← Chapters

အခန်း (၅၂၄)

Vol. 33 Ch. 524

အခန်း (၅၂၄)

Vol. 33 Ch. 524

သူသည် အနည်းငယ်ပို၍ရန်လိုနေသလိုခံစားနေရ၍ဖြစ်ပေလိမ့်မည်။ ဖာရင်တန်သည် ဖြေးညှင်းစွာဖြင့် ဆက်ပြောလိုက်၏။ "ငါတို့တွေရင်ဆိုင်နေရတဲ့အခြေအနေက မင်းတို့ရဲ့အမှားမဟုတ်ပါဘူး။ ဒါက စစ်ဘက်ဆိုင်ရာဌာနချုပ်ဆုံးဖြတ်ချက် မှားသွားလို့ပါ။ အဲ့တာကြောင့် မင်းတို့ကောင်တွေလဲ ကိုယ့်ကိုယ်ကို အပြစ်တင်စရာမလိုပါဘူး။ မင်းတို့ကောင်တွေ ဒီအမိန့်ပေးနေရာကိုသာ သေချာလေးကာကွယ်ထားလိုက်ကြ..."

သူထိုကဲ့သို့ ပြောပြီးလမ်းလျှောက်ထွက်သွားတော့မည့်အချိန်တွင် သူ၏ဘေးတွင်ရှိနေသည့် အသတ်လက်ပိုင်းအရွယ်လူတစ်ယောက်သည် ရုတ်တရက်ပြောလိုက်၏။ "ဂျူနီယာညီလေး မင်းက ဒီတပ်ဖွဲ့ကြီးရဲ့ခေါင်းဆောင်ဆိုတော့ အခုလိုအချိန်မှာ မင်းမတိုက်ခိုက်သင့်သေးဘူး။ ငါမင်းကို ကူညီပါးရစေ..."

မင်းသားဖာရင်တန်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့်အမူယာတစ်ခုပေါ်လာ၏။ သို့သော် သူခေါင်းခါရမ်းကာ ပြောလိုက်သည်။ "သူတို့ရဲ့အစွမ်းထက်ဆုံးသိုင်းဆရာ ချမ်းဘော့ဒ်ဘုရင်ရောက်မလာသေးဘူး။ အဲ့တာကြောင့် အကိုစွမ်းအားတွေအမြင့်ဆုံးတင်ထားလိုက်ပြီး သူနဲ့ရင်ဆိုင်ဖို့အဆင်သင့်ပြင်ထားပါ..."

"အလတ်ဇန္ဒားက အဲ့လောက်တောင်စွမ်းအားကြီးလို့လား..." တစ်ခြားအသက်လတ်ပိုင်းအရွယ်လူတစ်ယောက်မှ မေးလိုက်သည်။

"သူက အတော်စွမ်းအားကြီးတယ်။ ကျွန်တော့ကိုတောင် တစ်ချက်ထဲနဲ့အနိုင်ယူသွားတာလေ။ သူက လအဆင့်နဲ့နီးနေတဲ့ သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မယ်ထင်တယ်။ စီနီယာအကိုနှစ်ယောက် သူ့ကို လျှော့မတွက်မိပါစေနဲ့..." ဖာရင်တန်ပြန်ဖြေလိုက်သည်။

"အဲ့လိုဆိုရင် ငါတို့ သူ့ကို ပဲစောင့်နေလိုက်မယ်..." အသတ်လတ်ပိုင်းအရွယ်လူနှစ်ယောက်သည် သူတို့၏ ဂျူနီယာအားလေးစားပုံရပြီး သူ၏ စကားကို လက်ခံလိုက်၏။

"ကျေးဇူးပါ စီနီယာညီအကိုတို့..."

