တစ်ချက်တည်းနှင့် ပစ်မှတ်နှစ်ခုကို အောင်မြင်ခြင်း
Vol. 98 Ch. 1355
ရေကန်အောက်ခြေရှိ မီတာတစ်ထောင်အနက်တွင် ထန်ရှုက ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးရင်း ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကို စောင့်နေလေသည်။ ထို့နောက် သူက အရှိန်အဝါကို ရုတ်ချည်း ထုတ်လွှတ်ကာ ကောင်းကင်ဘုံကိုးခုမိုးကြိုးပညာရပ်ကို ထုတ်ဖော်လိုက်၏။
အုံး…ဘုံး…
မိုးကြိုးနှင့်လျှပ်စီးပေါက်ကွဲသံများက ရေကန်နက်ထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထန်ရှုထံ ပြေးလာနေသော ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်က မျက်နှာအကြီးအကျယ်ပြောင်းလဲသွားပြီး ထန်ရှုအား တိုက်ခိုက်ခြင်းကို လက်လျော့လျက် ဓာတ်လိုက်ခြင်းမှ ကာကွယ်ရန် ကြိုးစားလိုက်ကြ၏။
“ဆုတ်ခွာဖို့ အချိန်ပဲ”
ထန်ရှုက ဆက်မတိုက်ခိုက်လိုတော့ဘဲ နောက်သို့ ပြေး၏။ တစ်ချိန်တည်းတွင် ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုက အခြားဉီးတည်ဘက်မှ အလွန်လျင်မြန်စွာ လာနေသည်ကို အာရုံခံမိသည်၊ ထို့ကြောင့် သူက ကိုယ်ပျောက်အဆောင်တစ်ခုကို ယူထုတ်ကာ လျင်မြန်စွာ ပုန်းလိုက်၏။
‘အားလုံးပဲ၊ ရှာကြစမ်း…”
ထန်ရှု၏ပုံရိပ်က ပျောက်ကွယ်သွားသည်ကို အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်က စိုက်ကြည့်ရုံသာ တတ်နိုင်သည်။ ထန်ရှု၏အရှိန်အဝါက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို အာရုံခံမိပြီး သတိအပြည့်ပါသောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာလျက် သူက နက်ရှိုင်းသောအသံနှင့် အော်လိုက်၏။
အနက်ဝတ်အမျိုးသမီး၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူမက ကြားဖြတ်ပြော၏ “ဒီရေကန်ထဲမှာ နောက်ထပ်အားကောင်းတဲ့တည်ရှိမှုတစ်ခုရှိတယ်၊ ပြီးတော့ အဲဒါက ငါတို့ဆီ လျင်မြန်စွာ ချဉ်းကပ်လာနေတယ်။ နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကတောင် ငါတို့ကို ဘာမှမလုပ်နိုင်ပေမယ့် ဂရုစိုက်ရလိမ့်မယ်”
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ရွှေမျက်လုံးရေသက်သေသားရဲက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်၏မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ သို့သော် သားရဲ၏အရှိန်အဝါက အလွန်အားကောင်းသော်လည်း သူတို့က မကြောက်သွားပေ။ သူတို့၏မျက်နှာပေါ်ရှိ လောဘကြီးသောအကြည့်က ပိုတောင် သိသာလာပြီး ရွှေမျက်လုံးရေသက်သေသားရဲ၏ဉီးခေါင်းကို စိုက်ကြည့်လိုက်ကြ၏။
ဒါက သရဖူတစ်ခုပဲ။
