အခန်း (၅၂၆)
Vol. 33 Ch. 526
"အလင်းလက်သီး..."
နက်ရှိုင်းကျယ်လောင်သည့် အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး အပေါ်သို့ ခုန်တက်လိုက်သည့်လူသည် သူ၏လက်သီးများကို အနောက်သို့ ပစ်လိုက်၏။ ဤကဲ့သို့ရိုးရှင်းသည့်လုပ်ရှားမှုဖြင့် သူသည် ပတ်ပတ်လည်တွင်ရှိနေသည့် လျှပ်စီးများကို ဆုပ်ကိုင်လိုက်သကဲ့သို့ပင်။ သူလက်သီးထိုးလိုက်သည့်အချိ်တွင် လျှပ်စီးအလင်းတန်းတစ်ခုထွက်ပေါ်သွားပြီး အာကာသကိုပင် အစိတ်စိတ်မွဦမွာကွဲအက်သွားစေနိုင်လောက်သည့် ပင့်ကူအိမ်ကဲ့သို့ လျှပ်စီးကြောင်းများကို ဖန်တီးလိုက်၏။
စပါးကြီမြွေတစ်ကောင်အရွယ်စားရှိသည့် လျှပ်စီးကြောင်းတစ်ခုသည် သိုင်းဆရာနှစ်ယောက်ထဲမှ တစ်ယောက်ထံသို့ပျံသန်းသွားတော့၏။
"မီးအစွယ်..."
သေစေနိုင်လောက်သည့်အန္တရာယ်ကို မြင်လိုက်သည့်အချိန်တွင် ထိုအသတ်လတ်ပိုင်းအရွယ်လူသည် လက်ဟန်များစွာကို ပြုလုပ်လိုက်ပြီးအော်ဟစ်လိုက်၏။ သူသည် အလွန်မြန်ဆန်လှသဖြင့် သူ၏လက်များသည် လေပေါ်တွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့၏။ ထိုပုံရိပ်ယောင်များသည် ပွင့်ဟလာသည့် ကြာပန်းတစ်ပွင့ကဲ့သို့ပင်။ ကောင်းကင်ပေါ်တွင်ရှိနေသည့် မီးတောက်များသည် အစွယ်နှစ်ချောင်းပုံသဏာန်အဖြစ်သို့ စုပေါင်းသွားကြပြီး သူ၏လက်သီးနှစ်ဖက်အား လွှမ်းခြုံသွား၏။
"ဖုန်း..." သူလက်သီးထိုးလိုက်သည့်အချိန်တွင် ထိုမီးအစွယ်နှစ်ချောင်းကိုလည်းပစ်လွှတ်လိုက်၏။
မီးအစွယ်နှင့် လျှပ်စီးအလင်းတန်းတို့ ထိတွေ့လိုက်မိသည့်အချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများစွာထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများသည် ပတ်၀န်းကျင်သို့ ပြန့်လွှင့်သွားတော့၏။ စွမ်းအင်လှိုင်းများသည် သဲမှုန်များကို အ၀ေးသို့လွှင့်ပျံသွားစေပြီး ဖြစ်ပေါ်လာသည့် လေဗွေများသည် မြေပြင်တစ်ခုလုံးကိုပင် တုန်ခါနေစေ၏။
ဤအရာများအားလုံးသည် တစ်စက္ကန့်ခွဲအချိန်တွင်ဖြစ်ပျက်သွားခြင်းဖြစ်သော်လည်း မဟာနှင်းတောင်တန်းမှ သိုင်းဆရာတစ်ယောက်သည် လမ်းပါ့ဒ်နှင့်ရင်ဆိုင်နေရသဖြင့် အနောက်ဘက်ဂိတ်တံခါးပေါ်မှ မျှော်စင်အား တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။
တစ်ချိန်းတည်းမှာပင် ကျန်ရှိနေသည့် သိုင်းဆရာတစ်ယောက်သည်လည်း ရပ်တန့်သွား၏။
အပြာရောင်ရေခဲမျှားတစ်ချောင်းသည် ဤသိုင်းဆရာ၏ နှဖူးထံသို့ ပျံသန်းလာသည့်အတွက်ပင်။ ထိုမြှားသည် အသံထွက်ပေါ်လာခြင်းမရှိပဲ အာရုံခံ၍လည်းမရပေ။
"မှော်မြှားတစ်ချောင်းပဲ..."
