အခန်း (၅၂၂)
Vol. 33 Ch. 522
ထိုကင်းထောက်စစ်သည်အား လျှင်မြန်စွာပင် ကုသဆောင်သို့ ခေါ်ဆောင်သွားကြ၏။
"ငါ့အမိန့်ကို ပြောလိုက်ကြ။ တပ်စိတ်ခေါင်းဆောင်အဆင့်အပေါ်က အရာရှိတွေအကုန်လုံးကို အစည်း၀ေးတစ်ခုရှိတယ်ပြောလိုက်..."
"ဟုတ်ကဲ့ပါအရှင်မင်းကြီး..."
မင်းသားဖာရင်တန်သည် တစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသည့် မြေပုံကြီးတစ်ခုထံသို့လမ်းလျှောက်သွားလိုက်သည်။ သူအလံနှစ်စုံမြို့တော်တည်နေရာနှင့် ရှေးမြို့ဟောင်းတည်နေရာ၊ ဂျက်အင်ပါယာစခန်းများနှင့် လမ်းကြောင်းတစ်ချို့ကိုကြည့်ပြီးသည့်နောက်တွင် သူထိတ်လန့်သွားတော့၏။
"မဟုတ်မှလွဲရော ဇီးနစ်တိုင်းပြည်က စစ်သည်တွေက မြို့ဟောင်းထဲကို ၀င်ပြီးတော့ စခန်းချဖို့လုပ်နေကြတာလား။ မဖြစ်နိုင်တာ လအဆင့်သိုင်းဆရာတွေကလွဲပြီးတော့ ဘယ်သူမှ မြို့ဟောင်းထဲကို ၀င်နိုင်ကြတာမဟုတ်ဘူး။ မြို့ကိုပတ်လည်၀ိုင်းထားတဲ့အနီရောင်သဲနွံအိုင်တွေထဲမှာ ကန္တာရပပုရွတ်ဆိတ်ကြီးတွေရှိနေတယ်လေ။ အဲ့ပုရွတ်ဆိတ်တွေက ဘယ်သူမှ မဖြတ်ကျော်နိုင်တဲ့အတားဆီးတစ်ခုပဲ။ ဒါပေမယ့် ဇီးနစ်အင်ပါယာက မြင်းစစ်သည်တွေက ဘာလို့အဲ့ကိုသွားနေကြတာလား။ အန္တရာယ်တွေရှိတာကို သူတို့မသိကြလို့များလား...."
ဖာရင်တန်သည် ခနတာစဥ်းစားကြည့်လိုက်ပြီး ဤသည်မှာဖြစ်နိုင်ချေရှိသည်ဟု ယူဆလိုက်မိသည်။
ရှေးမြို့ဟောင်းသည် ဂျက်အင်ပါယာနယ်နိမိတ်ထဲတွင် ရှိနေသောကြောင့် ဇီးနစ်အင်ပါယာမှ လူများသည် ထိုမြို့တော်ထဲတွင်ရှိနေသည့် အန္တရာယ်အများအကြောင်းကို မသိသည်မှာဖြစ်နိုင်သောကြောင့်ပင်။
မကြာမှီတွင် ခေါင်းဆောင်များသည် စခန်းအလည်တွင်ရှိသည့် တဲထဲသို့၀င်လိုက်ကြ၏။
"အဲဒို့မင်းက ကန္တာရသဲကျားတပ်ဖွဲ့၀င်ခြောက်ထောင်ကို ဦးဆောင်ပြီးတော့ ရှေးမြို့ဟောင်းကို စုံစမ်းလိုက်ကြ။ တကယ်လို့မင်း ဇီးနစ်အင်ပါယာက မြင်းစစ်သည်တွေနဲ့ တွေ့ခဲ့ရင် မင်းပါမင်းအခြေအနေနဲ့ သင့်လျှော်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တော့။ တကယ်လို့ မင်းနိုင်လောက်တယ်ထင်ရင် တိုက်ခိုက်ပြီး အဲ့မြင်းစစ်သည်တွေကို သတ်ပစ်ခဲ့..."
