← Chapters

အခန်း (၅၂၇)

Vol. 33 Ch. 527

အခန်း (၅၂၇)

Vol. 33 Ch. 527

မဟာနှင်းတောင်မှ သိုင်းဆရာနှစ်ယောက်သည်လည်း စိုးရိမ်နေကြသည်။

အလံနှစ်စုံမြို့တော်ဂိတ်တံခါးသည် သူတို့၏အရှေ့တွင်ရှိနေသော်လည်း သူတို့ရှေ့သို့ ဆက်လက်သွားနိုင်ခြင်းမရှိကြပေ။

ချမ်းဘော့ဒ်ဘုရင်သည် သူတို့၏ ဂျူနီယာညီလေးပြောသကဲ့သို့ အလွန်စွမ်းအားကြီးမားနေကောင်းနေနိုင်သော်လည်း သူတို့ အနိုင်ယဓနို်ငကြလိမ့်မည်ဟုထင်ခဲ့ကြသည်။ သို့သော် တကယ်တန်းတွင် သူတို့သည် အလတ်ဇန္ဒား၏ လက်အောက်မှ လူနှစ်ယောက်ကိုပင် အနိုင်ယူနိုင်ခြင်းမရှိကြပေ။

သိုင်းဆရာတစ်ယောက်ကသာ ကျန်ရှိနေသည့် သိုင်းဆရာတစ်ယောက်ကို နားလည်နိုင်၏။ ရန်သူများနှင့် ခနတာခန့်တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုယောက်ျားနှင့်အမျိုးသမီးသည် သူတို့ထက်များစွာပို၍ အားနည်းသူများမဟုတ်ကြကြောင်းကို အန်နီနှင့် အီနိုတို့ ရိပ်မိလာခဲ့၏။ အချိန်တိုအတွင်းတွင် အနိုင်ယူနိုင်ရန်အတွက် ခဲယဥ်းလိမ့်မည်ဖြစ်သည်။ အရှေ့တွင်ရှိနေသည့် သိုင်းဆရာနှစ်ယောက်ကို အနိုင်ယူနိုင်ရန်အတွက် သူတို့၏အတွင်းအားစွမ်းအင်များစွာကို အသုံးပြုရလိမ့်မည်ဖြစ်၏။ ထို့နောက်တွင် ချမ်းဘော့ဒ်ဘုရင်နှင့် ဆက်လက်တိုက်ခိုက်ရန်မှာ သူတို့အတွက် မဖြစ်နိုင်တော့ပေ။

ဖာရင်တန်နောက်ထပ်အမိန့်တစ်ခုပေးလိုက်သည့်အချိန်တွင် ကျွဲချိုမှုတ်သံထွက်ပေါ်လာ၏။ ဂျက်အင်ပါယာမှ စစ်သည်များသည် အနောက်သို့အနည်းငယ်ဆုတ်ခွာသွားကြ၏။

လက်ရှိဖြစ်ပျက်နေသည့်အရာများသည် ဤမင်းသား၏အစီစဥ်များကို လုံး၀ပင်ဖျက်စီးပစ်လိုက်၏။ စွမ်းအားမြင့်သိုင်းဆရာများ၏ စစ်ပွဲများအပေါ်လွှမ်းမိုးနိုင်စွမ်းကို ထက်မံကာ ပြသလိုက်ခြင်းပင်။

ဖာရင်တန်သည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်ထံသို့ အ၀ေးမှလှမ်းကြည့်နေရင်းဖြင့် ခံစားချက်မျိုးစုံကို ခံစားနေရလျှက်ရှိသည်။

ခံတပ်နံရံပေါ်တွင် လူများစွာရပ်နေသည်ကို မြင်နေရသော်လည်း ထိုလူများထဲတွင် ချမ်းဘော့ဒ်ဘုရင်ကိုမူ သူတွေ့ရခြင်းမရှိပေ။ ဤဘုရင်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူတို့ သိုင်းကွက်များနှင့်စစ်ဘက်ဆိုင်ရာဗျူဟာများကိုလည်း ထုတ်သုံးနိုင်ခြင်းမရှိပေ။ သူသည်ဖှေးနှင့် စတွေ့စဥ်ကတည်းက ထိန်းချုပ်ခံထားရသကဲ့သို့ ခံစားနေရပြီး ထိုခံစားချက်သည် အချိန်နှင့်အမျှပင် ပို၍ ဆိုး၀ါးလာနေလျှက်ရှိ၏။

