အခန်း (၁၁၂၉)
Vol. 81 Ch. 1129
ချင်နန်ရွှင်၏အပြုအမူကြောင့် ဆူပွက်လာသော သွေးများသည် အရိုးထဲအထိ အေးစက်သွားသည်။
ယခုအချိန်တွင် ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူက ကိုယ်ပိုင်မျိုးနွယ်ကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးချင်နေသည်။
သူက ကျင့်ကြံဆင့်မြင့်မားသော်လည်း တာဝန်ယူလိုစိတ် မရှိပေ။
“မသွားချင်ဘူးလား”
ကျန်းယုက ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရပြီး မျက်မှောင်ကြုတ်သည်။
သူက ဟန်မူယဲ့ကို အထင်ကြီးသောကြောင့် နောက်တစ်ဆင့်သို့ ခေါ်သွားရန် ဆန္ဒရှိသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပျံထွက်သွားသည်။
မတူညီသော လမ်းကြောင်းများသည် တူညီသော ပန်းတိုင်သို့ မရောက်နိုင်ပေ။
ဟန်မူယဲ့ လှည့်ထွက်သွားသောအခါ ကျန်းယုက နှာမှုတ်လိုက်သည်။ သူ၏ သွေးမျိုးဆက်စွမ်းအားက ပေါက်ကွဲထွက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားသည်။
ချက်ချင်းဆိုသလိုပင် သူ၏ အရှိန်အဝါက ပျောက်ကွယ်သွားသည်။
အဝေးတစ်နေရာတွင် ရှိနေသော ဟန်မူယဲ့က ရွံရှာသော မျက်နှာထားဖြင့် ခေါင်းခါသည်။
ထိုကျန်းယုက ထွက်မသွားခင် တမင်သက်သက် သူ့ကို ချောက်တွန်းသွားခဲ့သည်။
ရွှေကျီးကန်းသွေးမျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းသည် မီးပြတိုက်တစ်ခုကဲ့သို့ လူသားကျွမ်းကျင်သူများကို ဆွဲဆောင်လိမ့်မည်။
ယခု ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏လက်မှ ထွက်ပြေးရတော့မည်။
သူက ထိုလူများကို စုရပ်သို့ ခေါ်မသွားနိုင်ပေ။
ဟန်မူယဲ့က အံကြိတ်ထားပြီး ဦးတည်ချက်ပြောင်းသည်။ သူက ရွှေကျီးကန်းအဖြစ် ပြောင်းလဲလိုက်ပြီး တောင်ပံခတ်၍ အရှိန်မြှင့်သည်။
“ဘုန်း ....”
အလင်းတန်းနှစ်ခုသည် ကျန်းယုနှင့်ဟန်မူယဲ့ ရှိခဲ့သောနေရာတွင် ရပ်တန့်လိုက်သည်။
တစ်ယောက်က အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင် ဖြစ်သည်။ သူ၏ မျက်လုံးများသည် ရွှေရောင်တောက်နေသည်။ သူ့နောက်တွင် ရွှေကျီးကန်း၏ အစစ်အမှန်ဝိညာဉ်ပုံရိပ်ကို မြင်ရသည်။
သူ၏ သွေးချီသည် အစစ်အမှန်ဝိညာဉ်နှင့် ပေါင်းစပ်နေပြီး ရွှေကျီးကန်းသွေးမျိုးဆက်နှင့် ဆင်တူသည်။
သို့သော် သူ၏ နဖူးတွင် ရွှေကျီးကန်းအမှတ်အသား မရှိပေ။ သူက ရွှေကျီးကန်းသွေးမျိုးဆက်နှင့် အစစ်အမှန်ဝိညာဉ်ကို ကျင့်ကြံထားသော လူသားကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
