← Chapters

အခန်း (၁၁၃၄)

Vol. 81 Ch. 1134

အခန်း (၁၁၃၄)

Vol. 81 Ch. 1134

“ဘန်း”

အစစ်အမှန်ဝိညာဉ်ပုံရိပ်ကို ဖျက်ဆီးခဲ့သော လက်သီးချက်က မြေပြင်ပေါ်သို့ ဆက်လက်ကျဆင်းပြီး ချိုင့်ခွက်တစ်ခု ဖြစ်လာစေသည်။ မြေခဲအပိုင်းအစများသည် နေရာအနှံ့တွင် လွင့်ပျံနေကြသည်။

မိုင်သုံးထောင်ပတ်ဝန်းကျင်သည် မှောင်မည်းသွားခဲ့သည်။

သို့သော် ဟန်မူယဲ့က မရပ်တန့်ခဲ့ပေ။

သူက လက်သီးတစ်ချက်သာ ထုတ်လွှတ်ရသေးသည်။ မလုံလောက်ပေ။

သူက ကမ္ဘာဦးချပ်ဝတ်၏ စွမ်းအားကြောင့် သွေးဆူနေသည်။ ချပ်ဝတ်၏ တိုက်ခိုက်လိုစိတ်ကိုလည်း ခံစားမိသည်။

ချပ်ဝတ်က နှစ်ပေါင်းမရေမတွက်နိုင်အောင် တိတ်ဆိတ်စွာ နေထိုင်ခဲ့ရသည်။

မရေမတွက်နိုင်သော ကပ်ဘေးများကိုလည်း ကျော်ဖြတ်ခဲ့သည်။

“သတ်”

ဟန်မူယဲ့က နက်ရှိုင်းစွာ အော်ဟစ်လိုက်သည်။

လက်သီးပုံရိပ်များ စုစည်းလာသည်။ သူ၏ လက်သီးချက်များက တစ်ခုထက်တစ်ခု ပိုမိုလျင်မြန်နေသည်။

လူသန်ကြီးက ဓားမော့ကိုမြှောက်ပြီး လက်သီးချက်များကို ခုခံရုံသာ တတ်နိုင်ခဲ့သည်။

“ခလွမ် ....”

“ခလွမ် ....”

“ခလွမ် ....”

လူသန်ကြီးက လက်သီးပုံရိပ်ကို တားဆီးလိုက်သော အကြိမ်တိုင်းတွင် နောက်သို့ ပေတစ်ရာဆုတ်ပေးရသည်။

သူ၏ မျက်နှာထားက ပိုမိုဆိုးဝါးလာသည်။

သူက လက်သီးချက်ကို တားဆီးလိုက်သော အခါတိုင်းတွင် ဓားမော့၏ အင်းကွက်တစ်ခုက ပျက်စီးသွားသည်။

လက်သီးဆက်ချက်အပြီးတွင် ဓားမော့က ပျက်စီးသွားသည်။

“ဘန်း”

မရပ်တန့်နိုင်သော လက်သီးပုံရိပ်သည် သူ့ဆီသို့ တိုးဝင်လာခဲ့သည်။

ရွှေဦးချိုကျားသစ်နက်ဝိညာဉ်ပုံရိပ်က ရှေ့တက်လာပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။

လက်သီးပုံရိပ်က ဦးချိုနှင့် ကျားသစ်၏ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။

အစစ်အမှန်ဝိညာဉ်ပုံရိပ်က ညည်းညူလိုက်ပြီး ပျောက်ကွယ်သွားသည်။

လူသန်ကြီးက မြေပြင်တွင် လဲလျောင်းနေပြီး မျှော်လင့်ချက်မဲ့သော မျက်နှာထားဖြင့် ပျောက်ကွယ်သွားသော အစစ်အမှန်ဝိညာဉ်ပုံရိပ်ကို ကြည့်နေခဲ့သည်။

ဟန်မူယဲ့၏ ပထမဆုံး လက်သီးချက်မှ လူသန်ကြီး၏ ဝိညာဉ်ပုံရိပ် ပျက်စီးသွားသည်အထိ အသက်ရှူကြိမ် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ရှန်းကျန်းယွီနှင့် ကျူးချန်ယန်တို့က အနည်းငယ် အရေးနိမ့်နေသော်လည်း တိုက်ပွဲ၏ ရလဒ်ကို ကြိုမြင်နေသည်။

ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ဖိနှိပ်နိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။

“ဟူး ....”

