← Chapters

နောက်ထပ်တန်ခိုးစွမ်းရည်တစ်ခုကို ရရှိခြင်း

Vol. 98 Ch. 1356

နောက်ထပ်တန်ခိုးစွမ်းရည်တစ်ခုကို ရရှိခြင်း

Vol. 98 Ch. 1356

ထန်ရှု၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်သွားပြီး သူက သရဖူကို သိမ်းလိုက်၏။ သရဖူက ဘယ်အဆင့်၊ ဘာရတနာဖြစ်သည်ကို ဂရုမစိုက်ဘဲ ရေနက်ထဲသို့ ထပ်ဆင်းသွား၏။ ရွှေမျက်လုံးရေသက်သေသားရဲ၏အလောင်းကို မြင်ပြီး သူက အကြွင်းအကျန်များကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းကာ ရေကန်အောက်ခြေရှိ အင်မော်တယ်ပုလဲအကာအကွယ်အစီအရင်ဆီသို့ ဆက်သွားသည်။ အမွေးတိုင်တစ်တိုင်ထွန်းချိန်အတွင်း သူက အစီအရင်ကို ချိုးဖြတ်ကာ ခရမ်းရောင်သန္တာမဟူရာတစ်ရာ့ရှစ်ခုကို ယူလိုက်သည်။ သူက နှစ်တစ်သောင်းသက်တမ်းရှိသောကျောက်စိမ်းစင်မြင့်တစ်ခုဆီသို့ ရောက်ရှိလာပြီး ခုနှစ်ရောင်အလင်းဖြာထွက်နေသောပုတီးတစ်ခုကို ဆုပ်ကိုင်လိုက်သည်။

“ခုနှစ်ရောင်ခြယ်နဂါးပုလဲလား”

ထန်ရှု၏မျက်လုံးများက ရုတ်ခြည်းတောက်ပသွားသည်။ မြင့်မြတ်နဂါးတစ်ကောင်၏အသက်အနှစ်သာရဖြင့်ဖွဲ့စည်းထားသောခုနှစ်ရောင်ခြယ်နဂါးပုလဲက အန္တိမအရှင်များ၏မျက်လုံးများထဲတွင် အဖိုးမဖြတ်နိုင်သောရတနာတစ်ခုဖြစ်သည်။ စဉီးအဆင့်အန္တိမအရှင်တစ်ယောက်က ဤခုနှစ်ရောင်ခြယ်နဂါးပုလဲကို စုပ်ယူခဲ့လျှင် ထိုလူအတွက် နှောင်းပိုင်းအန္တိမအဆင့်သို့ရောက်ရန် လိုအပ်သော ကြာချိန်က ချုံ့သွားပေလိမ့်မည်။ ထို့ပြင် ထိုလူက နတ်ဘုရားကပ်ဘေးဖြတ်ကျော်ပြီး နတ်ဘုရားအဖြစ် တက်လှမ်းရန် အခွင့်အရေးတစ်ခုရှိလာပေလိမ့်မည်။

ခုနှစ်ရောင်ခြယ်နဂါးပုလဲတစ်လုံးကို ရရှိခြင်းက သူ့လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်သည်။ ၎င်းကို စုပ်ယူခဲ့လျှင် သူ့ကျင့်ကြံခြင်းမြန်နှုန်းက အနည်းဆုံးအဆအနည်းငယ်တိုးမြှင့်သွားပေလိမ့်မည်။

“ဒါကို မျိုချရမယ်…”

ခေါက်တုံ့ခေါက်ပြန်စဉ်းစားပြီးနောက် နောက်ဆုံးတွင် ထန်ရှုက ခုနှစ်ရောင်ခြယ်နဂါးပုလဲကို မျိုချရန် ဆုံးဖြတ်လိုက်သည်။ မရှင်းပြနိုင်သောအရသာနှင့်အထိအတွေ့တစ်ခုက သူ့နှလုံးသားကို ရုတ်တရက် လွှမ်းခြုံသွား၏။