ထိုအသတ်လတ်ပိုင်းအရွယ်လူသည် ထိတ်လန့်အံ့သြသွား၏။
သူဤမြှားကို မြင်လိုက်သည့်အချိန်တွင် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသောဆန္ဒများကို အာရုံခံလိုက်မိ၏။ သူသေခြင်းတရားကိုအာရုံခံလိုက်မိသည်။ သူ၏ခန္ဓာကိုယ်သည် ပစ်မှတ်ထားခြင်းခံနေရပြီးသလို ခံစားလိုက်ရ၏။ မြှားသူ့အား မစိုက်ခင်မှာပင် သူ၏နဖူးပေါ်တွင် ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်သည်လည်း အေးစက်နေပြီး သူ၏မီးအတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် စီးဆင်းရန်အတွက် အခက်ခဲဖြစ်နေသကဲ့သို့ပင်။
ရေခဲမှော်မြှားတစ်ချောင်းသည် မီးအတွင်းအားစွမ်းအင်အား ကောင်းမွန်စွာတန်ပြန်တိုက်ခိုက်နိုင်၏။
"မီးဓားသွား..."
ထိုအသတ်လတ်ပိုင်းအရွယ်လူသည် အော်ဟစ်လိုက်ပြီး သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ဘေးအပတ်ပတ်လည်တွင်ရှိနေသည့် မီးများအားလုံးသည်ပေါင်းစည်းသွားပြီး ခြောက်မီတာကျော်ခန့်ရှည်လျားသည့် တိုက်ပွဲသုံးဓားရှည်တစ်လက်အဖြစ်သို့ပြောင်းလဲသွားတော့၏။ သူထိုဓားနှင့် ခုတ်ပိုင်းချလိုက်သည့်အချိန်တွင် ကောင်းကင်နင့်မြေကြီးသည် နှစ်ခြမ်းကွဲတော့မလိုပင် ခံစားလိုက်ရ၏။
"ဖုန်း..."
မီးဓားသွားနှင့် ရေခဲများတို့ ထိခတ်လိုက်၏။
နောက်အခိုက်တန့်တွင် ကြီးမားသည့် ရေခဲတုံးများစွာသည် တောက်လောင်နေသည့် မီးတောက်များပေါ်သို့ ပြုတ်ကျလာတော့၏။ ရေငွေ့များစွာထွက်ပေါ်လာပြီး သက်တန့်များပင် ထွက်ပေါ်လာတော့၏။ ရေခဲနှင့် မီးတို့၏ လက်ရှိတိုက်ပွဲသည် သရေဖြစ်နေသည်ဟုဆိုနိုင်၏။
သိုင်းဆရာလေးယောက်တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြသည့်အချိန်တွင် စွမ်းအင်အမျိုးမျိုးသည် အရပ်မျက်နှာမျိုးစုံသို့ ပြန့်လွှင့်နေလျှက်ရှိ၏။ ရှေ့သို့ ချီတပ်တိုက်ခိုက်ရန်ပြင်နေကြသည့် ဂျက်အင်ပါယာမှ စစ်သည်များအားလုံးရပ်တန့်သွားရ၏။ ဤတိုက်ပွဲနေရာနှင့် ၅၀၀မီတာပတ်၀န်းကျင်တွင်ရှိနေသည့် တစ်ချို့စစ်သည်များသည် မီးလောင်ကာသေဆုံးကုန်ကြသည်။ ရေခဲဒဏ်ကြောင့် အေးခဲကုန်ကြသည်။ လျှပ်စီးဒဏ်ကြောင့် အလောင်းများအဖြစ်သို့ပြောင်းလဲကုန်ကြ၏။
"ဒါက ဘယ်လိုဖြစ်ပြီးတော့ ဇီးနစ်ဘက်မှာ ကျွမ်းကျင်သိုင်းဆရာတွေအများကြီးရှိနေရတာလဲ..." ဖာရင်တန်သည် သူ၏မျက်လုံးများကိုပင် ယုံနိုင်ခြင်းမရှိပဲဖြစ်နေ၏။
