ခြေကုပ်ရယူခြင်း
Vol. 96 Ch. 1333
“ငါ ဒီနေရာကို သဘောကျတယ်” ဝမ်ပေါင်လဲ့၏ ခပ်ဩဩ ရယ်သံက အနက်ရောင်မြူခိုးမှ ပဲ့တင်ထွက်လာသည်။
ထိုစဉ် သူက ပျက်စီးနေသည့် တံခါးမှ ဝင်ရောက်လာကာ အနက်ရောင်မြူခိုးများကလည်း ရူးရူးမူးမူး ထွက်ပေါ်လာပြီး ပထမအထပ် နေရာတိုင်းကို လွှမ်းမိုးသွားခဲ့သည်။ အရာအားလုံးပျက်စီးသွားသည့်အခါ အစိမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး စတင်လောင်ကျွမ်းသွားစေသည်။
ထိုမီးတောက်ပျံ့နှံ့လာသည့်အခါ ဝမ်ပေါင်လဲ့က ဒုတိယအထပ်ဆီ ဦးတည်လိုက်၏။ သူက တစ်လှမ်းချင်းစီ တက်လာသည့်အခါ လှေကားကပင် ပြာအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ သို့သော်လည်း စားသောက်ဆိုင်က ပြိုလဲမည့် အရိပ်အယောင်မရှိသေးပေ။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က ဒုတိယထပ်သို့ ရောက်ရှိလာသည်။ ဒုတိယအထပ်တွင် သီးသန့်အခန်းငယ်လေးများ ရှိ၏။ သူက ဒုတိယအထပ် ရောက်ရှိလာသည့်အခါ သီးသန့်အခန်းငယ်များ၏ တံခါးအားလုံးက ဘန်းခနဲပွင့်သွားသည်။ သွေးဆာနေသည့် မျက်ဝန်းများရှိသည့် ကျင့်ကြံသူများက ပြေးထွက်လာပြီး ဝမ်ပေါင်လဲ့ဆီ ဝင်ရောက်လာသည်။
သို့သော်လည်း သူတို့က အနီးမကပ်ခင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးမှ အငြိုးကြီးတစ္ဆေနှင့်တူသည့် အရိပ်များစွာက ထွက်ပေါ်လာသည်။ သူတို့က ခက်ထန်ကြမ်းတမ်းစွာဖြင့် ကျင့်ကြံသူများဆီ ဝင်ရောက်သွားသည်။ သူတို့ဖြတ်သန်းသွားသည့်အချိန်တိုင်း ကြေကွဲဖွယ်အသံများ ပဲ့တင်ထွက်လာသည်။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်က ထိတွေ့မိသည့်အခါ ချက်ချင်းဆိုသလို ညှိုးနွမ်းခြောက်ကပ်ကာ ပျောက်ကွယ်သွားလေသည်။
တစ္ဆေများက ခပ်ဩဩအသံများ ထုတ်လွှတ်ကာ အားကောင်းသည့် အလိုဆန္ဒကို ထုတ်ဖော်လာသည်။ သူတို့က ဒုတိယအထပ်ကို သွားလာနေပြီး ဝမ်ပေါင်လဲ့ဆီ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာသည်။
အာသီသ စည်းမျဉ်း…
ထိုအရာကို သေချာသည့် အနေအထားတစ်ခုအထိ နားလည်ထားပါက အိပ်မက်ဆိုးကိုပင် ဖန်တီးနိုင်လိမ့်မည်။ ထိုအိပ်မက်ဆိုးရှိထားသည့်သူများကို ကမ္ဘာငယ်အတွင်း ထည့်သွင်းကာ ဝေဒနာပင်လယ်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်။
ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်၏။ သူ့လက်တစ်ချက်အဝှေ့တွင် ဒုတိယအထပ်က အပြီးတိုင် ယိုယွင်းသွားလေသည်။ သူက တတိယအထပ်ဆီ ဦးတည်လိုက်၏။ တတိယအထပ်တွင် အခန်းသုံးခန်းသာ ရှိ၏။
လိုအင်ဆန္ဒအိပ်မက်ဆိုး ဝင်ရောက်လာသည့်အခါ အခန်းသုံးခန်းက ပြာဖြစ်သွားပြီး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့် ပုံရိပ်သုံးခု ပေါ်လာသည်။
