အခန်း (၅၂၁)
Vol. 33 Ch. 521
ဂျက်အင်ပါယာစခန်းထဲတွင်ဖြစ်သည်။
"အရှင့်သား ကျွန်တော်အရှင့်ကို တင်ပြစရာရှိတယ်။ ကျွန်တော်အဲ့နေ့က ရေတွင်းထဲသို ခုန်ဆင်းခဲ့တော့ ထူးဆန်းတာတစ်ခုကို တွေ့ခဲ့ရတယ်။" နောက်ဆုံးတွင် ပြန်လည်ကာ သတိရလာခဲ့သည့် အလီသည် စခန်းအလည်တွင်ရှိသည့် မင်းသားဖာရင်တန်၏ တဲထဲသို့၀င်လာကာ ချက်ချင်းပင် သတင်းပို့လိုက်သည်။
"ထူးဆန်းတာ ဟုတ်လား။ င့ါကို ဖြေးဖြေးခြင်းပြောပြ..."
အလီ၏မျက်နှာပေါ်မှ အမူယာကို မြင်လိုက်သည့်အချိန်တွင် ဤကိစ္စသည်လေးနက်သည့် ကိစ္စတစ်ခုဖြစ်ကြောင်းကို မင်းသားဖာရင်တန်ရိပ်မိလိုက်၏။ ထို့ကြောင့် တဲအတွင်းတွင်ရှိသည့် သူ၏ ကိုယ်ရံတော်များကို အပြင်သို့ပြန်လွှတ်လိုက်၏။
"ဒီလိုပါအရှင့်သား..."
အလီသည်ဖြစ်ခဲ့သည့်အရာများကို ပြန်လည်စဥ်းစားကာ ဖာရင်တန်ကို ပြောပြလိုက်သည်။
အလီရေတွင်းထဲသို့ ခုန်ဆင်းခါစတွင် ဘာမှတွေ့ရခြင်းမရှိခဲ့ပေ။ အလံနှစ်စုံမြို့ထဲမှ ရေတွင်းများနှင့်မတူပဲ အလီခုန်ဆင်းခဲ့သည့်ရေတွင်းသည် ရွံ့များဖြင့် နောက်ကျိနေသည့်အတွက်ပင်။ သို့သော် မင်းသားဖာရင်တန်ပေးသည့် တာ၀န်အား ကျေပွန်စေရန်အတွက် သူသည် ပို၍နက်ရှိုင်းစွာရေငုပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
သူ၏ရဲရင့်မှုကြောင့် သူသည်လည်းရေအောက်တွင်ရှိနေသည့် လျို့၀ှက်ထူးဆန်းသည့် မြို့တော်ကြီးကို မြင်တွေ့ခဲ့ရသည်။
သူ့အတွက် မြို့တော်ထိရောက်အောင် ရေငုပ်ရန်မှာမဖြစ်နိုင်သောကြောင့် မသွားရောက်နိုင်ခဲ့ပေ။
သူသည် အလွန်တော်သည့် ရေကူးသမားတစ်ယောက်နှင့် ရေငုပ်ကျွမ်းကျင်သူတစ်ယောက်လဲဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် ရူးလောက်သည့် ရေဖိအားကို ခံနိုင်ခဲ့သည်။
ရေနက်ပိုင်းမှ ရေသည်ကြည်လင်သောကြောင့် အလီသည် ဘေးပတ်၀န်းကျင်မှအရာများကို မြင်တွေ့နိုင်ခဲ့သည်။ သူသည် အလွန်ပင်ထိတ်လန့်အံ့သြသွားခဲ့၏။ မြေအောက်တွင် သမုဒ္ဒရာကဲ့သို့ပင် ကြည်လင်သည့် ရေတွင်းကြီးတစ်ခုရှိနေလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။
သူသည် အနည်းငယ်စိတ်တည်ငြိမ်သွားသည့်အချိန်တွင် ထူးဆန်းသည့်အဖြစ်ပျက်ဖြစ်နေရသည့်အကြောင်းရင်းကိုလည်းရှာတွေ့ခဲ့သည်။ မမြင်နိုင်သည့်စွမ်းအားတစ်ခုသည် သမုဒ္ဒရာကို လှိုင်းထန်နေစေသည့်အတွက်ပင်။ သမုဒ္ဒရာအောက်တွင် ကြီးမားသည့် သတ္တ၀ါကြီးတစ်ကောင်ကူးခတ်နေသကဲ့သို့ပင်။
တကယ်တန်းတွင် အလီသည် မြေပြင်ပေါ်သို့ ပြန်တက်ကာ ဤကိစ္စကို မင်းသားဖာရင်တန်အား ပြန်လည်ကာ သတင်းပို့လိုက်ပါက လုံလောက်ပြီဖြစ်သည်။ သို့သော် ဤလူသည် အလွန်ပင်ခေါင်းမာသည့်လူတစ်ယောက်ပင်။
သူ၏စိတ်ထဲတွင် ဤဖြစ်ရပ်၏ အကြောင်းရင်းကို အတိကျသိရရန်ကိုသာအာရုံစိုက်ထားသည့်အတွက် ပို၍ နက်ရှိုင်းသည်အထိငုပ်ရန်ဆုံးဖြတ်လိုက်၏။