သရဖူအား ဘာပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူတို့က မပြောနိုင်သော်ငြား သရဖူပေါ်တွင် မြှုပ်ထားသော နဂါးပုလဲ၁၀၈လုံးကိုတော့ သူတို့က သတိထားမိသည်။ ပုလဲတစ်လုံးစီက မြင့်မြတ်နဂါးတစ်ကောင်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသောရောင်စုံနဂါးပုလဲလုံးဖြစ်၏။ သရဖူ၏အရှေ့အလယ်တည့်တည်တွင် လက်သီးအရွယ်အစားကြယ်သွေးရောင်ကမ္ဘာအူတိုင်တစ်ခုရှိသည်။ ရောင်စုံနဂါးပုလဲတစ်လုံးစီက အဖိုးမဖြတ်နိုင်သောရတနာတစ်ခုဟု မပြောဘူးဆိုလျှင်ပင် ကမ္ဘာအူတိုင်က အင်မော်တယ်များပိုင်ဆိုင်ရန်အမြဲတမ်းအိပ်မက်မက်ခဲ့သောရတနာတစ်ခုဖြစ်၏။ အန္တိမအရှင်အဆင့်များပင်လျှင် ၎င်းကို လိုချင်ကြသည်။
“ဒီသားရဲကို သတ်ပြီး အဲဒီရောင်စုံနဂါးပုလဲတွေနဲ့ကမ္ဘာအူတိုင်ကို လုယူကြရအောင်”
လေးယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး တစ်ယောက်က အော်ပြော၏။
အုံး…
ရွှေမျက်လုံးရေသက်သေသားရဲက ပထမဆုံးတိုက်ခိုက်လာသည်။ ၎င်း၏ကြီးမားသောပါးစပ်ကို ဟပြီး ရေဆင်နှာမောင်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။ အားကောင်းသောရေဆင်နှာမောင်းက လက်နက်ကြီးကျည်ဆန်များပမာ လူလေးယောက်အား ချက်ချင်း တိုက်ခိုက်ခဲ့၏။
“ရွှေအကာအကွယ်…”
“သဲမြန်ကွန်ချာ”
“ရွှေနက်အင်မော်တယ်ပြား”
“အသင်္ချေဖျက်ဆီးမဲ့…”
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်တို့လေးယောက်က ခံစစ်အသုံးအဆောင်ပစ္စည်းများကို ထုတ်ကာ အရှေ့တွင် ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူတို့က ဤရွှေမျက်လုံးရေသက်သေသားရဲ၏ခွန်အားအစစ်အမှန်ကို မဖော်ထုတ်ရသေးသောကြောင့် ခုခံရန် ရွေးချယ်လိုက်သည်။
အုံး…
ဆယ်မီတာကျယ်သည့်ရေဆင်နှာမောင်းက ခံစစ်အသုံးအဆောင်ပစ္စည်းလေးခုနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အသုံးအဆောင်ပစ္စည်းလေးခုက အဆက်မပြတ် အက်ကွဲသွားပြီး အပိုင်းအစများအဖြစ် ပြန့်ကျဲလျက် ရေတိုက်ခိုက်မှုက လူလေးယောက်ကို ထိမှန်သွား၏။
အွတ်…
လူလေးယောက်က သွေးများအန်ထွက်လျက် နောက်ဆုတ်သွား၏။
တစ်ချက်သာ ရှိသေးသည်၊ သို့သော် သူတို့အားလုံးက ဒဏ်ရာရသွားကြ၏။ သူတို့၏ဒဏ်ရာများက မစိုးရိမ်ရသော်လည်း ရွှေမျက်လုံးရေသက်သေသားရဲ၏ကြောက်စရာကောင်းသောတိုက်ခိုက်မှုက သူတို့အား အရိုးထဲထိတိုင် အေးစိမ့်စေလျက် ကြောက်ရွံ့မှုက သူတို့ထံ၌ မွေးဖွားလာသည်။
လက်များက အနည်းငယ် တုန်ယင်လျက် အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်က ကျယ်လောင်စွာ အော်ပြောလိုက်၏ “ဒီရွှေမျက်လုံးရေသက်သေသားရဲက အရမ်းအားကောင်းတယ်။ ၎င်းက အန္တိအရှင်အဆင့်စွမ်းအားရှင်တစ်ယောက်နဲ့ မယှဉ်နိုင်ပေမယ့် ဒီသားရဲက အနည်းဆုံးနှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ ၎င်းကို အနိုင်ယူဖို့ အခွင့်အရေးရှိမယ်လို့ ငါတော့ မထင်ဘူး”
