← Chapters

အခန်း (၅၁၉)

Vol. 33 Ch. 519

အခန်း (၅၁၉)

Vol. 33 Ch. 519

အေးစက်သည့်လေသည် ကန္တာရထဲတွင် တိုက်ခတ်နေဆဲပင်။

ဖှေးရှေးမြို့ဟောင်းသို့သွားရာ လျို့၀ှက်လိုဏ်ဂူထံသို့ ပြန်လာခဲ့လိုက်ပြီး သူ၏မှော်ထောင်ခြောက်များကို ရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။

အချိန်တစ်နာရီခန့် ကုန်ဆုံးသွားသည့်အချိန်တွင် ကောင်းကင်ကြီးသည် တောက်ပလာတော့၏။ မိုးကုတ်စက်၀ိုင်းအောက်တွင် အလင်းရောင်ဖျော့ဖျော့တစ်ခုထွက်ပေါ်လာနေပြီး နေ့သစ်တစ်ခုစတင်ခြင်း၏ အဓိပ္ပါယ်ကို ဖော်ဆောင်နေ၏။

ရုတ်တရက် ကျယ်လောင်သည့် မြင်းခွာသံများနှင့်အတူ မြင်းစစ်သည်အဖွဲ့တစ်ခုရောက်ရှိလာ၏။ သူတို့၏လက်နက်များသည် နေအလင်းရောင်ကို ရောင်ပြန်ဟပ်လျှက်ရှိနေကြပြီး သူတို့၏ ဖြစ်တည်မှုတွင် ဖိအားများပါရှိနေ၏။

"သူတို့ရောက်လာကြပြီလား..." ဖှေးသည် သဲတောင်ကုန်းတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး မြင်းစစ်သည်များတည်ရှိရာအရပ်ထံသို့ လှမ်းကြည့်လိုက်၏။

မြင်းစစ်သည်၅၀၀၀ခန့်ပါရှိနေပြီး ထိုစစ်သည်များသည် သူတို့နှင့်အတူပါရှိနေသည့် လှည်းများ၊ ရိက္ခာများကို ကာကွယ်ထားကြသည်။ ဦးဆောင်ကာ ချီတပ်လာသည့်မြင်းစစ်သည်များသည် အဖြူရောင်၀တ်ရုံများနှင့် ငွေရောင်ချပ်၀တ်များကို ၀တ်ဆင်ထားကြပြီး ခေါင်းနှစ်လုံးပိုလာ၀က်၀ံသို့မဟုတ်၊ တောက်ပနေသည့် အစွယ်များနှင့် ၀ံပုလွေခေါင်းပုံပါရှိသည့် အလံများကို ကိုင်ထားကြ၏။

ဤသည်မှာ ဇီးနစ်အင်ပါယာအလံနှင့် ၀ံပုလွေစွယ်တပ်ဖွဲ့အလံများပင်။

ဖှေးအနည်းငယ်စိတ်အေးသွားသည်။ "အကုန်လုံးအဆင်ပြေသွားခဲ့တဲ့ပုံပါပဲ။ သူတွေးလိုက်မိ၏။"

သူချက်ချင်းပင် အော်ဟစ်လိုက်ရာ မြင်းစစ်သည်များကြားလိုက်ရ၏။

"ဘယ်မှာလဲ..."တစ်စုံတစ်ယောက်သည်ပြန်လည်ကာ အော်ဟစ်လိုက်ပြီးဖှေးထက်မံအချက်ပြလိုက်သည့်အချိန်တွင် ဖှေးရှိရာထံသို့ချက်ချင်းပင် ချီတပ်လာကြတော့၏။

ဤတပ်ဖွဲ့သည် ငါးမိနစ်အတွင်းမှာပင် ဖှေးအနီးသို့ရောက်ရှိလာကြ၏။

"ထက်မံတွေ့ဆုံရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါအရှင်မင်းကြီး..."