သူ၏ စီနီယာအကိုနှစ်ယောက်လုံးသည် မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်အသုံးပြုသည့် ကြယ်ကိုးလုံးအဆင့်သိုင်းဆရာများပင်။ မဟာနှင်းတောင်ပေါ်တွင် နှစ်ပေါင်းများစွာကျော်အောင်လေ့ကျင့်ခဲ့သည့်အတွက် သူတို့၏အတွင်းအား စွမ်းအင်များမှာ သူ့ထက်များစွာကျော်လွန်နေ၏။ စီနီယာအကိုနှစ်ယောက်သည် ဆယ်နှစ်အောက်မှာပင် လအဆင့်စစ်သည်များဖြစ်လာနိုင်သည်ဟု သူ၏ဆရာကိုယ်တိုင်ပင် ပြောခဲ့ဖူး၏။
ဤစီနီယာအကိုနှစ်ယောက်သည် မဟာနှင်းတောင်၏ ကျောရိုးပင်။ ထို့ကြောင့် သူတို့သည် ချမ်းဘော့ဒ်ဘုရင်အား ယှဥ်ပြိုင်ရန်အတွက် လုံလောက်သည်ဟု ဖာရင်တန်ယူဆခဲ့မိသည်။ သူသည် ဤအခွင့်ရေးကို အသုံးချပြီးအလံနှစ်စုံမြို့တော်ကို သိမ်းပိုက်မည်ဟုလည်း တွေးခဲ့၏။ သို့သော် သူ၏ စီနီယာအကိုနှစ်ယောက်မြို့တော်ထဲသို့ မ၀င်နိုင်ခင်မှာပင် တစ်ခြားသိုင်းဆရာနှစ်ယောက်၏ ရပ်တန့်တားဆီးခြင်းကိုခံလိုက်ရ၏။
"သူတို့က ဘယ်သူတွေလဲ...ဘယ်ကသောက်ကောင်တွေလဲကွာ..." သူတွေးလိုက်မိ၏။
......
"ဖုန်း ဖုန်း ဖုန်း ဖုန်း..."
"ဖုန်း ဖုန်း ဖုန်း ဖုန်း..."
အလံနှစ်စုံမြို့တော်ရှေ့တွင် ပေါက်ကွဲသံများဖြင့် ဆူညံနေ၏။
လျှပ်စီးကြောင်းများသည်လည်း မီးအစွယ်များနှင့် ထပ်ခါထပ်ခါတိုက်ခိုက်နေလျှက်ရှိပြီး သရေကျနေ၏။
ရေခဲမြှားများသည်လည်း မီးဓားသွားနှင့် အဆက်မပြတ်တိုက်ခိုက်လျှက်ရှိကာ သရေအနေထားတွင်ရှိနေ၏။
တစ်ဖက်တွင် သိုင်းဆရာနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ရက်စက်ကြမ်းကြုတ်စွာပင် တိုက်ခိုက်နေကြ၏။ သိုင်းကွက်များကိုလည်း သိုင်းဆရာနှစ်ယောက်လုံးမှ အကြိမ်ပေါင်းများစွာပင် အပြန်လှန်အသုံးချတိုက်ခိုက်နေကြ၏။ နှစ်ဖက်လုံးတွင်ရှိနေသည့် သောင်းနှင့်ချီသည့် သာမန်စစ်သည်များမင်သက်နေကြသည်။ သူတို့သည် သာမန်စစ်သည်များဖြစ်သည့်အတွက် ဤကဲ့သို့သောတိုက်ပွဲမျိုးကို တစ်သက်လုံးတွင် တစ်ခါပင်မြင်တွေ့ရရန်မှာ ခက်ခဲလှ၏။ ကြယ်သုံးလုံးအဆင့်အောက်နိမ့်သည့် စစ်သည်များဆိုလျှင် သိုင်းဆရာနှစ်ယောက်အား ကောင်းမွန်စွာပင် မြင်တွေ့နိုင်ခြင်းမရှိပေ။ သူတို့မြင်တွေ့နိုင်ရသည်မှာ ပုံရိပ်ယောင်များကိုပင်။ လွှင့်ထွက်လာသည့် စွမ်းအင်အကြွင်းကျန်များသူတို့ကို ထိသည့်အချိန်တွင် ဓားသွားများဖြင့် လှီးဖြတ်ခံနေရသကဲ့သို့ခံစားလိုက်ရပြီးအနောက်သို့ ဆုတ်ခွာပေးနေရ၏။