နောက်တစ်ယောက်က အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးဖြစ်သည်။ သူက လက်ထဲတွင် ဓားမော့တစ်လက်ကိုင်ထားပြီး နောက်ကျောတွင် ဝက်ဝံနက်ပုံရိပ် ရှိနေသည်။
“ဝီ”
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က လက်မြှောက်ပြီး အလင်းလွှာကို ဖန်တီးသည်။
လမ်းခွဲသွားသော ကျန်းယုနှင့် ဟန်မူယဲ့၏ပုံရိပ်ကို မြင်ရသည်။
ကျန်းယုက အလင်းတန်းကို ထုတ်လွှတ်ပြီး ပျောက်ကွယ်သွားသည်။
“ပျောက်သွားတဲ့လူက အစစ်အမှန်ဝိညာဉ်အဆင့်ပဲ။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ မဟုတ်ဘူး”
တာအိုတန်ခိုးရှင်က အလင်းလွှာကို သိမ်းလိုက်ပြီး ကျန်းယုကို နောက်ယောင်ခံသည်။
အနက်ရောင်ချပ်ဝတ်နှင့် လူကလည်း ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ၏ အမြန်နှုန်းက တာအိုတန်ခိုးရှင်နှင့် ယှဉ်နိုင်သည်။
ဟန်မူယဲ့က အချိန်ခဏကြာသည်အထိ ပျံသန်းနေပြီး နောက်တွင် ကျန်ရစ်ခဲ့သော တိုက်ခိုက်သံကို ကြားလိုက်ရသည်။
သူက အံ့အားသင့်နေသော မျက်နှာထားဖြင့် နောက်သို့ လှည့်ကြည့်သည်။
လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူက သူထင်ထားသည်ထက် ပိုအားကောင်းသည်။ သူတို့က ကျန်းယုကို ရှာတွေ့သွားပြီး တိုက်ခိုက်နေကြသည်။
ယခင်ကဆိုလျှင် သူက နည်းလမ်းတစ်ခုစဉ်းစားပြီး တိုက်ခိုက်ခံနေရသော ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို ကယ်တင်ရန် ကြိုးစားလိမ့်မည်။
သို့သော် ယခုအချိန်တွင် ကျန်းယု၏ သေခြင်းရှင်ခြင်းက သူနှင့် မသက်ဆိုင်တော့ပေ။
လူသားမျိုးနွယ်၏ ကျွမ်းကျင်သူများက ကျန်းယု၏နောက်သို့ လိုက်သွားသောကြောင့် သူက စုရပ်ဖြစ်သော ယဇ်ပလ္လင်ဆီသို့ ဦးတည်လိုက်သည်။
သူက နှစ်ရက်ကြာအောင် ပျံသန်းခဲ့ပြီး ဒါဇင်ချီသော တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးတွင် ပြန်ရောက်လာသည်။
ယခုအချိန်တွင် ရွှေကျီးကလန်သား လေးသောင်းကျော်ကို စုစည်းထားနိုင်ခဲ့သည်။
“ခေါင်းဆောင်ဟန်”
“ခေါင်းဆောင်ဟန်၊ ဒါက ရှန်းထန်ကလန်ရဲ့ ရှန်းကျန်းယွီပါ”
ရွှေကျီးကလန်သားများကြားတွင် ရွှေရောင်ဝတ်စုံနှင့် အရပ်ရှည်သော လူငယ်တစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
အစစ်အမှန်ဝိညာဉ်အဆင့် ဖြစ်သည်။
“ဟန်တောင်တန်းကလန်ရဲ့ ခေါင်းဆောင်ဟန်။ ငါက မင်းနာမည်ကို ကြားဖူးတယ်”
“မင်းမရှိရင် အနည်းဆုံး ရွှေကျီးကလန်သားတစ်သန်းက ကြည်လင်ကောင်းကင်တောအုပ်မှာ သေဆုံးသွားလိမ့်မယ်”
ရှန်းကျန်းယွီက ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။
သူက ရွှေကျီးကန်းမျိုးနွယ်၏ အဓိကကလန်ကြီးတစ်ခုမှ ဖြစ်သောကြောင့် ထိုသတင်းများကို သိနေသည်။
