သောင်းကြမ်းခြင်း
Vol. 96 Ch. 1331
သို့သော်လည်း ကြီးကြပ်ရေးမှူးနှင့် တခြားသူများအနေနှင့် ဝမ်ပေါင်လဲ့က ဝိညာဉ်ရေခဲရေကို အကန့်အသတ်မဲ့ ထောက်ပံ့ပေးနိုင်ကြောင်း မသိကြပေ။ ထို့ကြောင့် သူတို့၏ အကြည့်များက တောက်ပနေသော်လည်း ယာယီနာမည်ကျော်ကြားမှုကိုသာ မျှော်လင့်ထားကြသည်။
လက်တွေ့တွင် သူတို့က စိတ်ခံစားချက်(၇)မျိုး ပါဝင်ပစ္စည်းကို အချိန်အတော်ကြာ စီမံခန့်ခွဲဖို့ရာ တစ်ခါမှ စီမံမခန့်ခွဲခဲ့ပေ။ ဤသို့သော အရာမျိုးက အာသီသမြို့အတွင်း နာမည်ကျော်ဆိုင်ကြီး သုံးလေးခုတွင်သာ တွေ့ရှိနိုင်သည်။
ထိုဆိုင်၏ နောက်ကွယ်တွင် အစားကြူးနတ်ဘုရားများ ရှိနေသည်ဟု ပြောလေ့ရှိသည်။
ထို့ကြောင့် ကြီးကြပ်ရေးမှူး၊ လူပုလေးနှင့် တခြားသူများက ဝိညာဉ်ရေခဲရေမှ သယ်ဆောင်လာမည့် မုန်တိုင်းကို သဘောမပေါက်ကြပေ။
သို့သော်လည်း ထိုအရာအားလုံးက ဝမ်ပေါင်လဲ့၏ မှန်းဆချက်အတွင်းသာ ရှိ၏။
သူက ၇ရက်မှ ၈ရက်အတွင်း အဆိုးအကောင်းကို ချင့်ချိန်ပြီးသည့်နောက်တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် သိုသိုသိပ်သိပ် နေဖို့ရာ မလိုအပ်ပေ။ ထိုအရာက သူ့အား ပို၍အဖိုးတန်စေသလို ပိုမိုကောင်းမွန်အောင်လည်း ပုန်းအောင်းနိုင်လိမ့်မည်။
ထို့ကြောင့် ဝိညာဉ်ရေခဲရေ မိတ်ဆက်ခြင်းက ဝမ်ပေါင်လဲ့ရေစင်၏ ပထမပိုင်းသာ ဖြစ်၏။
သိပ်မကြာခင် ညက ကုန်ဆုံးသွားလေသည်။ နောက်တစ်ရက် မနက်ခင်း ရောက်ရှိလာပြီး ဆိုင်ဖွင့်လာသည့်အခါ ပုံမှန်ဖောက်သည်များက ဆိုင်အကူများနှင့် ကြီးကြပ်ရေးမှူးသည် ယခင်ကဲ့သို့ စိတ်ဓာတ်ကျနေခြင်း မရှိကြောင်း တွေ့ရှိလိုက်ရ၍ အံ့အားသင့်မိသွားသည်။ အားလုံးက စိတ်ဓာတ်တက်ကြွနေပြီး အပြုံးကိုယ်စီ ရှိနေကြသည်။
တစ်ချိန်တည်းဆိုသလို သူတို့၏ နေ့စဉ်အစားအစာများအပြင် လူပုလေးနှင့် ဖက်တီးလေးတို့က ဝိညာဉ်ရေခဲရေဟု ခေါ်ဆိုသည့် သောက်စရာကို ပေးလာကြသည်။ ထိုအရာက သိပ်ဈေးမကြီးသည့်အတွက် တချို့သော ကျင့်ကြံသူများက စမ်းကြည့်ကြ၏။
တစ်ငုံ သောက်သုံးပြီးသည့်နောက်တွင် ဝယ်ထားသည့် ကျင့်ကြံသူများက တုန်ယင်သွားကြ၏။ သူတို့၏ မျက်ဝန်းက အပြူးသား ဖြစ်သွားကာ မျက်ဝန်းထဲမှ ယစ်မူးမှုကို မဖုံးကွယ်နိုင်တော့ပေ။ သူတို့၏ မျက်နှာအထက် အနည်းနှင့်အများ အပြုံးတို့ ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းက ဝိညာဉ်ရေခဲရေကို မမြည်းစမ်းရသေးသည့်သူများကို စိတ်ရှုပ်ထွေးသွားစေသည်။ တချို့သူများက သိချင်စိတ်ဖြင့် ပုလင်းတစ်ပုလင်းဝယ်ကာ သောက်သုံးကြည့်ပြီး သူတို့လည်း အတူတူ ဖြစ်သွားကြသည်။
