ဇူဇကာပြိုင်ပွဲ
Vol. 96 Ch. 1325
ဝမ်ပေါင်လဲ့က အဝေးမှ အရာအားလုံးကို ကြည့်ရင်း မျက်စိမှိတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက လူအုပ်ကြား ရောက်ရှိလာကာ လူအုပ်ကြီးနောက်မှ လိုက်၍ မြို့ဂိတ်ပေါက်ဆီ ဝင်ကြည့်လိုက်သည်။
သူ မြို့အနီးနားရောက်ရှိလာသည့်အခါ မြို့ထဲမှ သရေကျနိုင်လောက်သည့် အနံ့မျိုးထွက်ပေါ်လာကာ မြို့ထဲဝင်ဖို့ တန်းစီနေရသည့် ကျင့်ကြံသူများက အသက်ရှူနှုန်း မြန်ဆန်လာကြသည်။
ထိုအရာက ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိသော်လည်း ငယ်စဉ်အခါက အစားအသောက် နှစ်ခြိုက်ခဲ့သည့် မှတ်ဉာဏ်များက ပြန်လည်ပေါ်ထွက်လာသည်။
ဝမ်ပေါင်လဲ့က မနေနိုင်ဘဲ သူ့သိုလှောင်အိတ်ကို ထိကြည့်လိုက်၏။ သူ့ဝိညာဉ်ရေခဲရေ ကုန်ဆုံးသွားသည်မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် နှမြောဖို့ကောင်းလှသည်။
အော် လွမ်းတောင် လွမ်းမိသွားသလိုပဲ…
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက ခေါင်းမော့ကာ မြို့ဂိတ်ပေါက်ကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် အစောင့်များရှိနေသော်လည်း သူတို့က မြို့ထဲ ဝင်နေသည့်သူများကို လျစ်လျူရှုထားလေ၏။ မြို့ဂိတ်ပေါက်တွင် အလင်းပိတ်ကားချပ် တစ်ခု ရှိနေသည်။
ထိုအရာက ဓမ္မအသုံးအဆောင်ပစ္စည်း တစ်ခုဖြစ်မှန်း သိသာလှသည်။ မြို့ကို ဝင်သည့်သူတိုင်းက ထိုအလင်းပိတ်ကားချပ်ကို ဖြတ်ကာ သူတို့တွင် အမှတ်အသားပြား ရှိလား သို့မဟုတ် ဘယ်နှစ်ကြိမ်အသုံးပြုပြီးပြီလဲ သိဖို့ရာ အကဲဖြတ်ခံရခြင်း ဖြစ်၏။ လိုအပ်ချက်နှင့် ကိုက်ညီသည့်သူများက အလိုအလျောက် အတားအဆီးမရှိ ဝင်ရောက်နိုင်လိမ့်မည်။ သို့သော်လည်း ပြဿနာရှာကြသည့်သူတချို့လည်း ရှိနေတတ်၏။
အကယ်၍ သူတို့သာ ပြဿနာရှာပါက အစောင့်များသည် သူတို့ကို တိုက်ခိုက်ကာ အဝေးသို့ လွှင့်ပစ်လိမ့်မည်။
ဝမ်ပေါင်လဲ့၏ အာရုံကို ဖမ်းစားသွားသည့်အရာက လွှင့်ပစ်ခံရသည့်သူများ မဟုတ်သလို ဓမ္မအသုံးအဆောင် အလင်းပိတ်ကားချပ်လည်း မဟုတ်ပေ။ အစောင့်ကိုယ်တိုင်သာ ဖြစ်၏။ သူတို့က အဆင့်အတန်းရှိရှိ တန်ဖိုးကြီးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာက နီရဲနေကာ စားသောက်ဖွယ်ရာများကို စားသုံးလာပြီး အစာမချေရသေးသလို ဖြစ်သည်။ သူတို့၏ အမူအရာက မောက်မာမှုဖြင့် ပြည့်နှက်နေကာ မြို့ထဲဝင်လာသည့်သူအားလုံးကို မကျေမနပ်ဖြင့် ကြည့်နေသည်။
