← Chapters

အခန်း (၁၁၂၄)

Vol. 81 Ch. 1124

အခန်း (၁၁၂၄)

Vol. 81 Ch. 1124

“သေစမ်း”

ခယ်ကျီချီက လက်သီးဖြင့် ထိုးချလိုက်သည်။ ရှေ့တွင်ရှိသော ကျောက်နံရံက ပြိုကျသွားသည်။

တခြား အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကလည်း ဒေါသထွက်နေကြသည်။

သူတို့အားလုံးက ထိတ်လန့်နေကြသည်။

နေဖမ်းပွဲတွင် လူအများအပြား ပါဝင်လာသောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။

လူသားမျိုးနွယ်က ခိုးဝင်လာခြင်း ဖြစ်သည်။

“ဝူ ....”

အဝေးတစ်နေရာတွင် ခရာသံပေါ်ထွက်လာပြီး အရွယ်အစားမတူညီသော ရွှေကျီးကန်းများ ပျံသန်းလာကြသည်။

“သခင်ဟယ်၊ ကျွန်တော်တို့ ချီယွမ်ကလန်ရဲ့ မျိုးဆက်သစ်တွေက လမ်းမှာ တိုက်ခိုက်ခံလိုက်ရတယ်။ တစ်ယောက်ယောက်က သူတို့အစား ဟန်ဆောင်ပြီး နေဖမ်းပွဲကို ရောက်လာတယ်။ ကျွန်တော်တို့က သွေးမျိုးဆက်သတိပေးမှုကြောင့် ဒီကို ရောက်လာတာပဲ”

“မြို့သခင်ဟယ်၊ ကျွန်တော်တို့ ပိုင်ကျူးကလန်ရဲ့ လက်ရွေးစင်တွေ အသတ်ခံလိုက်ရတယ်”

သတင်းဆိုးများ ဆက်တိုက်ရောက်လာသည်။ အနည်းဆုံး ရွှေကျီးကန်းလက်ရွေးစင်များ သောင်းချီပြီး အသတ်ခံလိုက်ရသည်။

ထို့သို့ဖြင့် နေဖမ်းပွဲသို့ ရောက်လာသော လူဦးရေတစ်သိန်းရှစ်သောင်းတွင် တစ်ဝက်ကျော်ခန့်က လူသားမျိုးနွယ်မှ ဖြစ်နေသည်။

‘လူသားတွေက ဘာလုပ်ချင်နေတာလဲ’

“ယဇ်ပလ္လင်ကို ချိပ်ပိတ်လိုက်တော့”

ဟယ်ကျူးယန်က တီးတိုးပြောသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။

သူ့ခေါင်းပေါ်တွင်ရှိသော အစစ်အမှန်ဝိညာဉ်က တောက်ပနေသော ရွှေအလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။

ရွှေအလင်းသည် ရှေ့တွင်ရှိသော ယဇ်ပလ္လင်ကို ဖိချသည်။

“မြို့သခင်ဟယ်၊ ကလန်အသီးသီးရဲ့ လက်ရွေးစင်တွေက အထဲမှာ ရှိနေတယ်။ ခင်ဗျားက ဘာလုပ်နေတာလဲ”

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က မျက်လုံးပြူးသွားသည်။

အကယ်၍ ယဇ်ပလ္လင်ကို ချိပ်ပိတ်လိုက်လျှင် အထဲတွင်ရှိသော ရွှေကျီးကန်းများက မည်သို့ ဖြစ်သွားမည်နည်း။

သူတို့က လူသားများထက် အရေအတွက်နည်းသည်။ ရွှေကျီးကန်းအတုများကို ခုခံနိုင်မည်မဟုတ်ပေ။ ယဇ်ပလ္လင်ကို ဖွင့်ထားလျှင် သူတို့က ထွက်ပြေးနိုင်လိမ့်မည်။

ယခု ယဇ်ပလ္လင်ကို ချိပ်ပိတ်လိုက်သောကြောင့် ရွှေကျီးကန်သားများအားလုံးက အထဲတွင် သေဆုံးသွားလိမ့်မည်။