ဖာရင်တန်သည် အမိန့်တစ်ခုပေးလိုက်၏။
"ဟုတ်ကဲ့ပါ..." အဲဒို့အမည်ရသည့် ခေါင်းဆောင်သည် အမိန့်ကို နာခံကာ တဲအတွင်းမှ လမ်းလျှောက်ထွက်သွားလိုက်၏။
"ကန်ဒို မင်းလဲကန္တာရသဲကျားတပ်ဖွဲ့၀င် ခြောက်ထောင်ကို ဦးဆောင်ပြီးတော့ ရှေးမြို့ဟောင်းကို သုံးဆယ်မိနစ်ကြာတဲ့အချိန်မှာလိုက်သွားလိုက်။ တကယ်လို့ အဲဒို့သာ အောင်မြင်မယ်ဆိုရင် မင်းထွက်လာစရာမလိုဘူး။ တကယ်သို့ သူက ဇီးနစ်အင်ပါယာက မြင်းစစ်သည်တွေ ပိတ်ဆို့တာခံထားရပြီး အန္တရာယ်ကျရောက်နေတယ်ဆိုရင် မင်းတို့ရော ၀င်တိုက်ခဲ့။ မြို့ဟောင်းပတ်လည်မှာရှိနေတဲ့ ဇီးနစ်အင်ပါယာက မြင်းစစ်သည်တွေအကုန်သေအောင်သတ်ခဲ့ကြ..."
နောက်ထပ်အမိန့်တစ်ခုပေးလိုက်သည်။
ဤသည်မှာကောင်းမွန်သည့် ရွေ့ကွက်တစ်ခုပင်။
ရှေးမြို့ဟောင်းပတ်လည်တွင် ဂျက်အင်ပါယာမှ စစ်သည်၁၂၀၀၀ခန့်ရှိနေမည်ဖြစ်သည်။ အကယ်၍ သူတို့ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်ငါးထောင်နှင့်ရင်ဆိုင်လာရစေကာမူ သူတို့တွင်စစ်သည်အင်အား နှစ်ဆကျော်ခန့်ပိုသာသည့်အတွက် ၁၀၀ရာခိုင်နှုန်းပင် အနိုင်ရနိုင်မည်ဖြစ်သည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သိုင်းဆရာတစ်ယောက်သည် အစွမ်းထက်နေနိုင်သော်လည်း သိုင်းဆရာတစ်ယောက်ထဲ၏ အတွင်းအားစွမ်းအင်သည် အကန့်သက်တစ်ခုဖြင့်ပင်။ အကယ်၍ ကြယ်ကိုးလုံးအဆင့်သိုင်းဆရာတစ်ယောက်ပင် သူ၏အတွင်းအား ကုန်ခမ်းသွားခဲ့ပါက သူတို့မဟုတ် သူမသည် သာမန်စစ်သည်များ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်၏။
ထို့ကြောင့် စွမ်းအားအမြင့်မားဆုံးသိုင်းဆရာများပင် အကြောက်တရားမကင်းမဲ့ကြပေ။
"ဟုတ်ကဲ့ပါအရှင့်သား..." ကန်ဒိုသည် သူ၏အမဲရောင်ဦးဆောင်ကြီးကိုဆောင်းလိုက်ပြီး သဲအတွင်းမှ စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်ထွက်ခွာသွား၏။ သူသည်အလွန်ပင် သွေးဆာလောင်နေသဖြင့် သူ၏နှုတ်ခမ်းများကိုပင် လျှာဖြင့် သပ်မိနေ၏။
"ဂျက်အင်ပါယာမှ စစ်သည်များခေါင်းဆောင်များအတွက် တိုက်ပွဲများကသာ သူတို့အား စိတ်လှုပ်ရှားစေ၏။ နှစ်ရက်ကြာခန့်မတိုက်ခိုက်ပဲနေခဲ့ခြင်းကြောင့် ဂျက်အင်ပါယာစခန်းထဲတွင် အုံကြွမှုအနည်းငယ်ပင်ဖြစ်လာခဲ့ပြီးဖြစ်သည်။
"င့ါအမိန့်ကိုပြောလိုက်ကြ။ ၀ံပုလွေစွယ်တပ်ဖွဲ့စခန်းပတ်ပတ်လည်မှာရှိနေတဲ့ ငါတို့ရဲ့ကင်းထောက်အင်အားကို တိုးမြှင့်ပြီး သေချာစောင့်ကြည့်ခိုင်းထားကြ။ တကယ်လို့ ဇီးနစ်အင်ပါယာက တစ်စုံတစ်ယောက်က ထူးထူးဆန်းဆန်းပြုမူနေမယ်ဆိုရင် င့ါကို အမြန်ုဆုံးလာပြီးလျှောက်တင်ကြ။ အလံနှစ်စုံမြို့တော်ရဲ့ တပ်ကူတွေက ဒီနေ့မှာပဲ ငါတို့ကို ဖောက်ထွင်းပြီး အလံနှစ်စုံမြို့တော်ထဲကို ၀င်နိုင်အောင်ကြိုးစားကြလိမ့်မယ်။ မူလအစီစဥ်အရဆိုရင် ငါတို့ သူတို့ကို အဲ့အချိန်မှာပဲ အကုန်ဖမ်းပြီးသတ်ပစ်ရမယ်..ဟားဟား..."