အကြီးအကဲနှစ်ဦးနှင့် နတ်ဆိုးသားရဲနှင့် တူသည့် သွေးနီရောင် ကြေးခွံတစ်ခု ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲနှစ်ဦးက တုန်ယင်နေပြီး သူတို့က မျက်လုံးဖွင့်ကြည့်ချင်နေကြသည်။ သို့သော်လည်း သူက ထိုသို့မလုပ်နိုင်ပေ။ သူတို့က အိပ်မက်ဆိုးကို သူတို့၏ ဒွာရပေါက်နှင့် ချွေးပေါက်များက အရူးအမူး ဝင်ရောက်လာဖို့ ခွင့်ပြုပေးထားရသည်။
သွေးကြေးခွံအတွက် ဝမ်ပေါင်လဲ့က တတိယအထပ် ရောက်ရှိလာပြီးသည့်နောက် သူ့မျက်ခုံးကြားရှိ ကြေးခွံပေါ်တွင် သင်္ကေတများ တောက်ပလာသည်။ ထိုအရာက တောင့်ခံနေဟန်ပေါ်၏။ သူက မျက်လုံးဖွင့်နိုင်သည့်အခါ သွေးနီရောင်မျက်ဆံက အကြောက်တရားဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့က ကြည့်လာသည်။
“အဲဒါက မင်းလား” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောရင်း သူ့ဆိုင်ထဲမှ စားပွဲပေါ်မှ ယူလာသည့် သွေးနီရောင်ကြေးခွံကို ထုတ်လိုက်သည်။
သွေးကြေးခွံ ကလေးငယ်က တုန်ယင်နေ၏။ သူက ကြည့်ဖို့ရာပင် အတော်လေး ရုန်းကန်နေရသည်။ ထို့နောက် လေးထပ်မြောက်မှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။
“တာအိုရောင်းရင်း မင်း လွန်လွန်းသွားပြီ။ တကယ်လို့ မင်းအခု ထွက်သွားမယ်ဆိုရင် ဘာမှမဖြစ်သလိုမျိုး သဘောထားပေးမယ်”
ထိုသို့ပြောရင်းဖြင့် စားသောက်ဆိုင်၏ သုံးထပ်နှင့် လေးထပ်မြောက်ကြားရှိ နံရံက ဝေဝါးသွားသည်။ ဝမ်ပေါင်လဲ့အထက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုပုံရိပ်က သူနှင့်တူပြီး ဝဲကတော့သဖွယ် အနက်ရောင်မြူခိုးများ ရှိနေသည်။ ထိုအရာ၏ အလယ်တွင် ထိုင်နေသည့် လူတစ်ဦးကို ဝေဝေဝါးဝါး မြင်နိုင်လိမ့်မည်။ မြူခိုးများ လှုပ်ခတ်သွားသည့်အခါ မျက်ဝန်းတစ်စုံထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ကို ကြည့်လာသည်။
တစ်ချိန်တည်းဆိုသလို ပုံရိပ်၏ ဝဲကတော့အတွင်း အိပ်မက်ဆိုးဒါဇင်ချီ ရှိနေလေ၏။ သူတို့က ပြန့်ကာ ဝမ်ပေါင်လဲ့ဆီ တိုးဝင်လာသည်။ ထို့နောက် ဝမ်ပေါင်လဲ့ဝန်းကျင်ရှိ အိပ်မက်ဆိုးများကလည်း ခေါင်းမော့ကာ သူတို့၏ ကမ္ဘာ့ရန်သူနှင့် တွေ့လိုက်သကဲ့သို့ သတ်ဖြတ်ငွေ့တို့ ပေါက်ထွက်လာသည်။
ဝမ်ပေါင်လဲ့၏ အမူအရာက နဂိုအတိုင်း ရှိနေ၏။ ဘာမှမပြောပေ။ သို့သော် လေးထပ်မြောက်မှ ပုဂ္ဂိုလ်ဆီမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်နှင့် သွေးကြေးခွံကလေးငယ်ရှေ့တွင် ရှိနေသည့် သွေးနီရောင်ကြေးခွံမှ ဆူးချွန်များ ထွက်လာပြီး သူ့မျက်ခုံးကြား ထိုးဖောက်ဝင်ရောက်သွားသည်။
သွေးကြေးခွံ ကလေးငယ်က အသံထွက်ဖို့ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်သုဉ်းသွားလေ၏။
ထိုမြင်ကွင်းက လေးထပ်မြောက်မှ ပုဂ္ဂိုလ်အား ဒေါသထွက်သွားစေသည်။
“မင်းက သေချင်နေတာပဲ” ခပ်ဩဩအသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လေးထပ်မြောက်မှ ပုဂ္ဂိုလ်က ထရပ်လာပြီးသည့်နောက် သူ့ဝဲကတော့က မီတာနှစ်ရာပင် မြင့်မားသည့် ဧရာမကြီးအသွင် ပြောင်းလဲသွားသည်။
