အခန်း (၁၁၂၂)
Vol. 81 Ch. 1122
ဟန်မူယဲ့က ယွင်လျန်မြို့တွင် လုံလောက်သော ပြန်လည်မွေးဖွားခြင်းမီးတောက်ကို ရရှိခဲ့ပြီး ရွှေကျီးကန်းမီးတောက်က အဆင့်မြင့်သွားသည်။
ထို့အပြင် ရွှေမီးတောက်နှင့် ပြန်တွေ့ခဲ့ရသောကြောင့် ပျော်ရွှင်နေသည်။
ရွှေမီးတောက်က ကိုယ်ပိုင်ကံကောင်းခြင်းကို ရရှိထားသည်။
မူဝမ်၊ လေ့ကျင့်ရေးမှူးလင်းနှင့် တခြားလူများအကြောင်းကိုလည်း သူတွေးမိသည်။
ဟန်မူယဲ့နှင့် ကျိုးယွီက ယွင်လျန်မြို့မှ ထွက်လာပြီး ကျိုးယွမ်ကလန်သို့ တိုက်ရိုက် ပြန်လာကြသည်။
ဟန်မူယဲ့က ဟန်တောင်တန်းသို့ ပြန်သွားပြီး နေဖမ်းပွဲအတွက် ပြင်ဆင်နေသည်။
ဤတစ်ကြိမ် နေဖမ်းပွဲကို မိုင်ပေါင်းသန်းရှစ်ဆယ်အကွာတွင်ရှိသော ကျစ်ယန်မြို့တွင် ကျင်းပလိမ့်မည်။ ကျစ်ယန်မြို့က ကျစ်ယန်ရွှေကျီးကလန်၏ အဓိကမြို့ ဖြစ်သည်။
ကျစ်ယန်မြို့တွင် ရွှေကျီးကလန်သား သန်းနှစ်ဆယ်ခန့်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက် ရှိနေသည်။
နေဖမ်းပွဲအပြီးတွင် ရွှေကျီးကလန်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက သွေးမျိုးဆက်စွမ်းအားကို အသုံးပြုပြီး အနိုင်ရသူများကို မရေမတွက်နိုင်သော ရွှေကျီးကန်းဘိုးဘေးများ ကျဆုံးသွားသည့် ဘိုးဘေးနယ်မြေသို့ ပို့ပေးလိမ့်မည်။
ထိုနေရာတွင် မတူညီသော အခွင့်အရေးအမျိုးမျိုးကို ရနိုင်သည်။
အစစ်အမှန်ဝိညာဉ်အရိုးသည်လည်း အခွင့်အရေးတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က ဟန်တောင်တန်းကလန်သို့ ပြန်လာပြီး စီစဉ်မှုများကို လုပ်ပေးခဲ့သည်။ ထို့နောက် ဟန်ကျင်း၊ ဟန်တင်းရီနှင့် မူယန်တောင်တန်းကလန်မှ မူကျီယုကိုခေါ်ပြီး ထွက်သွားခဲ့သည်။
မျိုးနွယ်စုတစ်ခုလုံးတွင် သူတို့သုံးယောက်ကသာ နေဖမ်းပွဲတွင် ပါဝင်ရန် အဆင့်မီသည်။
မူကျီယုက မူချန်ခုံး၏တူ ဖြစ်ပြီး အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင် ရှိသည်။ သူက ဟန်တောင်တန်းကလန်တွင် လေ့ကျင့်ပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့သည်။
ဟန်တင်းရီနှင့် ဟန်ကျင်းက အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် သတ္တမအဆင့်တွင် ရှိကြသည်။
