အခန်း (၅၂၅)
Vol. 33 Ch. 525
ဂျက်အင်ပါယာမှခေါင်းဆောင်များသည် ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြသော်လည်း မိုက်မဲသူများမဟုတ်ကြပေ။ အများစုမှာ အတွေ့ကြုံရှိသူများဖြစ်ကြသဖြင့် မင်းသား၏ ဆိုလိုရင်းကို ချက်ချင်းပင်နားလည်သွား၏။
အမိန့်များစွာကို ချမှတ်လိုက်သည်။ မြင်းစစ်သည်ခြောက်ထောင်ကို ၀ိုင်းထားသည့် အလည်မှ ဖွဲ့စည်းပုံသည် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်၏။
လမ်းပါ့ဒ်သည် ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်သော်လည်း သူ၏စစ်သည်အတွေ့ကြုံကြောင့် ဤပြောင်းလဲမှုကို ချက်ချင်းပင်သတိထားမိသွားသည်။ ကြုံး၀ါးပြီးသည့်နောက်တွင် ဇီးနစ်အင်ပါယာမှစစ်သည်များကို ဤနေရာမှ ဖြတ်သန်းရန်အတွက် ဦးဆောင်ခေါ်သွား၏။
"ကောင်းတယ်..." တောင်ကုန်းပေါ်မှ စောင့်ကြည့်နေသည့် ဖာရင်တန်သည် ချီးကျူးလိုက်၏။
သူသည် ဂျက်အင်ပါယာမှ စစ်သည်များကို ချီးကျူးနေခြင်းပင်။
လွန်ခဲ့သည့် ၂၆နှစ်ခန့်က အင်ပါယာအရှင်သခင်ဖူဂျီထီးနန်းကို စတင်ဆက်ခံခဲ့စဥ်မှ စ၍ သူသည် ပြိုလဲခါနီးဖြစ်နေသည့် ဂျက်အင်ပါယာကိုကယ်တင်ရန်အတွက် နာကျင်မှုများအရှက်ရမှုများကို သည်းခံခဲ့ရသည်။ ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းသည် ကျွမ်းကျင်စစ်သည်များမဟုတ်ကြသော်လည်း စစ်ဘက်ဆိုင်ရာအမိန့်များကို တင်းကြပ်စွာလိုက်နာနေကြဆဲပင်။ ဤတပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်လာသည်မှာ မကြာသေးသည့် မင်းသားဖာရင်တန်ပင် တပ်ဖွဲ့ကို လိုသလို အမိန့်ပေးထိန်းချုပ်နိုင်၏။ ဤအချက်ကပင် ဂျက်အင်ပါယာမည်မျှစစ်အင်အား ကောင်းကြောင်းနဲ့ အင်ပါယာအရှင်သခင် ဖူဂျီမည်မျှ အရှိန်၀ါကြီးမားကြောင်းကို ဖော်ပြနေ၏။ ရိုးရိုးရှင်းရှင်းပြောရပါက ဂျက်အင်ပါယာမှလူများအင်ပါယာအရှင်သခင်ယရှင်းသက်ရှိထင်ရှားရှိနေသည့်အချိန်တွင် ဇီးနစ်အင်ပါယာအား စစ်ကြေငြာရဲခြင်းသည် အင်ပါယာအရှင်သခင် ဖူဂျီကြောင့်ပင်။
အင်ပါယာအရှင်သခင် ဖူဂျီသည် ဂျက်အင်ပါယာအတွက်ထောက်တိုင်ကြီးတစ်ခုလိုပင်။ သူသည် ဂျက်အင်ပါယာမှလူများ၏ မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ဂျက်အင်ပါယာသမိုင်းတစ်လျှောက်တွင် ဤအမျှအရှိန်၀ါကြီးမားပြီးလူအများလက်ခံခဲ့သည့်အင်ပါယာအရှင်သခင်တစ်ယောက်မှမရှိခဲ့ပေ။