"ထက်မံတွေ့ဆုံရတာ ကျွန်မစင်ဒီအတွက် ဂုဏ်ယူစရာပါအရှင်မင်းကြီး..."

"ထက်မံတွေ့ဆုံရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါအရှင်မင်းကြီး..."

လယ်သာချပ်၀တ်တစ်ထည်ကို ၀တ်ဆင်ထားသည့်အဖိုးကြီးအာရန်း၊ အမဲရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည့် မှော်မင်းသမီးစင်ဒီ၊ အဖြူရောင်၀တ်ရုံနှင့် ငွေရောင်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် ငွေရောင်ချပ်၀တ်ဓားသွား ရီရဲ့ တို့သည် မြင်းများပေါ်မှဆင်းလိုက်ကာ ဖှေးအားအလေးပြုလိုက်ကြသည်။ သူတို့သည် ပျော်ရွှင်သွားကြပြီး သူတို့၏ စိုးရိမ်စိတ်များသည်လည်း ပျောက်ကွယ်သွားကြတော့၏။

"အေးအေး အချိန်သိပ်မရှိဘူး။ အဲ့တာကြောင့် မြန်မြန်ပဲလုပ်လိုက်ကြတာပေါ့။ င့ါအနောက်မှာ လျို့၀ှက်လိုဏ်ဂူတစ်ခုရှိနေတယ်။ ငါတို့တွေ အစာတွေနဲ့ ရိက္ခာတွေကို မြို့ထဲကို လွယ်လွယ်ကူကူနဲ့သယ်သွားမှရမယ်။ နောက်ပြီးတော့ အနီရောင်သဲနွံအိုင်ထဲကို မဆင်းကြဖို့လဲ အားလုံးကို မှာထားလိုက်။ အဲ့ထဲမှာ စွမ်းအားမြင့်နတ်ဆိုးသားရဲတွေနေထိုင်ကျက်စားနေကြတယ်..." ဖှေးသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထား၏။ သူစကားပြောရင်းဖြင့် သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် လူသုံးယောက်ကို အပေါ်သို့ မတင်လိုက်ကြ၏။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ကျွန်တော်အရာအားလုံးကို စီစဥ်ပြီးတော့ တပ်ဖွဲ့တွေကို မြို့ထဲ၀င်ဖို့ အမိန့်ပေးလိုက်ပါ့မယ်..."

လက်ရှိတွင် ပြန်လည်ကာ လမ်းလျှောက်နေနိုင်ပြီဖြစ်သည့် အဖိုးကြီးအာရန်းသည် အချိန်မရှိတော့သည်ကို သိ၏။ သူသည် ဖှေးအား ပြောစရာများစွာရှိနေသော်လည်း နောက်မှသာ ပြောရန်ဆုံးဖြတ်လိုက်၏။ သူဖှေးအား ထက်မံအလေးပြုပြီးချိန်တွင် တစ်ဖက်သို့လှည့်ကာ မြို့ထဲသို့၀င်ရောက်ရန်ကိစ္စများကို စတင်၍ စီစဥ်တော့သည်။

"ဆာ ကျွန်မတို့ ထက်တွေ့ကြပြန်ပြီ..." မှော်မင်းသမီးစင်ဒီသည် သူမ၏ ၀တ်ရုံပေါ်မှသဲများကို ခါချကာ ဖှေးအား ပြုံးပြလိုက်၏။ ဤအခိုက်တန့်တွင် ပန်းတစ်ပွင့်ပွင့်သွားသည့်အတိုင်းပင် အမှောင်ထုကို ဖယ်ရှားပစ်လိုက်၏။

"ဒီလောက်ခရီးရှည်ကြီးဆက်လာရတာ ပင်ပန်းနေမှာပေါ့ မင်းသမီးစင်ဒီ..." ဖှေးပြုံးကာ ပြန်ပြောလိုက်၏။