ဖာရင်တန်သည်အသတ်လတ်ပိုင်းအရွယ်လူနှစ်ယောက်အား ကျေးဇူးတင်စကားပြောလိုက်ပြီး တိုက်ခိုက်တော့မည့်အချိန်တွင် အပြောင်းလဲများထက်မံ၍ဖြစ်ပေါ်လာပြန်သည်။ စခန်း၏ တောင်ဘက်မှ ဆူညံသံများထွက်ပေါ်လာ၏။

ကန္တာရသဲကျားတစ်ကောင်ရောက်ရှိလာပြီး ထိုသားရဲပေါ်မှ ကင်းထောက်စစ်သည်တစ်ဦး ခုန်ဆင်းကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။ "ဇီးနစ်မြင်းစစ်သည်သုံးထောင်လောက်က စခန်းရဲ့ တောင်ဘက်ကနေချီတပ်လာနေပါတယ်။ သူတို့က ကျွန်တော်တို့ကို ညာဘက်ကနေတိုက်ခိုက်ဖို့ကြိုးစားနေတာပါ။"

"ကောင်းတယ်..." မင်းသားဖာရင်တန်သည် ရယ်မောကာ စခန်း၏ တောင်ဘက်သို့ကြည့်လိုက်ပြီးပြောလိုက်သည်။ "ဒီလိုဖြစ်မယ်လို့ ငါကြိုတွေးမိပါတယ်။ ညာဘက်က စစ်သည်တွေကို မလှုပ်ရှားဖို့ပြောလိုက်။ U ပုံသဏန်ဖွဲ့စည်းပုံနဲ့ပဲ ရန်သူတွေကို ထောင်ခြောက်ဆင်ထားကြမယ်။ အလည်မှာရှိတဲ့စစ်သည်တွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင် ဒီနက်ကိုလဲ အဲ့ဇီးနစ်မြင်းစစ်သည်တွေကို ဖျက်ဆီးပစ်ဖို့အတွက် စစ်သည်တစ်သောင်းစေလွှတ်ဖို့ပြောလိုက်..."

"ဟုတ်ကဲ့ပါ အရှင့်သား..."

ကင်းထောက်စစ်သည်သည်မြင်းပေါ်သို့ ပြန်လည်ခုန်တက်ကာ ခေါင်းဆောင် ဒီနက်ထံသို့ စီးနင်းသွား၏။ မကြာမှီတွင် မြင်းစစ်သည်တပ်ဖွဲ့တစ်ခုသည် အလည်ပိုင်းဖွဲ့စည်းပုံမှ ခွဲထွက်ကာ တောင်ဘက်မှ ဇီးနစ်မြင်းစစ်သည်များထံသို့ ချီတပ်သွားတော့၏။

ဖာရင်တန်၏ မူလအစီစဥ်မှာ ပျက်စီးသွား၏။ သူသည် လောလောဆယ်တွင် ဇီးနစ်မှ မြင်းစစ်သည်ခြောက်ထောင်ကို မတိုက်ခိုက်ရသေပေ။ သူတိုက်ခိုက်ခါနီးအချိန်မှာပင် ထိုမြင်းစစ်သည်များထူးဆန်းသလိုပြုမူလိုက်၏။

ပထမပိုင်းရက်စက်ကြမ်းကြုတ်စွာ ချီတပ်လာပြီးသည့်နောက်တွင် ထိုဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များသည် အရှိန်လျှော့သွား၏။ ယခင်က အတွင်းအားစွမ်းအင်အများအပြားထုတ်သုံးလာခဲ့သည့် ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁သိုင်းဆရာလမ်းပါ့ဒ်သည်လည်း သူ၏အတွင်းအားစွမ်းအင်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သူ၏ ထိခိုက်စေနိုင်စွမ်းမှာ သိသိသာသာပင် ကျဆင်းသွား၏။ ထိုမြင်းစစ်သည်၆၀၀၀သည် အရှေ့သို့ ချီတပ်လာနေဆဲဖြစ်သော်လည်း သူတို့၏ အမြန်နှုန်းသည် သိသိသာသာပင် ကျဆင်းသွား၏။

ဤကဲ့သို့သာ ဆိုပါက ထိုမြင်းစစ်သည်၆၀၀၀ ဂျက်အင်ပါယာအား ထိုးဖောက်သွားနိုင်စေကာမူ ၉၀ရာခိုင်နှုန်းခန့်သေဆုံးသွားမည်ဖြစ်သည်။ ထို့အပြင် ထိုးဖောက်နိုင်သွားသည့် မြင်းစစ်သည်များသည်လည်း အလံနှစ်စုံမြို့အတွင်းသို့ ၀င်ရောက်နိုင်မည်မဟုတ်ပေ။ သူတို့သည် ဂျက်အင်ပါယာမှ စစ်သည်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။