“သူတို့အားလုံး သေသွားရင်တောင် ယဇ်ပလ္လင်ကို ဖွင့်ပေးလို့မဖြစ်ဘူး။ လူသားတွေက ငါတို့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ အမွေအနှစ်ကို ယူမသွားရဘူး”

ဟယ်ကျူးယန်၏မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေပြီး လူတိုင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကောင်းကင်ထက်တွင်ရှိသော နေမင်းနှင့် တူနေသည်။

“ယဇ်ပလ္လင်ထဲမှာ ဘာရှိနေတာလဲ မင်းတို့မသိဘူး”

“မဟာရှစစ်တပ်ရဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေ လာနေပြီ”

ဟယ်ကျူးယန်၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူတို့၏ ကလန်သားများက ယဇ်ပလ္လင်ထဲတွင် ရှိနေကြသည်။

သို့သော် သူတို့ကို မကယ်နိုင်တော့ပေ။

ယဇ်ပလ္လင်သည် အသက်အရွယ်ကို ကန့်သတ်ထားသည်။ သူတို့က ဝင်မသွားနိုင်ပေ။

ထို့အပြင် သူတို့ ဝင်သွားလျှင်ပင် အသုံးမဝင်ပေ။ သူတို့က လူသားတစ်သိန်းခန့်ကို ရှင်းထုတ်ရန် မတတ်နိုင်ကြပေ။

ကောင်းကင်တစ်သောင်းတိုင်းပြည်က နေဖမ်းပွဲအတွက် နှစ်ပေါင်းများစွာကြာအောင် အစီအစဉ်ချခဲ့ပုံရသည်။

“သူတို့ ရှင်သန်နိုင်ဖို့က ....”

ဟယ်ကျူးယန်က ကောင်းကင်ထက်တွင်ရှိသော နေမင်းကို မော့ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“နေမင်းရဲ့ကောင်းချီးအပေါ်မှာပဲ မူတည်တယ်”

....

“ဝီ”

ဟန်မူယဲ့က ယဇ်ပလ္လင်ပေါ်သို့ ရောက်လာသောအခါတွင် သူ၏ ရွှေကျီးကန်းသွေးမျိုးဆက်က ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။

သူက အံ့အားသင့်နေသော မျက်နှာထားဖြင့် ‌ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

သေဆုံးခြင်းစွမ်းအားသည် လေထုထဲတွင် ပြည့်နှက်နေသည်။

ဤနေရာက မူလကမ္ဘာဖြစ်ကြောင်း မသိခဲ့လျှင် ကောင်းကင်တစ်သောင်း‌ချောက်နက်ဟု ထင်မိလိမ့်မည်။

ကောင်းကင်တစ်သောင်းချောက်နက်နှင့် မူလကမ္ဘာသည် လမ်းကြောင်းမရှိနိုင်ပေ။

သူက လက်မြှောက်ပြီး လက်သီးဆုပ်သည်။

“ဘန်း”

ရွှေရောင်လက်သီးပုံရိပ်က ပြေးထွက်သွားသည်။

ဟန်မူယဲ့က စွမ်းအားကို ခံစားကြည့်ပြီး မျက်လုံးများ တောက်ပသွားသည်။

ဤနေရာသည် မဟာတောရိုင်းကမ္ဘာ မဟုတ်ပေ။

မူလကမ္ဘာ ဖြစ်သည်။

မဟာတောရိုင်းကမ္ဘာသည် လက်ကျန်အစိတ်အပိုင်းနှင့် ကျွမ်းကျင်သူများ၏ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာသည်။ ကိုးဆယ်ရာခိုင်နှုန်းက ပုံရိပ်ယောင်ဖြစ်ပြီး ဆယ်ရာခိုင်နှုန်းက အစစ်အမှန် ဖြစ်သည်။

သို့သော် ဤနေရာတွင်ရှိသော အရာရာတိုင်းက အစစ်အမှန် ဖြစ်သည်။

“ဒါက”

“မူလကမ္ဘာပဲ”

တစ်နည်းပြောရလျှင် မူလကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သို့သော် မူလကမ္ဘာ၏ စွမ်းအားများ မရှိတော့ပေ။ ရွှေကျီးကန်းစွမ်းအားသာ ရှိနေသည်။

ဤနေရာတွင် ရွှေကျီးကလန်၏ ကျွမ်းကျင်သူများ သေဆုံးသွားခဲ့သည်။

“ဝူ ....”

