← Chapters

အခန်း (၅၁၁)

Vol. 33 Ch. 511

အခန်း (၅၁၁)

Vol. 33 Ch. 511

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..." ရစ်ဘရီသည် မေးခွန်းများဆက်မေးခြင်းမရှိတော့ပေ။ သူသည် ဖှေးအား မျက်ကန်းကဲ့သို့ပင် ယုံကြည်နေ၏။

သူနင့် ရှိဗ်ချန်ကိုတို့သည် မစ်ရှင်အား လက်ခံလိုက်ပြီး ခံတပ်မျှော်စဥ်မှ ထွက်သွားကာ စတင်၍ပြင်ဆင်ကြတော့သည်။

ဖှေးသည် ထိုလူနှစ်ယောက်ထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် ခေါင်းငြိမ့်လိုက်၏။ ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့သည် ချမ်းဘော့ဒ်သားများမဟုတ်ကြပေ။ သို့သော် ဖှေးသည် ဤကဲ့သို့ရိုးသားဖြောင့်မက်သည့် လူနှစ်ယောက်ကို သဘောကျ၏။

မနေ့ညမှ ဖှေးဂျက်အင်ပါယာစခန်းထဲသို့ ခိုး၀င်ခဲ့စဥ်က ဂျက်အင်ပါယာ၏ ရိက္ခာပို့သော လမ်းကြောင်းများကိုအမှတ်မထင်သိခဲ့ရပြီး အစာများကို မနက်ဖြန်ညနေတွင်စတင်သယ်ဆောင်လာမည်ဖြစ်ကြောင်းကို သိခဲ့သည်။ ထို့ကြောင့် ဖှေးသည် ဤနှစ်ယောက်ကို စစ်ပွဲတွင် စွမ်းဆောင်ရည်အမှတ်များစွာကိုရရှိရန်အတွက် အခွင့်ရေးများစွာကိုပေးနေခြင်းပင်။ သူတို့သာ အောင်မြင်သွားပါက ဤကဲ့သို့အရေးပါသည့် မစ်ရှင်ကို အောင်မြင်ခဲ့သည့်အတွက် ဇီးနစ်အင်ပါယာမှ ပေးသည့် ဆုလာဘ်များစွာကိုရရှိမည်ဖြစ်ပြီး ရာထူးပင်တိုးလာနိုင်၏။

အမှန်ပင် ဖှေး ထိုမစ်ရှင်အား တစ်ယောက်တည်းအောင်မြင်အောင်ဆောင်ရွတ်နိုင်သော်လည်း အင်ပါယာကြီးနှစ်ခု၏ စစ်ပွဲတွင်မူ ဖှေးဆောင်ရွက်နိုင်သည့်အရာမှာ သိပ်မများပေ။

မြို့တော်အား ပို၍ လုံခြုံအောင်ဆောင်ရွက်ရန်အတွက် အမိန့်တစ်ချို့ပေးပြီးသည့်နောက်တွင် ထိုတာ၀န်အား ပီတာ၊ ဒရော့ဂ်ဘာနှင့် ဟူအက်ခ်တို့ကဲ့သို့သော လူများကို ပေးအပ်လိုက်သည်။

သူနေထိုင်နေသည့် မျှော်စင်သည်လုံခြုံကြောင်းကို အတည်ပြုပြီးသည့်နောက်တွင် ဖှေး ပေါ်တယ်တစ်ခုကို ဖွင့်၍ ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ရောက်ခဲ့တော့သည်။

သူသည် မြို့တော်၀န်စံအိမ်ထဲတွင်တစ်ညလုံးနေကာ မြေအောက်ပင်လယ်နှင့် ပတ်သက်သည့်လျို့၀ှက်ချက်များကိုရှာဖွေနေခဲ့ရသည့်အတွက် မကောင်းဆိုး၀ါများကို သတ်ဖြတ်၍ လယ်ဗယ်မြင့်တင်ရန်အချိန်မရခဲ့သေးပေ။

......

