်ဆရာတစ်ယောက်သည် မန္တာန်တစ်ပုဒ်အား ရွတ်ဆိုလိုက်၏။ နွေးထွေးသည့် အပြာရောင်စွမ်းအင်တစ်ခုသည် အလီ၏ ခန္ဓဦကိုယ်အတွင်းသို့ စီး၀င်သွားပြီး အလီ၏ ခန္ဓာကိုယ်သည်လည်း ဖြူဖက်ဖြူယော်ဖြစ်နေရာမှပြန်လည်ကာ သွေးရောင်သန်းလာတော့၏။ သူမျိုချမိသားသည့် ရေအေးများကို အန်ထုတ်ပစ်လိုက်သည်။

“အရှင့်သားသူ့ကို အချိန်မှီရှာတွေ့သွားတာ ကံကောင်းတယ်လို့ပြောရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူကအန္တရာယ်ရှိနေလောက်ပြီ...” ထိုမှော်ဆရာသည် သက်ပြင်းချကာ လေးစားသည့်အမူယာတစ်ခုနှင့်အတူ ပြောလိုက်သည်။ “မင်းသားတစ်ပါးအနေနဲ့ အရှင့်သားရဲ့အရှိန်၀ါက အလွန်ကြီးမားပါတယ်။ ဒါပေမယ့် အရှင်က သက်တော်စောင့်တစ်ယောက်ကိုတောင် သက်စွန့်စံဖျားကယ်တင်ခဲ့တယ်။ ကျွန်တော် အလာဟန်အရှင့်ရဲ့အပြုမူကို တကယ်ပဲလေးစားမိပါတယ်...”

ဤမှော်ဆရာသည်လည်း ဆံပင်အဖြူရောင်နှင့်အဖိုးကြီးတစ်ယောက်ပင်ဖြစ်ပြီး သူသည် စစ်ဘက်ဆိုင်ရာထဲသို့ရောက်ရှိနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူသည် တိုက်ပွဲများတွင် တစ်ခါမှပါ၀င်တိုက်ခိုက်ဖူးခြင်းမရှိပဲ ကြယ်နှစ်လုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်သော်လည်း သူသည်စစ်သည်များစွာကို ကုသပေးဖူးသည့် ကုသခြင်းမှော်ဆရာတစ်ယောက်ဖြစ်သည့်အတွက် နာမည်ကြီးကာ လေးစားမှုများစွာကို ခံရသည့်မှော်ဆရာတစ်ယောက်လဲဖြစ်သည်။ ထို့ကြောင့်သူသည် ဖာရင်တန်အား ချီးမွန်းလိုက်သည့်အချိန်တွင် ရင်ထဲမှလာသည့်စကားဖြစ်သည်မှာထင်ရှား၏။ သူပြောလိုက်သည့်အရာသည် စစ်သည်များစွာ၏ စိတ်ထဲတွင် ပဲ့တင်သွား၏။

ဂျက်အင်ပါယာထဲတွင် ဆွေဆက်မျိုးဆက်ရာထူးဆက်ခံမှုမှာ အလွန်ပင်တင်းကြပ်လှပြီး ကျေးကျွန်များစွာရှိသည့် အင်ပါယာတစ်ခုဖြစ်သည်။ ဖာရင်တန်သည် မင်းသားတစ်ပါးဖြစ်သော်လည်း ကိုယ်ရံတော်တစ်ယောက်အား သက်စွန့်စံဖျားကယ်တင်ခဲ့၏။ သာမန်စစ်သည်များ၏ မျက်လုံးထဲတွင် ဤမင်းသားသည် သာမန်တော်၀န်မျိုးနွယ်များတွင် တွေ့ရခဲသည့် ရက်ရောမှုနှင့် အကြင်နာတရားတို့ကိုမြင်တွေ့နေရ၏။

“ငါက ခေါင်းဆောင်တစ်ယောက်နဲ့ မိတ်ဆွေတစ်ယောက်လုပ်သင့်တဲ့အရာကို လုပ်ရုံပါ...”

ဖာရင်တန်သည် အနည်းငယ်မျက်မှောင်ကြုံ့လိုက်ပြီး အေးစက်ကာ မာနထောင်လွှားသည့်အသံဖြင့် ပြန်လည်ကာ ဖြေကြားလိုက်သည်။ သူသည် မှော်ဆရာအဖိုးကြီးဤကဲ့သို့ပြောလိမ့်မည်ဟုထင်မထားသည့်အတွက်ပင်။ သူသည် ဤကဲ့သို့သော် နည်းဖြင့် လေးစားမှုခံရသည်ကိုလည်း နှစ်သက်သည့်လူတစ်ယောက်မဟုတ်ပေ။

“အရှင့်သား ကျန်းမာပါစေ။ အရှင့်သားအသက်ရှည်ပါစေ...ကျွန်တော်တို့ကအရှင့်သားအတွက် အသေကြေတိုက်ခိုက်ပေးဖို့ဆန္ဒရှိပါတယ်...” သူ၏ဘေးပတ်ပတ်လည်တွင်ရှီနေသည့် စစ်သည်များသည် ဒူးထောက်ကာ သံပြိုင်အော်ဟစ်လိုက်ကြသည်။

“ကျွန်တော်တို့က အရှင့်သားနဲ့ အင်ပါယာအရှင်သခင်ဖူဂျီအတွက် တိုက်ခိုက်ပေးဖို့ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ကအလံနှစ်စုံမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့ ကျွန်တော်တို့ရဲ့တော်၀င်အလံတော်ကို ရအောင်ပြန်ယူဆောင်ပါမယ်။ အရှင့်သားရဲ့နာမည်ကို ဂျက်အင်ပါယာမှာရှိတဲ့ အိုအေစစ်တိုင်းမှာသိနေအောင်ထိ ဆောင်ရွက်ပေးပါ့မယ်...”

ဤနေရာတွင်ရှိနေသည့် ခေါင်းဆောင်များသည်လည်း သူ၏ သစ္စာခံမှုကို ပြသသည့်အနေဖြင့် ဒူးထောက်လိုက်ကြသည်။

တောက်ပသည့် လရောင်အောက်တွင် ဖာရင်တန်၏ အရိပ်သည် သဲပြင်ပေါ်တွင်ထင်ဟပ်နေ၏။ သူ၏ဘေးပတ်ပတ်လည်တွင် သောင်းနှင့်ချီသည့် စစ်သည်များဒူးထောက်နေကြသဖြင့် သူသည် အင်ပါယာအရှင်သခင်တစ်ယောက်၏ လမ်းကြောင်းပေါ်တွင်ရောက်နေသကဲ့သို့ခံစားနေရ၏။

All Chapters