← Chapters

အခန်း (၅၁၇)

Vol. 33 Ch. 517

အခန်း (၅၁၇)

Vol. 33 Ch. 517

ကန္တာရထဲတွင် လေပြင်းများတိုက်ခတ်နေ၏။

အလံနှစ်စုံမြို့တော်နှင့် တစ်ဆယ်ကီလိုမီတာခန့်၀ေးသည့်နေရာတွင် ရှေးကျသည့်မြို့ဟောင်းတစ်ခုတည်ရှိ၏။ လရောင်အောက်တွင် ဆွေးမြေ့နေသည့် အဆောက်ဦးဟောင်းများ၊ အဆုံးမဲ့သည့်အရိပ်များနှင့် ကြီးမားသည့် မြို့ကြီးအတွင်းမှ အသက်၀ိဉာဥ်ကင်းမဲ့သည့် ခံစာချက်များသည် လူများကို အေးစက်သွားစေ၏။

"ဒီနေရာပဲ။ ဒီဟာက သူတို့ပြောပြောနေတဲ့ မြို့တော်ဖြစ်ရမယ်..."

ဖှေးရပ်လိုက်ပြီး ဤအိုဟောင်းနေသည့် မြို့တော်ကြီးကိုကြည့်လိုက်၏။

"ဒါကကန္တာရထဲက မရဏမြို့ပျက်တစ်ခုလား။ ဒီနေရာမှာ အန္တရာယ်တွေ၊ သေခြင်းတရားတွေနဲ့ ပြည့်နှက်နေတာပဲ။" ဖှေးသည် သူနှင့်ပတ်ပတ်လည် မီတာ၁၅၀၀ကို ၀ိဉာဥ်စွမ်းအားအသုံးပြုကာ ကြည့်ရှုစစ်ဆေးလိုက်ပြီး သက်ပြင်းချလိုက်မိသည်။

သူသည် မြို့ဟောင်းနှင့် မီတာ၁၀၀၀ခန့်၀ေးသည့်နေရာတွင်ရှိနေသော်လည်း ဆယ်မိနစ်ခန့်ရှေ့သို့ ဆက်သွားခြင်းမရှိသေးပေ။

သူ၏အရှေ့တွင် အနီရောင်သဲမျိုတွင်းတစ်ခုရှိနေပြီး ခြေလှမ်းလိုက်သည့်အရာတိုင်းကို ၀ါးမျိုသွားနိုင်၏။

ထိုသဲနွံများသည် မြို့တော်အား ပတ်ပတ်လည်း၀န်းရံထားပြီး ကျုံးတစ်ခုကဲ့သို့ပြုမူနေ၏။ ထိုသဲနွံအိုင်ကြီးကို ခရီးသွားကဗျာဆရာများက မရဏသဲမြစ်ဟု တင်စားကာခေါ်၀ေါ်ကြသည်။

လအဆင့်သိုင်းဆရာမဟုတ်ပဲဖြတ်ကျော်ရန်ကြိုးစားသည့်လူတစ်ယောက်သည် သဲတွင်း၏ ၀ါးမျိုးခြင်းကိုခံရမည်ဖြစ်ပြီး အလောင်းသည် သဲတွင်းများအောက်တွင် နေထိုင်ကြသည့် ပုရွက်စိတ်ကြီးများ၏ အစားစာဖြစ်လာမည်ဖြစ်သည်။

ဤသည်မှာ ဤမြို့ဟောင်းကြီး သေမင်းတမန်ထောင်ခြောက်တစ်ခုဖြစ်လာရခြင်း၏ အကြောင်းပြချက်တစ်ခုပင်။ အဆောက်ဦးအများစုမှာလည်း မပျက်စီးသေးပဲရှိနေသေး၏။

"မင်းတို့ကောင်လေးတွေ ဘယ်လောက်ကြမ်းနိုင်မလဲဆိုတာကို ကြည့်ရသေးတာပေါ့..." ဖှေးတွေးလိုက်ကာ ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်လဲလိုက်သည်။