တစ်ဖက်တွင် မိန်းမလှလေးတစ်ယောက်သည် ကျောက်တုံးတစ်ခုခဲ့သို့ မြဲမြံစွာရပ်နေလျှက်ရှိသည်။ သူမ၏ပတ်ပတ်လည်တွင်မှော်စွမ်းအင်အရှိန်၀ါများတောက်ပနေပြီး မှော်မြှားများကို တစ်ချောင်းပြီးတစ်ချောင်းပစ်လွှတ်ကာ မီးစွမ်းအင်ဓားသွားကို ကောင်းမွန်စွာပင် တန်ပြန်တိုက်ခိုက်နေ၏။ သူမ၏ ဘေးပတ်ပတ်တွင်ရှိသည့် အပူချိန်မှာ ကျဆင်းလျှက်ရှိနေပြီး ရေခဲများဖြစ်ပေါ်လာသံမှာ လေထဲတွင် ဟိန်းနေလျှက်ရှိ၏။
သို့သော် ရေခဲတုံးများပြုတ်ကျလာသည့်အချိန်တွင် အောက်တွင်ရှိနေသည့် မီးများကြောင့် အရည်ပျော်သွား၏။
သိုင်းဆရာလေးယောက်လုံးတစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ပြီးသည့်အချိန်တွင် ပြိုင်တူခနရပ်နားလိုက်ကြ၏။
သူတို့တိုက်ခိုက်နေသည့်နေရာတွင် တစ်ဖက်တွင် မီးများလောင်ကျွမ်းနေလျှက်ရှိပြီး တစ်ဖက်တွင် ရေခဲတောင်ကြီးတစ်ခုရှိနေလျှက်ရှိ၏။
မီးများနှင့် လျှပ်စီးတန်းများမှ ထွက်ပေါ်လာသည့် မြင့်မားသည့်အပူရှိန်ကြောင့် ပတ်၀န်းကျင်တွင်ရှိသည့် သဲများသည်ချော်ရည်များအဖြစ်သို့ပင်ပြောင်းလဲတော့မည့်အတိုင်းပင်။ သူတို့အားပုံမှန်အတိုင်းရှိနေစေသည့်တစ်ခုတည်းသောအကြောင်းရင်းမှာ ရေခဲတောင်ထံမှ ထွက်ပေါ်လာနေသည့် အအေးဓာတ်များကြောင့်ပင်။
"ဒီလို ၀ေးလံခေါင်ဖျားတဲ့နေရာမှာ မင်းတို့လို အဆင့်မြင့်သိုင်းဆရာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါတို့တွေထင်မထားခဲ့ဘူး..." မဟာနှင်းတောင်မှ သိုင်းဆရာတစ်ယောက်သည် သူ၏ ရန်သူများဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီးတို့ကိုကြည့်ကာ တည်ကြည်သည့်အမူယာဖြင့် ပြောလိုက်သည်။
"မင်းတို့တွေထဲက ဘယ်သူက ချမ်းဘော့ဒ်ဘုရင်လဲ..." မဟာနှင်းတောင်မှာ တစ်ခြားသိုင်းဆရာတစ်ယောက်မှ ရှေ့သို့ ထွက်ခါမေးလိုက်သည်။
"မင်းတို့ ဂျက်အင်ပါယာကကောင်တွေက ငါတို့ ဘုရင်ကို စိန်ခေါ်ဖို့အရည်ချင်းမမှီပါဘူး..." လမ်းပါ့ဒ်သည်လည်း ရှေ့သို့ ခြေလှမ်းကာ ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်သည် ထူထပ်သည့် လျှပ်စီးများကြားထဲတွင်လွှမ်းခြုံလျှက်ရှိနေပြီး အလွန်စိုးမိုးနိုင်သည့်ပုံရှိနေ၏။
