ဝိညာဉ်ရေခဲကလေးငယ် (ပင်းလင်းကျစ်)
Vol. 96 Ch. 1334
အာသီသမြို့တော်ထဲရှိ လူတချို့ကသာ မိုးသောက်ယံအထိ စိတ်ငြိမ်အောင် ထိန်းထားနိုင်ကြသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲက ကြီးကြီးမားမား လှုပ်ခတ်မှုဖြစ်လာစေသည်။ ထိုတိုက်ပွဲအတွင်း သွေးကြေးခွံစားသောက်ဆိုင်နောက်ကွယ်တွင် ရှိသည့် ယွင်လင်းကျစ်က အမည်မသိလူတစ်ယောက်ကြောင့် ဖိနှိပ်ခံလိုက်ရသည်။
တကယ်တော့ ထိုဖိနှိပ်ထားသည့် ဖြစ်စဉ်တစ်ခုလုံးအတွင်း အလှည့်အပြောင်းပင် မရှိပေ။ ကြောက်ဖို့ကောင်းသည့် အာသီသစည်းမျဉ်းအောက်တွင် ယွင်လင်းကျစ်က အားနည်းလွန်း၍ တိုက်ကွက်တစ်ကွက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။ ထို့အပြင် သူဖိနှိပ်ခံထားရပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲမှ စည်းမျဉ်းကို ဝါးမျိုခံလိုက်ရသည့်အတွက် ယခုအခါ သူက မသန်မစွမ်း ဖြစ်သွားလေပြီ။
ထိုမြင်ကွင်းက အာသီသမြို့တော်ထဲရှိ ကျင့်ကြံသူအများစုနှင့် စိတ်နှလုံးသားကို တုန်ယင်သွားစေသည်။ တစ်ချိန်တည်းဆိုသလို သူတို့က ထိုရုတ်တရက် မြင့်တက်လာသည့်သူအပေါ် လေးစားမှု ရှိလာကြသည်။
အာသီသမြို့တော်၏ မြို့တော်က ဖရိုဖရဲဖြစ်ကာ တောအုပ်စည်းမျဉ်းဥပဒေသကို ကိုင်စွဲထားသော်လည်း အာသီသမြို့တော်ထဲရှိ လူအများစုက ထိုကဲ့သို့ ပြင်းထန်သည့် အပြုအမူများကြောင့် စိုးရိမ်နေမိကြသည်။
တခြားသောသူများကလည်း အတူတူသာ ဖြစ်၏။ သူတို့က ယခုမြင့်တက်လာသည့် ကျင့်ကြံသူကို အလေးအနက် မှတ်ယူထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲက အစားကြူးနတ်ဘုရားနှစ်ယောက်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ တစ်ဖက်က ထိုအသစ်မြင့်တက်လာသည့်သူကို သတိပေးလိုသည်။ တခြားတစ်ဖက်ကမူ ထိုသူကို ရပ်တန့်ခဲ့သည်။ ထိုနှစ်ခုလုံးက တိုက်ခိုက်နေသော်လည်း အစားကြူးနတ်ဘုရားများအနေဖြင့် သူတို့၏ အပြုအမူတစ်ခုချင်းစီက ကမ္ဘာမြေတုန်လုမတတ် ဖြစ်စေသည်။ သူတို့က လေဟာနယ်တစ်လျှောက် တိုက်ခိုက်လျှင်ပင် မြို့တစ်ခုလုံးကို တုန်ခါသွားစေဖို့ရာ လုံလောက်ပေသည်။
သို့သော်လည်း သူတို့နှင့် ယှဉ်လိုက်လျှင် ဆိုင်ထဲရှိ အမျိုးသမီးကြီးကြပ်ရေးမှူးနှင့် တခြားသူများက မျက်လုံးအပြူးသား ဖြစ်နေကြသည်။ သူတို့စိတ်နှလုံးသားထဲတွင် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုတို့က ရေလှိုင်းအလား မြင့်တက်လာသည်။
သူ၏ သူဌေးက အလွန်အားကောင်းမှန်း သိထားကြသော်လည်း ဤသို့ ကြောက်မက်ဖွယ် အနေအထားထိ ရောက်ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ သူဌေး၏ ပြိုင်ဘက်က သူ့ကို ရင်ဆိုင်နိုင်ရုံသာမကဘဲ တိုက်ကွက်တစ်ကွက်တည်းအောက်တွင် ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားပေ။
