← Chapters

အခန်း (၁၁၃၀)

Vol. 81 Ch. 1130

အခန်း (၁၁၃၀)

Vol. 81 Ch. 1130

‘လူသားတွေရဲ့ အစစ်အမှန်ဝိညာဉ်အဆင့်လား’

‘ရွှေကျီးကန်းမျိုးနွယ်ရဲ့ ကျွမ်းကျင်သူကို တိုက်ခိုက်နေတာလား’

‘ကျန်းယုလား’

‘ကျန်းယုက ဒုတိယအဆင့်ကိုမသွားခဲ့ဘူးလား’

အကယ်၍ သူတို့က ကျန်းယုကို ထိန်းသိမ်းထားနိုင်လျှင် အနိုင်ရနိုင်ခြေ ပိုများလာလိမ့်မည်။

“ငါသွားကြည့်လိုက်မယ်”

ရှန်းကျန်းယွီက တီးတိုးပြောသည်။

ဟန်မူယဲ့က နှလုံးခုန်မှားသွားပြီး နောက်မှ နီးကပ်စွာလိုက်လာသည်။

“အတူတူသွားရအောင်”

ရှန်းကျန်းယွီက သူ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်က အပြင်ဘက်သို့ ထွက်သွားကြသည်။ ရွှေကျီးကန်းမျိုးနွယ်၏ ကျွမ်းကျင်သူများက အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။

“ရွှေကျီးကန်းမျိုးနွယ်ရဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို မိုင်သုံးသောင်းအကွာမှာ စစ်တပ်က ဝိုင်းရံတိုက်ခိုက်နေတယ်။ ကလန်သားတစ်ယောက်က တိုက်ပွဲကို မြင်ခဲ့တယ်”

အနီရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ကျောက်စိမ်းပေလွှာကို ပေးလိုက်သည်။

ရှန်းကျန်းယွီက နတ်အာရုံဖြင့် ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

“ကျူးချန်ယန်လား။ သူက နေဖမ်းပွဲကို ရောက်လာတာလား”

ရှန်းကျန်းယွီက ဟန်မူယဲ့ကို ကျောက်စိမ်းပေလွှာပေးလိုက်ပြီး ပြောသည်။

“ကျူးချန်ယန်က ချူယုကလန်ရဲ့ နံပတ်တစ်မျိုးဆက်သစ်ပဲ။ သူက နေဖမ်းပွဲကို ရောက်လာမယ်လို့ ထင်မထားမိဘူး”

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာ၏ မှတ်တမ်းကို ကြည့်လိုက်သည်။ အနည်းဆုံး ရွှေကျီးကလန်သား သုံးထောင်က ဝိုင်းရံတိုက်ခိုက်ခံနေရသည်။ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ခုခံပေးနေသည်။

လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် နှစ်ယောက်က စစ်သည်သုံးသောင်းကို ဦးဆောင်ပြီး တိုက်ခိုက်နေသည်။ ရွှေကျီးကလန်သားများအတွက် အန္တရာယ်ရှိသည်။

“ခေါင်းဆောင်ဟန်၊ သူတို့ကို ဘယ်လိုကယ်ကြမလဲ”

ရှန်းကျန်းယွီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က အချက်အလက်များကို လျင်မြန်စွာ တွက်ချက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ဒီမှာရှိတဲ့ လူအားလုံးကို အသုံးပြုလိုက်ရင် ၃၀% အနိုင်ရလိမ့်မယ်”

ဟန်မူယဲ့က ပြတ်သားသော မျက်လုံးများဖြင့် ရှန်းကျန်းယွီကို ကြည့်လိုက်သည်။

“ချုပ်နှောင်ထားတဲ့နေရာကို တစ်ခါတည်း တိုက်ရိုက်သွားလိုက်မယ်ဆိုရင် အဲဒီမှာရှိတဲ့ အစစ်အမှန်ဝိညာဉ်အဆင့်တွေက လွတ်မြောက်သွားရင်တောင် ဒီအဆင့်ကနေ ထွက်သွားနိုင်ဖို့ အခွင့်အရေးရှိတယ်”

ယခုအချိန်တွင် သူက လူတိုင်းကို ဦးဆောင်ပြီး တိုက်ခိုက်တော့မည်။

ရှန်းကျန်းယွီနှင့် တခြားလူများက ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဤနေရာတွင်ရှိသော ရွှေကျီးကလန်သားလေးသောင်းက ခွန်အားကောင်းသည်ဟု ထင်ရသော်လည်း စည်းလုံးမှုမရှိပေ။