သို့သော် အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင်ရှိသော ဟန်ကျင်းက အလွန်အားကောင်းသောကြောင့် ဟန်မူယဲ့က တန်ဖိုးထားသည်။
ဟန်ကျင်းက ဓားတာအိုတွင်လည်း ပါရမီတချို့ ရှိသည်။
ဟန်မူယဲ့တို့က ကျိုးယွမ်ကလန်သို့ အရင်သွားခဲ့သည်။
လွန်ခဲ့သောနှစ်များတွင် ဟန်မူယဲ့က နေဖမ်းပွဲတွင် ပါဝင်မည့် ကျိုးယွမ်ကလန်သားများနှင့် တွေ့ခဲ့သည်။
သူတို့က ဟန်မူယဲ့၏ခွန်အားကို မြင်ထားသည်။
ထို့ကြောင့် ကျိုးယွီက ဟန်မူယဲ့ကို ဦးဆောင်စေသောအခါတွင် ကျိုးယွမ်ကလန်၏ လက်ရွေးစင်များက ငြင်းဆန်မှုမရှိခဲ့ပေ။
အမှန်အတိုင်းပြောရလျှင် ထိုလူများက ဟန်တောင်တန်းကလန်တွင် လေ့ကျင့်ဖူးပြီး ဟန်မူယဲ့နှင့် ရင်းနှီးကြသည်။
ဟန်မူယဲ့က သူတို့အားလုံးကို ဦးဆောင်ပြီး မိုင်သန်းချီအကွာအဝေးကို ကျော်ဖြတ်ခဲ့သည်။
မဟာတောရိုင်းကမ္ဘာသည် အလွန်ကျယ်ပြန့်ပြီး အားကောင်းသောသားရဲများနှင့် ကြုံတွေ့ရခြင်းသည် ပုံမှန်သာဖြစ်သည်။
သူတို့က ကလန်ကြီးများကို မြင်ရသောအခါတွင် လေးစားသမှုဖြင့် ဘေးမှ ပတ်သွားကြသည်။
သူတို့က ကျစ်ယန်မြို့သို့ရောက်ရန် တစ်လကြာခဲ့သည်။
အကယ်၍ ဟန်မူယဲ့က ဓားပျံနှင့် တစ်ယောက်တည်းလာခဲ့လျှင် ပိုမြန်လိမ့်မည်။
ကျစ်ယန်မြို့ကို အဝေးမှကြည့်လိုက်လျှင် ပတ်ဝန်းကျင်တွင်ရှိနေသော အဆီအနှစ်ဝိညာဉ်ပုံရိပ်များကို မြင်နိုင်သည်။
သူတို့က လမ်းပေါ်သို့ ရောက်လာသောအခါတွင် ရွှေကျီးကလန်သားများကိုသာ မြင်နေရသည်။
လူအများအပြားက အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်နှင့် အဌမအဆင့်၏ အငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။
အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်၏အောက်တွင်ရှိသော လူများက နေဖမ်းပွဲတွင် မပါရဲကြပေ။
“မင်းတို့ ကြားပြီးပြီလား။ ဒီတစ်ကြိမ်မှာ ချင်းဝူမျိုးနွယ်ရဲ့ လက်ရွေးစင်တွေ ရောက်လာကြလိမ့်မယ်”
“လက်ရွေးစင်တစ်ယောက်က အစစ်အမှန်ဝိညာဉ်အဆင့်ကို ရောက်နေပြီတဲ့။ ထိပ်တန်းအဆင့် ကလန်ကြီးသုံးခုကပဲ အဲဒီလို မျိုးဆက်သစ်မျိုးကို မွေးထုတ်ပေးနိုင်လိမ့်မယ်”
“သူက နေဖမ်းပွဲရဲ့ခေါင်းဆောင် ဖြစ်လာတော့မှာထင်တယ်”
ပတ်ဝန်းကျင်တွင်ရှိသော လူများက ဆွေးနွေးနေကြသည်။ သို့သော် ဟန်မူယဲ့တို့က တိတ်ဆိတ်နေပြီး မြို့ထဲသို့ ဝင်သွားကြသည်။
“ဝီ”