ဤစွမ်းအားမြင့်မှော်ဆရာမ ၀ံပုလွေစွယ်တပ်ဖွဲ့သို့၀င်ရောက်လာခဲ့သည့်အချိန်တွင် ဖှေး အံ့သြကာ ပျော်ရွှင်သွားခဲ့သည်။ မှော်ဆရာတစ်ယောက်သည် စစ်ပွဲအတွင်းတွင်ပို၍ တန်ဖိုးရှိသည့်အတွက်ပင်ဖြစ်ပြီး မင်းသမီးစင်ဒီသည် စွမ်းအားမြင့်မှော်မန္တန်များစွာကို အသုံးပြုနိုင်သည့် ပါရမီရှင်မှော်ဆရာမတစ်ယောက်ပင်။ ဖှေးသည် သူမ၏ အေးစက်ကာ ခံစားချက်ကင်းမဲ့သည့် ရုပ်သွင်နောက်ကွယ်မှ စိတ်အားထက်သန်သည့် နှလုံးသားကို ခံစားလိုက်ရသည်။

"ဟေးဟေး ဒါကတော့ မတရားဘူးလေ စင်ဒီ။ နင်င့ါရှေ့မှာဆို တစ်ခါမှဒီလိုမပြုံးဖူးပါဘူး။ ဘာလို့ တပ်ဖွဲ့ခေါင်းဆောင်ရဲ့ရှေ့မှာမှ အဲ့လိုပြုံးနေရတာလား။ မဟုတ်မှလွဲရော..." ငွေရောင်ချပ်၀တ်ဓားသွား ရီရဲ့သည် စင်ဒီအား မျက်စပစ်ကာ စနောက်လိုက်၏။

"နင်ခေါင်းဆောင်ကို နိုင်အောင်တိုက်ခိုက်နိုင်မယ်ဆိုရင် နင့်အတွက်လည်းပြုံးပေးမယ်လေ..."

"အာ ဘာနေနေက ငါက အလတ်ဇန္ဒားလိုမကောင်းဆိုး၀ါးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဥ်နိုင်မှာလဲ..."

ဖှေးစနောက်သည့်အသံများကို ကြားရသည့်အတွက်ပြုံးလိုက်မိသည်။ အနည်းဆုံးအနေဖြင့် သန်မာသည့် စိတ်ဓာတ်များကိုပိုင်ဆိုင်ထားသည့် အဆင့်မြင့်သိုင်းဆရာနှစ်ယောက်သည် ခင်မင်ရင်းနှီးလာကြသည့်ပုံပင်။ ဤသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခုပင်။ စည်းလုံးသည့် တပ်ဖွဲ့တစ်ခုသည် အတွင်းပဍိပတ်ခများစွာဖြင့် ပြည့်နှက်နေသည့် တပ်ဖွဲ့တစ်ခုထက်ပို၍ကောင်းမွန်သည့်အတွက်ပင်။ တစ်နည်းအားဖြင့် ဤကဲ့သို့စည်းလုံးသင့်မြတ်နေခြင်းသည် အဖိုးကြီးအာရန်းဆောင်ရွက်ခဲ့ရသည့် အောင်မြင်မှုကို ပြသနေ၏။

ဤအခိုက်တန့်တွင် မြင်းခွာသံများစွာကိုကြားလိုက်ရ၏။

"ဂျက်အင်ပါယာက ကင်းထောက်တွေပဲ။" ငွေရောင်ချပ်၀တ်ဓားသွား၏ မျက်နှာပေါ်မှ အမူယာသည်ပြောင်းလဲသွား၏။ သူ စိတ်လိုလက်ရဖြင့် မေးလိုက်သည်။ "ဆာ ကျွန်တော်သွားပြီး သူတို့အားလုံးကို သတ်ခွင့်ပေးပါ။ ကျွန်တော်တို့ရဲ့ လျို့၀ှက်လမ်းကြောင်းကို ဒီကောင်တွေသိသွားလို့မဖြစ်ဘူး..."