ခဏအကြာတွင် တစ်စုံတစ်ယောက်က အသက်ပြင်းပြင်းရှူလိုက်၏။
“စိတ်ခံစားချက် (၇)မျိုးရဲ့ စည်းမျဉ်းဥပဒေသပဲ”
“ဒါက ပျော်ရွှင်မှုအငွေ့အသက်လား”
“တကယ်ကို ပျော်ရွှင်မှုအငွေ့အသက်နဲ့ သောက်စရာပဲ။ ဒီပစ္စည်းက ငါတို့ကျင့်ကြံရေးအတွက် အတော်လေးကို သက်ရောက်မှုရှိတယ်”
ဝမ်ပေါင်လဲ့က စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)ပါးသည် တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်နေကြောင်း သဘောပေါက်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထိုပဋိပက္ခက စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)ပါး၏ စုပ်ယူမှုနှင့် ပေါင်းစည်းမှုကြောင့်သာ ဖြစ်သည်။ တစ်ခုနှင့်တစ်ခုအတွက် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် အထောက်အပံ့ကောင်းများ ဖြစ်နေလေ၏။
ထို့ကြောင့် စိတ်ခံစားချက်(၇)မျိုးသည် ရွေးချယ်စရာမရှိဘဲ ကမ္ဘာထဲမှ ပုန်းအောင်းနေရခြင်းလည်း ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် ဝိညာဉ်ရေခဲရေကို သောက်သုံးပြီးသည့်နောက်တွင် ရောင်းအားက သိသိသာသာ တက်သွားခဲ့၏။ သို့သော်လည်း မနေ့ညက ဝိညာဉ်ရေခဲရေကို ရရှိပြီးသည့်နောက်တွင် ကြီးကြပ်ရေးမှူးနှင့် တခြားသူများက အကန့်အသတ်နှင့် ရောင်းချဖို့ ဆုံးဖြတ်ထားခဲ့သည်။
တခြားတစ်ဖက်တွင် သူတို့က ဝိညာဉ်ရေခဲရေကို အကန့်အသတ်မဲ့ ပမာဏဖြင့် ထုတ်လုပ်နိုင်ကြောင်း မသိထားပေ။ တခြားတစ်ဖက်တွင်မူ ပါဝင်ပစ္စည်းများ၏ ရည်ရွယ်ချက်အားလုံးက လောဘကို ပိုမိုဆွဲဆောင်နိုင်ရုံသာ ဖြစ်၏။ ထို့ကြောင့် အကန့်အသတ်နှင့် ရောင်းချခြင်းက သူတို့ဆိုင်တွင် ပထမဦးဆုံး လုပ်လာခြင်း မဟုတ်ပေ။ တခြားသောဆိုင်များကလည်း မကြာခဏ လုပ်လေ့ရှိ၏။
ထို့ကြောင့် တစ်ပုလင်း ဝယ်ပြီးသည့်နောက်တွင် ဒုတိယပုလင်းကို ဝယ်ချင်သည့် ကျင့်ကြံသူများက အကြောင်းအရာကို အလျင်အမြန် သိသွားကြ၏။ သူတို့က နှမြောတသဖြစ်နေကြသော်လည်း စောင့်နိုင်ကြောင်း နားလည်ကြသည်။
ဝိညာဉ်ရေခဲရေကို မိတ်ဆက်ပြီးသည့်နောက်တွင် အာသီသမြို့တော်အတွင်း အနည်းငယ် ဂယက်ရိုက်သွားခဲ့၏။ သို့သော်လည်း ဆိုင်ကိုယ်တိုင်က လုံလုံလောက်လောက် နာမည်မကြီးသေးသည့်အတွက် ဂယက်ရိုက်မှုက သေးငယ်လှသည်။ ထိုအရာက တခြားဆိုင်များ၏ အာရုံကိုပင် မဖမ်းစားနိုင်ခဲ့ပေ။