သူ၏အရှိန်၀ါသည် ပြောင်းလဲသွားပြိး သဘာ၀စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ပေါ်ပေါက်လာတော့သည်။ သူ၏ မှော်တောင်၀ှေးကို ရမ်းလိုက်သည့်အချိန်တွင် အဖြူရောင်သဘာ၀စွမ်းအင်များထွက်ပေါ်လာပြီး အဖြူရောင်မြေခွေးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတော့၏။

ဖှေး၏ ဒရူးဇာတ်ကောင်သည် လက်ရှိတွင် လယ်ဗယ်၆၉သို့ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ကျွမ်းကျင်မှုဆိုင်ရာအမှတ်တော်တော်များများကို မြေခွေး၀ိဉာဥ်ဆင့်ခေါ်ခြင်းအစွမ်းတွင် အသုံးပြုထား၏။ ထို့နောက်ဤ မြေခွေးဖြူသည် ကြယ်သုံးလုံးအဆင့်ခန့်အစွမ်းများကိုပိုင်ဆိုင်ထားပြီး နတ်ဆိုးသားရဲတစ်ကောင်ဟုပင် ပြောနိုင်နေပြီဖြစ်သည်။

"သွားတော့..."

ဖှေးအမိန့်ပေးလိုက်သည့်အချိန်တွင် ဤမြေခွေးသည် ဟိန်းဟောက်လိုက်ပြီး အနီရောင်သဲနွံများထဲ့သို့ ပြေး၀င်သွားတော့၏။

ဤမြေခွေးသည် အလွန်လျှင်မြန်သည့်အတွက် အနီရောင်သဲနွံများထဲသို့ နစ်မြုပ်သွားခြင်းမရှိပေ။ သို့သော် အရှေ့သို့လေးစက္ကန့်ခန့်ပြေးပြီးသည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့်တစ်စုံတစ်ခုဖြစ်ပျက်သွား၏။ တည်ငြိမ်နေသည့် အနီရောင်သဲများသည် စတင်၍ လှုပ်ရှားလာပြီး သိပ်သည်းသည့်အမဲရောင်အစက်ပျောက်များစွာသည်လည်း သဲပွင့်များဘေးတွင်ပေါ်လာတော့၏။

ကန္တာရပုရွတ်ဆိတ်ကြီးများပင်။

ထိုအမဲစက်များသည် ကန္တာရပုရွက်ဆိတ်ကြီးများပင်။

ပုရွတ်ဆိတ်တစ်ကောင်ခြင်းစီဆိုင်းသည် လက်မတစ်လုံးစာအရွယ်စားခန့်ရှိပြီး သူတို့၏ မာကြေသည့်အခွံများသည် ရွှေကဲ့သို့ပင်တောက်ပနေကာ သူတို့၏ ရှေ့ခြေများသည် ဓားသွားများကဲ့သို့ပင်ချွန်ထက်လှ၏။ သဲပေါ်တွင် ပုရွက်ဆိတ်အကောင်ရေ သောင်းနှင့်ချီကာရှိနေပြီး သူတို့သည်ချက်ချင်းပင် မြေခွေး၏ ခန္ဓာကိုယ်ပေါ်သို့တက်သွားတော့၏။ တစ်စက္ကန့်ပင်မကြာလိုက်ပေ ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်နှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့်မြေကွေးသည် အော်ဟစ်ရန်အချိန်ပင်မရရှိလိုက်ပဲ ပျောက်ကွယ်သွားတော့၏။

"ကြောက်စရာကောင်းလိုက်တာ။ ဒီပုရွတ်ဆိတ်တွေက စစ်သည်တစ်သောင်းလောက်ကိုတောင် အသာလေးတားဆီးထားနိုင်တယ်..." ဖှေးတွေးလိုက်မိသည်။