ဤအခိုက်တန့်တွင် အသက်ရှင်ကျန်နိုင်ခဲ့သည့် ဇီးနစ်မှ မြင်းစစ်သည်၅၀၀၀သည်လည်း မြို့တော်အတွင်းသို့ လုံလုံခြုံခြုံဖြင့် ၀င်ရောက်သွားနိုင်ပြီဖြစ်၏။

မြို့တော်ထဲသို့နောက်ဆုံး၀င်ရောက်သွားသည့်လူမှာ အဆင့်၄မီးမှုတ်သားရဲတစ်ကောင်ကို စီးနင်းနေ၏။ လက်များကို မြင်းဇက်ကြိုးအားကိုင်ထားရင်းဖြင့် စစ်မြေပြင်ကို ပြန်လှည့်ကြည့်လိုက်သည်။

ထိုလူသည် ပို၍ပိန်သေးကာ အရပ်ပုသည့်လူတစ်ယောက်ကိုလည်း သူ၏လက်ထဲတွင် ပွေ့ပိုက်ထား၏။

ထိုလူသည်အမျိုးသမီးတစ်ယောက်ပင်ဖြစ်ပြီး သူမသည် အနုစိတ်သည့် ဦးဆောင်းတစ်ခုနှင့် အမျိုးသမီးချပ်၀တ်တစ်စုံကို ၀တ်ဆင်ထား၏။ သူမ၏ ချောမွေ့ကာဖြူဖွေးနေသည့် အသားရေကိုလည်း တစ်နည်းအားဖြင့် မြင်နေရပြီးဦးဆောင်းအောက်မှ ထွက်ပေါ်လာနေလျှက်ရှိသည့် ရှည်လျားသည့်အမဲရောင်ဆံနွယ်များကိုလည်း မြင်တွေ့နေရ၏။

"နင့်မျက်လုံးတွေကို ဖွင့်လို့ရပါပြီ အန်ဂျယ်လာ။ နင်ကြောက်နေသေးလား..."

ဖှေးသည် မြင်းဇက်ကြိုးကို အသာယာဆွဲလိုက်ပြီးတစ်ဖက်သို့လှည့်လိုက်သည်။ သူသည် သိုင်းဆရာလေးယောက်တိုက်ခိုက်နေသည်ကို ကြည့်ကာ အန်ဂျယ်လာ၏ ဦးဆောင်းကို ချွတ်ပေးလိုက်ရင်းဖြင့် မေးလိုက်၏။

"မကြောက်ပါပြီး အလတ်ဇန္ဒား။ နင်သာ ငါ့အနားရှိနေရင် ဘာကိုမှမကြောက်ပါဘူး..." သူမသည် ထိုကဲ့သို့ပြောနေသော်လည်း သူမ၏ မျက်လုံးများကိုမူ တင်းကြပ်စွာပိတ်ထား၏။ မီးမှုတ်သားရဲအား စီးနင်နေရသည့်အတွက်ကြောင့်ဖြစ်ပေလိမ့်မည်။ သူမသည် စိုးရိမ်စိတ်များကြောင့် အနားတွင် ဖှေးမှ ကာကွယ်ပေးထားသော်လည်း ချွေးများပျံနေလျှက်ရှိ၏။ သို့သော် ဤကဲ့သို့အသွင်ပြင်ကပင် သူမအား တစ်နည်းအားဖြင့် ချစ်စရာကောင်းနေစေလျှက်ရှိသည်။

သူမထိုကဲ့သို့ပြောရင်းဖြင့် သူမအမှန်တိုင်းပြောနေကြောင်းကို သိသာစေရန်အတွက်မျက်လုံးများကို ဖြေးညှင်းစွာပြန်ဖွင့်လိုက်သည်။

"အလတ်ဇန္ဒား ငါတို့ ရန်သူတွေကို ဖြတ်ကျော်လာနိုင်ခဲ့ပြီလား..."

ဖှေးသည်ရယ်မောကာ ဇနီးလောင်း၏ ပါးပြင်ကို နမ်းလိုက်၏။ သူမ၏ နားအနားသို့ကပ်ကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့ ငါတို့ မြို့ထဲတောင်ရောက်နေပြီလေ..."

ဂိတ်တံခါးပိတ်သည့်အသံများထွက်ပေါ်လာသည့်အချိန်တွင် အန်ဂျယ်လာသည် သက်ပြင်းချလိုက်ပြီး သူမ၏ မျက်လုံးများကို အပြည့်၀ဖွင့်လိုက်၏။ သူမ၏ မျက်လုံများထဲတွင် ဂုဏ်ယူသည် အရိပ်ယောင်များဖြင့် ဖှေးအားကြည့်ကာ ပြောလိုက်သည်။ "အလတ်ဇန္ဒား ဒါက ငါနင့်ဘေးမှာ အတူတိုက်ခိုက်လာတာလို့ ပြောလို့ရတယ်။ ငါက နင်နဲ့အတူ စစ်မြေပြင်ကို သွားခဲ့တာပဲ။ ငါက ရဲရင့်တဲ့ မိဖုရားတစ်ပါးပဲမလား..."