အကယ်၍ လူတိုင်း၏ခွန်အားကို စုစည်းနိုင်လျှင် ရှန်းကျန်းယွီက စိုးရိမ်နေမည်မဟုတ်ပေ။

‘လောကမှာ ပူးပေါင်းပြီး တိုက်ခိုက်နိုင်တဲ့လူတွေက လူသားတွေပဲရှိတာမဟုတ်လား’

လူသားဝင်္ကပါသည် လူများလေ ခွန်အားကောင်းလေ ဖြစ်သည်။

သို့သော် ရှန်းကျန်းယွီက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“ကောင်းပြီ။ ခေါင်းဆောင်ဟန်က အရာအားလုံးကို စီစဉ်လိုက်ပါ”

သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာပြောသည်။

“ငါက ရှေ့ဆုံးကနေ ဦးဆောင်သွားပါ့မယ်”

ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ လက်မြှောက်သည်။

“မင်းသားရှန်းက အဆီအနှစ်ဝိညာဉ် အဌမအဆင့်နဲ့ နဝမအဆင့်တွေကို ဦးဆောင်ပြီး ကျူးချန်ယန်ကို ကယ်တင်လိုက်ပါ”

ရှန်းကျန်းယွီက ခေါင်းညိတ်လိုက်ပြီး လေထုထဲသို့ ပျံတက်လာသည်။ ရွှေကျီးကန်းမျိုးနွယ်၏ ထောင်ချီနေသော လက်ရွေးစင်များက သူ့နောက်တွင် စုစည်းလိုက်ပြီး ပေသုံးထောင်ကြီးမားသော ရွှေကျီးကန်းပုံရိပ်ကို ဖွဲ့စည်းသည်။ ထို့နောက် စခန်းထဲမှ ထွက်သွားသည်။

သူတို့က လူသားစစ်သည်သုံးသောင်းကို တိုက်ခိုက်ရန် လုံလောက်သည်။

ဝိုင်းရံခံထားရသော ရွှေကျီးကလန်သားများကို မကယ်နိုင်လျှင်ပင် အချိန်ဆွဲထားနိုင်လိမ့်မည်။

ရှန်ကျန်းယွီ ထွက်သွားသောအခါတွင် ဟန်မူယဲ့က လေထုထဲသို့ ပျံတက်လာသည်။

“အားလုံးပဲ အခု အချိန်က အရေးကြီးနေတယ်။ အဲဒါကြောင့် ငါက ယဉ်ကျေးမနေတော့ဘူး။ ချပ်ဝတ်နဲ့ နတ်ဘုရားမီးတောက်တွေကို ယူလိုက်ပါ”

သူက လက်ကို ဝှေ့ယမ်းပြီး အနက်ရောင်ချပ်ဝတ်များကို ထုတ်ပေးသည်။

ထိုချပ်ဝတ်က ခုခံနိုင်စွမ်းမကောင်းသော်လည်း လူသားစစ်သည်များကို တားဆီးရန် လုံလောက်သည်။

ထို့အပြင် ချပ်ဝတ်ကို လူခွဲခြားရာတွင်လည်း အသုံးပြုနိုင်သည်။

ထိုသို့ဖြင့် လူသားများကို ခွဲထုတ်နိုင်လိမ့်မည်။

နတ်ဘုရားမီးတောက်ကတော့ နောက်ပိုင်းတွင် ထပ်တွေ့လာမည့် ရွှေကျီးကလန်သားများကို စစ်ဆေးရန် ဖြစ်သည်။

သူတို့က နှစ်နာရီအချိန်ယူပြီး ဝင်္ကပါကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် အနက်ရောင်ချပ်ဝတ်နှင့် ရွှေကျီးကလန်သားများက ရိုးရှင်းသော စစ်ပွဲဝင်္ကပါဖြင့် ချီတက်လာကြသည်။

စစ်ပွဲဝင်္ကပါက သိပ်အားမကောင်းပေ။ သို့သော် အနည်းဆုံး သူတို့၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့် ကျွမ်းကျင်သူများက ရှန်းကျန်းယွီနှင့် လိုက်သွားသောကြောင့် ဤနေရာတွင် ဟန်မူယဲ့ကို မေးခွန်းထုတ်မည့်လူ မရှိပေ။