သူ၏ခါးတွင်ပတ်ထားသည့် ကြိုးမှာလည်း အဆုံးထိရောက်နေပြီဖြစ်သောကြောင့်ပါလာသည့် ဓားဖြင့် ဖြတ်ပစ်လိုက်သည်။ ထို့ကြောင့် ဂျက်အင်ပါယာမှ စစ်သည်များကြိုးကို ပြန်လည်ကာဆွဲတင်လိုက်သည့်အချိန်တွင် သပ်ရပ်စွာဖြတ်ထားသည်ကို တွေ့လိုက်ရခြင်းပင်။
အလီရေကူးကျွမ်းသော်လည်း ဤမျှလောက်ထိ အံ့သြဖွယ်ကောင်းလိမ့်မည်ဟု မည်သူမှထင်မားခဲ့ပေ။ ဤသည်မှာ စိတ်ကူးမယှဥ်နိုင်လောက်အောင်ပင်။
သူသည် ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်သော်လည်း ဖှေးကိုယ်တိုင်ပင် မရောက်နိုင်သည့် နေရာထိရောက်အောင် ရေငုပ်နိုင်ခဲ့သည်။
ကြီးမားသည့် ရေဖိအားကိုလည်း မည်ကဲ့သို့ အနည်းဆုံးဖြစ်အောင်ရင်ဆိုင်ရမည်ကိုသူသိရှိ၏။ ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်ကိုပင် လွယ်လွယ်ကူကူဖြင့် ဖိချေပစ်နိုင်သည့် ရေဖိအားကို ကြုံတွေ့နေရသည့်အချိန်တွင် အလီသည် သူ၏ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွားသည်ကို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခုပွ့င်သွားသကဲ့သို့ပင်။ သူသည် ထိုအချိန်တွင် စိတ်ကူးယဥ်နိုင်သည်ထက်ကျော်လွန်သည့် လျှင်မြန်ဖြတ်လတ်မှုတို့ကို ပိုင်ဆိုင်သွား၏။
ထိုအခိုက်တန့်တွင် သူသည် နေရာတိုင်းသို့ ကူးခတ်နိုင်သည့် ရေနေနတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ပင်။
ထို့အပြင် သူ၏ အမြင်အာရုံများသည်လည်း ရေအောက်တွင် သိသိသာသာပို၍ကောင်းမွန်လာသည်ကိုလည်း သတိထားမိလိုက်သည်။ သူသည် မီတာ၅၀၀ခန့်ပတ်ပတ်လည်အရာများကို မြင်တွေ့နိုင်စွမ်းရှိလာ၏။
ထို့ကြောင့်ပင် ဖှေး၀ိဉာဥ်စွမ်းအားအသုံးပြု၍သာ မြင်တွေ့ခဲ့ရသည့် ရေသူမကဲ့သို့သတ္တ၀ါများနှင့် ရေအောက်တွင်ရှိနေသည့် အဆောက်ဦးများကို အလီလဲ သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းပင်။
ဤအရာများကို နားထောင်ပြီးနောက်တွင် မင်းသားဖာရင်တန်သည်ခနတာခန့်တိတ်ဆိတ်သွား၏။ သူသည် တစ်စုံတစ်ခုအကြောင်းကို စဥ်းစားကြည့်နေခြင်းပင်။
ခနကြာသည့်အချိန်တွင် သူပြောလိုက်၏။ "ငါတို့ မဟာနှင်းတောင်တန်းမှာတုန်းက မင်းခန္ဓာကိုယ်ထဲမှာ ရှေးကျတဲ့သွေးမျိုးဆက်တစ်ခုရှိနေတာကို င့ါဆရာသတိထားမိခဲ့တယ်။ ဒီသွေးမျိုးဆက်ကို မင်းမတော်တဆထွက်ပေါ်လာအောင်လုပ်လိုက်မိတဲ့ပုံပဲ။ အဲ့တာက ရေဂုဏ်သတ္တိသွေးမျိုးဆက်တစ်ခုဖြစ်လိမ့်မယ်ထင်တယ်။ အဲ့တာကြောင့် မင်းရေအောက်မှာ အသက်ရှင်နိုင်ခဲ့တာပဲ။ အဲ့လိုဆိုပေမယ့်လဲ မင်းလုပ်ခဲ့တဲ့အရာက အတော်လေးအန္တရာယ်များလွန်းတယ်။ မင်းအကန့်သက်ကိုရောက်ပြီဆိုကတည်းက ပြန်တက်လာရမှာ။ ဘာလို့ ကြိုးကိုဖြတ်ပြီးတော့ ဆက်ငုပ်ခဲ့တာလဲ။ ငါသာမင်းကို လာမရှာဘူးဆိုရင် မင်းသေနေလောက်ပြီ..."
