← Chapters

အခန်း (၁၁၂၅)

Vol. 81 Ch. 1125

အခန်း (၁၁၂၅)

Vol. 81 Ch. 1125

“ငါနဲ့လိုက်ခဲ့”

ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။

“သူတို့မှာ တခြားရည်ရွယ်ချက်ရှိတယ်ဆိုရင် ဆက်ပြီး တိုက်ခိုက်လိမ့်မယ်”

ကျိုးကျီကူက ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်က လှုပ်ရှားလိုက်ပြီး သားရဲများကို သတ်ဖြတ်နေသည်။

အားကောင်းသောသားရဲများနှင့် ကြုံတွေ့ခဲ့လျှင် ဟန်မူယဲ့က ကျိုးကျီကူကို ကူညီပေးလိမ့်မည်။

နေ့တစ်ဝက်အတွင်း ဟန်မူယဲ့၏ ချပ်ဝတ်က အနီရောင်ဖြစ်သွားသည်။

“ဘုန်း”

ရှေ့တွင် တိုက်ခိုက်သံကို ကြားရသည်။

တစ်ချိန်တည်းမှာပင် ဓားမော့ခုတ်သံကိုလည်း ကြားရသည်။

“မင်းတို့က ဘယ်သူတွေလဲ”

ထိတ်လန့်နေသောအသံများကို ကြားနိုင်သည်။

ဟန်မူယဲ့နှင့် ကျိုးကျီကူက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“သွားကြစို့”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ပျံသန်းသွားသည်။

သူတို့က တောင်ကုန်းကို ဖြတ်သန်းလာပြီး လူတစ်ရာဝင်္ကပါက ရွှေကျီးကန်းကျွမ်းကျင်သူ လေးယောက်၊ ငါးယောက်ခန့်ကို ဝိုင်းရံထားကြောင်း မြင်လိုက်ရသည်။

ထိုရွှေကျီးကန်းများကြားတွင် အဆီအနှစ်ဝိညာဉ် နဝမအဆင့်တစ်ယောက် ရှိနေသောကြောင့် ခုခံနိုင်ရုံသာ ဖြစ်သည်။

တခြားလူများက ဒဏ်ရာရနေကြသည်။

မြေပြင်တွင် လဲကျနေသော လူနှစ်ယောက်လည်း ရှိသည်။ သူတို့၏ အဆီအနှစ်ဝိညာဉ်က ပျောက်ကွယ်သွားသည်။

“မြန်မြန်ထွက်သွားတော့။ သူတို့နဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်”

ဟန်မူယဲ့နှင့် ကျိုးကျီကူကို မြင်လိုက်ရသောအခါတွင် ဝိုင်းရံခံထားရသော အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူက အော်ဟစ်လိုက်သည်။

ဟန်မူယဲ့တို့ကို မြင်လိုက်ရသောအခါ ဝင်္ကပါထဲမှ လူတချို့ခွဲထွက်ပြီး တိုက်ခိုက်ရန် ပြေးလာကြသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သူက လူသုံးဆယ်ဝင်္ကပါနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုအချိန်တွင် လူတစ်ရာဝင်္ကပါ ဖြစ်နေသည်။

‘ဘယ်ကလန်က ဒီလိုဝင်္ကပါမျိုးကို လေ့ကျင့်ပေးနိုင်လို့လဲ’

ထို့အပြင် ဝင်္ကပါတွင် တစ်ခုခုမှားယွင်းနေကြောင်း မြင်လိုက်ရသည်။

ဝင်္ကပါ၏ လူအများစုက အဆီအနှစ်ဝိညာဉ် ဆဌမအဆင့် သို့မဟုတ် သတ္တမအဆင့်တွင် ရှိနေကြသည်။

သတ္တမအဆင့်ကို လက်ခံနိုင်သည်။

သို့သော် ဆဌမအဆင့်သည် ဤနေရာတွင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

