← Chapters

အံ့ဖွယ်မီးဖို

Vol. 96 Ch. 1336

အံ့ဖွယ်မီးဖို

Vol. 96 Ch. 1336

အဖြေက သိသာလှသည်။

ဒုတိယကမ္ဘာရှိ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)ပါးတို့က နတ်ဧကရာဇ်ဆီမှ ဆင်းသက်လာခြင်း ဖြစ်၏။

အိပ်စက်နေသည့် ဧကရာဇ်၏ စိတ်ခံစားချက်များက စိတ်ခံစားချက်(၇)ခုအဖြစ် ပြောင်းလဲသွားကာ လိုအင်ဆန္ဒများက လိုအင်ဆန္ဒ(၆)ပါးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က ဤကမ္ဘာတွင် ပြည့်နှက်သွားပြီး အရာအားလုံးကို ပြောင်းလဲကာ ပြင်ပစည်းမျဉ်းအားလုံးကို ငြင်းပယ်ခြင်း ဖြစ်သည်။

ရှေးဟောင်းခေတ်ကာလမြို့တော်တွင်လည်း သေချာသည့် အနေအထားအရ အသိအမှတ်ပြုခံထားရသည်ကလွဲ၍ ကျန်သော ပြင်ပစည်းမျဉ်းများကို အသုံးပြုမရနိုင်ပေ။

ထိုအရာ အသုံးပြုလိုက်သည်နှင့် ဧကရာဇ်စိတ်ဝိညာဉ် ပေါ်ထွက်လာလိမ့်မည်။

ဝမ်ပေါင်လဲ့က ထိုဧရာမအသားတောင်ကြီးကို စိုက်ကြည့်လိုက်သည်။ ထိုလူ၏ လက်တစ်ချက်အဝှေ့တွင် ရွှေရောင်လက်တံများက လေထဲတွင် ထွက်ပေါ်လာ၏။ ထို့နောက် အားပေးသံများကလည်း မိုးခြိမ်းလုမတတ် ပဲ့တင်ထွက်လာကာ အစာရနံ့ကလည်း သင်းပျံ့လာသည်။ သူက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သူအကြည့်ပြန်ရုတ်သိမ်းလိုက်သည့်အချိန် အစာစားလိုသည့် အာသီသတို့က ထွက်ပေါ်လာသည်။ ထိုအရာကို မြို့သခင်က ဝါးမျိုသွားပြီးသည့်နောက်တွင် ၄၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့၏။

ထို့နောက် ထိုပုဂ္ဂိုလ်က ပျောက်ကွယ်သွားခဲ့သည်။

ထိုသူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် အသားပုံ ၈ခု၏ အကြည့်များက ထူးထူးဆန်းဆန်းအလင်းဖြင့် တောက်ပလာသည်။ သူတို့က ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းကို အသက်သွင်းကာ ချက်ချင်း ဝါးမျိုလိုက်ကြသည်။ သူတို့က ဝါးမျိုနေစဉ် ဝမ်ပေါင်လဲ့က ဤနေရာရှိ အာသီသစည်းမျဉ်းကို ပထမဆုံးအကြိမ်အနေဖြင့် မကျင့်ကြံနိုင်တော့ပေ။

သူက ထိုအစားကြူးနတ်ဘုရား ၈ယောက်ဝန်းကျင်တွင် ဧရာမတွင်းနက်ကြီး ၈ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။ အသေးငယ်ဆုံးကပင် ပေတစ်ထောင် ကျယ်ဝန်း၏။ ကြောက်ဖို့အကောင်းဆုံးက ကျိုးဟော်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့်သူ၏ တွင်းနက်ကြီးက ပေခုနစ်ထောင်ကျော် ကျယ်ပြန့်လေသည်။

လူ ၈ယောက်က ပတ်ဝန်းကျင်ရှိ အစားစားလိုသည့် အာသီသကို ချက်ချင်းဝါးမျိုပစ်ခဲ့ကြသည်။ တစ်ချိန်တည်းဆိုသလို အစားကြူးနတ်ဘုရား ၈ယောက် ဝန်းကျင်တွင်ရှိနေသည့် တမန်တော်များကလည်း စတင်ဝါးမျိုကြ၏။