ဝမ်ပေါင်လဲ့၏ လူသားသဘာဝအပေါ် နားလည်ထားမှုအရ အစောင့်များ ဤသို့ပြုမူသည်မှာ သူတို့က ဤမြို့ထံ ဂုဏ်ယူမှုရှိနေ၍ ဖြစ်သည်။ ထို့ကြောင့် သူတို့က ဤသို့ တုံ့ပြန်နေခြင်း ဖြစ်၏။
ထိုအရာက ဝမ်ပေါင်လဲ့အား အာသီသမြို့တော်ကို ပို၍ပင် စိတ်ဝင်စားလာစေသည်။
သိပ်မကြာခင် ဝမ်ပေါင်လဲ့က မြို့ထဲ ဝင်ရောက်လာ၏။ သူ့ရှေ့မှ လူများ အလင်းပိတ်ကားချပ်ကို ဖြတ်သန်းလာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အလှည့် ကျရောက်လာသည်။ ဝမ်ပေါင်လဲ့က တုံ့ဆိုင်းမနေဘဲ အလင်းပိတ်ကားချပ်အနီးသို့ လျှောက်သွားလိုက်၏။ သူ မြို့ထဲ ဝင်ရောက်လိုက်သည်နှင့် ရရှိထားသည့် အမှတ်အသားပြားက ဖျတ်ခနဲ လက်သွားသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။
“၇ရက်၊ တစ်ကြိမ်”
ထိုအတွေးက အေးစက်ကာ စက်ယန္တရား ဆန်၏။ စိတ်ခံစားချက် အတက်အကျဟူ၍ မရှိပေ။ ထိုအရာက မြို့၏ ဓမ္မအသုံးအဆောင်ပစ္စည်းဆီမှ ရောက်ရှိလာကြောင်း သိသာလှသည်။ ဝမ်ပေါင်လဲ့ကို ပြောသည့်အရာက ရိုးရှင်းလှ၏။ ထိုအရာက ဝမ်ပေါင်လဲ့အား သူသည် မြို့ထဲတွင် ခုနစ်ရက် နေနိုင်ပြီး တစ်ချိန်တည်းဆိုသလို သူ့အနေဖြင့် မြို့ထဲတွင် ဝင်ခွင့် တစ်ကြိမ်သာ ရှိလေသည်။
စိတ်ဝင်စားစရာပဲ…
ဝမ်ပေါင်လဲ့က သူ့ကို ရေရွတ်ရင်း အလင်းပိတ်ကားချပ်ဆီ သွားကာ အထဲဝင်ရောက်လိုက်သည်။ သူ မြို့ထဲဝင်လိုက်သည်နှင့် သူ့နှာဖျားအထက် သင်းပျံ့သည့်ရနံ့တို့ ရောက်ရှိလာသည်။ တစ်ချိန်တည်းဆိုသလို တက်ကြွလှုပ်ရှားနေသံများလည်း ရှိနေ၏။
သူက မြို့ထဲတွင် ရောင်စုံအဝတ်များ ဝတ်ဆင်ထားပြီး သွားလာနေကြသည့် လူများစွာကို မြင်တွေ့လိုက်ရသည်။ သူတို့၏ အပြုအမူက ရွှင်မြူးဖွယ် ဖြစ်နေလေ၏။
ရောင်စုံဝတ်စုံများကို ဝတ်ဆင်ထားသည့်သူများက ထူးကဲလှသည်။ အများစုက ခပ်ဝဝ ဖြစ်ကြ၏။ အများအားဖြင့် ရှေ့ဆုံးတွင် ရှိနေသည့်သူ ဖြစ်သည်။ သူက ဝမ်ပေါင်လဲ့ အဝဆုံးအချိန်ကထက် နည်းနည်းလေးမှ အားနည်းခြင်း မရှိပေ။ သူက အသားပုံကြီးနှင့် တူ၏။
ထိုအသားပုံကြီးက သူကိုယ်တိုင်သွားလာနေခြင်း မဟုတ်ဘဲ ရောင်စုံဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူ ဒါဇင်ချီက ပင့်မပေးထားသည်။
လူများစွာက အဆောက်အဦးရှေ့ နှစ်ဖက်လုံး၌ လူများ တန်းစီနေ၏။ သူတို့က အသားပုံကြီးကို ကြည့်ကာ အားပေးနေကြသည်။
ဘေးဖက်ရှိ လူများကလည်း အော်ဟစ်နေသည့်အတွက် စီတန်းလှည့်လည်ပြခြင်းနှင့် တူသည့် ဖြစ်စဉ်က ပင်မလမ်းတစ်လျှောက် သွားလာရင်း အမျိုးမျိုးသော စားကောင်းသောက်ဖွယ်များဖြင့် ပစ်ခတ်နေကြသည်။ ထိုအရာတွင် အသားများ၊ သစ်သီးများ၊ အသီးအရွက်များ၊ ဆေးလုံးများနှင့် တခြားစားနိုင်သည့် အရာများလည်း ပါဝင်သည်။ ဘေးဖက်ရှိ လူများက လုယူကာ ဝါးမျိုစားသုံးနေကြသည်။
