အမဲလိုက်ပွဲ စတင်ခြင်း
Vol. 96 Ch. 1338
ဝမ်ပေါင်လဲ့က အစားကြူးနတ်ဘုရား ဖြစ်လာဖို့ရာအတွက် စိတ်ဝင်စားခြင်း မရှိပေ။ သူ့အတွက် အရေးကြီးဆုံးက ဧကရာဇ်ကို နားလည်ဖို့အတွက် အာသီသစည်းမျဉ်းဥပဒေသကို အသုံးချဖို့ ဖြစ်သည်။
ဤကမ္ဘာ၏ စိတ်ခံစားချက် (၇)မျိုးနှင့် လိုအင်ဆန္ဒ (၆)ပါးတို့သည် ဧကရာဇ်ဆီမှ ဖြစ်တည်လာကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အတွေးတစ်ခု ရှိလာမိ၏။ အကယ်၍ သူသာ စိတ်ခံစားချက် (၇)မျိုးလုံးနှင့် လိုအင်ဆန္ဒ (၆)ပါးလုံးကို နားလည်သွားမည်ဆိုလျှင် ဘာဖြစ်လာနိုင်သနည်း။
“ဧကရာဇ်က နိုးထလာမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူ ဘယ်တော့မှ နိုးထမလာနိုင်တော့တာလား” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ရင်း အာသီသမြို့အတွင်း လမ်းမများအထက် လျှောက်လှမ်းလာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူက ကောင်းကင်ကို မမြင်ရဘဲ အဆုံးမဲ့ကောင်းကင်အထက်တွင် နောက်ထပ်ကမ္ဘာတစ်ခုရှိကာ တိတ်တဆိတ်ထိုင်နေသည့် ပုံရိပ်တစ်ခုပါ ရှိကြောင်း ခံစားမိသည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့က အကြည့်ရုတ်သိမ်းလျက် ဝိညာဉ်ရေခဲဆိုင်ထဲ ပြန်လည်ရောက်ရှိလာသည်။
အချိန်အတော်ကြာ ကုန်ဆုံးသွားလေ၏။ ဇူဇကာပွဲတော် အဆုံးသတ်တွင် ဝိညာဉ်ရေခဲဆိုင် ချဲ့ထွင်မှုက ယခင်နှင့် ကွဲပြား၏။ ဤသည်က ယခင်ကလို ရှေးရိုးမဆန်တော့ဘဲ ဆိုင်ကို ဗဟိုချက်အနေဖြင့် ထားကာ အဖက်ဖက်သို့ ချဲ့ထွင်ခဲ့သည်။
အမျိုးသမီးကြီးကြပ်ရေးမှူးနှင့် တခြားသူများ၏ လုပ်ကိုင်ပုံအောက်တွင် တခြားသောဆိုင်များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့၏။ တစ်လအတွင်း ဝိညာဉ်ရေခဲဆိုင်က အရှေ့ဘက်ခရိုင်အတွင်း တစ်ဆိုင်တည်းသာ ကျန်ရှိတော့သည်။
တခြားသောဆိုင်များက ဝိညာဉ်ရေခဲဆိုင်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး အာသီသမြို့အတွင်း ဧရာမဆိုင်ကြီးတစ်ခုဖြစ်တည်လာစေသည်။
ဆိုင်များကို ချဲ့ထွင်လိုက်ပြီး ဝိညာဉ်ရေခဲရေက နာမည်ကျော်ကြားလာသည့်အတွက် အာသီသမြို့အတွင်း စားသုံးလိုစိတ် အာသီသများက သိသိသာသာ မြင့်တက်လာသည်။ ရလဒ်အနေဖြင့် ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေသအပေါ် နားလည်နိုင်စွမ်းက တစ်ရက်ထက်တစ်ရက် ပိုမိုနက်ရှိုင်းလာသည်။
ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းအပေါ် ကျွမ်းကျင်မှုသည် မည်သည့်အနေအထားသို့ ရောက်ရှိနေမှန်း မည်သူမှ မသိကြပေ။ သူ ရှိနေသည့် လမ်းမအပေါ် ရောက်ရှိလာသည့်သူတိုင်းက အစားအစာအတွက် ထိန်းချုပ်မရနိုင်သည့် အာသီသမျိုးကို ခံစားမိကြသည်။
ဤနေရာရှိ မူမမှန်မှုက အာသီသမြို့အတွင်း အစားကြူးနတ်ဘုရား၈ယောက်၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ သို့သော်လည်း အမဲလိုက်ပွဲတော်က စတင်တော့မည်ဖြစ်သည့်အတွက် သူတို့က တားဆီးခြင်းမရှိသလို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
အကြောင်းအရင်းကမူ တစ်လအတွင်း ဝမ်ပေါင်လဲ့ကသာ ဆင့်ကဲပြောင်းလဲသွားခြင်းမျိုး မဟုတ်ပေ။ အာသီသမြို့တော်အတွင်း သိသိသာသာပြောင်းလဲသည့် ခရိုင် ၁၃ခု ရှိ၏။
ထိုနေရာများတွင် အစားကြူးတမန်တော်ကိုယ်စီ ရှိကြသည်။
အမဲလိုက်ပွဲက တမန်တော်များ၏ သေခြင်းရှင်ခြင်းကိစ္စဖြစ်သည့်အတွက် အင်မတန်အရေးကြီးလှသည်။ ထို့ကြောင့် အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖုံးကွယ်ဖို့ ရွေးချယ်ထားသူများကလွဲ၍ ကျန်သူအားလုံးက တစ်လတာအတွင်း အာသီသအငွေ့အသက်ကို စုပ်ယူဖို့ နည်းလမ်းများကို ရှာဖွေခဲ့ကြ၏။
သူတို့ကြားတွင် ဝမ်ပေါင်လဲ့၏ ချဲ့ထွင်မှုက တုန်လှုပ်ဖွယ်ဖြစ်သော်လည်း သူက အလွန်ကဲဆုံး မဟုတ်သေးပေ။ သူ့ထက် လွန်ကဲသည့်သူ ၃ဦးရှိပြီး တစ်ယောက်က အံ့ဖွယ်မီးဖို ဖြစ်၏။
အံ့ဖွယ်မီးဖိုက သူ့ကိုယ်ပိုင်ဆိုင် မရှိသော်လည်း အာသီသမြို့၏ အားအကောင်းဆုံး အစားကြူးနတ်ဘုရားက ယခင်လအတွင်း သူ့လက်အောက်တွင်ရှိသည့် နေရာများမှ အာသီသအငွေ့အသက်များကို ထိုသူ့ဆီ ပေးအပ်ခဲ့သည်။
တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် အစားကြူးနတ်ဘုရားက တစ်လတာ ကျင့်ကြံရေးကို အံ့ဖွယ်မီးဖိုဆီ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။ အစားကြူးနတ်ဘုရား၏ ကျင့်ကြံရေးက အာသီသပမာဏ အမြောက်အများလိုအပ်လေ၏။ ထိုအရာက တမန်တော်ဆီ ကျရောက်လာသည့်အခါ နှုန်းထားက အံ့မခန်းဖြစ်လာလေသည်။
အံ့ဖွယ်မီးဖိုအပြင် နောက်ထပ် နှစ်ယောက်ကလည်း ရှိနေသေးသည်။ နှစ်ယောက်ကမူ တစ်ချိန်လုံး သိုသိုသိပ်သိပ် ကျင့်ကြံနေလျက်ရှိသည့် အမည်မသိသူ ဖြစ်၏။ သို့သော် ထိုသူ ထွက်လာသည်နှင့် အာသီသမြို့အတွင်း ဝဲကတော့ကြီးကို ထွက်ပေါ်လာစေသည်။
ထိုမြင်ကွင်းက အာသီသမြို့တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
