← Chapters

အခန်း (၅၁၄)

Vol. 33 Ch. 514

အခန်း (၅၁၄)

Vol. 33 Ch. 514

အခိုက်တန့်တစ်ခုကြာခန့် အေဘရာသည် ကျက်သေသေသွား၏။ သူသည် ဤအသားမဲမဲနှင့်လူသည် မည်သူဖြစ်သည်ကို မသိသည့်အတွက်ပင်။

"သူက ချမ်းဘော့ဒ်ဘုရင်ကို ဘယ်လိုလုပ်ပြီး ဒီလိုပုံနဲ့စကားပြောနေရဲရတာလဲ။ သူ့အသံနေအသံထားအရဆိုရင် သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်သိတဲ့ပုံပဲ။ ဒါပေမယ့် သူက ချမ်းဘော့ဒ်ဘုရင်ဘယ်သူလဲဆိုတာတကိုတော့ သိတဲ့ပုံမပေါ်ဘူး..."

ဖှေးပြုံးကာ ဘာမှရှင်းပြချင်းမရှိပေ။ သူသည်လက်ကို၀ှေ့ရမ်းလိုက်ပြီး ဟူစကီအား ခေါ်လိုက်သည်။

"အရှင်မင်းကြီး သူက..." အေဘရာသည် အပြုံးတစ်ခုနှင့်အတူမေးလိုက်၏။

"ခင်ဗျားတို့နှစ်ယောက်ကို မိတ်ဆက်ပေးပါရစေ။ ဒါက ခင်တာမကြာသေးတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက်ပေါ့။ အရင်က ကျွန်တော့ရဲ့ သရုပ်မှန်ကို သူ့စီကနေလျို့၀ှက်ထားခဲ့တာ..."

ဖှေးသည် သူ၏သရုပ်မှန်ကို ဆက်လက်ဖုံးကွယ်ထားခြင်းမရှိတော့ပေ။ သူသည် ဟူစကီနှင့် သူနှင့် တွေ့ဆုံခဲ့ပုံအား အေဘရာသို့ပြောပြပြီး ဂျက်စီကာ၏ထက်မြတ်ပုံကိုလည်း အကြိမ်ပေါင်းများစွာပြောပြီးသည့်အချိန်တွင် ဟူစကီ၏ ပခုံးကို ပုတ်ကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူမေးလိုက်၏။ "အီမိုင်းလ် ငါမင်းကို အရင်က ငါဘယ်သူလဲဆိုတာကိုပြောမပြခဲ့တာကို စိတ်မဆိုးဘူးမလား...."

ဟူစကီသည် ထိတ်လန့်အံ့သြသွား၏။

သူ၏မျက်လုံးများ ပြူးကျယ်လာကာ ဖြစ်ပျက်နေသည်များကို မယုံနိုင်ဖြစ်နေ၏။

ခနတာကြာပြီးသည့်အချိန်တွင် သူနောက်ဆုံးတွင် တုန့်ပြန်လိုက်သည်။ သူသည် ဖှေး၏ ပခုံးကို ပြန်ပုတ်ကာ ရယ်မောလိုက်၏။ "ဒါ ဒါဆိုအရှင်က ဘုရင်အလတ်ဇန္ဒားပဲပေါ့။ ဟားဟား ကျွန်တော်က တကယ်ပဲ အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်တစ်ယောက်ဖြစ်လာတော့မှာလား။ ကောင်းတယ်တွေ့ရတာ ၀မ်းသာပါတယ် ဆာ။ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်ဗျ။ အမ် တောင်းပန်ပါတယ်ဆာ ကျွန်တော် ဆရာ့ကို မထိသင့်ဘူး...ကျွန်တော်..."