မဟာနှင်းတောင်တန်းတွင် လေ့ကျင့်ခဲ့သည် ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သောမင်းသားဖာရင်တန်ကိုယ်တိုင်ပင် လွန်ခဲ့သည့်ဆယ်နှစ်လုံးတွင် တစ်ကြိမ်သာတွေ့ခဲ့ဖူးသည့် သူ၏ခမည်းတော် အင်ပါယာအရှင်သခင်ဖူဂျီအား အလွန်ပင်လေးစားခဲ့သည်။
ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်ခြောက်ထောင်သည် အရှိန်မြင့်လာကြပြီး ဂျက်အင်ပါယာ၏ အလည်မှ ဖွဲ့စည်းပုံကို ထိုးဖောက်နိုင်ကြတော့မည်ဖြစ်သည်။
ဖာရင်တန်၏ မျက်လုံးများထဲမှ အေးစက်သည့်အလင်းရောင်သည်လည်း ပို၍ပို၍ပင်တောက်ပလာ၏။
"ဇီးနစ်တပ်ဖွဲ့ဒီနေရာကနေ မီတာ၅၀၀ထက်ပိုပြီးချီတပ်လိုက်မယ်ဆိုတာနဲ့ ငါတို့ချထားတဲ့ ထောင်ခြောက်စာမိသွားလိုက်မယ်။ ငါ၀ံပုလွေစွယ်တပ်ဖွဲကို ချေမှုန်းပြီးတာနဲ့ အလံနှစ်စုံမြို့ကလည်း သိမ်းပိုက်ရလွယ်တဲ့ မြို့လေးတစ်ခုကလွဲပြီးတော့ ဘာမှ ပိုမှာမဟုတ်တော့ဘူး...." မင်းသားဖာရင်တန်တွေးသည့်အချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရ၏။ ကောင်းကင်ပေါ်တွင် နဂါးကြီးတစ်ကောင်ပျံသန်းနေသကဲ့သို့ပင် သဲများလေပေါ်သို့ လွှင့်ပျံကုန်၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မြင်းစစ်သည်တစ်ချို့ရောက်ရှိလာ။ မြင်းပေါ်မှ ခုန်ဆင်းလိုက်ကြပြီးမြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ သတင်းပို့လိုက်သည်။ "အရှင့်သား ခေါင်းဆောင် ကန်ဒိုမှာအရေးကြီးတင်ပြစရာတစ်ခုရှိနေပါတယ်။ ရှေးမြို့ဟောင်းဘက်ကို သွားတဲ့ဇီးနစ်မြင်းစစ်သည်တွေက မြို့ထဲကိုတောင်၀င်ရောက်ပြီးနေပါပြီ..." ထိုကင်းထောက်စစ်သည်များ၏အသံများသည် တုန်ယဥ်နေ၏။
ဂျက်အင်ပါယာမှ လူများဖြစ်သည့်အတွက် သူတို့၏ ပိုင်နက်အတွင်းတွင်ရှိနေသည့် ရှေးမြို့ဟောင်းအကြောင်းကို ကောင်းကောင်းသိ၏။ ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များသည် ကန္တာရပုရွက်ဆိတ်များရှိသည့်အနီရောင်သဲနွံအိုင်ကျုံးကိုအမှန်တကယ်ပင် ဖြတ်ကျော်သွားနိုင်သည်ကို သိလိုက်ရသဖြင့် သူတို့အား လုံးထိတ်လန့်အံ့သြသွားကြတော့၏။
"ဘာ ဘယ်လို လုပ်ပြီးဖြစ်နိုင်မှာလဲ..." မင်းသားဖာရင်တန်ကိုယ်တိုင်လဲအံ့သြသွား၏။ သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှန်းကာ မေးလိုက်သည်။ "ဘယ်လို သူတို့ဘယ်လို၀င်ရောက်သွားကြတာလဲ..."