"အဲ့မြင်စစ်သည်တွေတော့သွားပြီ။ ဇီးနစ်အင်ပါယာက စစ်ရေးခေါင်းဆောင်က သူ့ရဲ့စစ်သည်တွေကို အလေးမထားဘူးပဲ။ ဒီမြင်းစစ်သည်ခြောက်ထောင်ကို အချိန်ဆွဲဖို့အတွက် ငါးစာအနေနဲ့အသုံးချနေတာပဲ..." ဖာရင်တန်သည် သူ၏ စစ်သည်များကို တန်ဖိုးထားတတ်သူတစ်ယောက်အနေဖြင့် နာမည်ကြီးသူဖြစ်သည်။ သူသည် အမှန်တကယ်ပင် စစ်သည်များကို တန်ဖိုးရှိလူများအဖြစ် မြင်တတ်သူတစ်ယောက်ပင်။ သို့သော် သူသက်ပြင်းချအပြီးတွင် ခနတာစဥ်းစားကြည့်ကာ အမိန့်ပေးလိုက်သည်။ "င့ါအမိန့်ကို ပြောလိုက်ကြ။ အဲ့မြင်းစစ်သည်တွေကို ၀ိုင်းထားလိုက်။ သူတို့ကို မသတ်သေးနဲ့ဦး။ င့ါအတွက် အသုံး၀င်လာနိုင်တယ်...."

သူထိုကဲ့သို့ ပြောပြီးသည့်အချိန်တွင် ကင်းထောက်တစ်ယောက်သည် သူ့ထံသို့ပြေးလာ၏။

"အရှင့်သား ၂.၅မီတာ၀ေးတဲ့နေရာမှာ ဇီးနစ်အင်ပါယာက တပ်ဖွဲ့တစ်ခုကို တွေ့နေရတယ်လို့ ကန္တာရထဲက ကင်းထောက်တွေက သတင်းပို့ထားပါတယ်။ မြင်းစစ်သည်၃၀၀၀နဲ့ ခြေလျင်စစ်သည်၁၀၀၀၀လောက်ရှိပါတယ်။ သူတို့တွေမှာ အစာရိက္ခာတွေတင်လာတဲ့လှည်းတွေလဲပါနေပါသေးတယ်။ သူတို့ တဖြည်းဖြည်းနဲ့ နီးကပ်လာနေပါပြီ..." ကင်းထောက်သည် လျှောက်တင်လိုက်၏။

"ကောင်းတယ် သေချာဆက်ပြီးစောင့်ကြည့်ထားလိုက်။ မူမမှန်တာတစ်ခုကို သတိထားမိရင်င့ါကို ချက်ချင်းပြန်ပြီး သတင်းလာပို့..."

"ဟုတ်ကဲ့ပါ အရှင့်သား..."

ဖာရင်တန်သည် ထိုကင်းထောက်ကို ပြန်လွှတ်လိုက်ပြီးသည့်အချိန်တွင် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူရရှိသည့် သတင်းများအရ သူသည် ဇီးနစ်၏ ဗျူဟာကို တဖြည်းဖြည်းဖြင့် နားလည်လာပြီဖြစ်သည်။ သူသည် အလံနှစ်စုံမြို့အနောက်ဘက် ဂိတ်တံခါးပေါ်တွင်ရှိနေသည့် မျှော်စင်ထံသို့ကြည့်ကာ စဥ်းစားလိုက်မိသည်။ "အဲ့လူလဲ ဒီစစ်ပွဲကို ကြည့်နေမလား။ ဘယ်အချိန်မှာစပြီးတော့ လှုပ်ရှားတော့မှာလဲ..."

မင်းသားသည်အမှန်တကယ်ပင် ထိုလူအား စိုးရိမ်နေလျှက်ရှိသည်။ ချမ်းဘော့ဒ်ဘုရင်သည် သူ့အား ဒုက္ခများစွာယူလာပေးလိမ့်မည်ကို ကြိုသိနေ၏။ အကယ်၍ ယနေ့တွင် သူ၏ စီနီယာအကိုနှစ်ယောက်သာ သူ၏ဘေးတွင်ရှိမနေပါက ယခင်ပုံစံအတိုင်းပင်ပြန်ဖြစ်လာနိုင်ပြီး ဇီးနစ်အင်ပါယာမှ တပ်ကူများသည် အလံနှစ်စုံမြို့တော်အတွင်းသို့ လွယ်ကူစွာပင် ထိုးဖောက်၀င်ရောက်သွားနိုင်၏။ ယခင်ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သလိုပင်။