ဝေးကွာသော ကလန်အများစုကတော့ ထိုသတင်းကို မသိကြပေ။
“ဟန်တောင်တန်းကလန်ခေါင်းဆောင်ရဲ့ စစ်ပွဲနည်းဗျူဟာတွေက သန်းချီတဲ့ လူသားစစ်တပ်ကို အနိုင်ယူနိုင်တယ်လို့ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေက ပြောခဲ့တယ်”
ရှန်းကျန်းယွီ၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ရွှေကျီးကလန်သားများက အံ့အားသင့်နေကြသည်။
ရှန်းကျန်းယွီက ခေါင်းဆောင်ဟန်ကို အလွန်အမင်း ချီးကျူးနေလိမ့်မည်ဟု သူတို့က ထင်မထားခဲ့ပေ။
အစပိုင်းတွင် ရှန်းကျန်းယွီက ဟန်မူယဲ့ကို ကိုယ်တိုင်ထွက်ကြိုရန် ပြင်ဆင်ခဲ့သောကြောင့် သူတို့က ငြင်းဆန်ချင်ကြသည်။ သို့သော် ယခုအချိန်တွင် သူတို့၏ အကြည့်များက ပြောင်းလဲသွားသည်။
ခေါင်းဆောင်ဟန်က အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင်သာ ရှိသော်လည်း ရှန်းထန်ကလန်အထိ နာမည်ကြီးနေသည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ရှန်းကျန်းယွီကို နှုတ်ဆက်သည်။ ထို့နောက် ချင်းနန်ရွှင်၏ လှံရှည်ကို ထုတ်ပေးသည်။
လှံရှည်ကို မြင်လိုက်ရသောအခါတွင် ရှန်းကျန်းယွီက တစ်ကိုယ်လုံး တုန်ခါသွားသည်။
“သွားကြစို့။ တဲအိမ်ထဲမှာ ပြောကြမယ်”
ရှန်းကျန်းယွီက အော်ဟစ်လိုက်ပြီး ဟန်မူယဲ့ကို ယာယီတဲအိမ်ထဲသို့ ခေါ်သွားသည်။
ယာယီတဲအိမ်ကို သားရဲအရေပြားဖြင့် တည်ဆောက်ထားခဲ့သည်။
ထိုအရေပြားက မှိန်ဖျော့သော အလင်းရောင်ကို ထုတ်ပေးနေသည်။
“ချင်းနန်ရွှင်က သေသွားပြီလား”
တဲအိမ်ထဲတွင် ရှန်းကျန်းယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးမေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ချင်းနန်ရွှင်က အစစ်အမှန်ဝိညာဉ်ကို ဖျက်ဆီးပြီး လူသားမျိုးနွယ်၏ ကျွမ်းကျင်သူလေးယောက်ကို ချုပ်နှောင်ခဲ့သည်။ ထို့နောက် ကျန်းယုက ကူညီပေးရန် ငြင်းဆိုပြီး ဒုတိယအဆင့်သို့သွားရန် ကြိုးစားနေကြောင်း ပြောပြလိုက်သည်။
ရှန်းကျန်းယွီ၏မျက်နှာထားက ပြောင်းလဲသွားသည်။ ထို့နောက် သူက သက်ပြင်းချသည်။
“ညီအစ်ကိုချင်းနဲ့ ငါက နှစ်ပေါင်းများစွာကြာအောင် သိကျွမ်းလာခဲ့တယ်။ ငါတို့က ရှေ့တန်းမှာ အတူတူတိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ....”
“ငါတို့က ကျင့်ကြံဆင့်တိုးတက်လာအောင် လျှို့ဝှက်နယ်မြေမှာ အစစ်အမှန်ဝိညာဉ်အရိုးကို ရှာဖွေဖို့ ချိန်းဆိုခဲ့ကြတယ်”
“ငါတို့က တိုက်ခိုက်ဖို့လည်း သဘောတူခဲ့တယ်။ အနိုင်ရတဲ့လူက နေဖမ်းပွဲရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်။ အခုတော့ ....”
