← Chapters

အပိုင်း(၁၃၇)-သားရဲထိန်းကျောင်းသူအသင်းသို့ဦးတည်ခြင်း

Vol. 002 Ch. 137

အပိုင်း(၁၃၇)-သားရဲထိန်းကျောင်းသူအသင်းသို့ဦးတည်ခြင်း

Vol. 002 Ch. 137

ထိုအစည်းအဝေးသည် နှစ်နာရီလောက်ကြာသွားသည်။ အစည်းအဝေးခန်းမမှ ထွက်လာသောအခါ အားလုံး၏ မျက်နှာများသည် ယုံကြည်ချက်အပြည့်ဖြစ်နေကြသည်။ သူတို့ရှေ့တွင် အလွန်ပြည့်စုံနေမည့် အနာဂတ်ရှိနေသည်။

အခြွေအရံများနောက်တွင် ရှီမာယူယူထွက်လာကာ သူတို့သည် ရှီမာယူယူအားမြင်သောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။

ရှီမာယူယူတွင် အားနည်းချက်ရော တုံ့ဆိုင်းမှုပါမရှိပေ။ ထိုအချိန်တိုအတွင်းတွင် သူတို့သခင်သည် ရှုံးနိမ့်မသွားပဲ အဆင်ပြေပြေဖြင့် အားလုံးကို အစီအစဉ်ချနိုင်ခဲ့သည်။

သူတို့တွေးထင်ခဲ့သော သခင်သည် ထိုမျှလောက် ခေါင်းဆောင်အရည်အချင်းရှိလိမ့်မည်ကို ထင်မထားခဲ့ပေ။

“သခင်လေး” ချွန်ဂျီအန်းသည် အပြင်တွင်တစ်ချိန်လုံးစောင့်နေခဲ့သည်။ ရှီမာယူယူထွက်လာသည်ကို မြင်သည်နှင့် သူမရှေ့ထွက်လာကာမေးလိုက်သည် “သခင်လေး၊ သခင်လေးကျူနဲ့တခြားသူတွေလာကြတယ်၊ သူတို့စောင့်နေတာ နည်းနည်းတော့ကြာပြီ”

“ဖက်တီးနဲ့ တခြားသူတွေလာတယ်ဟုတ်လား၊ သူတို့ဘယ်မှာလဲ” ရှီမာယူယူမေးလိုက်သည်။

“သူတို့အပြင်မှာစောင့်နေကြပါတယ်” ချွန်ဂျီအန်းပြောလိုက်သည် “ကျွန်မတို့မှာ အိမ်အများကြီးမရှိတော့ဘူးဆိုတော့ သူတို့ကို အပြင်မှာပဲစောင့်ခိုင်းထားလိုက်တယ်”

“ငါသိပြီ” ရှီမာယူယူပြောလိုက်သည် “အိမ်တော်ထိန်း သွားလို့ရပါပြီ”

“ဟုတ်ကဲ့ပါ ဒီအစေခံအိုကြီးသွားပါတော့မယ်” အိမ်တော်ထိန်းသည် အရိုအသေပေးကာ လှည့်ထွက်သွားတော့သည်။

ချွန်ဂျီအန်း ရှီမာယူယူအား ရှေ့မှဦးဆောင်ခေါ်သွားတော့သည်။ လူတစ်စု မတ်တတ်ရပ်နေသည်ကို တွေ့သဖြင့် သူမခြေလှမ်းများသွက်လိုက်သည်။

“ယူယူ” သူမလျှောက်လာသည့်ခြေသံကိုကြားသည်နှင့် သူတို့လှည့်ကြည့်လိုက်ကြသည်။

ဘေဂုံထန်နှင့် တခြားသူများ၏ မျက်နှာတွင် စိုးရိမ်မှုများကို ရှီမာယူယူမြင်လိုက်ပြီး သူတို့အားပြုံးပြကာ ပြောလိုက်သည် “မင်းတို့အတွက်နေရာမရှိတာ တောင်းပန်ပါတယ်”

