← Chapters

အခန်း (၅၁၃)

Vol. 33 Ch. 513

အခန်း (၅၁၃)

Vol. 33 Ch. 513

"ဒါမျိုးနောက်ဘယ်တော့မှ မလုပ်ပါနဲ့။ နင်ကြားလား..."

ဖှေးသည် ဆေးပုလင်းအာနိသင်စတင်၍ သက်ရောက်လာသည်ကို မြင်တွေ့ရသည့်အတွက် အနည်းငယ်စိတ်အေးသွားသော်လည်း အယ်လီနာအား သတိပေးလိုက်သည်။

သူ၏ ဒေါသဖြစ်ကာ စိုးရိမ်နေသည့် အမူယာသည် နာကျင့်မှုများစွာကို ခံစားနေရသည့် အယ်လီနာအား ကျယ်လောင်စွာရယ်မောလိုက်စေသည်။

"ရယ်နေတာလား နင်ရယ်နိုင်သေးတယ်ပေါ့။" ဖှေးသည် အယ်လီနာအားကြည့်ကာ ပြောလိုက်သည်။ "နင်ဒီလိုထပ်လုပ်မယ်ဆိုရင် ငါနောက်တစ်ခါမစ်ရှင်တွေလုပ်ရင် နင့်ကို ခေါ်သွားတော့မှာမဟုတ်ဘူး..."

လှပသည့်အပြုံးတစ်ခုသည် အယ်လီနာ၏ မျက်နှာပေါ်တွင်ပေါ်လာ၏။ သူမ၏ မျက်လုံးများသည်လည်း တောက်ပသွားသည်။

သူမသည် ဘာမှပြန်ပြောခြင်းမရှိသော်လည်း သူ၏မျက်လုံးများထဲတွင်ရှိသည့်ခေါင်းမာမှုများသည် သူမသည် ဖှေးဘယ်နေရာသွားသွားလိုက်ပါလျှက်ရှိနေမည်ဖြစ်ကြောင်းကို ဖော်ပြနေ၏။

ဤကဲ့သို့လှပသည့်အပြုံးသည် ယောက်ျားတိုင်းအား ဆွဲဆောင်နိုင်၏။ အထူးသဖြင့် ပုံမှန်အားဖြင့် အေးစက်စက်နေလေ့ရှိသည့် နတ်သမီးလေးတစ်ယောက်၏ အပြုံးဖြစ်သည့်အတွက်ပင်။

ဖှေးသည်လည်း ချွင်းချက်မရှိပေ။ အယ်လီနာ၏ အပြုံးသည် သူ့အား မျက်စိကန်းသွားစေသကဲ့သို့ပင်။

ဤသည်မှာ ထိန်းချုပ်လို့မရနိုင်ပေ။

ဖှေးသည် သူ၏ခေါင်းကို ငုံ့ကာ အယ်လီနာ၏အနီရောင်နှုတ်ခမ်းများကို နမ်းလိုက်၏။

ရုတ်တရက်နှင်းများဖုံးလွှမ်းနေသည့် အေးရိတောင်ထပ်သည် များစွာပို၍နွေးထွေးသွားသကဲ့သို့ပင်။ နှင်းများသည်လည်း ပို၍သန့်စင်ကာဖွေးလာနေသကဲ့သို့ပင်။

နမ်းပြီးသည့်အချိန်တွင်အပြုံးများသည် ဖှေးနှင့် အယ်လီနာတို့၏မျက်နှာများပေါ်တွင် ထွက်ပေါ်လာ၏။

သို့သော် ကြည်နူးရန်အတွက် နေရာကောင်းမဟုတ်သည့်အတွက်ကြောင့် ဖှေးသည် ဆေးပုလင်းတစ်ချို့ကို ထက်မံကာ ထုတ်ယူလိုက်ပြီး အယ်လီနာအား ပျောက်ကင်းအောင်ကုသပေးလိုက်သည်။

"ငါတို့တွေဒီနေ့အချိန်သိပ်မရှိတော့ဘူး။ နောက်တစ်ခါမှပဲ ဘေးလ်ကို သတ်နိုင်တော့မယ်ထင်တယ်..."