အရင်ဘ၀မှ မှတ်ဉာဏ်များအရ ဤအကောင်သေးလေးများသည် များပြားသည့်ပမာနသို့ရောက်ရှိလာပါက အလွန်ကြောက်မက်ဖွယ်ကောင်းလာတတ်ကြောင်းကို သိရှိသည့်အတွက်ပင်။ ဒုတိယကမ္ဘာစစ်တွင် အာဖရိကန်မှ ပုရွတ်ဆိတ်များသည် နာဇီတပ်ဖွဲ့တစ်ခုကိုပင်အပျက်ရှင်းခဲ့ဖူးသည်။ ထိုတပ်ဖွဲ့တွင် စစ်သည်၁၈၀၀ပါရှိသော်လည်း ထိုပုရွတ်ဆိတ်များကို ခုခံနိုင်ခဲ့ခြင်းမရှိပေ။

"ဒါက တာနာရှာနဲ့၊ ပဲရစ်တို့နှစ်ယောက်လုံးင့ါကို အကြံပြုခဲ့တဲ့ စခန်းနေရာတစ်ခုပဲ။ ဒီမြို့နဲ့ အလံနှစ်စုံမြို့တော်နဲ့ပေါင်းပြီးတော့ ရန်သူတွေကို ညှပ်တိုက်လို့ရတယ်လို့ သူတို့အကြံပေးထားကြတယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့တွေကို ဒီမြို့ထဲ၀င်နိုင်အောက်က ငါဘယ်လိုလုပ်ပေးရမှာလဲ...."

ဖှေးသည် ဤကိစ္စအား အဖြေရှာကြည့်ရန်အတွက် ပထမဆုံးအနေဖြင့် မြို့တော်ထဲသို့အရင်၀င်ရောက်လေ့လာကြည့်ရန်ဆုံးဖြတ်လိုက်၏။

ဖှေးသည် လအဆင့်သို့ရောက်ရှိရန်အလွန်နီးကပ်နေပြီး မည်သည့်ကြယ်အဆင့်စစ်သည်ကိုမဆို အလွယ်တကူအနိုင်ယူနိုင်သော်လည်း သူလေပေါ်တွင်ပျံသန်းနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူသည် ဒရူးဇာတ်ကောင်၏အစွမ်းတစ်ခုကိုအသုံးပြုပြီးအမဲရောင်ကျီးကန်းကြီးကိုဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် အမဲရောင်သိမ်းငှက်ကြီး၏ ကြောပေါ်မှတဆင့်ပျံသန်းသွားကာ ရှေးဟောင်းမြို့တော်အတွင်းသို့ လွယ်လွယ်ကူကူဖြင့်ရောက်ရှိလာတော့၏။

သူသည် ပတ်ပတ်လည်သို့ကြည့်လိုက်ပြီး ဤမြို့ဟောင်းကြီးသည် လရောင်အောက်တွင် ကြောက်စရာကောင်းသလိုခံစားလိုက်ရ၏။

ရှေးဟောင်းကျောက်တုံးအဆောက်ဦးများသည် လရောင်အောက်တွင် တောက်ပနေလျှက်ရှိပြီး သူတို့၏အရိပ်များမှာမူ မဲမှောင်နေလျှက်ရှိ၏။ ကျယ်ပြန့်သည့်လမ်းများသည်လည်း လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ရွေ့လျားနေကြသည့် တစ်ခုတည်းသော အရာများမှာ လေညှင်းနှင့် တစ္ဆေမီးတောက်များပင်။ ဤမြို့တော်ဟောင်းကြီးသည် တစ္ဆေသရဲများနေထိုင်ရာ မြို့တော်ကြီးတစ်ခုကဲ့သို့ပင်။

လမ်းပေါ်တွင် သဲမှုန်များစွာရှိနေပြီး မြို့တော်အတွင်းမှ ခမ်းခြောက်နေသည့် ရေတွင်းများကြားထဲတွင်လည်း သဲများဖြင့်ပြည့်နှက်နေ၏။ အိုဟောင်းနေသည့်ဘုရားကျောင်းများ ရုပ်တုများကို မြင်တွေ့နေရဆဲပင်။ အ၀ေးတစ်နေရာမှ ၄၀၀မီတာခန့်မြင့်မားသည့် နန်းတော်ဆောင်ကြီးတစ်ခုကိုလည်း လှမ်းမြင်နေရ၏။ ဤမြို့တော်သည် အလွန်အိုဟောင်းနေ၍ ဖြစ်ပေလိမ့်မည်။ နန်းတော်၏ အမိုးများတစ်၀က်ခန့်သည့် ပြိုကျနေ၏။