"ကျွန်တော်က သမုဒ္ဒရာအောက်ခြေမှာ ဘာတွေရှိနေလဲဆိုတာ အရှင့်သားအတွက် ရှာပေးချင်လို့ပါ..."
"ငါတို့တွေမထူးလဲ သိရမှာပဲ။ မင်းအသက်နဲ့ရင်းစရာမလို့ပါဘူး။ တကယ်လို့မင်းသာသေသွားမယ်ဆိုရင် ငါတကယ်ပဲနာကြင်ရလိမ့်မယ်..."
ဖာရင်တန်သည် အလီ၏ ပခုံးကို ပုတ်လိုက်သည်။ သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် အလီသည် ညီကိုရင်းတစ်ယောက်ကဲ့သို့ပင်။ တစ်ယောက်နှင့်တစ်ယောက်အေးစက်စွာဆက်ဆံကာ ပြိုင်ဘက်တစ်ယောက်ကဲ့သို့သာ သဘောထားသည့် တော်၀င်မိသားစုမှ သူ၏ ညီအကိုများထက်ပင် ပို၍ရင်းနှီး၏။ ထို့ကြောင့် ဖာရင်တန်သည် အလီအား ဆိုး၀ါးသည့်တစ်စုံတစ်ရာမဖြစ်စေလိုပေ။
"ဟုတ်ကဲ့ပါအရှင့်သား..." အလီသည် သူ၏ခေါင်းကို ကုတ်လိုက်၏။ ခနတာစဥ်းစားကြည့်ပြီးသည့်နောက်တွင် ရုတ်တရက်သူ၏အသံကို တိုးကာပြောလိုက်၏။ "အရှင့်သား ကျွန်တော်ထင်တာက မြေအောက်ပင်လယ်အောက်မှာရှိနေတဲ့ အဆောက်ဦးတွေက လူမသိသေးတဲ့ ဒဏာရီလာမြေတစ်ခုဖြစ်လိမ့်မယ်ထင်တယ်။ ကြယ်ခြောက်လုံးအဆင့် ဒဏာရီလာမြေတစ်ခုတောင်ဖြစ်နေနိုင်တယ်..."
"ငါလဲအဲ့လိုထင်တာပဲ..." ဖာရင်တန်သည် သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် အတူ ခေါင်းငြိမ့်လိုက်၏။ "ဒါကအရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ ဒီသတင်းသာ ပြန့်သွားမယ်ဆိုရင် စွမ်းအားမြင့်သိုင်းဆရာတွေ အင်ပါယာတွေဒီနေရာကို အများကြီးရောက်လာကြလိမ့်မယ်။ အဲ့လိုတာဆိုရင် ငါတို့အင်ပါယာတောင်ဘာမှ ရနိုင်မှာ မဟုတ်တော့ဘူး။ အဲ့တာကြောင့် ငါတို့တွေဒီကိစ္စကို လျို့၀ှက်ထားမှရလိမ့်မယ်..." သူပြောလိုက်၏။
"စိတ်ချပါအရှင့်သား ကျွန်တော်သေမယ်ဆိုရင်တောင် ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ပါဘူး..." အလီသည် သူ၏ ရင်ဘက်ကို ပုတ်ကာကျိမ်ဆိုလိုက်၏။
ဖာရင်တန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။ ထို့နောက်တွင် သူ၏ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။ "မင်းကို ငါယုံပါတယ်။ ဒါပေမယ့် ဒီကိစ္စကို နောက်တစ်ယောက်သိနေမှာကို ငါစိုးရိမ်တာ..."