အုပ်ချုပ်သူမြောက်ပိုင်းအိုမန်က ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ ကျယ်လောင်စွာ ပြောလိုက်၏ “ဒါပေမယ့် ငါတို့က မတိုက်ခိုက်နိုင်ရင် အဲဒီသရဖူကို ရမှာမဟုတ်ဘူး။ ငါတို့က ရတနာတောင်ထဲကို ဝင်ပြီး လက်ဗလာနဲ့ အိမ်ပြန်ရမှာလား။ နောက်ကျရင် ငါတို့က နောင်တရမယ်ဆိုတာ သေချာတယ်”
အနက်ဝတ်အမျိုးသမီးက ကြားဖြတ်ပြော၏ “နည်းလမ်းတစ်ခုကို အမြန်ဆုံးရှာဖွေကြရအောင်။ ငါတို့က ဒီသားရဲကို မသတ်နိုင်ပေမယ့် ခေါင်းပေါ်မှာ သရဖူကိုတော့ ရရမယ်။ အဲဒီပစ္စည်းက အင်မော်တယ်ပစ္စည်းမဟုတ်ဘူးလို့ ငါတော့ သံသယရှိတယ်။ အဲဒါက ရှေးဉီးမူလဖရိုဖရဲရတနာတစ်ခုဖြစ်ရမယ်…”
ရှေးဉီးမူလဖရိုဖရဲရတနာတစ်ခုလား။
အခြားသုံးယောက်က တုန်လှုပ်သွားကြပြီး သူတို့၏မျက်နှာပေါ်ရှိ လောဘက ပိုပြင်းထန်သွား၏။ အဆင့်ကိုးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုက ကြောက်စရာကောင်းသောအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သော်လည်း အန္တိမအရှင်တစ်ယောက်က ပိုင်ဆိုင်ရန် မရှိမဖြစ်မလိုပေ။ ရှေးဉီးမူလဖရိုဖရဲရတနာများအတွက်တော့ ထိုကဲ့သို့သောပစ္စည်းများက ထိုအန္တိမရှင်များ၏မျက်လုံးထဲတွင်ပင် အဖိုးမဖြတ်နိုင်ပေ။
ဒီပစ္စည်းက တကယ်ပဲ ရှေးဉီးမူလဖရိုဖရဲရတနာတစ်ခုဆိုရင် ဒါကို ငါ ရမယ်ဆိုရင် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံးအဆအနည်းငယ်မြင့်တက်သွားမှာမဟုတ်လား။ ငါက သေချာပေါက် နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်လိမ့်မယ်။ အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်၏ခန္ဓာကိုယ်က တုန်ယင်သွားကာ အော်ပြောလိုက်၏ “ငါတို့မှာ တခြားရွေးချယ်စရာမရှိဘူး၊ အားကုန်ထုတ်သုံးရမယ်။ ဒါက သန်မာဖို့ နည်းလမ်းပဲ၊ ချကြ…”
“သတ်…”
အခြားသုံးယောက်ကလည်း တိုက်ခိုက်လိုစိတ်တို့ နိုးကြွသွားလေ၏။
ရွှေမျက်လုံးရေသက်သေသားရဲက အရက်မူးအင်မော်တယ်အန္တိမအရှင်မွေးမြူခဲ့သောအင်မော်တယ်သားရဲဖြစ်သည်။ ဤနေရာတွင် နှစ်ပေါင်းရှစ်သောင်းနေပြီးနောက် ၎င်း၏အသက်က နှစ်တစ်သိန်းနှစ်သောင်းအထိ ရှိလာပြီး ၎င်း၏ခွန်အားက စဉီးအန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်နှင့် ယှဉ်နိုင်ပေသည်။
လက်ရှိတွင် အားနည်းသောလူသားလေးယောက်က သူ့အား ရန်စတိုက်ခိုက်လာသည်ကို မြင်ပြီး သားရဲက အမျက်ဒေါသထွက်သွား၏။ ၎င်း၏ပါးစပ်မှ ပူဖောင်းများကို ပစ်ခတ်လျက် ၎င်း၏ထက်ရှသောလက်သည်းများက ထိုလေးယောက်ထံ ရိုက်ခတ်သွားသည်။
ဗွမ်း….