သို့သော် အရာအားလုံးကို ခြုံငုံကြည့်ပါက ဤမြို့ဟောင်းကြီးသည် အတော်တန်ကောင်းမွန်နေသေးသည်ဟု ဆိုနိုင်၏။ မြို့တော်ပတ်ပတ်လည်တွင်ရှိသည့် ခံတပ်နံရံများသည်လည်း မီတာ၁၀၀ခန့်မြင့်မားသည်။ သိပ်သည်းသည့် ခံတပ်ရံရံပေါ်မှအကာရံများနှင့် မျှော်စင်များမှာလည်းအသုံးပြု၍ ရနေဆဲပင်။ တစ်ခုရှိသည်မှာ နေရာတိုင်းတွင် သဲများဖြင့် ပုံကာ ပြည့်နှက်နေခြင်းပင်။

ဖှေးမြို့ထဲတွင် ရပ်နေရင်းဖြင့် သူ၏ များပြားလှသည့် ၀ိဉာဥ်စွမ်းအားများဖြင့် မြို့တော်ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။

"သက်ရှိတွေကို မတွေ့ရဘူး။ မြို့ပျက်တစ်ခုပဲ။ မြို့တော်ရဲ့အဆောက်ဦးတွေက ကောင်းနေတုံးပဲ။ ဒီမြို့ထဲမှာ စစ်သည်သုံးသောင်းလောက် ကောင်းကောင်းမွန်မွန်စခန်းချထားလို့ရတယ်။ ဒါပေမယ့်..."

သူသည် မကြာခန့်မှာပင် ထူးဆန်းသည့်အရာတစ်ခုကို သတိထားလိုက်မိ၏။ သံလိုက်စက်ကွင်းကဲ့သို့သော် စက်ကွင်းတစ်ခုသည် ဤမြို့တော်ကြီးကိုလွမ်းခြုံထားခြင်းပင်။

ဖှေးမြို့ထဲသို့ ၀င်လာလျှင် ၀င်လာခြင်းပင် ဤအရာကို သိထားခဲ့မိသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ သံမဏိဖြင့်ပြုပ်လုပ်ထားသည့် ပစ္စည်းများအားလုံးသည် မြေပြင်မှ ဆွဲငင်နေသကဲ့သို့ပြင်းထန်စွာတုန်ခါလာကြ၏။ သာမန်လူတစ်ယောက်သည် ဤကဲ့သို့အခြေအနေမျိုးတွင် သတ္တုချပ်၀တ်များ၀တ်ဆင်ကာ လမ်းပင်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဖှေးကိုယ်တိုင်ပင် ဒရူးဇာတ်ကောင်၏ သတ္တုချပ်၀တ်ကို ချွတ်လိုက်ပြီး ရိုးရိုးအ၀တ်စားကို ပြောင်းလဲတပ်ဆင်လိုက်သည့်အချိန်မှ သူကြုံတွေ့နေခဲ့ရသည့်ဖြစ်ရပ်သည် ပျောက်ကွယ်သွားတော့၏။

"ဒီမြို့တော်ကြီးပျက်ဆီးသွားခဲ့ရတာက ဒီသံလိုက်စက်ကွင်းကြောင့်မို့လို့များလား..."