"ဒီနေ့ငါ့မှာ ကြိုတင်ပြင်ဆင်ထားတဲ့အစီစဥ်တွေအများကြီးရှိနေပြီး စီနီယာအကိုနှစ်ယောက်လဲရှိနေတယ်ဆိုပေမယ့် ချမ်းဘော့ဒ်ဘုရင်ကိုတော့ သတ်နိုင်လောက်မှာမဟုတ်သေးဘူး..." သူတွေးလိုက်မိသည်။

ဤအခိုက်တန့်တွင် ဆူညံသံများသည် စခန်း၏အနောက်ဘက်မှ ထွက်ပေါ်လာပြန်၏။ ခေါင်းနှစ်လုံးပိုလာ၀က်၀ံပုံပါရှိသည့် ဇီးနစ်အင်ပါယာမှ အလံများကို ဖုန်မှုန့်များအတွင်းတွင် မြင်တွေ့လိုက်ရသည်။

"အရှင့်သား ကျွန်တော်တို့အနောက်ဘက်မှာ ဇီးနစ်အင်ပါယာက မြင်းတပ်ဖွဲ့တစ်ခုချီတပ်လာပြန်ပါတယ်..." ကင်းထောက်တစ်ယောက်ပြေးလာပြီးအမြန်သတင်းပို့လိုက်၏။

"အလည်မှာရှိတဲ့စစ်သည်တွေကို မလှုပ်ရှားကြဖို့အမိန့်ပေးထားလိုက်။ ခေါင်းဆောင်ဒီနက်ကို အဲ့အနောက်ဘက်က မြင်းစစ်သည်တွေနဲ့တိုက်ခိုက်ဖို့ ဂျက်မြင်းစစ်သည်တစ်သောင်းလွှတ်ဖိ့ပြောလိုက်..." ဖာရင်တန်သည် တည်ငြိမ်စွာပင် ပြန်လည်အမိန့်ပေးလိုက်သည်။ အရာအားလုံးသည် သူ၏အစီစဥ်အတွင်းမှာပင်ရှိနေသကဲ့သို့ပင်။

"အရှင့်သား ကျွန်တော်တို့စစ်သည်နှစ်သောင်းလောက်ခွဲပြီးသွားပြီး။ ကျွန်တော်တို့စစ်သည်တွေကို ဖွဲ့စည်းပုံကနေခွဲပြီးဆက်လက်စေလွှတ်နေမယ်ဆိုရင် အလည်မှာရှိတဲ့ဖွဲ့စည်းပုံမှာ စစ်သည်နှစ်သောင်းတောင်ကျန်တော့မှာမဟုတ်ဘူး။ တကယ်လို့ ချီတပ်လာနေတဲ့မြင်းစစ်သည်တွေသာ ၂.၅ကီလိုမီတာအ၀ေးမှာရှိတဲ့ မြင်းစစ်သည်၆၀၀၀နဲ့ပေါင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ ခုခံနိုင်မှာမဟုတ်လောက်တော့ဘူး..." ဖာရင်တန်၏ ဘေးတွင်ရှိနေသည့်ခေါင်းဆောင်တစ်ယောက်သည် ပြောကာ သူ၏ စိုးရိမ်မှုကို ပြသလိုက်သည်။