ရွှေရောင်အင်းကွက်တစ်ခုသည် ဟန်မူယဲ့၏ လက်ဝါးတွင် ပေါ်လာသည်။ သူက မြို့ထဲတွင်ရှိသော ကျိုးယွမ်ကလန်၏လူများကို အကြောင်းကြားလိုက်သည်။
ခဏအကြာတွင် ရွှေအလင်းပေါ်လာပြီး ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
“ကျိုးယွမ်ကလန်ရဲ့လူတွေက ပြဿနာတက်နေတာလား”
နေဖမ်းပွဲသည် မိုင်သန်းချီပတ်ဝန်းကျင်တွင်ရှိသော ရွှေကျီးကလန်များအားလုံး၏ လက်ရွေးစင်များကို စုစည်းထားသည်။
ထိုလက်ရွေးစင်များက နေဖမ်းပွဲတွင် တိုက်ခိုက်ရမည်။
ထို့ကြောင့် နေဖမ်းပွဲမစခင် ခွန်အားစမ်းသပ်မှုများ ပြုလုပ်လေ့ရှိသည်။
ယခုအချိန်တွင် ကျိုးယွမ်ကလန်၏လူများက စမ်းသပ်ခံလိုက်ရသည်။
စကားအနည်းငယ် ပြောပြီးသောအခါတွင် သူတို့က စတင်တိုက်ခိုက်လိုက်ကြသည်။
ထိုမြင်ကွင်းမျိုးသည် မြို့ထဲတွင် မထူးဆန်းပေ။
“ဘန်း”
ကျိုးယွမ်ကလန်၏ အရပ်ရှည်ပြီး သွယ်လျသော လူငယ်တစ်ယောက်က လက်သီးချက်ကြောင့် လွင့်ထွက်လာပြီး မြေပေါ်တွင် လဲကျသွားသည်။
ကျိုးယွမ်ကလန်၏ တခြားတပည့်များက ပြေးထွက်လာပြီး သူ့ကို ကူညီပေးလိုက်ကြသည်။
“ဟမ့်၊ ကျိုးယွမ်ကလန်က မိုင်သန်းချီပတ်ဝန်းကျင်မှာ နံပတ်တစ်ကလန် ဖြစ်ချင်နေတာလား။ အခု ကြည့်ရတာ ဘာမှလည်း မထူးခြားပါဘူး”
အနက်ရောင်ချပ်ဝတ်နှင့်လူက အထင်သေးနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။
သူက လက်ကိုပွတ်သပ်ပြီး ကျိုးယွမ်ကလန်၏လူများကို ကြည့်သည်။
“မင်းတို့တွေ ပုန်းမနေကြနဲ့။ ငါနဲ့ကစားဖို့ သန်မာတဲ့လူတစ်ယောက်လောက် ထွက်ခဲ့စမ်းပါ”
သူ့စကားကြောင့် ကျိုးယွမ်ကလန်၏ လူများက ဒေါသထွက်သွားသည်။
ရှေ့ဆုံးတွင်ရပ်နေသော လူများထဲတွင် အစိမ်းရောင်ချပ်ဝတ်နှင့် လူငယ်က ရှေ့ထွက်သွားရန် ပြင်လိုက်သော်လည်း ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်လူကြီးက တားဆီးလိုက်သည်။
“ကျိုးဝူ၊ ကျွန်တော့်ကိုမတားနဲ့”
အစိမ်းရောင်ချပ်ဝတ်နှင့် လူငယ်က အံကြိတ်ထားပြီး မှိန်ဖျော့သော အဆီအနှစ်ဝိညာဉ်စွမ်းအားကို ဖော်ထုတ်သည်။
အဆီအနှစ်ဝိညာဉ် အဌမအဆင့် ဖြစ်သည်။
တစ်ဖက်တွင်ရှိသော ရွှေကျီးကလန်သားက လေးနက်သော်လည်း အထင်သေးသည့်မျက်နှာထားဖြင့် နောက်ဆုတ်သည်။
သူက အဆီအနှစ်ဝိညာဉ် အဌမအဆင့်သို့ ဝင်ရောက်ခါစ ဖြစ်သည်။ အဆင့်တူတစ်ယောက်နှင့် တိုက်ခိုက်လျှင် အနိုင်ရနိုင်ခြေ သိပ်မရှိပေ။
