စူပါလှည့်စားခြင်း
Vol. 98 Ch. 1354
အပြုံးတစ်ခုက ထန်ရှု၏နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာ၏ “ဒါက ဒီနေရာကို လာတဲ့ ကျုပ်ရဲ့အစီအစဉ်ပဲလေ။ စီနီယာက ပြောင်မြောက်နိုင်ပေမယ့် စီနီယာရဲ့အမွေအနှစ်က ကျုပ်ကို ကူညီနိုင်လိမ့်မှာ မဟုတ်ဘူး၊ အဲအစား ကျုပ်ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းကြောင်းကိုပါ ထိခိုက်စေလိမ့်မယ်။ ကျုပ် ကတိပေးပါတယ်”
အရက်မူးအင်မော်တယ်အန္တိမအရှင်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းအစီရင်က သူ့စိတ်ထဲ၌ ထွင်းထုထားသလို အသိစီးကြောင်းတစ်ခုက ထန်ရှု၏အသိပင်လယ်ထဲသို့ ပေါင်းစပ်သွား၏။
“ကျေးဇူးတင်ပါတယ်၊ စီနီယာ”ထန်ရှုက လက်သီးဆုပ်လိုက်သည်။
အရက်မူးအင်မော်တယ်အန္တိမအရှင်က ခေါင်းခါယမ်းလျက် ပြုံးလိုက်၏ “ဒါက မင်းရဲ့အင်မော်တယ်ကံကြမ္မာပဲလေ။ ငါ မင်းကို စောင့်မျှော်နေမယ်၊ ငါ့ရဲ့အမွေဆက်ခံသူကို မင်းက ကြင်နာဖို့ ငါ မျှော်လင့်တယ်။ ငါတို့ရဲ့စခန်းက နှုတ်ခမ်းဝကို ရောက်နေတယ်၊ အဖွဲ့ဝင်သစ်တစ်ယောက်ပူးပေါင်းလာမှပဲ ငါတို့က …”
ထန်ရှုက စိတ်ရှုပ်သွားသော်လည်း အရက်မူးအင်မော်တယ်အန္တိမအရှင်၏မျက်လုံးများထဲရှိ သက်တန့်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူ့တွင် မေးခွန်းအချို့ ရှိသော်လည်း နတ်ဘုရားစွမ်းအားက ပျောက်ကွယ်သွားသောကြောင့် ပြန်မျိုချလိုက်ရ၏။
အရက်မူးအင်မော်တယ်ထွက်သွားပြီးဆိုတာ သိပါတယ်၊ ဒါပေမယ့် အဆုံးသတ်မှာ သူက ဘာကို ဆိုလိုခဲ့တာလဲ။
“ငါတို့ရဲ့စခန်းက အားနည်းတဲ့အခြေအနေတစ်ခုမှာ ရှိတာလား”
“နတ်ဘုရားကမ္ဘာမှာလဲ တိုက်ပွဲတွေရှိတယ်လို့ ဆိုလိုတာလား။ အင်မော်တယ်ကမ္ဘာကနေ နတ်ဘုရားကမ္ဘာကို တက်လှမ်းသွားတဲ့ နတ်ဘုရားတွေအားလုံးက စခန်းတစ်ခုထဲ ရောက်သွားတာလား”
အတိတ်တွင် သူ၏အဆင့်အတန်းကြောင့် ထန်ရှုက အရာများစွာကို သိသည်ဟု ပြောနိုင်သည်။ အရက်မူးအင်မော်တယ်အန္တိမအရှင်ပြောခဲ့သောစကားမှတဆင့် နတ်ဘုရားကမ္ဘာက ဖရိုဖရဲဖြစ်ကာ တည်ငြိမ်မှုမရှိဟု သူက ကောက်ချက်ချခဲ့သည်။ တိုက်ပွဲများက အင်မော်တယ်ကမ္ဘာမှာထက် ပိုကြမ်းတမ်းရန် ဖြစ်နိုင်ပေသည်။
နတ်ဘုရားတစ်ယောက်ဖြစ်လာခြင်းက အတိတ်တွင် သူနှင့် အလွန်နီးကပ်ခဲ့သည့်အောင်မြင်မှုတစ်ခုဖြစ်သော်လည်း လက်ရှိသူ့အတွက် အလွန်ဝေးကွာသောပန်းတိုင်တစ်ခုဖြစ်သည်။ ထို့ကြောင့် သူက ၎င်းကို တခဏချန်ထားရန် ဆုံးဖြတ်လိုက်၏။