“ယူယူ မင်းကျောင်းကထွက်သွားတယ်ကြားလို့ ငါတို့ကြည့်ဖို့လာကြတာ” ဘေဂုံထန်ပြောလိုက်သည် “မင်းရဲ့ ခန္ဓာကိုယ်အခုဘယ်လိုနေလဲ”

“ဟုတ်တယ် မင်းရဲ့အရိုးတွေကျိုးသွားတယ်လို့ငါကြားတယ်၊ အခုဘယ်လိုနေလဲ တစ်ကိုယ်လုံးနာတုန်းပဲလား” ဖက်တီးကျူမေးလိုက်သည်။

ရှီမာယူယူ ခေါင်းခါကာ ပြောလိုက်သည် “ဘယ်လိုလုပ်အဲလောက်ပြင်းထန်မလဲငါရက်နည်းနည်းလောက်မေ့လဲသွားပြီး သက်သာတဲ့အချိန် နိုးလာတာပဲ”

“တကယ်လား” ဝေကျိရွှီ ရှီမာယူယူအားကြည့်သည်နှင့် အဆင်ပြေသည့်အကြောင်း သူမခန္ဓာကိုယ်အား လှုပ်ပြလိုက်သည်။ ထိုမှသာ အားလုံးစိတ်သက်သာရာ ရတော့သည်။

“တခြားနေရာမှ သွားပြောရအောင်၊ အခုတော့ စစ်သူကြီးအိမ်တော်မှာ မင်းတို့အတွက်အဆင်ပြေမယ့်နေရာမရှိသေးဘူး” ရှီမာယူယူပြောလိုက်သည် “ငါတို့ဒီနားက လက်ဖက်ရည်ဆုင်သွားရအောင်”

သူတို့ငါးယောက်သည် လက်ဖက်ရည်ဆိုင်သို့သွားကာ သီးသန့်အခန်းကို ယူလိုက်ကြသည်။ လက်ဖက်ရည်လာချသောအခါတွင် ဆိုင်ရှင်သည် ရှီမာယူယူအား တစ်ခဏမျှစိုက်ကြည့်သွားသည်။

ရှီမာယူယူ လက်ဖက်ရည်ပန်းကန်အားကောက်ယူကာ ဖက်တီးကျူအားပြောလိုက်သည် “ဖက်တီး၊ ငါမင်းကို ဂုဏ်ပြုပေးချင်တယ် ငါလိုအပ်နေတဲ့အချိန်မှာ ငါ့မျိုးနွယ်ကို ကူညီပေးလို့်ကျေးဇူးတင်တယ်”

“ယူယူ မင်းဒီလိုလုပ်တာနဲ့ ငါ့ကျင့်သားမရသေးဘူး” ဖက်တီးကျူသည် ခေါင်းကုတ်ကာပြောလိုက်သည်။

ရှီမာယူယူ ပြုံးကာ လက်ဖက်ရည်ပန်းကန်အားပြန်ချလိုက်သည်။ ထို့နောက် နောက်တစ်ခွက်ထည့်ကာ ဝေကျိရွှ့ီအားပြောလိုက်သည် “ဒါက မင်း ဘိုးလေးကိုပြောပေးလို့ သားရဲထိန်းကျောင်းသူအသင်းက ကူညီပေးတဲ့အတွက်၊ ကျေးဇူးပါကျိရွှီ”

ဝေကျိရွှီသည် လက်ဝေ့ပြကာ ပြုံးလိုက်ပြီး ရှီမာယူယူနှင့်အတူ လက်ဖက်ရည်တစ်ခွက်သောက်လိုက်သည်။

ရှီမာယူယူ သုံးခွက်မြောက်လက်ဖက်ရည်ထည့်ကာ ပြောလိုက်သည် “ဒီတစ်ခွက်က ဒီအတောအတွင်း ငါ့ကို မင်းတို့ကူညီပေးတဲ့အတွက်ပဲ”

ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် ခွက်အားကိုင်ကာ လက်ဖက်ရည်သောက်လိုက်ကြသည်။