“တန်ခိုးစွမ်းရည်တစ်ခု…သက်တံအိပ်မက်ပုံရိပ်လောကလား”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ ဝါးမျိုပြီးနောက် နဂါးပုလဲက ဒီလိုပါရမီတစ်ခုကို နှိးဆွပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သက်တံအိပ်မက်ပုံရိပ်လောကက ပုံရိပ်ယောင်ပညာရပ်၏ဆန်းကြယ်မှုကို တိုးစေသည့် တန်ခိုးစွမ်းရည်တစ်ခုဖြစ်သည်။ ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး အိပ်မက်ပုံရိပ်လောကတစ်ခုကို ဖြစ်ပေါ်စေကာ ရန်သူကို အမြင်မှားအထင်မှားခြောက်ခြားစေပြီး သူတို့၏လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်သည်။

“မယုံနိုင်စရာပဲ…ဒါက တကယ်ကို အံ့မခန်းပဲ…”

ဤသက်တံအိပ်မက်ပုံရိပ်လောကက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုသည်ကို ထန်ရှုက ပြောနိုင်သည်။ ၎င်းက ဝါးမျိုခြင်းနှင့်ပေါင်းစပ်ခြင်းစွမ်းရည်များထက်ပင် ပိုထူးခြားသည့် တန်ခိုးစွမ်းရည်တစ်ခုဖြစ်သည်။ သူက အားကောင်းသောရန်သူများနှင့် တိုက်ခိုက်ပြီး ဤသက်တံအိပ်မက်ပုံရိပ်လောကဖြင့် သူတို့ကို ဖမ်းခဲ့လျှင် သူက သူတို့အား ချက်ချင်း အာရုံထွေပြားစေနိုင်သည်။ သူတို့၏စိတ်ကို ရှုပ်ထွေးစေခြင်းဖြင့် သူက သူတို့၏အားနည်းချက်ကိုလည်း သင်ယူနိုင်သည်။

ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း သေးငယ်သောရွှံ့မြောင်းတစ်ခုထဲသို့ ပြေးသွား၏။ သူက ဖုံးကွယ်အစီအရင်ချပ်ပြားကို လျင်မြန်စွာ ထုတ်ဖော်ပြီး အရှိန်အဝါကို ထိန်းချုပ်လိုက်သည်။

အနည်းငယ်ကြာပြီးနောက် ပုံရိပ်နှစ်ခုက ထန်ရှုရပ်သောနေရာတွင် ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် သူတို့က ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

“ဒီနေရာမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့မှန်း သိသာတယ်၊ ဒါပေမယ့် ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘူး။ သူတို့က ခြေရာလက်ရာတွေကို ဖျက်ခဲ့တာပဲ ဖြစ်ရမယ်။ ငါထင်တာ မှန်ရင် ငါတို့ရောက်လာတာကို သူတို့တွေ သတိထားမိပြီး တိုက်ပွဲကို ရပ်ပြီး ထွက်သွားကြတာ ဖြစ်မယ်”

“ငါလဲ အဲလိုပင် ထင်တယ်။ ပြီးတော့ ဒါက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကြား တိုက်ပွဲတစ်ခုပဲ။ ငါတို့လာတာ စောသွားတယ်။ နှစ်ဖက်လုံးဒဏ်ရာရပြီးမှ လာခဲ့မယ်ဆိုရင် ငါတို့က သူတို့အားလုံးကို သတ်ပြီး အကျိုးအမြတ်တွေ ရရှိနိုင်လိမ့်မယ်”

“ဟူး၊ သွားကြရအောင်”