ဒိုင်ယာဘလိုကမ္ဘာထဲတွင်ဖြစ်သည်။

အေးရိတောင်ထိပ်သို့သွားသည့် ရှေးကျသည့်မျိုးနွယ်များ၏ လမ်းကြောင်းပေါ်တွင်ဖြစ်၏။

"နင်ပြောတာက ကျန်နေသေးတဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့တွေက မနက်ဖြန် မှာ အလံနှစ်စုံမြို့အနီးကီလိုမီတာ ၃၀ကိုရောက်လာတော့မှာလား။" ဖှေးမေးလိုက်၏။

"ဗျူဟာမှူး အာရန်းက အဲ့လိုပြောခဲ့တာပဲ။ သူက မြို့တော်ကို ၀ိုင်းရံထားတဲ့ ရန်သူတွေကို ဖောက်ထွက်ဖို့ ကျွမ်းကျင်စစ်သည်တစ်ယောက်ကို အရင်စေလွှတ်ပြီးတော့ အရှင့်ကို နောက်ထပ်ဘယ်လိုဆောင်ရွက်ရမလဲရင်မေးဖို့ စီစဥ်နေတယ်။ တပ်ဖွဲ့တွေကို မြို့ပြင်မှာပဲစခန်းချလိုက်ရမလားဆိုတာကိုပေါ့..." အယ်လီနာ၏ အနီရောင်ဆံပင်ရှည်များသည် လေထဲတွင်လွှင့်ပျံနေရင်းဖြင့် ဖှေးအား ပြန်ဖြေလိုက်သည်။

စစ်နတ်သမီးသည် ဖှေးအား ကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့များ၏ အခြေအနေကို ပြောပြနေရင်းဖြင့် မြှားများစွာကို ပစ်လွှတ်လိုက်ပြီး လယ်ဗယ်မြင့်မကောင်းဆို၀ါးတစ်ကောင်ကို သတ်ဖြတ်လိုက်သည်။

"၀ှစ်..."

ဖှေးလည်း အရှေ့သို့ပြေးသွားလိုက်ပြီးအဆင့်မြင့် နတ်ဆိုးတစ်ကောင်ဖြစ်သည့် သွေးသခင်အား နှစ်ခြမ်းပိုင်းကာ မေးလိုက်သည်။ "အဖွဲ့တစ်ခုခြင်းစီနဲ့ တပ်စိတ်တစ်ခုခြင်းစီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေကရော ဘယ်လိုလဲ..."

"ဗျူဟာမှူးအာရန်းပြောတာကတော့ အမိန့်တော်တော်များများကိုတော့ လိုက်နာနေကြတယ်ပြောပါတယ်။ သူ့ရဲ့အမိန့်တွေကို နားမထောင်တဲ့ အဖွဲ့၀င်တိုင်းပြည်က တပ်ဖွဲ့တစ်ချို့တော့ရှိနေတယ်။ မစ်စင်ဒီတို့လိုလူမျိုးတွေကသာ အာရန်းဘက်ကရှိမနေဘူးဆိုရင် သူတို့တွေ တပ်ဖွဲ့ထဲက နေခွဲထွက်ပြီးနေလောက်ပြီ..." အယ်လီနာသည်များစွာပြောကြားခြင်းမရှိပဲ ဖှေးအား လိုအပ်သည်တို့ကိုသာ ပြောလိုက်သည်။

"အဲ့လိုဖြစ်မှာကိုတော့ ကြိုတွေးပြီးသားပါ။ အာရန်းမှာကလည်း ဆွေကြီးမျိုးကြီးရာထူးလဲမရှိ တပ်ဖွဲ့ထဲမှာလည်း တရား၀င်ရာထူးလဲမရှိတော့ ဒီဘုရင်တွေက ဘယ်လိုလုပ်ပြီး သူ့အမိန့်ကို နာခံချင်မှာလည်း။ ငါသာအရင်ကတည်းက အာရန်းကို ဦးစားပေးမပြခဲ့ဘူးဆိုရင် ဒီဘုရင်တွေဒုက္ခပေးနေလောက်ပြီ။ ငါက တိုက်ခိုက်ပေးနိုင်တဲ့စစ်သည်တွေကိုပဲလိုအပ်တာ။ ဒါမယ့် အဲ့ဆွေကြီးမျိုးကြီးတွေကတော့ င့ါမှာ သူတို့ကို ကိုင်တွယ်ဖို့နည်းလမ်းတစ်ခုရှိပါတယ်...."