ဖာရင်တန်သည် အမိန့်တစ်ချို့ဆက်ပေးလိုက်သည်။ သူသည် အလွန်ပင် စိတ်ဓာတ်တက်ကြွနေ၏။
"ဟုတ်ကဲ့ပါ အရှင့်သား..." ခေါင်းဆောင်များအားလုံးသည် ပြန်လည်ကာ ဖြေကြားလိုက်ကြ၏။
"အရှင့်သား တကယ်လို့ချမ်းဘော့ဒ်ဘုရင်သာ စပြီးလှုပ်ရှားမယ်ဆိုရင် ကျွန်တော်တို့ဘက်မှာ သူ့ကို ယှဥ်နိုင်တဲ့လူမရှိသေးဘူး..."
မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် ဖာရင်တန်သည် ယုံကြည်ချက်ရှိစွာပြန်ဖြေလိုက်သည်။ "မစိုးရိမ်ပါနဲ့ င့ါမှာအဖြေတစ်ခုရှိပါတယ်..."
"တကယ်လား ကောင်းတာပေါ့..." သူတို့၏ခေါင်းဆောင်မှ ယုံကြည်ချက်ရှိစွာဖြင့် ပြန်ဖြေလိုက်သည်ကို ကြားလိုက်ရသည့်အချိန်တွင် အရာရှိများအားလုံးစိတ်အေးသွားကြတော့၏။
ဤရက်ပိုင်းတွေ ချမ်းဘော့ဒ်ဘုရင်သည် သူ့တို့အား ဖိအားများစွာကို ယူဆောင်ပေးခဲ့သည်။ ဘုရင်သည် ဂျက်အင်ပါယာ၏ စစ်သည်ခြောက်သောင်းကို သူတစ်ယောက်ထဲဖြင့်ပင် ဖိအားများစွာပေးခဲ့ခြင်းပင်။ အကယ်၍ သူ့အား ယှဥ်ပြိုင်နိုင်သည့် တစ်စုံတစ်ယောက်အား ဆင့်ခေါ်နိုင်ခဲ့ပါက ဂျက်အင်ပါယာမှ စစ်သည်များအတွက် အလံနှစ်စုံမြို့တော်ကို သိမ်းပိုက်ရသည်မှာ ပို၍ပင်လွယ်ကူသွားခဲ့မည်ဖြစ်သည်။
"ဒါက သတင်းကောင်းတစ်ခုပါ။ ဒါပေမယ့် အရှင့်သားရဲ့အဖြေဆိုတာကရော ဘာလဲ..."
ခေါင်းဆောင်များသည် သူတို့အခြင်းခြင်းတီတိုးပြောကြားနေကြ၏။
ဤအခိုက်တန့်တွင်
"ဖုန်း ဖုန်း ဖုန်း..."
