← Chapters

အပိုင်း(၁၃၆)-အရေးကြီးသော ရှီမာမျိုုးနွယ်

Vol. 002 Ch. 136

အပိုင်း(၁၃၆)-အရေးကြီးသော ရှီမာမျိုုးနွယ်

Vol. 002 Ch. 136

“အုပ်စုတစ်စုက ပျက်ဆီးနေတဲ့အိမ်ကို ဖောက်ဖို့လုပ်ခဲ့ကြတယ်” ရှီမာယူယူ စားပွဲကို လက်ဖြင့်ရိုက်လိုက်သည်နှင့် စားပွဲသည် နှစ်ခြမ်းကွဲသွားလေသည်။

“သခင်လေး တစ်ခုရှိသေးတယ်” အခြွေအရံသည် ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည်။

“ဘာလဲ”

“သခင်လေးက ရွှေမြွေအသီးအကြောင်းသိတယ်ပြောတော့ သခင်လေးကို ဒုက္ခပေးဖို့ အစီအစဉ်ဆွဲနေတဲ့သူတွေလည်းရှိသေးတယ်၊” အိမ်တော်ထိန်းပြောလိုက်သည် “နောက်တော့ ကျောင်းက ကျောင်းအုပ်ကြီးက သခင်လေးကို ထိခိုက်အောင်လုပ်ရင် ကျောင်းကို ဆန့်ကျင်တာပဲလို့ သတင်းထုတ်ခဲ့တယ်၊ အဲဒါနဲ့ အဲလူတွေငြိမ်သွားတာပဲ”

“သြော် ဟုတ်လား၊ ငါ့ကို ဆန့်ကျင်ဖို့လုပ်ချင်ကြတယ်ပေါ့” ရှီမာယူယူ အေးစက်စွာရယ်မောလိုက်သည် “ဒါဆိုလည်း သူတို့လာပါစေလေ၊ အဲအချိန်ကျရင် တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်သတ်ပြမယ်၊ တစ်မျိုးနွယ်လုံးလာရင် တစ်ယောက်မှချန်မှာ မဟုတ်ဘူး”

အေးစက်နေသော ရှီမာယူယူ၏မျက်လုံးများကို အခြွေအရံမြင်လိုက်ရချိန်တွင်တော့ သူ့စိတ်ထဲတွင် နာကျင်သွားရသည်။ ဒီလိုအခြေအနေကြောင့်သာမဟုတ်ခဲ့ရင် သူဒီလိုမဖြစ်ပေ။

“သခင်လေး၊ ကျောင်းအုပ်ကြီးအမိန့်ထုတ်ပြီးကတည်းက အဲလူတွေ မလုပ်ရဲကြပါဘူး၊ ဒါပေမယ့် အပျောက်အရှမရှိအောင် ကျွန်တော်တို့ စောင့်နေရတုန်းပဲ” အိမ်တော်ထိန်းသည် ထိုစကားများကြောင့် ရှီမာယူယူဒေါသထွက်သွားသည်ဟုတွေးလိုက်သည်။ သို့သော် သူမတွင် ဘယ်လိုအားပိုင်ဆိုင်နေသည်ကိုတော့ သူမသိပေ။

“အခု ငါတို့အဲအကြောင်းကို မစဉ်းစားတော့နဲ့ ငါကိုယ်တိုင်ဖြေရှင်းမယ်” ရှီမာယူယူ လက်ဝေ့ပြကာ “အဲအခြွေအရံတွေနဲ့ ဆိုင်အကြောင်းဆွေးနွေးတာဘယ်ရောက်သွားပြီလဲ”

“ဟုတ်သားပဲ အားနည်းနည်းရှိတဲ့သူတွေက စစ်သူကြီးထွက်သွားတာနဲ့ စစ်သူကြီးအိမ်တော်က ကျဆုံးသွားပြီလို့ထင်နေကြတယ် သူတို့က ရှယ်ယာလိုချင်နေကြတယ်၊ မျိုးနွယ်တချို့က ကျွန်တော့်ကို လာရှာကြပြီး ကျွန်တော်တို့ဆိုင်ကို ဈေးနိမ်ပြီးဝယ်ချင်နေကြတယ်၊ တချို့ဆိုင်တွေက သွင်းကုန်တွေကို ရပ်လိုက်ကြတယ်၊ အဲပစ္စည်းတွေအတွက် ပိုက်ဆံကို ကျွန်တော်တို့မပေးနိုင်မှာကို သူတို့ကြောက်နေကြတယ်၊ အခုလက်ရှိအခြေအနေကတော့ ကျပ်တည်းနေတယ်၊ ကျွန်တော်တို့ဖောက်သည်တွေလည်း တစ်ဝက်လောက် ဆုံးရှုံးလိုက်ရပြီ”