ရှန်းကျန်းယွီ၏စကားကြောင့် ဟန်မူယဲ့က တိတ်ဆိတ်နေသည်။
ကျင့်ကြံခြင်းလောကသည် ထိုသို့ပင် ဖြစ်သည်။
လူတစ်ယောက်၏ကံကြမ္မာကို မခန့်မှန်းနိုင်ပေ။
ထို့အပြင် မဟာတောရိုင်းကမ္ဘာက အပျက်အစီးနယ်မြေတစ်ခုသာ ဖြစ်သော်လည်း ဤနေရာတွင်ရှိသော သက်ရှိများက အဆုံးမရှိသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ချင်းနန်ရွှင်က အဆင့်တူကျွမ်းကျင်သူများကို တိုက်ခိုက်ပြီး အသက်စွန့်ခဲ့သည်။
“မင်းသားရှန်း၊ ကျွန်တော်က ချင်းနန်ရွှင်ကိုယ်စား တိုက်ခိုက်ပေးပါမယ်”
ဟန်မူယဲ့က တီးတိုးပြောသည်။
ရှန်းကျန်ယွီက ကြောင်အသွားသည်။
သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ကောင်းပြီ”
ထို့နောက် သူက လေးနက်သောမျက်နှာထားဖြင့် ဆက်ပြောသည်။
“ငါက လူတိုင်းရဲ့စိတ်ဓာတ်ကို သက်ရောက်သွားမှာစိုးလို့ ချင်းနန်ရွှင်ရဲ့သေဆုံးမှုကို အပြင်ဘက်မှာ မပြောခိုင်းခဲ့ဘူး”
“အခု ကျန်းယုက နောက်တစ်ဆင့်ကို တက်သွားလောက်ပြီ။ ငါတို့က ဘာလုပ်ကြမလဲ”
“လူသားတွေဘက်မှာ အနည်းဆုံး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ခြောက်ယောက် ရှိနေတယ်။ စစ်သည်တစ်သိန်းလည်း ရှိသေးတယ်”
“ငါတို့က သူတို့ကို မတားနိုင်ဘူး”
လူသားမျိုးနွယ်သည် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်အသီးသီးကို ဖိနှိပ်နိုင်သည်။
လူသားမျိုးနွယ်၏ နည်းလမ်းများနှင့် စစ်တပ်ဝင်္ကပါကို မျိုးနွယ်စုများက မယှဉ်နိုင်ကြပေ။
အစစ်အမှန်ဝိညာဉ်ခြောက်ယောက်နှင့် စစ်သည်တစ်သိန်းသည် ရွှေကျီးကန်းလက်ရွေးစင်များကို ရှင်းပစ်ရန် လုံလောက်သည်။
ရှန်းကျန်းယွီက အစစ်အမှန်ဝိညာဉ်အဆင့် ဖြစ်နေသော်လည်း နောက်တစ်ဆင့်သို့ ထွက်ပြေးရုံသာ တတ်နိုင်လိမ့်မည်။
“ခေါင်းဆောင်ဟန်၊ မင်းမှာ အကြံရှိလား”
ရှန်းကျန်းယွီက တီးတိုးပြောသည်။
သူက အစစ်အမှန်ဝိညာဉ်အဆင့်တွင် ရှိနေသော်လည်း ဘာမှမတတ်နိုင်ပေ။ ပြဿနာကို အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင်သာရှိသော ဟန်မူယဲ့ဆီသို့ တွန်းပို့လိုက်ရသည့်အတွက် သူအနေဖြင့် ခက်ခဲနေသည်။
သို့သော် သူက အမှန်တကယ်ပင် စွမ်းအားမဲ့နေသည်။
“အခု ငါတို့မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်”
ဟန်မူယဲ့၏စကားကြောင့် ရှန်းကျန်းယွီ၏ မျက်လုံးများက တောက်ပသွားသည်။
“ဒီနေရာကို ခုခံပြီး တခြားရွှေကျီးကလန်သားတွေကို စုဆောင်းမယ်။ ပြီးတော့ အပြင်ဘက်ကနေ စစ်ကူလာတာကို စောင့်နေမယ်”
“စစ်သည်တစ်သိန်းနဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက်က ငါတို့အားလုံးကို အချိန်တိုအတွင်း သတ်နိုင်မှာမဟုတ်ဘူး”
‘ခုခံမှာလား’