ထိုအရာအားလုံးက ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးသည့်နောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ထိုစဉ် ဝမ်ပေါင်လဲ့က လမ်းမအထက် ပေါ်ထွက်လာကာ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာသည်။ ထိုလူ၈ဦး၏ မျက်ဝန်းအထက် လေးစားမှုတို့ ရှိနေ၏။ သိပ်မကြာခင် သူတို့က ဒူးထောက်ကာ အဝေးမှ ဝပ်တွားလိုက်ကြသည်။
ဝမ်ပေါင်လဲ့က သူ့ကို ဆိုင်အဝင်ဝတွင် စောင့်နေသည့် လူ၈ယောက်ကို လျစ်လျူရှုထားပြီး ဒုတိယအထပ်သို့ တက်သွားလေ၏။
ဘန်းခနဲအသံနှင့်အတူ တံခါးကို ပိတ်လိုက်သည်။ ဆိုင်အပြင်ဘက်တွင် ဒူးထောက်ကာ ထိုင်နေကြသည့် လူ၈ယောက်က ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာအထက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြတော့ပေ။
“ငါတို့တွေ မြင့်တက်လာပြီ”
သူတို့၏ အသက်ရှူနှုန်းက မြန်ဆန်လာကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ တစ်ယောက်ချင်းစီ၏ အမူအရာတွင် စိတ်လှုပ်ရှားမှုများ မြင်တွေ့လိုက်ရသည်။ သူတို့က ဤတိုက်ပွဲအပြီးတွင် အာသီသမြို့တော်ထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာပြီး ရေစီးကြောင်းက ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိထားသည်။ သူတို့၏ ဆိုင်က သေချာပေါက် အံ့မခန်းနှုန်းဖြင့် မြင့်တက်လာလိမ့်မည်။
ထိုမြင့်တက်သည့် ဖြစ်စဉ်အတွင်း သူတို့၏ သူဌေးက ဤအချိန်တစ်လျှောက်လုံးတွင် အာသီသမြို့တော်၏ ခေါင်းစဉ်တစ်ခု ဖြစ်လာနိုင်သည်။ ထိုအရာကို တွေးကာ အမျိုးသမီး ကြီးကြပ်ရေးမှူး၏ အကြည့်များက တောက်ပလာပြီး ဆိုင်ထဲကို ဝင်ကာ လှေကားပေါ်တက်သွားပြီး ဝမ်ပေါင်လဲ့အခန်းအပြင်ဘက်တွင် ဒူးထောက်ကာ ပြောလိုက်သည်။
“သူဌေး တကယ်လို့ အပြင်လူတွေက မေးတယ်ဆိုရင် သူဌေးရဲ့ နာမည်ကို ဘယ်လိုပြောလိုက်ရမလဲ”
အမျိုးသမီးကြီးကြပ်ရေးမှူးက အရာအားလုံးကို ကြိုတင်စဉ်းစားပြီးသား ဖြစ်၏။ သူတို့က ဝမ်ပေါင်လဲ့၏ နာမည်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိစ္စမရှိသော်လည်း ယခုမှစ၍ ဝမ်ပေါင်လဲ့သည် သူ့အတွက် နာမည်တစ်ခု လိုအပ်လာလိမ့်မည်။ ထိုအရာက သူ့မြင့်တက်လာမှုအတွက် အထောက်အကူဖြစ်ကာ ပိုမိုလွယ်ကူစေလိမ့်မည်။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ တည်တည်ငြိမ်ငြိမ် အသံက အခန်းထဲမှ ပျံ့လွင့်လာသည်။
“ပင်းလင်းကျစ်”
“ပြီးတော့ မနက်ဖြန်ကျ ကျိုးဟော် အစားကြူးနတ်ဘုရားစံအိမ်ကို ဝိညာဉ်ရေခဲရေ ပုလင်းတစ်ထောင် ပို့ပေးလိုက်”