ထို့နောက် လူနှစ်ယောက်က ထွက်ခွာသွားသည်။

အချိန်က ကုန်ဆုံးသွားသည်။

နှစ်ရက်ကြာပြီးနောက် ထန်ရှုက ဖုံးကွယ်အစီအရင်ကို ဖယ်ရှားကာ ကိုယ်ပျောက်အဆောင်ကို အသက်သွင်းပြီး ရေကန်အောက်ခြေမှ ထွက်လာခဲ့သည်။ သူက ရေကန်ဘေးသို့ ထွက်ပေါ်လာပြီးနောက် အနီးဆုံးရှိ စံအိမ်တစ်ခုဆီသို့ လျင်မြန်စွာ ပြေးသွား၏။

ကောင်းကင်တိုင်စံအိမ်။

၎င်းက လျှို့ဝှက်နန်းတော်ထဲတွင် အစီအရင်တစ်ခုဖြင့် အပြည့်အဝလွှမ်းခြုံထားသည့် ဆန်းကျယ်သောစံအိမ်တစ်ခုဖြစ်ပြီး ဝင်ရောက်ရန် တံတားရှည်တစ်ခုသာ ရှိ၏။ သို့သော် ရက်အနည်းငယ်အထိ ဤစံအိမ်ကို ရှာတွေ့ခဲ့သော ရွှေအင်မော်တယ်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက တံတားကို မဖြတ်နိုင်သေးပေ။ ကြိုးစားခဲ့သူများက တံတားပေါ်ရှိ ထောင်ချောက်နှင့်အကန့်အသတ်များကြောင့် အသတ်ခံရသည် သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရလျက် ပြန်လာခဲ့ရသည်။

စံအိမ်မှ ကီလိုမီတာရာအနည်းငယ်အကွာတွင်။

စေဘယ်မိစ္ဆာကင်းမြီးကောက်၏ပုံရိပ်က တုန်ယင်သွားပြီး အစိမ်းရင့်ရောင်သွေးများက သူမပါးစပ်မှ စီးကျလာသည်။ သူမ၏အနက်ရောင်ဝတ်ရုံက ဆုတ်ပြတ်သပ်နေပြီး အဖြူရောင်အရိုးများက သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ ထွက်ပေါ်လာနေ၏။

“အဲဒီမီးတောင်ထွက်ကျောက်အရိုးအိုးကို ပေးပါ၊ မင်း ပြန်လာမွေးဖွားနိုင်ဖို့အတွက် စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ငါ ချန်ထားပေးမယ်။ မင်းက ဆက်ခုခံလို့ရပါတယ်၊ ဒါပေမယ့် မင်းရဲ့စိတ်ဝိညာဉ်ကို သုတ်သင်တဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့ပေါ့”ရွှေရောင်ဝတ်ရုံနှင့် ချောမောခန့်ညားသောလူတစ်ယောက်က ပြုံးဖြဲဖြဲလုပ်လျက် ပြော၏။

သူ့ဘေးနားတွင် မျှော်စင်လိုလူနှစ်ယောက်ရှိသည်။ သူတို့၏အရပ်များက လေးမီတာခန့်ရှိပြီး နဖူးပေါ်တွင် အပိုမျက်လုံးတစ်လုံးစီရှိကာ အင်မော်တယ်ကမ္ဘာရှိ မျက်လုံးသုံးလုံးမျိုးနွယ်မှအဖွဲ့ဝင်များ၏လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

စေဘယ်မိစ္ဆာကင်းမြီးကောက်က အနည်းငယ်စိတ်ပျက်နေသည်။ လက်ရှိတွင် သူမ၏ကျင့်ကြံခြင်းအဆင့်က နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ရှိသည်။ ဤလျှို့ဝှက်နန်းတော်ထဲတွင် လူအနည်းငယ်ကသာ သူမကို သတ်နိုင်သည်ဟု ပြောနိုင်ပေသည်။ သို့သော် ဤသုံးယောက်ကလည်း နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြပြီး မီးပွားဖြူအစစ်အမှန်ဘုရင်တွင် အဆင့်ကိုးအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည့်မိုးမျှော်တိုက်လွန်ပူတစ်ခုရှိသည်။