သူတို့က ကောင်းကင်နှင့်မြေကြီး၏ ဖိအားကြောင့် လွတ်လပ်စွာ မလှုပ်ရှားနိုင်ပေ။

တစ်နည်းပြောရလျှင် ထိုလူများက ဝင်္ကပါဖွဲ့စည်းရန် ရည်ရွယ်၍ ရောက်လာသည်။

“သတ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ပျံသန်းထွက်လာသည်။

သူက လက်မြှောက်ပြီး ရွှေရောင်လှံကို ထုတ်ယူသည်။

လှံက သူဆီသို့ ပြေးဝင်လာသော ဝင်္ကပါအသေးကို တစ်ခါတည်း ထိုးဖောက်သွားသည်။

ဝင်္ကပါဖွဲ့စည်းထားသော လူများက လွင့်ထွက်သွားကြသည်။

ဟန်မူယဲ့က လှံကိုင်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ လူတစ်ရာဝင်္ကပါဆီသို့ ပြေးဝင်သွားသည်။

သူ့မှာ ရွေးချယ်စရာမရှိပေ။ အကယ်၍ ဝင်္ကပါကို မဖျက်ဆီးနိုင်လျှင် ဝိုင်းရံခံထားရသော ရွှေကျီးကလန်သားများက သေဆုံးသွားလိမ့်မည်။

“ဘန်”

လှံရှည်က ဓားမော့ကိုင်ထားသော လူတစ်ယောက်ကို လွင့်ထွက်သွားစေသည်။ လှံထိပ်ဖျားက ပေသုံးဆယ်အသွားတစ်ခုအဖြစ် အသွင်ပြောင်းပြီး ခုတ်ချလိုက်သည်။

“ရွှပ်”

ရွှေအလင်းသည် ပတ်ဝန်းကျင်တွင်ရှိသော လူများကို ဖယ်ထုတ်လိုက်သည်။

ဝင်္ကပါက ဖရိုဖရဲဖြစ်သွားသောကြောင့် ဝင်္ကပါ၏စွမ်းအားကို မစုစည်းနိုင်တော့ပေ။ အဆီအနှစ်ဝိညာဉ် နဝမအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည့် စွမ်းအင်ကလည်း ပျောက်ကွယ်သွားသည်။

ဝင်္ကပါထဲတွင် ပိတ်မိနေသော အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူက အော်ဟစ်လိုက်ပြီး ရှေ့တက်လာသည်။ သူက ရွှေအလင်းကို ထုတ်လွှတ်ပြီး ဝိုင်းရံထားသောလူများကို လွင့်ထွက်သွားစေသည်။

“အမှိုက်တွေ ....”

ဝင်္ကပါထဲတွင်ရှိသော လူတစ်ယောက်က အော်ဟစ်သည်။ ဝင်္ကပါက လျင်မြန်စွာ ပြန်လည်စုစည်းလာပြီး ဘေးတွင် စောင့်ကြည့်နေသည်။

ဝိုင်းရံခံထားရသော ရွှေကျီးကလန်သားများက လွတ်မြောက်သွားကြသည်။

ဟန်မူယဲ့က ဝင်္ကပါကို ကြည့်လိုက်ပြီး ရှေ့သို့ လျင်မြန်စွာပြေးဝင်လာသည်။

“သတိထားပါ။ ဝင်္ကပါက အရမ်းအားကောင်းတယ်”

အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူက ပြောလိုက်သည်။

ယခုအချိန်တွင် ဝင်္ကပါကို ပြန်လည်စုစည်းထားသောကြောင့် အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူကို ဖိနှိပ်နိုင်လိမ့်မည်။

သူကိုယ်တိုင်က အာရုံမစိုက်မိဘဲ ဝင်္ကပါထဲသို့ ရောက်သွားသောကြောင့် သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။

“ခလွပ် ....”