ထိုဧရာမခန္ဓာကိုယ်ကြီးက အနက်ရောင်ဖြစ်ပြီး မြူခိုးများက ဝေ့ဝဲနေသည်။ သူ့အရှိန်အဝါက ကြောက်ဖို့ကောင်း၏။ သူ မတ်တတ်ရပ်လိုက်သည့်အခါ သူက ကောင်းကင်ကိုပင် ထိလုမတတ်ဖြစ်နေသည်။ သူက ညာဖက်လက်ကို မြှောက်ရင်း ဝမ်ပေါင်လဲ့ဆီ ရိုက်ချလိုက်၏။
သူ တိုက်ခိုက်လာသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အလိုဆန္ဒလှိုင်းလုံးက ပေါက်ထွက်လာကာ အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။ အာသီသမြို့တော်ရှိ နေထိုင်သူများပင် တုန်လှုပ်သွားကြသည်။
အဖက်ဖက်မှ အကြည့်များကလည်း စုဝေးလာ၏။
“အဲဒါက အစားကြူးတမန်တော်ပဲ”
“တမန်တော်က လှုပ်ရှားနေပြီ”
ထိုအသံများ ပဲ့တင်ထွက်လာသည့်အခါ အာသီသမြို့တော်အတွင်း ပေထောင်ချီမြင့်မားသည့် ဧရာမအသားပုံကြီးများက မြို့၏ တည်နေရာ၈ခုတွင် ပေါ်ထွက်လာသည်။ ထိုပုံရိပ်တစ်ခုချင်းစီက အသားတောင်ကြီးသဖွယ် ဖြစ်ပြီး သူတို့က အားကောင်းသည့် ဖိအားဖြင့် ထိုနေရာကို လှမ်းကြည့်လိုက်ကြသည်။
ထိုအသားတောင်ကြီး ၈ခု ပေါ်ထွက်လာမှုက ဆူဆူညံညံအသံများကို ပျောက်ကွယ်သွားစေသည်။ အကြောင်းအရင်းကမူ သူတို့သည် အာသီသမြို့တော်၏ အစားကြူးနတ်ဘုရားများဖြစ်၍ ဖြစ်သည်။
ထိုအစားကြူးနတ်ဘုရားများ၏ အကြည့်က စားသောက်ဆိုင်အတွင်း ကျရောက်လာသည့်အခါ ပေရာချီမြင့်မားသည့် အသားပုံက လက်ဝါးချက်ဖြင့် ရိုက်ချလိုက်တော့သည်။ ထိုအရာဖြတ်သန်းသွားသည့်အချိန် စားသောက်ဆိုင်က အပြီးတိုင် ပြိုလဲသွားပြီး လက်ဝါးချက်က ဝမ်ပေါင်လဲ့၏ ခေါင်းအထက် ကျရောက်လာလေ၏။
သို့သော်လည်း ထပ်မံ မကျဆင်းနိုင်တော့ပေ။
လက်ဝါးအောက်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က တစ်လက်မမှ မလှုပ်ရှားပေ။ လက်ဝါးချက်ကို တောင့်ခံပေးနေသည်က သူ့ဆီမှ ထွက်ပေါ်နေသည့် အိပ်မက်ဆိုးများ ဖြစ်၏။
“အခု ငါ ပြောရမဲ့ အလှည့်ပဲ။ မင်းက သေချင်နေတာပဲ” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည့်အချိန် ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး သူရှိနေသည့် ဝဲကတော့က ပျံ့နှံ့လာသည်။
ပေတစ်ရာ၊ ပေနှစ်ရာ၊ ပေသုံးရာ၊ ပေလေးရာ…
ထိုအရာ ကြီးမားလာသည့်အခါ ဧရာမ အသားပုံကြီး၏ လက်က ကန့်သတ်ချက်သို့ ရောက်သည်အထိ ပျံ့နှံ့လာသည်။ ကြည့်ရသည်မှာ ထိုအရာက နောက်ဆုတ်လိုဟန်ပေါ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှ ဆွဲခံထားရသည်။ နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့ရှိနေသည့် ဝဲကတော့ကြီးက ပေလေးရာအမြင့်သို့ ရောက်ရှိလာကာ ထိုကြောက်ရွံ့နေသည့် အစားကြူးတမန်တော်ကို ကြည့်လိုက်သည်။