ဝှီ…
အရက်မူးအင်မော်တယ်အန္တိမအရှင်၏အသိစိတ်အမျှင်တန်းက ထန်ရှုကို စိုက်ကြည့်ကာ ပြုံးလိုက်၏ “မိတ်ဆွေလေးက ငါ့ရဲ့ပင်မခန္ဓာကိုယ်ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တာပဲ၊ ဒါကြောင့် ဒီအရက်မူးအင်မော်တယ်စစ်တုရင်ခုံက မင်းအတွက် အသုံးမဝင်တော့ဘူး။ အရက်မူးအင်မော်တယ်စစ်တုရင်ခုံထဲမှာသိမ်းထားတဲ့ရတနာသုံးခုရှိတယ်၊ အဆင့်ကိုးတိုက်ခိုက်ရေးအသုံးအဆောင်ပစ္စည်းစိတ်ဝိညာဉ်သတ်ဖြတ်သူဓားမော့၊ အဆင့်ကိုးခံစစ်အသုံးအဆောင်ပစ္စည်းအင်မော်တယ်စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ ရှေးဉီးမူလဖရိုဖရဲတာအိုဆေးလုံးတို့ပဲ။ သူတို့အားလုံးကို ယူလို့ရသလို တစ်ခုပဲ ရွေးချယ်လို့လဲ ရတယ်”
“သူတို့အားလုံးကို ယူမယ်”ထန်ရှုက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။
အရက်မူးအင်မော်တယ်အန္တိမအရှင်၏အသိစိတ်အမျှင်တန်းက အနည်းငယ် ပြုံးလိုက်၏ “မင်းက သူတို့အားလုံးကို ယူဖို့ ရွေးချယ်လိုက်ပြီးဆိုတော့ ငါ့ရဲ့တာဝန်က ပြီးဆုံးသွားပြီ။ နှုတ်ဆက်ပါတယ်၊ ကောင်လေး။ နတ်ဘုရားကမ္ဘာမှာ ထပ်တွေ့ကြတာပေါ့”
ကြယ်အလင်းက အရက်မူးအင်မော်တယ်အန္တိမအရှင်၏အသိစိတ်အမျှင်တန်းမှ ပြန့်ကျဲသွား၏။ ထန်ရှုက ပစ္စည်းသုံးခုကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းလိုက်ပြီးနောက် သူ့ရှေ့ရှိ ကမ္ဘာက ပြောင်းလဲသွားပြီး ယခင်ရှိခဲ့သောတောအုပ်ထဲသို့ ပြန်ရောက်လာ၏။
“ကောင်းကောင်းရိတ်သိမ်းနိုင်ခဲ့တာပဲ…”
ထန်ရှုက ဝမ်းသာအားရဖြစ်လျက် ပြုံးလိုက်သည်။ သူ့အသိစိတ်ပင်လယ်ထဲရှိ မှတ်ဉာဏ်မှတစ်ဆင့် လျှို့ဝှက်နန်းတော်တစ်ခုလုံး၏အစီအရင်ဖွဲ့စည်းပုံကို သူက သိထားပြီဖြစ်၏၊ ပြီးပြည့်စုံသောမြေပုံတစ်ခုက သူ့စိတ်ထဲ၌ ထွင်းထုထားသလိုပင်။ ဘယ်နေရာတွင် အကန့်အသတ်များရှိသည်၊ ဘယ်တစ်ခုက ပိုအန္တရာယ်များသည်၊ ဘယ်တစ်ခုက ပိုဘေးကင်းပြီး ဘယ်နေရာများက တိုက်ခိုက်ရန်အတွက်၊ ပုန်းရန်အတွက် သင့်တော်သည်ကို သူက ရှင်းလင်းစွာ သိလေ၏…
“တောက်၊ ဒါက တကယ်ကို စူပါလှည့်စားခြင်းပဲ…”
ထန်ရှု၏အပြုံးက တလက်လက်ဖြစ်နေလေတော့သည်။ သူ့မှတ်ဉာဏ်မှတစ်ဆင့် အဖိုးတန်သတ္တုများရှိသောနေရာ၏ဘယ်ဘက်ခြမ်းပေါ်ရှိ အစက်တစ်ခုရှိသည်၊ ထို့ကြောင့် သူက ထိုနေရာသို့ ချက်ချင်း ဉီးတည်ပြီး စေဘယ်မိစ္ဆာကင်းမြီးကောက်အား ထိုနေရာသို့ အမြန်လာရန် စာပို့လိုက်၏။
