အခန်း (၅၂၉)
Vol. 33 Ch. 529
ထိုလူများသည် ပီတာ၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် တိုးရိစ်တို့ပင်။
သူတို့သည် လေထဲတွင် ထက်မံကြုံး၀ါးလိုက်ရာ သူတို့ ပတ်ပတ်လည်တွင် ထူးခြားသည့်အရှိန်၀ါများပေါ်ထွက်လာပြီး အမဲရောင်သံမဏိသေတ္တာနှစ်လုံးသည် မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိပဲ သူတို့၏ခေါင်းပေါ်တွင် ပေါ်လာတော့၏။ ထိုသေတ္တာများပွင့်သွားပြီး အထဲတွင်လှပသည့်ချပ်၀တ်များရှိနေကြ၏။
ပီတာ၏ခေါင်းပေါ်တွင်ရှိနေသည့် ချပ်၀တ်သည် ကင်းမီးကောက်ကြီးတစ်ကောင်ကဲ့သို့ပင်။ ထိုချပ်၀တ်သည် အသက်၀င်နေသကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာကွဲသွားပြီး ပီတာထံသို့ ပျံသန်းသွားကာ အလိုလျှောက်၀တ်ဆင်လိုက်၏။
ပီးရာ့စ်၏ ခေါင်းပေါ်တွင်ရှိနေသည့်ချပ်၀တ်သည် သံမဏိဆိတ်တစ်ကောင်ကဲ့သို့ပင်။ ထိုသံမဏိဆိတ်သည် ၄င်း၏ခေါင်းပေါ်တွင် ဦးချိုနှစ်ခုပါရှိနေပြီး သေမင်းတမန်များကဲ့သို့ပင်။ ထိုသံမဏိဆိတ်သည် ကိုယ်တိုင်အသက်၀င်လာသကဲ့သို့ပင် ခေါင်းထောင်လာပြီး ကြုံး၀ါးကာ အစိတ်စိတ်အမွှာမွှာကွဲအက်ပြီး ပီးရာ့စ်၏ ခန္ဓာကိုယ်ပေါ်သို့ အလိုလျှောက်၀တ်ဆင်လိုက်၏။
ဒရော့ဂ်ဘာ၏ ခေါင်းပေါ်မှချပ်၀တ်သည် ကျွဲရိုင်းတစ်ကောင်ကဲ့သို့ပင်ဖြစ်ပြီး တိုးရိစ်၏ ခေါင်းပေါ်မှ ချပ်၀တ်သည် လေးတစ်လက်ကို ကိုင်ဆောင်ထားသည့် လေးသည်တော်တစ်ယောက်ကဲ့သို့ပင်။ ထိုချပ်၀တ်နှစ်ခုလုံးသည် ဆူညံသံများပြုလုပ်၍ အမဲရောင်အလင်းတန်းများအဖြစ်သို့ပြောင်းလဲသွားကာ တိုးရိစ်နှင့် ဒရော့ဂ်ဘာတို့၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားတော့၏။
ဤအရာများအားလုံးသည် စက္ကန့်အနည်းငယ်အတွင်းမှာပင်ဖြစ်ပျက်သွားခြင်းပင်။
နှစ်ဖက်လုံးမှ စစ်သည်များမတုန့်ပြန်နိုင်သေးခင်မှာပင် လူလေးယောက်လုံးသည် ပြောင်းလဲခြင်းများကို ပြီးဆုံးသွားပြီဖြစ်၏။ အနုပညာဆန်ကာ၊ ရက်စက်ကြမ်းကြုတ်သည့် ချပ်၀တ်များကို ၀တ်ဆင်ထားရင်းဖြင့် သူတို့လေးယောက်သည် တိုက်ပွဲဆာလောင်နေသည့် သားရဲကောင်များကဲ့သို့ပင်။ သူတိာ့၏ခန္ဓာကိုယ်ပတ်လည်တွင် အတွင်းအားစွမ်းအင်မီးတောက်များတောက်လောင်နေသည့်အတွက် သူတို့သည် စွမ်းအားမြင့်မားကာ ပြိုင်ဘက်ကင်းမဲ့နေကြသည့်အတိုင်းပင်။
ခနတာအတွင်းမှာပင် သူတို့သည် အုပ်စုနှစ်ခုခွဲလိုက်ကြ၏။ ပီတာနှင့်ဒရော့ဂ်ဘာတို့သည် ရန်သူတစ်ယောက်ထံသို့ သွားလိုက်ကြပြီး တိုးရိစ်နှင့် ပီးရာ့စ်တို့သည် ကျန်ရှိနေသည့် ရန်သူထံသို့ ပြေး၀င်သွားကြ၏။
"ဖုန်း ဖုန်း ဖုန်း..."