ဖှေးမစောင့်နိုင်တော့ပေ။ ဤသည်မှာ နောက်ဆုံးအလုပ်ဖြစ်သည့်အတွက်ပင်။ သူသည် ကမ္ဘာ့ကျောက်တုံးအခန်းထဲသို့၀င်ကာ နောက်ဆုံးခေါင်းဆောင်ကြီးဘေးလ်ကို သတ်ဖြတ်ပြီးပါက သာမန်ခက်ခဲမှုအဆင့်တွက် ဂိမ်းတစ်ခုလုံးအားအောင်မြင်သွားတော့မည်ဖြစ်သည်။ သူအရင်ဘ၀မှ ဂိမ်းကစားခဲ့သည့်အတွေ့ကြုံအရ သာမန်ခက်ခဲမှုအဆင့်ကို အောင်မြင်သွားပါက အိမ်မက်ဆိုးခက်ခဲမှုအဆင့်ကို ဆော့ကစားနိုင်မည်ဖြစ်သည်။ သို့သော် မူရင်းဂိမ်းနှင့် ဖှေးလက်ရှိရောက်ရှိနေသည့် ဒိုင်ယာဘလိုကမ္ဘာတို့မှာ တူညီခြင်းမရှိသည့်အတွက် မည်ကဲ့သို့ထူးဆန်းသည့်အရာများဖြစ်လာမည်ဆိုသည်ကို ဘယ်သူမှမပြောနိုင်ပေ။

ဤသည်မှာ သူ့အတွက် လအဆင့်သို့ရောက်ရှိနိုင်ရန်အခွင့်ရေးတစ်ခုဖြစ်သည်ဟု ဖှေးခံစားနေရသည်။

"အလတ်ဇန္ဒား င့ါရဲ့ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ခုပြောင်းလဲနေသလိုပဲ..." အယ်လီနာသည် မျက်မှောင်ကြုံ့ကာ ဖှေးအားပြောလိုက်၏။ သူမသည် မာဒေါ့အားသတ်လိုက်သည့်အချိန်တွင် မာဒေါ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ရွှေရောင်စွမ်းအင်အလင်းတန်းများသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့လည်း ၀င်ရောက်သွားသည့်အတွက်ပင်။

ဖှေးပြန်မဖြေနိုင်ခင်မှာပင် ပြောင်းလဲမှုများ စတင်၍ ဖြစ်ပေါ်လာ၏။

ကောင်းကင်ပေါ်မှ အဖြူရောင်အလင်းတန်းတစ်ခုကျဆင်းလာပြီး ဖှေး၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။

"ငါလယ်ဗယ်တွေ တက်လာနေတာပဲ..." ဖှေးရေရွတ်လိုက်၏။ ဤသည်မှာ ပုံမှန်လယ်ဗယ်မြင့်တက်သည့် ဖြစ်စဥ်ဖြစ်သော်လည်း မကြာမှီတွင် ဖှေးထိတ်လန့်အံ့သြသွားတော့သည်။ "အဆင့်၂ အဆင့်၃..." ဘုရင်သည်ဖြစ်ပျက်နေသည်များကို သတိထားလိုက်မိသဖြင့် အံ့သြသွား၏။ လယ်ဗယ်မြင့်တက်ခြင်းဖြစ်စဥ်မှာ ဤတစ်ကြိမ်တွင် ပို၍ကြာနေသောကြောင့်ပင်။ အဖြူရောင်အလင်းတန်းပျောက်ကွယ်သွားသည့်အချိန်တွင် သူသည် လယ်ဗယ်၉၉သို့ပင်ရောက်ရှိသွားပြီဖြစ်ကြောင်းကို သိလိုက်ရ၏။

"ဟာ လယ်ဗယ်အမြင့်ဆုံးထိတောင်ရောက်သွားတာလား။ ငါကနောက်ဆုံးခေါင်းဆောင်ကြီးဘေးလ်ကိုတောင် မသတ်ရသေးပဲနဲ့ အမြင့်ဆုံးလယ်ဗယ်ရောက်သွားတာလား။ ဘေးလ်နဲ့ သူ့ရဲလူတွေကို သတ်ပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ။ လယ်ဗယ်တစ်ရာကျော်သွားတော့မှာလား..." ဖှေးအနည်းငယ်ပင် တုန်လှုပ်သွား၏။

