အခန်း (၅၁၂)
Vol. 33 Ch. 512
အယ်လီနာ၏ မြှားများသည် ပျံသန်းလာနေသည့် ပုဆိန်များကို အရှိန်လျှော့သွားစေပြီး ဖှေးသည် ခုန်ကျော်ခြင်းအစွမ်းကိုအသုံးပြုကာ ရှောင်ရှားလိုက်နိုင်သည်။ သို့သော် သူခုန်တက်လိုက်အပြီးတွင် ခေါလစ်သည် သူ့အား ထက်မံ၍ ခုန်ကျော်ကာ တိုက်ခိုက်လာပြန်သည်။ ကြီးမားသည့် ပုဆိန်ကြီးဖြင့် သူ့အား ခုတ်ပိုင်းချလိုက်သည်။
"ခုန်ကျော်တိုက်ခိုက်ခြင်း..."
ဖှေးသည်လည်း ကြုံး၀ါးလိုက်ပြီး ခုန်ကျော်တိုက်ခိုက်ခြင်းကိုအသုံးပြုလိုက်သည်။ သူ၏ ဓားနှစ်လက်ကိုအသုံးပြုပြီး ပုဆိန်သိုင်းကွက်ကို အတုယူကာ ခေါလစ်နှင့် လေထဲတွင် တိုက်ခိုက်မိလိုက်၏။
"ဖုန်း..."
လေပြင်းများတိုက်ခိုက်လာပြီး ဖှေးနှင့်ခေါလစ်တို့နှစ်ယောက်လုံးသည် အနောက်သို့ လွှင့်ထွက်သွားကြ၏။
ယခုအချိန်တွင်မူ ဖှေးသည် အားနည်းသည့်အခြေအနေသို့ ရောက်ရှိနေ၏။ လက်ပေါ်မှ အရေပြားများဆုတ်ပြဲသွားပြီး သူ၏လက်ထဲမှ ဓားနှစ်လက်ပင် လွတ်ကျလုနီးနီးပင်။
ခေါလစ်သည် ရှေးမျိုးနွယ်တစ်ယောက်ပင်။ သူ၏ ခုန်ကျော်တိုက်ခိုက်ခြင်း သိုင်းကွက်မှာလည်း နာမည်ကြီးလှသည်။ ဤလူရိုင်းဇာတ်ကောင်၏အစွမ်းတစ်ခုသည် သူ၏လက်ထဲတွင်အမြင့်တစ်ခုသို့ရောက်ရှိနေသောကြောင့်မည်သူမှ သူလောက်ခုန်ကျောက်တိုက်ခိုက်ခြင်းအစွမ်းကို ပိုင်ပိုင်နိုင်နိုင်ထိထိရောက်ရောက်အသုံးချနိုင်ခြင်းမရှိပေ။
ဖှေး၏ ခုန်ကျော်တိုက်ခိုက်ခြင်းအစွမ်းမှာ လယ်ဗယ်၁၂သာရှိသေးသည့်အတွက် ကွာခြားချက်မှာ ကြီးမားလှသည်။
ဖှေးမြေပေါ်သို့ ကျလျှင်ကျခြင်းပင် ဓားမုန်တိုင်းတစ်ခုသည် သူ့ထံသို့ ပျံသန်းလာ၏။ အေးရိတောင်ထိပ်သည် ဓားပင်လယ်ပြင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့သည်။
[ဓားမုန်တိုင်း]
ဤသည်မှာ တာလစ်၏ နာမည်ကြီးသည့်သိုင်းကွက်ပင်။
ဖှေးသည် ခုန်ကျော်ခြင်းအစွမ်းကို ချက်ချင်းပင်အသုံးပြုကာ ဤကြမ်းတမ်းသည့်သိုင်းကွက်ကို ရှောင်ရှားလိုက်သည်။ သူထိုစွမ်းအားမြင့်မားသည့် သိုင်းကွက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုခြင်းမရှိပေ။
