အခန်း (၁၁၃၂)
Vol. 81 Ch. 1132
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းချင်းစီ လျှောက်လာသည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော ရွှေအလင်းက ပိုမိုတောက်ပလာသည်။
မီးနေမင်းသွေးမျိုးဆက် ဖြစ်သည်။
ထိုသွေးမျိုးဆက်၏ စွမ်းအားကြောင့် ရှန်းကျန်းယွီနှင့် ကျူးချန်ယန်တို့က သွေးများဆူပွက်လာသည်ဟု ခံစားရသည်။
ထို့နောက် နတ်ဘုရားမီးတောက် ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။
အဆုံးမရှိသော အပူရှိန်သည် နေရာအနှံ့တွင် ပျံ့နှံ့သွားသည်။ ရွှေကျီးကလန်သားများအားလုံးက နွေးထွေးမှုကို ခံစားလိုက်ရသည်။
သို့သော် တစ်ဖက်တွင် လူသားများက ငရဲကျသွားသည်ဟု ထင်ရသည်။
“သွားကြစို့”
ဟန်မူယဲ့က ပေတစ်သောင်းအကွာသို့ ရောက်လာသောအခါ ရှန်းကျန်းယွီနှင့် တိုက်ခိုက်နေသော လူအိုကြီးက မနေနိုင်တော့ဘဲ အော်ဟစ်လိုက်ပြီး နောက်ဆုတ်သည်။
သူက နောက်ဆုတ်လိုက်သောအချိန်တွင် သူ၏ အစစ်အမှန်ဝိညာဉ်က ပျက်စီးလုနီးပါး တုန်ခါလာသည်။
သူက လက်မြှောက်ပြီး အဆောင်လက်ဖွဲ့တစ်ခုကို ပစ်ထုတ်သည်။
“ဘန်း”
အဆောင်လက်ဖွဲ့က ပုံရိပ်ယောင်အစစ်အမှန်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲပြီး ပျက်စီးသွားသည်။
သူက အဆောင်လက်ကို အသုံးပြုပြီး အစစ်အမှန်ဝိညာဉ်နေရာတွင် အစားထိုး၍ စည်းမျဉ်းများ၏ ဖိနှိပ်မှုကို ခံယူခဲ့သည်။
လူသားများက အစစ်အမှန်ဝိညာဉ်အဆင့် ကျင့်ကြံခြင်း၏ ချို့ယွင်းချက်ကို ပြုပြင်နိုင်ခဲ့သည်။
အနာဂတ်တွင် သူတို့က တခြားအစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် အဆုံးအထိ တိုက်ခိုက်ရန် မလိုတော့ပေ။
ရှန်းကျန်းယွီနှင့် ကျူးချန်ယန်က ထိတ်လန့်သွားသည်။
သို့သော် ဟန်မူယဲ့က တည်ငြိမ်နေသည်။
လူသားများက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးပြုရန်အတွက် နည်းလမ်းအမျိုးမျိုးကို ဖန်တီးနိုင်သည်။
ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို လိုက်နာနေသော မဟာတောရိုင်းကမ္ဘာမှ မျိုးနွယ်များနှင့် ယှဉ်လိုက်လျှင် လူသားများက ကောင်းကင်နှင့်မြေကြီးကို လေးစားမှုမရှိကြပေ။
လူသားများက အမြဲတမ်း စူးစမ်းလေ့လာပြီး ကောင်းကင်နှင့်မြေကြီးကို ရန်စနေသည်။
သူတို့က ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်ခဲ့ကြသည်။
“ဘုန်း”
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်က ပူးပေါင်းလိုက်ပြီး ရှန်းကျန်းယွီနှင့် ကျူးချန်ယန်ကို နောက်ဆုတ်သွားစေသည်။
ထို့နောက် စစ်တပ်ဝင်္ကပါနှင့် ပေါင်းစည်းပြီး နောက်ဆုတ်သွားကြသည်။
လူသားများက စစ်သည်တစ်သောင်းကို ဆုံးရှုံးခဲ့ရသည်။
ရွှေကျီးကန်းမျိုးနွယ်က လက်ရွေးစင်သုံးထောင်ကို ဆုံးရှုံးခဲ့သည်။ သူတို့အားလုံးက အနာဂတ်၏ မျှော်လင့်ချက် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုအောင်ပွဲသည် လူတိုင်းအတွက် အလွန်ကောင်းမွန်သည်။