မိုးချုန်းသံကဲ့သို့ ဆူညံသံများထွက်ပေါ်လာ၏။ ထို့နောက်တွင် အော်ဟစ်သံများကြုံး၀ါးသံများလည်းထွက်ပေါ်လာတော့သည်။ ဤအသံများသည် အရှေ့အရပ်မှ ထွက်ပေါ်လာနေခြင်းပင်ဖြစ်ပြီး မကြာမှီတွင် မြေပြင်တစ်ခုလုံးပင် တုန်ခါလာတော့သည်။
"ဇီးနစ်အင်ပါယာရဲ့ တပ်ကူတွေများလား။ မဖြစ်နိုင်ပါဘူး။ ကင်းထောက်တွေက ဘာမှလာသတင်းမပို့သေးဘူး။
ဖာရင်တန်နှင့်ခေါင်းဆောင်များတဲထဲမှ ပြေးထွက်လာသည့်အချိန်တွင် အ၀ေးတစ်နေရာတွင် သဲမှုန်များလွှင့်ပျံလျှက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အမဲရောင်ချပ်၀တ်များ ၀တ်ဆင်ထားကြသည့်မြင်းစစ်သည်များသည် ဂျက်အင်ပါယာစခန်းများထံသို့ ရေလှိုင်းတစ်ခုကဲ့သို့ ချီတပ်လာနေလျှက်ရှိသည်။ အေးစက်သည့်အလင်းရောင်များသည်လည်း သူတို့၏လက်နက်များမှ ရောင်ပြန်ဟပ်နေလျှက်ရှိကြပြီး လူများစွာကို ကြောက်လန့်သွားစေ။
"အရှင့်သား ဇီးနစ်မြင်းစစ်သည်တွေ ကျွန်တော်တို့နောက်ကနေရောက်လာနေပြီ..." ကင်းထောက်တစ်ယောက်သည် မြင်းစီးကာ၀င်လာနေပြီး မင်းသားဖာရင်တန်ကို လျှောက်တင်လိုက်သည်။
မင်းသားဖာရင်တန်သည် ဘေးပတ်ပတ်လည်တွင် ခေါင်းဆောင်များခြံရံလျှက် သဲတောင်ကုန်းတစ်ခုပေါ်သို့ တက်လိုက်သည်။ ထို့နောက်တွင် သေချာကြည့်လိုက်ပြီး ပြုံးကာပြောလိုက်၏။ "မြင်းစစ်သည် ခြောက်ထောင်လောက်ပါပဲ ကျန်တဲ့လူတွေက ဘယ်ရောက်ကုန်တာလဲ။ ဟမ် သူတို့က င့ါတို့စခန်းကို ဘာလို့ စစ်သည်အင်အား နည်းနည်းလေးနဲ့ ၀င်တိုက်ရဲရတာလဲ။ င့ါအမိန့်ကို ပြောလိုက်ကြ အလည်မှာရှိတဲ့ တပ်ဖွဲ့တွေကို အနောက်ကိုဆုတ်ခိုင်း၊ အစွန်းမှာရှိတဲ့စစ်သည်တွေကိုရှေ့တိုးခိုင်းလိုက်ကြ။ Uပုံသဏာန်ဖွဲ့စည်းပုံလုပ်။ သူတို့ကို သေမင်းထောက်ခြောက်ထဲ၀င်လာခိုင်းလိုက်..."
"ဟုတ်ကဲ့ပါ အရှင့်သား..."
