← Chapters

အခန်း (၅၁၈)

Vol. 33 Ch. 518

အခန်း (၅၁၈)

Vol. 33 Ch. 518

ကန္တာရပုရွတ်ဆိတ်များရှိနေသည့်အတွက် ကန္တာရဓားပြများသည်လည်း ဤနေရာသို့ လာရောက်ခြင်းမရှိကြပေ။ ဤမြို့ထဲတွင် ရတနာများစွာရှိနေသည်ဟု ကောလဟာလများရှိခဲ့သော်လည်း လအဆင့်စစ်သည်များလာရောက်ကာအကုန်ယူဆောင်သွားကြပြီဖြစ်သောကြောင့် ဤမြို့အား ရတနာရှာဖွေသည့်လူများကလည်း စိတ်၀င်စားခြင်းမရှိကြပေ။

ဂျက်အင်ပါယာမှ လူများသည်လည်း ဤမြို့တော်အကြောင်းကို သိရှိ၏။ သို့သော် သူတို့သည် အထဲသို့၀င်ရောက်နိုင်ခြင်းမရှိကြပေ။

မီတာ၅၀၀ခန့်ကျယ်၀န်းပြီးအထဲတွင် ကန္တာရပုရွတ်စိတ်များစွာနေထိုင်နေကြသည့် အနီရောင်သဲနွံအိုင်သည် မည်သည့်ကျွမ်းကျင်တပ်ဖွဲ့မှ ဖြတ်ကျော်နိုင်ခြင်းမရှိသည့် ခံတပ်တစ်ခုကို ဖန်တီးထား၏။

သို့သော် တာနာရှာနှင့်ပဲရစ်တို့ပေးလိက်သည့်အကြံပေးစာများထဲတွင် သူတို့သည် ဇီးနစ်တော်၀န်စာကြည့်တိုက်ထဲမှ အင်ပါယာအရှင်သခင်ယရှင်းရေးထားသည့် မှတ်စုများမှတဆင့် အင်ပါယာအရှင်သခင်ယရှင်းသည် အလံနှစ်စုံမြို့တော်တည်ဆောက်နေခဲ့စဥ်က ဤနေရာသို့လာရောက်ခဲ့ဖူးကြောင်း သိရှိလိုက်ရသည်။ အင်ပါယာအရှင်သခင်ယရှင်းသည် ဤမြို့ပျက်ထဲတွင် ထူးခြားသည့်အရာတစ်စုံတစ်ခုကို သတိထားခဲ့မိခြင်းမရှိသော်လည်း သူသည် ကန္တာရပုရွတ်ဆိတ်သိုက်ကို ဖြတ်ကျော်သွားနိုင်သည့် လျို့၀ှက်လမ်းကြောင်းတစ်ခုကိုမူ အမှတ်မထင်ရှာတွေ့ခဲ့မိလိုက်သည်။ ထိုလမ်းကြောင်းမှတဆင့် အနီရောင်သဲနွံအိုင်ကို ဖြတ်ကျော်ကာ မြို့တွင်းမြို့ပြင်သို့ လွယ်ကူစွာအ၀င်ထွက်ပြုလုပ်နိုင်၏။

အင်ပါယာအရှင်သခင်ယရှင်းသည် ဤအကြောင်းကို ထိုစဥ်က မည်သူ့ကိုမှ ပြောကြားခဲ့ခြင်းမရှိပေ။ အနာဂတ်အတွင်အသုံးချနိုင်ရန်အတွက် လျို့၀ှက်ထားခဲ့ခြင်းပင်။

ဖှေးသည် ဤလျို့၀ှက်မြေအောက်လမ်းကို ပဲရစ်နှင့် တာနာရှာတို့၏ စာများမှတဆင့်လျှင်မြန်စွာပင် ရှာတွေ့သွား၏။