"အရှင့်သား ခေါင်းဆောင်အဲဒို့နဲ့ ခေါင်းဆောင်ကန်ဒိတို့ ရှေးမြို့ဟောင်းကိုရောက်တဲ့အချိန်မှာ သူတို့က မြို့ထဲကို ၀င်ပြီးနေပါပြီ။ သူတို့ဘယ်လို၀င်သွားတယ်ဆိုတာကို မသိလိုက်ရပေမယ့် ခေါင်းနှစ်လုံးပိုလာ၀က်၀ံပုံရှိတဲ့ အလံတွေကို ခံတပ်နံရံတွေနဲ့ မျှော်စင်တွေမှာ ချိတ်ဆွဲထားကြပါတယ်။ ဇီးနစ်ကစစ်သည်တွေ ကင်းလှည့်နေကြတာကိုလည်း တွေ့ခဲ့ပါတယ်။ ခေါင်းဆောင် အဲဒို့နဲ့ ခေါင်းဆောင် ကန်ဒိုတို့က အနီရောင်သဲကျုံးကို ဖြတ်ကျော်ဖို့အတွက်မြင်းစစ်သည်တစ်ရာကို စေလွှတ်ခဲ့ပေမယ့်....." ကြောက်လန့်သည့်အမူယာသည် ကင်းထောက်စစ်သည်၏မျက်နှာပေါ်တွင် ပေါ်လာ၏။ သူထိုနေရာသို့ရောက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို ပြန်လည်ကာသတိရသွားသကဲ့သို့ပင်။
ဖာရင်တန် ဆက်လက်၍မေးမြန်းခြင်းမပြုတော့ပေ။
ကန္တာရပုရွတ်ဆိတ်များနေထိုင်သည့် အနီရောင်သဲကျုံးသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိပြီး သူကိုယ်တိုင်ပင် မျက်လုံးဖြင့် သေချာမြင်တွေ့ခဲ့ဖူးသည်ဖြစ်သည်။ ထို့ကြောင့် ထိုမြင်းစစ်သည်တစ်ရာအသက်မရှင်နိုင်သည်ကို သိရှိ၏။
လေထဲတွင် တိတ်ဆိတ်ငြိမ်သက်နေမှုကို အာရုံခံမိနေသောကြောင့် ကင်းထောက်စစ်သည်သည် သတ္တိတင်ကာမေးလိုက်သည်။ "အရှင့်သား ခေါင်းဆောင် အဲဒို့နဲ့ ခေါင်းဆောင်ကန်ဒိုတို့က ဘာဆက်လုပ်ရမလဲဆိုတာကို သိချင်နေပါတယ်..."
ဖာရင်တန် ရှေးမြို့ဟောင်းတည်ရှိရာအရပ်ကိုကြည့်လိုက်ပြီး ရယ်ချင်စရာကောင်းသလိုခံစားလိုက်ရသည်။ "စစ်ပွဲက င့ါထိန်းချုပ်မှုအောက်မှာ ရှိနေသေးရဲ့လားဆိုတာမသေချာတော့ဘူး။ ဒါက ဘာအဓိပ္ပါယ်လဲ..." ဖာရင်တန်သည် ထိုအတွေးများကို ချက်ချင်းပင်ခေါင်းထဲမှ ထုတ်ပစ်ကာ ပြောလိုက်သည်။ "ခေါင်းဆောင် အဲဒိုံနဲ့ခေါင်းဆောင်ကန်ဒိုတို့ကို တပ်ဖွဲ့တွေခေါ်ပြီးချက်ချင်းပြန်လာကြဖို့ ပြောလိုက်..."
"ဟုတ်ကဲ့ပါ အရှင့်သား..." ကင်းထောက်များသည် မြင်းများပေါ်သို့ ပြန်လည်ကာ ခုန်တက်ပြီး ထွက်သွားကြတော့၏။
"ဇီးနစ်အင်ပါယာက မြင်းစစ်သည်တွေကို မြို့ဟောင်းထဲကို ဘယ်လိုလုပ်ပြီး၀င်နိုင်သွားကြတာလဲ။ မဟုတ်မှလွဲရော တယ်လီပေါ့သွားကြတာလား..."