ထို့ကြောင့် ဟန်မူယဲ့က ရှန်းကျန်းယွီကို ကျင့်ကြံဆင့်မြင့်သောလူများအား ခေါ်သွားစေခဲ့သည်။

“သွားကြစို့”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ရွှေကျီးကန်းအဖြစ် ပြောင်းလဲသည်။ လူတိုင်း၏ အဆီအနှစ်ဝိညာဉ်စွမ်းအားက စုစည်းလာပြီး ပေသုံးသောင်းကြီးမားသော ရွှေကျီးကန်းကို ဖန်တီးသည်။ ထိုကျီးကန်းက ကောင်းကင်ထက်တွင် ပျံသန်းသွားခဲ့သည်။

ဟန်မူယဲ့က ပျံသန်းနေသောအချိန်တွင် လူတိုင်း၏ သွေးမျိုးဆက်စွမ်းအားကို ဖြည်းဖြည်းချင်း စုစည်းလာအောင် လမ်းပြပေးနေသည်။

သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးဆက်စွမ်းအားက နေတစ်စင်းသဖွယ် တောက်ပနေသည်။

ယခုအချိန်တွင် သူက ဖုံးကွယ်မထားတော့ပေ။

မီးနေမင်းအဆင့် ရွှေကျီးကန်းသွေးမျိုးဆက်က လူတိုင်း၏ သွေးများကို ဆူပွက်သွားစေသည်။

အရုဏ်နေမင်း၊ လောင်ကျွမ်းနေမင်း၊ မီးနေမင်း၊ ထာဝရတောက်ပခြင်း၊ မဟာနေမင်း ....

ဟန်မူယဲ့၏နောက်တွင်ရှိသော လက်ရွေးစင်များက အရုဏ်နေမင်းမဟုတ်လျှင် လောင်ကျွမ်းနေမင်းသွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ကြသည်။ ဟန်မူယဲ့၏ မီးနေမင်းစွမ်းအားအောက်တွင် သူတို့၏ သွေးမျိုးဆက်စွမ်းအားက ဆက်တိုက် မြင့်တက်လာသည်။

လူတိုင်း၏ သွေးမျိုးဆက်က နိုးထလာသည်ဟု ထင်ရသည်။

ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များက သွေးမျိုးဆက်စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ရန် ဆန္ဒရှိကြသည်။

“ဘုန်း”

ရှေ့တွင် ရွှေကျီးကန်း၏ တောက်ပသောအလင်းက အနက်ရောင်အလင်းနှင့် ထိတွေ့သွားသည်။

ရှန်းကျန်းယွီက ပြင်းထန်စွာ တိုက်ခိုက်နေသည်။

တိုက်ပွဲတွင် နောက်ထပ် ရွှေကျီးကန်းအစစ်အမှန်ဝိညာဉ်တစ်ခုလည်း ရှိနေခဲ့သည်။

လူသားများတွင် အစစ်အမှန်ဝိညာဉ်အဆင့် နှစ်ယောက်ရှိသည်။

ထို့အပြင် စစ်သည်သုံးသောင်းလည်း ရှိနေသောကြောင့် ရွှေကျီးကန်းမျိုးနွယ်ဝင် သုံးထောင်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။

သူတို့က တခြားရွှေကျီးကန်းများကို ဆွဲဆောင်ချင်သောကြောင့် ယခုအချိန်အထိ တိုက်ခိုက်နေခြင်း ဖြစ်လိမ့်မည်။

ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ဟန်မူယဲ့က လူတိုင်းကို အသုံးပြုရန် စီစဉ်ခဲ့သည်။ ထိုသို့မဟုတ်လျှင် အကူအညီပေးရန် ရောက်လာသော ရွှေကျီးကန်းမျိုးနွယ်ဝင်များက ဆက်တိုက် အသတ်ခံရလိမ့်မည်။

ပေသုံးသောင်းကြီးမားသော ရွှေကျီးကန်း ရောက်လာသောအခါ ဤနေရာတွင်ရှိသော လူသားစစ်သည်က သုံးသောင်းမဟုတ်ပဲ လေးသောင်းဖြစ်နေကြောင်း သိလိုက်ရသည်။

ဟန်မူယဲ့ထင်ထားသည့်အတိုင်း ထောင်ချောက် ဖြစ်သည်။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ငါးစာထားပြီး ရွှေကျီးကန်းမျိုးနွယ်များကို မျှားခေါ်သည်။