“ဒါဆို မင်းပြောတာက အခုလက်ရှိငါတို့ဆိုင်က အခွံပဲရှိတော့တာပေါ့” ရှီမာယူယူပြောလိုက်သည်။

“ဟုတ်တယ်၊ တခြားဆိုင်ရှာရမလား မရှာရဘူးဆိုတာ ကျွန်တော် တခြားသူတွေနဲ့ တိုင်ပင်နေတာပါ” အိမ်တော်ထိန်းပြောလိုက်သည်။

“အပြင်ကလူတိုင်းက အိမ်ကိုဖောက်ထွင်းသွားတာလား” ရှီမာယူယူမေးလိုက်သည်။

“အဲလိုလည်းမဟုတ်ပါဘူး၊ ကျူမျိုးနွယ်က သူတို့ ကျွန်တော်တို့ကို ထည်စ္စည်းတွေထောက်ပံ့မယ်လို့ လူလွှတ်ပြီးပြောထားတယ်၊ ဒါပေမယ့် သူုတို့ အကူအညီလည်း အကန့်အသတ်ရှိသေးတော့ ငါတို့ပြဿနာကို လုံးဝဖြေရှင်းပြီးတာတော့မဟုတ်သေးဘူး” အိမ်တော်ထိန်းရှင်းပြသည်။

“ဖက်တီး…” ရှီမာယူယူစဉ်းစားမိလိုက်သည်။ သူမ သတိမေ့နေစဉ်တွင် သူသည် နားနားကပ်ကာ ရှီမာမျိုးနွယ်အား ဘာမှအဖြစ်မခံဟုပြောသွားခဲ့သည်။ သူတကယ်ပဲလုပ်ခဲ့တာပဲ။

“ပြီးတော့ သားရဲထိန်းကျောင်းသူများအသင်းကလည်း သူတို့ကျွန်တော်တို့ကို ကူညီမယ်လို့ စကားကြုံပါးလိုက်တယ်၊ သူတို့က ထိန်းကျောင်းပြီးတဲ့ အဆင့်နိမ့် သားရဲတွေကိုလည်းပို့လိုက်သေးတယ်” အိမ်တော်ထိန်းထပ်ပြောသည် “အဲဒါက ဒုဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်လို့ကြားသိရတယ်”

“ကျိရွှီ သူ့ဘိုးလေးကို သွားရှာတာဖြစ်မယ်” ရှီမာယူယူပြောလိုက်သည် “ဆောင်းတွင်းက မီးသွေးအငွေ့လို၊ ကိတ်မုန့်က သကြားခဲလိုပဲ၊ သူတို့ ငါတို့ကိုဘယ်လောက်ပဲ ကူညီကူညီ သူတို့ကို ကျေးဇူးတင်ရမယ်၊ ပြီးတော့ အဲသစ္စာဖောက်တွေကို ပြန်ပေးဆပ်ခိုင်းရမယ်”

ရှီမာယူယူ မျက်လုံးမှ ယုံကြည်ချက်ကို မြင်လိုက်ရသည့်အခါတွင်တော့ အိမ်တော်ထိန်းအနည်းငယ် စိတ်အေးသွားရသည်။ သူသာ မကျဆုံးရင် ရှီမာမျိုးနွယ်လည်း ကျဆုံးမည်မဟုတ်ပေ။

“သခင်လေး အခုကျွန်တော်တို့ဘာလုပ်ကြမလဲ”

“အဲအခြွေအရံတွေကိုသွားခေါ်၊ ခဏလောက်ဆွေးနွေးကြမယ်” ရှီမာယူယူပြောလိုက်သည်။

သူမ သားရဲထိန်းကျောင်းသည့်သခင်တစ်ယောက်အနေနှင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနှင့် ရှီမာမျိုးနွယ်အား မကူညီနိုင်မည်ဟု သူမ မယုံကြည်ပေ။

“ကောင်းပါပြီ”

အိမ်တော်ထိန်းထွက်သွားပြီး မကြာမီပင် ထိုအခြွေအရံများခေါ်ကာ ဝင်လာလေသည်။

“ငါးယောက်မြောက်သခင်လေး” အိမ်တော်ထိန်းများသည် ရှီမာယူယူအားအရိုအသေပေးကြသည်။

သူမသည် သူတို့၏ သခင်ဖြစ်သွားလေပြီ။

အရင်ကဆိုလျှင် သူတို့သည် ရှီမာလိုင်၏ အမိန့်ကိုနာခံပြီး သူမအား အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။ သို့သော် ထိုရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သော အရာများကို ကြားပြီးနောက်တွင် အားလုံးသည် သူမအား သခင်အဖြစ်သတ်မှတ်လာကြသည်။