"မစိုးရိမ်ပါနဲ့ ငါသိပါတယ်။ သူတို့တွေက တပ်ဖွဲ့ထဲကနေမြင်းစစ်သည်၁၂၀၀၀လောက်ထုတ်သုံးပြီးသွားပြီး။ ၀ံပုလွေစွယ်တပ်ဖွဲ့မှာ စစ်သည်တော်တော်များများက လေးလံပြီးနှေးကွေးတဲ့ ရိက္ခာလှည်းတွေကို ကာကွယ်ရမယ့် ခြေလျင်စစ်သည်တွေလောက်ပဲကျန်တော့တယ်။ သူတို့တွေငါတို့ရဲ့ဖွဲ့စည်းပုံကို ထိုးဖောက်သွားနိုင်မှာမဟုတ်ဘူး။" မျက်နှာတွင် ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခုနှင့်အတူ ဆက်ပြောလိုက်သည်။ "တကယ်လို့ သူတို့အဲ့လိုလုပ်နိုင်မယ်ဆိုရင်တောင် သူတို့ကအတော်လေးရိုးရှင်းလွန်းနေတယ်။ ငါတို့အလည်မှာ စစ်သည်တစ်သောင်းပဲကျန်တော့တယ်ဆိုရင်တောင် ရန်သူကို ၁၅မိနစ်လောက်ပဲတောင့်ခံထားနိုင်ရင်ရပြီလေ။ ဘေးမှာရှိနေတဲ့ဖွဲ့စည်းပုံတွေက ၀ိုက်လာပြီးတော့ ရန်သူတွေကို ၀ိုင်းလိုက်ကြမယ်။ အဲ့အချိန်ကြရင် ဇီးနစ်အင်ပါယာကတပ်ကူတွေအကုန်လုံးပိတ်မိသွားပြီး အလံနှစ်စုံမြို့တော်အရှေ့မှာတင် အသတ်ခံရတော့မှာပေါ့...ငါက သူတို့မလာမှာတောင်စိုးရိမ်နေတာ...."

"အော် ဒါကြောင့်မို့ မင်းသားက အရှေ့ဘက်မှာရှိတဲ့စစ်သည်တွေကို ၀ံပုလွေစွယ်တပ်ဖွဲ့နဲ့ ထိပ်တိုက်တိုက်ခိုက်ဖို့မလှုပ်ရှားခိုင်းသေးတာကိုး..." ဖာရင်တန်၏အနောက်တွင်ရှိနေသည့် ခေါင်းဆောင်တစ်ချို့သည် မင်းသား၏ ဗျူဟာကို နားလည်လိုက်ကြ၏။

မင်းသားခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ "ငါတို့ရဲ့စစ်သည်တွေက ရဲရင့်ပြီးရက်စက်ကြမ်းကြုတ်တယ်ဆိုပေမယ့် ၀ံပုလွေစွယ်တပ်ဖွဲ့မှာ စစ်သည် သုံးသောင်းလောက်ရှိနေတယ်လေ။ ငါတို့တွေ ထိပ်တိုက်တိုက်ခိုက်ရင်စစ်အင်အား သာလို့ နိုင်နိုင်တယ်ဆိုပေမယ့် စစ်သည်၁၀၀၀ကိုသတ်နိုင်ဖို့ငါတို့ဘက်ကလဲ စစ်သည်၈၀၀လောက်ကျဆုံးလိမ့်မယ်။ ချမ်းဘော့ဒ်ဘုရင်က ငါတို့ကိုသာအနောက်ကနေ၀င်တိုက်လိုက်မယ်ဆိုရင် ငါတို့ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမယ့် ငါတို့ခံစစ်ပုံသာပြောင်းတိုက်မယ်ဆိုရင် အခြေအနေပြောင်းလဲသွားနိုင်တယ်။ ဇီးနစ်အင်ပါယာက စစ်ကူတွေကအလံနှစ်စုံမြို့ထဲကို အမြန်၀င်ချင်နေကြတာ။ ငါတို့တွေဒါကို ဖြေးဖြေးခြင်းပဲကစားကြတာပေါ့။ ငါတို့နဲ့မတူတာက ဇီးနစ်အင်ပါယာက စစ်သည်တွေက ကန္တာရထဲမှာ တိုက်ခိုက်ရတာနဲ့အသားမကျသေးဘူး။ ရေဘယ်လိုရှာရမလဲဆိုတာတောင် သူတို့သိကြမှာမဟုတ်ဘူး။ ပတ်ပတ်လည်မှာ ခံတပ်နံရံတွေသာမရှိဘူးဆိုရင် ဇီးနစ်ကစစ်ကူတွေက တစ်ပတ်အတွင်းလောက်မှာပင် စိတ်ဓာတ်ကျလာကြလိမ့်မယ်..."