သူတို့၏ ဝဲကတော့က သိသိသာသာ သေးငယ်ပြီး ပေတစ်ရာနှင့် ၁၇၀ မျှသာ ရှိလေသည်။ ထိုစုပ်ယူမှုကြားတွင် ကွာဟချက်ကြီး ရှိနေလေ၏။ ထိုအရာကို မြင်သည့်အခါ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်း သလင်းကျောက်က တောက်ပလာပြီး ဧရာမစုပ်ယူအားတစ်ခုကို ထွက်ပေါ်လာစေသည်။ ထိုအရာက အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ပေလေးရာ ရှိသည့် ဝဲကတော့တစ်ခုအသွင် ပြောင်းလဲသွားကာ စတင်စုပ်ယူနေသည်။

ထိုအာသီသ အငွေ့အသက်များကို စုပ်ယူနေစဉ် ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာလေ၏။ သူက အာသီသစည်းမျဉ်းဥပဒေသသည် အံ့မခန်း အလျင်နှုန်းဖြင့် တိုးတက်လာနေကြောင်း ခံစားမိလိုက်သည်။

ထိုအရာက သူသည် သွေးကြေးခွံ ကလေးငယ်နောက်ကွယ်ရှိ အစားကြူးတမန်တော်ကို ဝါးမျိုစဉ်အချိန်ကလို မြန်ဆန်ကာ ပြင်းထန်ခြင်းမရှိဘဲ ဤသည်က ညင်သာသိမ်မွေ့လေသည်။ ထို့ကြောင့် အကျိုးကျေးဇူးက ပိုမိုကြီးမား၏။

ဤသည်က အာဟာရဖြည့်နေသည့် အချိန်တွင် ဖြစ်သည်။ စည်းမျဉ်းက ပိုမိုသန့်စင်သည့်အခါ စည်းမျဉ်းအထဲတွင် ရှိသည့် အားကောင်းသည့် ခံစားချက်က ပိုမိုထင်ဟပ်လာသည်။

ထိုအရာက ဝမ်ပေါင်လဲ့၏ အကြည့်ကို တောက်ပလာစေ၏။ သူက သူ့ကန့်သတ်ချက်ကို ကျော်လွန်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်အခိုက်အတန့်လေးတွင် ဝဲကတော့ကြီးက အသံမြည်လာပြီး ပေငါးရာကျော်မှ ခုနစ်ရာကျော်အထိ ရောက်ရှိလာသည်။

ထိုအရာက ဆက်လက် ကျယ်ပြန့်နေသော်လည်း ဝမ်ပေါင်လဲ့က သူသည် လွန်ကဲ၍ မဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက အကောင်းဆုံးကြိုးစားကာ ချုပ်ထိန်းထားလေ၏။

သူက သူ့ကိုယ်သူ ချုပ်ထိန်းထားသော်လည်း သူ့တည်ရှိမှုနှင့် အပြောင်းအလဲတို့က တခြားအစားကြူးတမန်တော်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က ဝမ်ပေါင်လဲ့၏ ပေခုနစ်ရာရှိသည့် ဝဲကတော့ကြီးကို သတိထားမိသည့်အခါ အစားကြူးတမန်တော်များက မျက်မှောင်ကြုတ်လိုက်ကြ၏။ အစားကြူးနတ်ဘုရားများပင် ဝမ်ပေါင်လဲ့ကို ထူးထူးဆန်းဆန်းကြည့်လာကြသည်။

တကယ်တော့ အစားကြူးတမန်တော်များကြားတွင် ပေခုနစ်ရာရောက်သည့်သူ နှစ်ဦးသာ ရှိ၏။ နှစ်ယောက်က ဝမ်ပေါင်လဲ့ဖြစ်ကာ တခြားတစ်ယောက်ကမူ ကတုံးပြောင်နှင့် ခပ်ထွားထွားအမျိုးသားတစ်ဦး ဖြစ်ပေသည်။

ခပ်ထွားထွားအမျိုးသားက ကတုံးပြောင်နေရုံသာမကဘဲ မျက်ခုံးမွှေးလည်း မရှိပေ။ သို့သော်လည်း သူ ရပ်နေသည့်အခါ ကျင့်ကြံသူအားလုံးက သူ့ကို တလေးတစား ပြုမူကြ၏။

ထိုသူက အာသီသမြို့အတွင်း နံပါတ်တစ် တမန်တော် ဖြစ်ပေသည်။

ထိုစဉ် သူက ဝမ်ပေါင်လဲ့၏ ထူးထူးဆန်းဆန်း အပြုအမူကို သတိထားမိ၏။ သူက ခေါင်းမော့ကာ အေးစက်စက် ကြည့်လာသည်။