ပူဖောင်းများက ရုတ်ချည်း ပေါက်ကွဲသွားပြီး လက်သည်းများက ထိုလေးယောက်၏မွေးရာပါအင်မော်တယ်လက်နက်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“ဘုရားရေ…ဒီဟာက အရင်ကထက် ပိုသန်မာလာတယ်…”
“ပြေးကြတော့…”
လူလေးယောက်က အရူးအမူးသွေးအန်ပြီး စွန်ပျက်များပမာ ထိုးဆင်းသွားသည်၊ သူတို့၏ခံစစ်အသုံးအဆောင်ပစ္စည်းအားလုံးကလည်း ပျက်ဆီးသွားကြ၏။
ရုတ်တရက် အနက်ဝတ်အမျိုးသမီးက တုန်လှုပ်သွားသည်။ ရေစီးကြောင်းတစ်ခုက သူမခန္ဓာကိုယ်ကို မြွေတစ်ကောင်ပမာ ရစ်ပတ်သွား၏။ ကြီးမားသောစုပ်အားကြောင့် သူမက မခုံခံနိုင်တော့ဘဲ သားရဲ၏ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ထို့နောက် ချက်ချင်းလျှင်ပင် သားရဲ၏သလင်းကျောက်နှင့်တူသောသွားများက သူမ၏ခန္ဓာကိုယ်ကို ကိုက်ဝါးလိုက်သည်။ အင်မော်တယ်စိတ်ဝိညာဉ်ပင် မလွတ်မြောက်ဘဲ ရွှေမျက်လုံးရေသက်သေသားရဲက ဝါးမျိုလိုက်သည်။
တစ်ချိန်တည်းတွင် အုပ်ချုပ်သူမြောက်ပိုင်းအိုမန်ကိုလည်း သားရဲက စုပ်ယူလိုက်သည်။ သားရဲက အနက်ဝတ်အမျိုးသမီးအား ဝါးမျိုသည်ကို မြင်ပြီးနောက် ကြောက်ရွံ့မှုက သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းနေတော့သည်။
ငါတော့ သေပြီ…မြောက်ပိုင်းအိုမန်က မျက်လုံးမှိတ်ကာ အော်ပြောလိုက်၏ “စီနီယာအကိုနှစ်ယောက်၊ ကျေးဇူးပြုပြီး ငါ့ရဲ့မိသားစုကို ဂရုစိုက်ပေးပါ…”
အုံး…
ရွှေမျက်လုံးရေသက်သေသားရဲက မြောက်ပိုင်းသန့်စင်ကို ဝါးမျိုမည့်ဆဲဆဲတွင် မြောက်ပိုင်းအိုမန်က သူ့အင်မော်တယ်စိတ်ဝိညာဉ်အား ဖောက်ခွဲလိုက်သဖြင့် ၎င်းက နာကျင်စွာ အော်မြည်လိုက်လေသည်။
ဝှစ်…
ထိုစဉ် ပုံရိပ်တစ်ခုက ရုတ်တရက် လှုပ်ရှားပြီး ရွှေမျက်လုံးရေသက်သေသားရဲအထက်၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။ အုပ်ချုပ်သူမြောက်ပိုင်းအိုမန်၏ဖောက်ခွဲမှုကြောင့်မဟုတ်လျှင် သားရဲက သူ့ကို အာရုံခံနိုင်ပေလိမ့်မည်။ သို့သော် ပေါက်ကွဲမှုကြောင့် လက်ရှိတွင် ၎င်းက အလွန်နာကျင်နေသဖြင့် ၎င်း၏အာရုံခံစွမ်းရည်က အလုပ်မလုပ်တော့ပေ။
ရွှမ်း…
နတ်ဘုရားဓားက သားရဲ၏ဉီးခေါင်းကို ထိုးဖောက်ပြီး သရဖူကို ချွတ်ပြီးနောက် ထန်ရှု၏လက်ထဲသို့ ရောက်ရှိသွား၏။ ထို့နောက် ထန်ရှုက ရှေးဉီးမူလဖရိုဖရဲစွမ်းအားကို လှည့်ပတ်ပြီး အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။
“ဂျူနီယာညီမလေးကျူးရုံ…”
“ဂျူနီယာညီလေးမြောက်ပိုင်းအိုမန်…”
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်နှင့်အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တို့က အံကြိတ်လျက် ရွှေမျက်လုံးရေသက်သေသားရဲဆီသို့ ပြေးသွား၏။ သို့သော် ထန်ရှု၏အပြုအမူကို မြင်ပြီး သူတို့က ဒေါသထွက်သွားကြသည်။
“မင်း သူခိုးစုတ်…ရှေးဉီးမူလဖရိုဖရဲရတနာကို ပြန်ပေးစမ်း…”