“ရတယ်၊ အားလုံးခုံမှာဝင်ထိုင်ကြ” ရှီမာယူယူ လက်ဝေ့ပြကာပြောလိုက်သည် “အိမ်တော်ထိန်းက အခြေအနေတွေကို ကျွန်တော့်ကိုရှင်းပြတယ်၊ အရင်ဆုံး ကျွန်တော်တို့ကို ပစ်မသွားပဲ ရှီမာမျိုးနွယ်မှာ သစ္စာရှိရှိနေပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ အဘိုးနဲ့ အစ်ကိုတွေအစား ကျွန်တော် ကျေးဇူးဆပ်ပါမယ်”

သူမပြောသည်နှင့် တစ်ပြိုင်နက်ထကာ အားလုံးကိုအရိုအသေပေးလိုက်သည်။

“သခင်လေးက လေးနက်လိုက်တာ” အခြွေအရံတချို့သည် ရှီမာယူယူ၏ အရိုအသေပေးခြင်းအား မခံရဲသကဲ့သို့ မတ်တတ်ရပ်လိုက်ကြသည်။

“ကျွန်တော်လုပ်ရမယ့်ဟာ ရှိတယ်” ရှီမာယူယူ ပြန်ထိုင်လိုက်သည်နှင့် ထိုအခြွေအရံများလည်း သူမနှင့်အတူလိုက်ထိုင်လိုက်ကြသည် “ရှီမာမျိုးနွယ်ပြိုကွဲသွားပြီဆိုပြီး အခြွေအရံတစ်ယောက်နှစ်ယောက် ထွက်သွားတယ်လို့လည်း ကျွန်တော်ကြားတယ်၊ အဲအတွက် ကျွန်တော် သူတို့ကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် အခုရှီမာမျိုးနွယ်က အရင်ကထက်တော့ အားမနည်းစေရဘူးလို့ ကျွန်တော် ယုံကြည်ချက်ရှိရှိနဲ့ ပြောပါတယ်၊ ပိုပြီးကောင်းလာပါလိမ့်မယ်၊ သူတို့ချခဲ့တဲ့ဆုံးဖြတ်ချက်မှားတယ်ဆိုတာ ကျွန်တော်သူတို့ကို သိစေပါမယ်”

“ကောင်းတယ်”

“သခင်လေးကို ကျွန်တော်တို့ယုံပါတယ်”

“သခင်လေးလုပ်ချင်တာမှန်သမျှကို ကျွန်တော်တို့လုပ်ပါ့မယ်”

ရှီမာယူယူ၏ တိုတောင်းသော စကားများသည် လက်ရှိအားလုံးအား တက်ကြွစေသည်။ သူမသည် သူတို့၏ အမာခံလူကြီးဖြစ်သွားလေပြီ။

“အရင်ဆုံး ဆိုင်တွေပြန်လည်ပတ်နိုင်အောင် လုပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ဆေးတွေပေးမယ်၊ ဆေးနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအတွက် အားလုံးစိတ်မပူကြနဲ့၊ ဝိညာဉ်သားရဲတွေကတော့ ကျွန်တော် သားရဲထိန်းကျောင်းတဲ့သူနည်းနည်းရှာကြည့်မယ်၊ တခြားအတွက်တော့ ကျူမျိုးနွယ်ကို အရင်သွားရှာကြည့်မယ်၊ အကျိုးမရှိဘူးဆိုရင်တောင် ကျွန်တော်တို့ ထည်ပစ္စည်းနည်းနည်းရမယ်၊ ပြတ်လပ်လို့မဖြစ်ဘူး”

သူမသည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို အားလုံးသိကြသည်။ ထို့ကြောင့် ဆေးများအကြောင်းပြောရာတွင် ထူးထူးဆန်းဆန်းမခံစားမိကြပေ။ သို့သော် သူမ ဝိညာဉ်သားရဲများအကြောင်းပြောရာတွင် သူတို့သည် အနည်းငယ် တုန့်ဆိုင်းသွားကြသည်။