ဤမြို့ထဲတွင် ရှိသမျှအရာအားလုံးလိုလိုကိုပင် သံလိုက်ဂုဏ်သတ္တိရှိသည့်အမဲရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ဤလိုဏ်ဂူသည်လည်း ထိုကဲ့သို့ပင်။ လိုဏ်ဂူမြေအောက်လမ်းသည် ငါးမီတာခန့်ကျယ်၀န်းကာ လေးမီတာခန့်မြင့်မား၏။ လှည့်များကိုလည်း တစ်စီးခြင်းမောင်းနှင်၀င်ရောက်နိုင်ပြီး မြင်းစစ်သည်များလည်း ၀င်ရောက်လာနိုင်၏။

ဤကဲ့သို့သော မြေအောက်လမ်းတစ်ခုသည်ကြီးကျယ်ခမ်းနားလှ၏။

သို့သော် ဤလိုဏ်ဂူများကို ဖန်တီးခဲ့သည့်လူသည် အသုံးပြုရန်အတွက် အခွင့်ရေးမရခဲ့ပဲ သေဆုံးသွားခဲရ၏။

ဖှေးသည် လိုဏ်ဂူထဲတွင် အရိုးများ၊ အလောင်းများရှာတွေ့ခြင်းမရှိပေ။ ဖုန်မှုန့်တစ်မှုန်ကိုပင် ရှာတွေ့ခြင်းမရှိပေ။ တစ်ခုရှိသည်မှာ လိုဏ်ဂူထဲတွင် လေ၀င်လေထွက်ကောင်းမွန်ခြင်းမရှိသည့်အတွက် အောက်စီဂျင်နည်းပါးနေခြင်းပင်။ အကယ်၍ ဖှေးသည်သာ သာမန်လူတစ်ယောက်ဆိုပါ ဤနေရာတွင် အချိန်ကြာမြင့်စွာရပ်နေခဲ့သည့်အတွက် သေဆုံးသွားနိုင်၏။

ဖှေးသည် လိုဏ်ဂူထဲတွင် ဆယ်မိနစ်ကြာခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် လမ်းကြောင်းအဆုံးသို့ရောက်ရှိလာ၏။

အဆုံးတွင် အပြင်ဘက်သို့ တွန်းဖွင့်ရသည့် ကျောက်တုံးတံခါးနှစ်ချပ်ရှိနေ၏။

အပြင်ဘက်တွင် သဲများစုပုံနေမည်ဖြစ်ကြောင်းကို ဖှေးကြိုတင်ကာ ခန့်မှန်းလိုက်မိသည်။

အကယ်၍လအဆင့်စစ်သည်တစ်ယောက်ပင် ဤနေရာတွင်ရပ်နေပါက သူသို့မဟုတ်သူမသည် ဤတံခါးကို တွန်းဖွင့်နိုင်လိမ့်မည်မဟုတ်ပေ။

ကံကောင်းစွာပင် ကျောက်တုံးတံခါး၏အရှေ့တွင်ရပ်နေသည့်လူသည် ဖှေးပင်။

သူလူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏ ရူးလောက်သည့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကို ထုတ်လွှတ်ကာ ကျောက်တုံးဂိတ်တံခါးကို တွန်းဖွင့်လိုက်၏။

"၀ုန်း..." သူသည် ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။

ဤအခိုက်တန့်တွင် သဲများသည် လရောင်နှင့်အတူ လိုဏ်ဂူအတွင်းသို့ စုပြုံကာ၀င်ရောက်လာ၏။

လေညှင်းများလည်း ၀င်ရောက်လာရာအသက်ရှုရန်အတွက် ပိုမိုလွယ်ကူလာ၏။

ဖှေးအချိန်အားတွက်ဆကြည့်လိုက်ရာ နေမထွက်မှီငါးနာရီခန့်လိုသေးကြောင်းသိလိုက်ရသည်။ ထို့ကြောင့် မင်တံတစ်ချောင်းနှင့် စာရွတ်တစ်ရွတ်ကို ထုတ်ယူလိုက်ပြီး စာတစ်စောင်ကိုရေးကာ သူပုန်စခန်းမှ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာကိုဆင့်ခေါ်လိုက်သည်။

"မစ် ခက်ရှာ ဒီစာကို ၀ံပုလွေစွယ်တပ်ဖွဲ့က ဗျူဟာမှူးအာရန်းကို ပေးပေးပါ။ သူတို့က အလံနှစ်စုံမြို့အရှေ့မြောက်ဘက် ၃၀ကီလိုမီတာအကွာလောက်မှာရှိနေတယ်...."