သို့သော်လည်း ပမာဏအလုံအလောက်ဖြင့် သတင်းက ပျံ့နှံ့သွားလိမ့်မည်။
ဤသည်က ဝိညာဉ်ရေခဲရေ ကိစ္စအတွက်သာဖြစ်၏။ ဆယ်ရက်တာ ကြာမြင့်ပြီးသည့်နောက်တွင် ဆိုင်က တစ်ရက်လျှင် ဝိညာဉ်ရေခဲရေ ပုလင်းတစ်ရာကိုသာ ရောင်းချလေ့ရှိသည့်အတွက် ထိုအရာကို သောက်သုံးဖူးသည့်သူများက စိတ်ဓာတ် ပိုမိုတက်ကြွလာသည်။ သိပ်မကြာခင် လူများစွာက ညလယ်ခေါင်တွင် ဆိုင်ရှေ့ တန်းစီကြလေ့ရှိသည်။
သေချာသည့်အနေအထားအရ ထိုတန်းစီမှုသည် လူအများရှေ့ မြင်သာလာသည်။ ထိုအရာက ဖြတ်သွားဖြတ်လာများအား သိချင်စိတ်ဖြစ်လာစေ၏။ အနည်းဆုံး (၇)ရက် (၈)ရက် ကြာမြင့်ပြီးသည့်နောက်တွင် တန်းစီနေသည့် လူအရေအတွက်က တစ်ရာကျော် ရောက်ရှိလာ၏။ ထိုကိစ္စက နေရာတစ်ဝိုက်အတွင်း အားကောင်းသည့် ဂယက်လှိုင်းတစ်ခု ဖြစ်လာစေသည်။
ထိုနေရာဝန်းကျင်ရှိ တခြားသော ဆိုင်များကလည်း စတင်လှုပ်ရှားလာကြသည်။ သူတို့က စတင်စုံစမ်းကြ၏။ လူများစွာ တန်းစီနေသည့်အတွက် သူတို့၏ အစာ စားသုံးလိုစိတ်နှင့် အာသီသအငွေ့အသက်တို့က ပိုမိုအားကောင်းလာကာ တခြားသူများအား လျစ်လျူမရှုနိုင်အောင် ပြုလုပ်ထား၏။
တူညီလှစွာ တန်းစီနေခြင်းက ဝမ်ပေါင်လဲ့အတွက် အာသီသအငွေ့များကို စုပ်ယူဖို့ လွယ်ကူပေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အာသီသ စည်းမျဉ်းဥပဒေသက မြန်မြန်ဆန်ဆန်ဖြင့် ကြီးထွားလာ၏။
ကြီးကြပ်ရေးမှူး၊ လူပုလေးနှင့် တခြားသူများကပင် အကျိုးကျေးဇူးများစွာ ရရှိလိုက်ကြသည်။ သူတို့က ဆိုင်ကို ဆုံးရှုံးသွားရသော်လည်း သူတို့ နေ့စဉ်နေ့တိုင်း စုပ်ယူနေသည့် ကျင့်ကြံရေးပမာဏက ဆိုင်ကို ပိုင်ဆိုင်စဉ်အခါကထက်ပင် ပိုမိုများပြားလာ၏။
အကြမ်းဖက်မှုက ရုပ်ပိုင်းဆိုင်ရာကို အညံ့ခံအောင် ပြုလုပ်နိုင်သော်လည်း အကျိုးအမြတ်ကမူ လူများကို စိတ်ပိုင်းဆိုင်ရာအရ အညံ့ခံလာစေသည်။ ဤသည်က ကြီးကြပ်ရေးမှူးနှင့် တခြားသူများအတွက်လည်း အတူတူသာ ဖြစ်၏။ သူတို့က ဝမ်ပေါင်လဲ့အပေါ် ရန်ငြိုးမထားကြတော့ပေ။ အကယ်၍ ဝမ်ပေါင်လဲ့ကသာ ထွက်သွားပါက သူတို့က သဘောတူမည် မဟုတ်ပေ။
အကျိုးအမြတ် များပြားလာမှုကြောင့် သူတို့က ဝမ်ပေါင်လဲ့ထက်ပင် စိတ်ရောကိုယ်ပါ လိုလိုလားလား ကာကွယ်နေကြသည်။