သူတို့က လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို မောင်းထုတ်ပြီး ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့သည်။
ထို့ကြောင့် ရွှေကျီးကန်းမျိုးနွယ်၏ အနိုင်ရနိုင်ခြေက ပိုမိုမြင့်မားလာသည်။
“ဒါက ဟန်တောင်တန်းကလန်ရဲ့ ခေါင်းဆောင်ပဲ”
ရှန်ကျန်းယွီက ကျူးချန်ယန်ကို ဟန်မူယဲ့နှင့် မိတ်ဆက်ပေးလိုက်သည်။
“ကျူးချန်ယန်က ခေါင်းဆောင်ဟန်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
ကျူးချန်ယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က သူ့အသက်ကို ကယ်တင်ခဲ့သည့်အပြင် အစစ်အမှန်ဝိညာဉ်အဆင့်နှင့် ယှဉ်နိုင်သော ခွန်အားကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လေးစားသင့်သည်။
ထို့အပြင် ယခုအချိန်တွင် ဟန်မူယဲ့က သွေးမျိုးဆက်စွမ်းအားနှင့်အတူ မီးတောက်များကို ထုတ်လွှတ်ထားသည်။
သူ၏ သွေးမျိုးဆက်က သူတို့ထက် အဆင့်မြင့်သည်။
အကယ်၍ ဟန်မူယဲ့က ရွှေကျီးကလန်သား မဟုတ်ခဲ့လျှင် ပြန်လည်မွေးဖွားပြီး ကျင့်ကြံနိုင်သော ဖီးနစ်ကလန်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု အထင်ခံရနိုင်သည်။
ထိုသို့မဟုတ်လျှင် အဆီအနှစ်ဝိညာဉ်အဆင့်တွင် မီးနေမင်းသွေးမျိုးဆက်ကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။
“အခုက စကားပြောဖို့ အချိန်ကောင်းမဟုတ်သေးဘူး။ ငါတို့က လူသားတွေ နောက်ဆုတ်သွားတာကို အခွင့်ကောင်းယူပြီး ချုပ်နှောင်ခံထားရတဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်ကို တိုက်ခိုက်ရမယ်”
“ချင်းနန်ရွှင်ရဲ့ စတေးမှုကို အလကားဖြစ်မသွားစေချင်ဘူး”
ဟန်မူယဲ့က တီးတိုးပြောသည်။
ရှန်းကျန်းယွီနှင့် ကျူးချန်ယန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်ကြသည်။
သူတို့က တစ်နာရီအတွင်း ပြန်လည်အုပ်စုဖွဲ့ပြီး လျင်မြန်စွာ ထွက်ခွာလာကြသည်။
လူတိုင်းက ဟန်မူယဲ့ပေးထားသော အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် အနက်ရောင်ရေလှိုင်းနှင့် တူနေသည်။
သူတို့က လမ်းတွင် ပြန့်ကျဲနေသော ရွှေကျီးကလန်သားများကိုလည်း စုစည်းခဲ့သည်။
ပြန့်ကျဲနေသော လူသားစစ်သည်များကို ဖျက်ဆီးခဲ့သည်။
မိုင်သောင်းချီအကွာတွင် ရွှေကျီးကလန်သား ခြောက်သောင်းအထိ ရှိလာသည်။
လျှို့ဝှက်နယ်မြေတွင်ရှိနေသော ရွှေကျီးကလန်သား အများစုပင် ဖြစ်သည်။
နောက်တစ်ဆင့်သို့ ရောက်သွားသော လူအနည်းငယ်ကို ဖယ်ထုတ်လိုက်လျှင် အနည်းဆုံး ရွေကျီးကလန်သား နှစ်သောင်း သေဆုံးသွားခဲ့သည်။
“ဘုန်း”
ရှေ့တွင် ရွှေအလင်းလွှာက ပြိုကွဲသွားသည်။ အဆုံးမရှိသော နတ်ဘုရားအလင်းများသည် နေရာအနှံ့သို့ ဖြာထွက်လာသည်။
ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။
“ချိပ်စည်းက ပြိုကွဲတော့မယ်”
သူက ပြတ်သားသောမျက်နှာထားဖြင့် ပြောသည်။
“ချီတက်ကြ ....”