“သခင်လေး သားရဲထိန်းကျောင်းမှုသခင်အသင်းက ကျွန်တော်တို့ိကို ကူညီပေးပေမယ့် ကျွန်တော်တို့ လိုအပ်တာတွေရှိသေးတယ်၊ သူတို့ကို အကူအညီတောင်းရင် ဈေးကြီးမှာတော့ စိုးတယ်” အခြွေအရံတစ်ယောက်ကပြောလိုက်သည်။

“သူတို့မှာရှိတဲ့ ပမာဏနည်းနည်းကိုပဲတာင်းလို့ရမယ်လေ၊ တခြားကိစ္စအတွက်နဲ့ဆိုရင်တော့ ကျွန်တော်ကို ကိုယ့်ဘာသာဖြေရှင်းလို့ရပါမယ်” ရှီမာယူယူပြောလိုက်သည်။

“ကိုယ့်ဘာသာဖြေရှင်းမယ်ဟုတ်လား”

“သခင်လေး ကျွန်တော်တို့မှာ သားရဲထိန်းကျောင်းသူသခင်မှ မရှိတာ၊ ဘယ်လိုလုပ် ကိုယ့်ဘာသာဖြေရှင်းလို့ရမလဲ”

“ကျွန်တော်တို့မှာ သားရဲထိန်းကျောင်းသူသခင် မရှိဘူးလို့ဘယ်သူပြောလဲ” ရှီမာယူယူပြောလိုက်သည်။

“ကျွန်တော်တို့ထဲမှာ သားရဲထိန်းကျောင်းတာသိတဲ့သူမရှိ….”

အားလုံး၏ အကြည့်များသည် ရှီမာယူယူအပေါ်သို့ကျရောက်လာကာ သူမခေါင်းညိတ်ပြပြီး ပြောလိုက်သည် “ဟုတ်တယ် ကျွန်တော်က သားရဲထိန်းကျောင်းသူသခင်ပဲ၊ အဲဒါကြောင့် နောက်ဆိုရင် ခင်ဗျားတို့ ဝိညာဉ်သားရဲဖမ်းဖို့ လူလွှတ်လိုက် ကျွန်တော်သူတို့ကို လေ့ကျင့်ပေးလို့ရတယ်”

“သခင်ေးက သားရဲထိန်းကျောင်းသူသခင်လား”

အခုလက်ရှိအခြေအနေမှန်အားစဉ်းစားကာ သူတို့သည် သူမအား အံ့အားသင့်စွာကြည့်နေခဲ့ကြသည်။

“အဂ္ဂိရတ်ပညာရှင်က သားရဲထိန်းကျောင်းမှုသခင်မဖြစ်ရဘူးလို့ဘယ်သူပြောလဲ” ရှီမာယူယူ တစ်ခွန်းတည်းပြောလိုက်သည်။

“ဘယ်သူမှမပြောပါဘူး”

ထိုလူသည် ခေါင်းရမ်းကာ ထိုစကားကြားရချိန်တွင် အံ့သြသွားခဲ့ရသည်။

“ဒါပေမယ့် သခင်လေး ကျွန်တော်တို့ ဝိညာဉ်သားရဲတွေသွားဖမ်းရင် ကျွန်တော်တို့မှာ လူအင်အားမလောက်မှာစိုးတယ်” အိမ်တော်ထိန်းပြောလိုက်သည်။

“ဒါဆိုထပ်ခန့်လိုက်ပေါ့” ရှီမာယူယူပြောလိုက်သည်။

“ဒါပေမယ့် သခင်လေး၊ ကျွန်တော်တို့လက်ထဲမှာ အခုပိုက်ဆံမရှိဘူး” အိမ်တော်ထိန်းပြောလိုက်သည်။ “အရင်တုန်းက ကျွန်တော်တို့က ကုန်စ္စည်းတွေကို အမြတ်သိပ်တင်မထားဘူး၊ အခု အိမ်ကိုလည်းပြင်ရမယ်၊ သွင်းကုန်အတွက်လည်း လိုသေးတယ်၊ အဲဒါတွေအတွက် ပိုက်ဆံလိုတယ်၊ ပြီးတော့ အဲဝိညာဉ်သခင်တွေက ပိုက်ဆံရှိမှလာကြမှာ”

“ပိုက်ဆံမရှိဘူး…. ဒါကပြဿနာကြီးပဲ” ရှီမာယူယူပြောလိုက်သည် “ဒါပေမယ့် ပိုက်ဆံမဟုတ်ရင်တောင် သူတို့ ကျွန်တော်တို့အတွက်အလုပ်လုပ်ပေးဖို့တခြားနည်းလမ်းရှိတာပဲ၊ ဥပမာ သူတို့လိုချင်တာပေးတာမျိုးပေါ့”

All Chapters