ဖာရင်တန်ထည့်မပြောခဲ့သည့်အချက်လက်တစ်ချို့လဲကျန်ရှိနေသေး၏။

ဖှေးသည် ဂျက်အင်ပါယာ၏ အစာရိက္ခာတော်တော်များများကို မီးရှို့ကာ ဖျက်စီးခဲ့သဖြင့် ဂျက်အင်ပါယာမှ စစ်သည်များအတွက် နှစ်ရက်စာခန့်သာကျန်ရှိတော့ဘူး အစာကို ၃၀ရာခိုင်နှုန်းခန့်လျှော့စားနေကြရ၏။ သူတို့သည် ခရီးဆက်ကာ ရန်သူများကို ၀င်ရောက်တိုက်ခိုက်ပါက စားနပ်ရိက္ခာများကို ပို၍အသုံးပြုရမည်ဖြစ်သည်။ ထို့ပြင် မဟာနှင်းထောင်တန်းမှ သူ၏ စီနီယာအကိုနှစ်ယောက်ဤနေရာသို့ရောက်ရှိနေသဖြင့် သူသည် ချမ်းဘော့ဒ်ဘုရင်အား ခေါ်ထုတ်ကာ သတ်ဖြတ်ရန်၊ သို့မဟုတ် ဒဏ်ရာရအောင်ပြုမူရန်စီစဥ်ထား၏။ အကယ်၍အရာရာတိုင်းသာ အစီစဥ်တကျဆိုပါက သူသည် ဇီးနစ်အင်ပါယာမှ တပ်ကူများကို ထိုးဖောက်ခွင့်ပေးလိုက်မည်ဖြစ်သည်။ အလံနှစ်စုံမြို့မြို့တံခါးပွင့်သည့်အချိန်တွင် သူသည် ဂျက်အင်ပါယာမှစစ်သည်များကို ချီတပ်တိုက်ခိုက်ရန်အမိန့်ပေးလိုက်မည်ဖြစ်၏။ ချမ်းဘော့ဒ်ဘုရင်အား သူ၏ စီနီယာအကိုနှစ်ယောက်မှ ၀ိုင်း၀န်းတိုက်ခိုက်ကာအချိန်ဆွဲထားသည့်အချိန်တွင် သူသည် အလံနှစ်စုံမြို့တော်အား လွယ်ကူစွာပင် သိမ်းပိုက်နိုင်သွားလိမ့်မည်ဖြစ်သည်။

"အရှင့်သား ကျွန်တော်တို့အလံနှစ်စုံမြို့အနောက်ဘက်မှာ အများကြီးအကုန်ကျခံပြီးတော့ ထောင်ခြောက်တွေအများကြီးချထားတယ်။ တကယ်လို့ သူတို့ မြောက်ဘက်က မ၀င်ပဲနဲ့ မြောက်ဘက်က၀င်ဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ရော..." တစ်စုံတစ်ယောက်မှ မေးလိုက်၏။

"အလံနှစ်စုံမြို့တော်မှာ ဂိတ်တံခါးနှစ်ခုပဲရှိတယ်။ အနောက်ဘက်မှာနဲ့ မြောက်ဘက်မှာပဲ။ ဂျက်အင်ပါယာကစစ်သည်တွေကလည်း မြို့တော်ကို မြောက်ဘက်ကလွဲပြီးတော့ အရပ်မျက်နှာသုံးဘက်လုံး၀ိုင်းထားကြတယ်။ ဒါကမြို့ထဲကစစ်သည်တွေကို ထွက်ပြေးလို့ရတယ်ဆိုတဲ့ အတွေးခေါ်ထည့်ပေးတဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုပဲ။ ဂျက်အင်ပါယာက စစ်သည်တိုင်းက ဒါကို သိတယ်ဆိုပေမယ့် ရန်သူတွေက ဒီအချက်ကိုအသုံးချလာမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်ရှိလာနိုင်တယ်..."

"ဇီးနစ်တပ်ဖွဲ့ဘက်ကခေါင်းဆောင်က မိုက်မဲတဲ့လူမဟုတ်ဘူး။ သူအဲ့လိုလုပ်မှာမဟုတ်ဘူး..."