လမ်းကြောင်းကို သိပြီး ဖုံးကွယ်ထားသောအန္တရာယ်များကို ရှောင်တိမ်းနိုင်သောကြောင့် သူက အခြားအင်မော်တယ်စွမ်းအားရှင်များကိုသာ စောင့်ကြပ်ကာကွယ်ရန် လိုအပ်သည်။ သူ့အရှိန်က အဆများစွာ မြန်သွားပြီး လမ်းတစ်လျှောက်ရှိ အဖိုးတန်အရင်းအမြစ်များကို ယူငင်လျက် သွားနေတော့သည်။ ထို့နောက် သူက ရေကန်တစ်ခုအနီးနား၌ ထွက်ပေါ်လာ၏။
“ရေကန်ရဲ့အောက်ခြေမှာ ခရမ်းရောင်သန္တာမဟူရာရှိတယ်၊ စုစုပေါင်းအပိုင်းအစတစ်ရာ့ရှစ်ခုနဲ့ အင်မော်တယ်ပုလဲအကာအကွယ်အစီအရင်ကို ဖွဲ့စည်းထားတာပဲ။ ခရမ်းရောင်သန္တာမဟူရာက သန့်စင်ဖို့အတွက် အလွန်တန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုပဲ။ အင်မော်တယ်ပုလဲအကာအကွယ်အစီအရင်က ကာကွယ်ထားတဲ့ ပိုတန်ဖိုးကြီးတဲ့ရတနာတစ်ခုရှိမယ်ဆိုတာ သေချာတယ်။ ခရမ်းရောင်သန္တရာမဟူရာကို မြင်နိုင်ပေမယ့် အစီအရင်ထဲမှာ ဘာရှိသလဲဆိုတာတော့ မဖော်နိုင်ဘူး။ အောက်ကို သွားပြီး တစ်ချက်ကြည့်မယ်ဆိုရင်လဲ အန္တရာယ်များတယ်။ ရွှေမျက်လုံးရေသက်သေသားရဲတစ်ကောင်ကတင် အရမ်းအားကောင်းပြီး ဒီနန်းတော်ရဲ့ထိပ်တန်းအဆင့်သားရဲဆယ်ကောင်ထဲကို အဆင့်ဝင်နိုင်တယ်။ ငါ့ရဲ့ကျင့်ကြံခြင်းက တစ်ဆင့်ပိုမမြင့်မားရင် အောက်ကို ဆင်းတာနဲ့ သေသွားရလိမ့်မယ်”
ထန်ရှုက သက်ပြင်းချလိုက်သည်။ သူက ဆန္ဒမရှိသော်လည်း ရေကန်အား လိုချင်မှုအပြည့်ဖြင့် ကြည့်ရုံသာ တတ်နိုင်သည်။ အဲဒီခရမ်းရောင်သန္တာမဟူရာတစ်ရာ့ရှစ်ခုရဲ့စုစုပေါင်းတန်ဖိုးနဲ့တင် အဆင့်ကိုးအသုံးအဆောင်ပစ္စည်းကိုးခုကို ဝယ်နိုင်တယ်။ မကြိုးစားဘဲ လက်လျှော့လိုက်မယ်ဆိုရင် သေချာပေါက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲ။
ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွား၏။
နောက်အခိုက်အတန့်တွင် ပုံရိပ်လေးခုက ထွက်ပေါ်လာသည်၊ အနက်ရောင်ဝတ်ရုံများနှင့် အမျိုးသားသုံးယောက်၊ အမျိုးသမီးတစ်ယောက်၊ သူတို့အားလုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြသည်။
အရှိန်အဝါကို ထိန်းချုပ်ရင်း ထန်ရှုက ထိုလေးယောက်၏အသွင်အပြင်ကို လေ့လာလိုက်သည်။ ထို့နောက် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏၊ သူတို့ထဲမှ တစ်ယောက်က တာအိုသခင်ချင်ဖုန်းကို တိုက်ခိုက်ခဲ့သည့် အသင်္ချေဓားဂိုဏ်း၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့်ပင်။