"ဟားဟား ကောင်းတာပေါ့။ ငါတို့သုံးယောက်လုံးသွားပြီးတော့ ဘယ်သူကအများဆုံးသတ်နိုင်လဲဆိုတာကို ပြိုင်ပွဲအငယ်စားလေးတစ်ခုလောက်လုပ်ကြတာပေါ့..." ဖှေးသည် ထိုကဲ့သို့ပြောရင်းဖြင့် ရန်သူများထံသို့ ပြေးသွားလိုက်၏။

"ကောင်းပြီလေ မှော်အတောင်ပံ၊ ပျံ၀ဲခြင်း၊ အမြန်နှုန်းတိုးမြှင့်ခြင်း..."

စင်ဒီသည် အော်ဟစ်ကာ မန္တန်အနည်းငယ်ကို အသုံးပြုလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင် မှော်စွမ်းအင်အရှိန်၀ါများထွက်ပေါ်လာတော့၏။ အစိမ်းရောင်စွမ်းအင်အတောင်ပံများသည် သူမ၏ နောက်ကြောပေါ်သို့ရောက်ရှိလာပြီး ရန်သူများထံသို့ စစ်နတ်သမီးတစ်ယောက်ကဲ့သို့ပျံသန်းသွားတော့၏။

"ဟားဟား ငါပြမယ်..၀မ်းနည်းခြင်းဓားသွား၊ ပျော်ရွှင်ခြင်းဓားသွား..."

ငွေရောင်ချပ်၀တ်ဓားသွားသည် သူ၏ပုခုံးကို လှုပ်ခါလိုက်ရာ သူ၏ နောက်ကြောတွင်လွယ်ထားသည့် လျို့၀ှက်ထူးဆန်းသောဓားအိမ်အတွင်းမှ အလင်းတန်းနှစ်ခုထွက်ခွာသွား၏။ ထိုဓားနှစ်လက်သည် မီတာ၅၀၀အကွာ၀ေးကို ချက်ချင်းလိုလိုပင် ပျံသန်းသွားပြီး ရှေ့ဆုံးမှ ချီတပ်လာနေသည့် ကန္တာရသဲကျားမြင်းစစ်သည်လေးယောက်ကို သတ်ဖြတ်ပစ်လိုက်၏။

ဂျက်အင်ပါယာကင်းထောက်တပ်ဖွဲ့တွင် ကန္တာရသဲကျားစီးနင်းသည့်တပ်ဖွဲ့၀င်၁၀၀ခန့်သာပါ၀င်၏။

ဂျက်အင်ပါယာမှ ကင်းထောက်များသည် ဤဇီးနစ်တပ်ဖွဲ့ကို စောစောပင်သတိထားမိခဲ့၏။ သူတို့သည်ဤတပ်ဖွဲ့ အလံနှစ်စုံမြို့အနီးသို့စတင်ရောက်ရှိလာစဥ်ကတည်းက သတိထားမိခဲ့ပြီး စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။

သို့သော် ရှေ့သို့သာ ချီတပ်လာနေသည့်တပ်ဖွဲ့သည် တစ်ဖက်သို့ပြန်လှည့်ကာ သူတို့အား လာရောက်တိုက်ခိုက်လိမ့်မည်ဟု သူတို့ထင်မထားကြပေ။

"သူတို့အဖွဲ့မှာ ကျွမ်းကျင်စစ်သည်တွေပါတယ် ပြေးကြ။"

"လူခွဲပြီးပြေး။ မင်းသားဖာရင်တန်ကို ဒီအကြောင်းသတင်းပို့မှ ရမယ်။ အမြန်လုပ်ကြ...."