ဟန်မူယဲ့က လက်သီးချက်ကို ရပ်တန့်လိုက်ပြီး ခေါင်းမော့၍ ဟိန်းဟောက်သည်။

လျှို့ဝှက်နယ်မြေတစ်ခုလုံးက လင်းထိန်လာပုံပေါ်သည်။

သူ့နောက်တွင် ပုံရိပ်ယောင်ဆန်သော အစစ်အမှန်ဝိညာဉ်တစ်ဝက်အဆင့် ပုံရိပ်က ဆက်လက်တိုးတက်လာသည်။

ပေတစ်ထောင်ရှည်သောဓားသည် ဟန်မူယဲ့၏ လက်ထဲတွင် ပေါ်လာသည်။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။

အစစ်အမှန်ဝိညာဉ်အရိုးကို ဓားအဖြစ် စုစည်းခဲ့သည်။

ဓားပေါ်လာသောအချိန်တွင် အစစ်အမှန်ဝိညာဉ်အင်းကွက်ကိုးခု အလိုလျောက် ပေါ်လာသည်။

အစစ်အမှန်လက်နက် ဖြစ်သည်။

“ဘုန်း”

အဆုံးမရှိသော ရွှေအလင်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါ်ထွက်လာသည်။ ရွှေရောင်မီးတောက်များသည် ရွှေကျီးကန်းပုံရိပ်အဖြစ် စုစည်းလိုက်ကြသည်။

နတ်ဘုရားမီးတောက်ကို ရွှေကျီးကန်းအဖြစ် စုစည်းပြီး အစစ်အမှန်ဝိညာဉ်ကို ဖန်တီးခဲ့သည်။

ထိုအရာသည် ဟန်မူယဲ့၏ အစစ်အမှန်ဝိညာဉ် ဖြစ်သည်။

သူက အစစ်အမှန်ဝိညာဉ် ကျွမ်းကျင်သူနှစ်ယောက်ကို အနိုင်ယူပြီး ရွှေကျီးကန်းလျှို့ဝှက်နယ်မြေ၏ ထောက်ပံ့မှုအောက်တွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို စုစည်းပြီး တစ်ခါတည်း အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်သွားခဲ့သည်။

ဤနေရာသည် ရွှေကျီးကန်းမျိုးနွယ်၏ လျှို့ဝှက်နယ်မြေ ဖြစ်သည်။

ဟန်မူယဲ့က ရွှေကျီးကန်းမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ပြီး မီးနေမင်းသွေးမျိုးဆက်အဆင့်ကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောလူ ဖြစ်သည်။

ထို့ကြောင့် လျှို့ဝှက်နယ်မြေ၏ စွမ်းအားများက သူ့ဆီတွင် စုစည်းလာပြီး နတ်ဘုရားမီးတောက်ဖြင့် ရွှေကျီးကန်းအစစ်အမှန်ဝိညာဉ်ကို ဖန်တီးနိုင်ရန် ကူညီပေးခဲ့သည်။

ရွှေကျီးကန်းက တောင်ပံဖြန့်လိုက်သည်။ ပတ်ဝန်းကျင်က တစ်ခါတည်း လောင်ကျွမ်းသွားပုံရသည်။

ကောင်းကင်နှင့်မြေကြီးကို လောင်ကျွမ်းနိုင်သော ကမ္ဘာဦးခေတ်ကတည်းက စိုးမိုးခဲ့သည့် ရွှေကျီးကန်းစွမ်းအား ဖြစ်သည်။

ဟန်မူယဲ့၏ ရွှေကျီးကန်းပုံရိပ်နှင့် ယှဉ်လိုက်လျှင် ရှန်းကျန်းယွီနှင့် ကျူးချန်ယန်တို့၏ ရွှေကျီးကန်းပုံရိပ်က အားနည်းသည်။

သူတို့က ဟန်မူယဲ့၏ မီးတောက်နှင့် ခမ်းနားသောအငွေ့အသက်ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ထိုအရာသည် နတ်ဘုရားသားရဲများ၏ အစစ်အမှန်ပုံစံ ဖြစ်သည်။