လယ်ဗယ်၉၁မှ ၉၉သို့ရောက်ရှိသွားသည့်အတွက် ဖှေးသည် ကျွမ်းကျင်မှုဆိုင်ရာအမှတ်၈မှတ်နှင့် ဂုဏ်သတ္တိဆိုင်ရာအမှတ်၄၀ကိုရရှိလိုက်သည်။ ဤသည်မှာ ကြီးမားသည့်ဆုလာဘ်တစ်ခုပင်။

သူ၏ ကျွမ်းကျင်မှုဆိုင်ရာများကိုကြည့်ရှုလိုက်သည့်အချိန်တွင် ထူးဆန်းသည့်အရာတစ်ခုကို သတိထားလိုက်မိသည်။

ခုန်၍တိုက်ခိုက်ခြင်းနှင့် ဓားမုန်တိုင်းအစွမ်းတို့သည် လယ်ဗယ်၂၄သို့ရောက်ရှိနေခြင်းပင်။

"မဟုတ်မှလွဲရော..."

ဖှေး ခေါလစ်နှင့် တာလစ်တို့ထံမှ ရွှေရောင်စွမ်းအင်များထွက်လာကာ သူ၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားသည့်ပုံကိုသတိရလိုက်မိသည်။ "မဟုတ်မှ လွဲရော အဲ့ရွှေရောင်စွမ်းအင်တွေက ရှေးမျိုးနွယ်နှစ်ယောက်ရဲ့ သိုင်းကွက်နားလည်တက်ကျွမ်းမှုတွေများလား...."

"အလတ်ဇန္ဒား...ငါ..ငါသိုင်းကွက်အသစ်တစ်ခုကို တတ်သွားတဲ့ပုံပဲ။

အံ့သြစွာထွက်ပေါ်လာသည့် အယ်လီနာ၏အသံသည် ဖှေး၏ သီအိုရီကိုသက်သေပြလိုက်၏။ အယ်လီနာ၏ ခန္ဓာကိုယ်ထဲသို့စီး၀င်သွားခဲ့သည့် ရွှေရောင်စွမ်းအင်သည် မာဒေါ့၏ ပုဆိန်ပစ်ပေါက်ခြင်းအစွမ်းပါရှိသည့်အတွက်ပင်။

......

ဖှေးအပြင်ကမ္ဘာသို့ပြန်ရောက်သည့်အချိန်တွင် နေ့လည်ခင်းသို့ရောက်ရှိနေပြီဖြစ်သည်။

ဂျက်အင်ပါယာမှ စစ်သည်များသည် မြို့တော်အား စတင်တိုက်ခိုက်ခြင်းမရှိသေးသည့်အတွက် တိတ်ဆိတ်ငြိမ်သက်နေမှုသည် ဖှေးမှ လွဲ၍ လူတိုင်းကို စိတ်ရှုပ်ထွေးနေစေလျှက်ရှိသည်။

ဤအချိန်တွင် ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့သည် စစ်သည်၂၀၀ကို ရွေးချယ်ပြီးပြီဖြစ်ပြီး ယနေ့ညမစ်ရှင်အတွက်နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေကြ၏။ စစ်သည်အသစ်များသည်လည်း လေ့ကျင့်နေလျှက်ရှိကြပြီး သူတို့၏ အော်ဟစ်သံများမှာ စိတ်ဓာတ်တက်ကြွမှုများဖြင့်ပြည့်နှက်နေကြ၏။

ကုန်သည်တစ်ချို့သည် သူတို့၏လုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သောကြောင့် လမ်းများသည် စတင်၍ အလုပ်ရှုပ်လာနေလျှက်ရှိသည်။ ဖှေးနှင့် ၀ံပုလွေစွယ်တပ်ဖွဲ့ရောက်ရှိလာခြင်းသည် မြို့တော်အတွင်းမှ လူများကို မျှော်လင့်ချက်များစွာပြန်လည်ရရှိစေခဲ့သည့်အတွက်ပင်။

"မြို့ခံတပ်ဖွဲ့ရဲ့ စခန်းကို သွားပြီး အီမိုင်းလ်-ဟူစကီဆိုတဲ့အဆင့်နိမ့်အရာရှိတစ်ယောက်ကို ဒီကိုခေါ်ခဲ့စမ်းကွာ..."