စက္ကန့်အနည်းငယ်ကြာတိုက်ခိုက်ပြီးသည့်နောက်တွင် ဖှေးသည် ရှေးမျိုးနွယ်သုံးပါး၏ စွမ်းအားအဆင့်ကို နားလည်သွား၏။ သူတို့တစ်ယာက်ခြင်းစီတိုင်းသည် သူ့အား အနိုင်ယူနိုင်သည့် စွမ်းရည်တစ်ခုစီပါရှိနေသည့်အတွက် သူတို့အား စိုးမိုးကာ အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာ ဖှေးဒိုင်ယာဘလိုကမ္ဘာထဲတွင် တိုက်ခိုက်ဖူးသည့် တိုက်ပွဲများထဲတွင် အခက်ခဲဆုံးတိုက်ပွဲတစ်ခုလည်းဖြစ်သည်။ သူသည် ဖြေးဖြေးခြင်းဖြင့် တိုက်ခိုက်ကာ သူတို့အား အနိုင်ယူနိုင်ရန်ကြိုးစားရမည်ဖြစ်သည်။ ဤသည်မှာ သူကမ္ဘာပေါ်တွင် ဂိမ်းကစားခဲ့စဥ်ကလည်း အသုံးပြုခဲ့ဖူးသည့် ဗျူဟာတစ်ခုပင်။
ဖှေးသည်တစ်ယောက်တည်းရင်ဆိုင်တိုက်ခိုက်နေရခြင်းမဟုတ်ပဲ သူနှင့်အတူ စွမ်းအားမြင့်သည့် ကိုယ်ရံတော်တစ်ယောက်ပါနေသည်မှာ ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။
"၀ှစ် ၀ှစ် ၀ှစ် ၀ှစ်..."
မြှားများနှင့် ပုဆိန်များစွာမှာ လေထဲတွင် ၀ဲပျံနေလျှက်ရှိသည်။
အ၀ေးမှ ပစ်လွှတ်ကာ တိုက်ခိုက်သည့်နေရာတွင် ကောင်းမွန်သည့် အယ်လီနာနှင့် မာဒေါ့တို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြ၏။
မာဒေါ့သည် ပို၍စွမ်းအားမြင့်မားသော်လည်း အယ်လီနာသည် နတ်စင်ပေါ်တွင်ရှိသည့် အဆောက်ဦးများ၊ ကျောက်တုံးများကို အကာကွယ်ယူကာ မာဒေ့ါ၏တိုက်ခိုက်မှုများကိုရှောင်ရှားနေလျှက်ရှိသည်။
ရှောင်ရှားနေရင်းဖြင့် သူမသည် ထိရောက်စွာပင် တန်ပြန်တိုက်ခိုက်နိုင်နေလျှက်ရှိသည်။
အချိန်တိုအတွင်းတွင် မည်သူမှ အောက်နိုင်မှုကိုရရှိနိုင်ခြင်းမရှိသေးပေ။
"ကောင်းတယ်။ ငါသူတို့ထဲမှာ အားအနည်းဆုံးဖြစ်တဲ့ ခေါလစ်ကို အရင်သတ်ရမယ်..."
ဖှေးစဥ်းစားကာ သူ၏ ဓားနှစ်လက်ကို စွန့်လွှတ်လိုက်သည်။
စုံလိုက်ပစ္စည်းဖြစ်သည့် ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်သည် ဖှေး၏စွမ်းအားများကို မြှင့်တင်ပေးထားသော်လည်း သူသည် ဓားကျွမ်းကျင်မှုဆိုင်ရာတွင်အမှတ်များစွာအသုံးပြုထားခြင်းမရှိပေ။ ထို့ကြောင့် ရလဒ်အနေဖြင့် ဖှေးသည် စွမ်းအားမြင့်ဓားသိုင်းကွက်များကိုအသုံးမပြုနိုင်သောကြောင့် သူ၏အစွမ်းများသည် ကန့်သက်နေလျှက်ရှိသည်။
ဓားများကို စွန့်လွှတ်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်ကို ကိုင်းကာ သူ၏ညာလက်ကို အနောက်သို့ဆွဲလိုက်သည်။ ချက်ချင်းပင် အေးရိတောင်ထိပ်မှ ရာသီဥတုတစ်ခုလုံးသည် ပြောင်းလဲသွားတော့၏။ လေထဲတွင် ကြီးမားသည့် လက်သီးရာကြီးတစ်ခုပေါ်လာပြီး ဖှေးထိုးလိုက်သည့်အချိန်တွင် ခေါလစ်ထံသို့ ပျံသန်းသွားတော့၏။ "တစ်ချက်ထိုးကောင်းကင်လက်သီး..."