ခရာသံများထွက်ပေါ်လာ၏။ မင်းသား၏အနောက်တွင်ရှိနေကြသည့်ခေါင်းဆောင်တစ်ချို့သည် မြင်းပေါ်သို့ ခုန်တက်ကာ အမိန့်အား ပြန်လည်ပြောကြားရန်အတွက် ထွက်ခွာသွား၏။
မကြာမှီတွင် စစ်မြေပြင်မှ အခြေအနေသည် ပြောင်းလဲလာတော့၏။
တပ်ဖွဲ့အလည်ပိုင်းသည် ဖြေးညှင်းစွာဖြင့် နောက်သို့ ဆုတ်ခွာလိုက်ကြပြီး ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များနှင့် အနည်းငယ်အလှန်း၀ေးထား၏။
ထိုဇီးနစ်အင်ပါယာမှ မြင်းစစ်သည်၆၀၀၀သည် လေးပစ်နိုင်သည့်အကွာ၀ေးသို့ရောက်ရှိလာသည့်အချိန်တွင် ဂျက်အင်ပါယာဘက်မှ လေးသည်တော်များသည် မြှားများကို ပစ်လွတ်လိုက်ကြ၏။ မြှားများသည်နေရောင်ခြည်ကိုပင်ဖုံးကွယ်လုနီးနီးပင် မြင်းစစ်သည်ဖွဲ့စည်းပုံအား ထိုးဖောက်သွား၏။ မြှားများအသားထဲသို့စိုက်၀င်သည် အသံများထွက်ပေါ်လာပြီး သွေးများသည် နေရာအနှံ့သို့ ပန်းထွက်ကုန်တော့၏။ ဇီးနစ်အင်ပါယာမှမြင်းစစ်သည်များသည် စက္ကန့်တိုင်းတွင် မြင်းများပေါ်မှပြုတ်ကျနေလျှက်ရှိကြသည်။ ပြုတ်ကျသွားသည့် မြင်းစစ်သည်များသည် အနောက်တွင်ပါလာသည့် မြင်းများ၏ နင်းခြေခြင်းကိုခံရသည့်အတွက် အစိတ်စိတ်အမွာမွာဖြစ်ကုန်ကြ၏။ ဤမြင်းကွင်းသည် အလွန်ပင် ရက်စက်ကာ သွေးထွက်သံယိုဆန်လှသည်။
သို့သော် ဤကဲ့သို့ ရက်စက်သည့်မြင်ကွင်းသည် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်များကို ရပ်တန့်မသွားစေပေ။
မြင်းစစ်သည်များအားလုံးသည် ရှေ့သို့သာ ချီတပ်လာနေလျှက်ရှိကြပြီး သူတို့၏လက်နက်များကို တိတ်ဆိတ်စွာပင် ဆွဲထုတ်လိုက်ကြသည်။
"ချီတပ်..."
ရှေ့ဆုံးမှ ဦးဆောင်ကာ ချီတပ်လာနေသည့် ခေါင်းဆောင်မှ အော်ဟစ်လိုက်ပြီး မြင်းစစ်သည်များသည် ပို၍ပင် လျှင်မြန်စွာချီတပ်လာတော့၏။
ဂျက်အင်ပါယာမှ စစ်သည်များနှင့် ဇီးနစ်အင်ပါယာမှ စစ်သည်များ၏အကွာ၀ေးသည် နီးကပ်သည်ထက်ပို၍ နီးကပ်လာနေပြီဖြစ်သည်။
မကြာမှီတွင် မြှားများသည် ထိရောက်ခြင်းမရှိတော့ပေ။
ဂျက်အင်ပါယာ၏ လှံစစ်သည်များ၊ ဒိုင်းစစ်သည်များအနောက်သို့ မီတာ၂၀၀ခန့်ဆုတ်ခွာပြီးသည့်အချိန်တွင် ခုခံခြင်းဖွဲ့စည်းပုံတစ်ခုကို ပြင်ဆင်လိုက်ကြ၏။ သူတို့၏ လှံရှည်များသည် အပေါ်သို့ ၄၅ဒီဂရီထောင်မက်လျှက်ရှိနေကြပြီး ဒိုင်းများကိုလည်း အပေါ်သို့ထောင်ထား၏။ ဤစစ်သည်များသည် ကန္တာရထဲတွင် ကြောက်မက်ဖွယ်သံမဏိတောအုပ်ကြီးတစ်ခုကို ဖန်တီးလိုက်သည့်အတိုင်းပင်။
ဤအခိုက်တန့်တွင် အသန်မာဆုံးစစ်သည်များသည် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်များအရှိန်ဖြင့် ၀င်တိုက်တော့မည့်အချိန်ကိုစောင့်နေရင်းဖြင့် ဒိုင်းများကို သူတို့၏ပခုံးများဖြင့် ဖိထားကြ၏။