ဟန်မူယဲ့က တစ်ဖက်သို့ ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ကမ္ဘာဦးချပ်ဝတ်ကို သိမ်းဆည်းသည်။

ချပ်ဝတ်ကို မလိုတော့ပေ။

သူက လက်ထဲတွင် ဓားကိုင်ထားပြီး ရှန်းကျန်းယွီနှင့် တိုက်ခိုက်‌နေသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ကြည့်သည်။

ရှန်းကျန်းယွီက ကျေနပ်စွာရယ်လိုက်ပြီး ရှေ့တွင်ရှိနေသော လူအိုကြီးကို လက်သီးဖြင့် ထိုးသည်။

တခြားတစ်ယောက်ကို ဟန်မူယဲ့အတွက် ချန်ထားလိုက်သည်။

ဟန်မူယဲ့က ပျံသန်းလိုက်ပြီး ဓားဖြင့် ထိုးချသည်။

လှံရှည်ကိုင်ထားသော လူသားကျွမ်းကျင်သူက မျက်နှာထားပြောင်းလဲသွားပြီး အံကြိတ်သည်။ သူက နှာမှုတ်လိုက်ပြီး လှံရှည်ဖြင့် ပြန်ထိုးသည်။

ဟန်မူယဲ့၏ အရှိန်အဝါက အားကောင်းသော်လည်း အရေးမပါပေ။

သူက အစစ်အမှန်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး ကျင့်ကြံဆင့်တည်ငြိမ်အောင် မလုပ်ရသေးပေ။ သူက မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

အကယ်၍ သူတို့က အဆင့်တက်လာသော ရွှေကျီးကန်းမျိုးနွယ်ဝင်ကို သတ်ဖြတ်နိုင်လျှင် အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်။

လှံရှည်က နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ လူသားကျွမ်းကျင်သူ၏ အစစ်အမှန်ဝိညာဉ်သည် ခြေလေးဖက်ရှိသော နဂါးနက်တစ်ကောင် ဖြစ်သည်။

နဂါးနက်သည် အဆုံးမရှိသော လျှပ်စီးကြောင်းများကို စုစည်းထားသည်။

ရှေးခေတ်သားရဲတစ်ကောင်ဖြစ်သော လျှပ်စီးနဂါး ဖြစ်သည်။

ထိုနဂါးက လျှပ်စီးကြောင်းများကို ပါးစပ်ထဲတွင် စုစည်းပြီး လှံရှည်နဂါးနှင့် ပေါင်းစပ်လိုက်သည်။

‘လျှပ်စီးလား’

ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။

လောကတွင် မိုးကြိုးလျှပ်စီးစွမ်းအားသည် လွှမ်းမိုးမှုအရှိဆုံး ဖြစ်သည်။

သို့သော် သူက ထိုစွမ်းအားကို မကြောက်ပေ။

သူက ရွှေကျီးကန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ခွေသားရဲသွေးမျိုးဆက်ကိုလည်း ထိန်းချုပ်ထားသည်။

မိုးကြိုးလျှပ်စီးသည် သူ၏ မိတ်ဆွေ ဖြစ်သည်။

“ခလွမ် ....”

ဓားရှည်သည် နဂါးနှင့် ထိတွေ့သွားသည်။ သို့သော် ပေါက်ကွဲမှုများ ဖြစ်မလာပေ။

လူသားကျွမ်းကျင်သူက မျက်လုံးပြူးသွားသည်။

သူက ထုတ်လွှတ်လိုက်သော အစစ်အမှန်ဝိညာဉ်စွမ်းအားကို မထိန်းချုပ်နိုင်တော့ပေ။

နှစ်ပေါင်းများစွာ သူကျင့်ကြံထားသော အစစ်အမှန်ဝိညာဉ် ဖြစ်သည်။ သို့သော် ထိန်းချုပ်မှု လွတ်သွားသည်။

“ဘုန်း”

နောက်ဆုံးတွင် နဂါးက ပေါက်ကွဲသွားသည်။

သို့သော် ဟန်မူယဲ့၏ရှေ့တွင် ပေါက်ကွဲသွားခြင်းမဟုတ်ပဲ လူသားကျွမ်းကျင်သူ၏ရှေ့တွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် ပြန့်ကျဲလာပြီး လူသားကျွမ်းကျင်သူကို လွင့်ထွက်သွားစေသည်။