ဖှေးသည် လူရိုင်းအစွမ်းများအသုံးပြုသည့်နေရာတွင် ရှေးမျိုးနွယ်သုံးယောက်ကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် သူ၏ခွန်အားမှာမူ သူတို့ထက်ပို၍သန်မာလှ၏။ သူသည် ရရှိလာသည့်ဂုဏ်သတ္တိဆိုင်ရာအမှတန်များစွာကို ခွန်အားတိုးမြှင့်ရန်အတွက် အသုံးပြုခဲ့သည့်အတွက်ပင်။
"ဖုန်း..."
ခေါလစ်သည် လက်သီးရာဖြင့် ရိုက်မိသွားသဖြင့် ချက်ချင်းပင်အနောက်သို့လွှင့်ထွက်သွား၏။
ဖှေး ခေါလစ်၏အနောက်သို့ ပြေးလိုက်ခြင်းမရှိပေ။
ခေါလစ်သည် သွေးများစွာဆုံးရှုံးသွားသော်လည်း စွမ်းအားအမြင့်ဆုံးရှေးမျိုးနွယ်ဖြစ်သည့် တာလစ်သည် ဓားမုန်တိုင်းအစွမ်းကို အသုံးပြုကာ ဖှေးအားတိုက်ခိုက်လိုက်၏။
"၀ုန်း..."
ဖှေးခုန်ကျော်ြခင်းအစွမ်းကိုအသုံးပြုကာ လေပေါ်သို့ ခုန်တက်ကာ သူ၏ခွန်အားများကို စုစည်းပြီး တာလစ်အား ကောင်းကင်လက်သီးအစွမ်းဖြင့် ပြန်လည်ကာ တန်ပြန်တိုက်ခိုက်လိုက်သည်။
"ဖုန်း..."
တာလစ်သည်လည်းအနောက်သို့လွှင့်ထွက်သွား၏။ ဖှေးဤအရာကိုမြင်ပြီးသည့်နောက်တွင် ယုံကြည်ချက်များစွာကို ပြန်လည်ရရှိလာခဲ့သည်။
အောင်နိုင်ခြင်းနတ်သမီးသည် သူ့ဘက်သို့ တိမ်းစောင်းလာနေပြီကို သိလိုက်ရ၏။ နောက်၁၅မိနစ်လုံးတွင် အရာအားလုံးသည် အစီစဥ်အတိုင်းပင်သွားနေသကဲ့သို့ပင်။
ဖှေးကောင်းကင်လက်သီးအား ဆယ်ကြိမ်ခန့်အသုံးပြုပြီးသည့်နောက်တွင် ကြီးမားသည့်ပုဆိန်ကြီးကိုအသုံးပြုသည့် ခေါလစ်၏ သွေးတန်းမှာကုန်ခမ်းသွားတော့၏။
ဒေါသခြင်း၊ စိတ်သက်သာခြင်းများဖြင့် ပြည့်နှက်နေသည့် ကြုံး၀ါးသံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများတောက်ပလာတော့၏။ ထိုအလင်းတန်းသည် ပတ်၀န်းကျင်ကို ပြောင်းလဲပစ်လိုက်သည်။
ရွှေရောင်အလင်းတန်းသည် အမည်မသိသည့် ရွှေရောင်စွမ်းအင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး ခေါလစ်၏ ခန္ဓာကိုယ်မှ ထွက်ခွာကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့၏။ ထို့နောက်တွင် ရွှေရောင်စွမ်းအင်များသည် ကောင်းကင်ပေါ်မှပြန်လည်ဆင်းသက်လာကာ ဖှေး၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာတော့သည်။ စွမ်းအင်များသည် အလွန်ပင် လျှင်မြန်စွာသွားလာနေသဖြင့် မည်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပင် ဖှေး၏ ခန္ဓာကိုယ်အတွင်းသို့၀င်ရောက်သွားတော့၏။
ဘုရင်သည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းတွင် နွေးထွေးသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