"ဟုတ်ကဲ့ပါ" ခက်ရှာသည် စာကို ယူလိုက်ပြီး ၀ံပုလွေစွယ်တပ်ဖွဲ့တည်ရှိရာအရပ်ထံသို့ အလင်းတန်းတစ်ခုကဲ့သို့ပင် ပြေးသွားလိုက်တော့၏။

တစ်ဖက်တွင် ဖှေးသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြန်ပြောင်းလိုက်သည်။

ထို့နောက် လိုဏ်ဂူထွက်ပေါက် ပတ်ပတ်လည်တွင် မှော်ထောင်ခြောက်များစွာကို ချထားလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ပြန်လည်ကာ ၀င်ရောက်ခဲ့တော့၏။

......

ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဖှေးလူရိုင်းဇာတ်ကောင်တစ်ယောက်အနေဖြင့် နောက်ဆုံးအလုပ်တစ်ခုသာ ကျန်ရှိတော့သည်။

ဖှေးနှင့် အယ်လီနာတို့သည် ကမ္ဘာကျောက်တု့းအဆောက်ဦးထဲသို့၀င်ရောက်ပြီးဖြစ်သည်။

ဤသည်မှာ လှပသည့်အဆောက်ဦးတစ်ခုပင်။ ဖှေးနင့် အယ်လီနာတို့ ယခင်က ရောက်ရှိခဲ့ဖူးသည့် မှောင်မိုက်အေးစက်သည့် ဂူသင်္ချိုင်းများ၊ မြို့ပျက်များနှင့် နှိုင်းယှဥ်ကြည့်ပါက ကမ္ဘာကျောက်တုံးအဆောက်ဦး၏ အတွင်းဆောင်သည် နန်းတော်ဆောင်တစ်ခုကဲ့သို့ပင်။ ရွှေရောင်ကျောက်ပြားများသည် အဆောက်ဦး၏ ခမ်းနားမှုတို့ကို ဖော်ပြနေ၏။

သို့သော် နေုာက်ဆုံး ခေါင်းဆောင်ကြီးဘေးလ်၏ ရယ်မောသံနှင့် ဖှေးနှင့် အယ်လီနာတို့ထံသို့ ပြေး၀င်လာနေသည် နတ်ဆိုးများမကောင်းဆိုး၀ါးများသည် ထိုအလှတရားများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဤနေရာသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ကြောက်စရာအကောင်းဆုံးနေရာတစ်ခုပင်။

ဤနေရာတွင်ရှိသည့် မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများအားလုံးသည် စွမ်းအားမြင့်မားကြကာ အခြေခံသိဉာဏ်များကိုလည်း ပိုင်ဆိုင်ထားကြ၏။ မှော်လက်နက်များချပ်၀တ်များနှင့် မကောင်းဆိုး၀ါးတစ်ကောင်ခြင်းစီတိုင်းသည် အပြင်ကမ္ယာမှ ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်နှင့် စွမ်းအားခြင်းညီမျှ၏။

ကမ္ဘာကျောက်ဆုံးအဆောက်ဦးထဲတွင် လယ်ဗယ်သုံးခုရှိ၏။

လေးနာရီခန့်သတ်ဖြတ်ပြီးသည့်အချိန်တွင် ဖှေးတို့သည် ပထမလယ်ဗယ်မှ တတိယမြောက်လယ်ဗယ်သို့ရောက်ရှိလာကြသည်။