ဒရော့ဂ်ဘာသည် ဖှေး၏အမိန့်ကို နားမလည်နိုင်ဖြစ်သွား၏။ ဖှေးသည် မည်သည့်အတွက်ကြောင့်အဆင့်နိမ့်အရာရှိတစ်ယောက်ကို တွေ့လိုကြောင်းကို သူမသိသော်လည်း အမိန့်အတိုင်းဆောင်ရွက်ရန်ခံတပ်မျှော်စဥ်ထဲမှ ချက်ချင်းထွက်ခွာသွားတော့၏။

ဖှေးသည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရပ်နေရင်းဖြင့် မှော်သေတ္တာနှစ်ခုမှရရှိခဲ့သည့်အကြံဉာဏ်များအကြောင်းကို ပြန်လည်ကာ စဥ်းစားလိုက်မိသည်။

"ငါက မင်းသမီးနဲ့ ပဲရစ်တို့ရဲ့အကြံဉာဏ်တွေကိုလိုအပ်နေတဲ့ပုံပဲ။ဟားဟား ဒီတစ်ယောက်နဲ့တစ်ယောက်မတည့်နဲ့မိန်းကလေးနှစ်ယောက်က တူညီတဲ့အကြံဉာဏ်တွေရှိနေတာပဲ။ မင်းကို အကောင်းဆုံးသိနေတဲ့လူတစ်ယောက်က မင်းရဲ့ရန်သူပဲဆိုတဲ့စကားကအတော်လေးမှန်တာပဲ...

ဖှေးသည် မှော်သေတ္တာများထဲတွင်ပါရှိသည့်အရာအကြောင်းကို စဥ်စားလိုက်မိသည့်အချိန်တွင် ရယ်စရာကောင်းသလို ခံစားလိုက်ရ၏။

"ဆာ ဆိုရိုကုန်သွယ်ရေးအဖွဲ့က အဖွဲ့ခွဲမန်နေဂျာက ဆာနဲ့တွေ့ဖို့ရောက်နေပါတယ်..."

ဤအခိုက်တန့်တွင် ဖှေး၏ ကိုယ်ရံတော်တစ်ယောက်ရောက်ရှိလာပြီး ဖှေးအား သတင်းပို့လိုက်သည်။

"ဆိုရိုကုန်သွယ်ရေးအဖွဲ့ကလား..."

ဖှေးခေါင်းငြိမ့်က တွေးလိုက်မိသည်။ "ဆိုရိုကုန်သွယ်ရေးအဖွဲ့က မန်နေဂျာက နောက်ဆုံးတော့ င့ါကို တွေ့ဖို့ရောက်လာပြီပဲ..."

"သူ့ကို ၀င်ခဲ့ခိုင်းလိုက်။" ဖှေးပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ဖှေးတစ်ဖက်သို့ လှည့်ကာ မျှော်စင်အတွင်းသို့ ပြန်၀င်သွားလိုက်သည်။ သူထိုင်ပြီးသည့်အချိန်တွင် သူတော်စင်တပ်ဖွဲ့၀င်တစ်ယောက်သည် အသက်၄၀အရွယ်ခန့်ရှိပြီး ကုန်သည်ရုပ်ပေါက်သည့်လူတစ်ယောက်ကိုခေါ်ကာ ၀င်လာ၏။

ဤလူသည် အရပ်၁.၉မီတာခန့်မြင့်မား၏။ သူသည် ၀လည်းမ၀ ပိန်လည်းမပိန်ချေ။ သူမ၏မျက်နှာတည်ဆောက်ပုံမှာ စူးရှသည်။ သူ၏အပြာရောင်မျက်လုံများသည် ကြီးမားခြင်းမရှိပေ။ အနီးကပ်ကြည့်ပါက သူ၏မျက်လုံးများထဲတွင်ရှိသည့် ရှက်ရွံ့မှုများကို မြင်တွေ့နိုင်၏။

သူမ၏ မျက်နှာပေါ်တွင်အပြုံးတစ်ခုရှိနေပြီး ကောင်းမွန်စွာပြင်ဆင်ထားသည့်အ၀ါရောက်မုတ်ဆိတ်များသည် သူ၏အပြုံးကို ၀န်းရံနေလျှက်ရှိ၏။ သူ့အား ကြည့်ရုံဖြင့် ဤကဲ့သို့ရှက်ရွံ့တတ်သည့်လူတစ်ယောက်သည် တိုက်ပေါ်တွင်အကြီးမားဆုံးကုန်သွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့ကြီး၏ အဖွဲ့ခွဲတစ်ခုမှ မန်နေဂျာတစ်ယောက်ဖြစ်သည်ဆိုသည်ကို ယုံကြည်ရန်ချက်ခဲလိမ့်မည်ဖြစ်သည်။