"နောက်တစ်ယောက်လား..." အလီရှုပ်ထွေးသွား၏။
"ရေတွင်းတွေက ငါတို့စခန်းထဲမှာ ထူးဆန်းစွာပြုမူလာခဲ့တာဆိုတော့ အလံနှစ်စုံမြို့ထဲမှာလဲ အဲ့လိုဖြစ်လိမ့်မယ်။ ချမ်းဘော့ဒ်ဘုရင်လို စွမ်းအားကြီးတဲ့လူတစ်ယောက်ကလဲ တစ်စုံတစ်ခုကို သတိထားမိသွားမယ်ထင်တယ်။ အခြေအနေက ငါတို့ထင်ထားတာထက်ရှုပ်ထွေးနေတဲ့ပုံပဲ..." ဖာရင်တန်သည် မျက်နှာပေါ်တွင် စိုးရိမ်သည့်အမူယာတစ်ခုနှင့်အတူ သူ၏ခေါင်းကို ခါရမ်းလိုက်၏။
ဤမင်းသားသည် မွေးရာပါအရည်ချင်းရှိသူတစ်ယောက်ဖြစ်ပြီး သူသည် မဟာနှင်းတောင်တန်းမှ လအဆင့်စစ်သည်တစ်ယောက်၏ တပည့်အဖြစ်ခေါ်ယူခြင်းကိုလည်းခံခဲ့ရသည်။ သူသည် လက်ရှိအချိန်တွင် အသက်၂၀ပင်မပြည့်သေးသော်လည်း ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ပင်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့အား ဤဒေသတွင် ပါရမီရှင်ထိပ်တန်းသိုင်းဆရာတစ်ယောက်ဟုပြောနိုင်၏။
သို့သော် သူသည် ဤနေရာသို့ရောက်လာစဥ်ကတည်းက စွမ်းအားအရာနှင့် ဉာဏ်ပညာအရာတို့တွင် ဖှေးအား အကြိမ်ပေါင်းများစွာရှုံးနိမ့်ခဲ့သည်။ သူသည် တိုက်ပွဲထဲတွင်ရှုံးနိမ့်ခဲ့သည်။ အစာရိက္ခာများလဲဖျက်စီးခြင်းခံခဲ့ရသည်။ချမ်းဘော့ဒ်ဘုရင်သည် သူ၏မဟာရန်သူတော်တစ်ယောက်ကဲ့သို့ပင်။
သူသည် ဤကဲ့သို့လူအား မုန်းတီးပြီး သတ်ဖြတ်ပစ်လိုလိမ့်မည်ဟု ထင်ခဲ့မိသော်လည်း သူသည် ဤချမ်းဘော့ဒ်တိုင်းပြည်၏ ပါရမီရှင်ဘုရင်သည်သူ့အား ထူးဆန်းသည့်ခံစားချက်တစ်ခုကို ပေးနေသကဲ့သို့ခံစားနေရ၏။ သူသည် ချမ်းဘော့ဒ်ဘုရင်အား ထိုမျှ မုန်းတီးခြင်းမရှိပေ။
"ချမ်းဘော့ဒ်ဘုရင်က င့ါရဲ့ညီအကိုတစ်ယောက်မဟုတ်လို့ ထီးနန်းလုစရာမလိုလို့များလား။ ရန်ဘက်အင်ပါယာနှစ်ခုက ပါရမီရှင်သိုင်းဆရာနှစ်ယောက်က မိတ်ဆွေဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောခဲ့လို့လဲ။ ဒါပေမယ့် အဲ့လိုဆိုရင်တကယ်ပဲ သင့်တော်ရဲ့လား..." ဖာရင်တန်သည် ရှုပ်ထွေးနေ၏။ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ မချမှတ်နိုင်ချေ။
ဤအခိုက်တန့်တွင် တဲအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထို့နောက်တွင် အစောင့်တစ်ယောက်ရောက်လာပြီး ကင်းထောက်များမှ သတင်းအသစ်များရရှိလာကြောင်းကို လျှောက်တင်လိုက်သည်။