လျှပ်စီးကြောင်းများသည် ဟန်မူယဲ့၏ ကိုယ်ပေါ်တွင် တောက်ပနေသည်။

သူ့ခန္ဓာကိုယ်တွင် အိပ်စက်နေသော လျှပ်စီးစွမ်းအားသည် နိုးထလာခဲ့သည်။

သူက အစစ်အမှန်ဝိညာဉ်ကို ဖွဲ့စည်းထားသောကြောင့် ဖိနှိပ်ခံထားရသော တခြားစွမ်းအားများကို ပြန်လည်အသုံးပြုနိုင်ခဲ့သည်။

“မင်း၊ မင်း ....”

လျှပ်စီးကြောင်းများဖြင့် လွှမ်းခြုံနေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အစစ်အမှန်ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားသော လူသားကျွမ်းကျင်သူက ကြောင်အနေသည်။

“ဘန်း”

သိပ်မဝေးသောနေရာတွင် ရှန်းကျန်းယွီက လက်သီးချက်ဖြင့် အစစ်အမှန်ဝိညာဉ်အဆင့် လူအိုကြီးကို ထိုးနှက်လိုက်သည်။ လူအိုကြီးက ထိတ်လန့်စွာ နောက်ဆုတ်သွားသည်။

အဝေးတစ်နေရာတွင် ရွှေကျီးကန်းလက်ရွေးစင်များက ရွှေအလင်းကို ထုတ်လွှတ်ပြီး စစ်ပွဲကို လွှမ်းမိုးထားသည်။

ရှန်းကျန်းယွီကြောင့် နောက်ဆုတ်ပေးလိုက်ရသော လူအိုကြီးက တုံ့ဆိုင်းမနေတော့ဘဲ အော်ပြောသည်။

“ဆုတ်ခွာမယ်”

ကျူးချန်ယန်နှင့် တိုက်ခိုက်နေသော လူသားကျွမ်းကျင်သူနှစ်ယောက်က နောက်မှ လိုက်သွားကြသည်။

ဟန်မူယဲ့ကြောင့် ထိတ်လန့်နေသော ကျွမ်းကျင်သူကလည်း နောက်ဆုတ်သွားသည်။

အောက်တွင် လူသားစစ်တပ်က မချိုးဖောက်နိုင်သော သံပုံးတစ်ခုသဖွယ် စုစည်းလိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။

သူတို့က လူသားမျိုးနွယ် ဖြစ်သည်။ သူတို့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်နှင့် ပူးပေါင်းပြီး ဝင်္ကပါကို စုစည်းလိုက်သောအခါတွင် ပြိုင်ဘက်ကင်းသည်။

ထိုစွမ်းအား၏ရှေ့တွင် ဟန်မူယဲ့နှင့် တခြားလူများက သတိထားရမည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က လူသားကျွမ်းကျင်သူနှစ်ယောက်၏ အစစ်အမှန်ဝိညာဉ်များကို ဖျက်ဆီးနိုင်ခဲ့သည်။ သူတို့က နှစ်တစ်သိန်းကြာသည်အထိ ပြန်ကောင်းလာမည်မဟုတ်ပေ။

ပျက်စီးသွားသော အစစ်အမှန်ဝိညာဉ်များကို ပြန်လည်စုစည်းရန် မဖြစ်နိုင်တော့ပေ။

သူတို့က ဤဘဝတွင် အစစ်အမှန်ဝိညာဉ်အဆင့်သို့ ပြန်ရောက်တော့မည်မဟုတ်ပေ။

သူတို့၏ ဘဝက အဆုံးသတ်သွားသည်။

“ငါတို့ နိုင်သွားပြီ ....”