ဟန်မူယဲ့က ရှေ့တက်လာပြီး လက်သီးဖြင့် ထိုးချသည်။

ဝင်္ကပါထဲတွင်ရှိသော လူတစ်ယောက်က ခပ်အုပ်အုပ်အော်ဟစ်သည်။ ဝင်္ကပါက ဟန်မူယဲ့ကို ဝိုင်းရံလိုက်သည်။

သို့သော် ရှေ့တွင်ရှိသော လူများက ဟန်မူယဲ့၏ လက်သီးချက်နှင့် ထိတွေ့ပြီး လွင့်ထွက်သွားကြသည်။

အလုံးစုံခွန်အား၏ရှေ့တွင် အတူတကွ ပူးပေါင်းထားပြီး ရဲစွမ်းသတ္တိရှိလျှင်လည်း အသုံးမဝင်ပေ။

“အရမ်းအားကောင်းတယ်”

သတိပေးခဲ့သော အဆီအနှစ်ဝိညာဉ်နဝမအဆင့် ကျွမ်းကျင်သူက ထိတ်လန့်စွာ ပြောသည်။

လက်သီးတစ်ချက်ဖြင့် ဝင်္ကပါကို ထိုးဖောက်နိုင်သောကြောင့် သူထက် ပိုမိုသန်မာသည်။

ဟန်မူယဲ့က သိုးအုပ်ထဲသို့ ဝင်လာသော ကျားတစ်ကောင်ကဲ့သို့ ဝင်္ကပါထဲတွင် ရှိနေသည်။ သူ၏ လက်သီးချက်တိုင်းက ဝင်္ကပါ၏ အကာအကွယ်ကို ချိုးဖောက်နိုင်သည်။

အသက်ရှူကြိမ်ဆယ်ခါအတွင်း၌ ဝင်္ကပါက ပျက်စီးသွားသည်။

ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးပြီး အနက်ရောင်ဝတ်စုံနှင့် ပိန်ပါးသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို ဖမ်းယူသည်။

ထိုလူက မြွေတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက ဓားတိုဖြင့် ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးချသည်။

“ဘန်း”

ဟန်မူယဲ့က လက်သီးချက်ဖြင့် ဓားတိုကို ဖျက်ဆီးလိုက်ပြီး တစ်ဖက်လူ၏လည်ပင်းကို ဆုပ်ကိုင်သည်။

ထိုလူ၏ တိုက်ခိုက်မှုနှင့် ပြတ်သားမှုကြောင့် လူတိုင်းက ထိတ်လန့်သွားသည်။

“လူသားကျင့်ကြံခြင်းနည်းစနစ်၊ လူသားဝင်္ကပါ၊ လူသားသိုင်းပညာရပ်”

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်ဝါးထဲတွင် ရွှေရောင်သွေးမျိုးဆက်စွမ်းအားကို ဖော်ထုတ်သည်။

“မင်းက ဘယ်သူလဲဆိုတာ ကြည့်ရအောင်”

ရွှေရောင်မီးတောက်သည် သူ့လက်ဝါးထဲတွင် ပေါ်ထွက်လာသည်။

ရွှေကျီးကန်းမီးတောက် ဖြစ်သည်။

ပိန်ပါးသော သတ်လတ်ပိုင်းအရွယ်လူက ထိတ်လန့်သွားပုံပေါ်သည်။ သူက ထိတ်လန့်စွာ အော်ဟစ်တော့မည့်အချိန်တွင် ရွှေကျီးကန်းမီးတောက်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။

မီးတောက်များက လွှမ်းခြုံလိုက်သောအချိန်တွင် အနက်ရောင်အဆီအနှစ်ဝိညာဉ်တစ်ခု ပေါ်လာပြီး ရွှေကျီးကန်းမီးတောက်ကို တားဆီးရန်ကြိုးစားသည်။

“ဒုတိယမြောက် အဆီအနှစ်ဝိညာဉ်လား”

ရွှေကျီးကလန်၏ အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူက အံ့အားသင့်နေသည်။