ထိုအရာက အသက်ဝင်နေသော်လည်း ထိုမြင်ကွင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေလေ၏။
အကြောင်းအရင်းကမူ ရောင်စုံဝတ်စုံ ဝတ်ဆင်ထားသည့် စီတန်းလှည့်လည်သွားလာနေသည့်သူတိုင်းကလွဲ၍ ဘေးနှစ်ဖက်လုံးရှိ လူတိုင်းကမူ ပိန်ချုံးချိနေသည်။ သူတို့၏ မျက်နှာက အဝါရောင်သန်းကာ မျက်လုံးများက သွေးဆာနေ၏။ သူတို့စားလိုက်သည့်အခါ ပိုမိုပင် ရူးသွပ်ဖို့ ကောင်းလှသည်။
ဝမ်ပေါင်လဲ့ မြင်သည့်အရာက လူတချို့သည် အချင်းချင်း အသားတစ်ပိုင်းအတွက် သေသည်အထိ တိုက်ခိုက်နေကြသည်။ သေသွားသည့်လူရှိလျှင်ပင် လူအုပ်က သိပ်သည်းလွန်း၍ အောက်လဲကျသွားခြင်း မရှိပေ။ လူအုပ်ကြားတွင် ညပ်နေသည့်အတွက် ပိုမိုပင် ထူးဆန်းလာ၏။
ကြည့်ရသည်မှာ အားလုံးက ရူးသွပ်သွားဟန်ပေါ်သည်။
ထိုရောင်စုံ စီတန်းလှည့်လည်ပြသမှုနောက်တွင် ပိုမို ပိန်ချုံးချိနေသည့်သူများ ရှိလေသည်။ သူတို့က အစားအစာအတွက် တိုက်ခိုက်ရင်း အော်ဟစ်နေကြသည်။ ထို့နောက် ထိုစီတန်းလှည့်လည်ပြသမှုက အဝေးတစ်နေရာဆီ ထွက်သွားကြသည့်အခါ နှစ်ဖက်လုံးက ရှေ့တိုးလာပြီး လူအုပ်ထဲ ဝင်ကာ လိုက်ပါသွားလေ၏။ သူတို့က ဆက်တိုက် ဝါးမျိုနေသည့် ဧရာမမြွေကြီးတစ်ကောင်အလား ဖြစ်၏။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် မည်သူကမှ သူ့တည်ရှိမှုကို အာရုံမစိုက်ကြပေ။ ထို့ကြောင့် သူက လူအုပ်ကြီးဆီ ဝင်ရောက်ပြီး ရှေ့သို့တိုးသွားလျှင်ပင် မည်သူကမှ သူ့ကို အာရုံစိုက်ကြမည် မဟုတ်ပေ။
ဤကဲ့သို့ သူတို့က ရှေ့တိုးသွားစဉ် အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။ လေးနာရီ ကုန်ဆုံးပြီးသည့်နောက် ထိုဖြစ်စဉ်က ဖြည်းဖြည်းချင်း ရှေ့ရောက်လာပြီး လူများစွာက ပိုမိုများပြားလာသည်။ သိပ်သည်းလှသည့် လူအုပ်ကြီးအောက်တွင် တစ်သန်းကျော် ရှိ၏။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် ရှိနေသည့် ဝမ်ပေါင်လဲ့ကိုယ်တိုင်ကပင် အသံများကို နားထောင်ရင်း မူးဝေလာမိသည်။
သူပင် ဤသို့ဖြစ်နေသည့်အတွက် တခြားသူများကို ပြောဖို့ မလုံလောက်တော့ပေ။ သို့သော်လည်း သူတို့ကို ဖိနှိပ်ထားနိုင်သည့်သူများစွာ ရှိ၏။ ထို့အပြင် သူတို့က မူးဝေသွားသည်နှင့် သူတို့၏ အပြုအမူများက ထိုလူအုပ်ကြီးနှင့် တစ်သားတည်း ဖြစ်သွားလိမ့်မည်။