ယခုအချိန်သည် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။
အကယ်၍ လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက် လွတ်မြောက်သွားခဲ့လျှင် ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များအားလုံး သေဆုံးရလိမ့်မည်။
ဤနေရာတွင် လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူရှစ်ယောက် ရှိနေသည်။
အကယ်၍ ချုပ်နှောင်ခံထားရသော ကျွမ်းကျင်သူလေးယောက်ကို သတ်ဖြတ်နိုင်လျှင် လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဝက် ပျောက်ကွယ်သွားလိမ့်မည်။
ထိုသို့ဆိုလျှင် ရွှေကျီးကန်းများအတွက် အခွင့်အရေးရှိသည်။
“ချီတက်ကြ”
ရှန်းကျန်းယွီက အော်ဟစ်လိုက်ပြီး ရွှေကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသည်။
ဟန်မူယဲ့က အမိန့်ပေးလိုက်ပြီဖြစ်သောကြောင့် နာခံရမည်။
အစစ်အမှန်ဝိညာဉ်အဆင့်ဖြစ်သော သူက အရင်ဆုံး ရှေ့တက်မသွားလျှင် တခြားလူများကို မည်သို့ လှုံ့ဆော်ပေးနိုင်မည်နည်း။
ကျူးချန်ယန်က နောက်မှ နီးကပ်စွာလိုက်လာသည်။
သူကလည်း ရွှေကျီးကန်းအဖြစ် ပြောင်းလဲလိုက်ပြီး တောင်ပံခတ်၍ ပျံသန်းသွားသည်။
“ချီကျီယွီ၊ လူတိုင်းကိုစုစည်းပြီး တိုက်ခိုက်ပါ။ တခြားအရာတွေကို စိုးရိမ်နေစရာမလိုဘူး။ ချိပ်ပိတ်ထားတဲ့နေရာကို တားဆီးရမယ်”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဓားတစ်လက်ကို ထုတ်ယူသည်။
ထိုဓားသည် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲလိုက်ပြီး သူ့ကို သယ်ဆောင်သွားသည်။
သူ့နောက်တွင်ရှိနေသော ရွှေကျီးကန်းစစ်တပ်က ခဏတာ ရပ်တန့်သွားပြီး ဆက်လက်လှုပ်ရှားလိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတို့က မှိန်ဖျော့သော ရွှေအလင်းကို ထုတ်လွှတ်နေသည်။
ထိုအရာသည် သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။ လူတိုင်း၏ သွေးချီနှင့် ခွန်အားသည် ထိုအလင်းရောင်အောက်တွင် တက်ကြွလာကြသည်။
ရွှေကျီးကန်းမျိုးနွယ်ဝင်များက သတ္တိရှိကြသော်လည်း အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်ရန် အားတင်းထားရသည်။
သူတို့က ပုရွက်ဆိတ်များအနေဖြင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို ရင်ဆိုင်တော့မည်။
“ဘုန်း”
ရှေ့တွင် ပေါက်ကွဲသံကို ကြားရသည်။
အဆုံးမရှိသော ရွှေအလင်းသည် လျှို့ဝှက်နယ်မြေ၏တစ်ဝက်ကို လွှမ်းခြုံသွားသည်။
‘လူသားမျိုးနွယ်ရဲ့ ကျွမ်းကျင်သူတွေ လွတ်မြောက်သွားပြီလား’
သူတို့ မသိပေ။
လူတိုင်းက အံကြိတ်ထားပြီး ရှေ့ဆက်သွားကြသည်။
ဟန်မူယဲ့၊ ရှန်းကျန်းယွီနှင့် ကျူးချန်ယန်တို့က အရှိန်ကုန်မြှင့်၍ ပျံသန်းလာသည်။
မိုင်သုံးသောင်း ....
မိုင်တစ်သောင်း ....
မိုင်ငါးထောင် ....
မိုင်တစ်ထောင် ....