စစ်သည်သုံးသောင်းက ရွှေကျီးကန်းမျိုးနွယ်ဝင်သုံးထောင်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို ပိတ်လှောင်ထားသည်။

ကျန်ရှိနေသော စစ်သည်တစ်သောင်းက အကူအညီပေးရန်ရောက်လာသော ရွှေကျီးကန်းမျိုးနွယ်၏ ကျွမ်းကျင်သူများကို တိုက်ခိုက်နေသည်။

ရှန်းထျန်းယွီ၏လူများက အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့်တွင် ရှိသော်လည်း စစ်သည်တစ်သောင်းက ဝင်္ကပါနှင့် ဧရာမဝက်ဝံတစ်ကောင်ကို ဖွဲ့စည်းခဲ့သည်။ ထိုဝက်ဝံ၏ တိုက်ခိုက်မှုတိုင်းက ရှန်းထျန်းယွီတို့အဖွဲ့ကို တားဆီးထားသည်။

စစ်တပ်ဝင်္ကပါ၏ စွမ်းအားဖြစ်သည်။

စစ်သည်တစ်သောင်းသည် ရွှေကျီးကန်းမျိုးနွယ်၏ ကျွမ်းကျင်သူများကို တားဆီးနိုင်ခဲ့သည်။

သူတို့၏ ဝင်္ကပါက ကျစ်လစ်မှုမရှိသော်လည်း ဆက်တိုက်ပြုပြင်ပေးမည့်လူများက အဆင်သင့်ရှိနေသည်။

သူတို့က ပိတ်မိနေသော ရွှေကျီးကန်းမျိုးနွယ်များကို ရှင်းထုတ်ပြီးလျှင် အကူအညီပေးရန် ရောက်လာသော ကျွမ်းကျင်သူများကိုလည်း သတ်ဖြတ်နိုင်လိမ့်မည်။

ရွှေကျီးကန်းမျိုးနွယ်က တစ်ဦးချင်းဆိုလျှင် သန်မာသော်လည်း ဝင်္ကပါမရှိသည့်အတွက် နှမြောစရာကောင်းသည်။

ဟန်မူယဲ့က ရှန်းကျန်းယွီ၊ ကျူးချန်ယန်တို့နှင့် တိုက်ခိုက်နေသော အစစ်အမှန်ဝိညာဉ်အဆင့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။

ထိုနှစ်ယောက်က ချုပ်နှောင်ခံထားရသော လူလေးယောက် မဟုတ်ပေ။

ကျန်းယုကို လိုက်ဖမ်းနေခဲ့သော အစစ်အမှန်ဝိညာဉ် ကျွမ်းကျင်သူနှစ်ယောက်လည်း မဟုတ်ပေ။

ထို့ကြောင့် လူသားများဘက်တွင် အနည်းဆုံး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူရှစ်ယောက် ရှိနေသည်။

ထိုအရေအတွက်က ထိတ်လန့်စရာကောင်းသည်။

လူသားမျိုးနွယ်၏ခွန်အားက ထိုအဆင့်အထိ ရောက်နေသည်။

“ငါနဲ့အတူ ဝင်္ကပါကို တိုက်ခိုက်ကြ”

ယခု စဉ်းစားနေရန် အချိန်မရှိပေ။ ဧရာမရွှေကျီးကန်းပုံရိပ် ဆင်းသက်လာပြီး အနက်ရောင်ချပ်ဝတ်နှင့် လက်ရွေးစင်များက သွေးပူနေကြသည်။

လမ်းတစ်လျှောက်တွင် ဟန်မူယဲ့က မီးနေမင်းသွေးမျိုးဆက်စွမ်းအားကို အသုံးပြုပြီး သူတို့၏ သွေးမျိုးဆက်ကို လှုံ့ဆော်ပေးခဲ့သောကြောင့် လူတိုင်းက တက်ကြွနေကြသည်။

“ဘုန်း”

ဟန်မူယဲ့က ဦးဆောင်ပြီး ပြေးထွက်သွားသည်။ သူက ငွေရောင်သန်းနေသော စစ်တပ်ဝင်္ကပါကို လက်သီးချက်ဖြင့် ထိုးနှက်သည်။

ငွေရောင်ချပ်ဝတ် စစ်ပွဲဝင်္ကပါ၏အပေါ်တွင် နဂါးပုံရိပ် ရှိနေသည်။ နဂါးက ဟန်မူယဲ့၏လက်သီးချက်ကို လက်သည်းများဖြင့် ရိုက်ချသည်။