ဤရိုးရှင်းလှသည့်လူသည် အလွန်စိတ်လှုပ်ရှားလွန်းလှသဖြင့် ဘာပြောရမည်မှန်းမသိဖြစ်နေ၏။ သူသည် ဖှေးသူ့ထံမှ သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းနှင့် ပတ်သက်၍ စိတ်ဆိုးခြင်းမရှိပေ။ သူသည် တစ်ခြားလူအားမည်သည့်အချိန်တွင်မှပင် အပြစ်မတင်တတ်သည့်အတိုင်းပင်။

"ဒါက ထင်မထားစရာပဲ အရှင်မင်းကြီး။ အရှင်မင်းကြီးကိုယ်တိုင်းမြို့တော်ထဲမှ လှည့်ပတ်ပြီးစုံစမ်းနေလိမ့်မယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး။ ဟားဟား အရှင်မင်းကြီးလိုအပ်တဲ့အချက်လက်တွေအကုန်ရလောက်ပါပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီအီမိုင်းလ်လို့ ခေါ်တဲ့ညီအကိုကိုတော့ အတော်လေးကံကောင်းတယ်လို့ ပြောရမယ်..." အေဘရာမှ ပြောလိုက်၏။

သူသည် ဖှေးလုပ်ခဲ့သည့်အရာကြောင့်အတော်တန်ပင် အံ့သြသွားသည်။ "ဒီဘုရင်က မြို့တော်ထဲမှာ တိတ်တဆိတ်လျှောက်သွားနေခဲ့ပြီးတော့ အသေးစိတ်အချက်လက်တွေကို စုဆောင်းနေခဲ့တာပဲ။ အတော်ကောင်းတဲ့ ရွေ့ကွက်ပဲ..." သူတွေးလိုက်မိသည်။ သူ၏ ဖှေးအပေါ်တွင်ထားရှိသည့်အမြင်သည် ပို၍ပင်ကောင်းမွန်လာတော့၏။

ခနတာစဥ်းစားပြီးသည့်နောက်တွင် သူအကြံပြုလိုက်သည်။ "အလံနှစ်စုံမြို့တော်မှာရှိတဲ့ ဆိုရိုကုန်သွယ်ရေးအဖွဲ့ဌာနခွဲမှာ အမျိုးသမီးမန်နေဂျာတစ်ယောက်လိုအပ်နေတယ်။ အရှင်မင်းကြီးက အီမိုင်းလ်ရဲ့ ညီမကို ထက်မြတ်တယ်လို့ ပြောနေတော့။ ကျွန်တော်အရဲစွန့်ပြီးတော့ အီမိုင်းလ်ရဲ့ညီမကို ကျွန်တော်တို့ ဆိုရိုကုန်သွယ်ရေးအဖွဲ့ထဲ၀င်ရောက်မလားလို့ တောင်းဆိုပါရစေ။ အဲ့လို လုပ်မယ်ဆို အဆင်ပြေနိုင်မလား။ အရှင်မင်းကြီး။"

ဂျက်စီကာသည် အန်ဂျယ်လာနှင့် တူညီသည့်လျို့၀ှက်ချက်တစ်ခုရှိနေကြောင်းကို ဖှေးသိလိုက်ပြီးသည့်နောက်တွင် သူသည် ဤသနားစရာကောင်မလေးကို ကူညီလိုနေ၏။ သို့သော် သူမသည် သူမ၏အကိုကဲ့သို့လည်း တပ်ဖွဲ့ထဲသို့၀င်ရောက်ရန်မသင့်လျှော်လှပေ။

အချက်လက်အားလုံးကို စဥ်းစားကြည့်ပြီးသည့်နောက်တွင် မှော်ဆရာအစည်းရုံး၊ ကြေးစားစစ်သည်အစည်းရုံးနှင့် ဆွေကြီးမျိုးကြီးများ စသည်တို့ကိုပင် လွှမ်းမိုးနိုင်သည့်ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်ဟု သဘောပေါက်လိုက်၏။

အေဘရာသည်လည်း လျှင်မြန်ဖြတ်လတ်သည့်လူတစ်ယောက်ပင်။ ဖှေးရှိမနေသည့် ဂျက်စီကာ၏ကောင်းကြောင်းများကို ပြောနေသည့်အချိန်တွင် သူသည်ဘုရင်၏ ရည်ရွယ်ချက်ကိုနားလည်လိုက်၏။