ဖှေးရယ်မောလိုက်သည်။ အန်ဂျယ်လာ၊ အန်မာ၊ အစေခံကောင်မလေးလေးယောက်တို့နှင့် မင်းသမီး ဗစ်တိုးရီးယားတို့အပါ၀င် အားနည်းသည့် မိန်းကလေးများသည် စစ်သည်များကြားထဲတွင်ပုန်းအောင်းကာ မြို့အတွင်းသို့ လိုက်ပါ၀င်ရောက်လာကြခြင်းပင်။

ဖှေးသည် သူတို့အား အန္တရာယ်ကင်းပြီး သွေးထွက်သံယိုမြင်ကွင်းများကို မမြင်ရစေရန်အတွက် ရှေးမြို့ဟောင်းထဲသို့သာ ပို့ထားရန်အတွက် စီစဥ်ထားခဲ့သော်လည်း ပထမဆုံးအနေဖြင့် အန်ဂျယ်လာမှ ငြင်းဆန်လိုက်ပြီးဖှေး၏ ဘေးတွင်သာ ရှိချင်ကြောင်းကြောလိုက်၏။

ရှေးမြို့ဟောင်းသည်လည်း လူသူမရှိသည်မှာ နှစ်ပေါင်းတစ်ရာကျော်ခန့်ပင်ရှိပြီဖြစ်သောကြောင့် အလံနှစ်စုံမြို့တွင် ပို၍အသုံးဆောင်စုံစုံလင်လင်ရှိသည်ဟုဆိုနိုင်၏။ ထို့ကြောင့် ဖှေးသည် သူ၏ဇနီးလောင်းနှင့် ကောင်မလေးများကိုလည်း မြို့အတွင်းသို့ခေါ်ဆောင်လာရန်အတွက် ဆုံးဖြတ်လိုက်ခြင်းပင်။

စစ်သည်အင်အား ခြောက်ထောင်ထဲတွင်အများစုမှာ တိုက်ရည်ခိုက်ရည်မရှိသည့် အုပ်ချုပ်ရေးပိုင်းမှလူများပါ၀င်သည့်အတွက် သူတို့အတွက် ဂျက်အင်ပါယာမှ စစ်သည်များကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပေ။ သို့သော် အဖိုးကြီးအာရန်း၏ ကောင်းမွန်လှသည့် ဗျူဟာကြောင့် သူတို့သည် အကျဆုံး ငါးရာတစ်ထောင်ခန့်ဖြင့်ပင် ရန်သူများကို အောက်မြင်စွာဖြတ်ကျော်ကာ မြို့ထဲအတွင်းသို့ ၀င်နိုင်လိုက်ကြသည်။

"အော်အေး အန်မာနဲ့ ကောင်မလေးတွေရော အဆင်ပြေရဲ့လား..." အန်ဂျယ်လာသည် သူမ၏ ညီအမကဲ့သို့သော အစေခံကောင်မလေးများကို သတိရလိုက်၏။

"မစိုးရိ်ပါနဲ့ သူတို့ကိုသိုင်းဆရာတွေကာကွယ်ပေးထားပါတယ်။ သူတို့က ငါတို့မတိုင်ခင် မြို့ထဲရောက်နှင့်နေပြီ..." မြို့တော်ဂိတ်တံခါးပိတ်သွားသည့်အချိန်တွင် ဖှေးသည် သူ၏မြင်းကိုလှည့်လိုက်ပြီး သူ၏ဇနီးလောင်းနှင့်အတူ မြို့တော်အတွင်းထဲသို့ စီးနင်းသွားတော့၏။

အန်မာ၊ အစေခံကောင်မလေးများနှင့် အစောင့်စစ်သည်များသည် သူတို့အား စောင့်နေကြ၏။ ဖှေးသည် အစေခံကောင်မလေးများနှင့် ဗစ်တိုးရီးယားတို့ကို အန်ဂျယ်လာအား စောင့်ရှောက်ပေးရန်မှာကြားလိုက်ပြီး သူတို့အား မြို့တော်၀န်စံအိမ်ထံသို့ ပို့ဆောင်လိုက်သည်။ သူတို့သည် ဤနေရာတွင် ယာယီအားဖြင့် နေထိုင်မည်ဖြစ်သည်။ ထို့နောက်တွင် ဖှေးသည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်သို့ ပြန်လာခဲ့တော့သည်။