ဖာရင်တန်သည်လည်း ဤသတင်းကြောင့် ထိတ်လန့်အံ့သြသွား၏။ သူချက်ချင်းပင် အာကာသမှော်ပညာအကြောင်းကို စဥ်းစားလိုက်မိသည်။ သို့သော် မကြာမှီတွင် မဖြစ်နိုင်ဟု ယူဆလိုက်မိသည်။ အာကာသမှော်ပညာသည် အလွန်နက်နဲသည့်အတွက်ကြောင့်ပင် လယ်ဗယ်၈နှင့် လယ်ဗယ်၉ အင်ပါယာကြီးများကသာလျှင် အာကာသမှော်အစီရင်များကိုအသုံးပြုနိုင်ကြ၏။ လယ်ဗယ်၁ အင်ပါယာတစ်ခုသည် ဤကဲ့သို့ရှားပါးသည့် မှော်အစီရင်အားအသုံးပြုနိုင်လိမ့်မည်မဟုတ်သောကြောင့်ပင်..."
ဤအခိုက်တန့်တွင် အရပ်မျက်နှာပေါင်းစုံမှ ကင်းထောက်များရောက်ရှိလာကြ၏။
"အရှင့်သား တောင်ဘက်မှာရှိတဲ့ဇီးနစ်မြင်းစစ်သည်တွေထွက်ပြေးသွားပြီး ကျွန်တော်တို့လဲမျက်ခြေပျက်သွားပါတယ်..."
"အရှင့်သား အနောက်ဘက်မှာရှိတဲ့မြင်းစစ်သည်တွေလဲ ပျောက်ကွယ်သွားပါတယ်။ ကျွန်တော်တို့လဲ ပြေးလိုက်ဖို့ကြိုးစားခဲ့ကြပေမယ့် သူတို့က အတော်လေးမြန်လွန်းနေတယ်။"
"အရှင့်သား ၅၀၀မီတာအကွာမှာရှိတဲ့ဇီးနစ်မြင်းတပ်ဖွဲ့လဲပျောက်ကွယ်သွားပါတယ်။ ကျွန်တော်တို့လူတွေက လှည်းစုတ်လေးဆယ်ကို ရှာတွေ့ခဲ့ပါတယ်။ လှည်းပေါ်မှာ သစ်ကိုင်းခြောက်တွေအမှိုက်သရိုက်တွေကလွဲပြီးတော့ဘာမှမပါပါဘူး..."
သတင်းများပို၍ရလေလေ ဖာရင်တန်ပို၍ ထိတ်လန့်အံ့သြလာလေလေဖြစ်နေ၏။ သူ၏ခေါင်းထဲတွင် အလင်းတန်းတစ်ခုပေါ်လာပြီး သူချက်ချင်းပင်တစ်စုံတစ်ရာကို နားလည်သွားလိုက်သည်။ သူသည် အလည်ဖွဲ့စည်းပုံအား ဖောက်ထွက်ခါနီးဖြစ်နေသည့် ဇီးနစ်မြင်းစစ်သည်ခြောက်ထောင်ကိုကြည့်ကာ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်၏။ "င့ါအမိန့်ကိုပြောလိုက် င့ါအမိန့်ကိုပြောလိုက် သူတို့တွေအကုန်လုံးကို သတ်ပစ်လိုက်တော့။ သူတို့တွေအကုန်လုံးကို သတ်ပစ်လိုက်ကြတော့...."