ကင်းထောက်တပ်ဖွဲ့ခေါင်းဆောင်သည် တစ်စုံတစ်ခုလွဲချော်နေသည်ကို သတိထားလိုက်မိသဖြင့် သူ၏ မြင်းကိုချက်ချင်းပင် ပြန်လှည့်ကာ အမိန့်များစွာပေးလိုက်တော့၏။ မြင်းစစ်သည်များအားလုံးသည်လည်း ပြန်လှည့်ကာ ပြန်လည်ဆုတ်ခွာနိုင်ရန်အတွက် ကြိုးစားကြတော့၏။

ခေါင်းဆောင်၏ လျှင်မြန်သည့် တုန့်ပြန်မှုသည် သူ၏အသက်ကို မကယ်လိုက်နိုင်သော်လည်း ကင်းထောက်သုံးယောက်ကိုမူ အောင်မြင်စွာလွတ်မြောက်သွားစေနိုင်ခဲ့သည်။ ထိုကင်းထောက်သုံးယောက်သည် ကန္တာရထဲသို့ပြေး၀င်ပျောက်ကွယ်သွားကြပြီး သတင်းပို့တော့မည်ဖြစ်၏။

"သေစမ်း ဆာ။ ကျွန်တော့ကို သူတို့နောက်လိုက်သတ်ခွင့်ပေးပါ..." ငွေရောင်ချပ်၀တ်ဓားသွားသည် ထိုကင်းထောက်များကို လိုက်လံကာသတ်ဖြတ်လိုနေ၏။

"မလိုပါဘူး။ ဂျက်အင်ပါယာက စစ်သည်တွေက ကျန်တဲ့ ၀ံပုလွေတပ်ဖွဲ့တွေရောက်လာမှာကို အခုမဟုတ်လဲနောက်ကျရင်သိမှာပဲ။ ငါတို့တွေအချိန်လည်းလုံလုံလောက်လောက်ဆွဲပြီးသွားပြီ။ သူတို့သိသိမသိသိ ငါတို့မှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေဆောင်ရွက်စရာရှိသေးတယ်..." ဖှေးသည် သူ၏ခေါင်းကို ခါရမ်းကာ ရှင်းပြလိုက်သည်။

"ကောင်းပြီလေ..." ရီရဲ့သည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ရုတ်တရက်ရယ်မောလိုက်၏။ "ဟားဟား ကျွန်တော်က ရန်သူအများဆုံးကို သတ်ခဲ့တာလေ။ မစ်စတာ အလတ်ဇန္ဒားကျွန်တော့ကို ဘာဆုပေးမလဲ..."

ဖှေးသည် ရှေးမြို့ဟောင်းသံသို့ ပြေးသွားနေရင်းဖြင့် ရယ်မောလိုက်၏။ "ငါကပြိုင်ပွဲတစ်ခုလုပ်ရအောင်လို့ပဲ ပြောတာလေ။ ဆုပေးမယ်ဆိုတာ ပါလို့လား..."

စင်ဒီရယ်မောလိုက်၏။ သို့သော် ရီရဲ့တွင် ပြန်လည်တုန့်ပြန်စရာ စကားမရှိပေ။

......

"စားနပ်ရိက္ခာတွေကို အစီစဥ်အတိုင်းပဲမြို့ထဲသို့သယ်ဆောင်ပြီးပါပြီအရှင်မင်းကြီး။ အရှင်မင်းကြီး ပြောခဲ့သလိုပါပဲ မြို့ထဲမှာ ထူးခြားတဲ့သံလိုက်စက်ကွင်းတစ်ခုရှိနေတယ်။ သတ္တုပစ္စည်းတွေကအလုပ်မလုပ်ပါဘူး။ စစ်သည်အများစုကို လယ်သာချပ်၀တ်တွေကိုပဲပြောင်း၀တ်ခိုင်းပြီးတော့ ကျွန်တော်တို့ သတ္တုချပ်၀တ်တွေ၊ လက်နက်တွတော်တော်များများကိုလည်း စွန့်ပစ်ခဲ့ရပါတယ်။ အဲ့လိုနဲ့ပဲ အရာရာက ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့တာပါ..."