ဤအခိုက်တန့်တွင် လမ်းပါ့ဒ်သည် သူ၏ လီရို ကြယ်တာယာချပ်၀တ်အား ဆင့်ခေါ်ထားပြီးဖြစ်၏။ အမဲရောင်သူတော်စဥ်ချပ်၀တ်၏ မှော်အစိတ်ပိုင်း၁၀၈ခုသည် လမ်းပါ့ဒ်အား ကောင်းမွန်စွာပင် လွှမ်းခြုံကာကွယ်ပေးထား၏။ အမဲရောင်ချပ်၀တ်သည် ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်နေသော်လည်း အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။ ကြယ်တာယာချပ်၀တ်သည် လမ်းပါ့ဒ်၏ ခန္ဓာကိုယ်နှင့် တစ်သားထဲပင်ဖြစ်နေပြီး အသက်၀င်နေသကဲ့သို့ပင်။
ကောင်းကင်ပေါ်မှ ကျဆင်းလာနေသည့်လျှပ်စီးကြောင်းသည် အချင်း၁၀မီတာကျော်ခန့်ပင်ကြီးမားပြီး လမ်းပါ့ဒ်အား လွှမ်းခြုံထား၏။ ကြယ်တာယာချပ်၀တ်တွင်ပါရှိသည့် မျက်နှာဖုံးသည် လမ်းပါ့ဒ်၏ မျက်နှာကို ဖုံးကွယ်ထားပြီး ထွက်ပေါ်နေသည့်တစ်ခုတည်းသောအရာမှာ လေထဲတွင် လွှင့်ပျံနေသည့် သူ၏အနီရောင်ဆံပင်များပင်။ လျှပ်စီးတန်းများမှ ထွက်ပေါ်လာနေသည့် အလင်းတန်းများကြောင့်လူများသည် သူ၏မျက်လုံးများကို မြင်နေရ၏။ သူ၏မျက်လုံးမှ ထွက်ပေါ်လာနေသည့် အလင်းရောင်များသည် ဓားသွားနှစ်ခုကဲ့သို့ပင် ခံစားနေရပြီး သူကြည့်လိုက်သည့်လူများကို နာကျင်မှုအား ခံစားစေရလျှက်ရှိသည်။
"ငါက ဖရန့်ခ်လမ်းပါ့ပဲ။ ချမ်းဘော့ဒ်ဘုရင်လက်အောက်က ရွှေရောင်သူတော်စင်စစ်သည်တစ်ယောက်..." လီရိုကြယ်တာယာစစ်သည်သည် သူ၏နာမည်ကို ပြောလိုက်၏။
သူ၏ဘေးတွင် အနီရောင်ဆံပင်ရှည်များဖြင့် ရပ်တန့်နေသည့် စစ်နတ်သမီးတစ်ယောက်လဲရှိနေ၏။
သူမသည် အပြာရောင်မှော်ချပ်၀တ်တစ်စုံကို၀တ်ဆင်ထား၏။ သာမန်အမဲရောင်မျက်နှာဖုံးတစ်ခုသည် သူမ၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း မြင်နေရသည့် သူမ၏ မျက်နှာကောက်ကြောင်းများကြောင့် လူများစွာကို သူမ၏ အလှတရားအားကိုးကွယ်ချင်လာအောင်ပြုမူနေလျှက်ရှိ၏။ သူမသည် မှော်အစီရင်များပါရှိသည့် အနီရောင်ဖိနပ်များကို ၀တ်ဆင်ထားပြီး သူမ၏ မှော်ချပ်၀တ်သည် သူမ၏ ပေါင်များ၊ တင်ပါး၊ ရက်ဘက်နှင့် ပခုံးများကို ကာကွယ်ပေးထား၏။ လှပ်သည့် ခြေထောက်များ၊ ခါးနှင့် ရင်ညွှန့်တို့ကို မြင်တွေ့နေရပြီး ထိုအလှတရားများသည် ယောက်ျားများစွာကို ရူးသွပ်သွားစေနိုင်၏။ ထို့အပြင် သူမသည် လက်အိပ်ရှည်နှစ်စုံကို လည်းတ်ဆင်ထားပြီးထိုလက်အိပ်များသည်လည်း သူမ၏ လေးနှင့်မြှားကိုကိုင်ထားသည့် လက်များ၏အလှတရားကို ပေါ်လွင်နေစေလျှက်ရှိသည်။