“စီနီယာအကိုမြောက်ပိုင်းသန့်စင်၊ ငါတို့က လူဆယ်ယောက်ကျော်ကို သတ်ခဲ့ပြီးပြီ၊ ဒါပေမယ့် တစ်ယောက်ကမှ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ကောင်းကင်ဘုံပင်လယ်ပိုင်နက်က မဟုတ်ကြဘူး။ ပြီးတော့ လျှို့ဝှက်နန်းတော်ထဲက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကလဲ သုံးနှစ်ပဲ ဖွင့်မှာ၊ တစ်ယောက်မှ မရဘူးဆိုရင် ဒီနေရာက ပိတ်သွားလိမ့်မယ်။ ဒီနေရာထပ်ဖွင့်ဖို့အတွက် နှစ်ပေါင်းထောင်ချီ ကြာလိမ့်မယ်။ ငါတို့မှာ အချိန်အများကြီးမရှိတော့ဘူး”
“ဒါကို ငါ သိတယ်၊ ဂျူနီယာညီလေးမြောက်ပိုင်းအိုမန်။ ဒါပေမယ့် ဒီလျှို့ဝှက်နန်းတော်ရဲ့အကျယ်က အကြီးစားအင်မော်တယ်ပိုင်နက်တစ်ခုနဲ့ ယှဉ်နိုင်လုနီးပါးရှိတယ်။ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ကောင်းကင်ဘုံပင်လယ်ပိုင်နက်ရဲ့လူတွေကို ရှာဖွေတာက ကောက်ရိုးပုံထဲ အပ်ရှာတာနဲ့ မကွာဘူး။ ဒါကြောင့် ငါတို့က ကံကိုပဲ အားကိုးရမယ်။ ငါတို့က ကံကောင်းပြီး သူတို့နဲ့ တွေ့မယ်ဆိုရင် သူတို့ကို သတ်ပစ်လိုက်ကြတာပေါ့။ ဒါပေမယ့် သူတို့ကို မတွေ့ရင်လဲ အင်မော်တယ်ရတနာတွေ လုယက်ပြီး အမွေအနှစ်နေရာကို အမြန်ဆုံး ရှာဖွေကြတာပေါ့”
“သူတို့နဲ့ တွေ့ရင် သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အဲဒီခွေးမသားတွေကို သေချာပေါက် သတ်ပစ်မယ်၊ မြင့်မြတ်ငှက်ဂိုဏ်းရဲ့အကောင်စုတ်တွေကို သတ်ပစ်ခဲ့သလိုပေါ့”
“ဟုတ်တယ်၊ သူတို့နဲ့ တွေ့တာက ငါတို့အတွက် ကောင်းချီတစ်ခုဖြစ်လာလိမ့်မယ်။ သူတို့ကို သတ်ပြီး သူတို့ရဲ့ရတနာတွေကို လုယက်တာက ငါတို့အတွက် နှစ်ဆရိတ်သိမ်းမှုတစ်ခုပဲ”
“…”
ထန်ရှုက ဒီအတိုင်း စောင့်ကြည့်နေခဲ့ပြီး သူတို့လေးယောက်က အဝေးရှိ တောအုပ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဤအကောင်များက မြင့်မြတ်ငှက်ဂိုဏ်း၏အဖွဲ့ဝင်များစွာကို သတ်ခဲ့သောကြောင့် ပြင်းထန်သေသတ်ဖြတ်ခြင်းဆန္ဒက သူ့စိတ်ထဲ၌ ပွက်ပွက်ဆူလာသည်။ ယခု သူက သူတို့နှင့် တွေ့ဆုံခဲ့သဖြင့် သူတို့အား ကြီးကြီးမားမားပေးဆပ်ခိုင်းရန် ကျိန်ဆိုလိုက်သည်။
ထိူ့နောက် ထန်ရှုက လျင်မြန်စွာ လိုက်သွားပြီး ထိုလေးယောက်ကို သတ်ရန် နည်းလမ်းကောင်းတစ်ခုကို အဆက်မပြတ်စဉ်းစားနေလေ၏။