ဗျူဟာမှူးအာရန်းသည် ဖှေးအား အရာအားလုံးကို ပြန်လည်ကာ သတင်းပို့လိုက်၏။

"ကောင်းတယ်။ နောက်ထပ်လှုပ်ရှားမှုတစ်ခုဆက်လုပ်ရအောင် င့ါအမိန့်ကို ပြန်ပြောလိုက်ကြ။ မြို့တော်ကို သန့်ရှင်းရေးလုပ်ဖို့အတွက် ဒီနေရာမှာ စစ်သည်နှစ်ထောင်လောက်ထားခဲ့။ စင်ဒီနဲ့ ရီရဲ့တို့လဲ ဒီမှာနေခဲ့ပြီးအရာအားလုံးကို လုံခြုံအောင်စောင့်ကြည့်ထားကြ၏။" ဖှေးသည် အမိန့်များကိုချင်ချင်းပင် ပေးလိုက်၏။ "ကျန်နေတဲ့မြင်းစစ်သည်တွေကတော့ ငါနဲ့လိုက်ခဲ့ကြ။ ဒီအခွင့်ရေးကိုအသုံးချပြီးတော့ အလံနှစ်စုံမြို့ထဲကို ဖောက်၀င်နိုင်အောင်လုပ်ရမယ်..."

"ဟုတ်ကဲ့ပါအရှင်မင်းကြီး..."

"ဆာ ကျွန်မ ဆာနဲ့လိုက်ခဲ့ပါရစေ..." မှော်မင်းသမီးစင်ဒီမှ ရုတ်တရက် ရှေ့သို့ထွက်လာပြီး သူမ၏ ဆန္ဒကို ပြောလိုက်သည်။

"စင်ဒီ ဒီရှေးမြို့ဟောင်းကို စွမ်းအားမြင့်တဲ့လူတစ်ယောက်ယောက်က စောင့်ကြည့်နေဖို့လိုတယ်။ နင်နဲ့ ရီရဲ့တို့ဒီမှာနေခဲ့သင့်တယ်။ တကယ်လို့ ဂျက်အင်ပါယာက သိုင်းဆရာတွေရောက်လာခဲ့မယ်ဆိုရင် င့ါအတွက် သတ်ဖြတ်ပေးပါ..." ဖှေးသည် စဥ်းစားကြည့်လိုက်ပြီး စင်ဒီအား ငြင်းဆန်လိုက်၏။

"အဲ့လိုဆိုလည်း ကောင်းပါပြီ..." စင်ဒီလဲ စဥ်းစားကြည့်ကာခေါင်းငြိမ့်ပြလိုက်၏။

ငွေရောင်ချပ်၀တ်ဓားသွား ရီရဲ့သည် ဖှေးနှင့်စင်ဒီတို့ကို အဓိပ္ပါယ်ရှိသည့် အပြုံးတစ်ခုနှင့်အတူ စိုက်ကြည့်နေ၏။ သူသည် တစ်စုံတစ်ခုကို သတိထားမိသွားသည့်အတိုင်းပင်။

ကျွမ်းကျင်သိုင်းဆရာနှစ်ယောက်နှင့် မြင်းစစ်သည်၂၀၀၀တို့မြို့ထဲသို့၀င်ရောက်ပြီးသည့်အချိန်တွင် ဖှေးသည် အလွန်လေးလံသည့် ကျောက်တုံးဂိတ်တံခါးကြီးကို ပိတ်လိုက်၏။ ထို့နောက်တွင် သူ၏ စွမ်းအားကိုအသုံးပြုပြီး မြေအောင်လိုဏ်ဂူဂိတ်တံခါးကို သဲများဖြင့် ပြန်လည်ကာ ဖုံးကာလိုက်သည်။

အရာအားလုံးအဆင်သင့်ဖြစ်သည့်အချိန်တွင် ဖှေးသည် စစ်သည်တစ်ယောက်ယူဆောင်လာပေးသည့်မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး မြင်းစစ်သည်၃၀၀၀ကိုကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့ရှိရာထံသို့ ဦးဆောင်ချီတပ်သွားတော့၏။

နေထွက်တော့မည်ဖြစ်ပြီး ဤသည်မှာ အရေးကြီးဆုံးအချိန်တစ်ခုပင်။

All Chapters