ဝမ်ပေါင်လဲ့က သူ့ဆီ အစားအစာ ပစ်ခံလိုက်ရသည့်အခါ မလှုပ်ရှားပေ။ သူ့အလိုလိုသိစိတ်က အစားအစာနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပြောနိုင်လေသည်။ ဤသို့ဖြင့် လေးနာရီကြာမြင့်ပြီးသည့်နောက်တွင် ပွဲက ရုတ်ချည်း ရပ်တန့်သွားကာ ပစ်သံများကလည်း ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားလေသည်။
ဝမ်ပေါင်လဲ့က အတွေးကို ဖြန့်ကျက်လျက် သူ့ရှေ့တွင် ဧရာမစင်မြင့်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုစင်မြင့်ကြီးထံ ဘက်ပေါင်းစုံမှ စီတန်းလှည့်လည်သူများ စုဝေးလာ၏။ ခေါင်းဆောင်များက အသားပုံကြီးနှင့် တူပြီး သူတို့နောက်တွင် ပိန်ပါးပါးလူအုပ်များ ပါလေသည်။
အပြင်လူများအပါအဝင် မြို့ထဲတွင် ရှိနေသည့်လူအားလုံးက ဤနေရာတွင် စုဝေးလာကြ၏။
နဂိုတွင် ဗလာကျင်းနေသည့် စင်မြင့်က ယခုအခါ လင်းလက်တောက်ပနေသည်။ ထို့နောက် အသံကျယ်ကြီးနှင့်အတူ ဧရာမပုံရိပ်ကြီးတစ်ခု ဆင်းသက်လာ၏။
ထိုပုံရိပ်ကြီးက ပေတစ်သောင်း မြင့်မားပြီး အားလုံး၏ စိတ်နှလုံးသားကို တိုးမြှင့်သွားစေသည်။ ထိုအရာ၏ သွင်ပြင်ကြောင့် ပိုမိုပင် ဖိအားပေးနိုင်၏။
သာမန်လူများနှင့် ယှဉ်လိုက်ပါက စင်မြင့်ဝန်းကျင်တွင် သယ်ဆောင်ခံထားရသည့် ဖက်တီး ၈ယောက်က အသားပုံဟု ဆိုနိုင်လေသည်။ သို့သော်လည်း ထိုမီတာသုံးထောင် ဧရာမလူကြီးနှင့် ယှဉ်လိုက်သည့်အခါ သူတို့က ကလေးငယ်သဖွယ် ဖြစ်နေလေ၏။
ထိုမီတာသုံးထောင် ဧရာမလူကြီးက လူသားဟုပင် မှတ်ယူ၍ မရတော့ပေ။ ထိုအရာက အရာအားလုံးကို ဖိနှိပ်ထားသည့် အသားတောင်ကြီးကဲ့သို့ ဖြစ်၏။
ထိုအသားတောင်ကြီးဆီမှ ထိပ်သီး ပဉ္စမအဆင့်နှင့် ယှဉ်နိုင်သည့် ကျင့်ကြံဆင့် အတက်အကျလှိုင်းတို့က ထွက်ပေါ်နေသည်။
“အရှင်သခင်ကို ဂါရဝပြုပါတယ်” ဖက်တီး၈ယောက်က စင်မြင့်အထက် တက်လာကာ အော်လိုက်သည်နှင့် သူတို့ဝန်းကျင်တွင် ရှိနေသည့်သူအားလုံးက ရူးသွပ်သွားကြသည်။ မျက်လုံးများတွင် ခက်ထန်လာပြီး ပြိုင်တူအော်ဟစ်လိုက်ကြ၏။
အားလုံးက အော်ဟစ်နေရင်း စင်မြင့်အထက်ရှိ အသားတောင်ကြီးက ညာဖက်လက်ကို အသာမြှောက်ကာ အောက်ချလိုက်သည်။ ထိုစဉ် ပတ်ဝန်းကျင်တစ်ခုလုံးက အင်မတန် တိတ်ဆိတ်သွားလေ၏။ တစ်ချိန်တည်းဆိုသလို လေထဲတွင် ရွှေရောင်ကြိုးမျှင်များစွာမှ ကြိုးဘောလုံးတစ်ခု ဖွဲ့စည်းလာသည်။
ထိုအရာက ဝမ်ပေါင်လဲ့ ယခင်က စားသုံးခဲ့သည့် ရွှေရောင်လက်တံမှ ဖွဲ့စည်းထားသည့် ဧရာမ ဘောလုံးတစ်ခု ဖြစ်၏။ ထိုလက်တံများက လှုပ်ခတ်နေသည့်အတွက် ကြောက်ဖို့ကောင်းလှသည်။