ချက်ချင်းလိုလိုပင် ကြမ်းတမ်းသည့်တိုက်ပွဲများစတင်လာတော့၏။ နှစ်ဖက်လုံးတွင်ရှိနေသည့် သောင်းနှင့်ချီသောစစ်သည်များသည်လည်း စတင်၍ ကြုံး၀ါးကြတော့သည်။
ချမ်းဘော့ဒ်ဘုရင်၏ လက်အောက်မှ သိုင်းဆရာလေးယောက်၏ ထူးခြားသည့်အသွင်ပြင်များ၊ အရှိန်၀ါများကြောင့် ဇီးနစ်စစ်သည်များစိတ်လှုပ်ရှားနေကြ၏။ သူတို့၏လက်နက်များကို တီးခေါက်ကာ အားပေးနေကြ၏။ သူတို့တွင်လည်းရန်သူများကိုကိုယ်တိုင်၀င်ရောက်တိုက်ခိုက်ရန်အတွက် ထိုကဲ့သို့စွမ်းအားများကို လိုချင်သည့်စိတ်များလည်း ဖြစ်ပေါ်နေကြ၏။
ဂျက်အင်ပါယာဘက်မှလည်း သူတို့၏ သိုင်းဆရာများကို အားပေးသည့်အသံများထွက်ပေါ်လာ၏။
အေဇာရုတိုက်ပေါ်တွင် စွမ်းအားကိုသာ ကိုးကွယ်ကြ၏။ စစ်ပွဲများသည် ထိုအရာသည်ပို၍ မှန်ကန်၏။ နှစ်ဖက်တွင်ပါရှိသည့်စွမ်းအားမြင့်သိုင်းဆရာများအပြန်လန်တိုက်ခိုက်ကြခြင်းသည် အေဇာရုတိုက်ပေါ်တွင်ဖြစ်နေကျပင်။ ထိုသိုင်းဆရာများသည် တပ်ဖွဲ့၏ ဂုဏ်သရေကိုသာ ကိုယ်စားပြုသည်မဟုတ်ပေ။ အင်ပါယာနှင့် တော်၀န်မိသားစုတို့၏ တောက်ပြောင်မှုကိုလည်း ကိုယ်စားပြုနေ၏။
ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာလေးယောက်ခုန်ဆင်းသွားသည်ကို တွေ့လိုက်သည့်အတွက်ကြောင့်ဖှေးလည်း ဤအခိုက်တန့်တွင် ၀င်ရောက်တိုက်ခိုက်ခြင်းမပြုသေးရန်ဆုံးဖြတ်လိုက်သည်။
သူ၏လူများ သေစေနိုင်သည့်တိုက်ပွဲတစ်ခု၏ အတွေ့ကြုံကို ရရှိခြင်းသည်ကောင်းမွနန်သည့်အရာတစ်ခုဖြစ်သောကြောင့်ပင်။ ကြယ်ကိုးလုံးအဆင့်စစ်သည်များနှင့် အသေအကြေတိုက်ခိုက်ရာမှ ရရှိလာမည့်အတွေ့ကြုံများသည်အလွန်ပင် တန်ဖိုးကြီးလိမ့်မည်ဖြစ်၏။
အသစ်ရောက်လာသည့် ရန်သူနှစ်ယောက်သည် ကြယ်ကိုးလုံးအဆင့်စစ်သည်များဖြစ်ကြသော်လည်း ချမ်းဘော့ဒ်မှသိုင်းဆရာလေးယောက်တွင် ကြယ်တာယာချပ်၀တ်၏ စွမ်းအားတိုးမြှင့်မှုများရှိနေကြပြီး ဟော့ခ်ဆေးပုလင်းကိုလည်း သောက်သုံးထားသူများဖြစ်ကြ၏။ ထို့ကြောင့်သူတို့သည် လက်ရှိလယ်ဗယ်ထက်များစွာပို၍ သန်မာသည်ဟု ဆိုနိုင်၏။ သူတို့သည် အနိုင်မရရှိကောင်းမရရှိနိုင်သော်လည်း ခနတာခန့် တောင့်ခံထားနိုင်မည်ဖြစ်သည်။