ဤသည်မှာ သူ့အတွက် အခွ့င်ရေးကောင်းတစ်ခုပင်။

ချမ်းဘော့ဒ်ဘုရင် အသုံးပြုသည့်အသံနေအသံထားအရ ဤဘုရင်သည် ဂျက်စီကာဟုအမည်ရသည့်ကောင်မလေးကို တန်ဖိုးထားကြောင်းကို ရိပ်မိလိုက်သည်။ သူမသည်သာ သူအုပ်ချုပ်သည့် ဆိုရိုကုန်သွယ်ရေးဒေသဌနခွဲထဲသို့၀င်ရောက်ပါက သူနှင့် ချမ်းဘော့ဒ်ဘုရင်တို့သည် ဆက်နွယ်သွားမည်ဖြစ်သည်။ ဤသည်မှာ ဘုရင်အားလက်ဆောင်များစွာပေးခြင်းထက် ပို၍ထိရောက်လှသည်။

ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် ကြီးမားသည့်အဖွဲ့စည်းကြီးတစ်ခုပင်။ အင်ပါယာတိုင်း၊ ဒေသတိုင်းလိုလိုတွင်တည်ရှိသည့် အဖွဲ့ခွဲပေါင်းများစွာလည်းရှိ၏။ ထိုအဖွဲ့ခွဲများသည် အဖွဲ့ချုပ်တစ်ခုထဲတွင်သာ ပါ၀င်ကြသော်လည်း အဖွဲ့ခွဲအချင်းချင်းယှဥ်ပြိုင်မှုမှာလည်း ပြင်းထန်လှသည်။ အေဘရာဟန်သည် ကျေးကျွန်တစ်ယောက်မှ ဤကဲ့သို့ကြီးမားသည့်အဖွဲ့စည်းကြီးထဲတွင် မန်နေဂျာတစ်ယောက်ဖြစ်လာရခြင်းသည် တစ်ခြားလူများတွင်မရှိနိုင်သည့် ဂုဏ်သတ္တိများအရည်သွေးများကို ပိုင်ဆိုင်ထားသည့်အတွက်ပင်။

သို့သော် သူသည် လွန်ခဲ့သည့်၃နှစ်ခန့်က အလံနှစ်စုံမြို့တော်တွင်ရှိသည့် ဌာနခွဲတွင် မန်နေဂျာတစ်ယောက်ဖြစ်လာခဲ့စဥ်ကတည်းက သူသည် ရာထူးတိုးလာခဲ့ခြင်းမရှိခဲ့သေးပေ။

သူသည် ကိုယ်ပိုင်ဖြင့် ပို၍မြင့်မားအောင်မရောက်ရှိနိုင်တော့ဟုထင်ရသည်။ သူသည် ရင်းမြစ်တစ်ချို့နှင့် ဆက်သွယ်မှုတစ်ချို့သာရှိသည့် ကုန်သယ်တစ်ယောက်သာဖြစ်သည်။ သူသည် ပို၍အရှိန်၀ါကြီးလာလိုပါက တူညီသည့်အလားလာရှိသည့် စွမ်းအားမြင့်ပါတနာတစ်ယောက်လဲလိုအပ်၏။ ထိုလူသည် သူချို့တဲ့သည့်နေရာများတွင် သူ့အား အထောက်ပံ့ပေးနိုင်ရန်ဖြစ်သည်။

လွန်ခဲ့သည့် ၃နှစ်ခန့်လုံးတွင် အေဘရာသည် ပိုင်ဆိုင်မှုမြောက်များစွာကို စုဆောင်းနေခဲ့ပြီး ဇီးနစ်အင်ပါယာမှ အခြအနေကိုအနီးကပ်စောင့်ကြည့်နေလျှက်ရှိသည်။ သူသည် ကိုက်ညီသည့် မဟာမိတ်တစ်ယောက်ကို လိုအပ်သည့်အတွက်ပင်။

ဘုရင်အလတ်ဇန္ဒားထွက်ပေါ်လာခြင်းသည် သူ၏အာရုံစိုက်မှုများစွာကိုရရှိစေခဲ့သည်။

အစက အေဘရာသည် ချမ်းဘော့ဒ်ဘုရင်အား သိပ်ပြီးအထင်ကြီးခြင်းမရှိခဲ့ပေ။ စွမ်းအားနှ့င် အရှိန်၀ါတို့အဓိကကျသည့် ဤလောကထဲတွင် အဆင့်ခြောက်အဖွဲ့၀င်တိုင်းပြည်ငယ်လေး၏ ဘုရင်တစ်ပါးသည် ဘာမှမလုပ်နိုင်ဟု ယူဆမိသည့်အတွက်ပင်။