အမျိုးသမီးကြီးကြပ်ရေးမှူးက ဝမ်ပေါင်လဲ့၏ စကားကို ချက်ချင်းမှတ်သားလိုက်သည်။ သူမက အလျင်အမြန် နောက်ဆုတ်ပြီးသည့်နောက် တခြားအပေါင်းအပါကို စုဝေးကာ ကိစ္စကို ဆွေးနွေးခဲ့၏။ ယခင်ရက်ပိုင်းအတွင်း သူတို့က သူဌေး၏ အကျင့်စရိုက်ကို သိလာကြသည်။ သူက ကိစ္စများတွင် ပါဝင်ပတ်သက်ရသည်ကို သဘောမကျပေ။ ထို့ကြောင့် ဆိုင်ကို ဖွင့်လှစ်ရာ၌ သူတို့က လုပ်ပိုင်ခွင့်များ ရှိနေဆဲဖြစ်၏။
ဤသို့ဖြင့် နောက်တစ်ရက် မနက်ခင်းရောက်ရှိလာသည့်အခါ ဆိုင်အပြင်ဘက်တွင် ကျင့်ကြံသူထောင်ချီက တန်းစီနေလျက်ရှိသည်။ တချို့သော ကျင့်ကြံသူများက နေ့စဉ်နေ့တိုင်း လာရောက် တန်းစီကြလေ့ရှိသော်လည်း မနေ့ညက အဖြစ်အပျက်ကြောင့် တုန်လှုပ်သွားပြီး လေးစားသမှုကို ပြသဖို့ ရောက်လာသည့်သူများလည်း ရှိပေသည်။
သူတို့က စောင့်ဆိုင်းနေစဉ် တံခါးက ရုတ်ချည်း ပွင့်လာလေသည်။ လူပုလေး၊ ဖက်တီးနှင့် တခြားသူများက ဝင်လာကြသည်။ သူတို့က ပုံမှန်အတိုင်း ဆိုင်ကို ချက်ချင်း မဖွင့်သေးပေ။ ထိုအစား သူတို့က ခေါင်းမော့ထားပြီး ရင်ဘတ်ကို ကော့ထားကြ၏။ သူတို့၏ မျက်နှာအထက် မောက်မာသည့် အမူအရာမျိုးရှိနေကာ ထိုလူတန်းကို တစ်ချက်ကြည့်လိုက်သည်။
ထို့ကြောင့် နှစ်ဦးသားက ဘယ်နှင့်ညာ ရပ်လိုက်ကြ၏။ သူ့မောက်မာသည့် အမူအရာများသည် သူတို့၏ ခန္ဓာများသည် အင်မတန် ရှည်လျားကာ ကြီးမားပြီး အပြင်ဘက်မှ တန်းစီနေသည့် ကျင့်ကြံသူများကိုပင် ငုံ့ကြည့်နိုင်လောက်အောင် ခံစားရစေသည်။
တစ်ချိန်တည်းဆိုသလို ဆိုင်းဘုတ်ကို အစားထိုးလိုက်သည့်အတွက် ထိုသူများက ဆိုင်းဘုတ်အသစ်ကို ကြည့်လိုက်ကြ၏။
ထိုအရာများတွင် နာမည်သုံးလုံး ရေးထားသည်ကို မြင်တွေ့လိုက်ရသည်။
ဝိညာဉ်ရေခဲဆိုင်
ထိုစကားလုံးများက အပြင်ဘက်ရှိ လူများကို အာရုံစိုက်လာစေသည်။ ထို့နောက် တံခါးဝတွင် ရပ်နေသည့် ဖက်တီးလေးက မျက်လုံးတစ်ဖက် မရှိသော်လည်း အင်မတန် မောက်မာသည့်အမူအရာဖြင့် ပြောလိုက်သည်။
“ဒီနေ့ကစပြီး ဝိညာဉ်ရေခဲဆိုင်က ရောင်းချနှုန်းကို ပြောင်းလဲမယ်။ အရင်လာတဲ့သူ အရင်ရမယ် မဟုတ်တော့ဘူး။ အဲဒီအစား တစ်နာရီတစ်ခါ လူဆယ်ယောက်ကို ရွေးပြီးတော့ မဲနှိုက်မယ်”
ထိုစကားများ ထွက်လာသည့်အခါ တန်းစီနေသည့်သူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ အများစုက မတုံးအသည့်အတွက် ထိုနည်းလမ်းသည် ဝိညာဉ်ရေခဲရေကို ရဖို့အတွက် အင်မတန် ပိုမိုခက်ခဲသွားကြောင်း သိလိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက သူတို့ကို နာမည်ကျော်ကြားစေလိမ့်မည်။