ထို့နောက်တွင် ၀ိဉာဥ်ပိုင်းဆိုင်ရာတွင် ထူးဆန်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။ ခြောက်သွေ့နေသည့် မျိုးစေ့တစ်ခုသည် မိုးရေရရှိသွားသည့်အတိုင်းပင် ဖှေးသူ၏အသက်၀ိဉာဥ်သက်တောင့်သက်သာဖြစ်သွားသလိုခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့်အရိုးများထံမှ အဆစ်ချိုးသည့်အသံများညင်သာစွာထွက်ပေါ်လာပြီးသည့်နောက်တွင် စိတ်ကူးမယဥ်နိုင်လောက်သည့် အပြောင်းလဲများသည် သူ၏ခန္ဓာကိုယ်ထဲတွင် စတင်ကာဖြစ်ပေါ်လာတော့၏။ ထိုအရာများအားလုံးသည် ဖှေးမျှော်မှန်းထားသည်ထက်ပင် များစွာကျော်လွန်နေ၏။
တစ်ချိန်တည်းမှာပင် ခေါ်လစ်၏ အလောင်းသည်ပျောက်ကွယ်သွားပြီး ရုပ်ထုတစ်ခုသည် နတ်စင်ပေါ်တွင် ပြန်လည်ကာရောက်ရှိလာ၏။ ရုပ်ထုသည် ကြီးမားသည့် ပုဆိန်ကြီးတစ်လက်ကို ကိုင်ထားပြီး သေဆုံးသွားခဲ့သည့် ခေါလစ်နှင့်တူညီ၏။
ဤသည်မှာ ဖှေးဂိမ်းကစားခဲ့ဖူးတုန်းကအတိုင်းပင်။ ရှေးမျိုးနွယ်တစ်ယောက်သေဆုံးသွားသည့်အချိန်တွင် သူတို့သည် ရွှေရုပ်ထုအဖြစ် ပြန်လည်ကာ ပြောင်းလဲသွားကြမည်ဖြစ်သည်။
မတူညီသည့် တစ်ခုတည်းသောအရာမှာ ခေါလစ်၏အရှိန်၀ါများပါရှိသည့် ရွှေရောင်စွမ်းအင်များသည် ဖှေး၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားကာ ကြီးမားသည့်အပြောင်းလဲများစွာဖြစ်ပေါ်လာခြင်းပင်။
သို့သော်တိုက်ပွဲမပြီးဆုံးသေးသဖြင့် တွေးခေါ်နေရင်အချိန်မရသေးပေ။ ဟိန်းဟောက်သည့်အသံတစ်ခုထွက်ပေါ်လာပြီး ဓားသွားစွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့ကုန်၏။ ကောင်းကင်ပေါ်မှကျဆင်းနေသည့် နှင်းပွင့်များသည်လည်း ဖုန်မှုန့်များကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ကြ၏။ အေးရိတောင်ထိပ်တွင်ရှိနေသည့် အရာအားလုံးပျက်စီးတော့မည့်အတိုင်းပင်။
ဓားမုန်တိုင်း
တာလစ်သည်စွမ်းအားအမြင့်ဆုံး ရှေးမျိုးနွယ်တစ်ယောက်ဖြစ်နေသည်မှာ မဆန်းကျယ်လှပေ။ ဓားမုန်တိုင်းသိုင်းကွက်သည် သူ၏လက်ထဲတွင် နောက်ထပ်လယ်ဗယ်တစ်ခုသို့ရောက်ရှိနေ၏။ တာလစ်၏ ဓားမုန်တိုင်းသိုင်းကွက်သည် လအဆင့်စစ်သည်များ၏ အဆင့်မြင့်သိုင်းကွက်များဖြင့်ပင် ညီမျှနေသည်ဟု ဖှေးခံစားလိုက်မိ၏။ အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေ၏။
လူရိုင်းဇာတ်ကောင်၏ စွမ်းအားများသည် ဤမျှထိခိုက်စေနိုင်ကြောင်းကို ဖှေးပထမဆုံးအနေဖြင့် မြင်တွေ့ဖူးလိုက်ခြင်းပင်။
"ခုန်ကျော်ခြင်း..."