ဖှေးရှေ့သို့ပြေးသွားကာ မကောင်းဆိုး၀ါးများစွာကို သတ်ဖြတ်လိုက်ပြီး ထက်မံ၍ ပွဲကြမ်းရန်ကောင်းလားကို စဥ်းစားနေပြီဖြစ်သည်။

မိနစ်သုံးဆယ်ခန့်ကြာပြီးသည့်နောက်တွင်

"သတိထားဦး အယ်လီနာ ငါတို့ တွေတောင်ထိပ်ကိုရောက်တော့မယ်။ စွမ်းအားမြင့်တဲ့ ရှေးမျိုးနွယ်သုံးယောက် လမ်းကိုစောင့်ရှောက်နေတယ်။

သူတို့သည် အေးရိတောင်ထိပ်သို့သွားရာ လမ်းကိုရှာတွေ့ပြီးသည့်နောက်တွင် ဖှေးအယ်လီနာအား သတိပေးလိုက်၏။

ဤအလုပ်သည် ဟာရိုဂတ်မှ မြင်းတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ပေးအား ပေးလိုက်သည့် မစ်ရှင်ဖြစ်၏။

ဖှေးသည် နတ်ဆိုး၏လက်အောက်သို့ ကျရောက်သွားခဲ့သည့်အဖိုးကြီး နီးလာသက်ခ်ကိုသတ်ဖြတ်ပြီးဖြစ်သော်လည်း ရှေးကျသည့်အမျိုးနွယ်များ၏ အမွေနှစ်သည့် နတ်ဆိုးသခင်ကြီး ဘေးလ်ထံသို့ရောက်ရှိသွားပြီးဖြစ်၏။ ရှေးကျသည့်မျိုးနွယ်များ၏ အမွေနှစ်ကိုအသုံးပြုကာ ဘေးလ်သည် အေးရိတောင်ထိပ်အား ဖြတ်ကျော်သွားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ဖှေးသည် အေးရိတောင်ထိပ်တွင်ရှိသည့် နီဖာလန်သို့သွားကာ ဘေးလ်ကမ္ဘာကြီးအားမဖျက်ဆီးခင် သွားရောက်တားဆီးရမည်ဖြစ်၏။

သို့သော် ဖှေးထိုနေရာသို့ သွားရောက်ပြီး ဘေးလ်အား မတားဆီးမှီ ခက်ခဲသည့် စိန်ခေါ်မှုနောက်တစ်ခုဖြင့် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

နီဖာလန်သို့သွားရောက်ရာလမ်းပေါ်တွင် နတ်စင်တစ်ခုရှိနေပြီး ထိုနတ်စင်အား ရှေးကျသည့်အမျိုးနွယ်သုံးယောက်မှ စောင့်ရှောက်ထားသည်။ ထိုအမျိုးနွယ်များသည် ရုပ်တုများသာဖြစ်သော်လည်း အကယ်၍တစ်စုံတစ်ယောက်သည် ရှေးကျသည့်မျိုးနွယ်များ၏ အမွေနစ်မပါရှိပဲ နီဖာလန်သို့ရောက်ရှိလာပါက အသက်၀င်လာပြီး ပြိုင်ဘက်ကင်းသည့် စစ်သည်များအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ နီဖာလန်သို့ ၀င်ရောက်နိုင်ရန်အတွက် တစ်ခုတည်းသောနီးလမ်းမှာ သူတို့အား အနိုင်ယူရန်ဖြစ်သည်။

"ဂရုစိုက် အဲ့ရှေးလူရိုင်းမျိုးနွယ်တွေက အတော်လေးအစွမ်းထက်တယ်။ ရှေးဟောင်အမွေနှစ်သာ မပါဘူးဆိုရင် ဘေးလ်တောင် ဒီနေရာမှပင် သေသွားနိုင်တယ်..."

ဖှေးအယ်လီနာအား ထက်မံ၍ သတိပေးလိုက်သည်။ ဤအလုပ်သည် ခက်ခဲသည့်အတွက်ပင်။ သူသည် ကမ္ဘာပေါ်တွင် ဒိုင်ယာဘလိုဂိမ်းကို ကစားခဲ့စဥ်က ဤအခန်းတွင် အကြိမ်ပေါင်းများစွာသေခဲ့ဖူးသောကြောင့်ဖြစ်၏။

ဖှေး လေးလေးနက်နက်ပြောနေသည်ကို တွေ့ရသဖြင့် အယ်လီနာသည် ခေါင်းငြိမ့်ပြလိုက်ပြီး သတိထားလိုက်သည်။

......