“မင်း” တမန်တော်က စကားဆုံးအောင် မပြောနိုင်ခင် ဝမ်ပေါင်လဲ့က ပါးစပ်ကို ဟကာ စုပ်ယူလိုက်သည်။ ထို့နောက် မုန်တိုင်းတစ်ခု သို့မဟုတ် တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ပါးစပ်မှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာကာ အစားကြူးတမန်တော်၏ ခန္ဓာကိုယ်မှ အာသီသစည်းမျဉ်းဥပဒေသများကို ပြိုလဲသွားစေပြီး ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။
“မင်း လုပ်ရဲတယ်လား” အဝေးတစ်နေရာတွင် ပေထောင်ချီမြင့်မားသည့် ဧရာမအသားတောင်ကြီးက အော်ဟစ်လိုက်သည်။ ထိုအရာက ညာဖက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ကို ဆွဲယူတော့မည့်ဟန် ပြုလုပ်လိုက်၏။ ထိုအရာဖြတ်သန်းသွားသည့်အချိန်တိုင်း ကောင်းကင်နှင့် မြေကြီးကပင် အယောင်ပြောင်းလဲသွားကာ လေနှင့်တိမ်တိုက်များပင် ရွေ့လျားလာစေသည်။ ကောင်းကင်ကြီးက လွှမ်းမိုးခံလိုက်ရပြီး ဧရာမလက်ကြီးက ဝမ်ပေါင်လဲ့ကို ဆွဲယူတော့မည့်ဆဲဆဲတွင် အနောက်မြောက်ဘက်မှ အေးစက်စက်ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ နောက်ထပ် အစားကြူးနတ်ဘုရားကလည်း လက်ကို မြှောက်ကာ ကောင်းကင်ယံရှိ လက်ဝါးကို တိုက်ခိုက်လိုက်သည်။
“ထို့လင်းကျစ် ဒီတိုက်ပွဲကို မပါတာ ကောင်းလိမ့်မယ်”
“ မင်း ငါ့ကို တားရဲတယ်လား”
ဆူဆူညံညံအသံများကြားတွင် ဧရာမလက်ကြီးနှစ်ဖက်က တစ်ခုနှင့် တစ်ခု ထိတွေ့သွားလေ၏။ သူတို့က အချင်းချင်းတိုက်ခိုက်နေရင်း ဝမ်ပေါင်လဲ့က အစားကြူးတမန်တော်ကို ခြောက်ကပ်အောင် စုပ်ယူပစ်ခဲ့သည်။ ထို့နောက် ထိုသူ၏ ခန္ဓာကိုယ်ရှိ အနက်ရောင်ဝဲကတော့က ပြိုလဲသွားကာ အသက်အရွယ်ကြီးရင့်သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက နောက်ဆုံးသော ထွက်သက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဝမ်ပေါင်လဲ့က ထရပ်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောပေ။ ထို့နောက် သူ့ကို ကူညီပေးခဲ့သည့်ဘက်ကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက လှည့်ထွက်ကာ သူ့ဆိုင်ဆီ ပြန်လိုက်သည်။ သူက ပျံသန်းလာရင်း သူ့ပုံရိပ်က ဖြည်းဖြည်းချင်း ဆင်းသက်လာကာ သာမန်လူ အသွင် ပြောင်းလဲသွားသည်။
သူ့ဆီ ကျရောက်လာသည့် အကြည့်များက လျော့နည်းသွားခြင်း မရှိဘဲ ပိုမိုပင် တိုးပွားလာ၏။
အင်အားစုများက လိုက်လျောညီထွေဖြစ်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။ ကျင့်ကြံလိုသည့် လိုအင်ဆန္ဒကို ရှောင်ရှားဖို့ မရနိုင်သည့် နေရာမျိုးတွင် ဖြစ်၏။ အတွင်းရေး ပဋိပက္ခများကလည်း ရှောင်ရှား၍ မရနိုင်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့ လုပ်ခဲ့သည့်အရာက သူ့ထက် တန်ဖိုးကို ပြသဖို့ရာသာ ဖြစ်၏။ ဝိညာဉ်ရေခဲရေက တန်ဖိုးတစ်ခုရှိသလို ထိုအရာ၏ ကိုယ်ပိုင်စည်းမျဉ်းဥပဒေသကလည်း ပို၍ အဖိုးတန်ပေသည်။
ပြောရလျှင် နှစ်ခုလုံးက အဖိုးတန်လှ၏။ သူ့ကို ပစ်မှတ်ထားသည့်သူများ ရှိနေသော်လည်း သူ့ထံ ကောင်းမွန်သည့် ဆန္ဒဖြင့် လာရောက်ကြမည့် လူတချို့လည်း သေချာပေါက် ရှိနေလိမ့်မည်။