သားရဲက အားနည်းနေချိန်ဖြစ်သော်လည်း ထိုလူနှစ်ယောက်က ၎င်းကို တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ၊ သူတို့က ထန်ရှုအား လိုက်ဖမ်းရန် ကြိုးစားလိုက်သည်။
“ကောင်းကင်ဘုံကိုးခုမိုးကြိုးပညာရပ်…”
ထန်ရှုက ပြန်ဆုတ်ရင်း မန္တန်တစ်ခုကို ထုတ်ဖော်လိုက်သည်၊ မရေမတွက်နိုင်သောလျှပ်စီးမိုးကြိုးများက ရေကန်ထဲသို့ ကျဆင်းလာ၏။
ဟိန်းသံ…
လျှပ်စီးများထိမှန်ပြီးနောက် ရွှေမျက်လုံးရေသက်သေသားရဲက ချက်ချင်း သတိဝင်လာသည်။ ဒဏ်ရာအပြင်းအထန်ရပြီးနောက် ၎င်း၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့နှင့်အတူ သွေးနီရောင်သမ်းလာ၏။ ဖြတ်ကျော်သွားသောရန်သူနှစ်ယောက်ကို မြင်ပြီး ၎င်းက ချက်ချင်းဟိန်းဟောက်ကာ လိုက်သွား၏။
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်နှင့်အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တို့က စိတ်ပျက်သွားလေသည်။ လျှပ်စီးမိုးကြိုးများက သူတို့ကို အနည်းငယ် အကူအညီမဲ့စေသည်။ ထို့ပြင် ဤအချိန်တွင် မေ့မြောနေသောရွှေမျက်လုံးရေသက်သေသားရဲကလည်း သတိရလာပြန်သည်။
“ထွက်ပြေးရမယ်…”
“မြန်မြန်ပြေး…”
ဤအချိန်တွင် မြောက်ပိုင်းသန့်စင်က ထန်ရှုနှင့်သရဖူတို့ကို ဂရုစိုက်မအားတော့ပေ။ သူ့ပုံရိပ်က အမြောက်ဆန်တစ်ခုအလား ရှေ့သို့ လျင်မြန်စွာ ပြေးသွားသည်။
“အား…”
သို့သော် အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က မလွတ်မြောက်နိုင်ဘဲ သားရဲက မျိုချလိုက်သည်။ သို့သော် အသက်မရှင်နိုင်တော့သည်ကို တွေးပြီး သူက အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲရန် ရွေးချယ်လိုက်သည်။
ရွှေမျက်လုံးရေသက်သေသားရဲက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီဖြစ်၏။ ၎င်းက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်၏ဒုတိယအကြိမ်မြောက်စိတ်ဝိညာဉ်ဖောက်ခွဲမှုကို မရင်ဆိုင်နိုင်တော့ပေ။ ၎င်း၏သားရဲဝိညာဉ်က ပျက်ဆီးသွားပြီး ဉီးခေါင်းက ကြေမွသွားလေ၏။
အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်က ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခဲ့သောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှင့် အနီးကပ်ဆုံးဖြစ်သည်။ ပေါက်ကွဲမှုအားကြောင့် သူ၏မျက်လုံးနှင့်နှာခေါင်းများမှ သွေးများပင် စီးကျလာသည်။
ရွှမ်း…
ထိုစဉ် ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားသည်အလား ဓားအလင်းတစ်ခုက အုပ်ချုပ်သူမြောက်ပိုင်းသန့်စင်၏ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားသည်။ သူ၏အင်မော်တယ်စိတ်ဝိညာဉ်ပင် မလွတ်မြောက်နိုင်ခဲ့ပေ။
“ဟမ်။ ဒီလောက်တောင် လွယ်တာလား”
ဒီလိုအားကောင်းသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်အား အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု ထန်ရှုက မတွေးထားပေ။ သူ၏ဝါးမျိုခြင်းနှင့်ပေါင်းစပ်ခြင်းနတ်ဘုရားစွမ်းရည်ကိုပင် မထုတ်ဖော်ခဲ့ရပေ။