ဖှေးရောက်လာသည်ကို မြင်သည့်အတွက် တိုက်ပွဲကို အနီးကပ်ကြည့်ရှုနေကြသည့် ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ ဟူအက်၊ ခါနော့တ်နှင့် ဆွေကြီမျိုးကြီးများအံ့သြသွားကြ၏။ မည်သူမှ ဖှေးထွက်သွားသည်ကို မမြင်လိုက်မိသဖြင့် ဖှေးသည် မျှော်စင်ထဲတွင်သာရှိနေသည်ဟု သူတို့ထင်ထားခဲ့သည့်အတွက်ပင်။

"ဆာ..." သူတို့သည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ အလေးပြုလိုက်ကြသည်။

ဖှေးသူ၏လက်ကို ၀ှေ့ရမ်းကာ သူတို့အား ထရန်အတွက် အချက်ပြလိုက်၏။ ထို့နောက်တွင် လမ်းလျှောက်သွားကာ တိုက်ပွဲအား ကြည့်လိုက်သည်။

ခနတာရပ်နားပြီးနောက်တွင် သိုင်းဆရာလေးယောက်သည် ထက်မံ၍အကြိတ်အနယ်တိုက်ခိုက်နေကြပြန်၏။

အတွင်းအားစွမ်းအင်သုံးခုနှင့် မှော်စွမ်းအင်တစ်ခုတို့သည်မီးတောက်များကဲ့သို့ပင် ပေါက်ကွဲနေကြ၏။ မီးများလောင်ကျွမ်းနေသည့်အချိန်တွင် လျှပ်စီးများနှင့် ရေခဲများသည်လည်း အဆက်မပြတ်ကျဆင်းလာနေလျှက်ရှိ၏။ စွမ်းအားလေးမျိုးသည် မြို့တော်၏အရှေ့တွင် တစ်ခုနှင့်တစ်ခုပြင်းထန်စွာတိုက်ခိုက်နေလျှက်ရှိကြပြီး အနောက်ဘက်ဂိတ်တံခါးအရှေ့မြေပြင်သည် ငရဲခန်းကဲ့သို့ပင်။

အခိုက်တန့်တစ်ခုကြာခန့် ဤတိုက်ပွဲမှ ထွက်ပေါ်လာနေသည့် အလင်းရောင်များကြောင့် နေရောင်ခြည်ပင် မှေးမိန်သွားသကဲ့သို့ပင်။

နှစ်ဖက်လုံးမှာ စစ်သည်များခေါင်းဆောင်များသည်လည်း အော်ဟစ်ကာ သူတို့ဘက်မှ သိုင်းဆရာများအတွက် အားပေးနေကြ၏။

သိုင်းဆရာလေးယောက်လုံးသည် အကြိတ်နယ်နှင့် သရေအခြေအနေတွင်သာ ရှိနေဆဲဖြစ်ပုံရ၏။

ဖှေးသည် ခံတပ်နံရံပေါ်တွင် ရပ်နေရင်းဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူသည်၀င်ပါမည့်ပုံမပေါ်ချေ။

"ဒီ၀တ်ရုံတွေနဲ့လူနှစ်ယောက်က ဖာရင်တန်ရဲ့စီနီယာအကိုတွေဖြစ်မယ်ထင်တယ်..." ဖှေးတွေးလိုက်မိ၏။ "ငါစခန်းထဲမှာ ကြားခဲ့တုန်းက စီနီယာအကိုတစ်ယောက်တည်းကိုပဲပြောနေတာပါ။ ဘာလို့ အခုနှစ်ယောက်ဖြစ်နေရတာလဲ..." ဖှေးတွေးမိလိုက်၏။

ထိုလူနှဏ်ယောက်လုံးသည် ကြယ်ကိုးလုံးအဆင့်စစ်သည်များဖြစ်ကြပြီး မီးဂုဏ်သတ္တိအတွင်းအားများကို ကျင့်ကြံကြသူများဖြစ်၏။ သူတို့သည် အဆင့်မြင့်သိုင်းကွက်များစွာကိုလည်းအသုံးပြုနိုင်ကြသည်။