ထိုအရာက သူတို့အား ဆိုင်အပြင်ဘက်တွင် ဆက်တိုက် တန်းစီနေဖို့ လိုအပ်၏။ အကယ်၍ ဤနည်းလမ်းကို ယခင်က အသုံးပြုပါက လူထု၏ ဒေါသကို ဆွပေးသလိုမျိုး ဖြစ်လိမ့်မည်။ သို့သော်လည်း မနေ့ညက တိုက်ပွဲပြီးသည့်နောက်တွင် ဝိညာဉ်ရေခဲဆိုင်က ဤသို့ လုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိလာခဲ့၏။
လူထုကို လျစ်လျူရှုထားပြီး ဖက်တီးလေးက လှည့်ကာ ဆိုင်ထဲ ဝင်ရောက်သွားသည်။ လူပုလေးကလည်း မျက်လုံးတစ်လုံးကို ဝါးနေရင်းဖြင့် လူအုပ်ကို အမိန့်ပေးလိုက်၏။
ဖြည်းဖြည်းချင်းဖြင့် ဝယ်ယူသည့် နည်းလမ်းအသစ်က အသားကျလာကာ ဝိညာဉ်ရေခဲဆိုင်အပြင်ဘက်တွင် တန်းစီနေသည့် လူအုပ်ကလည်း လျော့ကျသွားခြင်း မရှိပေ။ ထိုအစား လူများက ပိုမိုများပြားလာလေ၏။ ဝမ်ပေါင်လဲ့၏ နာမည်အတွက်မူ လူပုလေး၊ ဖက်တီးလေးနှင့် တခြားသူများ၏ သတင်းဖြန့်မှုကြောင့် လူများက ဖြည်းဖြည်းချင်း သိသွားကြသည်။
“ပင်းလင်းကျစ်”
“အဲဒါဆိုတော့ ဒီလူအသစ်က ပင်းလင်းကျစ်လို့ ခေါ်တာပဲ”
ဆိုင်အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲဖြစ်မှုက ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှုမရှိပေ။ ထိုအစား ဝိညာဉ်ရေခဲရေအပေါ် အကန့်အသတ် တိုးပွားမှုကြောင့် စားသုံးလိုစိတ်က ပိုမိုကြီးမားလာခဲ့သည်။
ဝမ်ပေါင်လဲ့က ဆိုင်ထဲတွင် တင်ပျဉ်ခွေထိုင်နေရင်း သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းအလယ်တွင် အနက်ရောင်သလင်းကျောက်တစ်ခုက ယခင်ကထက်ပင် ပိုမိုတိုးပွားနေလေ၏။ ဤသို့ဖြင့် အနည်းငယ် ကုန်ဆုံးသွားလေသည်။
ယခင်ရက်ပိုင်းအတွင်း ဝိညာဉ်ရေခဲရေက အားကစားမြို့တော်အတွင်း အုတ်အော်သောင်းနင်း ဖြစ်ခဲ့သည်။ ဤအရာက အရှေ့ဘက်ပိုင်းတွင်သာ ကန့်သတ်ခံထားရခြင်း မဟုတ်တော့ဘဲ အခြားသော ခရိုင်မှ ကျင့်ကြံသူများကပင် ကျော်ကြားမှုကြောင့် လာရောက်မြည်းစမ်းကြလေ့ ရှိသည်။ တန်းစီရခြင်းကို မကျေမနပ် ဖြစ်ကြသည့်သူများ ရှိသော်လည်း ဝိညာဉ်ရေခဲရေကို ဝယ်ယူထားသည့် ကျင့်ကြံသူအားလုံးက ထိုအရာကို စွဲလမ်းနေကြ၏။ သူတို့က ဆိုးကျိုးကိုပင် ထုတ်ပေးနိုင်သည့် စွမ်းရည်ရှိသည့်အတွက် ဝိညာဉ်ရေခဲရေက အာသီသမြို့တော်အတွင်း ပိုမို နာမည်ကြီးလာခဲ့သည်။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ တာအိုနာမည်ကလည်း အလျင်အမြန် ပျံ့နှံ့သွားခဲ့၏။ သူက အာသီသမြို့တော်အတွင်း နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အစားကြူးနတ်ဘုရားထဲမှ တစ်ယောက်ဖြစ်သည့် ကျိုးဟော်က သူ့အား ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖို့ သူ့အိမ်တော်ထိန်းအား စေလွှတ်၍ ဖိတ်ကြားခဲ့သည်။
ကျိုးဟော်က ဝမ်ပေါင်လဲ့အား နောက်သုံးရက်အတွင်း ဇူဇကာပွဲတော်နှင့် ညစာစားပွဲသို့ တက်ရောက်ဖို့ရာ ဖိတ်ကြားခဲ့ခြင်း ဖြစ်၏။