“သူ့နာမည်က အံ့ဖွယ်မီးဖိုလေ။ သူ့ကို ၉ယောက်မြောက် အစားကြူးနတ်ဘုရားဖြစ်လာဖို့ အခွင့်အရေးအများဆုံးရှိတဲ့သူလို့ သိကြတာ။ သူက အခု ခင်ဗျားကို မျက်စိကြသွားပြီ” ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ကြည့်လိုက်စဉ် နောက်ထပ် ကျင့်ကြံသူတစ်ဦးက သူ့ကို အသံပို့ဆောင်ကာ ပြောနေသည်ကို ကြားလိုက်ရသည်။

ပြောလိုက်သည့်သူက ကျိုးဟော်၏ နောက်လိုက် တမန်တော်တစ်ယောက် ဖြစ်၏။ သူက ဝမ်ပေါင်လဲ့ လှည့်ကြည့်လာသည်ကို မြင်သည့်အခါ အသာပြုံးလိုက်သည်။

“သူက ခင်ဗျားကို ဝါးမျိုချင်နေတာ” ထိုလက်အောက်ငယ်သားက အသံဆက်လက်ပို့ဆောင်ကာ ပြောလိုက်သည်။

“အာသီသမြို့အတွင်းမှာ အစားကြူးနတ်ဘုရားတွေရဲ့ လက်အောက်ငယ်သားတွေကို တိုက်ခိုက်ဖို့ အကန့်အသတ်မရှိဘူး။ ဒါပေမဲ့ သေခြင်းရှင်ခြင်းကိုတော့ ဝင်ရောက်စွက်ဖက်လိမ့်မယ်။ ခြွင်းချက်ဖြစ်ရပ်မျိုး မဟုတ်သရွေ့ပေါ့။ အဲဒါကိုတော့ ပွဲအခမ်းအနားကျမှ သေချာရှင်းပြပေးမယ်”

ဝမ်ပေါင်လဲ့က ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောပေ။ သို့သော်လည်း သူက မျက်မှောင်ကြုတ်ကာ အံ့ဖွယ်မီးဖိုကို လှမ်းကြည့်လိုက်သည်။ သူက အလျင်အမြန် အကြည့်ရုတ်သိမ်းလိုက်စဉ် အံ့ဖွယ်မီးဖိုကလည်း အတူတူသာ လုပ်ဆောင်လိုက်၏။

လူအုပ်ကြီးက စွမ်းအားကို စုပ်ယူနေစဉ် စင်မြင့်ဝန်းကျင်ရှိ အာသီသအငွေ့အသက်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။ ထိုအရာ အပြီးတိုင်ပျောက်ကွယ်သွားသည့်အခါ လူထုက ကျဲသွားပြီး ရွှေရောင်လက်တံများကို လိုက်လံဖမ်းဆီးကြသည်။

ပွဲတော်က အဆုံးသတ်သွားခဲ့၏။ အစားကြူးနတ်ဘုရားများနှင့် အစားကြူးတမန်တော်များအတွက် ပြီးဆုံးသွားပြီဖြစ်သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ သူ့အနေဖြင့် ဘက်ရွေးရမည့်အချိန် ဖြစ်ပေသည်။

သူ ထွက်မသွားခင် ကျိုးဟော်က ဝမ်ပေါင်လဲ့ကို တစ်ချက်ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့က လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။ သူက ဘာမှမပြောဘဲ တခြားသော တမန်တော်များနှင့် ထွက်ခွာလာ၏။

ကျိုးဟော်၏ ပွဲအခမ်းအနားက စတင်တော့မည် ဖြစ်သည်။

အစားကြူးတမန်တော်များက သူတို့၏ လက်အောက်ငယ်သားများကို ပွဲအခမ်းအနားသို့ ခေါ်ဆောင်လာခွင့်ရှိ၏။ ဝမ်ပေါင်လဲ့က လှပကြော့ရှင်းစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးကြီးကြပ်ရေးမှူးကို ခေါ်ဆောင်လာသည်။ ထို့အပြင် သူမကလည်း လက်ဆောင်တစ်ခု ပြင်ဆင်ထားလေသည်။