ထိုရွေးချယ်မှုက သိပ်မကောင်းပေ။
ချုပ်နှောင်ခံထားရသော အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက် လွတ်မြောက်လာပြီး လူသားစစ်တပ်ကို စုစည်းလိုက်လျှင် သူတို့က လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် အပြင်ဘက်၏ အခြေအနေကိုလည်း သေချာမသိနိုင်ပေ။
လူသားများ၏လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု ရှန်းကျန်းယွီက သေချာမပြောရဲပေ။
သူက ခေါင်းခါလိုက်သည်။
“ဒုတိယတစ်ခုကတော့ အရင်ဆုံးတိုက်ခိုက်ဖို့ပဲ”
ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်ကို ဖော်ထုတ်သည်။
“အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက် ချုပ်နှောင်ခံထားရတဲ့အချိန်မှာ ငါတို့က တိုက်ခိုက်မယ်”
“အခုအချိန်မှာ လူသားစစ်သည်တွေက ပြန့်ကျဲနေတဲ့ရွှေကျီးကလန်သားတွေကို သတ်ဖြတ်ဖို့ နေရာအနှံ့မှာ ရှိနေတယ်။ ငါတို့က ချုပ်နှောင်ခံထားရတဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်ဆီကို သွားမယ်”
ဟန်မူယဲ့က ရွှေရောင်တောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“တကယ်လို့ ငါက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်ရင် အစစ်အမှန်ဝိညာဉ်အဆင့်ကို ရောက်သွားဖို့ ယုံကြည်ချက်ရှိတယ်”
သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ပြီး အစစ်အမှန်ဝိညာဉ်အဆင့်သို့ တက်ရောက်မည်။
ထိုသို့ဖြင့် ရွှေကျီးကန်းမျိုးနွယ်ဘက်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက် တိုးလာလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့အတွက် မျှော်လင့်ချက်ရှိသည်။
“ကောင်းပြီ”
ရှန်းကျန်းယွီ၏ မျက်လုံးများက တောက်ပနေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ဒါပေမဲ့ ခေါင်းဆောင်ဟန်၊ မင်းက အစစ်အမှန်ဝိညာဉ်အဆင့်ကို မရောက်ဘူးဆိုရင် ငါက ဒုတိယအဆင့်ကို ချက်ချင်းထွက်သွားမယ်”
အကယ်၍ ဟန်မူယဲ့က အဆင့်မတက်နိုင်လျှင် သူတို့က အနိုင်ရမည်မဟုတ်ပေ။
ဤနေရာတွင် လူသားများနှင့် တိုက်ခိုက်နေလျှင် သေဆုံးရလိမ့်မည်။
ချင်းနန်ရွှင်ကဲ့သို့ အသက်စွန့်ပြီး တိုက်ခိုက်မည့်လူများ သိပ်မရှိပေ။
သို့သော် ကျန်းယုနှင့်ယှဉ်လိုက်လျှင် ရှန်းကျန်းယွီက ပိုသာသည်။
ကျန်းယုက တာဝန်မဲ့သည်။
“မင်းသားရှန်း၊ လူသားမျိုးနွယ်ရဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေက ရွှေကျီးကန်းမျိုးနွယ်ရဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်နေကြတယ်”
တဲအိမ်၏အပြင်ဘက်တွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။