မင်းသား၏အမိန့်ကို ပြန်လည်တုန့်ပြန်လိုက်သကဲ့သို့ပင် စစ်မြေပြင်မှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရ၏။ လျှပ်စီးအလင်းတန်းများမည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိပဲပေါ်ထွက်လာပြီး ငွေရောင်အလင်းရောင်များသည် စစ်မြေပြင်တစ်ခုလုံးတွင် တောက်ပသွားတော့၏။ တံစဥ်းအောက်မှ မြက်ပင်များကဲ့သို့ပင် ဂျက်အင်ပါယာမှ စစ်သည်များသည် အော်ဟစ်ရင်းဖြင့် ကျဆုံးကုန်ကြ၏။ ကျန်ရှိနေသည့် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်တစ်ချို့သည် ၀ိုင်းရံထားသည့် ဂျက်အင်ပါယာမှ စစ်သည်များကို ထိုးဖောက်ကာ အလံနှစ်စုံမြို့တော်ထံသို့ ချီတပ်သွားကြတော့၏။
"ဒါ...ဒါက အဆင့်မြင့်သိုင်းကွက်တစ်ခုပဲ။ လမ်းပါ့ဒ်လို့ခေါ်တဲ့လူက အဆင့်မြင့်သိုင်းကွက်တစ်ခုကို ထုတ်သုံးလိုက်တာပဲ။ သူအတွင်းအား ကုန်သွားပြီမဟုတ်ဘူးလား။ ဘယ်လိုတွေဖြစ်ကုန်တာလဲ။ သူကဘယ်လို လုပ်ပြီးတော့ ဒီလိုအဆင့်မြင့်သိုင်းကွက်တစ်ခုကို သုံးနိုင်နေရတာလဲ..." ဖာရင်တန်သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁စစ်သည်အား ကြည့်ကာ တစ်စုံတစ်ခုကို လျစ်လျူရှုထားမိခဲ့ကြောင်းကို သဘောပေါက်သွား၏။
ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်ခြောက်ထောင်သည် အကျဆုံး၁၀ရာခိုင်နှုန်းလောကခန့်ဖြင့် ဂျက်အင်ပါယာ၏ ဖွဲ့စည်းပုံကို ထိုးဖောက်သွားနိုင်ခဲ့၏။
သိပ်မ၀ေးသည့်နေရာတွင် အလံနှစ်စုံမြို့ဂိတ်တံခါးသည်လည်း စတင်၍ ပွင့်လာတော့သည်။ တံခါးဖွင့်နေသည့် ဂီယာစက်သွားသံတို့သည် မင်းသားဖာရင်တန်၏ နားထဲတွင် သူ့အားလှောင်ပြောင်နေသကဲ့သို့ပင်။
မကြာမှီတွင် ဂိတ်တံခါးပွင့်လာပြီး ထိုမြင်းစစ်သည်များကို ၀င်ခွင့်ပေးရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အလံနှစ်စုံမြို့ဂိတ်တံခါးပေါ်တွင်လည်း ဇီးနစ်အင်ပါယာမှစစ်သည်များသည် လက်ခုပ်တီးကာ အော်ဟစ်အားပေးနေကြ၏။
"ကျေးဇူးပြုပြီး သူတို့ကို တိုက်ခိုက်ပေးပါ စီနီယာအကိုတို့..."
ဖာရင်တန်သည် လက်ရှိတွင် အခြေအနေကိုနားလည်သွားပြီဖြစ်သည်။ မြို့တော်ထဲသို့ ၀င်ရန်လိုအပ်သည့် ၀ံပုလွေစွယ်တပ်ဖွဲ့၀င်များသည် ဤမြင်းစစ်သည်ခြောက်ထာေင်ပင်။ သူတို့ကြားထဲတွင် အရေးကြီးပုဂ္ဂိုလ်များစွာပါရှိနေနိုင်မည်မှာ အမှန်ပင်။ အရေးကြီးနေသဖြင့် ဖာရင်တန်များများစားစားတွေးခေါ်နေရင် အချိန်မရပေ။ ထို့ကြောင့် သူချက်ချင်းလိုလိုပင် သူ၏ စီနီယာအကိုနှစ်ယောက်ကို တိုက်ခိုက်ပေးရန်အတွက် တောင်းဆိုလိုက်၏။ သူသည် ချမ်းဘော့ဒ်ဘုရင်ကို ထွက်လာစေလို၏။ အကယ်၍ ချမ်းဘော့ဒ်ဘုရင်သာ သူ၏စီနီယာအကိုနှစ်ယောက်ဖြင့် တိုက်ခိုက်နေသည့်အချိန်တွင် သူသည် အလံနှစ်စုံမြို့တော် ဂိတ်တံခါးပွင့်နေသည့်အချိန်တွင် ၀င်ရောက်သိမ်းပိုက်ရန်အတွက် မျှော်လင့်နေဆဲပင်။
"၀ှစ်..."
"၀ှစ်..."