ဖှေးသည် လေပေါ်သို့ ခုန်တက်ကာ ထက်မံ၍ ရှောင်တိမ်းလိုက်သည်။
ယခင်နည်းလမ်းအတိုင်းပင် သူသည် လေပေါ်သို့ ခုန်တက်အပြီးတွင် ကောင်းလက်လက်သီးဖြင့် လက်သီးချက်တစ်ခုကို တောလစ်ထံသို့ ပစ်လွှတ်လိုက်၏။
ဤစွမ်းအားမြင့်ရှေးမျိုးနွယ်သည် ဓားမုန်တိုင်းကိုအသုံးပြုပြီးသည့်အချိန်တိုင်းတွင် စက္ကန့်၀က်ခန့်ရပ်တန့်သွားမည်ဖြစ်သည်။ ဤအချိန်တွင် သူ၏ ခုခံမှုတို့မှာ အနိမ့်ဆုံးအချိန်သို့ရောက်ရှိနေ၏။
ဖှေးသည် ဤအခွင့်ရေးကိုအချိန်တိုင်းတွင်အသုံးပြုကာ တောလစ်အား တိုက်ခိုက်လျှက်ရှိသည်။ ဖှေး၏ လက်သီးချက်တစ်ချက်ဖြင့် ထိသွားသည့်အချိန်တိုင်းတွင် တောလစ်၏ သွေးတန်းသည် ၁၂ပုံတစ်ပုံခန့်လျှော့ကျသွားမည်ဖြစ်သည်။
သို့သော် ဖှေးသည် စိတ်အေးခြင်းမရှိသေးပေ။
ဓားမုန်တိုင်းသိုင်းကွက်သည် ဓားလက်နက်များကိုအသုံးပြုသည့် ရူးသွပ်သည့် လူရိုင်းဇာတ်ကောင်သိုင်းကွက်တစ်ခုဖြစ်သည်။ တောလစ်အသုံးပြုလိုက်သည့်အချိန်တိုင်းတွင် ဓားစွမ်းအင်များစွာသည် လေထဲတွင် ပျံ၀ဲသွား၏။ ဖှေးသည် အကောင်းဆုံးပစ္စည်းများကို တပ်ဆင်အသုံးပြုထားကာ အတက်နိုင်ဆုံးကြိုးစားပြီးရှောင်တိမ်းနေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာထွက်ပေါ်လာပြီး သွေးများအဆက်မပြတ်စီးကျနေလျှက်ရှိသည်။
"ဖုန်း..."