ထို့အပြင် ကျိုးယွမ်ကလန်၏ လူငယ်က ရွှေရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူက ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်တွင် အလိုလျောက် သွေးမျိုးဆက်နိုးထလာသော ရွှေကျီးကလန်သားများ မရှိခဲ့ပေ။ နေဖမ်းပွဲတွင်ပါဝင်မည့် လက်ရွေးစင်များက များသောအားဖြင့် နှစ်တစ်သိန်းအောက်တွင် ရှိကြသည်။
သွေးမျိုးဆက်နိုးထခဲ့သော လူအများစုက အရုဏ်နေမင်းအဆင့်တွင် ရှိကြသည်။ လောင်ကျွမ်းနေမင်းအဆင့်သို့ ရောက်နေသော လူများက အနည်းငယ်သာ ရှိသည်။ မီးနေမင်းအဆင့်ကတော့ အလွန်ရှားပါးသည်။
လောင်ကျွမ်းနေမင်းအဆင့် သွေးမျိုးဆက်ကို စုစည်းနိုင်သော လူများက အနည်းဆုံး နှစ်တစ်သိန်းခန့် ကျင့်ကြံထားပြီး ရွှေကျီးကလန်၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
“ကျိုးကျူ၊ ငါတို့ ထွက်မလာခင်မှာ ခေါင်းဆောင်မူယဲ့စကားကို နားထောင်ရမယ်လို့ ကလန်ခေါင်းဆောင်က ပြောလိုက်တယ်လေ”
အစိမ်းရောင်ချပ်ဝတ်နှင့်လူငယ်ကို တားဆီးထားသော ကျိုးဝူက ပြောလိုက်သည်။
သူ့စကားကြောင့် ကျိုးကျူက စိတ်ငြိမ်သွားပြီး နောက်သို့ ပြန်ဆုတ်လာသည်။
ကျိုးကျူက နောက်ဆုတ်သွားသောကြောင့် တစ်ဖက်တွင်ရှိသော ရွှေကျီးကလန်သားများ၏ ခေါင်းဆောင်က စိတ်အေးသွားသည်။
သို့သော် သူက လူအုပ်၏ တစ်ဖက်သို့ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
‘မကောင်းဘူး’
‘ငါဘာလုပ်သင့်လဲ’
သူက နောက်တွင်ရှိသော ကိုယ်ပိုင်ကလန်သားများကို လှည့်ကြည့်သည်။
“ထုံကျောက်၊ ပြန်လာခဲ့တော့။ တောရိုင်းမြေမှာ လူသားစစ်တပ်ကို အနိုင်ရခဲ့တာတဲ့လား။ ကျိုးယွမ်ကလန်က လျှောက်ပြောနေတာပဲ ဖြစ်ရမယ်”
သူက နှာမှုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“သွားကြရအောင်။ သူတို့ကို အလေးအနက်ထားမနေနဲ့။ အစစ်အမှန်စွမ်းရည် ရှိတာမဟုတ်ဘူး”
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက ရယ်လိုက်ကြသည်။
သူ့စကားများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ စိန်ခေါ်မှုကို လက်မခံရဲသော ကလန်က စွမ်းရည်မရှိပေ။
သူတို့က စိန်ခေါ်မှုကို လက်မခံရဲလျှင် နေဖမ်းပွဲတွင် ရှုံးနိမ့်သွားလိမ့်မည်။