အသတ်လတ်ပိုင်းအရွယ်လူနှစ်ယောက်သည် အလံနှစ်စုံမြို့တော်ထံသို့ ပြေး၀င်သွားရင်းဖြင့် အော်ဟစ်လိုက်ကြသည်။ "အလတ်ဇန္ဒားဆိုတဲ့ကောင်ထွက်ခဲ့စမ်း..."
သူတို့၏အော်ဟစ်သံများထဲတွင် အတွင်းအားစွမ်းအင်များပါ၀င်နေသည့်အတွက် စစ်သည်များတိုက်ခိုက်နေကြသည့် ဆူညံသံများကို လွှမ်းခြုံသွား၏။
ကျွမ်းကျင်သိုင်းဆရာများပင်။
မဟာနှင်းတောင်တန်းမှ သိုင်းဆရာနှစ်ယောက်သည် စတင်၍လှုပ်ရှားနေကြပြီဖြစ်သည်။
သူတို့နှစ်ယောက်လုံးသည် မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသူများဖြစ်ကြပြီး သူတို့၏အစွမ်းများကိုအမြင့်ဆုံးထုတ်လွှတ်ထားကြသည်။ အနီရောင်မီးတောက်များသည် ကောင်းကင်ကိုပင် ဖုံးလွှမ်းထားကြပြီးသူတို့သည် လောင်ကျွမ်းနေသည့် အနီရောင်နေမင်းများကဲ့သို့ပင်။ ပတ်၀န်းကျင်တွင်ရှိနေသည့် အပူရှိန်သည် သိသိသာသာပင် မြင့်တတ်လာပြီး ကန္တာရသည် ပို၍ပင် ခြောက်သွေ့လာတော့၏။ ထို့နောက်တွင် စွမ်းအင်လှိုင်းများအပြင်သို့ပြန့်သွားပြီး မြို့တော်ထဲသို့၀င်ရန်ပြင်နေကြသည့် ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များထံသို့ ၀င်တိုက်လိုက်တော့၏။
"ဖုန်း ဖုန်း..."
သူတို့နှစ်ယောက်လုံးလက်သီးထိုးလိုက်ကြပြီး အနီရောင်မီးနဂါးလေးကောင်သည် ရှေ့သို့ပျံသန်းသွာ၏။ နဂါးများကြုံး၀ါးကာပျံသန်းသွားသည့်အချိန်တွင် တပ်ဖွဲ့၏နောက်ဆုံးတွင်ရှိနေကြသည့် မြင်းစစ်သည်တစ်ရာခန့်သည် ရှောင်တိမ်းနိုင်ခြင်းမရှိပဲ အကုန်ထိမှန်ကုန်၏။ သူတို့၏ အသားများ၊ စီးနှင်းနေသည့်မြင်းများသည် ပြာများအဖြစ်သို့ပြောင်းလဲသွားကြပြီး သူတို့၏လက်နက်များသည်လည်း အရည်ပျော်ကျလာကြ၏။
စိတ်ကူးမယဥ်နိုင်လောက်သည့် စွမ်းအားများပင်။
သူတို့ဘက်မှ သိုင်းဆရာများ၏ စွမ်းအားကိုမြင်တွေ့အပြီးတွင် ဂျက်အင်ပါယာမှစစ်သည်များသည်ကျယ်လောင်စွာအော်ဟစ်အား ပေးကြ၏။
"င့ါအမိန့်ကို ပြောလိုက်။ စစ်သည်တွေအကုန်လုံးကို မြို့တော်စီကို ချီတပ်ခိုင်းလိုက်တော့။ ဂိတ်တံခါးစီကိုအရင်ရောက်ပြီး ပိတ်မသွားအောင်ထိန်းထားပေးနိုင်တဲ့ဘယ်သူ့ကို မဆို ရွှေဒင်္ဂါးတစ်သောင်းဆုချပြီးတော့ ရာထူးသုံးဆင့်တိုးပေးမယ်။" မင်းသားဖာရင်တန်အော်ဟစ်လိုက်သည်။ ဂျက်အင်ပါယာမှ စစ်သည်များသည်လည်း တက်ကြွသွားကြပြီးရှေ့သို့ စတင်၍ ချီတပ်ကြတော့သည်။
"မင်းထွက်မလာသေးဘူးလား အလတ်ဇန္ဒား..."