ဖှေးသည် လမ်းများပေါ်တွင် လျှောက်ကာ ပတ်၀န်းကျင်ကို ဂရုတစိုက်ဖြင့် လေ့လာကြည့်နေလျှက်ရှိသည်။

သူသည် လျှင်မြန်စွာပင် သူ၏ သီအိုရီကို ငြင်းဆန်လိုက်၏။

မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အရိုးစုများစွာပို ဖှေးတွေ့လိုက်ရပြီး သူတို့အား ထိလိုက်သည်နှင့်တပြိုင်နက်ထိုအရိုးစုများသည် တစ်စစီကြေမွသွားကြ၏။ အရိုးများမှာ မာကြောခြင်းမရှိသည့်အတွက် အသက်ရှင်စဥ်က သာမန်မြို့သူမြို့သားများသာဖြစ်ကြောင်းကို ဖှေးပြောနိုင်၏။

ဤအရိုးစုများထံမှ ဖော့စဖိတ်အလင်းရောင်တစ်ချို့တောက်ပနေကြသည်။

အရိုးစုများသည် ပြည့်ပြည့်စုံစုံပါရှိခြင်းမရှိကြပေ။ သူတို့သည် နတ်ဆိုးသားရဲများစားသောက်ခြင်းခံခဲ့ရသကဲ့သို့၊ သို့မဟုတ် ကျူးကျော်လာသည့် တပ်ဖွဲ့တစ်ခုသည် သူ့တို့အားလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံခဲ့ရသည့်ပုံပင်။

ဖှေးပင်မလမ်းပေါ်မှ ခနတာခန့်လမ်းလျှောက်သွားပြီးသည့်အချိန်တွင် သစ်သားလောင်အိမ်များစွာချိတ်ဆွဲထားသည့် ကျောက်တိုင်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုလောင်အိမ်များထဲတွင် အရိုးစုများစွာလည်း ရှိနေကြ၏။ တစ်ချို့အရိုးစုများသည် လက်များကိုဆန့်တန်းကာအကူညီတောင်းခံနေသည့်အတိုင်းပင်။ သူတို့အသက်ရှင်ခဲ့စဥ်က ရုန်းကန်ခဲ့ကြပြီး ဆာလောင်မှုဒဏ်ကြောင့် သေဆုံးသွားသည့်ပုံပင်။

သူသည်လောင်အိမ်များထဲတွင် ရှိသည့် အရိုးစုတစ်ချို့ပေါ်မှ သရဖူးများ၊ တန်ဖိုးကြီးပစ္စည်းတစ်ချို့ကိုလည်း မြင်တွေ့နေရ၏။ သူတို့သည် မြို့တော်၏ တော်၀န်မျိုးနွယ်များဖြစ်ခဲ့ကြပြီး ရန်သူများ၏ နှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်ပုံပင်။

ဤကျောက်တိုင်၏ ဘေးတွင်သဲများစွာရှိနေ၏။ သို့သော် ဖှေးသည် ဦးခေါင်းခွံများစွာကို မြင်တွေ့နေရဆဲပင်။ ဦးခေါင်းခွံများဖြင့် ပြုလုပ်ထားသည့် တောင်အငယ်စားတစ်ခုပင်ရှိနေပြီး တစ်ချို့ဦးခေါင်းခွံများထဲတွင် သံမဏိချောင်းများကို စိုက်သွင်းထာ၏။ အပြာရောင်တစ္ဆေမီးတောက်များသည် ဤအရိုးများပေါ်တွင် ကခုန်နေလျှက်ရှိကြပြီး ကြည့်ရသည်မှာ အေးတိအေးစက်နှင့်ကြောက်မက်ဖွယ်ပင်။

"ဒီလူတွေက အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတာပဲ။ အစုလိုက်အပြုံလိုက်ရက်ရက်စက်စက်အသတ်ခံခဲ့ရတာပဲ...."

ဖှေးဤတောင်ကုန်းကို ကျော်လွန်သွားသည့်အချိန်တွင် နာကျင်စွာအော်ဟစ်သံများ၊ ငိုကြွေးသံများကိုပင် ပြန်လည်ကာ ကြားယောင်နေရသည့်အတိုင်းပင်။ ဤသနားစရာကောင်းသည့်လူများ၏ အသက်၀ိဉာဥ်များသည် အနားမယူနိုင်သေးသကဲ့သို့ပင်။

ဖှေး ဤမြို့တော်တစ်၀ိုက်တွင် လှည့်ပတ်ရှာဖွေကြည့်လိုက်သော်လည်း သက်ရှိတစ်စုံတစ်ရာကို မြင်တွေ့ရခြင်းမရှိသေးပေ။