“ယူယူ အခုလက်ရှိ ရှီမာမျိုးနွယ်ရဲ့ အခြေအနေကမကောင်းဘူးလို့ကြားတယ်၊ မင်းမှာတခြားအစီအစဉ်ရှိလား” ဖက်တီးကျူပြောလိုက်သည်။

“ရှိတာပေါ့” ရှီမာယူယူပြောလိုက်သည် “အဲလူတွေက ရှီမာမျိုးနွယ်ရဲ့ အိမ်တွေကို လွယ်လွယ်နဲ့ ပျက်စီးမယ်လို့ထင်နေကြတယ်၊ အဘိုးနဲ့ အစ်ကိုတွေမရှိပေမယ့် ငါရှိနေသေးတယ်၊ ငါရှီမာမျိုးနွယ်ကို အရင်ကထက် အားနည်းသွားတာမျိုးအဖြစ်မခံနိုင်ဘူး၊ ငါပိုပြီး အင်အားလွှမ်းမိုးနိုင်အောင်လုပ်မှာ”

“မင်းမှာ ဘာအစီအစဉ်ရှိလဲ” ဝေကျိရွှီမေးလိုက်သည်။

ရှီမာယူယူပြုံးကာ “အဲအတွက် ငါမင်းရဲ့အကူအညီလိုတယ်….”

နောက်တစ်နေ့တွင် ရှီမာယူယူ ဒုဥက္ကဋ္ဌနှင့်တွေ့ရန် ဝေကျိရွှီနှင့်အတူ သားရဲထိန်းကျောင်းသူများအသင်းသို့ လိုက်လာခဲ့သည်။

“ဘိုးလေး ယူယူလာပါတယ်” ဝေကျိရွှီ ရှီမာယူယူအား ဧည့်ခန်းသို့ခေါ်လာကာ ထိုလူ၏ မျက်နှာချင်းဆိုင်တွင်ထိုင်လို်က်သည်။

ရှီမာယူယူ အရိုအသေပေးကာပြောလိုက်သည် “ဒုဥက္ကဋ္ဌကို နှုတ်ဆက်ပါတယ်”

ဒုဥက္ကဋ္ဌ ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါးယောက်မြောက်သခင်လေး ထိုင်ပါ”

“ကျေးဇူးတင်ပါတယ် ဒုဥက္ကဋ္ဌ၊ ယူယူလို့ခေါ်ပါ”

ရှီမာယူယူနှင့် ဝေကျိရွှီတို့ထိုင်သည်နှင့် အစေခံသည် လက်ဖက်ရည်လာချပေးသည်။

“ယူယူ မနေ့က ကျိရွှီငါ့ကိုလာရှာတယ်၊ မင်းငါ့ကိုတွေ့ချင်တယ်လို့ပြောတယ်၊ ဘာဖြစ်လို့လဲ” ဒုဥက္ကဋ္ဌမေးလိုက်သည်။

“ဒီလိုပါ၊ ကျွန်တော်သတိပြန်ရလာတော့ သားရဲထိန်းကျောင်းသူအသင်းက ကျွန်တော်တို့ကို ကူညီတဲ့အကြောင်း အိမ်တော်ထိန်းဆီကနေကြားရပါတယ်၊ သခင်ကြီးအမိန့်လို့လဲကြားပါတယ်၊ အဲဒါကြောင့် ကျွန်တော် လာပြီးကျေးဇူးတင်ကြောင်းပြောတာပါ၊ ပြီးတော့ ဒုဥက္ကဋ္ဌနဲ့ ဆွေးနွေးစရာကိစ္စလေးရှိလို့ပါ”

“ငါ မင်းအဘိုးနဲ့ အဆက်အသွယ်မရှိပေမယ့် သူက လူမှန်ဖြစ်တာကို ငါသိပါတယ်၊ ပြီးတော့ မင်းနဲ့ ကျိရွှီနဲ့က သူငယ်ချင်းကောင်းတွေဖြစ်နေကြတော့ မင်းကို မကူညီနိုင်စရာအကြောင်းမရှိပါဘူး” ဒုဥက္ကဋ္ဌပြောလိုက်သည်။ “မင်းဆိုင်အခြေအနေအတွက်ဆိုရင် လူလွှတ်ပြီး တောင်းဆိုလို့ရတာပဲ”