ထို့ကြောင့် ကျိုးယွမ်ကလန်ကို ဂရုစိုက်နေရန် မလိုအပ်ပေ။
“သေချင်နေတာလား”
ကျိုးယွမ်ကလန်မှ ကျယ်လောင်သောအော်သံ ထွက်လာသည်။ အနက်ရောင်ချပ်ဝတ်နှင့် လူငယ်တစ်ယောက်က တစ်ဖက်လူများဆီသို့ ပြေးဝင်လာသည်။
‘သူတို့က သည်းမခံနိုင်တော့ဘူးလား’
ပတ်ဝန်းကျင်တွင်ရှိသော လူများက ပြုံးသည်။
သိပ်မဝေးသောနေရာတွင် ငွေရောင်ချပ်ဝတ်နှင့် လူငယ်က ပြုံးလိုက်သည်။
ကျိုးယွမ်ကလန်ကို ရန်စခဲ့သော လူငယ်ကလည်း ပြုံးသည်။
သက်လတ်ပိုင်းအရွယ် ကျိုးဝူက သက်ပြင်းချလိုက်သည်။ သူက တားဆီးတော့မည်အချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားသည်။
သူက လက်မြှောက်ပြီး လက်ဝါးတွင်ပေါ်လာသော ရွှေအလင်းကို ကြည့်သည်။
“ခေါင်းဆောင်မူယဲ့က ဒီမှာရောက်နေပြီ”
“စိတ်ပူမနေနဲ့လို့ပြောတယ်”
ကျိုးဝူက ဟိန်းဟောက်လိုက်ပြီး ပြေးထွက်သွားသည်။ သူက အနက်ရောင်ချပ်ဝတ်နှင့်လူငယ်ထက် ပိုမိုလျင်မြန်သည်။
ငွေရောင်အဆီအနှစ်ဝိညာဉ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။
“အဆီအနှစ်ဝိညာဉ် နဝမအဆင့်ပဲ”
“မကောင်းတော့ဘူး’
ပတ်ဝန်းကျင်တွင် ပင့်သက်ရှိုက်သံနှင့် ထိတ်လန့်စွာအော်ဟစ်သံကို ကြားရသည်။
ကျိုးယွမ်ကလန်၏ အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ရောက်နေသော လက်ရွေးစင်က တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။
‘သူတို့က ပုန်းကွယ်မနေတော့ဘူးလား’
ဤစိန်ခေါ်မှုမျိုးသည် ကလန်အသီးသီးမှ ကျွမ်းကျင်သူများကို စစ်ဆေးကြည့်ရန် ဖြစ်သည်။
ပုံမှန်အတိုင်းဆိုလျှင် ကျိုးယွမ်ကလန်က ထိုစည်းမျဉ်းကို နားလည်လိမ့်မည်။ အဆင်အခြင်မဲ့စွာ လှုပ်ရှားရန် မလိုအပ်ပေ။
“ကျိုးယွမ်ကလန်ကို စိုးရိမ်နေဖို့မလိုတော့ဘူး”
စောင့်ကြည့်နေသောလူတစ်ယောက်က ရေရွတ်လိုက်ပြီး ခေါင်းခါသည်။
“အရမ်းပွင့်လင်းနေတာပဲ။ ကျိုးယွမ်ကလန်မှာ တခြားဝှက်ဖဲတွေ ရှိနေတာလား”
လူတချို့က ကျိုးယွမ်ကလန်သားများကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
ကျိုးယွမ်ကလန်က အလွန်အားကောင်းသည်။
ယခင်က ရန်စခဲ့သောလူများကို ကျိုးယွမ်ကလန်က ခွန်အားတစ်ဝက်သာအသုံးပြု၍ ဖိနှိပ်ခဲ့သည်။
သူတို့တွင် အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူ ရှိနေသည်။