ကြယ်ကိုးလုံးအဆင့်စစ်သည်များသည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှားပါးလှပြီး လက်ငါးချောင်းပင်မပြည့်ပေ။ ဤကဲ့သို့အစွမ်းရှိသည့်လူမည်သူမဆို အင်ပါယာအား တာ၀န်ထမ်းဆောင်ပေးလိုပါက ဆွေကြီးမျိုးကြီးရာထူးများနှင့် ပိုင်ဆိုင်မှုအမြောက်များရရှိနိုင်၏။ သို့သော် ဤကဲ့သို့အဆင့်ရှိသည့်သိုင်းဆရာနှစ်ယောက်သည် ရန်သူဘက်မှရောက်ရှိလာပြီး ဇီးနစ်အင်ပါယာမှစစ်သည်များကို များစွာပင် ထိတ်လန့်သွားစေခဲ့သည်။

သို့သော် ဂျက်အင်ပါယာဘက်မှ အဆင့်မြင့်သိုင်းဆရာနှစ်ယောက်သည် သူတို့အား ရင်ဆိုင်နိုင်သည့် သိုင်းဆရာများဖြင့် တွေ့ဆုံလိုက်ရ၏။

စစ်နတ်သမီးအယ်လီနာသည် ဖှေးနှင့်အတူ ဒိုင်ယာဘလိုကမ္ဘာထဲတွင်လိုက်ပါကာ အလုပ်များစွာကို လုပ်ကာလယ်ဗယ်များမြင့်တတ်လာနေလျှက်ရှိသည်။ သူမ၏ အတွေ့ကြုံအမှတ်အများစုသည် ပါလာဒင်ဇာတ်ကောင်ထဲသို့သာ အသုံးချလိုက်သည်များသောကြောင့် သူမသည် လယ်ဗယ်၈၀လေးသည်တော်တစ်ယောက်ဖြစ်နေဆဲပင်။ ဖှေးပေးထားသည့် လယ်ဗယ်၆ပစ္စည်းများလည်းရှိနေသဖြင့် သူမ၏ အစွမ်းများသည် အပြင်ကမ္ဘာတွင် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်နီးနီးရိ၏။ ထို့အပြင် သူမသည် ဖှေးနှင့်အတူခေါင်းဆောင်ကြီးများကိုလိုက်ပါတိုက်ခိုက်ခဲ့သည့်အတွက် အတွေ့ကြုံများစွာလည်းရရှိထား၏။ ထိုတိုက်ပွဲအတွေ့ကြုံများကို ယနေ့တွင် အပြည့်၀ ထုတ်ဖော်ပြသနေလျှက်ရှိသည်။

နေရောင်အောက်တွင် သူမသည် ရေခဲတောင်ပေါ်တွင်ရပ်နေရင်းဖြင့် မှော်မြှားများကို တစ်လက်ပြီးတစ်လက်ပစ်လွှတ်နေလျှက်ရှိသည်။ သူမ၏ လေးကြိုးသံသည် လူများ၏နားထဲတွင် ဂီတသံတစ်ပုဒ်ကဲ့သို့ပင်။ သူမရှိနေသောကြောင့် မဟာနှင်းတောင်မှ သိုင်းဆရာနှစ်ယောက်သည် ရှေ့သို့ တိုးလာနိုင်ခြင်းမရှိကြပေ။

တစ်ဖက်တွင် လမ်းပါ့ဒ်၏စွမ်းရည်သည် အံ့သြလောက်ဖွယ်ပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁စစ်သည်ပြသခဲ့သည့် ကျင့်ကြံမှုအမြန်နှုန်းမှာ ဖှေးကိုပင် ထိတ်လန့်အံ့သြစေ၏။ ဖှေးကိုယ်တိုင်လည်း နားလည်နိုင်ခြင်းမရှိပေ။ ဟော့ခ်ဆေးပုလင်းသည် သူ၏ အရည်ချင်းကို တိုးမြင့်ပေးခဲ့သည်မှာ မှန်သော်လည်း လမ်းပါ့ဒ်၏ အဆင့်တတ်နှုန်းသည် တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများထက်များစွာမြန်ဆန်နေ၏။

လမ်းပါ့ဒ်ကြယ်သုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်စဥ်က ရေစွမ်းအင်အသုံးပြုခဲ့ကြောင်းကို မှတ်မိသည်။ သူသည် လျှပ်စစ်ဂုဏ်သတ္တိအား ပြောင်းလဲကာ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် သူ၏စွမ်းအားများတိုးမြှင့်လာနှုန်းမှာ ရူးလောက်ဖွယ်ပင်။ ဒိုင်ယာဘလိုကမ္ယာရှိသည့် ဖှေးကိုယ်တိုင်ပင် လမ်းပါ့ဒ်၏စွမ်းအားမြင့်တတ်လာခြင်းကို မယှဥ်နိုင်ဖြစ်နေ၏။

All Chapters