အဖွဲ့၀င်တိုင်းပြည်များ၏ ပြိုင်ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဤဉာဏ်ကောင်းသည့်လူမှာ သူ၏စိတ်ကို လျှင်မြန်စွာပင်ပြောင်းလဲလိုက်၏။

သူသည် ဤဘုရင်တွင် အကန့်သက်မဲ့သော အလားလာများရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ပင်။ လူများစွာကြောက်လန့်စေနိုင်သည့် အလားလာမျိုးပင်။

ဂရုတစိုက်လေ့လာပြီးသည့်အချိန်တွင် ဤဘုရင်အလတ်ဇန္ဒားသည် နတ်ဘုရားများမှ သူ့အတွက် ချပေးလိုက်သည့် မဟာမိတ်တစ်ယောက်ဖြစ်လာနိုင်သည်ဟု အေဘရာထင်မြင်မိသည်။ သူ၏ စိတ်ထဲတွင် ချမ်းဘော့ဒ်ဘုရင်သည် ပြီးပြည့်စုံသည့် မဟာမိတ်တစ်ယောက်ပင်။

သူသည်ဘုရင်နှင့်တွေ့ဆုံရန်အတွက် မြို့တော်စိန့်ပီတာစဘာ့တ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့်အချိန်တွင် ထိတ်လန့်ဖွယ်သတင်းများထွက်ပေါ်လာ၏။ အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်သည် သိုင်းပညာတောင်တန်းပေါ်တွင်သေဆုံးသွားခဲ့ပြီး စစ်ပွဲများထက်မံ၍ပင် ကြေငြာလိုက်ပြီး ချမ်းဘော့ဒ်ဘုရင်သည်လည်း ဂျက်အင်ပါယာစစ်မြေပြင်၏ နံပါတ်၁စစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်လာပြီဆိုသည့် သတင်းပင်။

ဤသတင်းသည် သူ့အားများစွာပင် စိတ်လှုပ်ရှားစေသည်။

မကြာမှီတွင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် သူ၏ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတစ်ဦးဖြစ်သည့် မန်နေဂျာ ဟယ်ရီထံမှ စာတစ်စောင်ရောက်ရှိလာသည်။ ထိုစာထဲတွင်လည်း ချမ်းဘော့ဒ်ဘုရင်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုရရှိအောင် ဆောင်ရွက်သင့်ကြောင်းကို အကြံပြုထား၏။

အရာအားလုံးသည် အေဘရာမျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်လာနေလျှက်ရှိနေပြီး ကံကြမ္မာနတ်သမီးသည် သူ့ဘက်တွင်ရှိနေသည့်အတိုင်းပင်။

ဖှေးမြင်းစစ်သည်၆၀၀၀နှ့င်ရောက်ရှိလာသည့်အချိန်တွင် အေဘရာသည်အရာအားလုံးကို စတင်၍အနီးကပ်လေ့လာတော့သည်။

ရန်သူများထဲသို့ရဲရင့်စွာချီတပ်သွားပြီး ရစ်ဘရီအားကယ်တင်ခဲ့ခြင်း။ ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်ကို လွှမ်းမိုးခဲ့ခြင်း။ ဆွေကြီးမျိုးကြီးမိသားစုခေါင်းဆောင်များကို ကွပ်မျက်ပစ်ခဲ့ခြင်း။ မြို့တော်၀န်အား ဖမ်းချုပ်ခဲ့ခြင်း၊ အရံတပ်ဖွဲ့အား ဖွဲ့စည်းခြင်း၊ ယာယီဥပဒေများချမှတ်ခြင်း...