ထိုခွန်အားနှင့် နေဖမ်းပွဲ၏ နောက်ဆုံးစင်မြင့်သို့ မတက်ရောက်နိုင်လျှင်ပင် ထိပ်ဆုံးတစ်ရာ၊ ထိပ်ဆုံးခြောက်ဆယ်ထဲတွင် ပါနေလိမ့်မည်။
ယခု သူတို့က ဖုံးကွယ်မထားပဲ ပွင့်လင်းစွာ ချပြလိုက်သည်။ နှမြောစရာကောင်းသည်။
နေဖမ်းပွဲစတင်သောအချိန်တွင် ခွန်အားတူညီသော ကလန်များက ပူးပေါင်းပြီး သူတို့ကို အရှင်ဆုံး ရှင်းထုတ်လိမ့်မည်။
“ဘန်း”
ကျိုးဝူက အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင်ရှိသော တစ်ဖက်လူကို လွင့်ထွက်သွားအောင် ထိုးချလိုက်သည်။ တစ်ဖက်လူများက နောက်ဆုတ်သွားသောအခါတွင် သူက ရပ်တန့်လိုက်သည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်သည်။ ထို့နောက် ကျိုးယွမ်ကလန်သားများကို ဦးဆောင်ပြီး ထွက်သွားသည်။
“မင်းသားယုဟွမ်၊ ကျွန်တော်တို့ ထုံဝေကလန်က ကျိုးယွမ်ကလန်ရဲ့ ခွန်အားကို စစ်ဆေးလိုက်ပါပြီ”
ကျိုးဝူ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသော ရွှေကျီးကလန်သားက လမ်းထောင့်တွင် ပေါ်လာပြီး ငွေရောင်ချပ်ဝတ်နှင့် လူငယ်၏ရှေ့တွင် ရပ်နေသည်။
“ကောင်းတယ်”
ယုဟွမ်ဟုခေါ်သော လူငယ်က ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပုလင်းကို ထုတ်ပေးသည်။
“ဒါနဲ့ ဒဏ်ရာတွေကို ကုသလိုက်ပါ”
သူက စကားပြောလိုက်ပြီး တစ်ဖက်လူ၏ပခုံးကို ပုတ်ပေးသည်။
“စိတ်မပူပါနဲ့။ နေဖမ်းပွဲမှာ ငါတို့ ယုချန်ကလန်က မင်းတို့ကလန်ကို ဦးဆောင်ပြီး အစစ်အမှန်အရိုးရလာအောင် ကူညီပေးမယ်”
သူ့စကားကြောင့် ထုံဝေကလန်သားက ပျော်ရွှင်သွားသည်။
ယုဟွမ်ကြောင့်သာမဟုတ်လျှင် သူတို့က ကျိုးယွမ်ကလန်ကို ရန်စမည်မဟုတ်ပေ။
ယုဟွမ်က ရွှေကျီကလန်သား သန်းငါးဆယ်ရှိသော ယုချန်ကလန်၏ မင်းသားတစ်ပါး ဖြစ်သည်။
ဤတစ်ကြိမ်တွင် ယုချန်ကလန်က လက်ရွေးစင်ငါးရာကို စေလွှတ်လိုက်သည်။ သူတို့က ထိပ်ဆုံးငါးနေရာမဟုတ်လျှင် သုံးနေရာကို ရည်ရွယ်ထားသည်။
သူတို့ထဲတွင် အနည်းဆုံး လူငါးဆယ်က ဘိုးဘေးများ၏ အစစ်အမှန်ဝိညာဉ်အရိုးကို ရနိုင်သည်။
သူတို့က နေဖမ်းပွဲမှ လက်ဗလာဖြင့် ထွက်သွားရမည်မဟုတ်ပေ။
ထို့ကြောင့် ထုံဝေကလန်က ကျိုးယွမ်ကလန်ကို စမ်းသပ်ပေးခဲ့သည်။
အဆုံးတွင် ကျိုးယွမ်ကလန်က လူတစ်ရာခန့်သာ စေလွှတ်ခဲ့သည်။
ယုဟွမ်က လှည့်ထွက်သွားသည်။ ထုံဝေကလန်သားကလည်း ပြန်သွားခဲ့သည်။