ဤလောကတွင် သွေးမျိုးဆက်မသန့်စင်သော လူများက အဆီအနှစ်ဝိညာဉ် နှစ်ခု၊ သုံးခုခန့် စုစည်းနိုင်ကြသည်။

ဟန်မူယဲ့ ဖမ်းထားသောလူက အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင် ရှိနေသည်။

ထိုလူ၏ ရွှေကျီးကန်းအဆီအနှစ်ဝိညာဉ်ကို ဟန်မူယဲ့က ဖိနှိပ်ထားသည်။

ဟန်မူယဲ့၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေပြီး လဲကျနေသော တခြားလူများကို ကြည့်သည်။

“ဒုတိယမြောက် အဆီအနှစ်ဝိညာဉ် မဟုတ်ဘူး”

သူက လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ရွှေကျီးကန်းအဆီအနှစ်ဝိညာဉ်က ခိုးယူခံထားရတာပဲ”

သူက ရှေ့တွင်ရှိသော အနက်ရောင် အဆီအနှစ်ဝိညာဉ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်ရှိသော ရွှေအလင်းက မီးဓားအဖြစ် ပြောင်းလဲသွားသည်။

“ရွှပ် ....”

မီးဓားက အဆီအနှစ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

သက်လတ်ပိုင်းအရွယ်လူကြီးက မျှော်လင့်ချက်ကင်းမဲ့သွားပုံပေါ်သည်။ သူက အော်ဟစ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ခုန်ဝင်လာသည်။

သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော အဆီအနှစ်ဝိညာဉ်စွမ်းအားက ဟန်မူယဲ့၏ရှေ့တွင် ပေါက်ကွဲသွားသည်။

ကိုယ်ပိုင် အဆီအနှစ်ဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။

‘အရမ်းပြတ်သားနေတာပဲ’

ဟန်မူယဲ့က နှာမှုတ်လိုက်ပြီး လက်သီးဖြင့် ထိုးချသည်။

“ဘန်း”

သက်လတ်ပိုင်းအရွယ်လူကြီးက ပေတစ်ထောင်အကွာသို့ လွင့်ထွက်သွားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးဆက်စွမ်းအားက အလင်းလွှာအဖြစ် ပြောင်းလဲသွားပြီး ပေါက်ကွဲမှုကို ကာကွယ်လိုက်သည်။

“ဘန်း”

သက်လတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်နှင့် အဆီအနှစ်ဝိညာဉ်က ပြိုကွဲသွားသည်။

သို့သော် ပေါက်ကွဲမသွားပေ။

ထိုလူက မဖောက်ခွဲခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီးက ပေါက်ကွဲမှုစွမ်းအားကို ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။

“ရွှေကျီးကန်းရဲ့စွမ်းအားက မင်းကို ဖိနှိပ်တယ်”

ဟန်မူယဲ့၏ နောက်တွင်ရှိသော အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လဲကျနေသော လူတစ်ယောက်ကို ဆုပ်ကိုင်သည်။

“မင်းက ဘယ်သူလဲ”

စစ်မှန်သော ရွှေကျီးကန်းများက ကိုယ်ပိုင်သွေးမျိုးဆက်စွမ်းအား၏ ဖိနှိပ်မှုကို ခံရမည်မဟုတ်ပေ။

ထိုလူက နှာမှုတ်လိုက်ပြီး သွေးတစ်လုပ်အန်ထုတ်သည်။ ထို့နောက် အနက်ရောင် အဆီအနှစ်ဝိညာဉ်ကို ဖော်ထုတ်သည်။

“ဘန်း”

သူ၏ အဆီအနှစ်ဝိညာဉ်က ပျက်စီးသွားသည်။ သူ၏ သွေးနှင့်ချီက ခြောက်သွေ့နေပြီး သေဆုံးသွားသည်။