နတ်ဘုရားများသည် သူမအား မိန်းကလေးတစ်ယောက်၏ အလှပဆုံးအစိတ်ပိုင်းများကို ပေးထားသကဲ့သို့ပင်။ သူမသည် နှိုင်းယှဥ်၍မရနိုင်သည့် မိန်းမလှလေးတစ်ယောက်ပင်။
သို့သော် ဤနေရာတွင်ရှိနေသည့်လူများသည် မကောင်းသည့်အကြံများကို တွေးရဲခြင်းမရှိကြပေ။ ရေခဲတောင်ပေါ်တွင်ရပ်နေသည့် ကောင်မလေးသည် သူတို့အား ကျောများကို အေးစိမ့်သွားစေသည်အထိပင် ကြောက်ရွံ့စေလျှက်ရှိသည်။ ထိုကောင်မလေးသည် မဟာနှင်းတောင်မှ သိုင်းဆရာနှစ်ယောက်၏ တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်သည့်အတွက်ပင်။
"ချမ်းဘော့ဒ်က အယ်လီနာပဲ..." သူမ၏ မျက်နှာပေါ်တွင် ခံစားချက်တစ်စုံတစ်ရာမပြပဲ အယ်လီနာသည် သူမမည်သူဖြစ်သည်ကို ကြေငြာလိုက်သည်။
မဟာနှင်းတောင်မှ သိုင်းဆရာနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ပြိုင်တူကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်လုံးထိတ်လန့်အံ့သြသွားသည့်အတွက်ကြောင့်ပင်။ "ဒီစွမ်းအားမြင့်သိုင်းဆရာနှစ်ယောက်လုံးက ချမ်းဘော့ဒ်ဘုရင် လက်အောက်ကလူတွေလား။ ဒီလိုဆို ဒီဘုရင်အလတ်ဇန္ဒားကိုယ်တိုင်ကရော ဘယ်လောက်တောင်စွမ်းအားကြီးမားနေတာလဲ...သူက ဒီနှစ်ယောက်လုံးထက်ပိုပြီးတော့ စွမ်းအားကြီးမားတဲ့ပုံပဲ..."
အ၀ေးတွင်ရှိသည့် တောင်ကုန်းတစ်ခုပေါ်တွင် မင်းသားဖာရင်တန်သည် ပါးစပ်အဟောင်းသားဖြစ်နေလျှက်ရှိသည်။
"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...စီနီယာအကို အန်နီနဲ့ အီနိုတို့နှစ်ယောက်လုံးက မဟာနှင်းတောင်က ကြယ်ကိုးလုံးအဆင့်စစ်သည်တွေပဲ။ သူတို့က စွမ်းအားအကုန်သုံးပြီးတိုက်ခိုက်တာတောင် အတားဆီးခံနေရတာလဲ။ လမ်းပါဒ်နဲ့ အယ်လီနာတို့ နှစ်ယောက်လုံးက ဘယ်အချိန်က ဒီလောက်စွမ်းအားမြင့်မားလာရတာလဲ။ ငါရထားတဲ့သတင်းအချက်လက်တွေအရဆိုရင် တစ်ယောက်က ကြယ်လေးလုံးအဆင့်နဲ့ တစ်ယောက်က ကြယ်၇လုံးအဆင့်ပဲရှိသေးတာလေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှာ ဘာတွေဖြစ်ခဲ့လို့လဲ ဒီသိုင်းဆရာနှစ်ယောက်နဲ့ ထွက်တောင်မလာသေးတဲ့ အလတ်ဇန္ဒားရောဆို ငါအလံနှစ်စုံမြို့တော်ကို ဘယ်လိုသိမ်းပိုက်ရတော့မှာလဲ..." သူတွေးလိုက်မိ၏။