ရှန်းကျန်းယွီက နောက်ဆုတ်သွားသော လူသားစစ်တပ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဟုတ်တယ်။ တော်သေးတယ်”

ကျူးချန်ယန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

ဟန်မူယဲ့ကြောင့်သာ မဟုတ်လျှင် သူတို့က ရှုံးနိမ့်သွားလိမ့်မည်။

“ချင်နန်ရွှင်က ငါတို့ကို ကူညီပေးခဲ့တာပါ”

ဟန်မူယဲ့က ပြန့်ကျဲနေသော ချိန်းကြိုးများကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

ချင်းနန်ရွှင်က ကိုယ်ပိုင်အစစ်အမှန်ဝိညာဉ်ကို ဖျက်ဆီးပြီး လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်ကို ချုပ်နှောင်ခဲ့သည်။

ထိုလေးယောက်က ချုပ်နှောင်ခံထားရသောကြောင့် အားနည်းနေသည့်အတွက် ဟန်မူယဲ့က အနိုင်ရခဲ့သည်။

ရှန်းကျန်းယွီနှင့် ကျူးချန်ယန်တို့ကလည်း လေးနက်စွာ ‌ခေါင်းညိတ်လိုက်ကြသည်။

သူတို့၏နောက်တွင် ရွှေကျီးကန်းလက်ရွေးစင်များက ရှေ့တက်လာကြသည်။

....

ငါးရက်အကြာတွင် လူသားမျိုးနွယ်၏ သတင်းများကို စုဆောင်းနိုင်ခဲ့သည်။

လူသားမျိုးနွယ်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူရှစ်ယောက် ရှိသည်။ နှစ်ယောက်က စစ်သည်နှစ်သောင်းကို ဦးဆောင်ပြီး နောက်တစ်ဆင့်တွင် ထွက်ပြေးနေသော ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျန်းယုကို လိုက်ဖမ်းနေသည်။

ဤအဆင့်တွင် အစစ်အမှန်ဝိညာဉ်အဆင့် လူသားလေးယောက်နှင့် စစ်သည်ခုနစ်သောင်းကျော် ရှိနေသည်။

အကယ်၍ ဟန်မူယဲ့က လူသားကျွမ်းကျင်သူနှစ်ယောက်ကို မသန်စွမ်းဖြစ်သွားအောင် မလုပ်ခဲ့လျှင် အစစ်အမှန်ဝိညာဉ်အဆင့် လူသားခြောက်ယောက် ရှိနေလိမ့်မည်။

ရွှေကျီးကန်းမျိုးနွယ်တွင် အစစ်အမှန်ဝိညာဉ်အဆင့် သုံးယောက်နှင့် လက်ရွေးစင်ခြောက်သောင်းခန့် ရှိနေသည်။

“လက်ရှိအခြေအနေအရဆိုရင် ငါတို့က သူတို့ကို တားဆီးထားရမယ်”

ဟန်မူယဲ့က ရှေ့တွင် ပြန့်ကျဲနေသော ကျောက်စိမ်းပေလွှာများကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူတို့က လူသားစစ်တပ်ကို နောက်တစ်ဆင့်သို့ ရောက်မသွားအောင် တားဆီးရမည်။

နောက်တစ်ဆင့်တွင်ရှိနေသော အစစ်အမှန်ဝိညာဉ်အဆင့် လူသားနှစ်ယောက်နှင့် စစ်သည်နှစ်သောင်းကို ပေါင်းထည့်လိုက်လျှင် သူတို့က ရွှေကျီးကန်းများကို ဖိနှိပ်နိုင်လိမ့်မည်။

သို့သော် ယခုအဆင့်တွင် လူသားမျိုးနွယ်က အားသာချက်မရှိပေ။

ရွှေကျီးကန်းများက လူသားများထက် ပိုမိုသန်မာသည်။ ထို့အပြင် ဤနေရာက ရွှေကျီးကန်းမျိုးနွယ်၏ လျှို့ဝှက်နယ်‌မြေဖြစ်သောကြောင့် ရွှေကျီးကန်းမျိုးနွယ်ဝင်များက ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးကို ရနိုင်သည်။

“သူတို့က ရွှေကျီးကန်းလက်ရွေးစင်တွေကို ရှင်းပစ်ချင်တဲ့အပြင် အစစ်အမှန်ဝိညာဉ်အရိုးတွေကို လိုချင်နေတာပဲ”

ရှန်းကျန်းယွီက စိုးရိမ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

အကယ်၍ သူတို့က ဤအဆင့်တွင် လူသားစစ်တပ်ကို ခုခံနေပြီး အစစ်အမှန်ဝိညာဉ်အရိုးများကို ဆုံးရှုံးသွားလျှင် အဆင်မပြေပေ။

All Chapters