ထို့အပြင် ဖှေးသည်လည်း တိုက်ပွဲအနီးနားတွင်ရှိနေသည့်အတွက် တစ်ခုခုလွှဲမှားလာပါက အချိန်မရွေး၀င်ရောက်ကူညီနိုင်၏။
ဖှေး၏ လူရိုင်းဇာတ်ကောင်သည် လက်ရှိတွင် လယ်ဗယ်၉၉သို့ရောက်ရှိနေသည့်အတွက် သူသည် လအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသည့်သိုင်းဆရာတစ်ယောက်ဖြစ်နေသည်ဟု ဆိုနိုင်၏။ ထို့ပြင် ဒိုင်ယာဘလိုကမ္ဘာမှစွမ်းအားများသည် များစွာပို၍ အစွမ်းထက်သည့်အတွက် သာမန်ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်သည် ဖှေးအား ဒုက္ခပင်ပေးနိုင်လိမ့်မည်မဟုတ်ပေ။
ဖှေး အားစိုးရိမ်စေသည့် တစ်ခုတည်းသောအရာမှာ ဂျက်အင်ပါယာဘက်တွင်ရှိနေသည့် ကြယ်ကိုးလုံးအဆင့်စစ်သည်အရေတွက်ပင်။
"ဘာလို့စွမ်းအားမြင့်စစ်သည်တွေအများကြီး ရုတ်တရက်ရောက်လာရတာလဲ..."
ဂျက်အင်ပါယာမှ သောင်းနှင့်ချီသည့်စစ်သည်များကာကွယ်ပေးနေသည့် သဲတောင်ကုန်းတစ်ခုပေါ်တွင် တပ်ဖွဲ့၏ အမိန့်ပေးအလံတိုင်တစ်ခုထောင်ထား၏။
မည်သည့်အချိန်ကတည်းကရောက်ရှိနေမှန်းမသိပေ။ အလံအောက်တွင် ရပ်နေသည့်လူမှာ ဖာရင်တန်မဟုတ်ပဲ ဖှေးတစ်ခါမှမတွေ့ဖူးသေးသည့်လူတစ်ယောက်ပင်။
ထိုလူသည် အရပ်မရှည်လွန်းမပုလွန်း၊ မပိန်လွန်းမ၀လွန်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူသည် အနီရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားပြီး တိုက်ပွဲကို လေ့လာသုံးသပ်နေရင်းဖြင့် တိတ်ဆိတ်စွာပင်ရပ်လျှက်ရှိနေ၏။ သို့သော် သူ၏ ပတ်ပတ်လည်တွင် ပါးလွှာသည့် မြူလွှာတစ်ခုရှိနေပုံရပြီး သူ၏မျက်နှာကို အ၀ေးမှရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းမရှိပေ။ သူ၏၀တ်ရုံသည် တစ်ဖျက်ဖျက်လွှင့်ပျံနေရင်းဖြင့် လူများကို နီးသလိုလိုနှင့် ၀ေးနေသည့် ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိ၏။ အာကာသနိယာမများသည် သူ့အတွက်အလုပ်မလုပ်သည့်အတိုင်းပင်။ သူ၏ဘေးတွင်ရှိနေသည့် အဆင့်မြင့်ခေါင်းဆောင်များသည် ဤလူအား မှတ်မိရန်အတွက် အတတ်နိုင်ဆုံးကြိုးစားနေကြသော်လည်း သူတို့ မည်မျှပင် ကြိုးစားစေကာမူ နောက်တစ်စက္ကန့်တွင် ပြန်လည်ကာ မေ့သွားကြ၏။
