← Chapters

အခန်း (၅၁၆)

Vol. 33 Ch. 516

အခန်း (၅၁၆)

Vol. 33 Ch. 516

ခြောက်ခုမြောက်သေတ္တာထဲတွင် ထူးခြားသည့်ပုံသဏန်ရှိသည့် ဓားနှစ်လက်ရှိနေ၏။

ဓားကိုယ်များမှရောင်ပြန်လာသည့်အလင်းရောင်များသည် ပြဒါးကဲ့သို့ပင်။ အေးစက်သည့်အရှိန်၀ါများကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။ ဓားများအား ထက်နေအောင်သွေးထားသော်လည်း ဓားထိပ်များမှာမူ ချွန်ထက်ခြင်းမရှိပေ။ ဓားထိပ်တွင် ချိတ်ကောက်များပါရှိသည့်အတွက် အနည်းငယ်ထူးဆန်းသည့်ပုံရျိနေခြင်းပင်။ ဓားတစ်လက်ခြင်းစီကို လက်နှစ်ဖက်ဖြင့် ကိုင်တွယ်ရမည်ဖြစ်သည်။ ဓားဖုံးများကို အမဲရောင်သားရဲတစ်ကောင်၏ အရည်ခွံဖြင့် ရစ်ပတ်ထား၏။ ဓားနှစ်လက်သည် တစ်ချိန်တည်းမှာပင် အဖျက်စွမ်းအားကြီးကာ အနုပညာဆန်လှ၏။

ဖှေးဓားတစ်လက်ကို ကောက်ကိုင်ကြည့်လိုက်ပြီး သူ၏လက်ဖြင့် ခေါက်ကြည့်လိုက်၏။ သတ္တုသံတစ်ခုထွက်ပေါ်လာ၏။

"အတော်ကောင်းတဲ့ ဓားပဲ..."

ဖှေး ချီးကျူးလိုက်သည်။

ဤဓားကို မည်သည့်သတ္တုဖြင့် ပြုလုပ်ထားကြောင်းမသိသော်လည်း ကိုင်တွယ်ရသည်မှာ အတော်တန်လေးသည်ဟုပြောရမည်ဖြစ်သည်။ ၁.၆မီတာခန့်သာ ရှည်လျားသော်လည်း ၃၀၀ကီလိုဂရမ်ကျော်ပင်လေးလံ၏။ ဤသည်မှာ သံမဏိသားဖြင့် ထုလုပ်ထားသည့် ပုဆိန်ထက်ပင် ပို၍လေးလံလှ၏။ ဓားကိုယ်မှာ မှန်တစ်ချပ်ကဲ့သို့ပင် အလင်းပြန်နိုင်၏။ ဓားကိုယ်ထည်ကိုကြည့်ရင်းဖြင့် ဖှေးသူ၏ မျက်နှာကိုပင် ပြန်လည်ကာ မြင်နေရသည်။

ဖှေးအား အလွန်ဆုံးစိတ်၀င်စားစေသည်မှာ ပန်းပဲဖုတ်သည့် ပညာကိုပင်။

ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ကျွမ်းကျင်အဆင့်ပစ္စည်းတော်တော်များများကို မြင်တွေ့ဖူးခဲ့ပြီး ပန်းပဲဆရာမ ချယ်စီထံမှ ပန်းပဲနှင့်ပတ်သက်သည့် ဗဟုသုတတစ်ချို့ကို သင်ယူခဲ့ဖူး၏။ ထို့ကြောင့် ဤဓားများသည် တစ်ခြားအဆင့်တစ်ခုတွင်ရောက်ရှိနေကြောင်းကို ကိုင်ကြည့်ရုံဖြင့်ပင် ပြောနိုင်သည်။ ချယ်စီကိုယ်တိုင်ပင် နတ်ဆိုးအကြွင်းကျန်များ၊ မဟူရာသတ္တုများကိုအသုံးပြု၍ ဤကဲ့သို့လက်နက်များကို ယခုအချိန်တွင် ဖန်တီးနိုင်ဦးမည်မဟုတ်သေးပေ။