ဆယ်ပေကြီးမားသော အနက်ရောင်ငှက်တစ်ကောင်က ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။

ထိုငှက်၏ အရိုးစုကို မြင်နေရသည်။ ငှက်ကို သေဆုံးခြင်းစွမ်းအားများက တိုက်စားသွားခဲ့သည်။

ငှက်၏မျက်လုံးများက နီရဲနေပြီး လေပြင်းများကို သယ်ဆောင်လာခဲ့သည်။

ဟန်မူယဲ့က တုံ့ဆိုင်းမနေပဲ လက်သီးဖြင့် ထိုးချသည်။

“ဘန်း”

လက်သီးချက်ကြောင့် ငှက်၏ခန္ဓာကိုယ်က ပျက်စီးပြီး အနက်ရောင်မြူခိုးများအဖြစ် ပျောက်ကွယ်သွားသည်။

အနက်ရောင်မြူခိုးများကြားတွင် အနီရောင်သွေးချည်မျှင်တစ်ခု ပေါ်ထွက်လာသည်။ ဟန်မူယဲ့က သွေးချည်မျှင်ကို ဖမ်းယူလိုက်သည်။

ထိုသွေးချည်မျှင် သူ့ခန္ဓာကိုယ်တွင်ရှိသော ရွှေရောင်ချပ်ဝတ်နှင့် ပေါင်းစပ်သွားသည်။

သွေးချည်မျှင်က ရွှေရောင်ချည်မျှင်အဖြစ် ပြောင်းလဲပြီး ချပ်ဝတ်ကို ရစ်ပတ်ထားသည်။

ရွှေကျီးကန်း၏စွမ်းအား ဖြစ်သည်။

သူက လုံလောက်သော ရွှေကျီးကန်းစွမ်းအားကို စု‌ဆောင်းထားလျှင် အဆင့်တက်သွားလိမ့်မည်။

နေဖမ်းပွဲတွင် ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ကျဆုံးသွားသောနေရာအထိ သွားရလိမ့်မည်။

ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး မရေမတွက်နိုင်သော အနက်ရောင်ပုံရိပ်များကို မြင်ရသည်။

“ဘုန်း”

ရွှေအလင်း ပေါက်ကွဲထွက်လာသည်။ လှံတစ်စင်းနှင့် လူသန်ကြီးက ဟန်မူယဲ့ကို လှည့်ကြည့်သည်။ ထို့နောက် သွေးချည်မျှင်ငါးခုကို စုဆောင်းပြီး လှည့်ထွက်သွားသည်။

ယခု သွေးချည်မျှင်မျာကို ဖြစ်နိုင်သမျှ စုဆောင်းရမည်။ ဟန်မူယဲ့ကလည်း လှုပ်ရှားလိုက်ပြီး ကျားသစ်နက်တစ်ကောင်ကို တိုက်ခိုက်သည်။

လက်ဝါးချက် ကျဆင်းလာပြီး ကျားသစ်နက်၏ တစ်ကိုယ်လုံး ပျက်စီးသွားသည်။

ထိုတိုက်ခိုက်မှုက ရိုးရှင်းပြီး ပွင့်လင်းသည်။ ကောင်းကင်ဖျက်ဆီးလက်သီး၏ စွမ်းအားကိုလည်း သယ်ဆောင်ထားသည်။

ဟန်မူယဲ့က ထိုလက်သီးနည်းစနစ်ကို အလွန်ကျွမ်းကျင်ပြီး လှုပ်ရှားမှုတိုင်းတွင် စွမ်းအားကို ထည့်သွင်းထားနိုင်သည်။

ကျားသစ်နက်က သွေးချည်မျှင်တစ်ခုကို ထုတ်ပေးခဲ့သည်။

ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး ခြေလှမ်းအနည်းငယ်အကွာတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် မြားတစ်စင်းသည် မြေကြီးထဲသို့ သုံးပေအထိ စိုက်ဝင်သွားသည်။