“သေချာစဉ်းစားပါ၊ မီးပွားဖြူအစစ်အမှန်ဘုရင်။ နင်တို့သုံးယောက်က ငါ့ကို သတ်နိုင်ပေမယ့် ငါကလဲ အနည်းဆုံး နင်တို့ထဲကတစ်ယောက်ကို ငါနဲ့အတူ ငရဲကို ခေါ်သွားမယ်၊ ကျန်တဲ့နှစ်ယောက်ကလဲ ဒဏ်ရာရလိမ့်မယ်။ ငါတို့နှစ်ဖက်လုံး ဒဏ်ရာရပြီးရင် ရိတ်သိမ်းဖို့အတွက်စောင့်နေတဲ့စွမ်းအားရှင်တွေ ပတ်ဝန်းကျင်မှာ ရှိတယ်”

“ဟမ်၊ ဒီအရှင်က ဒဏ်ရာရမယ်လို့ မင်းက ထင်တာလား”မီးပွားဖြူအစစ်အမှန်ဘုရင်က နှာခေါင်းရှုံ့လိုက်၏ “ငါတို့က မင်းကို အားသိပ်မထုတ်ဘဲ သတ်နိုင်တယ်။ အဓိပ္ပါယ်မရှိတာတွေ မပြောဘဲ မီးတောက်ထွက်ကျောက်ကိုပဲ ပေးပါ၊ မဟုတ်ရင် မင်းရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးရလိမ့်မယ်”

စေဘယ်မိစ္ဆာကင်းမြီးကောက်က သက်ပြင်းတစ်ချက်ရှိုက်လျက် အော်ပြော၏ “ဘယ်သူက အခု ထွက်လာရဲလဲ။ ဘယ်သူက ဒီမီးတောက်ထွက်ကျောက်အရိုးပြာအိုးရတနာကို လိုချင်လဲ”

သူမ၏အားထုတ်မှုအပေါ် မီးပွားဖြူအစစ်အမှန်ဘုရင်က ပြုံးလိုက်သည်။ လက်ရှိအချိန်တွင် ဘယ်သူက ထွက်လာပြီး သူတို့လို နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်ကို ရင်ဆိုင်ရဲမည်နည်း။

မျှော်လင့်ထားသလိုပင် ပတ်ဝန်းကျင်တွင် ပုန်းနေသော ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များထဲမှတစ်ယောက်မှ မထွက်လာကြပေ။

စိတ်ထဲ၌ လက်မခံနိုင်ဖြစ်လျက် သူမ၏သခင်ထန်ရှုက မကြာခင် ရောက်လာရန် စေဘယ်မိစ္ဆာကင်းမြီးကောက်က မျှော်လင့်ထားသည်။ သို့သော် ထန်ရှုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်အား သတ်ဖြတ်နိုင်သည်ဆိုလျှင်ပင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်အတွက် ပြိုင်ဘက်မဖြစ်နိုင်သည်ကို သူမက ကောင်းကောင်းသိ၏။ သူ့အကူအညီနှင်ဆိုလျှင်ပင် နောက်ဆုံးရလဒ်က အလောင်းတစ်လောင်းတိုးရန်သာ ဖြစ်သည်။

ပြီးတော့ သူက ဒီနေရာကို လာတယ်ဆိုရင်တောင် ငါ့ကို ကူညီရဲဖို့ ဖြစ်နိုင်ချေက သေးလွန်းပါတယ်လေ။ တကယ်တော့ ဒီအနေအထားက ဘယ်သူမဆို သေဖို့ပဲ ရှိတာလေ။