"ဒီဓားနှစ်လက်ကိုလည်း ကျွန်တော်အဲ့ကန္တာရသူပုန်တွေရဲ့စခန်းကနေသိမ်းယူခဲ့တာပါ။ တစ်ချို့လူတွေပြောတာက ဒီဓားတွေက သက်တမ်းတစ်ထောင်တောင်ကျော်နေပြီတဲ့ နောက်ပြီးတော့ ဒီဓားတွေကို ထုလုပ်ထားတဲ့ နည်းပညာက နတ်ဘုရားတွေ၊ နတ်ဆိုးတွေခေတ်က လူပုတွေအသုံးပြုတဲ့ နည်းပညာနဲ့လဲ နည်းနည်းဆင်နေတယ်ပြောကြတယ်။ သံမဏိနဲ့ ရွှေရောင်နတ်သမီးမျက်ရည်တို့ကို အဓိကသုံးပြီးတော့ ဓားသွားကို ထုလုပ်ထားတာပဲ။ အဲ့တာကြောင့် မှော်စွမ်းအင်နဲ့ အတွင်းအားစွမ်းအင်တွေကို လွယ်လွယ်ကူကူစီးကူးစေနိုင်စွမ်းရှိတယ်။ ဒါပေမယ့် သာမန်ဓားသမားတစ်ယောက်အသုံးပြုဖို့အတွက် အတော်လေးလေးလံနေတယ်လေ။ ကျွန်တော်လဲ ဒီဓားကို အသုံးပြုပြီးတိုက်ခိုက်နိုင်တဲ့လူကိုရှာမတွေ့သေးဘူး။ အဲ့တာကြောင့် ကျွန်တော့ ဂိုဒေါင်ထဲမှာ သောင်တင်နေတာကြာပြီ။ အရှင်မင်းကြီးက စွမ်းအားမြင့်မားတယ်ဆိုတော့ ဒီဓားနှစ်လက်က မှန်ကန်တဲ့ပိုင်ရှင်နဲ့တွေ့သလိုပဲနေမယ်..."

အေဘရာသည် လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူသည် လူကဲခတ်ကောင်းကာ စကားပြောဆိုတတ်သည့်လူတစ်ယောက်လဲဖြစ်သည်။ ထို့ကြောင့်သူသည် တစ်ဖက်လှည့်နည်းဖြင့် ဖှေးကို မြှောက်ပင့်လိုက်ခြင်းပင်။

"မန်နေဂျာရိုမန် ခင်ဗျားကအတော်လေးတွေးပေးတတ်တဲ့လူပဲဗျ..." ဖှေးဓားနှစ်လက်လုံးကို ကိုင်လိုက်ရင်းပြောလိုက်သည်။ ဖှေးသူ၏ စွမ်းအင်များကို ဓားများအတွင်းသို့ စီး၀င်စေလိုက်ပြီးသည့်အချိန်တွင် ဓားနှစ်လက်တွင် ကိုယ်ပိုင်အသက်၀ိဉာဥ်များရှိနေသကဲ့သို့ ပျော်ရွှင်ဖွယ်အသံများထွက်ပေါ်လာတော့၏။

ခန်းမဆောင်ထဲတွင်ရှိနေသည့် လူများအားလုံးဤအရာကြောင့် အံ့သြသွားကြသည်။

ဖှေးတွင် စုံလိုက်ပစ္စည်းဖြစ်သည့် ဘူးလ်-ခရေးတို့စ်၏ကလေးငယ်များဓားနှစ်လက်ရှိသည်။ ထိုဓားနှစ်သည် မက်လောက်ဖွယ်မှော်စွမ်းအင်များပါ၀င်သည့် ကောင်းမွန်သည့်ဓားများပင်။ ထိခိုက်စေနိုင်မှုအရဆိုပါက ဖှေးအသုံးပြုနေသည့် ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်သည် အေဘရာပေးသည့်ဓားနှစ်လက်ထက်ပို၍အစွမ်းထက်၏။

သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် ဤဓားနှစ်လက်သည်ဖှေးအား ထူးခြားသည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။ ခနတာစဥ်းစားပြီးသည့်အချိန်တွင် ဖှေးဓားနှစ်လက်ကိုလက်ခံလိုက်ပြီး လူရိုင်းဇာတ်ကောင်၏ ဒုတိယလက်နက်များထားရှိသည့် ထားသိုရာအကန့်ထဲတွင်ထည့်ထားလိုက်၏။