မဟာနှင်းတောင်တန်းမှ သိုင်းဆရာနှစ်ယောက်သည် လေပေါ်သို့ ထက်မံ၍ ခုန်တက်လိုက်၏။ သူတို့၏အတွင်းအား စွမ်းအင်များသည်ပို၍ပင် တောက်ပကာ လောင်ကျွမ်းလာတော့သည်။ သူတို့၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့်အရာမှန်သမျှလောင်ကျွမ်းလာ၏။ ခံတပ်နံရံပေါ်တွင်ရှိနေသည့် အလံတိုင်များပင် မီးစွဲကုန်တော့၏။
သာလွန်သည့်စွမ်းအားများဖြင့် ကျွမ်းကျင်စစ်သည်နှစ်ယောက်သည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်ထံသို့ ခုန်တက်သွား၏။
ခံတပ်နံရံပေါ်တွင်ရှိနေသည့် ဇီးနစ်အင်ပါယာမှစစ်သည်များအားလုံးထိတ်လန့်သွားကြသည်။
ကျွမ်းကျင်သိုင်းဆရာနှစ်ယောက်ရောက်ရှိလာခြင်းသည် သူတို့အား များစွာကြောက်လန့်သွားစေ၏။ စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်သည် တပ်ဖွဲ့တစ်ခုလုံးကိုပင်အပျောက်ရှင်းနိုင်ခြေရှိသောကြောင့်ပင်။
ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ ကိုယ်ရံတော်များဆိုလျှင် သေးပေါက်ချလုနီးနီးပင် ကြောက်လန့်နေကြ၏။ အကယ်၍ ဖှေးကြောင့်သာမဟုတ်ပါက သူတို့ ထွက်ပြေးနေကြလောက်ပြီဖြစ်သည်။
အခြေအနေမှာ အလွန်ပင် အန္တရာယ်များနေ၏။
အကယ်၍ ထိုကျွမ်းကျင်သိုင်းဆရာနှစ်ယောက်သာ ခံတပ်နံရံပေါ်သို့ ရောက်ရှိလာနိုင်ပါက ဇီးနစ်အင်ပါယာမှစစ်သည်များအားလုံးကို သုံးစက္ကန့်အတွင်းမှာပင် သတ်ဖြတ်နိုင်သည့်အတွက်ပင်။ သူတို့သည်လည်း မျှော်စင်ပေါ်တွင်ရှိနေသည့် ယန္တယားများကို ထိန်းချုပ်နိုင်သွားပြီး ဂိတ်တံခါးကို ထိန်းချုပ်နိုင်သွားပါက ဂျက်အင်ပါယာမှစစ်သည်များ၀င်ရောက်ရန်လွယ်ကူသွားပြီး အလံနှစ်စုံမြို့တော်အသိမ်းပိုက်ရခံမည်ဖြစ်သောကြောင့်ပင်။
"ဟားဟား မင်းတို့ခွေးသားတွေ ဘယ်ကရောက်လာတာလဲ။ မင်းတို့က င့ါဘုရင်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့..."
ဤအခိုက်တန့်တွင် မြို့ထဲသို့၀င်ရောက်လာခါစ မြင်းစစ်သည်များထံမှ ရယ်မောသံတစ်ခုထွက်ပေါ်လာ၏။ ထို့နောက်တွင် လျှပ်စီးအလင်းတန်းတစ်ခုတောက်ပသွားပြီး သန်မာသည့်လူတစ်ယောက်သည်အပေါ်သို့ ခုန်တက်လာ၏။ လျှပ်စီး၏ ကြမ်းတမ်းသည့်စွမ်းအားများသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးပွားစများနှင့် အလင်းတန်းများပေါ်ထွက်လာတော့၏။
ဤလူ၏စွမ်းအင်အရှိန်၀ါသည် မဟာနှင်းတောင်တန်းမှ သိုင်းဆရာနှစ်ယောက်ထက်မနှိမ့်ကျလှပေ။