စေဘယ်မိစ္ဆာကင်းမြီးကောက်က သက်ပြင်းထပ်ရှိုက်လိုက်သည်။ ထို့နောက် သူမက သွေးနီရောင်ဆေဘာဓားရှည်တစ်လက်ကို ယူထုတ်လိုက်၏။ ဤအဆင့်မြင့်ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းက အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုနှင့် ယှဉ်နိုင်သည်။ သူမတွင် ဒီလိုအဆင့်မြင့်ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းတစ်ခုရှိသည်ကို ဘယ်သူ့ကိုမှ မသိစေချင်သောကြောင့် သူမက ယခင်က မယူထုတ်ခဲ့ပေ။

သို့သော် ယခု သူမက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

“ဒါဆိုလဲ လာကြစမ်းပါ။ ဘယ်သူကများ ငါနဲ့အတူ ငရဲကို သွားကြမလဲဆိုတာ ကြည့်ကြတာပေါ့”စေဘယ်မိစ္ဆာကင်းမြီးကောက်က အော်လိုက်သည်။

ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းလား။

စေဘယ်မိစ္ဆာကင်းမြီးကောက်က ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းအား ယူထုတ်လိုက်သည့်အခိုက်အတန့်တွင် မီးပွားဖြူအစစ်အမှန်ဘုရင်နှင့်သူ့နောက်လိုက်နှစ်ယောက်ကသာ လက်နက်မှဖြာထွက်နေသောနတ်ဆိုးစွမ်းအားကို အာရုံခံနိုင်သည်မဟုတ်၊ ပတ်ဝန်းကျင်ရှိ စွမ်းအားရှင်များကလည်း အာရုံခံမိသည်။ အချို့ဆိုလျှင် တစ်ချိန်က အင်မော်တယ်ကမ္ဘာတွင် ကျော်ကြားခဲ့သော နတ်ဆိုးရှေးမှော်စုန်းမျိုးနွယ်မှဆင်းသက်လာသည့်မှော်လက်နက်တစ်ခုဖြစ်သည်ကိုပင် သိရှိကြ၏။

“စိတ်ဝင်စားစရာပဲ”

ပုံရိပ်တစ်ခုက အဝေးမှ ရွေ့လျားလာပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “စေဘယ်မိစ္ဆာကင်းမြီးကောက်၊ မင်းက ပျောက်ကွယ်သွားတာ ရာစုနှစ်အနည်းငယ်ရှိပြီ၊ ဒါကြောင့် မင်းက ဒီနေရာမှာ ထွက်ပေါ်လာမယ်လို့ ငါ မထင်ထားဘူး။ ဒါ့အပြင် မင်းရဲ့လက်ထဲကလက်နက်ကို တစ်ချိန်က နတ်ဆိုးရှေးမှော်စုန်းမျိုးနွယ်ရဲ့စစ်ဘုရင်တစ်ယောက်က အသုံးပြုခဲ့တာပဲ”

“နင်လဲ ငါ့ကို သတ်ချင်တာလား၊ အုပ်ချုပ်သူငရဲကမ္ဘာ”စေဘယ်မိစ္ဆာကင်းမြီးကောက်က ခပ်မာမာပြန်ပြောသည်။

“မင်းက အရမ်းသန်မာပါတယ်။ ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို သိတယ်”အုပ်ချုပ်သူငရဲကမ္ဘာက ခေါင်းခါယမ်းလျက် ပြုံးကာ ပြောလိုက်၏ “ဒီသုံးယောက်က အရမ်းသန်မာတယ်။ သူတို့ကိုလဲ ငါ မတိုက်ခိုက်နိုင်ဘူး။ ငါက သိချင်ရုံပါပဲ။ လွန်ခဲ့တဲ့ရာစုနှစ်တွေလောက်က မင်းက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပါပဲ၊ ဒါပေမယ့် မင်းက နှောင်းပိုင်းအဆင့်ကို ခပ်မြန်မြန်ရောက်လာခဲ့တာပဲ။ အဲဒါကို မင်း ဘယ်လိုလုပ်ခဲ့တာလဲ။ ငါ့ကို ဖြေရင် မင်းအတွက် တိုက်ခိုက်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