တစ်ခြားလူများ၏မျက်လုံးထဲတွင် ဓားနှစ်လက်သည် ငွေရောင်အလင်းတန်းများအဖြစ်သို့ပြောင်းလဲကာ ဖှေး၏လက်များအတွင်းသို့စီး၀င်သွားသကဲ့သို့ပင်။

"ချမ်းဘော့ဒ်ဘုရင်ရဲ့စွမ်းအားတွေက တစ်ခြားသူတွေထင်ထားတာထက်တောင်ကျော်လွန်နေတဲ့ပုံပဲ။" ကြယ်လေးလုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် အေဘရာကိုယ်တိုင်ပင် အံ့သြသွား၏။ သူသည် ဤကဲ့သို့သောလူမျိုးကို မဟာမိတ်တစ်ယောက်အနေဖြင့် ရွေးချယ်မိခဲ့သည့်အတွက် စိတ်ကျေနပ်သွားသည်။

ဖှေးသည် သေတ္တာခြောက်ခုလုံးကို လက်ဆောင်အဖြစ်လက်ခံလိုက်၏။ ထို့နောက်တွင် ရယ်မောကာပြောလိုက်၏။ "လက်ဆောင်တွေအတွက်ကျေးဇူးပါပဲ မန်နေဂျာ ရိုမန်..."

"အရှင်မင်းကြီးအကုန်လက်ခံလိုက်တာက ကျွန်တော့အတွက် ဂုဏ်ယူစရာပါ..."

ဖှေးပြန်ပြောလိုက်၏။ "၀ှေ့၀ိုက်နေရတာကို ကျွန်တော်မကြိုက်ပါဘူး။ ဒီခရီးစဥ်ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သဘောပေါက်ပါပြီ။"

ပျော်ရွှင်သည့် မျက်နှာအမူယာသည် အေဘရာ၏မျက်နှာပေါ်တွင်ပေါ်လာ၏။ သူသည် လျှင်မြန်စွာပင် မက်တပ်ထရပ်ကာ ရယ်မောလိုက်သည်။ "ဒီလိုဆိုရင်တော့ အရှင်မင်းကြီးလဲ အလုပ်တွေများနေတော့ ကျွန်တော်ဆက်ပြီးတော့ အချိန်မဖြုန်းတော့ပါဘူး။"

"ကောင်းပြီလေ ဂျို့။ မန်နေဂျာရိုမန်ကို ခံတပ်နံရံအောက်ကို လုံလုံခြုံခြုံပြန်လိုက်ပို့လိုက်ပါ။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး.."

ဤဂျို့အမည်ရသည့် သူတော်စင်တပ်ဖွဲ့၀င်စစ်သည်သည် အေဘရာကို ခေါ်ဆောင်ကာ ခံတပ်နံရံအောက်သို့ လမ်းလျှောက်သွားလိုက်၏။

"ဟားဟား အီမိုင်းလ် ဖြစ်ခဲ့သမျှကို ဂျက်စီကာစီကိုအမြန်သွားပြောလိုက်တော့။ ဆိုရိုကုန်သွယ်ရေးအဖွဲ့ကလူတွေသာ သူ့စီကိုအရင်ရောက်သွားရင် သူလန့်သွားဦးမယ်။" ဖှေးရယ်မောကာ ပြောလိုက်၏။

ဤရိုးရှင်းသည့်လူထံတွင် ထူးခြားသည့်အရှိန်၀ါတစ်ခုရှိနေ၏။ ဖှေး ဟူစကီအား သူနှင့် တက္ကသိုလ်အဆောင်တွင် အတူအိပ်အတူစားခဲ့သည့် ညီအကိုတစ်ဦးဟုပင်ခံစားရ၏။ မည်ကဲ့သို့အခြေအနေနှင့် ကြုံလာနေစေကာမူ သူ့ဘက်မှ ရပ်တည်ပေးမည့် သူငယ်ချင်းကောင်းတစ်ယောက်ကဲ့သို့ပင်။