ထိုအရာက အစားကြူးနတ်ဘုရားများပင် ထိုသို့လုပ်ဖို့ရာ ခက်ခဲလှသည်။ မြို့သခင်ကသာ ထိုသို့လုပ်ပိုင်ခွင့် ရှိ၏။ ထို့ကြောင့် ထိုကိစ္စက လေ့လာစောင့်ကြည့်သူ အမြောက်အများကို အတွေးများလာစေသည်။ ထို့နောက် ဤတမန်တော်ကြောင့်သာ မြို့သခင်က အမဲလိုက်ပွဲကို ပြန်လည်စတင်ရသည့် အကြောင်းအရင်းဟု ကောလဟာလများပင် ထွက်လာလေသည်။
ထိုတမန်တော်၏ နာမည်က အာသီသမြို့အတွင်း အလျင်အမြန် ပျံ့နှံ့သွားလေ၏။
ထိုသူ၏ နာမည်က ဖုန်းတိ ဖြစ်ပေသည်။
နောက်ဆုံးတစ်ယောက်အတွက်မူ သူ၏ ကျယ်ပြန့်လာမှုက သိပ်တော့ အံ့အားသင့်စရာ မရှိပေ။ အကြောင်းအရင်းကမူ သူသည် အစားကြူးနတ်ဘုရား ထို့လင်းကျစ်၏ ပထမသား ဖြစ်၏။ ထိုသူ့နာမည်ကား ချန်လင်းကျစ် ဖြစ်ပေသည်။
ထိုသုံးယောက်က ဝမ်ပေါင်လဲ့နှင့်အတူ အားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ နောက်ထပ် အစားကြူးနတ်ဘုရား ဖြစ်လာမည့်သူကိုပင် ခန့်မှန်းနေကြ၏။
ဤသို့ဖြင့် ဇူဇကာပွဲတော်ရက် ကျရောက်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ယခင်နှင့် ကွဲပြားနေ၏။ အစားကြူးတမန်တော်များက ပေါ်ထွက်လာခြင်း မရှိပေ။ အစားကြူးနတ်ဘုရား ၈ယောက်နှင့် မြို့ထဲရှိ ကျင့်ကြံသူများက စင်မြင့်အနီးတွင် စုဝေးနေကြ၏။ မြို့သခင်ရောက်ရှိလာသည့်အခါ သူက ပုံမှန်အတိုင်း အော်ဟစ်သံများဖြင့် ဝန်းရံခံရသည်။ ထို့နောက် စင်မြင့်ပေါ်ရှိ ပုံရိပ်ကြီးက ကောင်းကင်အထက် လက်ဝှေ့လိုက်၏။
လေထဲတွင် ဆူဆူညံညံအသံများ ထွက်လာကာ တစ်ကမ္ဘာလုံးက လှုပ်ခါသွားလေသည်။ ထို့နောက် မြို့အထက် လေထုထဲ ဧရာမဝဲကတော့ကြီးတစ်ခုအသွင် ပျံ့နှံ့လာသည်။ တဖြည်းဖြည်းချင်း ကြီးမားကာ ကျယ်ပြန့်လာသည်။
အသက်ရှိုက်စာအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် အာသီသမြို့တော်အတွင်းရှိ ကျင့်ကြံသူအားလုံးက ထိုဧရာမအနက်ရောင်ဝဲကတော့ကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဆူဆူညံညံအသံများကြားတွင် လျှပ်စီးများကပင် ကခုန်နေ၏။ ဖြည်းဖြည်းချင်းဖြင့် ဝဲကတေ့အတွင်း ဝေဝေဝါးဝါးကမ္ဘာတစ်ခု ပေါ်ထွက်လာသည်။
ထိုကမ္ဘာက အားလုံးဖြင့် မရင်းနှီးပေ။ အထဲတွင်ရှိနေသည့် ကမ္ဘာက မဲမှောင်နေပြီး သွေးနံ့များဖြင့် စွန်းထင်းနေသည်။
ထိုအရာက သင်္ချိုင်းမြေ ဖြစ်၏။ ထိုနေရာက ဝေဝါးနေသည့်အတွက် အပြိုအပျက်များကိုပင် မမြင်ရပေ။ ဝဲကတော့အတွင်းရှိနေသည့် ကမ္ဘာကြီးက သုသာန်တစပြင်အလား ဖြစ်၏။