အကယ်၍ သူက မရပ်တန့်ခဲ့လျှင် ထိုမြားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားလိမ့်မည်။

ဟန်မူယဲ့က မြားတံကို ဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“လူသားမျိုးနွယ်ရဲ့ မြားလား”

သူက ခေါင်းမော့လိုက်ပြီး ဖြည်းဖြည်းချင်း နီးကပ်လာသော ပုံရိပ်များကို ကြည့်သည်။

“လူသားတွေလား။ စစ်ပွဲဝင်္ကပါလား”

ဟန်မူယဲ့က ရပ်တန့်လိုက်သည်။

သို့သော် လူသားများနှင့် တိုက်ခိုက်ပြီး ဝင်္ကပါနည်းစနစ်ကို သင်ယူထားသည့် ရွှေကျီးကန်းများဟု သူက ထင်နေသည်။

ရွှေကျီးကန်းမျိုးနွယ်က သင်ယူနိုင်စွမ်းကောင်းပုံရသည်။

“ဝီ”

မြားတစ်စင်းက သူ့ဆီသို့ ‌ရောက်လာပြန်သည်။ ထိုမြားက အလွန်လျင်မြန်ပြီး သူ့ရှေ့သို့ ချက်ချင်းရောက်လာသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ မြားကို ကျော်ဖြတ်ခဲ့သည်။

သူက ဆက်တိုက်လှုပ်ရှားနေပြီး ချက်ချင်းဆိုသလိုပင် စစ်ပွဲဝင်္ကပါ၏ရှေ့သို့ ရောက်သွားသည်။

သူက လက်သီးထိုးလိုက်သည်။ ရွှေကျီးကန်းမီးတောက် ပေါ်ထွက်လာပြီး ရွှေကျီးကန်းပုံရိပ်ကို စုစည်းသည်။

ရှေ့တွင်ရှိသော ဝင်္ကပါတွင် လူတိုင်းက ပူးပေါင်းလိုက်ကြသည်။ သူတို့က ဓားမော့ကိုထုတ်ပြီး ဓားတစ်လက်အဖြစ် စုစည်းသည်။

“ဘန်း”

ဓားမော့သည် ရွှေကျီးကန်းနှင့် ထိတွေ့သွားသည်။

ရွှေကျီးကန်းပုံရိပ်က ပျက်စီးသွားသည်။ ဝင်္ကပါဖွဲ့စည်းထားသော လူတိုင်းက ရပ်တန့်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးရသည်။

လူသုံးဆယ်ကျော်ဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါက ဟန်မူယဲ့၏ လက်သီးချက်ကို မခုခံနိုင်ခဲ့ပေ။

သူတို့အားလုံးက အနည်းဆုံး အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင် ရှိနေကြသည်။

“ကျွမ်းကျင်သူတစ်ယောက်ပဲ”

ဝင်္ကပါထဲတွင်ရှိသော လူတစ်ယောက်က အော်ဟစ်လိုက်ပြီး နောက်ဆုတ်ရန် ကြိုးစားသည်။

သူက အခြေအနေကို နားလည်သည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက ထိုရွှေကျီးကန်းများ၏ ကလန်ကို မသိသော်လည်း သင်ယူနိုင်စွမ်းကောင်းသည်။

သူက ‌လှည့်ထွက်သွားခဲ့သည်။

သာမန်ရွှေကျီးကလန်သားများကို နှိပ်စက်ရန် စိတ်မဝင်စားပေ။

ချက်ချင်းဆိုသလိုပင် သူက သေဆုံးခြင်းစွမ်းအားကြောင့် အသွင်ပြောင်းသွားသော ဒါဇင်ချီနေသည့် သားရဲများကို သတ်ဖြတ်ခဲ့သည်။

ထိုသားရဲများ၏ သွေးချည်မျှင်ကြောင့် သူ၏ ရွှေရောင်ချပ်ဝတ်က ရွှေနီရောင်သန်းလာသည်။

သွေးကြောထဲတွင်ရှိသော ရွှေကျီးကန်းသွေးမျိုးဆက်က လှုပ်ရှားလာသည်ဟု ခံစားရသည်။

သူ၏ ရွှေကျီးကန်းသွေးမျိုးဆက်က မီးနေမင်းအဆင့်တွင် ရှိသည်။ ထို့ကြောင့် ဤစွမ်းအားအနည်းငယ်ဖြင့် တိုးတက်လာရန် မဖြစ်နိုင်ပေ။