သိပ်မကြာခင် ဘေးအနီးအနားရှိ ဆိုင်များ၏ စီးပွားရေးက ကျဆင်းလာသည်။ သို့သော်လည်း ဝိညာဉ်ရေခဲရေက ကြာရှည်ခံလိမ့်မည်ဟု မထင်ထားကြပေ။ ဆိုင်များစွာက ယခင်က ဤကဲ့သို့ အရာမျိုးပြုလုပ်ဖူးသော်လည်း အများဆုံးတစ်လခန့်ကြာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ့ရှိသည်။
ထို့ကြောင့် သူတို့က စောင့်ကြည့်နေကြ၏။ ထိုမီးပွားက အနီးဆုံးဆိုင်များအထိ ပြဿနာဖြစ်လာစေသည်။ ဆိုင်အကူနှင့် ဆိုင်ပိုင်ရှင်များက တန်းစီနေသည့် လူများ၏ အကြည့်အောက်တွင် သန်းခေါင်၌ ဆိုင်ထဲကို ခိုးဝင်သွားကြသည်။
ဆိုင်ပိတ်သွားသည့်အခါ အထဲ၌ အသံမကြားရတော့ပေ။ အပြင်ဘက်၌ ကြည့်ရှုသူများကလည်း ဆိုင်ကို စောင့်ကြည့်နေကြ၏။ သို့သော်လည်း မနက်ခင်းစောစောတွင် အထဲ၌ လှုပ်ရှားမှု အနည်းငယ်ဟူ၍ မရှိပေ။
ဆိုင်ဖွင့်ဖို့ အချိန်ကျလာသည့်အခါ တစ်ဖက်ကန်း ဖက်တီးလေးက ဂုဏ်ယူသည့် အမူအရာဖြင့် ထွက်ပေါ်လာသည်။ သူက ဆိုင်တံခါးကို ဖွင့်ပြီးသည့်နောက်တွင် စီးပွားရေးကို ပုံမှန်အတိုင်း စတင်လိုက်၏။ အပြင်ဘက်တွင် တန်းစီနေသည့် ကျင့်ကြံသူများကလည်း ဆိုင်အကူများသည် လူထပ်တိုးလာကြောင်း တွေ့ရှိလိုက်ရသည်။
ထိုလူများက မနေ့ညက ခိုးဝင်သွားသည့် ကျင့်ကြံသူများသာ ဖြစ်၏။ အားလုံးက စိတ်ဓာတ်ကျနေပြီး မျက်ဝန်းများက အကြောက်တရားဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းဆိုသလို ဆိုင်က ပိုမိုကြီးမားလာကာ အနီးအနားဆိုင်များဖြင့်ပင် ဆက်နွယ်သွားသည့်အတွက် ယခုအခါ ဆိုင်အကြီးကြီး ဖြစ်နေလေပြီ။
တန်းစီနေသည့် ဖောက်သည်များကလည်း တုန်လှုပ်သွားကြ၏။ တခြားသော ဆိုင်များရှိ ကျင့်ကြံသူများကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့က မဆင်မခြင် မပြုမူရဲကြတော့ပေ။
တစ်လခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝိညာဉ်ရေခဲရေက အာသီသမြို့တော်အတွင်း အတော်အတန် နာမည်ကြီးလာ၏။ အာသီသမြို့တော်အတွင်း ကျင့်ကြံသူ တစ်ဝက်ခန့်လောက်၏ စိတ်ထဲ ထိုအရာက အကျော်ကြားဆုံး ကောလဟာလထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
ထိုစဉ် အရှေ့ဘက်ပိုင်းရှိ ဆိုင်ကြီးကြီးတစ်ခုက ထိုနေရာကို လောဘတကြီးဖြင့် ကြည့်နေလေ၏။
“ ဒီပျော်ရွှင်မှုစည်းမျဉ်းဥပဒေသရဲ့ ဖော်စပ်နည်းနဲ့ ပါဝင်ပစ္စည်းကို ပေးရင်ပေး၊ မပေးရင် မနက်ဖြန် နေရောင်ကို မြင်ရမှာမဟုတ်ဘူးလို့ ပြောလိုက်”