ဖာရင်တန် သူ၏ခေါင်းကို ခါရမ်းလိုက်သည်။

တစ်ခြားလူများမသိသော်လည်း သူသည် ဇီးနစ်အင်ပါယာမှ စစ်ကူများ မြောက်ဘက်ဂိတ်တံခါးမှ သွားရန်ကိုပင်မျှော်လင့်နေခဲ့သည်။ ထိုနေရာပတ်ပတ်လည်တွင် မှော်အစီရင်များ၊ မှော်ထောင်ခြောက်များစွာကို ချထားသည့်အပြင် ကျွမ်းကျင်တပ်ဖွဲ့တစ်ခုကိုလည်း ကင်းပုန်းချထား၏။ အကယ်၍ ရန်သူများသာ ထိုလမ်းကို ရွေးလိုက်ပါက ငရဲခန်းတစ်ခုပင်ဖြစ်သွားလိမ့်မည်ဖြစ်၏။

"ချမ်းဘော့ဒ်ဘုရင်ရဲ့ စိတ်ရှည်နိုင်စွမ်းကတော့ ချီးကျူးလောက်စရာပဲ..."

ဖာရင်တန်မျက်မှောင်ကြုံ့ကာ တွေးလိုက်မိသည်။ "ချမ်းဘော့ဒ်ဘုရင်က စပြီးမလှဒပ်ရှားသေးဘူးလား။ သူက မြင်းစစ်သည်ခြောက်ထောင်ကို ဒီနေရာမှာပဲ စတေးလိုက်တော့မလို့လား..." သူတွေးလိုက်မိ၏။

လမ်းပါ့ဒ်ဦးဆောင်လာသည့် မြင်းစစ်သည်ခြောက်ထောင်မှာ အပိုင်းခံထားနေရသည်မှာ ထင်ရှားလှ၏။ သူတို့သည် သိသိသာသာပင် နှေးကွေးသွား၏။ သူတို့သည် လက်ရှိတွင် အသေပျောက်နည်းနေသေးသော်လည်း ဤကဲ့သို့ဖြစ်ရခြင်းသည် မင်းသာဖာရင်တန်မှာ ကြိုတင်ကာ အမိန့်ပေးထားသည့်အတွက်ကြောင့်ပင်။ အမိန့်အား ပြောင်းလဲလိုက်ပါက ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များကို လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်လိုက်နိုင်မည်ဖြစ်၏။

ထိုအချိန်တွင် ကင်းထောက်တစ်ယောက်သည် ရုတ်တရက် ကန္တာရသဲကျားတစ်ကောင်ကို စီးနင်းကာရောက်ရှိလာ၏။

"အရှင့်သား ရိက္ခာလှည်းတွေသယ်လာတဲ့ ဇီးနစ်တပ်ဖွဲ့က အမြန်ရွေ့လျားနေကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ မီတာ၅၀၀လောက်အနီးကိုရောက်တဲ့အချိန်မှာ ဆက်မချီတပ်တော့ပဲ ရပ်တန့်သွားပါတယ်..." ကင်းထောက်မှ သတင်းပို့လိုက်သည်။

"၅၀၀မီတာအကွာမှာလား..." တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး ဖာရင်တန်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။ သူစက္ကန့်အနည်းငယ်ကြာ စဥ်းစားပြီးသည့်နောက်တွင် အမိန့်ပေးလိုက်သည်။ အလည်ကဖွဲ့စည်းပုံကို နည်းနည်းလောက်ဖယ်ပေးပြီးတော့ ဇီးနစ်က မြင်းစစ်သည်ခြောက်ထောင်ကို သွားခွင့်ပေးလိုက်ဖို့အမိန့်ပေးလိုက်..."

"အရှင့်သား ဘာလို့..." သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ခေါင်းဆောင်များအားလုံးထိတ်လန့်အံ့သြကုန်ကြ၏။

"အဆင်ပြေပါတယ် ငါတို့သူ့ကို ဖြေးဖြေးခြင်းပဲသွားခွင်ပေးလိုက်မယ်။ သူတို့တွေတစ်၀က်လောက် ထိုးဖောက်သွားနိုင်တယ်ဆိုရင်တောင် ငါတို့လူတွေလိုက်သတ်နေတာနဲ့ သူတို့မြို့ထဲကို ၀င်ဖို့ခက်ခဲနေမှာပဲ။ ငါတို့ ဒီလောက်မှ မစွန့်စားရဲဘူးဆိုရင် ၀ံပုလွေစွယ်တပ်ဖွဲ့ရဲ့ ပင်မတပ်ဖွဲ့ကို ငါတို့ ဆွဲထုတ်နိုင်မှာမဟုတ်ဘူး...."

All Chapters