ဖှေးနှင့် အယ်လီနာတို့သည် လိုဏ်ဂူတစ်ချို့ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် အေးရိတောင်ထိပ်သို့ရောက်ရှိလာခဲ့၏။

"ဖုန်း..."

သူတို့ ပတ်၀န်းကျင်ကို သေချာမမြင်နိုင်ခင်မှာပင် သူတို့ဖြတ်သန်းလာသည့် လိုဏ်ဂူများသည် ပြိုကျလာပြီးနောက်သို့ ပြန်မသွားနိုင်တော့အောင် ပိတ်ဆို့လိုက်၏။

ဖှေးသည် ရှေ့ဆုံးမှ သွားကာ နောက်မှလိုက်ပါလာနေသည့် အယ်လီနာကို ကာကွယ်ပေးထားသည်။

နှင်းကမ္ဘကြီးတစ်ခုပင်။ ကြီးမားသည့်နှင်းပွင့်များသည် ကောင်းကင်ပေါ်မှကျဆင်းနေပြီး ရှေ့တွင် နတ်စင်တစ်ခုရှိနေ၏။ နတ်စင်၏အနောက်တွင် တောင်စောင်းတစ်ခုရှိနေသည်။ အဖြူရောင်တိမ်တိုက်များနှင့် အားကောင်းသည့် လေပြင်ြားရှိနေသည့်အတွက် ဖှေးနှင့် အယ်လီနာတို့သည် တောင်ထိပ်မှနေ၍ ဟာရိုဂတ်မြို့တော်အား ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့မြင်နေရ၏။ ဤသည်မှာ လူရိုင်းမျိုးနွယ်များ၏ မြင့်မြတ်သောတောင်ထိပ်သည် မည်မျှမြင့်မားသည်ကို ဖော်ပြနေ၏။

နတ်စင်နှင့် သိပ်မ၀ေးသည့်နေရာတွင် လုံး၀ပင် အေးခဲနေသည့် ရေတံခွန်တစ်ခုရှိနေ၏။

ကျဆင်းလာသည့်နေရာကိုပင် မြင်နိုင်ခြင်းမရှိသည့်အတွက် ကောင်းကင်ဘုံမှ ရေတံခွန်တစ်ခုကဲ့သို့ပင်။

ဤရေတံခွန်သည် အနည်းဆုံး၂ကီလိုမီတာခန့် ရှည်လျားပြီး ကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားလှသည်။

ရေတံခွန်၏ အောက်ခြေတွင် ကြီးမားသည့်ဂူဗိမာန်ကြီးတစ်ခုရှိနေ၏။ အေးခဲနေသည့် မြို့တော်ကြီးတစ်ခုကဲ့သို့ပင် အပြင်ပိုင်းနံရံများကို မြင်တွေ့နေရ၏။ ဤသည်မှာ နီဖာလန်ပင်။ နောက်ဆုံးခေါင်းဆောင်ကြီး ဘေးလ်မှာ ထိုနေရာထဲသို့၀င်ရောက်သွားပြီးဖြစ်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးတော့မည်ဖြစ်သည်။ သို့သော် အမဲရောင်သံမဏိဂိတ်တံခါးကြီးတစ်ခုသည် ဖှေး၏လမ်းကြောင်းတွင် ပိတ်ကာနေလျှက်ရှိ၏။

ဖှေး၏မျက်လုံးများသည် နောက်ဆုံးတွင် နတ်စင်ပေါ်သို့ ရောက်ရှိသွား၏။

အဆောက်ဦးများ၊ ရုပ်တုများသည် နတ်စင်ပေါ်တွင်ရှိနေပြီး ထိုအပေါ်များတွင် လူရိုင်းမျိုးနွယ်များ နတ်ဆိုးများဖြင့် သတ်ဖြတ်နေသည့် ရုပ်များကို ရေးဆွဲထား၏။ ရှေးကျသည့် အရှိန်၀ါတစ်ခုသည် နတ်စင်အား လွှမ်းခြုံလျှက်ရှိနေပြီး အလွန်မြင့်မြတ်ခမ်းနားသည့်ပုံရှိနေ၏။