ဖာရင်တန်သည်လည်း ထိုလူ၏အနောက်တွင် ရပ်နေခြင်းမရှိပေ။
သူ၏အနောက်တွင် လူငယ်နှစ်ယောက်ရပ်နေကြပြီး သူတို့နှစ်ယောက်လုံးသည်လည်း အနီရောင်၀တ်ရုံများကို ၀တ်ဆင်ထား၏။ ပို၍အသက်ကြီးသည့်လူသည် အသက်၂၈နှစ်ခန့်ရှိပုံရ၏။ သူသည် ဂျက်အင်ပါယာမှ လူများ၏ အသွင်အပြင်အပြည့်ရှိ၏။ သူ၏မျက်လုံးများသည် စူးရှကာ တက်ကြွသည့် အလင်းရောင်များသည် သူ၏မျက်လုံးများထဲတွင် တောက်ပနေလျှက်ရှိ၏။
ဤလူသည် ဓားအိမ်ထဲတွင် ထည့်ထားသည့် စွမ်းအားမြင့်ဓားရှည်တစ်လက်ကဲ့သို့ပင် စွမ်းအားမြင့်မားသော်လည်း သိုသိုသိပ်သိပ်နေထိုင်နေ၏။ ပို၍အသက်ငယ်သည့်လူမှာ အသက်၂၀ခန့်သာ ရှိသေးပုံရသည်။ သူသည် ဂျက်အင်ပါယာမှ သာမန်လူများထက် ပို၍ အရပ်ရှည်ကာ ထွားကျိုင်းနေ၏။ သူ့တွင် ရွှေရောင်ဆံပင်များ၊ အစိမ်းရောင်မျက်လုံးများ၊ အဖြူရောင်အသားရေတို့ကို ပိုင်ဆိုင်ထားပြီး ခန့်ညားသည့်လူငယ်တစ်ယောက်ပင်။ သို့သော် သူသည် မှုန်ကုပ်ကုပ်ဖြင့် ရန်လိုနေသကဲ့သို့ပင်။
ထိုလူများသည် မင်းသားဖာရင်တန်အစား အမိန့်ပေးအလံအောက်တွင် ရပ်နေကြ၏။
ဖာရင်တန်သည် သူ၏မျက်နှာပေါ်တွင် အံ့သြခြင်း၊ ၀မ်းသာခြင်းစသည့် အမူယာတို့ဖြင့် သူတို့ သုံးယောက်၏အနောက်တွင် လေးစားမှုအပြည့်ဖြင့် ရပ်နေလျှက်ရှိသည်။ သို့သော် သူ၏ မျက်လုံးထဲတွင် ဖုံးကွယ်ထားသည့် ပို၍နက်ရှိုင်းကာ ပို၍ ရှုပ်ထွေးသည့် ခံစားချက်များလည်းရှိနေ၏။
"အလံနှစ်စုံမြို့တော်ထဲမှာ စွမ်းအားမြင့်စစ်သည်တွေအများကြီးရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။" မုတ်ဆိတ်များ၊ ဆံပင်ကောက်များဖြင့် လူငယ်သည် ချမ်းဘော့ဒ်မှသိုင်းဆရာလေးယောက် သူ၏ ဂျူနီယာညီနှစ်ယောက်ကို တားဆီးလိုက်သည်ကို ကြည့်ရင်းဖြင့် ပြောလိုက်၏။ "ညီလေးနဲ့ စစ်သည်ခြောက်သောင်း ဒီနေရာမှာပင် ငါးရက်လောက် ကြာနေတာ အံ့သြစရာတော့မဟုတ်တော့ပါဘူး..."