မှုန်မှိုင်းမှိုင်းအေးစက်မှုနှင့် မရဏအငွေ့အသက်တို့ကလည်း လွှမ်းခြုံနေသည်။ အာသီသမြို့ထဲရှိ လူများက ဖိအားကို ခံစားမိရင်း ကြက်သီးထသွားကြ၏။
သူတို့၏ အော်သံများကလည်း တိတ်ကျသွားသည်။
အကယ်၍ သူတို့သာဆိုပါက ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ သို့သော်လည်း အနက်ရောင်ဝဲကတော့ စတင်လည်ပတ်လာပြီး ပိုမိုကြီးမားလာသည့်အခါ အထဲရှိ ကမ္ဘာမှ အသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် အသံကြီးက ဝိညာဉ်များကိုပင် လှုပ်ခတ်စေနိုင်သည့် အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။ ထိုအရာက မုန်တိုင်းသဖွယ် အာသီသမြို့အတွင်း ပျံ့နှံ့လာလေ၏။ ထို့ကြောင့် အာသီသမြို့တွင်း ရှိနေသည့်သူများက တုန်ယင်သွားကြသည်။ ပုပ်သိုးနေသည့် ဧရာမလက်ကြီးတစ်ဖက်က ဝဲကတော့ထဲမှ ထွက်လာသည်။
ထို့နောက် ထိုအလောင်းကောင်ကြီးဆီမှ တွားသွားထွက်လာသည့် အနက်ရောင်ပိုးမွှားများစွာကိုပင် မြင်လိုက်ရ၏။ သူတို့က ခက်ထန်ပြီး အလောင်းကြီး၏ လက်၏ အရှိန်အဝါကလည်း အတော်လေး ကြောက်ဖို့ကောင်းနေသည်။ ထိုအလောင်းကောင်လက်က ကျရောက်တော့မည့်ဆဲဆဲတွင် မြို့သခင်က အေးစက်စက်အသံတစ်သံ ပြုလိုက်၏။
ထိုအေးစက်စက်အသံတစ်သံက အလောင်းကောင်၏ လက်ကို ရပ်တန့်သွားစေသည်။ အနက်ရောင်ပိုးမွှားများကလည်း စူးစူးရှရှအော်ဟစ်လိုက်ကြ၏။ ထို့နောက် အလောင်းကောင်လက်ကို စတင်ဝါးမျိုကြသည်။ သူတို့၏ အာသီသကို အပြည့်အဝ လှုံ့ဆော်ပေးလိုက်သည့်အလား သူတို့က အလောင်းကောင်လက်ကို ဝါးမျိုပြီးသည့်နောက်တွင်ပင် သူတို့အချင်းချင်း စတင် ကိုက်ဖြတ်ဝါးမျိုနေကြသည်။
ဤသို့ဖြင့် ကြောက်မက်ဖို့ကောင်းသည့် အလောင်းကောင်လက်ကြီးက ပျောက်ကွယ်သွားလေသည်။ အဆုံးသတ်တွင် ထိုအရာ တစ်ကောင်နှင့်တစ်ကောင် ဝါးမျိုနေသည့် အနက်ရောင်ပိုးမွှားများသာ ကျန်ရှိတော့၏။ မြို့သခင်က ဝဲကတော့ထဲမှ အရာအားလုံးကို စုပ်ယူလိုက်သည်။
ထို့နောက် ဝါးစားသံများ ထွက်ပေါ်လာကာ အာသီသမြို့ထဲရှိ လူများက ဆံပင်များပင် ထောင်မတ်သွားလေ၏။
တစ်ချိန်တည်းဆိုသလို သူတို့၏ စားလိုစိတ်ကလည်း မြင့်တက်လာရသည်။
“ပွဲတော် စတော့မယ်။ မင်းတို့တွေ အားလုံး မဝင်သေးဘူးလား” စင်မြင့်အပေါ်ထပ်ရှိ ဧရာမအသားတောင်ကြီးက ပါးစပ်ထဲမှ ဝါးစားရင်းဖြင့် ပြောလိုက်သည်။
သူ့အသံက မြို့တစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွားလေ၏။