သို့သော် ဖှေး ဤလူကို လျှော့မတွက်ရဲပေ။

ပို၍ နီးကပ်စွာကြည့်ကြည့်ပါက သူ၏မျက်လုံး၏ နက်ရှိုင်းသည့်နေရာတွင် တွက်ချက်မှုများကို တွေ့နိုင်မည်ဖြစ်သည်။ ရှက်ရွံ့သည့်အပြုံးသည်လူတစ်ယောက်၏ ယုံကြည်မှုကိုရရှိပြီး အစိုးရိမ်ကင်းမဲ့သွားစေမည်ဖြစ်သည်။ သို့သော် သူသည် တုံးအသည့်လူတစ်ယောက်မဟုတ်ပေ။ ရဲရင့်ကာ ဉာဏ်ပညာမြင့်မားသည့်လူတစ်ယောက်တွင်သာ ဤကဲ့သို့သော အမူယာကိုမြင့်တွေ့နိုင်၏။

"အတော်ကြောက်စရာကောင်းတဲ့လူပဲ..."

အကယ်၍ဖှေးသည်သာ ဤရိုမန်-အေဘရာအမည်ရှိသည့် မန်နေဂျာ၏အကြောင်းကို ကြိုတင်ကာမလေ့လာခဲ့မိပါက သူ၏ ရုပ်ဆင်းသွင်ပြင်သည် ဖှေးအား လှည့်စားသွားနိုင်၏။ ဤလူသည် ကန္တာရဓားပြများကို ကြောက်လန့်စေခဲ့ကာ ကန္တာရဒေသတွင် စွမ်းအားမြင့်မားကာ ကြောက်မက်ဖွယ်အကောင်းဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည်ကို ဖှေးကြိုတင်လေ့လာခဲ့ပြီးဖြစ်သာကြောင့်ပင်။

ဖှေး ထိုလူအား ထိုင်ရန်ယဥ်ကျေးစွာဖြင့် ဖိတ်ခေါ်လိုက်၏။

"ကျွန်တော်က အရှင်မင်းကြီးစီကို လာတွေ့ချင်နေတာကြာပါပြီ။ အရှင့်ရဲ့အလုပ်တွေကို နှောင့်ယှက်မိမှာ စိုးလို့ပါ။ အဲ့တာကြောင့် အရှင်အရှုပ်ထွေးဆုံးအလုပ်တွေကို ဖြေရှင်းပြီးတဲ့အချိန်မှပဲ လာတွေ့ရဲခဲ့တာပါ။" ရိုမန်သည် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။ သူ၏အသံနေအသံထားသည် အလွန်ပင်ယဥ်ကျေးနေသည်။

သို့သော် ဖှေး၏ စူးရှသည့် လူရိုင်းဇာတ်ကောင်၏မသိစိတ်သည် ဤလူသည် သူ့အား ကုန်သည်များ၏ တွက်ချက်မှုတို့ဖြင့်ကြည့်ရှုလျှက်ရှိနေကြောင်းကို ပြောကြားနေ၏။ ဤလူသည်သူ့အား ရင်းနှီးမြုပ်နှံရန်အတွက် တန်မတန်ကို စဥ်းစားကြည့်နေခြင်းပင်။

"မန်နေဂျာ ရိုမန်က အလံနှစ်စုံမြို့တော်ထဲက အန္တရာယ်အများဆုံးနေရာကို ကျွန်တော်နဲ့ တွေ့ချင်ရုံသက်သက်နဲ့လာခဲ့တာလား..." ဖှေးသည် အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။

"အလံနှစ်စုံမြို့တော်ထဲတွင် အန္တရာယ်အရှိဆုံးနေရာ" ဟူသည့် စကားထဲတွင် အဓိပ္ပါယ်နှစ်ခုပါ၀င်နေသည်။ ပထမတစ်ခုမှာ အနောက်ဘက်ဂိတ်တံခါးပေါ်ရှိမျှော်စဥ်သည် ရန်သူများနှင့်အနီးကပ်ဆုံးနေရာတစ်ခုဖြစ်သည့်အတွက်ပင်။ ဒုတိယအနေဖြင့် ဖှေးသည် ဆွေကြီးမျိုးကြီးမိသားစု ၇ခု၏ ခေါင်းဆောင်များကို ဤနေရာတွင်ပင် ကွပ်မျက်ခဲ့သည့်အတွက်ပင်။