“အဲအတွက်ကြောင့်ပါ၊ ကျွန်တော် အခြွေအရံတွေနဲ့ တိုင်ပင်ပြီးပြီမို့လို့ပါ၊ အဲဒါကြောင့် ကျွန်တော် ကျိရွှီကိုပြောပြီး သခင်ကြီးကိုလာရှာတာပါ” ရှီမာယူယူပြောလိုက်သည် “ဒုဥက္ကဋ္ဌ ကျွန်တော် အကူအညီလိုချင်လို့ ဒီကိုလာတာမဟုတ်ပါဘူး သားရဲထိန်ကျောင်းသူအသင်းနဲ့ လက်တွဲချင်လို့ပါ”

“လက်တွဲချင်တယ်ဟုတ်လား” ဒုဥက္ကဋ္ဌသည် ရှီမာယူယူအားကြည့်ကာ သူသည် သူတိုနှင့် လက်တွဲရန်ဖြစ်နိုင်သလားဆိုသည်ကို မသိပါ။ “သားရဲထိန်းကျောင်းသူအသင်းရဲ့ ဆုံးဖြတ်ချက်ကို ငါတစ်ယောက်တည်းလုပ်လို့မရဘူး၊ မင်း သားရဲထိန်းကျောင်းသူအသင်းနဲ့ လက်တွဲချင်ရင် သူတို့စိတ်လှုပ်ရှားသွားမယ့် တစ်ခုခုကို မင်းပြရလိမ့်မယ်”

“ကျွန်တော်ဒီအထိရောက်လာမှတော့ အဲအတွက်စဉ်းစားပြီးသားပါ” ရှီမာယူယူပြောလိုက်သည်။

“ဒါဆို ပြောပါ.. သားရဲထိန်းကျောင်းသူအသင်းနဲ့ လက်တွဲမယ့်အစီအစဉ်က ဘယ်လိုလဲ” ဒုဥက္ကဋ္ဌမေးလိုက်သည်။

“ရှီမာမျိုးနွယ်မှာ လေ့ကျင့်ပြီးသား ဝိညာဉ်သားရဲတွေလိုနေပါတယ်၊ သားရဲထိန်းကျောင်းသူအသင်းက ကျွန်တော်တို့လိုအပ်ချက်ကို ဖြည့်ပေးဖို့မျှော်လင့်ပါတယ်” ရှီမာယူယူပြောလိုက်သည် “ပြန်ပေးမှာကတော့ သားရဲထိန်းကျောင်းသူအသင်းအတွက် သူတော်စင်သားရဲတွေထိန်းကျောင်းရာမှာ ကျွန်တော်ကူညီပေးပါမယ်”

“မင်းဘာပြောလိုက်တယ်၊ မင်း သူတော်စင်သားရဲတွေကို လေ့ကျင့်ပေးလို့ရတယ် ဟုတ်လား”

ထိုဆန်းပြားသော အကြောင်းအရာအား ဝေကျိရွှီနှင့် ဒုဥက္ကဋ္ဌတို့ ကြားလိုက်ချိန်တွင်တော့ ကြက်သေသေသွားကြသည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ်၊ ကျွန်တော့် ကမ်းလမ်းချက်ကို သားရဲထိန်းကျောင်းသူအသင်းက လက်ခံဖို့ဖြစ်နိုင်မလား သိချင်ပါတယ်”

“ယူယူ မင်းကသားရဲထိန်းကျောင်းသူလား” ဝေကျိရွှီ ရှီမာယူယူအားကြည့်လိုက်သည်။ သူမနှင့် အတူ တစ်မိုးတည်းအောက်တွင် နေခဲ့ပေမယ့် အံ့သြပြီးရင်း အံ့သြရသည်။