သို့သော် ရွှေကျီးကန်းစွမ်းအား၏ ဖိနှိပ်မှုကြောင့် သူ၏ ခန္ဓာကိုယ်က ပျက်စီးမသွားပေ။

သူ့နဖူးတွင်ရှိသော ရွှေကျီးကန်းအမှတ်အသားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကောင်းကင်ပေါ်သို့ တက်သွားသည်။

ရွှေအလင်းသည် ကောင်းကင်တွင် ပေါ်ထွက်လာသည်။

ရွှေကျီးကန်း၏သေဆုံးခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သေဆုံးသွားခြင်းမဟုတ်ပေ။ လွန်ခဲ့သောအချိန်ကတည်းက သေဆုံးခဲ့သည်။ အဆီအနှစ်ဝိညာဉ်နှင့် သွေးမျိုးဆက်စွမ်းအားကို လုယူထားခြင်းသာ ဖြစ်သည်။

ဟန်မူယဲ့က ဓားမော့တစ်လက်ကို လှမ်းယူသည်။

ရွှေကျီးကန်း၏ အဆီအနှစ်ဝိညာဉ်စွမ်းအားက ဓားမော့ထဲသို့ စိမ့်ဝင်သွားသည်။ သူ၏ မျက်လုံးများက တောက်ပလာသည်။

စိတ်ထဲတွင် ပုံရိပ်များကို မြင်ရသည်။

“လူသားတွေ”

ထိုလူများအားလုံးက လူသားများပင် ဖြစ်ကြသည်။

ပုံရိပ်ထဲတွင် ထိုလူများအားလုံးကို အသက်တစ်ရာမပြည့်ခင်ကတည်းက ရွေးချယ်ထားပြီး ရွှေကျီးကန်းမျိုးနွယ်အတိုင်း လေ့ကျင့်စေသည်။

ထို့နောက် ချိပ်ပိတ်ထားသော ရွှေကျီးကန်းသွေးမျိုးဆက်နှင့် အဆီအနှစ်ဝိညာဉ်များကို ပေးခဲ့သည်။

ဟန်မူယဲ့က နေရာအနှံ့သို့ ထွက်ပြေးနေသော တခြားလူများကို ကြည့်သည်။

“လူသားတွေသတ်ဖြတ်လိုက်တဲ့ ရွှေကျီးကလန်သားတွေရဲ့ သွေးမျိုးဆက်နဲ့ အဆီအနှစ်ဝိညာဉ်ကို သူတို့ဆီမှာ အသုံးပြုထားတာပဲ”

ဟန်မူယဲ့၏မျက်နှာထားက မည်းမှောင်နေသည်။

လူသားအလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သော အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူ၏ မျက်နှာထားက လေးနက်နေသည်။

လူသားမျိုးနွယ်က ရွှေကျီးကလန်သားများကို နေရာအနှံ့တွင် အမဲလိုက်နေသည်ဟု ထင်ရသော်လည်း သွေးမျိုးဆက်စွမ်းအားနှင့် အဆီအနှစ်ဝိညာဉ်ကို လုယူပြီး လျှို့ဝှက်နယ်မြေသို့ ခိုးဝင်ရန် စီစဉ်နေခဲ့သည်။

‘သူတို့တွေ ဘယ်နှယောက်တောင် ရောက်လာတာလဲ။ သူတို့က ဘာကို စီစဉ်နေတာလဲ’

“နေဖမ်းပွဲရဲ့ လျှို့ဝှက်နယ်မြေကို လူသားတွေ ဘယ်နှယောက် ရောက်လာတာလဲ”

ဟန်မူယဲ့က ထိုမေးခွန်း၏အဖြေကို မသိပေ။

ဝင်္ကပါဖွဲ့စည်းပြီး တိုက်ခိုက်နေသော အယောင်ဆောင်လူများအပြင် ပြန့်ကျဲနေသော ကျွမ်းကျင်သူများလည်း ရှိနေလိမ့်မည်။

All Chapters