လူကဲ့သို့သော ရွေရုပ်ထုသုံးခုသည်လည်း နတ်စင်ပေါ်တွင် ရပ်နေလျှက်ရှိသည်။

အ၀ေးမှကြည့်ရုံဖြင့်ပင် ထိုရုပ်တုများမှ စွမ်းအားမြင့်မားသည့်အရှိန်၀ါတို့ကို ဖှေးခံစားနေရသည်။

ထိုရုပ်တုများသည် ပုဆိန်နှင့် ဓားကဲ့သို့သော လက်နက်များကို ကိုင်ထားကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဒေါသဖြစ်နေသည့် အမူယာများရှိနေကြ၏။ နှင်းများဖြင့် ဖုန်းလွှမ်းနေသည့် တောင်ပေါ်တွင် ရွှေရောင်ရုပ်တုသုံးခုမှာ နှင်းများတင်ကျန်နေခြင်းမရှိပဲ တောက်ပနေ၏။

ဖှေး အသက်ရှူလိုက်ကာ နတ်စင်ပေါ်သို့တက်လိုက်သည်။

ရုတ်တရက် အိုမင်းကာ နက်ရှိုင်းသည့်အသံကြီးတစ်ခုသည် အေးရိတောင်ထိပ်မှ ထွက်ပေါ်လာ၏။

"ငါတို့က နီဖာလန်ရဲ့၀ိဉာဥ်တွေပဲ။ ရှေးကျတဲ့အမျိုးနွယ်တွေ ငါတို့က ကမ္ဘာ့ကျောက်တုံးတည်ရှိတဲ့ မြင့်မြတ်သောတောင်ထိပ်ကိုစောင့်ရှောက်နေတာ။ လူအနည်းငယ်ပဲ အဲ့နေရာမှာ ရှိနေဖို့ထိုက်တန်တယ်။ ပို၍နည်းတဲ့ လူတွေကပဲ အဲ့တာရဲ့ တန်ဖိုးအစစ်မှန်က နားလည်သဘောပေါက်နိုင်တယ်။ မင်းမ၀င်ရောက်ခင်မှာ ငါတို့ကိုအရင်အနိုင်ယူရမယ်..."

အသံထွက်ပေါ်လာပြီးသည့်နောက်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် တောင်ထိပ်တွင်တောက်ပသွား၏။ ရွှေရောင်အလင်းတန်းများအားလုံးသည် ရုပ်ထုသုံးခုထံသို့ စုစည်းသွားကြ၏။ တဖြည်းဖြည်းဖြင့် သူတို့သည် တဖြည်းဖြည်းအသက်၀င်သည့်ပုံပေါက်လာကာ မျက်လုံးများပွင့်လာကြတော့သည်။

ထိုလူများသည် ရှေးမျိုးနွယ်သုံးပါးပင်။ ခုခံသူ တာလ်၊ စောင့်ရှောက်သူ မာဒေါ့တန်နှင့် ကာကွယ်သူ ခေါလစ်တို့ပင်။

ရုပ်တုသုံးခုအသက်၀င်လာလျှင်၀င်လာခြင်းပင် သူတို့၏မျက်လုံးများထဲမှ အနီရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး ဖှေးအားလွှမ်းခြုံသွားတော့သည်။ စိုးမိုးနိုင်စွမ်းရှိသည့် ခံစားချက်သည် ဖှေးအား ဖိအားများစွာပေးနေလျှက်ရှိပြီး ရှေးကျသည့်အမျိုးနွယ်သုံးပါးသည် ဖှေးနှင့် အယ်လီနာတို့ထံသို့ နတ်ဆိုးသားရဲများကဲ့သို့ပင်ပြေး၀င်လာတော့၏။ သူတို့ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် မြေပြင်တစ်ခုလုံးကွဲအက်သွား၏။

"င့ါနောက်မှာနေနေ..."