ကန္တာရပုရွတ်ဆိတ်သိုက်သည် မြို့တော်နှင့် မီတာ၁၀၀ခန့် ၀ေးသည့်ပတ်ပတ်လည်တွင်တည်ရှိနေပြီး သန်းနှင့်ချီသည့် ကန္တာရပုရွတ်ဆိတ်များရှိနေ၏။ ထိုပုရွတ်ဆိတ်များသည် မြို့တော်ထဲသို၀င်ရောက်ရန်စိတ်၀င်စားခြင်းမရှိကြပဲ မြို့တော်ပတ်ပတ်လည်တွင်သာ အသိုက်ချနေကြသည်မှာလည်း ထူးဆန်းလှ၏။ ထိုပုရွတ်စိတ်များသည် မြို့တော်အား ကြောက်လန့်နေကြသည့်အတိုင်းပင်။

"ပုရွတ်စိတ်တွေက ဒီမြို့တော်ကိုအကြောင်းတစ်ခုခုကြောင့်ရှောင်ကြပုံရတယ်။ အဲ့တာကြောင့် သူတို့ ဒီထဲထိနယ်ချဲ့မလာကြတာပဲ..."

သူထိုကဲ့သို့တွေးမိပြီးသည့်အချိန်တွင် သူ၏ ကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့ကို ဤနေရာတွင် ထားရန်စိတ်ချသွားပြီဖြစ်သည်။ အကယ်၍ ထိုပုရွတ်ဆိတ်များသာ မြို့ဟောင်းအတွင်းသို့ ၀င်လာမည်ဆိုပါက စစ်သည်သုံးသောင်းသည် သူတို့အတွက် အာသာပင်ပြေစေမည်မဟုတ်ပေ။

"ဒါပေမယ့် ဒီမြို့ထဲမှာ သံလိုက်စက်ကွင်းတစ်ခုရှိနေတယ်ဆိုတော့ လက်နက်တွေ၊ သံမဏိချပ်၀တ်တွေကို လုံး၀အသုံးပြုလို့ရမှာမဟုတ်လောက်ဘူး။ ဒီအကြောင်းကိုလည်း တာနာရှာရော၊ ပဲရစ်ရောက သူတို့ပေးလိုက်တဲ့ စာတွေထဲမှာ ပြောမထားကြဘူး။ င့ါစစ်သည်တွေကို ဒီမှာ ဘယ်လိုလုပ်ပြီးတော့ ထားလို့ရမှာလဲ...."

ဖှေးသည် လက်တွေ့လောကနှင့် ဉာဏ်ကောင်းသည်အမျိုးသမီးနှစ်ဦးတို့၏ တွက်ချက်မှုများ၏ ကွားခြားမှုကို ခံစားလိုက်ရသည်။ ဤကဲ့သို့သောကွာခြားချက်များသည် မရှိမနေသင့်ပေ။

"ဒီသံလိုက်စက်ကွင်းတွေက အင်ပါယာအရှင်သခင်ယရှင်းရောက်လာပြီးမှပဲ ပေါ်လာတာမို့လို့လား။" ဖှေးသည် သူ၏ခေါင်းကို ခါရမ်းကာစဥ်စားနေခြင်းကို ရပ်တန့်လိုက်သည်။ "အဲ့လို့၀ှက်လိုဏ်ဂူကိုပဲအရင်ရှာကြည့်တာပေါ့..."

ပဲရစ်နှင့် တာနာရှာတို့ပေးလိုက်သည့် မှတ်စုနှစ်ခုလုံးထဲတွင် ဤမြို့ပျက်ကို ဒုတိယစခန်းအနေဖြင့် အသုံးပြုရန်အကြံပေးထားသည်။ ဤမြို့ဟောင်းနှင့် အလံနှစ်စုံမြို့တော်တို့သည် တစ်ခုနှင်တစ်ခုပူးပေါင်းဆောင်ရွက်ကာ ရန်သူများကို ညှပ်တိုက်၍ ရနိင်သည့်အတွက်ပင်။

All Chapters