ရုတ်တရက် သူက ရပ်လိုက်သည်။ အတွေးတစ်ခုက သူ့စိတ်ထဲ၌ ထွက်ပေါ်လာသောကြောင့် သူ့မျက်လုံးများက လင်းလက်သွား၏။ နောက်အခိုက်အတန့်တွင် ထိုလေးယောက်မှ အာရုံခံနိုင်စေရန် သူက စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်၏။
“မဆင်မခြင်လုပ်နေတာလား၊ ဟမ်”
ထိုလေးယောက်က ပြန်လှည့်ပြီး ထန်ရှုဆီသို့ လျင်မြန်စွာ ပြေးလာ၏။
ထန်ရှုက အစီအစဉ်တစ်ခု ဆွဲထားပြီဖြစ်သည်၊ ထို့ကြောင့် သူက လျင်မြန်စွာ နောက်သို့ ပြန်ဆုတ်သွား၏။ ရေကန်ဘေးနားသို့ ထွက်ပေါ်လာသောအခါ သိုလှောင်လက်စွပ်မှ အင်မော်တယ်ဓားတစ်လက်ကို ထုတ်ပြီး အသင်္ချေဓားဂိုဏ်း၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကို စိုက်ကြည့်လိုက်၏။
“အဲဒီအလယ်ဆင့်အမျိုးသမီးအလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကလွဲပြီး ကျန်တဲ့သုံးယောက်က စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေပဲ။ သူတို့လေးယောက်ရဲ့ခွန်အားက ရွှေမျက်လုံးရေသက်သေသားရဲနဲ့ ညီမျှလောက်တယ်။ သူတို့ကို ရေကန်ထဲကို ဆွဲခေါ်ပြီး သားရဲကို နိုးအောင် လုပ်လိုက်ရုံပဲ”
ဤအထိ တွေးပြီးနောက် ထန်ရှုက ထိုလေးယောက်ဘက်သို့ ချက်ချင်း အာရုံပြောင်းကာ ပြောလိုက်၏ “မင်းတို့က ဘယ်နေရာက လာတာလဲ၊ ဘာလို့ မင်းတို့က ငါ့ကို လိုက်ဖမ်းနေရတာလဲ”
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်က နှာခေါင်းရှုံ့လျက် ပြော၏ “ငါတို့ကို ချောင်းမြောင်းဖို့အတွက် မင်းက စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ရဲတာပဲ၊ ဒါက မင်းက ငါတို့အပေါ် မကောင်းတဲ့စိတ်ရှိတယ်လို့ ဆိုလိုတယ်။ မင်းရဲ့နာမည်ကို ပြောပါ။ မင်းရဲ့အဖြေက ငါ့ကို ကျေနပ်စေရင် ပြန်လည်မွေးဖွားနိုင်စေဖို့အတွက် မင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ချန်ထားပေးမယ်”
ထန်ရှုက မျက်မှောင်ကြုတ်လျက် ဒေါသတကြီး အော်လိုက်၏ “မင်းတို့လို ဘာမှမဟုတ်တဲ့ဓားပြကောင်တွေက ငါ့ကို သတ်ချင်တာလား၊ ဟမ့်။ ငါ မင်းတို့ကို ပြောလိုက်မယ်၊ ငါက နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်ပဲ။ မင်းတို့က ဝိုင်းတိုက်ခိုက်ရင် ငါကလဲ အရာအားလုံးစွန့်စားပြီး မင်းတို့ကို ဖျက်ဆီးဖို့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့စွမ်းအားရှင်တွေအားလုံးကို ဆွဲဆောင်ရလိမ့်မယ်”