ရှီမာယူယူခေါင်းညိတ်လိုက်သည်။

ရှီမာယူယူအားကြည့်သော ဒုဥက္ကဋ္ဌ၏ အကြည့်သည် ပြောင်းလဲသွားသည်။ သူပြောသည်မှာ “မင်းအရင်က သူတော်စင်သားရဲကိုလေ့ကျင့်ပေးဖူးလား”

“ဟုတ်”

“အဆင့်ဘယ်လောက်လဲ”

“အဆင့်လေး”

ဝေကျိရွှီသည် ရှီမာယူယူအား ထူးဆန်းသော သတ္တဝါတစ်ကောင်ကဲ့သို့ကြည့်နေခဲ့သည်။ အရည်အချင်းရှိသူသည် ပုံမှန်မဟုတ်သော အကျိုးရလဒ်ကောင်းများရရှိတတ်သည်ဟု ဘိုးလေးပြောဖူးသည်။ သို့သော် အခုတော့ သူသည်ပင် သူတော်စင်သားရဲအားမထိန်းကျောင်းနိုင်ခင်ပင် ရှီမာယူယူသည် အဆင့်လေးသူတော်စင်သားရဲအားထိန်းကျောင်းနိုင်ပြီးဖြစ်သည်။

သူ့ဘိုးလေးကဲ့သို့ သားရဲထိန်းကျောင်းသူအသင်း၏ ဒုဥက္ကဋ္ဌသည်ပင်လျှင် နှစ်ပေါင်းရာချီနေခဲ့မှပင် အဆင့်ခြောက်သူတော်စင်သားရဲကို ထိန်းကျောင်းနိုင်ခြင်းဖြစ်သည်။

ထို့အပြင် သူမဝိညာဉ်စွမ်းအင်သည် ထို့ထက်ပင်မြင့်သေးသည်၊ ပြီးတော့ သူမသည် အဂ္ဂိရတ်ပညာရှင်လည်းဖြစ်သေးသည်။

သူ ခေါင်းကုတ်လိုက်ကာ ဒီလူသည် သူနှင့်အတူနေခဲ့သော သူမှဟုတ်ရဲ့လား။

မဖြစ်နိုင်တာ၊ သူမလူသားမှဟုတ်ရဲ့လား။ သူမသည် ပါရမီရှင်ဖြစ်နေသည်မှာ အသေချာပင်။

“မဖြစ်နိုင်တာ” ရှီမာယူယူအားကြည့်ကာ ဒုဥက္ကဋ္ဌသည် အသိပြန်ဝင်လာကာ ပြောလိုက်သည်။

“ကျွန်တော် သက်သေပြနိုင်ပါတယ်” ရှီမာယူယူပြောလိုက်သည် “အသင်းမှာ မထိန်းကျောင်းရသေးတဲ့ ဝိညာဉ်သားရဲရှိရင် ကျွန်တော်လေ့ကျင့်ပေးနိုင်ပါတယ်၊ အဲဒါကို ကျွန်တော်တို့နဲ့ လက်တွဲတဲ့ အထိမ်းအမှတ်အဖြစ်သတ်မှတ်နိုင်ပါတယ်”

“ကောင်းပြီလေ၊ ပြီးခဲ့တဲ့နှစ်ရက်ကရောက်တဲ့ သူတော်စင်သားရဲရှိတယ်၊ ငါတို့နောက်နှစ်ရက်လောက်မှ လေ့ကျင့်ပေးမလို့လုပ်ထားတာ၊ မင်းအခု လုပ်ကြည့်ချင်ရင် ငါပေးလို့ရတယ်” ဒုဥက္ကဋ္ဌသည ထိုလူငယ်အား စိတ်ဝင်စားသွားပြီး အခုလေးတင်ပို့လိုက်သော ဝိညာဉ်သားရဲကိုသတိရမိသည်နျင့် ကြိုးစားကြည့်ခိုင်းလိုက်သည်။ သူသည် သူတော်စင်သားရဲအားထိန်းကျောင်းနိုင်သည်ဟု ပြောသောကြောင့် သူကြည့်ချင်သည်။

ရှီမာယူယူ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည် “ကောင်းပါပြီ”

All Chapters