"သူ့ကို ၀င်ခွင့်ပေးလိုက်..." ဖာရင်တန်အမိန့်ပေးလိုက်သည်။ သူ ရှုပ်ထွေးသည့်ကိစ္စအား ထက်မံစဥ်စားကြည့်နေခြင်းမပြုတော့ပေ။
"အရှင့်သား ဇီးနစ်အင်ပါယာက မြင်းစစ်သည်ငါးထောင်က ၀ံပုလွေစွယ်တပ်ဖွဲ့စခန်းကထွက်သွားပြီးတော့ ကျွန်တော်တို့ကိုရှောင်ပြီး ကန္တာရထဲကို ၀င်သွားကြပါတယ်။ သူတို့က ရှေးမြို့ဟောင်းကို သွားနေကြတာပါ။ ကျွန်တော်တို့ သူတို့နောက်ကနေ လိုက်ပြီးစောငက့်ကြည့်ခဲ့ပေမယ့် သူတို့သတိထားမိသွားပြီး ကျွန်တော်တစ်ယောက်ပဲအသက်ရှင်လျှက် လွတ်မြောက်လာနိုင်ခဲ့ပါတယ်..." အသက်ရှင်ကျန်ခဲ့သည့် ကင်းထောက်သည် ဖာရင်တန်အား လျှောက်တင်လိုက်၏။ ဤကင်းထောက်သည်သွေးများစီးကျနေလျှက်ရှိပြီး သူ၏နောက်ကြောတွင်မြှားတစ်ချောင်းစိုက်၀င်နေဆဲပင်။
"ဖုန်း..."
လျှောက်တင်သည်ကို နားထောင်ပြီးသည့်နောက်တွင် ဖာရင်တန်သည် ဘာမှမပြောပဲ ကင်းထောက်၏ ကြောပြင်ကို လက်ဖ၀ါးဖြင့်ရိုက်လိုက်၏။
လူတိုင်း ထိတ်လန့်အံ့သြသွားကြသည်။
"ချွင်..."
ကင်းထောက်စစ်သည်၏နောက်ကြောထဲတွင် စိုက်၀င်နေသည့် မြှားသည်အပြင်သို့ထွက်ကျလာ၏။ ထို့နောက်တွင် ဖာရင်တန်သည် အဓိကသွေးကြောများ၊ အတွင်းအားစီးကြောင်းများကို သူ၏လက်ချောင်းများဖြင့် ပိတ်ဆို့လိုက်သည်။ သူသည် အလွန်မြန်ဆန်လှသည့်အတွက်ကြောင့် သူ၏လက်မောင်းသည် လေထဲတွင်ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့၏။ မင်းသားလုပ်လိုက်သည့်အရာသည် ကင်းထောက်စစ်သည်၏ ဒဏ်ရာကို ချက်ချင်းပင်သွေးတိတ်သွားစေ၏။
သူသည် ဤကင်းထောက်စစ်သည်အား ကုသပေးနေခြင်းပင်။
တဲထဲတွင်ရှိနေသည့် လူများပြန်လည်ကာ စိတ်အေးသွားကြသည်။ သူတို့သည် ဘာမှမဟုတ်ပဲ ကြောက်လန့်သွားကြခြင်းပင်။
"မင်းတာ၀န်ကျေခဲ့တယ်။ ဒီသူရဲကောင်းကို ကုသဆောင်ခေါ်သွားပြီးတော့ သေချာကောင်းအောင်ပြန်ကုသပေးလိုက်ပါ..." မင်းသားဖာရင်တန်သည် အမိန့်ပေးလိုက်၏။
"ကျေးဇူးပါအရှင့်သား..." ကင်းထောက်စစ်သည်သည် အလွန်ပင် ပီတိဖြစ်သွား၏။
ဖာရင်တန်သည် မင်းသားတစ်ပါးဖြစ်သော်လည်း သူ၏အတွင်းအားစွမ်းအင်ကို အသုံးပြု၍ အဆင့်နိမ့်စစ်သည်တစ်ယောက်ကို ကုသပေးနေဆဲပင်။ ဤကဲ့သို့မမျှော်လင့်ထားသည့်ဆောင်ရွက်ချက်သည် အပြစ်ပေးခံရတော့မည်ဟုထင်ထားသည့် ထိုကင်းထောက်စစ်သည်ကို ၀မ်းသာသွားစေ၏။ ထိုစစ်သည်၏ စိတ်ထဲတွင် မင်းသားအားအသက်စွန့်ကာ အမှုထမ်းပေးသွားမည်ဟု ဆုံးဖြတ်လိုက်သည်ကို မည်သူမှ မသိလိုက်ကြပေ။