ဟူစကီမျှော်စင်အတွင်းမှ ထွက်သွားပြီးမကြာခင်မှာပင် ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့ရောက်ရှိလာ၏ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသွားပြီဖြစ်သောကြောင့် မည်သည့်အချိန်တွင် စစ်ဆင်ရေးစတင်ရမည်ကို ဖှေးထံတွင်လာမေးနေကြခြင်းပင်။

ဖှေးခေါင်းငြိမ့်ကာ မျှော်စင်အတွင်းမှ လမ်းလျှောက်ထွက်သွားကာ မိုးကုတ်စက်၀ိုင်းအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်နေသည့် နေမင်းကြီးကိုကြည့်လိုက်၏။

ဘုရင်သည်တစ်ဖက်သို့လှည့်လိုက်ပြီး ခေါင်းဆောင်နှစ်ယောက်၏အနောက်တွင်ရပ်နေကြသည့် ကျွမ်းကျင်စစ်သည်၂၀၀ကျော်ကိုကြည့်ကာ ပြောလိုက်သည်။ "မင်းတို့တွေက မြို့ထဲမှာ အရဲရင့်ဆုံးနဲ့စွမ်းအားအကြီးမားဆုံးစစ်သည်တွေပဲ။ မင်းတို့ကောင်တွက အင်ပါယာရဲ့ သူရဲကောင်းတွေပဲ။ လက်ရှိမှာ မင်းတို့အယောက်၂၀၀ရှိတယ်။ မနက်ဖြန်ကျရင်လည်း အယောက်၂၀၀လုံးလုံလုံခြုံခြုံနဲ့ ပြန်ရောက်လာဖို့မျှော်လင့်ပါတယ်။ ငါမင်းတို့ကောင်တွေအတွက် မနက်ဖြန်နေ၀င်ချိန်မှာ ပါတီပွဲတစ်ခုကြိုတင်ပြီးတော့ စီစဥ်ထားမယ်။ တကယ်လို့မင်းတို့အောင်မြင်ခဲ့ခဲ့မအောင်မြင်ခဲ့ခဲ့မင်းတို့က လယ်ဗယ်၃စွမ်းဆောင်မှုဆိုင်ရာအမှတ်တွေကို ရရှိသွားကြမှာပါ..."

"ဇီးနစ်အင်ပါယာ တည်တံ့ပါစေ။ ဘုရင်အလတ်ဇန္ဒား အသက်ရှည်ပါစေ..." စစ်သည်များသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။

ဤအခိုက်တန့်တွင် နောက်ဆုံးကျန်ရှိနေသည့် နေရောင်ခြည်သည် မိုးကုက်စက်၀ိုင်းအောက်တွင် ပျောက်ကွယ်သွားတော့၏။

"စထွက်ကြတော့..."

ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့ စတင်ကာ အမိန့်ပေးလိုက်သည့်အချိန်တွင် စစ်သည်များသည် ခံတပ်နံရံပေါ်မှ ကြိုးများဖြင့် တွယ်ကာဆင်းသွားကြတော့၏။ ထို့နောက်တါင် သူတို့သည် ရန်သူများမြောက်ဘက်တွင်ချန်ထားခဲ့သည့် ထွက်ပေါက်နေရာသို့ အမြန်ပြေးသွားကြပြီး ကန္တာရထဲသို့၀င်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

"ငါလဲသွားသင့်ပြီ..." သူ၏ အဖွဲ့သည် ရန်သူများကို အောင်မြင်စွာဖြတ်ကျော်သွားသည်ကို ကြည့်ရင်းဖြင့် ဖှေးစိတ်အေးသွားကာတွေးလိုက်မိသည်။

ထို့နောက်တွင် ပီတာ၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ဟူအက်ခ်နှင့် ခါနော့်တ်တို့ကိုခေါ်ကာ အမိန့်တစ်ချို့ပေးလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ကာ အလံနှစ်စုံမြို့တော်အတွင်းမှ ပျောက်ကွယ်သွားတော့၏။ သူ၏ လူများသည် ဤကဲ့သို့သော လျို့၀ှက်ခြင်းများနှင့် အသားကျနေပြီဖြစ်၏။

All Chapters