“ဘန်း”
မရေမတွက်နိုင်သော ချိန်းကြိုးအပိုင်းအစများသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲလာသည်။
ချိပ်စည်းက ကျိုးပေါက်သွားသည်။
ရှေ့တွင် လူသားကျွမ်းကျင်သူများ၏ အငွေ့အသက်ကို မြင်ရသည်။
လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်က လွတ်မြောက်လာသည်။
အဝေးတစ်နေရာတွင် အနည်းဆုံး လူသားစစ်သည်ရှစ်သောင်းနှင့်အတူ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက် လာနေကြသည်။
‘ငါတို့ ဘာလုပ်ကြမလဲ’’
ရှန်းကျန်းယွီက ဟန်မူယဲ့ကို လှည့်ကြည်သည်။
“သူတို့က အခုမှ လွတ်မြောက်လာတာ။ ငါတို့မှာ အခွင့်အရေးရှိတယ်”
ဟန်မူယဲ့က ကျယ်လောင်စွာအော်ပြောသည်။ ရွှေအလင်းသည် သူ့နောက်တွင် စုစည်းလာသည်။
သူ့လက်ထဲတွင်ရှိသော ဓားသည် ပေတစ်ထောင်ရှည်လျားသွားသည်။ သူက ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး မိုင်တစ်ရာအကွာသို့ ချက်ချင်းရောက်သွားသည်။
“သတ် ....”
ဟန်မူယဲ့၏ ဓားမြည်သံကို ကြားရသည်။
‘သောင်းချီတဲ့စစ်သည်တွေ ရှိနေရင်ရော ဘာဖြစ်လဲ’
‘အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေဆိုရင်ရော ဘာဖြစ်လဲ’
သူက နောင်တမရှိဘဲ ဓားကို ဆွဲထုတ်မည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် အဆုံးမရှိသော လေထိုးခွင်းသံကို ကြားရသည်။
ဓားခုတ်သံ ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ညည်းညူသံလည်း ဖြစ်သည်။
အဆီအနှစ်ဝိညာဉ် နဝမအဆင့်၏ အထွတ်အထိပ်၊ အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် လူတစ်ယောက်က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
“ကောင်းပြီ။ ငါ ရှန်းကျန်းယွီက ဒီနေရာမှာ သေဆုံးသွားရမယ်ဆိုရင်တောင် ခေါင်းဆောင်ဟန်ကို တစ်ယောက်တည်းထားမခဲ့ဘူး”
ရှန်းကျန်းယွီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏ ရွှေကျီးကန်းပုံရိပ်က တောင်ပခံခတ်လိုက်ပြီး လေပြင်များကိုသယ်ဆောင်လျက် ပြေးဝင်သွားသည်။
ကျူးချန်ယန်က စကားမပြောသော်လည်း တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်နေသည်။
ယခုအချိန်တွင် အစစ်အမှန်ဝိညာဉ်အဆင့် နှစ်ယောက်နှင့် အစစ်အမှန်ဝိညာဉ်တစ်ဝက်အဆင့် တစ်ယောက်က သေဆုံးသည်အထိ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
“ဘုန်း”
ဟန်မူယဲ့၏ ဓားက မိုင်တစ်ထောင်ကို ကျော်ဖြတ်ပြီး ကြမ်းတမ်းစွာ ကျဆင်းလာသည်။
ဓားအလင်းက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်ကို လွှမ်းခြုံလိုက်သည်။
“မင်းက သေချင်နေတာပဲ”
“ပုရွက်ဆိတ်လေး”
အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်က ကြမ်းတမ်းသောမျက်နှာထားဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ အစစ်အမှန်ဝိညာဉ်များ ပေါ်ထွက်လာပြီး လက်မြှောက်၍ ဟန်မူယဲ့၏ ဓားအလင်းကို ရိုက်ထုတ်သည်။
အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် လူတစ်ယောက်က သူတို့ကို တိုက်ခိုက်ရဲသည်။ သူတို့အတွက် စော်ကားမှုကြီးတစ်ခုပင် ဖြစ်သည်။
“ရွှပ် ....”
ဓားအလင်းသည် အစစ်အမှန်ဝိညာဉ်အဆင့်၏ အလင်းရောင်ကို ထိုးဖောက်ပြီး ဆက်လက်ကျဆင်းလာသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းက အံ့အားသင့်သွားသည်။
ဓားတစ်ချက်သည် အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်၏ ခုခံမှုကို ဖျက်ဆီးခဲ့သည်။
“ဘုန်း”
ဓားအလင်းက ပြန့်ကျဲသွားပြီး အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်ကို ခုတ်ချလိုက်သည်။
သူတို့လေးယောက်က ကြောင်အနေသည်။ သတိဝင်လာသောအချိန်တွင် ဓားအလင်းသည် သူတို့၏ရှေ့သို့ ရောက်လာခဲ့သည်။
“ဘန်း”
ရှေ့ဆုံးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ်လူကြီး၏ အနက်ရောင်ချပ်ဝတ်က ပျက်စီးသွားသည်။