ဤကဲ့သို့သော ရွေ့ကွက်များကြောင့် အေဘရာသည် ဖှေးအား ပို၍ပင်အထင်ကြီးမိသွား၏။

ထို့ကြောင့်သူသည်အချိန်ကောင်းတစ်ခုကို ရွေးချယ်ကာ လက်ဆောင်များစွာကိုယူဆောင်လာပြီးဖှေးနှင့်တွေ့ရန်အတွက် လာရောက်ခဲ့ခြင်းပင်။

ဖှေးသည် သွယ်၀ိုက်သောနည်းလမ်းဖြင့် ဂျက်စီကာနှင့်သူ၏ ဆက်ဆံရေးကို ဖော်ပြလိုက်သည့်အချိန်တွင် အေဘရာသည် ချက်ချင်းပင်နားလည်သွားခဲ့ပြီး စိတ်လိုလက်ရပင် အကူညီပေးဖိတ်ခေါ်ခဲ့သည်။ ပိုင်ဆိုင်မှုများစွာရှိသည့်ဆိုရိုကုန်သွယ်ရေးအဖွဲ့ကြီးအတွက် ကောင်မလေးတစ်ယောက်ကို စောင့်ရှောက်ရန်မှာ ခဲယဥ်းသည့် ကိစ္စတစ်ခုမဟုတ်ပေ။

အေဘရာ၏ ဖိတ်ခေါ်မှုကို ရရှိပြီးသည့်အချိန်တွင် ဖှေးသည် စိတ်ကျနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

သို့သော် သူသည် အာဏာရှင်တစ်ယောက်မလုပ်လိုပေ။ ထို့ကြောင့် တစ်ဖက်သို့ လှည့်ကာ ထိတ်လန့်အံ့သြနေဆဲဖြစ်သည့် ဟူစကီအား မေးလိုက်သည်။ "မင်းဘယ်လိုထင်လဲ အီမိုင်းလ်။ ဂျက်စီကာကို မန်နေဂျာအေဘရာစီကနေသင်ယူပြီးတော့ စီးပွားရေးလောကထဲကို ၀င်စေချင်လား..."

ဟူစကီသည် အခြေအနေတစ်ခုလုံးကို နားမလည်နိုင်သလို ခံစားလိုက်ရ၏။

ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ အရှိန်၀ါကို စောက်ပိန်းတစ်ယောက်ကပင် ကောင်းမွန်စွာသိရရှိ၏။ ပုံမှန်အားဖြင့်ဆိုပါက အလံနှစ်စုံအတွင်းတွင်ရှိသည့်လူအများစု မည်မျှပင် ကြိုးစားစေကာမူ ဆိုရိုကုန်သွယ်ရေးအဖွဲ့၀င်တစ်ယောက်ဖြစ်လာနိုင်မည်မဟုတ်ပေ။ သို့သော် ထိုအဖွဲ့၏ မန်နေဂျာသည် သူ၏ညီမကို ၀င်ရောက်ရန်အတွက် ဖိတ်ခေါ်နေခြင်းပင်။ ထို့ကြောင့် ဟူစကီသည် အလွန်ပင် အံ့အားသင့်နေရသဖြင့် ဘာပြောရမည်မှန်းမသိအောင်ဖြစ်နေ၏။

"ကျွန်တော် ဆရာ့စကားကိုပဲနားထောင်ပြီးတော့ ဆရာပြောသမျှလုပ်ပါ့မယ်.." နောက်ဆုံးတွင် ဟူစကီသည် ဆက်လက်စဥ်းစားခြင်းမရှိတော့ပဲ ခိုင်မြဲစွာပြန်ပြောလိုက်၏။

"ဟားဟား သေစမ်း။ မင်းရဲ့ခေါင်းက ကြွက်သားတွေနဲ့ပဲပြည့်နေတာလား..." ဖှေး ဤလူအား နောက်ပြောင်လိုက်သည်။

ဘုရင်သည်အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ဤအဖြေကိုသဘောကျမိသည်။ ဟူစကီသည် သူ့အား ရင်းနှီးကျွမ်း၀င်ကာ စိတ်သက်သာစေသလို ခံစားစေရသည့်အတွက်ပင်။

ဖှေး အေဘရာအားပြောလိုက်၏။ "အဲ့လိုဆိုရင်တော့ ကျွန်တော်သူငယ်ချင်းရဲ့ ညီမကို စောင့်ရှောက်ပေးလို့ ခင်ဗျားကို ကြိုတင်ပြီး ကျေးဇူးတင်စကားပြောရတော့မှာပဲ..."

"မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး..." အေဘရာခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် သူသည် ဤဂျက်စီကာဟုအမည်ရသည့် မိန်းကလေးကို ပို၍ပင် တန်ဖိုးထားလိုက်မိ၏။

"သူတို့နှစ်ယောက်ကြားထဲမှာ ပိုပြီးတော့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိနေတာလား။ အဲ့လိုဆိုရင်တော့ ငါပိုပြီးတော့ အလေးနက်ထားမှရမယ်..." သူတွေးလိုက်မိ၏။

အမှန်ပင် ဤကဲ့သို့သေးငယ်သည့် ဗျူဟာများကိုအသုံးပြုရုံဖြင့် ချမ်းဘော့ဒ်ဘုရင်၏ မဟာမိတ်တစ်ယောက်ဖြစ်မလာနိုင်သည်ကိုလည်း အေဘရာသိရှိသည်။

အေဇာရုတိုက်ပေါ်တွင် အလုံခြုံဆုံးသောမဟာမိတ်ဆက်ဆံရေးများသည် တစ်ယောက်အပေါ်တွင် တစ်ယောက်မည်မျှတန်ဖိုးထားခြင်းဖြင့် ပြသနေသောကြောင့်ပင်။ ထို့ကြောင့် အေဘရာသည် ချမ်းဘော့ဒ်ဘုရင်သူ့အား သာမန်မိတ်ဆွေတစ်ယောက်မဟုတ်ပဲ မဟာမိတ်တစ်ယောက်အနေဖြင့် ဆက်ဆံရန်အတွက် ခိုင်လုံသည့် အကြောင်းပြချက်များကို ပြသရန်လည်း လိုအပ်ကြောင်းကို သိရှိလိုက်သည်။

ထိုကဲ့သို့တွေးပြီးသည့်နောက်တွင် သူသည် သေတ္တာခြောက်လုံးထံသို့ လမ်းလျှောက်သွားလိုက်၏။

"ချောက်..."

သူသည် သေတ္တာထိပ်တွင်ရှိသည့် ခလုပ်ငယ်လေးတစ်ခုကို နှိပ်လိုက်သည့်အချိန်တွင် ဂီယာစက်သွားသံများထွက်ပေါ်လာပြီး သေတ္တာ၏ ထိပ်ပိုင်းသည် ပန်းတစ်ပွင့်ကဲ့သို့ပင် ပွင့်လာတော့၏။

ရောင်စုံအလင်းတန်းများစွာသည် အနည်းငယ်မှောင်မိုက်သည့် မျှော်စင်ထဲတွင် တောက်ပလာတော့သည်။

မှော်တလင်းကျောက်များပင်။

ဤသေတ္တာများထဲတွင် မှော်တလင်းကျောက်မျိုးစုံပါရှိနေ၏။

ဖှေးသည် သေတ္တာထံသို့ လမ်းလျှောက်သွားလိုက်ပြီးကျောက်တုံးအနည်းငယ်ကို ကောက်ယူလိုက်သည်။ သူသည် အေးစက်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်၏။ ဤမှော်တလင်းကျောက်များသည် အဆင့်နှိမ့်မှော်တလင်းကျောက်များသာဖြစ်သော်လည်း သောင်းနှင့်ချီကာများပြားနေသည်။ ဤသည်မှာ ကောင်းမွန်သည့်လက်ဆောင်တစ်ခုပင်။ ဖှေးတွင် ဟိုရာဒရစ်ကုဗတုံးရှိသည့်အတွက် သူသည် အဆင့်နှိမ့်မှော်တလင်းကျောက်များကိုအသုံးပြု၍ ပို၍အဆင့်မြင့်သောမှော်တလင်းကျောက်များကိုလည်း ဖန်တီးနိုင်စွမ်းရှိသည်။ ထို့ကြော့င် ဤမှော်တလင်းကျောက်များသည် ဖှေး၏လက်ထဲတွင် ပို၍တန်ဖိုးမြင့်မားသွားနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။

ဖှေးအား ချမ်းဘော့ဒ်မှ သူတော်စင်ဇိုလာပေးထားသည့် မှော်တလင်းကျောက်များအားလုံးနီးပါးကိုအသုံးပြုပြီးဖြစ်သောကြောင့် ဤလက်ဆောင်များသည် အချိန်ကိုက်တွင်ရောက်ရှိလာခဲ့ခြင်းပင်။

All Chapters