ဖှေးလက်သီးချက်နှင့် ထက်မံထိသွားပြီးသည့်နောက်တွင် တောလစ်သည်လည်း မြေပေါ်သို့ လဲကျကာသေဆုံးသွားတော့သည်။
ယခင်ကဲ့သို့ပင် ရွှေရောင်စွမ်းအင်များကောင်းကင်ပေါ်သို့ ထောင်တက်သွားပြီး ပြန်လည်ဆင်းသက်ကာ ဖှေး၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွား၏။
ဤရွှေရောင်စွမ်းအင်သည် ဖှေး၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ကာ စီး၀င်သွားပြီးသည့်နောက်တွင် ရုပ်တုနောက်တစ်ခုသည် နတ်စင်ပေါ်တွင် ပြန်လည်ကာရောက်ရှိလာ၏။
ဤသည်မှာ တောလစ်၏ရုပ်တုပင်။
ရုတ်တရက်ဖှေး တတိယမြောက်ရုပ်ထုကိုလည်း သတိထားလိုက်မိသည်။ ဤသည်မှာ အယ်လီနာသည်လည်း သူမနှင့်တိုက်ခိုက်နေသည့် မာဒေါ့အားအနိုင်ယူပြီးသွားပြီဟူသည့် အဓိပ္ပါယ်ပင်။
"နောက်ဆုံးတော့..." ဖှေးပြုံးကာ အယ်လီနာထံသို့ မောပန်းစွာဖြင့် ကြည့်လိုက်သည်။
သူအယ်လီနာကို မြင်လျှင်မြင်ခြင်းပင် ထိတ်လန့်သွားတော့၏။
အယ်လီနာသည် ကျောက်တုံးမျှော်စင်တစ်ခုပေါ်တွင် မှီနေကာ လဲမကျအောင်အတတ်နိုင်ဆုံးထိန်းထားရ၏။ သူမ၏လက်ထဲမှ မည်သည့်အချိန်ကမှ ထွက်ခွသွားခြင်းမရှိခဲ့သည့်လေးသည် ယခုအချိန်တွင် မြေပြင်ပေါ်သို့ရောက်ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာရှိနေ၏။ ပို၍အထင်ရှားဆုံးဒဏ်ရာသည် သူမ၏ ခါးတွင်ရှိသည့် ဒဏ်ရာပင်။ သူမသည် နှစ်ပိုင်းပြတ်လုနီးနီးပင်ဖြစ်နေ၏။ သွေးများသည် အဆက်မပြတ်စီးကျလျှက်ရှိနေပြီး သူမ၏ မျက်နှာသည်လည်း ဖြူဖက်ဖြူယော်ဖြစ်နေ၏။ သူမသည် ဖှေးအားကြည့်ကာ ပြုံးပြလိုက်သည်။
"နင်ဒဏ်ရာရသွားတာလား အယ်လီနာ..."
ဖှေး ကြောက်လန့်ကာ အော်ဟစ်လိုက်မိသည်။
အယ်လီနာ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဒဏ်ရာများထက်ပင် သူ့အား ပိုမို၍ထိတ်လန့်စေသည်။
သူချက်ချင်းပင်ပြေးသွားလိုက်ပြီး စွမ်းအားမြင့်သွေးပုလင်းတစ်လုံးကို အယ်လီနာ၏ ပါးစပ်ထဲသို့လောင်းထည့်လိုက်သည်။
"နင်ကအတော်လေးပြင်းပြင်းထန်ထန်ဒဏ်ရာရနေတာပဲ နင်ဘာလို့ င့ါကို မပြောခဲ့တာလဲ..." ဖှေးသည်တစ်ချိန်တည်းမှာပင် ဒေါသဖြစ်ကာ စိတ်တိုနေလျှက်ရှိသည်။
ဤစစ်နတ်သမီးသည် တိုက်ပွဲတွင်းတွင် သူ့အား အနှောင့်ယှက်မပေးလိုသောကြောင့် ဒဏ်ရာရရှိနေသော်လည်း အသိမသေးခဲ့သည်ကို သိရှိသည့်အတွက်ပင်။ သူမသည် အသေခံချသည့် ဟန်ဖြင့် မာဒေါ့အားသတ်ဖြတ်ခဲ့၏။
တကယ်တန်းတွင် တိုက်ပွဲတွင် အယ်လီနာ၏ စွမ်းအောင်ရည်မှာများစွာပင် သက်ရောက်မှုကြီးလှသည်။
သူမသည်သာ အ၀ေးမှတိုက်ခိုက်ရာတွင် စွမ်းအားမြင့်မားသည့် မာဒေါ့ကို ထိန်းမထားခဲ့နိုင်ပါည ဖှေးသည် ရှေးမျိုးနွယ်တစ်ယောက်ကိုမှ သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။