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်၏မျက်လုံးများက အထင်သေးမှုတို့နှင့်အတူ လင်းလက်သွားသည်။ သူက ထိုသုံးယောက်ကို တစ်ချက်ကြည့်ကာ ချက်ချင်းနှာခေါင်းရှုံ့၏ “ဟမ့်၊ နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်က ငါတို့လို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကို ကျိန်ဆဲရဲတာလား။ မင်းက တကယ်ကို သေဖို့ စိတ်မရှည်ဖြစ်နေတာပဲ။ ကြည့်ရတာတော့ ဒီနေ့က မင်းရဲ့သေနေ့ပဲ ဖြစ်မယ်”
ထိုသို့ပြောပြီးနောက် သူက အင်မော်တယ်ဓားကို ချက်ချင်းထုတ်ကာ ထန်ရှုထံ တိုက်ခိုက်လိုက်သည်။
ထန်ရှုက ကြောက်လန့်သောအမူအရာနှင့်အတူ ရေကန်ထဲသို့ ခုန်ဆင်းသွား၏။ သူက လျင်မြန်စွာ နစ်မြုပ်သွားပြီး ထိုလေးယောက်က သူ့နောက်သို့ ဆက်လက်လိုက်ပါလာသည်။
“ငါ့နောက်ကို လိုက်လာတာပေါ့၊ မင်းတို့ရဲ့သေချင်တဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်”
ထန်ရှုက ရေကန်ထဲသို့ တစ်ကီလိုမီတာ ထိုးဆင်းသွားပြီးနောက် ရုတ်ချည်း ရပ်ပြီး နတ်ဘုရားဓားဖြင့် ထိုလေးယောက်ထံ ခုတ်ပိုင်းချသည်။ ထက်ရှသောဓားစွမ်းအင်က ရေမျက်နှာပြင်ကို ပိုင်းဖြတ်ကာ ထိုလေးယောက်ထံ ကျဆင်းသွား၏။
အုံး…အုံး…အုံး….
သူတို့လေးယောက်က သတိမရှိသောကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။ ဒီလိုအားနည်းသောရွှေအင်မော်တယ်တစ်ယော်က သူတို့လို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်အား တိုက်ခိုက်ရဲမည်ဟု မထင်ထားခဲ့ပေ။ သူတို့က အကောင်းဆုံးကာကွယ်ခဲ့သော်လည်း ဤလူ၏တိုက်ကွက်ကြောင့် အနည်းငယ် ဒဏ်ရာရရှိသွား၏။
“သူ့ကို သတ်…”
အနက်ရောင်ဝတ်ရုံနှင့်အမျိုးသမီးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏သတ်ဖြတ်ခြင်းအရှိန်အဝါက ထွက်ပေါ်လာသည်။ သူမက ထန်ရှုထံ လျင်မြန်စွာ ပြေးဝင်လာ၏။
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်က နောက်မှ လိုက်လျက် အေးစက်စွာ အော်ပြော၏ “ဒီအကောင်နဲ့ပတ်သက်ပြီး တစ်ခုခုတော့ ထူးဆန်းတယ်။ သူ့အရှိန်အဝါက မြေအင်မော်တယ်အဆင့်မှာသာရှိပေမယ့် သူထုတ်လွှတ်ခဲ့တဲ့စွမ်းအားက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နဲ့ ညီမျှတယ်။ သူ့မှာ နတ်ဘုရားလက်နက်တစ်ခုခုရှိဖို့ မျာတးယ်။ ငါတို့ပူးပေါင်းပြီး သူ့ကို အမြန်ဆုံး သတ်လိုက်ကြရအောင်”
“ဟုတ်ပြီ…”
သူတို့လေးယောက်က လှုပ်ရှားကာ တိုက်ခိုက်လိုက်ကြ၏။