သူ၏ တွက်ချက်မှုအရ သားရဲများကို သတ်ဖြတ်ပြီး သွေးမျိုးဆက်တိုးတက်အောင် လုပ်ချင်လျှင် အနည်းဆုံး အကောင်ရေတစ်သန်းခန့် လိုလိမ့်မည်။

သို့သော် ထိုအကောင်ရေတစ်သန်းက သူ၏ သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်မည်မဟုတ်ပေ။

အဆင့်တစ်ခုသို့ ရောက်လာသောအခါ အရေအတွက်သည် အရည်အသွေးကို တိုးမြှင့်ပေးရန် မဖြစ်နိုင်ပေ။

“ဘုန်း”

ဟန်မူယဲ့ကရှေ့တွင်ရှိသော ကျားနက်ကို လက်သီးချက်ဖြင့် သတ်ဖြတ်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

သူက ပျံသန်းသွားပြီး ထိတ်လန့်နေသော မျက်နှာထားနှင့် လူငယ်တစ်ယောက်၏ရှေ့သို့ ရောက်လာသည်။

“ခေါင်းဆောင်မူယဲ့”

လူငယ်က ဟန်မူယဲ့ကို မြင်ရသောအခါတွင် အံ့အားသင့်စွာ ခေါ်လိုက်သည်။

လူငယ်၏နာမည်က ကျိုးကျီကူဖြစ်ပြီး ကျိုးယွမ်ကလန်၏ လက်ရွေးစင်တစ်ယောက် ဖြစ်သည်။ သူက အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင် ရှိနေသည်။

“ဘာဖြစ်နေတာလဲ”

ကျိုးကျီကူ၏ ဒဏ်ရာတချို့ကို သတိထားမိသောကြောင့် ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။

နေဖမ်းပွဲတွင် များသောအားဖြင့် သတ်ဖြတ်မှုများ မရှိပေ။

နေဖမ်းပွဲတွင် ရွှေကျီးကန်းမျိုးနွယ်၏ မျိုးဆက်သစ်များကို စုစည်းထားသည်။ ထို့ကြောင့် သေဆုံးသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပေ။

“ခေါင်းဆောင်မူယဲ့၊ ဒီမှာ ဝင်္ကပါဖွဲ့စည်းထားပြီး တိုက်ခိုက်နေတဲ့လူတွေ ရှိတယ်”

“သူတို့က တခြားလူတွေကို သတ်လိုက်တာ ကျွန်တော်မြင်ခဲ့တယ်”

“ကျွန်တော်ကလည်း သူတို့ကြောင့် သေသွားတော့မလို့ပဲ”

ကျိုးကျီကူက တီးတိုးပြောသည်။

‘ဝင်္ကပါလား’

ဟန်မူယဲ့က နှလုံးခုန်မှားသွားပြီး လျင်မြန်စွာ မေးသည်။

“ဝင်္ကပါနဲ့ ဓားမော့ကိုသုံးတဲ့ အုပ်စုလား”

ကျိုးကျီကူက မျက်လုံးပြူးသွားပြီး စိုးရိမ်စွာ မေးသည်။

“ဟုတ်တယ်။ သူတို့ပဲ။ ခေါင်းဆောင်မူယဲ့က သူတို့နဲ့ တွေ့ခဲ့တာလား”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။

သူတို့က ဝင်္ကပါဖွဲ့စည်းပြီး ဓားမော့ဖြင့် တိုက်ခိုက်သည်။

သူတို့၏ တိုက်ခိုက်မှုက ရက်စက်သည်။

သူတို့က လူသားမျိုးနွယ်၏ ဝင်္ကပါကို သုံးထားသည်။

သို့သော် ရွှေကျီးကန်းမျိုးနွယ်၏ အမှတ်အသားကို သယ်ဆောင်ထားသည်။

All Chapters