ဖှေးသည် ဟူစကီနှင့် မနေ့ညကစကားပြောရာမှ ဤစကားအကြောင်းကို သိခဲ့ရသည်။ သူသဘောကျစွာဖြင့်ပင် ရယ်မောခဲ့ပြီး စိတ်ဆိုးခြင်းမရှိပေ။

"ဟုတ်တာပေါ့။ ကျွန်တော်အရှင့်အတွက် လက်ဆောင်တွေပါပါတယ်။ ဆိုရိုကုန်သွယ်ရေးအဖွဲ့ရဲ့ ကျွန်တော်ကြီးကြပ်ရတဲ့ ဒေသမှာ အလံနှစ်စုံမြို့တော်လည်း ပါတယ်လေ။ အဲ့တာကြောင့် မြို့တော်ရဲ့ခုခံရေးမှာ ကျွန်တော်လည်းပါ၀င်သင့်တယ်လို့ ယူဆမိလို့ပါ..." အေဘရာသည် မက်တပ်ထကာ ရယ်မောလိုက်၏။ "ကျွန်တော်က ကျွန်တော့လူတွေကို လက်ဆောင်တွေသယ်လာခိုင်းထားတယ်။ အခုကိုဆိုရင်သူတို့ခံတပ်နံရံအောက်မှာ စောင့်နေကြတယ်။ အရှင်စိတ်မရှိဘူးဆိုရင် ကျွန်တော်ဒီနေရာကို သယ်လာခိုင်းလိုက်မယ်လေ..."

"ကောင်းတာပေါ့ဗျ..." ဖှေးသည် သူ၏လက်ကို မြှောက်ကာ သူတော်စင်တပ်ဖွဲ့၀င်တစ်ယောက်အား ထိုလူများကို ၀င်ခွင့်ပေးလိုက်ရန်အမိန့်ပေးလိုက်သည်။

မကြာမှီတွင် ခြေသံများစွာထွက်ပေါ်လာတော့၏။

ဆိုရိုကုန်သွယ်ရေးအဖွဲ့ယူနီဖောင်းများ၀တ်ဆင်ထားသည့် စစ်သည်တစ်ချို့သည် မျှော်စင်ထဲသို့ လမ်းလျှောက်၀င်လာကြ၏။ သူတို့ထဲမှ အများစုသည် ကြယတစ်လုံးအဆင့်စစ်သည်များဖြစ်ကြပြီး သူတို့၏ ခွန်အားများကိုအသုံးပြုကာ သံသေတ္တာကြီးခြောက်လုံးကို သယ်ဆောင်လာကြ၏။

ဖှေးအား အံ့သြစေသည်မှာ သေတ္တာများကို ၀င်ရောက်ကူညီသယ်ဆောင်နေသည့်လူများထဲတွင် အီမိုင်းလ်လဲပါ၀င်နေသည်ကိုပင်။

အီမိုင်းလ်သည်လည်း ဖှေးအားတွေ့လိုက်သည်။ သူ၏မျက်လုံးများသည်အရောင်တောက်ပသွားကာ အော်ဟစ်လိုက်သည်။ "ဟင် ညီအကိုဖှေးပါလား။ ဒီမှာဘာလုပ်နေတာလဲ။ ဟားဟား ငါက မင်းကိုက်တ်တို့လူမိုက်တစ်သိုက်ကို ဘယ်လိုခြောက်လိုက်နိုင်တာလဲဆိုပြီးအံ့သြနေတာ။ မင်းကဒီမှာ အလုပ်လုပ်နေတာကိုး။ မင်းသိသား ဘုရင်အလတ်ဇန္ဒားက င့ါကို လူတစ်ယောက်လွှတ်ပြီးတော့ ခေါ်ခိုင်းလိုက်တယ်။ ငါတကယ်ပဲ ဘုရင်အလတ်ဇန္ဒားရဲ့ ကိုယ်ရံတော်တစ်ယောက်ဖြစ်လာတော့မှာလာ မသိဘူး..."

All Chapters