လမ်းတစ်လျှောက်တွင် အယ်လီနာသည်လည်း အကြိမ်ပေါင်းများစွာ လယ်ဗယ်မြင့်တက်ခဲ့သည့်အတွက် သူမသည် လက်ရှိတွင် လယ်ဗယ်၈၄ မှော်လေးသည်တော်နှင့် လယ်ဗယ်၄၆ပါလာဒင်တစ်ယောက်ပင်ဖြစ်နေပြီဖြစ်သည်။

တစ်ဖက်တွင် ဖှေးသည် လယ်ဗယ်၉၉တွင်ရှိနေဆဲပင်။ သူသည် အတွေ့ကြုံအမှတ်များစွာရရှိခဲ့သော်လည်းသူ၏ လယ်ဗယ်မှာ ထက်မံ၍ပြောင်းလဲခြင်းမရှိတော့ပေ။

သို့သော် ဖှေးဤကဲ့သို့ဖြစ်မည်ကို ကြိုတင်ကာ တွက်ဆပြီးဖြစ်၏။

သူစိုးရိမ်ခြင်းမရှိပေ။ သူသည် ကမ္ဘာ့ကျောက်တုံးအဆောက်ဦးကိုဖြတ်ကျော်ပြီး ကမ္ဘာကျောက်တုံးခန်းမဆောင်အတွင်းသို့၀င်ရောက်ကာ နောက်ဆုံးခေါင်းဆောင်ကြီး ဘေးလ်ကို သတ်ဖြတ်ပြီးပါက သူသည် သာမန်ခက်ခဲမှုအဆင့်တွင် ရှိသမျှ အလုပ်များအားလုံးကို အောင်မြင်သွားပြီဖြစ်သောကြောင့် ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ဖြစ်၏။

နောက်ဆုံးခေါင်းဆောင်ကြီးဘေးလ်သည် ကမ္ဘာ့ကျောက်တုံးအဆောက်ဦးတတိယထပ်နှင့်ဆက်စက်နေသည့် ကမ္ဘာကျောက်တုံးအခန်းထဲတွင် ပုန်းအောင်းနေ၏။

သို့သော် သူ၏ ကြောက်မက်ဖွယ်ရယ်မောသံကို ကမ္ဘာကျောက်တုံးအခန်းထဲတွင် ကြားနေရ၏။

ဘေးလ်၏ ရယ်မောသံသည် ဖိအားများ၊ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။ ထိုကြမ်းတန်းရက်စက်သည့် ခံစားချက်သည် နေရာတစ်၀ိုက်တွင် ရေလှိုင်းများကဲ့သို့ပင် ပြန့်နှံ့နေပြီး မမြင်နိုင်သည့်စွမ်းအားသည် ဖှေးနှင့် အယ်လီနာတို့၏ နားစည်များကို အဆက်မပြတ်ဖိအားပေးနေလျှက်ရှိကြ၏။ ဖှေးနှင့် အယ်လီနာတို့ထက်ပို၍အားနည်းသည့် မည်သူမဆို ဖိအားဒဏ်ဖြင့်ပင် စိတ်ဖောက်ပြန်သွားနိုင်၏။

သူတို့နှစ်ယောက်ကမ္ဘာကျောက်တုံးအခန်းထဲ့သို့ရောက်ရှိသွားသည့်အချိန်တွင် အချိန်လေးနာရီခန့်ကုန်ုဆုံးသွားပြီဖြစ်သည်။

ဖှေးသည် နောက်ဆုံးခေါင်းဆောင်ကြီးကို ဆက်လက်သတ်ဖြတ်ခြင်းမပြုသေးပေ။ ဘုရင်အတွက် အပြင်ကမ္ဘာတွင်ဆောင်ရွက်စရာတာ၀န်များကျန်ရှိနေသေးသည့်အတွက်ဖြစ်၏။ ဖှေး မကောင်းဆိုး၀ါးများထံမှရရှိလာသည့် ဆုလာဘ်များအားလုံးကို ကောက်သိမ်းကာ ဒိုင်ယာဘလိုကမ္ဘာထဲမှ ပြန်လည်ကာထွက်ခွာလာခဲ့တော့သည်။

All Chapters