ဖှေးသည် အော်ဟစ်လိုက်ပြီး လေထဲတွင် ဆုပ်ကိုင်လိုက်သည်။ သူ၏ဓားနှစ်လက်သည် လက်ထဲသို့ရောက်ရှိလာပြီး ကြောက်ရွံ့ခြင်းမရှိပဲ ရှေးကျသည့်မျိုးနွယ်သုံးပါးထံသို့ပြေး၀င်သွားတော့သည်။

"ချွင်..."

ပုဆိန်အသုံးပြုသည့် ခေါလစ်အမည်ရှိ ရှေးမျိုးနွယ်သည် ခုန်ကျော်တိုက်ခိုက်ခြင်းအစွမ်းကိုအသုံးပြုကာ ဖှေးအား ပထမဆုံးခုန်ပြီးတိုက်ခိုက်လိုက်သည်။ ဖှေးသူ၏ ဓားနှစ်လက်ကို ကြက်ခြေခတ်သဏန်ပြုလုပ်ကာ ဤသိုင်းကွက်ကို ကာရံလိုက်သည့်အချိန်တွင် သူ၏လက်အောက်၀တ်တစ်ခုလုံးပင် ထုံကျင်သွားပြီးအနောက်သို့ ခြေလှမ်းများစွာဆုတ်ခွာသွား၏။

ခေါလစ်သည်လည်းနောက်သို့ လွှင့်ထွက်သွားသည်။

"အတော်စွမ်းအားကြီးတာပဲ..." ဖှေးထိတ်လန့်အံ့သြသွားသည်။

သူသည် အပြင်ကမ္ဘာတွင်လည်း လေ့ကျင့်နေသည့်အတွက် သူသည် ဒိုင်ယာဘလိုကမ္ဘာမှ စွမ်းအားမျှခြေထက်များစွာသာလွန်သည့်အစွမ်းကို ပိုင်ဆိုင်ထားသည်။ သူသည် ယခင်က ခေါင်းဆောင်အဆင့်ရှိသည့် မကောင်းဆိုး၀ါးများနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အချိန်တွင် အလွယ်တကူပင် စိုးမိုးကာ အနိုင်ယူနိုင်ခဲ့သည်။ သု့ိသော် ယခုအချိန်တွင်မူ ခေါင်းဆောင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ခေါလစ်ကပင် သူနှင့် တူညီသည့်အစွမ်းရှိသည်ဟု ထင်မှတ်မိ၏။

"ရှေးကျတဲ့အနွယ်၀င်တွေက ဒီကမ္ဘာပေါ်မှာဆိုရင် စွမ်းအားအကြီးဆုံးဖြစ်တည်မှုတွေပဲ..." ဖှေး ဆုံးအောင်မတွေးနိုင်ခင်မှာပင် အန္တရာယ်သည် သူ့ထံသို့ ထက်မံကာ ချည်းကပ်လာ၏။

လေခွင်းသည့်အသံများထွက်ပေါ်လာပြီး ပစ်လွှတ်လိုက်သည့်ပုဆိန်တစ်ချို့သည် လေထဲတွင် လည်ပတ်ကာ သူ့ထံသို့ပျံသန်းလာနေ၏။ အလွန်ပင်လျှင်မြန်လှသဖြင့် ဖှေးကိုယ်တိုင်ပင် သေမင်း၏ အနံ့သက်များကို ရရှိလိုက်သည်။

ဤသည်မှာ အားအနည်းဆုံး ရှေးမျိုးနွယ်တစ်ယောက်ဖြစ်သည့် မာဒေ့ါအသုံးပြုလိုက်သည့် ပုဆိန်ပစ်ပေါက်ခြင်းအစွမ်းပင်။

မာဒေါ့သည်အခွင့်ရေးကို သတိထားမိကာ အချိန်ကိုက်တိုက်ခိုက်လိုက်ခြင်းပင်။ ထို့ကြောင့် ဖှေးဟန်ပျက်သွား၏။ သူသည် ရှောင်ရှားလိုသော်လည်း ရှောင်ရှားနိုင်ခြင်းမရှိတော့ပေ။

"ချွင် ချွင် ချွင် ချွင်.."

အယ်လီနာ၏ အလှည့်ပင်။ သူမသည် မျှားများစွာကို ပစ်လွှတ်လိုက်ကာ လေပေါ်တွင် ပျံသန်းလာနေသည့် ပုဆိန်များကို တိကျစွာပင် ထိမှန်သွား၏။

All Chapters