“ဘန်း”

ဟန်မူယဲ့က ပေတစ်ရာအထိ နောက်ဆုတ်ပေးလိုက်ရသည်။

ထိုအရာသည် လူသားများ၏ ဝင်္ကပါစွမ်းအား ဖြစ်သည်။

စစ်ပွဲဝင်္ကပါသည် သောင်းချီသော စစ်သည်များ၏ခွန်အားကို စုဆောင်းပြီး အဆင့်မြင့်ရန်သူများကို တိုက်ခိုက်နိုင်သည်။

ထိုစွမ်းအားမျိုးသည် အနာဂတ်ကျင့်ကြံခြင်းလောကတွင် အဓိကအချက် ဖြစ်လာသည်။

နောက်ပိုင်းတွင် နတ်ဘုရားသားရဲများ၏ အမွေအနှစ်အတွက် အခွင့်အရေးမရှိတော့ပေ။

သူကလည်း မရေမတွက်နိုင်သော ဓားကျင့်ကြံသူများကို စုစည်းပြီး ဓားဝင်္ကပါ၏စွမ်းအားဖြင့် ကောင်းကင်ကို စိန်ခေါ်ခဲ့သည်။

အပျက်အစီးနယ်မြေတွင် ရွှေကျီးကန်းမျိုးနွယ်ဖြစ်စေ၊ တခြားမျိုးနွယ်များဖြစ်စေ၊ နတ်ဘုရားသားရဲများဖြစ်စေ နောက်ဆုံးဂုဏ်ကျက်သရေကို ခံစားနေခြင်း ဖြစ်လိမ့်မည်။

မဟာတောရိုင်းကမ္ဘာအပြီးတွင် လူသားများက ကျင့်ကြံခြင်းလောက၏ အရှင်သခင် ဖြစ်လာသည်။

ဟန်မူယဲ့က မီးခိုးရောင်ကောင်းကင်ကို မော့ကြည့်သည်။ သူ၏ နှလုံးသားက တုန်ခါသွားသည်။

သူက ဤလောကသို့ ဝင်ရောက်ရန် ရွှေကျီးကန်းသွေးမျိုးဆက်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတောရိုင်းကမ္ဘာတွင် ရွှေကျီးကန်းသွေးမျိုးဆက်ကို တောက်ပလာအောင် လုပ်ပေးမည်။

“ဘုန်း”

သူ၏ ရွှေကျီးကန်းမီးတောက်နှင့် သွေးမျိုးဆက်စွမ်းအားက ပေါက်ကွဲထွက်လာပြီး ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။

သူ့နှလုံးသားထဲတွင်ရှိသော နားလည်မှုကြောင့် သူ့ခန္ဓာကိုယ်တွင်ရှိသော စွမ်းအားများက ပိုမိုတည်ငြိမ်သွားသည်။

တည်နေရာတစ်ခုလုံးက တုန်ခါနေပုံပေါ်သည်။

ထူးခြားသော စွမ်းအားတစ်မျိုးသည် ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသည်။

ထိုအချိန်တွင် ရွှေကျီးကန်းမျိုးနွယ်ဝင်များ အားလုံးက သွေးမျိုးဆက်အားကောင်းလာကြောင်း ခံစားလိုက်ရသည်။

လူသားများ၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်နှင့် တိုက်ခိုက်နေသော ရှန်းကျန်းယွီနှင့် ကျူးချန်ယန်တို့က ရွှေအလင်းကို ထုတ်လွှတ်လိုက်ကြသည်။

ထိုစွမ်းအားသည် သူတို့အားလုံးကို ပိုမိုသန်မာလာစေသည်။

လူတိုင်းက အံ့အားသင့်သွားကြသည်။ သို့သော် ဟန်မူယဲ့နှင့် ပတ်သတ်နေကြောင်း မသိကြပေ။

ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး အံ့အားသင့်နေသော ရွှေကျီးကလန်သားများကို လျစ်လျူရှုထားသည်။ သူ့ခန္ဓာကိုယ်က ပိုမိုတောက်ပသော ရွှေအလင်းကို ထုတ်လွှတ်လိုက်ပြီး လက်သီးချက်ကို ဖော်ထုတ်ပြန်သည်။

“ကောင်းကင်ကိုဖျက်ဆီးမယ့် ရွှေကျီးကန်း”

ကောင်းကင်ဖျက်ဆီးလက်သီးနည်းစနစ် ဖြစ်သည်။

All Chapters