ဇူဇကာပွဲတော်နေ့တွင် အပြင်ဘက်တွင် တိုက်ခိုက်နေသည့်သူများနှင့် ယှဉ်လိုက်ပါက ကျိုးဟော်၏ စံအိမ်အတွင်းရှိ ပွဲအခမ်းအနားကမူ တောက်ပကာ ရယ်သံများဖြင့် ပြည့်နှက်နေ၏။

ကျိုးဟော်၏ လက်အောက်ငယ်သားများက ဤနေရာတွင် စုဝေးနေကြသည်။ လက်အောက်ငယ်သားအမြောက်အများ တက်ရောက်ကြပြီး စားကောင်းသောက်ဖွယ်မျိုးစုံကို တစ်ခုပြီးတစ်ခု ခင်းကျင်းဧည့်ခံနေသည်။ သူတို့က ဤနေရာတွင် လာရောက်ဖို့ အရည်အချင်းပြည့်မှီသူများက စားကောင်းသောက်ဖွယ်များဖြင့် ထောက်ပံ့ပေးထားလေသည်။

အရာအားလုံးက အမျိုးသမီးကြီးကြပ်ရေးမှူးအတွက် မကြုံစဖူးအတွေ့အကြုံသာ ဖြစ်၏။ ဝမ်ပေါင်လဲ့က ထိုအရာအားလုံးကို ဂရုမစိုက်ပေ။ သူက ရောက်လာပြီးသည့်နောက်တွင် အမျိုးသမီးကြီးကြပ်ရေးမှူးအား သူ့ဘာသာသူ လွှတ်ထားလိုက်၏။ သူကမူ ပွဲအခမ်းအနားအတွင်းဝင်ကာ အံ့ဖွယ်မီးဖိုအကြောင်း ပြောခဲ့သည့် သူဆီ သွားလိုက်သည်။

သူ ရောက်ရှိလာသည့်အခါ ဘေးနားတွင်ရှိနေသည့်သူများက နောက်ဆုတ်သွားကြ၏။

“စောစောလေးက စင်မြင့်မှာ ပြောဖို့က အဆင်မပြေလို့လေ။ ကျုပ်ကိုတောင် မိတ်မဆက်ရသေးဘူး။ ကျုပ်က ကျုံးဟိုင်ကျစ်လို့ခေါ်တယ်” ထိုသူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

“တာအိုရောင်းရင်း ကျုံးဟိုင်ကျစ်။ စောစောကပြောတဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို အစပြုနိုင်တဲ့ အခြေအနေနှစ်ခုဆိုတာကို သိပါရစေ။ ဝမ်ပေါင်လဲ့က သူ့ဆီ ချဉ်းကပ်လာကာ ဘေးတွင်ရှိသည့် အစေခံဆီမှ သေရည်ကို ယူရင်း ပြောလိုက်သည်။

ကျုံးဟိုင်ကျစ်ကလည်း ဝမ်ပေါင်လဲ့နှင့် လိုက်လျောညီထွေ ဖြစ်လိုမှန်း သိသာလှသည်။ သူက ပြုံးကာ ပြောလိုက်၏။

“ပထမဆုံး တစ်ခုက ဒီလိုမျိုး အသစ်အဆင့်တက်လာတဲ့ တမန်တော်တာအိုရောင်းရင်း ပင်းလင်းကျစ်လိုမျိုးပေါ့။ ဒီနည်းနဲ့ဆိုရင် အစားကြူးနတ်ဘုရားတွေက ကြိုးကိုင်ဖို့ ကြိုးစားကြလိမ့်မယ်။

ဒုတိယအနေနဲ့ဆိုရင်တော့ အဆင့်တက်ဖို့ အရေးကြီးတဲ့ အခိုက်အတန့်လေးမှာပေါ့။ သူတို့က တခြားတမန်တော်ကို ဝါးမျိုတဲ့အခါမှာ ဝင်ရောက်စွက်ဖက်လို့ မရဘူး။

အံ့ဖွယ်မီးဖိုအတွက်ကတော့ သူက အထွတ်အထိပ် မရောက်ရှိသေးဘူးဆိုပေမဲ့ ကောလဟာလတွေအရတော့ သူ့စွမ်းအားက သူ ပြသထားတာထက် ကျော်လွန်နေတယ်လို့ ပြောတယ်။ အဲဒါကြောင့် တာအိုရောင်းရင်း ပင်းလင်းကျစ်အနေနဲ့ သတိထားဖို့လိုတယ်” ကျုံးဟိုင်ကျစ်က ဝမ်ပေါင်လဲ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

All Chapters