စေဘယ်မိစ္ဆာကင်းမြီးကောက်၏အမူအရာက ပြောင်းလဲသွားလျက် သူမက အုပ်ချုပ်သူငရဲကမ္ဘာကို စိုက်ကြည့်လိုက်သည်။ ထိုလူပြောတာမှန်သည်ကို သူမက သိသည်။ လွန်ခဲ့သောရာစုနှစ်အနည်းငယ်မပြောနှင့်၊ လွန်ခဲ့သောရက်အနည်းငယ်ကပင် သူမက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ သို့သော် နန်းတော်ထဲကို ဝင်လာပြီးနောက် သူမက အလွန်အမင်းကံကောင်းသည်ဟု ပြောနိုင်သည်။ သူမက ကောင်းကင်ဘုံစိတ်ဝိညာဉ်သစ်ပင်ပေါက်ရောက်သောရွှံ့ဗွက်တစ်ခုထဲသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်။ ထို့ပြင် ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်သစ်ပင်တွင် မှည့်နေသောသစ်သီးနှစ်လုံးရှိသည်။ သူမက တစ်လုံးကို သုံးခဲ့ပြီးနောက် သူမ၏ကျင့်ကြံခြင်းက မြင့်တက်လာကာ ရက်အနည်းငယ်အတွင်း နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့သည်။

“သေချာတာပေါ့၊ ငါက ကံကောင်းမှုအချို့နဲ့ တွေ့ခဲ့လို့ပဲ”

စေဘယ်မိစ္ဆာကင်းမြီးကောက်၏အဖြေကို ကြားပြီးနောက် အုပ်ချုပ်သူငရဲကမ္ဘာက မျက်မှောင်ကြုတ်လျက် အားတင်းပြုံးလိုက်သည်။ သူက သက်ပြင်းချလိုက်၏ “ဟူး၊ မင်းတို့နှစ်ဖက်စလုံးဒဏ်ရာရတာကို စောင့်ပြီးမှ မီးတောင်ထွက်ကျောက်အရိုးပြာအိုးကို လုယူဖို့ ငါ စဉ်းစားခဲ့တာ။ မင်းမှာ ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းတစ်ခုရှိမယ်လို့ မထင်ထားခဲ့ဘူး၊ ဒါကြောင့် ငါ ကြိုတင်ထွက်လာတာပဲ။ စေဘယ်မိစ္ဆာကင်းမြီးကောက်၊ လက်ရှိမင်းရဲ့အခြေအနေကို မင်းလဲ သိမှာပါ။ မင်းတစ်ယောက်တည်းတိုက်ခိုက်မယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေးမရှိဘူး။ ငါနဲ့အတူ တိုက်ခိုက်မှပဲ မင်းအတွက် အနိုင်ရဖို့အခွင့်ရေးတစ်ခုရှိလိမ့်မယ်”

စေဘယ်မိစ္ဆာကင်းမြီးကောက်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဘာလို့ ငါ့ကို ကူညီရတာလဲ”

“ဘာလို့လဲဆိုတော့ ငါ့မှာလဲ မင်းရဲ့ဟာလို အသုံးအဆောင်ပစ္စည်းတစ်ခုရှိလို့ပဲ”အုပ်ချုပ်သူငရဲကမ္ဘာက ပြန်ဖြေသည် “မင်းက ဘယ်လိုကံကောင်းမှုမျိုးနဲ့ ကြုံတွေ့ခဲ့သလားဆိုတာ ငါ မသိပေမယ့် ယနေ့ခေတ်မှာ ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းတွေကို ရှာတွေ့တာက အရမ်းရှားတယ်။ ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိတဲ့ဘယ်သူမဆို သူတို့ရဲ့အမွေအနှစ်ကို ရရှိခဲ့ပြီးပြီ”

All Chapters