"စီနီယာအကို မိုဒေါ့။ သူတို့ဘက်ကစွမ်းအားအကြီးဆုံးသိုင်းဆရာဖြစ်တဲ့ဘုရင်အလတ်ဇန္ဒားက ရောက်မလာသေးပါဘူး။" ဖာရင်တန်သည် ဤလူအား လေးစားစွာဖြင့် ကြည့်လိုက်ပြီး ရိုရိုသေသေပြောလိုက်သည်။ အကယ်၍ ဖှေးသာဤနေရာတွင်ရှိနေပါက ဖာရင်တန်သည် ထိုနေ့က ဤလူအား ပြောနေခြင်းဖြစ်ကြောင်းကို သိလိုက်လိမ့်မည်ဖြစ်သည်။
"ဟမ် ဘုရင်အလတ်ဇန္ဒား ဟုတ်လား။ ဟာသပဲ ငါက သူ့ကို င့ါလက်တစ်ချောင်းထဲနဲ့တောင်လွယ်လွယ်လေးသတ်ပစ်လိုက်လို့ရတယ်။ ဂျူနီယာညီလေးဖာရင်တန်က ဒီလိုအမှိုက်သရိုက်တွေရဲ့ တားဆီးတာကို ခံနေရတာလား။ ဂျူနီယာညီလေးက ငါတို့ မဟာနှင်းတောင်ကို အရှက်ရအောင်လုပ်နေတာပဲ..." အနည်းငယ်မှုန်ကုပ်ကုပ်ဖြစ်နေသည့် ကျန်ရှိနေသည့် လူငယ်တစ်ယောက်မှ ရယ်မောလိုက်သည်။ သို့သော် သူ၏ အသံနေအသံထားမှာ မာနထောင်လွှားကာ ချိုးနှိမ်လိုသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။
သူထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် မင်းသားဖာရင်တန်၏ ဘေးတွင်ရှိနေသည့် ဂျက်အင်ပါယာမှ ခေါင်းဆောင်များသည် ချက်ချင်းပင် ဒေါသဖြစ်သွားကြ၏။
သို့သော် ဖာရင်တန်သည် စိတ်ဆိုးခြင်းမရှိပေ။ သူသည်လက်၀ှေ့ရမ်းကာ သူ၏ ခေါင်းဆောင်များကို ငြိမ်ငြိမ်နေကြရန်အချက်ပြလိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ ဆက်ပြောလိုက်၏။ "ဘုရင်အလတ်ဇန္ဒားက စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ပဲ စီနီယာအကိုတိုနီ။ အကိုက မဟာနှင်းတောင်က ပါရမီရှင်သိုင်းဆရာအနည်းငယ်ထဲက တစ်ယောက်ဆိုပေမယ့်။ အကိုတောင်ချမ်းဘော့ဒ်ဘုရင်ကို အနိုင်မယူနိုင်လောက်ဘူး..."
ထို တိုနီအမည်ရှိသည့် မှုန်ကုပ်ကုပ်လူငယ်သည် အနောက်သို့ လှည့်လိုက်ပြီး ဖာရင်တန်အား ရက်စက်ကြမ်းကြုတ်သည့်သားရဲတစ်ကောင်ကဲ့သို့စိုက်ကြည့်လိုက်သည်။ သတ်ဖြတ်လိုသည့်အရှိန်၀ါများ ပေါ်ထွက်လာ၏။ ခနာအကြာတွင် သူနှာခေါင်းရှုံ့လိုက်သည်။ "မင်းက င့ါကို သူနဲ့တိုက်ခိုက်စေချင်နေတာလား။ ငါက မင်းရဲ့လှည့်ကွက်တွေကို မရိပ်မိဘူးလို့မင်းမထင်နဲ့။ မင်းရဲ့ မင်းသားဆိုတဲ့အရာထူးက င့ါမျက်လုံးထဲမှာ ဘာမှမဟုတ်တာကို တော့မမေ့ပါနဲ့။ မင်းင့ါကို နောက်ထပ်လာပြီး ကစားဖို့မလုပ်နဲ့တော့။ ဒါပေမယ့် ငါကမင်းထက်အမြဲတန်းသာတယ်ဆိုတာကို သက်သေပြဖို့အတွက် ဒီနေ့ချမ်းဘော့ဒ်ဘုရင်ကို သတ်ပေးလိုက်မယ်..."
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် သူရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားတော့၏။